Mahar Loka

Mahar Loka "Since 2017, Mahar Loka Co., Ltd. has been a trusted distributor of premium medical and consumer healthcare products.

Dedicated to international excellence, we deliver quality-driven solutions for infants and adults to enhance community well-being."

"ဟောင်းနွမ်းခဲ့တဲ့ အညစ်အကြေးတွေအားလုံးကို အတာရေစင်နဲ့ ဆေးကြောသန့်စင်ရင်း... နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်အေးချ...
10/04/2026

"ဟောင်းနွမ်းခဲ့တဲ့ အညစ်အကြေးတွေအားလုံးကို
အတာရေစင်နဲ့ ဆေးကြောသန့်စင်ရင်း...
နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်အေးချမ်းပါစေ။
ဘေးဘယာဝေးကွာပြီး လိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝတည်း ပြည့်ဝပါစေလို့
"မဟာလောက" ကုမ္ပဏီမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။"

#သင်္ကြန် #မဟာလောက #သင်္ကြန်ဆုတောင်း

10/04/2026

"အားလုံးပဲ ပျော်ရွှင်စရာ သင်္ကြန်ဖြစ်ပါစေ"

"နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေအေးအေးနဲ့ ဆေးကြောသန့်စင်ရင်း... မဟာလောကုမ္ပဏီမှ မိဘပြည်သူများ၊ မိတ်ဖက်လုပ်ငန်းရှင်များနှင့် ဝန်ထမ်းမိသားစုဝင်များအားလုံး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 💦🙏

အားလုံးပဲ နှစ်သစ်အတာအသင်္ကြန်မှာ ဘေးဘယာဝေးကွာပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။

#မဟာလောက #သင်္ကြန်

"ဆီးချို အမျိုးအစား (၁) နဲ့ (၂) ... ဘယ်ဟာက ပိုကြောက်ဖို့ကောင်းလဲ? #မဟာလောက      #ဆီးချိုရောဂါ
24/03/2026

"ဆီးချို အမျိုးအစား (၁) နဲ့ (၂) ...
ဘယ်ဟာက ပိုကြောက်ဖို့ကောင်းလဲ?

#မဟာလောက #ဆီးချိုရောဂါ

18/03/2026

ရုံးက ဝန်ထမ်းတွေကို သင်္ကြန် Plan လိုက်မေးကြည့်သောအခါ

#မဟာလောက #သင်္ကြန် #သင်္ကြန်အစီအစဉ်ဘာရှိလဲ #သွေးပေါင်ချိန်စက်

🇲🇲 ပြည်ထောင်စုနေ့ အစိုးရရုံးပိတ်ရက် ကြေညာခြင်း 🇲🇲၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်၊ ၁၃ ရက်နေ့များသည် ပြည်ထောင်စုနေ့ အစိုးရ ...
11/02/2026

🇲🇲 ပြည်ထောင်စုနေ့ အစိုးရရုံးပိတ်ရက် ကြေညာခြင်း 🇲🇲

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်၊ ၁၃ ရက်နေ့များသည် ပြည်ထောင်စုနေ့ အစိုးရ ရုံးပိတ်ရက်များဖြစ်သောကြောင့် ၊ ဤနေ့များတွင် 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 ၏ ရုံးတွင်းဝန်ဆောင်မှုများ၊ Online အရောင်းများ၊ ပစ္စည်းပိုဆောင်ရေးများအားလုံး ပိတ်ထားမည် ဖြစ်ပါကြောင်း ကြိုတင်လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျ🙏🏻

အဆိုပါရုံးပိတ်ရက်အတွင်း သိလိုသောအကြောင်းအရာများအား 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗮𝗻𝗴𝗲𝗿 တွင်မေးမြန်းထားနိုင်ပြီး ရုံးဖွင့်ရက်တွင် ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်ခင်ဗျ။

#ပြည်ထောင်စုနေ့ #အစးရရုံးပိတ်ရက် #မြန်မာ့သမိုင်း #ရးပိတ်ရက်

လူကြီးမင်းတို့ စောင့်မျှော်နေတဲ့ 𝐍𝐚𝐩𝐩𝐲-𝐇𝐢𝐩𝐩𝐨 ဒိုက်ဘာ Cream ကို အနီးစပ်ဆုံးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါပြီ!👶✨​ဘေဘီလေးတွေရ...
03/02/2026

လူကြီးမင်းတို့ စောင့်မျှော်နေတဲ့ 𝐍𝐚𝐩𝐩𝐲-𝐇𝐢𝐩𝐩𝐨 ဒိုက်ဘာ Cream ကို အနီးစပ်ဆုံးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါပြီ!

👶✨​ဘေဘီလေးတွေရဲ့ နုနယ်တဲ့အသားအရေအတွက် အကောင်းဆုံးကာကွယ်မှုပေးနိုင်ဖို့ 𝐍𝐚𝐩𝐩𝐲-𝐇𝐢𝐩𝐩𝐨 က အမြဲအသင့်ရှိနေပါတယ်။

​ဒိုက်ဘာကြောင့်ဖြစ်တတ်တဲ့ အသားအရေနီမြန်းခြင်းနဲ့ ယားယံခြင်းတွေကို အထိရောက်ဆုံး သက်သာစေမယ့် 𝐍𝐚𝐩𝐩𝐲-𝐇𝐢𝐩𝐩𝐨 ဒိုက်ဘာ Cream ကို အခုပဲ ရန်ကုန်မြို့ရဲ့ အမြို့မြို့အနယ်နယ်မှ အနီးဆုံးအရောင်းဆိုင်ကြီးတွေမှာ စတင်ဝယ်ယူနိုင်ပါပြီ။ 🛒

​📍 ဝယ်ယူရရှိနိုင်မည့် ဆိုင်ခွဲများ၊ လိပ်စာနှင့် ဖုန်းနံပါတ်အသေးစိတ်ကို အောက်ပါပုံတွင် ကြည့်ရှုနိုင်ပါသည်။

​သားသားမီးမီးတို့ရဲ့ အသားအရေ ကျန်းမာစိုပြေပြီး အမြဲပြုံးပျော်နေစေဖို့ 𝐍𝐚𝐩𝐩𝐲-𝐇𝐢𝐩𝐩𝐨 ကို အပြေးလေး ဝယ်ယူလိုက်တော့နော်။ ✨

👼 ဘေဘီလေးတို့ရဲ့ အသားအရေဟာ လူကြီးတွေထက် (၅) ဆ ပိုမိုနုနယ်တာကြောင့် ဒိုက်ဘာကြောင့်ဖြစ်တဲ့ အနီကွက်တွေနဲ့ ယားယံခြင်း (Diape...
20/01/2026

👼 ဘေဘီလေးတို့ရဲ့ အသားအရေဟာ လူကြီးတွေထက် (၅) ဆ ပိုမိုနုနယ်တာကြောင့် ဒိုက်ဘာကြောင့်ဖြစ်တဲ့ အနီကွက်တွေနဲ့ ယားယံခြင်း (Diaper Rash) ကို အလွယ်တကူ ခံစားရတတ်ပါတယ်။

ဒီပြဿနာကို ထိရောက်စွာ ကာကွယ်ပေးဖို့ 𝐍𝐚𝐩𝐩𝐲-𝐇𝐢𝐩𝐩𝐨 ရှိနေပါပြီနော်…..📣
𝐍𝐚𝐩𝐩𝐲-𝐇𝐢𝐩𝐩𝐨 မှာ အသားအရေကို ကာကွယ်ပေးတဲ့ အဓိကဓာတ်ဖြစ်တဲ့ Zinc Oxide ပါဝင်တာကြောင့် သားသားမီးမီးလေးတို့အတွက် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်…။

🤔ဘာကြောင့် 𝐍𝐚𝐩𝐩𝐲-𝐇𝐢𝐩𝐩𝐨 ကို ရွေးချယ်သင့်တာလဲ?

• Protective Barrier: Zinc Oxide က အသားအရေပေါ်မှာ အကာအကွယ်အလွှာတစ်ခု ဖန်တီးပေးပြီး စိုစွတ်မှုကြောင့်ဖြစ်တဲ့ ပွန်းပဲ့ခြင်းကို တားဆီးပေးပါတယ်။

• Soothes Irritation: ဖြစ်ပေါ်နေတဲ့ အနီကွက်နဲ့ အဖုအပိမ့်တွေကို လျင်မြန်စွာ သက်သာစေပါတယ်။

• Moisture Control: အသားအရေကို အမြဲခြောက်သွေ့နေစေပြီး ဘက်တီးရီးယားပေါက်ဖွားမှုကို ကာကွယ်ပေးပါတယ်။

သားသားမီးမီးတို့ နေ့ညမရွေး သက်သောင့်သက်သာရှိပြီး ပျော်ရွှင်နေဖို့ဆိုရင် 𝐍𝐚𝐩𝐩𝐲-𝐇𝐢𝐩𝐩𝐨 ကို အမြဲဆောင်ထားကြဖို့မမေ့နဲ့နော်….။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများကို ထိရောက်စွာ ကုသနိုင်ဖို့ဆိုရင် ကောင်းမွန်တဲ့ Nebulizer စက်ရှိရုံနဲ့တင် မလုံလောက်ဘဲ...
16/01/2026

အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများကို ထိရောက်စွာ ကုသနိုင်ဖို့ဆိုရင် ကောင်းမွန်တဲ့ Nebulizer စက်ရှိရုံနဲ့တင် မလုံလောက်ဘဲ #မှန်ကန်တဲ့ ဆေးဝါးများ (Nebuliser Solution) ကို တွဲဖက်အသုံးပြုဖို့ လိုအပ်ပါတယ်။

အခုဆိုရင် မိဘပြည်သူများအတွက် အဆင်ပြေစေဖို့ 𝐍𝐞𝐳𝐮𝐥𝐞𝐤 ကဲ့သို့သော Nebulizer စက်များအပြင် အောက်ဖော်ပြပါ အရည်အသွေးမြင့် ဆေးရည်များကိုပါ 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 တွင် တစ်ပါတည်း ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

✅ SALRITE (Salbutamol 2.5mg)
✅ IPRARITE (Ipratropium 500mcg)
✅ DUOSAL (Ipratropium Bromide 500mcg & Salbutamol Sulphate 2.5mg)

💡 မှတ်ချက် - အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများသည် လူတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါသဖြင့် မိမိတို့ ခံစားနေရသည့် ဝေဒနာအလိုက် သင့်တော်သည့် ဆေးအမျိုးအစားနှင့် ပမာဏကို တတ်ကျွမ်းနားလည်သည့် #ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ တိကျစွာ အသုံးပြုရန် အကြံပြုလိုပါသည်။

ကျန်းမာရေးနှင့် ပတ်သက်သော ပစ္စည်းများကို တစ်နေရာတည်းတွင် စုံစုံလင်လင် ဝယ်ယူရရှိနိုင်ဖို့ 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 က လူကြီးမင်းတို့အနားမှာ အမြဲအသင့်ရှိနေပါတယ်။

01/01/2026

၂၀၁၇ မှ ယနေ့တိုင်...
(၉) နှစ်တာ ကာလ အတွင်းမှာ ကျွန်တော်တို့ရဲ့ မိသားစုသဖွယ် အားကိုးအားထားပြုခဲ့ကြရတဲ့ Customer တစ်ဦးတစ်ယောက်ချင်းစီကို ကျွန်တော်တို့ Mahar Loka မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ….🙏🏻

အရည်အသွေးမြင့် ဆေးဘက်ဆိုင်ရာ ကိရိယာများ၊ အာဟာရဖြည့်စွက်စာများ နှင့် ကလေး၊လူကြီး အသုံးအဆောင် ပစ္စည်းများ ကို ယုံကြည်စိတ်ချစွာ ရွေးချယ်ပေးခဲ့ကြလို့လည်း ကျွန်တော်တို့က ဂုဏ်ယူမိပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၅ ခုနှစ်ရဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူလို့... ပိုမိုပြည့်စုံတဲ့ ဝန်ဆောင်မှုတွေနဲ့အတူ ၂၀၂၆ မှာလည်း ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားပါဦးမယ်ခင်ဗျာ…။

လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအတွက် Mahar Loka သည် အမြဲရှိနေမည့် ခိုင်မာသော လက်တွဲဖော် ဖြစ်ပါစေရပါမယ်လို့ ကတိပြုပါတယ်ခင်ဗျာ။ 🙏🏻
#ရုံးပိတ်ရက်ကြေညာခြင်း #ကျန်းမာရေး

🧑‍🎄❄️ 𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐭𝐨 𝐲𝐨𝐮 𝐚𝐥𝐥🎅🎄❄️☃️ 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 ရဲ့ မိတ်ဟောင်း၊ မိတ်သစ် ကျေးဇူးရှင် Customer များနှင့် လုပ်ဖော်ကိုင်ဖက...
24/12/2025

🧑‍🎄❄️ 𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐭𝐨 𝐲𝐨𝐮 𝐚𝐥𝐥🎅🎄

❄️☃️ 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 ရဲ့ မိတ်ဟောင်း၊ မိတ်သစ် ကျေးဇူးရှင် Customer များနှင့် လုပ်ဖော်ကိုင်ဖက် ညီကို မောင်နှမများအားလုံး မကြာခင်မှာ ရောက်ရှိလာတော့မည့် ခရစ်စမတ်နေ့ ရုံးပိတ်ရက်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အေးချမ်းသာယာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း "မဟာလောက"မှ 🙏ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ🎄🎁
#ခရစ်စမတ်နေ့ #ရုံးပိတ်ရက် #အေးရာသီ #ကျန်းမာရေးအကြံပြုချက် #ရေသောက်ပါ #သွေးဖိအား

22/12/2025

ရာသီဥတုအပြောင်းအလဲမှာ ချောင်းဆိုး၊ ရင်ကျပ် ဝေဒနာတွေအတွက် အိမ်မှာတင် အလွယ်တကူ ကုသနိုင်ဖို့...

❄️ ဆောင်းတွင်း ရောက်ပြီဆိုရင် ကလေးငယ်တွေနဲ့ လူကြီးပိုင်းတွေမှာ အဖြစ်များတာကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေပါပဲ။ ဆေးသောက်ရမှာ ကြောက်တဲ့သူတွေ၊ ရင်ကျပ်ပြီး အသက်ရှူရခက်နေသူတွေအတွက် Nebulizer (ဆေးငွေ့ရှူစက်) က အကောင်းဆုံး အဖော်မွန်ပါပဲ။

Nebulizer ဆိုတာ ဘာလဲ❓
🔹Nebulizer ဆိုတာ အရည်အသွင်ရှိတဲ့ ဆေးဝါးတွေကို သေးငယ်တဲ့ မြူမှုန်ဆေးငွေ့လေးတွေအဖြစ် ပြောင်းလဲပေးတာပါ။ အဲဒီဆေးငွေ့ကို ရှူသွင်းလိုက်တဲ့အခါ ဆေးက အဆုတ်ထဲကို တိုက်ရိုက်ရောက်ရှိသွားပြီး ဝေဒနာကို အမြန်ဆုံး သက်သာစေပါတယ်။

အခုဆိုရင် ကျွန်တော်တို့ရဲ့ Mahar Loka မှ အရည်အသွေးမြင့်မားပြီး အသုံးပြုရလွယ်ကူတဲ့ "Nezulek" Nebulizer စက်ကို တင်သွင်းဖြန့်ချိပေးနေပါပြီပဲဖြစ်ပါတယ်…။

Nezulek ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?
✅ အာမခံ (၁) နှစ်အပြည့်အဝပါဝင်သောကြောင့် ပစ္စည်းအရည်အသွေးအတွက် စိတ်ပူစရာမလိုပဲစိတ်ချလက်ချ အသုံးပြုနိုင်ခြင်း။
✅ ဆေးသောက်ရ ခက်ခဲတဲ့ ကလေးငယ်များအတွက် အထူးသင့်တော်ခြင်း။
✅ အသက်ရှူလမ်းကြောင်းကို ပွင့်စေပြီး အကျိအချွဲ သလိပ်များကို ပျော်ဆင်းစေခြင်း။
✅ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အိမ်မှာတင် အလွယ်တကူ အသုံးပြုနိုင်ခြင်း။

Nezulek စက်ကို ဘယ်လို စနစ်တကျ အသုံးပြုရမလဲဆိုတာကိုလည်း အောက်က Video လေးမှာ အသေးစိတ် ပြသပေးထားပါတယ်နော်။
👇👇👇👇👇

လူကြီးမင်းတို့ မိသားစု ကျန်းမာရေးအတွက် Nezulek Nebulizer ကို ဆောင်ထားဖို့ မမေ့နဲ့နော်။

အသေးစိတ်စုံစမ်းလိုပါက Page Messenger (သို့မဟုတ်) 24 hours call center ဖြစ်တဲ့ 09 946 500 500 သို့ မေးမြန်းနိုင်ပါတယ်။

📢 ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ရုံးပိတ်ရက် ကြေညာခြင်း 📢ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့ သည် အစိုးရရု...
18/12/2025

📢 ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ရုံးပိတ်ရက် ကြေညာခြင်း 📢

ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့ သည် အစိုးရရုံးပိတ်ရက်ဖြစ်ပါသောကြောင့် ကျွန်ုပ်တို့ 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 ကို အောက်ပါအတိုင်း ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

🗓 ပိတ်ရက်: ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက် (သောကြာနေ့)
🗓 ပြန်လည်ဖွင့်လှစ်မည့်ရက်: ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက် (စနေနေ့)

ရုံးပိတ်ရက်အတွင်း အရေးပေါ်ကိစ္စများရှိပါက 👉🏻 09946500500 👈🏻သို့ ဆက်သွယ်နိုင်ပါသည်။
ကရင် တိုင်းရင်းသား ညီကိုမောင်နှမများနှင့် အတူ မိတ်ဟောင်း ၊မိတ်သစ်၊ customer များအားလုံး ကရင်နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေကြောင်း 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#ကရင်နှစ်သစ်ကူး #ကရင်အမျိုးသား #သွေးဖိအား #ရေသောက်ပါ #အေးရာသီ #ရုံးပိတ်ရက် #ကျန်းမာရေးအကြံပြုချက်

Address

No. 6, Moe Ma Kha Street, Malikha Housing, Thingangyun Township
Yangon

Opening Hours

Monday 08:30 - 04:30
Tuesday 08:30 - 04:30
Wednesday 08:30 - 04:30
Thursday 08:30 - 04:30
Friday 08:30 - 04:30
Saturday 08:30 - 04:30

Website

Alerts

Be the first to know and let us send you an email when Mahar Loka posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mahar Loka:

Share