02/06/2026
🎉 Annual Meeting 🎉
GMA Group of Companies ၏ Annual Meeting အား 23.5.2026 ရက်နေ့တွင် Novotel Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Founder & Group CEO -Dr.Kyi Swe Tin မှ ဝန်ထမ်းများအား အဖွင့်အမှာ စကား ၊ အားပေးစကားများနှင့် အဖိုးတန် အတွေ့အကြုံများ ကို မျှဝေပေးခဲ့ပြီး တစ်နှစ်ပတ်လုံး ထူးချွန်စွာ ကြိုးစားဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကို Best Performance Award နှင့် Best Effort Award အား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါသည်။
ထို့အပြင် လုပ်သက် ဆုကြေးများ ၊ တစ်နှစ်ပတ်လုံး ရုံးတက်ရက်မှန်ဆု များ ချီးမြှင့်ခဲ့ပြီး ရာထူးတိုးသည့် ဝန်ထမ်းများ အား ဂုဏ်ပြုကြေညာခဲ့ပါသည်။
ထို့နောက် Bar Code Bar & Karaoke lounge တွင် ညစာစားပွဲအား အတူတကွ ပျော်ရွှင်စွာ သုံးဆောင်ခဲ့ကြပြီး ဝန်ထမ်းတိုင်း စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသော iPhone 17, Mac Book Neo, IPad အစရှိသော အထူးဆုများ ပါဝင်သည့် ဗလာမပါ ကံစမ်းမဲ 🎁 Lucky Draw အစီအစဉ်ကိုလည်း ကျင်းပခဲ့ပါတယ်။
ရယ်မောပျော်ရွှင်မှုများ၊ အမှတ်တရကောင်းများနဲ့အတူ GMA Group မှ ဝန်ထမ်းများ အားလုံး စည်းလုံးညီညွတ်စွာ ဖြတ်သန်းခဲ့ကြသည့် ပုံရိပ်လေးများအား မျှဝေလိုက်ပါတယ်
ရှင့်