Myat Myint Mo Pharmacy and Specialist Clinic

Myat Myint Mo Pharmacy and Specialist Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myat Myint Mo Pharmacy and Specialist Clinic, Medical and health, အမှတ်၄၀၂၊ အင်းဝလမ်း၊ တောင်ဥက္ကလာ၆ရပ်ကွက်, Yangon.

** ဝန်ဆောင်မှုများ
- သမားတော်
- ကလေးအထူးကု
- အရိုး၊ အကြောနှင့် ထိခိုက်ဒဏ်ရာအထူးကု
- သားဖွားမီးယပ်အထူးကု
- စိတ်ကျန်းမာရေးအထူးကု
- ခွဲစိတ်ရောဂါအထူးကု
- အထွေထွေရောဂါကု
ဆရာဝန် များဖြင့်ပြသနိုင်ပါသည်။

20/02/2026

ဒေါက်တာ ငြိမ်းနန္ဒာအောင် M.B.,B.S(Ygn), M.Med.Sc(Mental Health), Dr.Med.Sc (Mental Health)
(စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး )

နှင့် မြတ်မြင့်မိုရ် အထူးကုဆေးခန်းတွင် ပြသလိုသည့်လူနာများ booking ရက်ချိန်း ရယူပြသနိုင်သည့်နေ့များ

👉တနင်္လာနေ့ နှင့် သောကြာနေ့ - ညနေ ၄နာရီမှ ၆နာရီ
👉စနေနေ့ - မနက် ၁၀နာရီ တို့ဖြစ်ပါသည်

#မြတ်မြင့်မိုရ်အထူးကုဆေးခန်း
#စိတ်ကျန်းမာရေး

အခုရက်ပိုင်း သတင်းတွေထဲမှာ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့အနီးက နီပါဗိုင်းရပ်စ(Nipah Virus) အကြောင်းဟာ တော်တော်လေးကို ဂယက...
23/01/2026

အခုရက်ပိုင်း သတင်းတွေထဲမှာ အိန္ဒိယနိုင်ငံ၊ ကာလ
ကတ္တားမြို့အနီးက နီပါဗိုင်းရပ်စ(Nipah Virus)
အကြောင်းဟာ တော်တော်လေးကို ဂယက်ရိုက်နေ
ပါတယ်။ ဆရာဝန်တွေ၊ နာပြုတွေအပါအဝင် လူအ
တော်များများ ကူးစက်ခံနေရပြီး အခြေအနေက
စိုးရိမ်ရတဲ့အဆင့်မှာ ရှိနေပါတယ်။ ဒါဟာ အဝေးက
သတင်းလို့ သဘောမထားဘဲ ကျနော်တို့ မြန်မာနိုင်ငံ
အတွက်ပါ အရေးကြီးတဲ့ သင်ခန်းစာတခုအဖြစ်
ဘာကြောင့် သတိထားသင့်တာလဲဆိုတာ ပြောပြချင်ပါတယ်။

🚼 နီပါဗိုင်းရပ်စ်ရဲ့ကြောက်စရာ သမိုင်းကြောင်း

▫️နီပါဆိုတာ မနေ့တနေ့ကမှ ပေါ်လာတဲ့ ပိုးတော့
မဟုတ်ပါဘူး။၁၉၉၈ ခုနှစ်က မလေးရှားနိုင်ငံမှာရှိ
တဲ့ ဝက်မွေးမြူရေးခြံတွေမှာ စတင်တွေ့ခဲ့တာပါ။
အစကတော့ သာမန်တုပ်ကွေးထင်ခဲ့ပေမယ့်
နောက်ပိုင်းမှာ လူတွေကို ဦးနှောက်ရောင်စေပြီး
သေဆုံးစေခဲ့ပါတယ်။

▫️အိန္ဒိယနိုင်ငံ၊ ကီရာလာ (Kerala) ပြည်နယ်မှာ
၂၀၁၈ ခုနှစ်တုန်းက ဒီဗိုင်းရပ်စ်ကြောင့် လူအများ
အပြား သေဆုံးခဲ့ဖူးပါတယ်။ အခု ၂၀၂၆ မှာတော့
ကာလကတ္တားမြို့အနီးမှာ တကျော့ပြန် ခေါင်း
ထောင်လာတာပဲ ဖြစ်ပါတယ်။

🚼 ဘာကြောင့် နီပါကို အထူးကြောက်ရတာလဲ?

▫️နီပါဗိုင်းရပ်စ်ဟာ ကိုဗစ်ထက်တောင် ပိုပြီးသေ
ဆုံးနှုန်း မြင့်မားနိုင်ပါတယ်။ ပိုးကူးစက်ခံရသူ
၁၀၀ မှာ ၄၀ ကနေ ၇၅ ယောက်အထိ သေဆုံးနိုင်ပါ
တယ်။ (ဒါဟာ ကြောက်စရာကောင်းတဲ့ ကိန်းဂဏန်း
ပါ)။ စိုးရိမ်ထိတ်လန့်ဖို့ထက် အသိရှိ သတိထားနိုင်
ဖို့ပါ။

▫️အခုအချိန်ထိ ဒီဗိုင်းရပ်စ်ကို အမြစ်ပြတ်ကုသနိုင်
တဲ့ ဆေး ဒါမှမဟုတ် ကာကွယ်ဆေး တိတိကျကျ
မရှိသေးဖူးလို့ WHO ထံကနေ သိရပါတယ်။

ဒီဗိုင်းရပ်စ်ပိုး ကူးစက်ပုံက လင်းနို့ကနေ လူကိုကူးသလို၊ လူအချင်းချင်းလည်း တိုက်ရိုက်ကူးစက်နိုင်ပါတယ်။ အခု ကာလကတ္တားမှာဆိုရင် လူနာကို ပြု
စုတဲ့ ကျန်းမာရေးဝန်ထမ်းတွေပါ ကူးစက်ခံနေရတာဟာ အလွန်သတိထားရမယ့် အချက်ပါပဲ။

🚼 မြန်မာနိုင်ငံအတွက် ဘာကြောင့် အန္တရာယ်ရှိသလဲ?

အိန္ဒိယနဲ့ မြန်မာဟာ ပထဝီဝင်အနေအထားရော၊
လူနေမှုပုံစံပါ တူညီချက်တွေ အများကြီးရှိပါတယ်။
အိန္ဒိယနဲ့ မြန်မာမှာ ထန်းရည်၊ ဓနိရည် အစိမ်းသောက်တဲ့ ဓလေ့ရှိပါတယ်။ နီပါဗိုင်းရပ်စ်ကို သယ်ဆောင်တဲ့ လင်းနို့တွေဟာ ထန်းအိုးထဲကို
လာသောက်တတ်ပြီး အဲဒီကတဆင့် လူကို ပိုးကူးတတ်ပါတယ်။ "အိန္ဒိယက သင်ခန်းစာအရဆိုရင် ထန်းရည်အစိမ်းသောက်တာဟာ အသက်နဲ့ရင်း
ရတဲ့ လောင်းကစားတခု ဖြစ်သွားနိုင်ပါတယ်"။

▫️ကျနော်တို့ဆီမှာလည်း လင်းနို့တွေ အများကြီး
ရှိပါတယ်။ လင်းနို့ကိုက်ထားတဲ့ သရက်သီး၊ ပိန္နဲသီး
တွေကို ကောက်စားတတ်တဲ့ အလေ့အကျင့်ဟာ
အလွန်အန္တရာယ်များပါတယ်။

▫️ကာလကတ္တားဟာ မြန်မာနိုင်ငံသားတွေ ဆေးကု
သဖို့နဲ့ ဘုရားဖူးသွားဖို့ အသွားအလာ အများဆုံး မြို့
တမြို့ပါ။ ဒါကြောင့် လေကြောင်းခရီးစဉ်တွေကတ
ဆင့် ရောဂါပိုး ပါလာနိုင်ခြေကို အထူးဂရုစိုက်ရမှာ
ဖြစ်ပါတယ်။

🚼ကျွန်တော်တို့ ဘာလုပ်ကြမလဲ?

ဒီရောဂါ မြန်မာပြည်ထဲကို မဝင်လာအောင် ဒါမှမဟုတ် ဝင်လာရင်တောင် မပြန့်ပွားအောင် အခုကတည်းက ဒါလေးတွေကို သတိထားကြရအောင်ပါ။

▫️အစားအသောက်ကို ဆင်ခြင်ပါ
လင်းနို့ကိုက်ရာပါတဲ့ အသီးတွေကို လုံးဝမစားပါနဲ့။ အသီးကို မစားခင် သေချာဆေးကြောပြီး အခွံနွှာစားပါ။

▫️ထန်းရည်/ဓနိရည်ကို သတိထားပါ
အစိမ်းသောက်တာထက် သေချာကျိုချက်ပြီးမှ သောက်တာက အကောင်းဆုံးပါ။

▫️တကိုယ်ရေ သန့်ရှင်းရေး
အပြင်ကပြန်လာရင် လက်ကို ဆပ်ပြာနဲ့စင်အောင်ဆေးပါ။ လူနာတွေကို ပြုစုရင် (အထူးသဖြင့် ပြင်း
ထန်ဖျားနာသူတွေ) Mask နဲ့ လက်အိတ် စတာတွေ
ကို စနစ်တကျ သုံးပါ။

▫️သတင်းနားထောင်ပါ
အိမ်နီးချင်းနိုင်ငံမှာ ဖြစ်နေတာမို့ ကျန်းမာရေးဌာနက
ထုတ်ပြန်တဲ့ သတိပေးချက်တွေကို အမြဲနားထောင်ပါ။

နိဂုံးချုပ်အနေနဲ့ ပြောရရင်...
နီပါဗိုင်းရပ်စ်ဟာ ဝေးနေသေးတယ်လို့ ထင်ရပေမယ့် ကျနော်တို့ရဲ့ ပေါ့ဆမှုတခုကနေတဆင့် အချိန်မရွေး ရောက်လာနိုင်ပါတယ်။ "မဖြစ်ခင်က ကာကွယ်တာဟာ ဖြစ်ပြီးမှ ကုသတာထက် အဆ
ပေါင်းများစွာ သက်သာတယ်" ဆိုတဲ့အတိုင်း အခုကတည်းက စပြီး သတိလေးနဲ့ နေထိုင်ကြပါစို့ဗျ။

🌿AI Info Team 🌿
23 JAN 2026 | Nipah Virus

Credit

23/01/2026

🔴 နီပါဗိုင်းရပ်စ် (Nipah Virus)၏ ရှေ့ပြေး
လက္ခဏာများနှင့် စစ်ဆေးအတည်ပြုခြင်း

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်အတွင်း နီပါးဗိုင်းရပ်စ် ပြန်လည်ခေါင်းထောင်လာခြင်းကြောင့် လူထုအတွင်း စိုးရိမ်ပူပန်မှုများ ရှိနေပါသည်။ ကာကွယ်ဆေးမရှိသေးသော ဗိုင်းရပ်စ်အကြောင်း ကြားရသည့်အခါ ကြောက်ရွံ့ခြင်းမှာ သဘာဝဖြစ်သော်လည်း၊ ကြိုတင်သိရှိနားလည်
ထားခြင်းဖြင့် ဤအန္တရာယ်ကို ကာကွယ်နိုင်မည်
ဖြစ်သည်။

⚠️ အဓိကမှတ်သားရန်အချက်များ

▫️ နီပါးဗိုင်းရပ်စ်၏ ရှေ့ပြေးလက္ခဏာများသည် သာမန်တုပ်ကွေးနှင့် ဆင်တူသော်လည်း လျင်မြန်စွာပင် ပြင်းထန်သော ဦးနှောက်ရောင်ခြင်း (Encephalitis) အဆင့်သို့ ရောက်ရှိသွားနိုင်သည်။

▫️ ရောဂါပိုးကို စစ်ဆေးရာတွင် သာမန်သွေးစစ်ချက်ဖြင့် မရနိုင်ဘဲ အထူးပြုလုပ်ထားသော RT-PCR စစ်ဆေးမှုများ လိုအပ်သည်။

▫️လက်ရှိတွင် သီးသန့်ကုသဆေး မရှိသေးသဖြင့် ရောဂါလက္ခဏာပြသည်နှင့် ချက်ချင်းသီးသန့်ခွဲထားပြီး လိုအပ်သော ထောက်ပံ့ကုသမှုများ (Supportive Care) ကို ပေးရမည်ဖြစ်သည်။

⚠️ ရောဂါဖြစ်စဉ် အဆင့်ဆင့်ကို နားလည်ခြင်း

▫️နီပါးဗိုင်းရပ်စ်သည် ခန္ဓာကိုယ်ထဲသို့ ရောက်ရှိပြီးနောက် ချက်ချင်းလက္ခဏာမပြတတ်ပါ။ ရောဂါပျိုးချိန် (Incubation Period) မှာ ပုံမှန်အားဖြင့် ၄ ရက်မှ ၁၄ ရက် အတွင်း ဖြစ်သော်လည်း၊ အချို့ဖြစ်ရပ်များတွင် ၄၅ ရက် အထိ ကြာမြင့်နိုင်သည်။

▪️အဆင့် (၁) - တုပ်ကွေးကဲ့သို့ လက္ခဏာပြခြင်း (Flu-like Stage)
ကနဦးတွင် သာမန်ဖျားနာခြင်းနှင့် မှားယွင်းနိုင်သဖြင့် အောက်ပါလက္ခဏာများကို ဂရုပြုပါ:
- ရုတ်တရက် အပြင်းဖျားခြင်း၊
- ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
- ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊
- လည်ချောင်းနာခြင်းနှင့် ပျို့အန်ခြင်း၊

▪️ အဆင့် (၂) - အန္တရာယ်ရှိ အာရုံကြောလက္ခဏာများ (Neurological Signs)
ဤအဆင့်တွင် ဗိုင်းရပ်စ်သည် ဦးနှောက်ကို စတင်တိုက်ခိုက်လာသည်။
- မူးဝေခြင်းနှင့် အလွန်အမင်း အိပ်ငိုက်ခြင်း၊
- သတိလစ်ခြင်း သို့မဟုတ် လူ၊ နေရာ၊ အချိန်တို့ကို ဝေခွဲမရဘဲ စိတ်ရှုပ်ထွေးခြင်း၊
- အသက်ရှူရ ခက်ခဲလာခြင်း၊
- အကြောဆွဲခြင်း သို့မဟုတ် အတက်ရောဂါကဲ့သို့ ဖြစ်ခြင်း၊
- ပြင်းထန်ပါက ၂၄ နာရီမှ ၄၈ နာရီအတွင်း သတိမေ့မြောခြင်း (Coma) ဖြစ်သွားနိုင်သည်။

⚠️ ရောဂါပိုးကို မည်သို့ စစ်ဆေးသနည်း?

နီပါးဗိုင်းရပ်စ်ကို -
အိမ်သုံးစစ်ဆေးကိရိယာ သို့မဟုတ် သာမန်သွေးစစ်
ချက်ဖြင့် မသိနိုင်ပါ။

• ရောဂါဖြစ်ပွားနေစဉ်
နှာခေါင်း၊ လည်ချောင်း သို့မဟုတ် ဆီးနှင့် သွေးနမူ
နာများကိုယူ၍ RT-PCR နည်းဖြင့် စစ်ဆေးသည်။

• ပြန်လည်ကျန်းမာလာချိန်
ခန္ဓာကိုယ်အတွင်းရှိ ခုခံအား (Antibodies) ကို
ELISA နည်းဖြင့် စစ်ဆေး၍ ယခင်က ကူးစက်ခံ
ခဲ့ရခြင်း ရှိ၊ မရှိ အတည်ပြုသည်။

🩺 ကာကွယ်ရေးလမ်းညွှန်ချက်များ (Do's and Don'ts)
ကုသဆေးမရှိသေးသဖြင့် ကာကွယ်ခြင်းသည်
အကောင်းဆုံးဖြစ်သည်။

• ထန်းရည်အစိမ်း မသောက်ပါနှင့်
လင်းနို့များ ကိုယ်တွင်းအရည်များဖြင့် ညစ်ညမ်း
နေနိုင်သဖြင့် မသောက်မီ သေချာကျိုချက်ပါ။

• သစ်သီးများကို သေချာဆေးပါ
လင်းနို့ကိုက်ရာပါသော အသီးများကို လုံးဝမစား
ပါနှင့်။ အသီးများကို အခွံနွှာစားပါ။

• တိရစ္ဆာန်များနှင့် ကင်းကင်းနေပါ
အထူးသဖြင့် လင်းနို့နှင့် ဝက်များကို တိုက်ရိုက်ထိ
တွေ့ခြင်း ရှောင်ပါ။

• လူနာပြုစုသူများ သတိထားပါ
Mask တပ်ပါ၊ လက်ကို မကြာခဏဆေးပါ။ လူအ
ချင်းချင်း ခန္ဓာကိုယ်ထွက်ရည်များမှတဆင့် ကူးစက်
နိုင်သည်။

အနောက်ဘင်္ဂလားပြည်နယ် နောက်ဆုံးရသတင်း
၂၀၂၆ ဇန်နဝါရီ အစီရင်ခံစာအရ မြောက်ပိုင်း (North 24 Parganas) အပါအဝင် နယ်စပ်ခရိုင်များတွင် သံသယဖြစ်ဖွယ် ကူးစက်မှုများရှိနေသဖြင့် ကျန်းမာရေးဌာနများက အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ထားသည်။

ပြင်းထန်သော တုပ်ကွေးလက္ခဏာနှင့်အတူ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်းတို့ တွဲဖြစ်လာပါက လုံးဝမပေါ့ဆပါနှင့်။ အချိန်မီ ဆေးရုံတက်ရောက် ကုသခြင်းဖြင့် အသက်အန္တရာယ်မှ ကယ်တင်နိုင်ပါသည်။

🇲🇲 မြန်မာနိုင်ငံသားများအတွက် အကြံပြုချက်

အကယ်၍ အိန္ဒိယနိုင်ငံ (အထူးသဖြင့် ကာလကတ္တားနှင့် အနီးတဝိုက်) သို့ သွားရောက်ရန်ရှိပါက အထက်ပါအချက်များကို အထူးဂရုပြု လိုက်နာကြပါရန် တိုက်တွန်းအပ်ပါသည်။

🌿 AI Info Team 🌿
23 JAN 2026 | NIPAH VIRUS

ကိုဗစ်မျိုးကွဲ-မျိုးစိတ်အသစ်များကြောင့်COVID-19 အပိုဆောင်း (Booster) ကာကွယ်ဆေးထိုးရန် လိုအပ်ပါသလား? 📌ကိုဗစ်မျိုးကွဲများ ...
23/05/2025

ကိုဗစ်မျိုးကွဲ-မျိုးစိတ်အသစ်များကြောင့်
COVID-19 အပိုဆောင်း (Booster) ကာကွယ်ဆေးထိုးရန် လိုအပ်ပါသလား? 📌

ကိုဗစ်မျိုးကွဲများ မျိုးစိတ်သစ်များထပ်မံတွေ့ရှိနေရသည်နှင့်အညီ တစ်ခါမှကိုဗစ်ကာကွယ်ဆေးမထိုးဘူးပါကထိုးနှံထားရန်နှင့်ထိုးဖူးသူများအနေဖြင့်
ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ထိုးရန်အမှန်တကယ်လိုအပ်ပါသည်။

လေ့လာချက်များအရ မူလပထမကာကွယ်ဆေးများထိုးနှံပြီး လေးလမှခြောက်လအကြာတွင် COVID-19 ရောဂါကူးစက်မှုကို ကာကွယ်နိုင်သည့် ဆေးအာနိသင်လျော့ကျလာကြောင်း ‌တွေ့ရှိရပါသည်။ ကူးစက်နိုင်ခြေအများဆုံးအုပ်စုများသည် အချိန်ကြာလာသည်နှင့်အမျှ ကာကွယ်ဆေးအာနိသင်လျော့ကျလာပြီး ရောဂါကူးစက်ခံရပါက ပြင်းထန်သောရောဂါများကို ခံစားရနိုင်ပါသည်။
သို့ဖြစ်ပါ၍ COVID-19 အပိုဆောင်း (Booster) ကာကွယ်ဆေးကို မိမိတို့၏ မူလပထမကာကွယ်ဆေးများထိုးနှံပြီးနောက် လေးလမှခြောက်လအကြာတွင် ထပ်မံထိုးနှံရန် WHO မှ အကြံပြုထားပါသည်။

ထိုသို့ထိုးနှံရတွင် ၂မျိုးစပ်ကာကွယ်ဆေး Bivalent
အမျိုးအစားသည် အသင့်တော်ဆုံးဖြစ်ပါသည်
မြန်မာနိုင်ငံတွင် Pfizer Bivalent ဆေးကို ကျန်းမာရေးဌာနများတွင် ထိုးနှံပေးလျှက်ရှိပါသည်။

ကာကွယ်ဆေးထိုးနှံခြင်းသားမက ကာကွယ်ရန်နည်းလမ်းများဖြစ်သော
✅ Mask တပ်ခြင်း
✅လက်ဆေးခြင်း
✅လူထူထူရှောင်ခြင်း
✅အဟာရပြည့်ဝစွာစား၍ အိပ်စက်အနားယူခြင်း
စသည့်လိုက်နာရန်များ လုပ်ဆောင်ရန်
တိုက်တွန်းနှိုးဆော်အပ်ပါသည်။

crd to original uploader

"တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ"            ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်...
23/05/2025

"တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ"

ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

၄ ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။

၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေ
မည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။

၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန်
လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

အကြံပြုချက်များ
***************
၁။ မတ်(စ်)တပ်ပါ
၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ
၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ
၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ
၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ

crd to original uploader

ဆေးခန်း ပိတ်ရက်ကြေညာခြင်း။     ။သင်္ကြန်ရုံးပိတ်ရက်အတွင်း မြတ်မြင့်မိုရ် ဆေးဆိုင် နှင့် အထူးကုဆေးခန်းအား၂၀၂၅ ခုနှစ် ဧပြီ...
11/04/2025

ဆေးခန်း ပိတ်ရက်ကြေညာခြင်း။ ။

သင်္ကြန်ရုံးပိတ်ရက်အတွင်း မြတ်မြင့်မိုရ် ဆေးဆိုင် နှင့် အထူးကုဆေးခန်းအား
၂၀၂၅ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပိတ်ပါမည်။
ဧပြီလ ၂၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်ပါသည်။

နားလည်ပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။
မြန်မာနှစ်သစ်မှာ ကိုယ်ကျန်းမာ၊ စိတ်ကျန်းမာပြီး၊ မိသားစုနှင့်အတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

— မြတ်မြင့်မိုရ်

အသည်းရောင်အသားဝါ အေ ရောဂါ ကြိုတင်ကာကွယ်ရန် မြတ်မြင့်မိုရ်ဆေးခန်းတွင် မကြာမီ ကာကွယ်ဆေးထိုးနိုင်ပါတော့မည်
02/03/2025

အသည်းရောင်အသားဝါ အေ ရောဂါ ကြိုတင်ကာကွယ်ရန်
မြတ်မြင့်မိုရ်ဆေးခန်းတွင် မကြာမီ ကာကွယ်ဆေးထိုးနိုင်ပါတော့မည်

💥💥💥မြတ်မြင့်မိုရ်အထူးကုဆေးခန်းအား၁၆.၁၀.၂၀၂၄ မှ ၂၀.၁၀.၂၀၂၄ ထိ ၅ရက်ပိတ်ပါတယ်ရှင့် 💥💥💥၂၁.၁၀.၂၀၂၄ မှစ၍ မိမိပြသလိုသော အထူးကုဆ...
15/10/2024

💥💥💥မြတ်မြင့်မိုရ်အထူးကုဆေးခန်းအား
၁၆.၁၀.၂၀၂၄ မှ ၂၀.၁၀.၂၀၂၄ ထိ ၅ရက်ပိတ်ပါတယ်ရှင့် 💥💥💥

၂၁.၁၀.၂၀၂၄ မှစ၍ မိမိပြသလိုသော အထူးကုဆရာဝန်ကြီးများနှင့် ပြသနိုင်ရန် ပိတ်ရက်ကာလအတွင်း ☎️-09890492851 သို့ဖုန်းဆက် booking ယူနိုင်ပါတယ်

ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယမှာ ရောဂါဘယကင်းဝေးကာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏🙏🙏

06/07/2024

🛑ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( Cholera)🛑

🔺ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့အကြောင်းအရင်းတွေ အများကြီးရှိသလို ဝမ်းလျှောတဲ့ လက္ခဏာပုံစံတွေ အမျိုးမျိုးရှိကြပါတယ်

🔺ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( ကာလဝမ်းရောဂါ)ဆ်ိုတာ က vibrio cholerae လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာပါ

🔺ကာလဝမ်းရောဂါ ကပြင်းထန်ဝမ်းလျှောခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်းကို နာရီပိုင်းအတွင်းဖြစ်စေတတ်တယ်

🔺မကုသဘဲထားပါက ယခင်က ကျန်းမာသောလူများတွင်ပင် နာရီပိုင်းအတွင်း သေဆုံးနိုင်ပါတယ်

⚠️ဘယ်လိုကူးစက်ပြန့်ပွားလဲ ⚠️

🔺ရောဂါပိုးပါသောရေကိုသောက်သုံးခြင်း

🔺ရောဂါပိုးပါသော အစာကိုစားသုံးခြင်း

🔺လူနာရဲ့မစင် အန်ဖက်နဲ့ထိုအရာတွေမှာ ပေနေသောအရာဝတ္ထုများကို ကိုင်တွယ်မိခြင်း

🔺အဆိုပါရောဂါဖြင့်သေဆုံးသူကိုထိတွေ့မိခြင်းတို့ကြောင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်

📛ရောဂါလက္ခဏာများ 📛

🔺ပြင်းထန်စွာဝမ်းလျှောခြင်း

▪️ဝမ်းအရောင်က ဆန်ဆေးရေ အရောင်လိုဖြစ်နေမယ်
▪️အညှီနံ့ ရှိနေနိုင်တယ်
▪️ဝမ်းလျှောတဲ့ ပမာဏများတဲ့အတွက်အချိန်အနည်းငယ်အတွင်းမှာ ခန္ဓာကိုယ်ထဲက ရေဓာတ်များစွာဆုံးရှုံးနိုင်ပါတယ်

🔺ပျို့ခြင်း / အန်ခြင်း

▪️တခါတရံ ဝမ်းပျက်ဝမ်းလျှောမဖြစ်ခင် အရင်ဆုံး အန်တာနဲ့စလာတတ်ပါတယ်

🔺ကြွက်တက်ခြင်း

▪️ဝမ်းအရည်နဲ့အတူ ခန္ဓာကိုယ်ထဲကနေ ဆိုဒီယမ် ပိုတက်ဆီယမ် ကလိုရိုက်စတဲ့ ဓာတ်တွေအလျင်အမြန်ဆုံးရှုံးသွားတဲ့အခါ ဖြစ်တတ်ပါတယ်

🔺ရေဓာတ်ခမ်းခြောက်ခြင်း

▪️နာရီပိုင်းအတွင်းဖြစ်နိုင်တဲ့အတွက် သတိထားရပါမယ်
▪️အားအင်ကုန်ခမ်းသလိုဖြစ်နေမယ်
▪️ကလေးငယ်လေးတွေမှာ တချိန်လုံးဂျီကျနေတာမျိုး
▪️ရေအလွန်အမင်းဆာနေတာ မျက်ရည်မထွက်တာ
▪️မျက်တွင်းချိုင့်ဝင် ငယ်ထိပ်ချိုင့်ဝင်
▪️ဆီးပေါက်နည်းသွားတာမျိုး သွေးပေါင်ကျလာတာမျိုးရှိနေနိုင်ပါတယ်

‼️ဒါမျိုးလက္ခဏာရှိလာရင် နီးစပ်ရာကျန်းမာရေးငှာနကိုချက်ချင်းသွားပါ‼️

✅ဘယ်လိုကုသမလဲ✅

ဓာတ်ဆား

▪️အသက်ကယ်ဆေးက ဓာတ်ဆားပါ
ဝမ်းလျှောခြင်းမှာ အဓိက အန္တရယ်က ရေဓာတ်ဆားဓာတ်ဆုံးရှုံးမှု ဖြစ်တဲ့အတွက် အချိုးကျဖျော်စပ်ထားတဲ့ WHO ဖော်မြူလာအတိုင်းထုတ်ထားတဲ့ ဓာတ်ဆားကိုသာသုံးရပါမယ်

▪️ဖျော်ပုံဖျော်နည်းမှန်ကန်ဖို့လည်းလိုပါတယ် ( တလီတာအတွက် အထုပ် နဲ့ ရေ 200 ml အတွက်အထုပ်ဆိုပြီးလည်းရှိပါတယ်)

▪️ဓာတ်ဆားထုပ် အဆင်အသင့်မရှိလျှင်အရေးပေါ်အိမ်တွင်းဓာတ်ဆားဖျော်နည်းအတိုင်း ဖျော်ပြီးတိုက်ပါ
ဒီ link မှာဝင်ကြည့်လို့ရပါတယ်

https://m.facebook.com/story.php?story_fbid=125452237253085&id=100093649274709

▪️ရေဓာတ်အလွန်အကျွံဆုံးရှုံးမှုမဖြစ်စေရန်
၂ နှစ်အောက်ကလေး - ဝမ်းတကြိမ်သွားပြီးတိုင်းဓာတ်ဆား ၅၀ - ၁၀၀ မီလီလီတာ
၂ နှစ်အထက် - ၁၀၀ - ၂၀၀ မီလီလီတာ ကို ဝင်နိုင်သလောက်တိုက်တိုက်ပေးပါ

▪️ကလေးက အန်နေလျှင် ၁၀ မိနစ်ခန့်စောင့်ပြီး နည်းနည်းစီပြန်တိုက်ကြည့်ပါ

▪️လူကြီးတယောက် ကာလဝမ်းရောဂါဖြစ်တဲ့အခြေအနေမှာ ရေဓာတ်ခန်းခြောက်တဲ့လက္ခဏာရှိနေရင် တရက်ကို ဓာတ်ဆား ၆ ထုပ်(၆ လီတာ)ခန့် လိုနိုင်ပါတယ်

▪️ရေဓာတ် အလွန်အမင်းဆုံးရှုံးလာရင်တော့ သွေးကြောထဲ ဓာတ်ဆားရည်သွင်းဖို့လိုနိုင်ပါတယ်

▪️ဝမ်းလျှောခြင်းနဲ့ပက်သက်တဲ့အယူအဆအမှားတွေလည်း ရှောင်ကြဉ်ပါ
ဒီ link မှာ ဖတ်လို့ရပါတယ်

https://m.facebook.com/story.php?story_fbid=124420690689573&id=100093649274709

✅ Zinc ( ဇင့် ဆေး အရည် / ဆေးပြား ) ✅

▪️ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ အသက် ၅ နှစ်အောက်ကလေးတွေမှာ Zinc တိုက်ကျွေးခြင်းဟာ ဝမ်း
သွားတဲ့အကြိမ်ကို လျော့နည်းစေနိုင်သလို နောက်ထပ်
ဝမ်းလျှောခြင်းကိုပါကာကွယ်ပေးနိုင်ပါတယ်

၆ လအောက်ကလေး - တနေ့လျှင် Zinc 10 mg
၆ လအထက်ကလေး - တနေ့လျှင် Zinc 20 mg

🔶 ပိုးသတ်ဆေး 🔶

▪️အလွန်အကျွံမသုံးပါနဲ့
သင့်တော်သောဆေးကိုကျွမ်းကျင် ဆရာဝန် ဆရာမ နှင့်တိုင်ပင်ပြီးမှသာသောက်ပါ

✅ အစားအသောက်နှင့်အာဟာရ ✅

- မိခင်နို့တိုက်နေတဲ့ကလေးဝမ်းလျှောနေရင် မိခင်နို့ကိုဆက်တိုက်ပါ

- သန့်ရှင်းစွာပြင်ဆင်ထားသောအစားအသောက် များ စားသုံးလို့ရပါတယ်

- ဆန်ပြုတ် စွပ်ပြုတ် လိုကြေလွယ်တဲ့အစာများ ထမင်းရည်၊ အုန်းရည် များ တိုက်ပေးလို့ရပါတယ်

♻️ကာကွယ်ခြင်း ♻️

✅ သန့်ရှင်းသောရေကိုသောက်သုံးပါ
ရေသန့်မရနိုင်လျှင် ရေကိုကျိုချက်ပြီးမှသောက်ပါ
အိမ်သုံးရေကို ကလိုရင်းဆေးပြားခတ်ပြီးမှသုံးပါ

✅ ယင်လုံအိမ်သာအသုံးပြုပါ
ယင်လုံအိမ်သာမရှိသောနေရာတွင် ရောဂါပိုးရှိသော မစင်ကနေတဆင့် ထပ်ပြန့်ပွားဖို့မဖြစ်ရအောင် မစင်ကိုစနစ်တကျစွန့်ပစ်ပါ
သောက်သုံးရေအရင်းအမြစ်မှ ပေ ၁၀၀ ခန့်အကွာမှာ ကျင်းတူးပြီး စွန့်ပစ်ပါ
အရေးပေါ်အခြေအနေမှာ ယာယီအိမ်သာကျင်း ကို ရေရှိသောနေရာနှင့် ပေ ၁၀၀ အကွာမှာ၁ ပေခွဲ အနက်ခန့်တူးပြီး စွန့်ပစ်ပါ

✅ သန့်ရှင်းလတ်ဆတ်သော အစားအသောက်များစားသုံးပါ

ယင်နားစာများ မစားပါနဲ့

အသားငါးအသီးအရွက်များ ကျက်အောင်ချက်ပြုတ်ပြီးမှစားသုံးပါ

✅ လက်ကိုဆပ်ပြာဖြင့် သေချာသန့်စင်အောင်ဆေးပါ

စားသောက်တဲ့ကလေးရဲ့လက်နဲ့ ကျွေးမွေးပြုစုတဲ့လူကြီးရဲ့လက် ၊ ဝမ်းသွေးပြီးတိုင်း သန့်ရှင်းရေးလုပ်ပေးတဲ့ လက်ကို ဆပ်ပြာနှင့်သေချာဆေးပါ

အစားမစားခင် နဲ့ ဝမ်းသွားပြီးတိုင်းလက်ကိုသေချာစွာဆေးပါ

✅ မီးဖိုချောင်သုံးပစ္စည်းများနှင့် အစားအစာများကို ချက်ပြုတ်သည့်နေရာများကို သန့်ရှင်းပြီး ပိုးသတ်ပါလုံးဝခြောက်သွေ့အောင်ထားပါ

သောက်သုံးရေအရင်းအမြစ်များမှ မီတာ ၃၀ (ပေ ၁၀၀) အကွာအဝေးခန့်တွင် အဝတ် သို့မဟုတ် အနှီးများကို လျှော်ပါ

ညစ်ညမ်းနေသော အိမ်သာများနှင့် မျက်နှာပြင်များကို သန့်ရှင်းပြီး ပိုးသတ်ပါ

သန့်ရှင်းရေး ပြီးသောအခါ၊ ဆပ်ပြာရည်နှင့် ပိုးသတ်ဆေးရည်များကို ရေမြောင်း၊ အိမ်သာ သို့မဟုတ် အိမ်သာထဲသို့ လောင်းထည့်ခြင်းဖြင့် ဘေးကင်းစွာ စွန့်ပစ်ပါသန့်စင်ပြီး ပိုးသတ်ပြီးနောက် လက်ကို ဆပ်ပြာနှင့်ရေဖြင့် ထပ်မံဆေးကြောပါ

အထက်ပါနည်းလမ်းများဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်ပြန့်ပွားခြင်းကိုအလျင်အမြန်ကာကွယ်နိုင်မှာဖြစ်ပါတယ်




16/05/2024
16/05/2024

💊ကျောက်ကပ်အားဆေး 𝗔𝗹𝗽𝗵𝗮 𝗞𝗲𝘁𝗼𝗮𝗻𝗮𝗹𝗼𝗴𝘂𝗲 အကြောင်း...

📌ဆီးချိုသွေးချိုရောဂါနှင့် သွေးတိုးရောဂါတို့ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် သင့်ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပျက်စီးစေနိုင်ပါတယ်။

🍲နေ့စဉ်အစားအသောက်ထဲမှာ ပါဝင်နေတဲ့ အသားဓာတ် (𝗣𝗿𝗼𝘁𝗲𝗶𝗻) ကလည်း နာတာရှည် ကျောက်ကပ်ဝေဒနာရှိသူတွေအတွက် ကျောက်ကပ်ပိုမိုပျက်စီးခြင်းကို ဖြစ်စေနိုင်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် နာတာရှည်ကျောက်ကပ်ပျက်စီးတဲ့ လူနာတွေကို ဆရာဝန်တွေက အသားဓာတ်အလွန်အကျွံမစားဖို့ သတိပေးရခြင်း ဖြစ်ပါတယ်။

📌အခြားတစ်ဖက်မှာ အသားဓာတ်ကို လုံးဝမစားလျှင်လည်း လိုအပ်တဲ့အာဟာရ မရရှိနိုင်တဲ့အတွက် အာဟာရချို့တဲ့ပြီး ကျောက်ကပ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။

📌ဒါ့ကြောင့် လိုအပ်တဲ့အသားဓာတ်ကိုလည်းပေးစွမ်းနိုင်ပြီး ကျောက်ကပ်ကိုလည်း မထိခိုက်စေနိုင်တဲ့ အသားဓာတ်အဖြစ် 𝗔𝗹𝗽𝗵𝗮 𝗞𝗲𝘁𝗼𝗮𝗻𝗮𝗹𝗼𝗴𝘂𝗲 ကို ယနေ့ခေတ်မှာ အသုံးပြုလာကြပါတယ်။ ကျောက်ကပ်အားဆေးလို့လည်း လူအများက နားလည်သိရှိ ထားကြပါတယ်။

📌အကျိုးကျေးဇူးများအနေနဲ့ အသားဓာတ်ကို လျှော့စားပြီး 𝗔𝗹𝗽𝗵𝗮 𝗞𝗲𝘁𝗼𝗮𝗻𝗮𝗹𝗼𝗴𝘂𝗲 ကို မှန်ကန်တဲ့ပမာဏ ပုံမှန်သောက်သုံးမယ်ဆိုရင်
👉နာတာရှည်ကျောက်ကပ်ရောဂါရှိသူများမှာ သေဆုံးမှုများကို လျှော့ချပေးနိုင်ခြင်း၊
👉ကျောက်ကပ်ဆေးနိုင်ခြေရာခိုင်နှုန်းကိုလည်း ၄၆% အထိ လျှော့ချပေးနိုင်ခြင်း၊
👉အာဟာရချို့တဲ့ခြင်းကို ကာကွယ်ပေးနိုင်ခြင်းတို့ ရရှိနိုင်ကြောင်း ဖော်ပြထားတဲ့ သုတေသနစာတမ်း များစွာရှိပါတယ်။

💊ကျောက်ကပ်အားဆေး 𝗔𝗹𝗽𝗵𝗮 𝗞𝗲𝘁𝗼𝗮𝗻𝗮𝗹𝗼𝗴𝘂𝗲 ရဲ့ အာနိသင် အပြည့်အဝရဖို့အတွက်ဆိုရင် အခြားအားဆေးများကဲ့သို့ တစ်နေ့ တစ်လုံး (သို့) နှစ်လုံး သောက်ရုံနဲ့ မရနိုင်ပါဘူး။

📌အထက်ပါအကြောင်းအရာများကို 𝗥𝗲𝗻𝗼𝗳𝗮𝗺 (𝗔𝗹𝗽𝗵𝗮 𝗞𝗲𝘁𝗼𝗮𝗻𝗮𝗹𝗼𝗴𝘂𝗲) ကျောက်ကပ်အားဆေးမှ ကျန်းမာရေးဗဟုသုတအဖြစ် တင်ဆက်ပေးထားခြင်း ဖြစ်ပါသည်။

💊𝗥𝗲𝗻𝗼𝗳𝗮𝗺 (𝗔𝗹𝗽𝗵𝗮 𝗞𝗲𝘁𝗼𝗮𝗻𝗮𝗹𝗼𝗴𝘂𝗲) ကျောက်ကပ်အားဆေးသည် ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးရသောဆေးဖြစ်ပြီး မိမိသဘောဖြင့်သောက်သုံးခြင်း လုံးဝ မပြုရပါ။

𝗥𝗲𝗳𝗲𝗿𝗲𝗻𝗰𝗲𝘀
📌Yen, Chieh-Li, et al., 2022. Ketoanalogues Supplemental Low Protein Diet Safely Decreases Short-Term Risk of Dialysis among CKD Stage 4 Patients. 𝘕𝘶𝘵𝘳𝘪𝘦𝘯𝘵𝘴, 14(19), p4020

📌Chen, H. Y.et al., 2021. Ketoanalogue supplements reduce mortality in patients with predialysis advanced diabetic kidney disease: A nationwide population-based study. 𝘊𝘭𝘪𝘯𝘪𝘤𝘢𝘭 𝘕𝘶𝘵𝘳𝘪𝘵𝘪𝘰𝘯, Volume 40, pp. 4149-4160.
---------------------------------------------------------------------
👇ဆီးချိုသွေးချို နှင့် နာတာရှည်ကျောက်ကပ်ရောဂါ
https://www.facebook.com/zifammyanmar/posts/pfbid0e624PcWor1EmJvzwXHKbJ5pzcoNAkuqSnD4JyCu674fJpBRvrzXei3owEkVZpTNMl

👇နာတာရှည်ကျောက်ကပ်ရောဂါမှာ အသားဓာတ်ရှောင်ဖို့လိုအပ်သလား
https://www.facebook.com/zifammyanmar/posts/pfbid0dVWn5dLLPzwZMoTSAcBhH32FZ4EYKT94c3zJCXHKXoMth5Bnc1exQK6etSjQMH52l

👇နာတာရှည်ကျောက်ကပ်ရောဂါ ဘယ်လိုလူတွေမှာ ပိုအဖြစ်များသလဲ
https://www.facebook.com/zifammyanmar/posts/844136471091130

👇နာတာရှည် ကျောက်ကပ်ရောဂါ ရှိမရှိ ဘယ်လို သိနိုင်မလဲ၊ ဘာတွေ စစ်ဆေးရမလဲ
https://www.facebook.com/zifammyanmar/posts/pfbid02BHyGfUviuLzzCUBKqGGMaSjntdrkWUmHZ6N2hWVSoL83SbZhbUjVEc4m4zHgQKbVl

14/05/2024

Address

အမှတ်၄၀၂၊ အင်းဝလမ်း၊ တောင်ဥက္ကလာ၆ရပ်ကွက်
Yangon
11091

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959890492851

Website

Alerts

Be the first to know and let us send you an email when Myat Myint Mo Pharmacy and Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share