Zumba with Thu Thu

Zumba with Thu Thu Move your body everyday to get strong physically and mentally 💪 with FWTT

27/08/2026

Zumba Instructor တစ်ယောက်ဖြစ်ရတာ အရမ်းဂုဏ်ယူပါတယ် ❤️💃🏻

Zumba Instructor တစ်ယောက်ဖြစ်ရတာကို တကယ်ပဲ အရမ်းဂုဏ်ယူမိပါတယ်။ 🥹❤️

ဘယ်လောက်ပဲ အခက်အခဲတွေရှိရှိ၊
ဘယ်လောက်ပဲ စိတ်ညစ်နေပါစေ၊
စိတ်ဓာတ်ကျနေပါစေ၊
တစ်ခါတလေ ကိုယ်တိုင်တောင် နေမကောင်းဖြစ်နေပါစေ…

သင်တန်းချိန်ရောက်တာနဲ့ ကိုယ့်အတန်းကို အချိန်ပေးပြီး လာကြတဲ့ သင်တန်းသူ၊ သင်တန်းသားတွေကို မြင်လိုက်ရတာနဲ့ အဲ့ဒီအရာတွေအားလုံးကို မေ့သွားတယ်။ ❤️

Music ဖွင့်လိုက်တဲ့အချိန်၊
အတူတူကလိုက်တဲ့အချိန်၊
အားရပါးရ ရယ်မောပြီး ပျော်နေကြတဲ့မျက်နှာတွေကို မြင်ရတဲ့အချိန်မှာ…

“ငါ ဒီအလုပ်ကို ဘာကြောင့် ဒီလောက်ချစ်ရတာလဲ” ဆိုတာကို ပြန်သိလာတယ်။ 🥹💃🏻

တစ်ခါတလေ စဉ်းစားကြည့်မိတယ်…

သူများတွေ ကျန်းမာဖို့၊ ပျော်ရွှင်ဖို့၊ စိတ်ဖိစီးမှုတွေ လျော့သွားဖို့ ကူညီပေးရင်းနဲ့
ကိုယ်တိုင်လည်း အဲ့ဒီကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနဲ့ အချစ်တွေကို ပြန်လည်ရရှိနေတာပါလား။ ❤️

Zumba က ကိုယ့်အတွက် အလုပ်တစ်ခုတည်း မဟုတ်ဘူး။
ကိုယ့်ရဲ့ Passion ဖြစ်သလို၊ ကိုယ့်ကိုယ်တိုင်လည်း ပျော်ရွှင်စေတဲ့ အခွင့်အရေးတစ်ခုပါ။ ✨

ကိုယ့်အတန်းကို ယုံကြည်ပြီး အချိန်ပေးလာကြတဲ့ သင်တန်းသူ၊ သင်တန်းသားတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ ❤️

You may come to my class to get healthier and happier,
but somehow… you make me healthier and happier too. 🥹❤️

Zumba Instructor တစ်ယောက်ဖြစ်ခွင့်ရတာကို
အမြဲတမ်း ဂုဏ်ယူနေမှာပါ။ 💃🏻🔥❤️






24/08/2026

🔥 Zumba Community Myanmar အတွက် ထူးခြားတဲ့ အစီအစဉ်တစ်ခု 🔥
ဒီတစ်ခါတော့ အရင် Training တွေနဲ့ မတူတဲ့ ပုံစံအသစ်နဲ့ စီစဉ်ထားပါတယ်။ 💃🕺
Jam Session နဲ့ Salsa Workshop အပြင် Korea မှ ZJ Park Cheolhwan 🇰🇷၊ Myanmar မှ ZES Hsu Pan Htet 🇲🇲 နှင့်အတူ ZCOM Myanmar မှ Ma Zar Phyu Aunty Mimi Aye Sister Swe Zin Win Lei နှင့် Event host Thu Thu Htun တို့က မြန်မာနိုင်ငံ Zumba Community မှာ လက်ရှိကြုံတွေ့နေရတဲ့ အကြောင်းအရာများကိုဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
✅ Zumba နဲ့ပတ်သက်ပြီး သိလိုတာများ ✅ Instructor များ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများ ✅ မှားယွင်းစွာ နားလည်ထားခြင်းများ ✅ Zumba Community အတွက် အကျိုးရှိမယ့် အကြံပြုချက်များ
အားလုံးကို တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်မယ့် အခွင့်အရေးဖြစ်လို့ မလွတ်တမ်း တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။ ❤️

📅 Date - 7 November 2026
⏰ Time - 6:00 PM to 7:00 PM
📍 Venue - Hotel Royal Vista

Let's learn, share and grow together as one Zumba Community! ❤️

Suprise BD Cake Love you all my zumba sisters 🫶🥰💪May Thu Ko Myalin Myalinthu Thandar Lay Thandar Lwin Thin Zar Oo Zu Zue...
20/08/2026

Suprise BD Cake

Love you all my zumba sisters 🫶🥰💪

May Thu Ko Myalin Myalinthu Thandar Lay Thandar Lwin Thin Zar Oo Zu Zue San Mon Lwin Khaing

18/08/2026

Next Event Coming Soon

အသက်အရွယ်တစ်ခုရောက်လာတော့ ကိုယ့် Body ကို အရင်လိုပဲ ဂရုစိုက်နေလို့ မရတော့တာလေးတွေ ရှိလာတယ်နော်။ 🌿အရင်က ညနက်အောင်နေလည်း န...
17/08/2026

အသက်အရွယ်တစ်ခုရောက်လာတော့ ကိုယ့် Body ကို အရင်လိုပဲ ဂရုစိုက်နေလို့ မရတော့တာလေးတွေ ရှိလာတယ်နော်။ 🌿

အရင်က ညနက်အောင်နေလည်း နောက်နေ့ အလုပ်ဆက်လုပ်နိုင်တယ်။ အခုတော့ တစ်ညလောက် အိပ်ရေးပျက်တာနဲ့ တစ်နေ့လုံး မလန်းတော့ဘူး။

စားနေကျအတိုင်းပဲ စားနေပေမယ့် Weight က အရင်လို ထိန်းရမလွယ်တော့တာ၊ တစ်ခါတလေ စိတ်အပြောင်းအလဲမြန်တာ၊ အကြောင်းမရှိဘဲ ပင်ပန်းနေသလို ခံစားရတာမျိုးတွေလည်း ရှိလာနိုင်ပါတယ်။

မိန်းကလေးတွေဆိုတော့ ဒီလိုပြောင်းလဲမှုလေးတွေကို “အသက်ကြီးလာလို့ပဲ” ဆိုပြီး မထားစေချင်ဘူး။

Hormone အပြောင်းအလဲတွေလည်း ထည့်စဉ်းစားဖို့လိုပါတယ်။

Hormones တွေက Mood၊ Sleep၊ Energy၊ Metabolism စတဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်အများကြီးနဲ့ ဆက်စပ်နေပါတယ်။

အသက် ၂၀၊ ၃၀ ဝန်းကျင်မှာ PMS၊ Acne၊ Mood Swing လို ပြောင်းလဲမှုတွေ ကြုံနိုင်သလို ၄၀၊ ၅၀ ဝန်းကျင်ရောက်လာတဲ့အခါ Perimenopause နဲ့အတူ ရာသီစက်ဝန်းမမှန်တာ၊ အိပ်ရေးပျက်တာ၊ Body Composition ပြောင်းလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ဒါတွေသိထားဖို့ လိုတာက ကိုယ့်ကိုယ်ကို စိုးရိမ်နေဖို့ မဟုတ်ပါဘူး။

ကိုယ့် Body က ဘာလိုအပ်နေလဲ ပိုနားလည်လာဖို့ပါ။

အစားအသောက်ကို အာဟာရမျှတအောင်စားမယ်၊ ရေသောက်မယ်၊ အိပ်ချိန်ကို ဂရုစိုက်မယ်၊ Stress များနေရင်လည်း ကိုယ့်ကိုယ်ကို ပြန်အနားပေးမယ်။

ပြီးတော့ ကျွန်မအတွက်တော့ ပုံမှန်လှုပ်ရှားနေဖို့ ကလည်း မမေ့သင့်တဲ့အချက်တစ်ခုပါ။

ဒါကြောင့် Zumba ကို ကျွန်မ ချစ်တာ။

Music လာပြီဆိုတာနဲ့ လှုပ်ရှားတယ်၊ ကတယ်၊ ချွေးထွက်တယ်။ Cardio Movement ရသလို တစ်နေ့လုံး စုထားတဲ့ Stress တွေကိုလည်း ခဏလောက် မေ့ထားနိုင်တယ်။

Class ပြီးရင် “ဒီနေ့ Workout တစ်ခု ပြီးအောင်လုပ်ခဲ့တယ်” ဆိုတာထက် “လူရော စိတ်ရော ပေါ့သွားတယ်” ဆိုတဲ့ Feeling လေးနဲ့ ပြန်သွားတာကို ကျွန်မ ပိုသဘောကျပါတယ်။

အသက်အရွယ်ပြောင်းလာတာနဲ့အမျှ ကိုယ်လုပ်နိုင်တဲ့ Pace လည်း ပြောင်းနိုင်ပါတယ်။

အရင်ကလို မကနိုင်တော့ရင်လည်း ဘာမှမဖြစ်ပါဘူး။ ဘေးကလူ ဘယ်လောက်ကနိုင်လဲဆိုတာထက် ဒီနေ့ ကိုယ့် Body ဘယ်လောက်လုပ်နိုင်လဲ ဆိုတာကိုပဲ နားထောင်ပါ။

Healthy Aging ဆိုတာ အသက်ကို ပြန်ငယ်အောင် လုပ်နေတာမဟုတ်ပါဘူး။

အသက်ဘယ်လောက်ပဲ ရောက်လာရောက်လာ ကိုယ်ချစ်တဲ့အရာတွေကို ဆက်လုပ်နိုင်အောင် ကိုယ့်ခန္ဓာကိုယ်ကို ဒီနေ့ကတည်းက ဂရုစိုက်ထားတာပါ။ 💜

Your Zumba Instructor,
Thu Thu Htun

One Love One Dance 2026  ပွဲ​​လေး အမှတ်တရ
16/08/2026

One Love One Dance 2026 ပွဲ​​လေး အမှတ်တရ

One Love One Dance 2026  ဆိုတာ မထင်မှတ်ဘဲ ဖြစ်လာခဲ့တဲ့ပွဲလေးတစ်ပွဲပါ စီစဥ်တာ​တော့ (၁)လပိုင်းကတည်းက​နေ စီစဥ်​နေတာပါ တစ်နှ...
16/08/2026

One Love One Dance 2026 ဆိုတာ မထင်မှတ်ဘဲ ဖြစ်လာခဲ့တဲ့ပွဲလေးတစ်ပွဲပါ စီစဥ်တာ​တော့ (၁)လပိုင်းကတည်းက​နေ စီစဥ်​နေတာပါ

တစ်နှစ်မှာ တစ်ပွဲလောက်သာ လုပ်နိုင်တဲ့ပွဲမို့ အဝေးကနေ လာရတဲ့သူတွေ နှစ်ခါကုန်ကျစရာမလိုအောင် Training (3) ခု + MC ကို တစ်ခါတည်းနဲ့ အပြီးလုပ်မယ်ဆိုပြီး စီစဉ်ခဲ့တာပါ။ ဒါပေမယ့် Date အဆင်မပြေမှုတွေကြောင့် နောက်ဆုံးမှာ နှစ်ပွဲခွဲလုပ်ဖြစ်သွားခဲ့ပါတယ်။( August and Coming soon November )

ဒီတစ်ခါတော့ နိုင်ငံခြားက Event တွေလိုမျိုး မြန်မာ Instructors နဲ့ Myanmar Zumba Community အတွက်၊ ပိုပြီးလှပပြီး အမှတ်တရဖြစ်စေမယ့်ပွဲလေး လုပ်ချင်ခဲ့ပါတယ်။ Venue လေးကလည်း အမတစ်ယောက်က အကြံပေးခဲ့တာကို သဘောကျပြီး အဆင်လည်းပြေတာနဲ့ ဒီလိုလှလှပပလေးနဲ့ အောင်မြင်စွာ Host လုပ်နိုင်ခဲ့ပါတယ်။ ✨

အရာရာမြင့်တက်နေတဲ့ ဒီအချိန်မှာ Ticket Price က အနည်းငယ်များတယ်လို့ ထင်ရနိုင်ပေမယ့်… ပေးချင်တဲ့ အကောင်းဆုံးစေတနာ၊ အကောင်းဆုံး Experience နဲ့ အကောင်းဆုံးအမှတ်တရတွေကို တတ်နိုင်သမျှ အစွမ်းကုန် အများကြီးထည့်ပေးထားပါတယ်။ ❤️

ဒီပွဲကို BD ကြောင့်လုပ်တာမျိုးလည်း မဟုတ်ပါဘူး။ မွေးနေ့နားနီးလေးမှာ ကိုယ့်အတွက် အမှတ်တရမှတ်တမ်းလေးတစ်ခု လုပ်ချင်ခဲ့တာပါ။ 🥰

အချိန်နာရီက Fixed ဖြစ်နေတော့ ကိုယ့် Plan နဲ့ကိုယ် အားလုံးအဆင်ပြေနေတယ်လို့ ထင်နေတာ… ကိတ်ကြီး အကြီးကြီး သယ်လာမှတော့ လုံးဝမမျှော်လင့်ထားတဲ့ Surprise ဖြစ်သွားတော့တာပါပဲ။ 😂🎂❤️
တကယ်ကို လန့်ပြီး ပျော်ခဲ့ရပါတယ်။ Thank you so much, အမတို့ရေ။ 🥹❤️

ပွဲပြီးတဲ့အချိန်မှာတော့ တစ်ခုကို အရမ်းခံစားမိပါတယ်—

“ငါတို့ အားလုံး တကယ်ကောင်းကောင်းလုပ်နိုင်ခဲ့ကြတာပဲ” ဆိုတာပါ။ ( Amazing Team performance )
ဒီအတွက် အားလုံးကိုယ်စား ဂုဏ်ယူပါတယ်။ ❤️

ပွဲမတိုင်ခင် စိုးရိမ်ပူပန်မှုတွေ၊ Stress တွေ၊ တစ်ယောက်တည်း အိပ်မပျော်တဲ့ညတွေ အများကြီးရှိခဲ့ပါတယ်။
အမှန်အတိုင်းပြောရရင် လူ 200 လောက်ဆို အများဆုံးဖြစ်မယ်လို့ပဲ ထင်ထားခဲ့တာပါ။

ဒါပေမယ့်…
ဒီလောက်အများကြီး Join လာကြမယ်၊ လာသမျှသူတိုင်း ပျော်ရွှင်ကြမယ်၊ နိုင်ငံခြားက ဆရာတွေကတောင် ချီးကျူးပေးသွားမယ် (Well organized and so professional you are, Thu Thu.) ဆိုတာ လုံးဝမထင်ထားခဲ့ပါဘူး။ 🥹❤️

ဒါကြောင့် ဒီအောင်မြင်မှုက တစ်ယောက်တည်းရဲ့ အောင်မြင်မှုမဟုတ်ပါဘူး။
One Love One Dance ကို ယုံကြည်ပြီး Join ပေးကြတဲ့ Members တွေ၊ Support ပေးကြတဲ့ Instructors တွေ၊ Team Members တွေ၊ ကူညီပေးကြတဲ့ အမတွေ၊ အားပေးပေးကြတဲ့ မိတ်ဆွေတွေအားလုံးရဲ့ အောင်မြင်မှုပါ။ ❤️အားလုံးကလဲ Titile ​လေးအတိုင်း အချစ်တစ်ခုနဲ့ အတူ လုပ်နိုင်ခဲ့ကြတယ်

ဒီနေရာမှာတင် ရပ်မနေဘဲ…
နောက်ထပ်ပိုကောင်းတဲ့အရာတွေကို အားလုံးအတူတူ ဆက်ပြီးကြိုးစားကြမယ်နော်။ 🫶🏻

ဒီလို Community ကောင်းကောင်းလေးတစ်ခုနဲ့ အတူတူရှိနေရတာကို တကယ်ကံကောင်းတယ်လို့ ခံစားရပါတယ်။ ❤️

One Love. One Dance. One Community. ❤️💃🏻

One Love One Dance 2026 ကို အောင်မြင်အောင် ဝိုင်းဝန်း Support ပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်။ 🙏🏻❤️

This is not the end.
This is just the beginning. ❤️✨

15/08/2026

အ​ယောက် 250 ​ကျော်လုံးကတကယ်​ပျော်ကြတယ်ဆိုလို့ ​ကျေးဇူးပါရှင် 🙏💪🥰🇲🇲🇲🇲🇲🇲🇲🇲

15/08/2026

2026 is moving way too fast… ⏳ Even with time feeling so limited, I’m deeply grateful for every moment, lesson, and milestone along the way. Thank you for everything. 🙏

Address

Kabaraye Pagoda Road
Yangon

Website

Alerts

Be the first to know and let us send you an email when Zumba with Thu Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share