Myanma Sanpya Crop Nutrition Company

Myanma Sanpya Crop Nutrition Company အရည်အသွေးမြင့် မြေဩဇာများနှင့် ရွက်ဖျန်းမြေဩဇာများအား တင်သွင်းဖြန့်ချိလျက်ရှိပါသည်။ MSCN

ဩဂုတ်လ (၃၁) ရက် မှ စက်တင်ဘာလ ( ၆) ရက် အထိ စိုက်ပျိုးရေး မိုးလေ၀သခန့်မှန်းချက်များကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။⛅️ ဘင်္ဂ...
31/08/2026

ဩဂုတ်လ (၃၁) ရက် မှ စက်တင်ဘာလ ( ၆) ရက် အထိ စိုက်ပျိုးရေး မိုးလေ၀သခန့်မှန်းချက်များကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။

⛅️ ဘင်္ဂလားပင်လယ်အော် အခြေအနေ ⛅️

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားကောင်းနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။

🌧️ မိုးရွာသွန်းနိုင်မှု အခြေအနေ 🌧️

မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

☀️ အမြင့်ဆုံးအပူချိန် အခြေအနေ ☀️

ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့တွင် (၇၄) ဒီဂရီဖာရင်ဟိုက် မှ (၈၅) ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း) တို့တွင် (၈၆) ဒီဂရီဖာရင်ဟိုက် မှ (၉၇) ဒီဂရီ ဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။

🌥️ အနိမ့်ဆုံးအပူချိန် အခြေအနေ 🌥️

ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၅၈) ဒီဂရီဖာရင်ဟိုက်မှ (၆၉) ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် (၇၀) ဒီဂရီဖာရင်ဟိုက်မှ (၈၁)ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။

☁️ လေထုစိုထိုင်းဆ အခြေအနေ ☁️

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း) တို့တွင် (၇၉%) မှ (၈၉%) အတွင်းနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၉၀%) မှ (၉၉%) အတွင်း ရှိနိုင်ပါသည်။

⛈️ ပင်ငွေ့ရေငွေ့ပျံနှုန်း အခြေအနေ ⛈️

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း) တို့တွင် (၁၁)မီလီမီတာမှ (၂၁)မီလီမီတာအတွင်းနှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် (၂၂) မီလီမီတာ မှ (၃၁) မီလီမီတာ အတွင်း ရှိနိုင်ပါသည်။

Sources: စိုက်ပျိုးရေး မိုးလေဝသဌာနခွဲ

ယနေ့ကျရောက်သော ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့ ) မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေကြောင်း...
28/08/2026

ယနေ့ကျရောက်သော ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့ ) မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ခင်ဗျာ။

#ဝါခေါင်လပြည့် #မေတ္တာအခါတော်နေ့ #မြန်မာ့စံပြမြေဩဇာကုမ္ပဏီ #သီးနှံအာဟာရမြန်မာ့စံပြ

🌾🌾🌾 စံပြ မိုးပျံ" ၁၇+၈+၈ ကွန်ပေါင်းမြေဩဇာ 🌾🌾🌾စံပြ မိုးပျံမြေဩဇာသည် တောင်သူဦးကြီးတို့ သီးနှံစိုက်ခင်းများအတွက် နေရာဒေသမရွ...
27/08/2026

🌾🌾🌾 စံပြ မိုးပျံ" ၁၇+၈+၈ ကွန်ပေါင်းမြေဩဇာ 🌾🌾🌾

စံပြ မိုးပျံမြေဩဇာသည် တောင်သူဦးကြီးတို့ သီးနှံစိုက်ခင်းများအတွက် နေရာဒေသမရွေး စိုက်ပျိုးသီးနှံအစုံ ရွေးချယ်အသုံးပြုနိုင်သည့် အရည်သွေးမြင့်မြေဩဇာဖြစ်ပါတယ်။

တောင်သူဦးကြီးတို့ စိုက်ခင်းသီးနှံတိုင်း အောင်မြင်တိုးတက်ဖို့ ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးပြည့်မီသည့် စံပြ မိုးပျံကိုရွေးချယ်အသုံးပြုဖို့ သတင်းကောင်းပါးလိုက်ပါတယ် ခင်ဗျာ။

နိုက်ထရိုဖော့စကာ ၁၆+၁၆+၈ သည် ဂျာမန်နည်းပညာဖြင့် ထုတ်လုပ်ထားသော အရည်အသွေးမြင့် Complex Fertilizer အမျိုးအစားဖြစ်ပါသည်။ တစ...
25/08/2026

နိုက်ထရိုဖော့စကာ ၁၆+၁၆+၈ သည် ဂျာမန်နည်းပညာဖြင့် ထုတ်လုပ်ထားသော အရည်အသွေးမြင့် Complex Fertilizer အမျိုးအစားဖြစ်ပါသည်။ တစ်လုံးချင်းစီတွင် အပင်အတွက် မရှိမဖြစ်လိုအပ်သော နိုက်ထရိုဂျင် (N)၊ ဖော့စဖရပ် (P) နှင့် ပိုတက်စီယမ် (K) အာဟာရဓာတ်များကို တိကျမှန်ကန်သော အချိုးအစားအတိုင်း စနစ်တကျ ပေါင်းစပ်ဖန်တီးထားပါသည်။

မြေဩဇာတစ်လုံးချင်းစီတိုင်းတွင် အာဟာရဓာတ် ညီတူညီမျှ ပါဝင်သဖြင့် ခဲခြင်း၊ ကွဲခြင်းမရှိဘဲ အပင်က အာဟာရကို တစ်ပြေးညီ စုပ်ယူနိုင်ပါသည်။ ရေပျော်ဝင်မှု အားကောင်းပြီး အပင်က ချက်ချင်း စုပ်ယူစားသုံးနိုင်သဖြင့် အမြစ်ပွားခြင်း၊ အပင်သန်မာခြင်းနှင့် အဖူးအပွင့်၊ အသီးအနှံများကို ပိုမိုဖွံ့ဖြိုးစေပါသည်။ အလေအလွင့်နည်းပါးပြီး အပင်ကို အာဟာရ အပြည့်အဝ ပေးစွမ်းနိုင်သောကြောင့် တောင်သူဦးကြီးတို့အတွက် သွင်းအားစုစရိတ်ကို သက်သာစေပြီး အထွက်နှုန်းကို သိသိသာသာ တိုးတက်စေပါသည်။

သီးနှံအာဟာရ မြန်မာ့စံပြ

#မြန်မာ့စံပြမြေဩဇာကုမ္ပဏီ #သီးနှံအာဟာရမြန်မာ့စံပြ #မြေဩဇာ #တောင်သူဦးကြီးများ #စိုက်ပျိုးရေး

ဩဂုတ်လ (၂၄) ရက်မှ ဩဂုတ်လ (၃၀) ရက်အထိစိုက်ပျိုးရေး မိုးလေ၀သခန့်မှန်းချက်များကိုဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ ⛅️ ဘင်္ဂလားပင်လ...
24/08/2026

ဩဂုတ်လ (၂၄) ရက်မှ ဩဂုတ်လ (၃၀) ရက်အထိစိုက်ပျိုးရေး မိုးလေ၀သခန့်မှန်းချက်များကိုဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

⛅️ ဘင်္ဂလားပင်လယ်အော် အခြေအနေ ⛅️

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားကောင်းနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။

🌧️ မိုးရွာသွန်းနိုင်မှု အခြေအနေ 🌧️

မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

☀️ အမြင့်ဆုံးအပူချိန် အခြေအနေ ☀️

ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၇၄) ဒီဂရီဖာရင်ဟိုက် မှ (၈၅) ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း) တို့တွင် (၈၆) ဒီဂရီဖာရင်ဟိုက်မှ (၉၇)ဒီဂရီ ဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။

🌥️ အနိမ့်ဆုံးအပူချိန် အခြေအနေ 🌥️

ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၅၇) ဒီဂရီဖာရင်ဟိုက် မှ (၆၈) ဒီဂရီ ဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် (၆၉)ဒီဂရီဖာရင်ဟိုက်မှ (၈၀)ဒီဂရီ ဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။

☁️ လေထုစိုထိုင်းဆ အခြေအနေ ☁️

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၇၇%) မှ (၈၈%)အတွင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၈၉%) မှ (၁၀၀%) အတွင်း ရှိနိုင်ပါသည်။

🌦️ ပင်ငွေ့ရေငွေ့ပျံနှုန်း အခြေအနေ 🌦️

ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၉) မီလီမီတာ မှ (၁၉)မီလီမီတာအတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် (၂၀)မီလီမီတာမှ (၃၀)မီလီမီတာအတွင်း ရှိနိုင်ပါသည်။

Sources: စိုက်ပျိုးရေး မိုးလေ၀သဌာနခွဲ
CreditToOriginalUploader

21/08/2026

မြန်မာနိုင်ငံ၏ ရေမြေသဘာဝနှင့် ကိုက်ညီမှုရှိပြီး ရာသီမရွေး၊ ‌ဒေသမရွေး အသုံးပြုနိုင်သည့် စံပြ ပင်ပွား ၁၈+၁၀+၅ မြေဩဇာကို တောင်သူဦးကြီးတို့ စိုက်ခင်းမှာ သီးနှံအထွက်နှုန်းတိုးတက်အောင်မြင်စေဖို့ ရွေးချယ်အသုံးပြုပြီး စိတ်ကျေနပ်မှုရယူလိုက်ရအောင်...

#မြေဩဇာ #ကောင်းကောင်းရချင်ရင်ကောင်းကောင်းသုံးရတယ် #စိုက်ပျိုးရေး #ကွန်ပေါင်းမြေဩဇာ #စံပြ #ပင်ပွါး #စံပြပင်ပွား #တောင်သူဦးကြီးများ #တောင်သူစိုက်ခင်း #စပါးစိုက်ခင်း #သီးနှံအားလုံးအတွက်

19/08/2026

ENTEC® 13+10+20 (+3S) မြေဩဇာအသုံးပြုခြင်းဖြင့် အပင်၏ လိုအပ်ချက်အရ နိုက်ထရိုဂျင်ထောက်ပံ့ပေးမှုပေးနိုင်ခြင်းနှင့် နိုက်ထရိုဂျင်လေလွင့်ဆုံးရှုံးမှုကို မရှိသလောက်နည်းပါးစေခြင်းစသည့် အကျိုးရလဒ်များကို လက်တွေ့ရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် အရည်အသွေးမြင့်မားသော သီးနှံအထွက်ကိုရရှိစေဖို့ အာမခံချက်အပြည့်အဝရှိတာကြောင့် ENTEC® 13+10+20 (+3S) အသုံးပြုပြီး တောင်သူဦးကြီးတို့ စိုက်ခင်းတိုင်း သီးနှံအထွက်နှုန်းတိုးတက်အောင်မြင်ပြီး အရည်သွေးမြင့်မားသည့် သီးနှံရလဒ်တွေကို ပိုင်ဆိုင်နိုင်မှာသေချာပါတယ် ခင်ဗျာ။

#မြေဩဇာ #သီးနှံအာဟာရမြန်မာ့စံပြ #ကောင်းကောင်းရချင်ရင်ကောင်းကောင်းသုံးရတယ် #တောင်သူဦးကြီးများ #မြန်မာ့စံပြမြေဩဇာကုမ္ပဏီ #စိုက်ပျိုးရေး #လယ်ယာစိုက်ပျိုးရေး

18/08/2026

🌱🌱🌱 တောင်သူအားလုံးကြိုက်နှစ်သက်ကြသည့် အကောင်းဆုံးမြေဩဇာ နိုက်ထရိုဖော့စကာ ၁၅+၁၅+၁၅ 🌱🌱🌱

နိုက်ထရိုဖော့စကာ ၁၅+၁၅+၁၅ မြေဩဇာသည် အာဟာရများကို စနစ်တကျ ပေါင်းစပ်ထားပြီး သီးနှံပင်များအတွက် ပြည့်စုံသော အာဟာရဓာတ်များ မျှတစွာထောက်ပံ့ပေးနိုင်ပါသည်။

အပင်မှ လျင်မြန်စွာစားသုံးနိုင်သော အာဟာရဓာတ်ပုံစံသာမက တာရှည်အကျိုးသက်ရောက်နိုင်သော အာဟာရဓာတ်ပုံစံပါဝင်ခြင်း၊ အပင်အာဟာရဓာတ်များ လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေခြင်း၊ မြေဩဇာတစ်စေ့ချင်းစီတွင် အချိုးကျအာဟာရများ ပြည့်စုံစွာပါဝင်တာကြောင့် အရည်အသွေးမြင့်မားသည့် အထွက်နှုန်းကိုရရှိစေမှာသေချာပါတယ် ခင်ဗျာ။

#မြန်မာ့စံပြမြေဩဇာကုမ္ပဏီ #သီးနှံအာဟာရမြန်မာ့စံပြ

ဩဂုတ်လ (၁၇) ရက်မှ ဩဂုတ်လ (၂၃) ရက်အထိ စိုက်ပျိုးရေး မိုးလေ၀သခန့်မှန်းချက်များကို ဖော်ပြလိုက်ပါတယ် ခင်ဗျာ။ 🌤️ ဘင်္ဂလားပင်လ...
17/08/2026

ဩဂုတ်လ (၁၇) ရက်မှ ဩဂုတ်လ (၂၃) ရက်အထိ စိုက်ပျိုးရေး မိုးလေ၀သခန့်မှန်းချက်များကို ဖော်ပြလိုက်ပါတယ် ခင်ဗျာ။

🌤️ ဘင်္ဂလားပင်လယ်အော် အခြေအနေ 🌤️

အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားကောင်းနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။

🌧️ မိုးရွာသွန်းနိုင်မှု အခြေအနေ 🌧️

မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

☀️ အမြင့်ဆုံးအပူချိန် အခြေအနေ ☀️

တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် (၇၁)ဒီဂရီ ဖာရင်ဟိုက်မှ (၈၂) ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း) တို့တွင် (၈၃) ဒီဂရီဖာရင်ဟိုက်မှ (၉၄) ဒီဂရီ ဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။

🌥️ အနိမ့်ဆုံးအပူချိန် အခြေအနေ 🌥️

ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၅၈) ဒီဂရီဖာရင်ဟိုက် မှ (၆၉) ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် (၇၀)ဒီ ဂရီဖာရင်ဟိုက် မှ (၈၀) ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။

☁️ လေထုစိုထိုင်းဆ အခြေအနေ ☁️

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၈၁%) မှ (၉၀%)အတွင်းနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင်တောင်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၉၁%)မှ (၁၀၀%)အတွင်း ရှိနိုင်ပါသည်။

⛈️ ပင်ငွေ့ရေငွေ့ပျံနှုန်း အခြေအနေ ⛈️

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် (၅)မီလီမီတာ မှ (၁၅)မီလီမီတာအတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း) တို့တွင် (၁၆)မီလီမီတာမှ (၂၆)မီလီမီတာအတွင်း ရှိနိုင်ပါသည်။

Sources: စိုက်ပျိုးရေး မိုးလေဝသဌာနခွဲ
CreditToOriginalUploader

🌾🌾ကံနီကျေးရွာ တောင်သူကိုရင်ဌေး မိုးစပါးစိုက်ခင်း 🌾🌾စံပြ မိုးပျံ ၁၇+၈+၈ ကို ယုံကြည်စိတ်ချစွာ အသုံးပြုကြသည့် တောင်သူဦးကြီး...
14/08/2026

🌾🌾ကံနီကျေးရွာ တောင်သူကိုရင်ဌေး မိုးစပါးစိုက်ခင်း 🌾🌾

စံပြ မိုးပျံ ၁၇+၈+၈ ကို ယုံကြည်စိတ်ချစွာ အသုံးပြုကြသည့် တောင်သူဦးကြီးများကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ။
စံပြ မိုးပျံမြေဩဇာသည် တောင်သူဦးကြီးတို့ သီးနှံစိုက်ခင်းများအတွက် နေရာဒေသမရွေး စိုက်ပျိုးသီးနှံအစုံ ရွေးချယ်အသုံးပြုနိုင်သည့် အရည်သွေးမြင့်မြေဩဇာဖြစ်ပါတယ်။
တောင်သူဦးကြီးတို့ စိုက်ခင်းသီးနှံတိုင်း အောင်မြင်တိုးတက်ဖို့ ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးပြည့်မီသည့် စံပြ မိုးပျံကိုရွေးချယ်အသုံးပြုဖို့ သတင်းကောင်းပါးလိုက်ပါတယ် ခင်ဗျာ။

သီးနှံအာရမြန်မာ့စံပြ

#သီးနှံအာဟာရမြန်မာစံပြ #မြေဩဇာ #ကွန်ပေါင်းမြေဩဇာ #စံပြ #မိုးပျံ #စံပြမိုးပျံ #တောင်သူဦးကြီးများ

Address

No. 95(A), Kyaik Wyne Pagoda Road, 8 Mile, Near Junction 8 Shopping Center, Mayangone Township
Yangon
MSCN

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959765409706

Alerts

Be the first to know and let us send you an email when Myanma Sanpya Crop Nutrition Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share