23/03/2026
🔶မဟာဝိဟာရ ကျောင်းတိုက် ( လှည်းကူး )မြို့နယ်တွင် သီတင်းသုံးတော်မူကြသည့် သံဃာတော်များ ၊ ကပ္ပိယများ ၊ဆွမ်းစီမံပေးကျသော ဒကာ ၊ ဒကာမ များ ၊ ပရဟိတ အဖွဲ့သားများ တို့အား အစာအိမ် အူလမ်းကြောင်းနှင့်
အသည်း ရောဂါ ဖောင်ဒေးရှင်း( မြန်မာ) နှင့် Trust Alliance ဆေးကုမ္ပဏီ တို့ ပူးပေါင်း၍ အသည်းရောင် အသားဝါ
ဘီ ပိုး စစ်ဆေးခြင်းနှင့် ကာကွယ် ဆေး ထိုး နှံ ပေးခြင်း
အခမ်းအနားကို
-(၁၅.၂.၂၀၂၆) ရက်နေ့တွင် ပထမ အကြိမ်
-(၁၅.၃.၂၀၂၆) ရက်နေ့တွင် ဒုတိယ အကြိမ်
ကုသိုလ်ပြု အခမ်း အနား များ ကို ကျင်းပ ပြု လုပ်ခဲ့ပါသည် ။
🔶ထိုအခမ်း အနားသို့ သာသနာရေး နှင့် ယဉ်ကျေးမှု့ ဝန်ကြီး ဌာန ပြန်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်၊အစာအိမ်
အူလမ်းကြောင်း နှင့် အသည်းရောဂါ ဖောင်ဒေးရှင်း (မြန်မာ)မှ နာယကကြီးဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း)
ဦးအောင်သန်းထွဋ်၊နာယက ဦးမျိုးအောင် ၊
ဥက္ကကြီး အသည်းအထူးကု ပါရဂူ ပါမောက္ခ ဆရာကြီး
ဦးကျော်စိုးထွန်းနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ မှ တတ်ရောက် ကုသိုလ်ပြု ခဲ့ကျပါသည် ။
🔶ထို့အပြင် သာသနာရေး နှင့် ယဉ်ကျေးမှု့ ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး မှ ဦးစီး ဦးဆောင်ပြု၍ အစာအ်မ်အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း ( မြန်မာ )မှ နာယက ကြီးများ ၊ ဥက္ကဌ ပါမောက္ခ ဆရာကြီးတို့မှ ဆေးပဒေသာပင် ဆေးကုသမှု့ အလှူငွေများကိုလည်း ဆရာတော်ဘုရား ထံ ဆပ်ကပ် လှူဒါန်းမှု့ များကို လည်း ဆက်လက် ၍ကုသိုလ် ပြု ခဲ့ကြပါသည်🙏🏻🙏🏻🙏🏻