17/12/2025
တရားစွဲဆိုမည်ဖြစ်ကြောင်း ကြိုတင်သတိပေးစာ
HURDON
ONE LOVE
NO DRUG
ANESSA
BERKAT
အထက်ဖော်ပြပါ အမှတ်တံဆိပ်များမှာ Optical Bank Company မှ တစ်ဦးတည်းမူပိုင် ထုတ်လုပ် ၊ တင်သွင်း ၊ ဖြန့်ချီရောင်းချနေသော အမှတ်တံဆိပ်များ ဖြစ်ပါသည်
ယခုအခါ Optical Bank ၏ ကိုယ်ပိုင် အမှတ်တံဆိပ်များကို ခိုးချောင်ခိုးဝှက် တင်သွင်းရောင်းချလာမှုများကို မျက်မှန်စျေးကွက်အတွင်း ခပ်စိတ်စိတ်တွေ့ရှိလာရပါတယ်
အကျိုးစီးပွါးကို ကိုယ်တိုင်အားစိုက်ထုတ်မှုမပါဘဲ အချောင်လိုချင်သော ၊ ကုန်သည်များရဲ့ ကျင့်ဝတ်မစောင့်ထိန်းသော အမှုအကျင့်တစ်ခုအဖြစ်ယူဆသည့်အတွက်သော်လည်းကောင်း၊ မူရင်း Company နှင့် အထက်ဖော်ပြပါအမှတ်တံဆိပ်များရဲ့ ပုံရိပ်ကို ထိန်းသိမ်းရန်အတွက်သော်လည်းကောင်း ထိရောက်သော တရားစွဲဆိုမှုများကို ပြုလုပ်သွားမှာဖြစ်ပါတယ်
Company ရဲ့ Legal Team မှ တရားစွဲဆိုရန် ဆင့်ခေါ်စာများကိုလည်း ၁၀ ရက်အတွင်း ပေးပို့သွားမှာဖြစ်ပြီး အဆိုပါ အချောင်ခို ၊ ကျင့်ဝတ်မစောင့်ထိန်း ၊ ငွေမျက်နှာတစ်ခုတည်းသာကြည့်သော ကုန်သည်များရဲ့ နာမည် နှင့်တကွ အရေးယူပုံ အသေးစိတ်ကိုလည်း ကျန်ကုန်သည်များအားလုံး နမူနာယူရန် ၊ နောက်နောင် အလားတူဖြစ်ရပ်မျိုးကိုပါ ရှောင်ကျဉ်နိုင်ရန် ရည်ရွယ်ပြီး ဖော်ပြပေးသွားပါမယ်