KYAW - Specialist Clinic & Diagnostic Center

KYAW - Specialist Clinic & Diagnostic Center Health Care Service

🛑 အမျိုးသားတို့ရဲ့ယုံကြည်မှုကို မြှင့်တင်ပေးမယ့် P-Shot အကြောင်း သိကောင်းစရာ😓 ဆရာ... အိမ်ထောင်ရေးသုခက အရင်လိုမဟုတ်တော့ဘူ...
19/04/2026

🛑 အမျိုးသားတို့ရဲ့ယုံကြည်မှုကို မြှင့်တင်ပေးမယ့် P-Shot အကြောင်း သိကောင်းစရာ

😓 ဆရာ... အိမ်ထောင်ရေးသုခက အရင်လိုမဟုတ်တော့ဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုတွေ လျော့လာသလိုပဲ

👨‍⚕️ ဒါက အမျိုးသားတော်တော်များများ ဖွင့်မပြောရဲပေမယ့် ရင်ထဲမှာ တကယ်ခံစားနေရတဲ့ ပြဿနာတစ်ခုပါ။

💁‍♂️ အသက်အရွယ်ကြောင့်ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးအခြေအနေတွေကြောင့်ပဲဖြစ်ဖြစ် အမျိုးသားအင်္ဂါရဲ့ စွမ်းဆောင်ရည် ကျဆင်းလာတာဟာ ရှက်စရာမဟုတ်ပါဘူး။ ခေတ်မီဆေးပညာမှာ ဒါကို ဘေးကင်းဘေးကင်းနဲ့ ကုသနိုင်တဲ့ P-Shot ဆိုတာ ရှိနေပါပြီ။

🤔 P-Shot ဆိုတာ ဘာလဲ?
👨‍⚕️ အရှင်းဆုံးပြောရရင် ကိုယ့်ရဲ့ ကိုယ်ပိုင်သွေးထဲမှာပါတဲ့ Growth Factorsလို့ခေါ်တဲ့ ကြီးထွားနှုန်းအားပေးပစ္စည်းတွေကို ပြန်လည်အသုံးပြုပြီး ကုသတဲ့ နည်းလမ်းပါ။

P-Shot ကို ဘယ်လိုလုပ်တာလဲဆိုတာ အသေးစိတ်ရှင်းပြပါ့မယ် ....

📌 ပထမဆုံး ကိုယ့်ဆီက သွေးအနည်းငယ် ထုတ်ယူပါတယ်။

📌 အဲဒီသွေးကို စက်ထဲမှာ ပြန်လည်သန့်စင်ပြီး PRP (Platelet Rich Plasma) လို့ခေါ်တဲ့ အားကောင်းတဲ့ သွေးရည်ကြည်တွေကို ခွဲထုတ်ပါတယ်။

📌 ရရှိလာတဲ့ သွေးရည်ကြည်ကို အမျိုးသားအင်္ဂါရဲ့ လိုအပ်တဲ့နေရာတွေမှာ ပြန်လည်ထိုးနှံပေးတာ ဖြစ်ပါတယ်။

✨ P-Shot က ဘာတွေ ထူးခြားသွားစေမှာလဲ?
📌 သွေးလည်ပတ်မှု အားကောင်းစေခြင်း
သွေးကြောသစ်တွေကို ပြန်လည်ဖြစ်ပေါ်စေလို့ ခိုင်မာမှုကို သိသိသာသာ တိုးတက်စေပါတယ်။
📌 တစ်ရှူးများကို ပြန်လည်နုပျိုစေခြင်း
ဆဲလ်အသစ်တွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးလို့ အာရုံခံစားမှု (Sensitivity) ကို ပိုကောင်းစေပါတယ်။
📌 အရွယ်အစားနဲ့ စွမ်းဆောင်ရည်
ပုံမှန်ထက် ပိုမိုပြည့်စုံပြီး ကျန်းမာသန်စွမ်းတဲ့ အနေအထားကို ရောက်ရှိစေပါတယ်။
📌 ဘေးထွက်ဆိုးကျိုး ကင်းစင်ခြင်း
ကိုယ့်သွေးကို ကိုယ်ပြန်သုံးတာဖြစ်လို့ ဓာတ်မတည့်တာမျိုး လုံးဝမရှိဘဲ သဘာဝအတိုင်း ရလဒ်ထွက်ပေါ်စေပါတယ်။

✅ ဒါဆို P-Shot က ဘယ်သူတွေနဲ့ သင့်တော်သလဲ?
📌 အိမ်ထောင်ရေးသုခမှာ အားမရဖြစ်နေသူများ
📌 စွမ်းဆောင်ရည်ပိုင်း ယုံကြည်မှု လိုအပ်နေသူများ
📌 ဆီးချို၊ သွေးတိုးကြောင့် အမျိုးသားကျန်းမာရေး ထိခိုက်နေသူများ
📌 ဓာတုဆေးဝါးတွေ မသုံးဘဲ သဘာဝအတိုင်း ကုသလိုသူများ စတဲ့သူတွေအတွက် သင့်တော်ပါတယ်။

💁‍♂️ တကယ်တော့ အမျိုးသားတစ်ယောက်ရဲ့ ယုံကြည်မှုဆိုတာ စိတ်ကျန်းမာရေးတင်မကဘဲ လူမှုဘဝပျော်ရွှင်ဖို့အတွက်ပါ အရေးကြီးပါတယ် ....

👨‍⚕️ ဒီကုသမှုဟာ နာကျင်မှုမရှိသလောက်ဖြစ်ပြီး ကုသပြီးတာနဲ့ နေ့စဉ်လူနေမှုဘဝကို ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းနိုင်ပါတယ်။

💁‍♂️ ပိုမိုအသေးစိတ် သိရှိလိုတာပဲဖြစ်ဖြစ်၊ ဆရာဝန်နဲဲ့ သီးသန့် အသေးစိတ် ဆွေးနွေးချင်တာပဲဖြစ်ဖြစ် ကျွန်တော်တို့ Kyaw Specialist Clinic and Diagnostic Center မှာ လာရောက်ပြသနိုင်ပါတယ်ခင်ဗျာ .....

Kyaw Specialist Clinic and Diagnostic Center

🏥 အမှတ် ၄၃၀၊ သစ္စာလမ်း (ဂိတ်ဟောင်းမှတ်တိုင်)၊ ဥက္ကလာပဘုရားအနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

📞 09 783 411 188, 09 796 441 047 တို့ကို ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ် ...









အမျိုးသားတိုင်း သိထားသင့်တဲ့ လိင်တံထိပ်အရေပြားဖြတ်ခြင်းရဲ့ ကောင်းကျိုး၊ဆိုးကျိုးများ-----------------------------👨‍⚕️ ဒီ...
16/04/2026

အမျိုးသားတိုင်း သိထားသင့်တဲ့ လိင်တံထိပ်အရေပြားဖြတ်ခြင်းရဲ့ ကောင်းကျိုး၊ဆိုးကျိုးများ
-----------------------------

👨‍⚕️ ဒီနေ့တော့ အမျိုးသားတော်တော်များများ ကြိတ်ပြီး စိုးရိမ်လေ့ရှိတာ၊ ဒါမှမဟုတ် သိချင်ပေမယ့် မေးဖို့ဝန်လေးနေတတ်တဲ့အကြောင်းအရာကတော့ Circumcision လို့ခေါ်တဲ့ လိင်တံထိပ်အရေပြားဖြတ်ခြင်းပဲ ဖြစ်ပါတယ်။

👨‍⚕️ ဒီလိုလုပ်တာဟာ အမျိုးသားတွေအတွက် ကျန်းမာရေးရှုထောင့်ကကြည့်ရင် ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိလဲဆိုတာကို ပြောပြချင်ပါတယ် ....

🤔 ဘယ်လိုကောင်းကျိုးတွေရှိလဲ?
✅ သန့်ရှင်းရေးအတွက် အလွန်လွယ်ကူသွားခြင်း
အောက်က Sm**ma လို့ခေါ်တဲ့ အဖြူဖတ်လေးတွေ စုမနေတော့တဲ့အတွက် အနံ့အသက်ဆိုးထွက်တာနဲ့ ဘက်တီးရီးယားပိုးမွှား စုဝေးတာကို သိသိသာသာ လျော့ကျစေပါတယ်။

✅ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်ပေးခြင်း
အမျိုးသားတွေမှာ ဆီးလမ်းကြောင်းပိုးဝင်တာမျိုးက သိပ်မဖြစ်တတ်ပေမယ့် ထိပ်ဖျားအရေပြားရှိနေရင် ပိုးဝင်ဖို့ အခွင့်အလမ်း ပိုများတတ်ပါတယ်။ ဖြတ်ထားခြင်းက ဒီအန္တရာယ်ကို လျှော့ချပေးပါတယ်။

✅ လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါ (STIs) လျော့နည်းခြင်း
HIV အပါအဝင် တခြားသော လိင်မှုဆိုင်ရာရောဂါတွေ ကူးစက်နိုင်ခြေကို အထိုက်အလျောက် လျှော့ချပေးနိုင်ပါတယ်

✅ ကင်ဆာရောဂါ ကာကွယ်ခြင်း
အမျိုးသားလိင်အင်္ဂါကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးသလို၊ အိမ်ထောင်ဖက် အမျိုးသမီးမှာလည်း သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို သွယ်ဝိုက်သောနည်းနဲ့ လျော့ကျစေပါတယ်။

🤔 ဒါ‌ဆို ဘယ်လို ဆိုးကျိုးတွေဖြစ်နိုင်တာလဲ?

📌 ခွဲစိတ်မှုဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ
ခွဲစိတ်ပြီးစမှာ နာကျင်တာ၊ သွေးထွက်တာ ဒါမှမဟုတ် ပိုးဝင်တာမျိုး ဖြစ်နိုင်ပေမယ့် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ စနစ်တကျလုပ်ရင်တော့ ဒါက အင်မတန် ရွားလှပါတယ်။

📌 နာကျင်ခြင်း
ခွဲစိတ်ချိန်မှာ ထုံဆေးသုံးပေမယ့် ဆေးရှိန်ပြယ်ချိန်မှာတော့ အနည်းငယ် နာကျင်မှု ခံစားရနိုင်ပါတယ်။

📌 အနာကျက်ဖို့အချိန်ပေးရခြင်း
အနာအရှင်းပျောက်ဖို့ ၂ ပတ်ကနေ ၄ ပတ်ခန့်အထိ အချိန်ပေးရတတ်ပါတယ်။

👨‍⚕️ တစ်ချို့သူတွေမှာ Phimosis လို့ခေါ်တဲ့ လိင်တံထိပ်အရေပြားငုံနေတာမျိုးကြောင့် ဆီးသွားရခက်တာ၊ နာကျင်တာမျိုး ရှိတတ်ပါတယ်။ ဒါမျိုးဆိုရင်တော့ မဖြစ်မနေ လုပ်သင့်ပါတယ်။ ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ရေရှည်ကျန်းမာရေးအတွက် စဉ်းစားရင်တော့ ဒါဟာ ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။

💁‍♂️ သင်ရော...
🤔 ဒီအကြောင်းနဲ့ပတ်သက်ပြီး စိုးရိမ်နေတာ ဒါမှမဟုတ် သိချင်တာရှိလား?

👨‍⚕️ ကျွန်တော်တို့ Kyaw Specialist Clinic and Diagnostic Center မှာ လာရောက်ပြသနိုင်ပါတယ်ခင်ဗျာ .....

Kyaw Specialist Clinic and Diagnostic Center

🏥 အမှတ် ၄၃၀၊ သစ္စာလမ်း (ဂိတ်ဟောင်းမှတ်တိုင်)၊ ဥက္ကလာပဘုရားအနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

📞 09 783 411 188, 09 796 441 047 တို့ကို ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ် ...







📢 ဝန်ထမ်းအမြန်အလိုရှိသည်​K ကန်တော်လေးအထူးကုဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန် တက်ကြွဖျတ်လတ်သော Office Staff (Male -10 posts) ...
31/03/2026

📢 ဝန်ထမ်းအမြန်အလိုရှိသည်

​K ကန်တော်လေးအထူးကုဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန် တက်ကြွဖျတ်လတ်သော Office Staff (Male -10 posts) အမြန်အလိုရှိသည်။

​✅ တာဝန်နှင့် ဝတ္တရားများ
​ဆေးခန်းရှိ မီးစက်နှင့် အခြားသော ဆေးခန်းသုံး စက်ပစ္စည်းများကို စနစ်တကျ ကိုင်တွယ်အသုံးပြုခြင်းနှင့် ထိန်းသိမ်းခြင်း။

​ဆေးခန်းသို့ လာရောက်ပြသသော လူနာများကို လမ်းညွှန်ပေးခြင်းနှင့် လိုအပ်သည်များကို ကူညီစောင့်ရှောက်ပေးခြင်း။

​ဆေးခန်းရှိ ဝန်ထမ်းများနှင့် ပူးပေါင်း၍ လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ခြင်း။

​✅ သတ်မှတ်အရည်အချင်းများ

​အသက် (၂၀ မှ ၃၅) နှစ်အတွင်းရှိသူ (ကျန်းမာရေးကောင်းမွန်ရမည်)။

​စက်ပစ္စည်းများ ကိုင်တွယ်ရာတွင် စိတ်ပါဝင်စားပြီး သင်ယူလိုစိတ်ရှိသူ ဖြစ်ရမည်။

​လူနာများနှင့် ဆက်ဆံရာတွင် စိတ်ရှည်သည်းခံပြီး ဖော်ရွေစွာ ဆက်ဆံနိုင်သူဖြစ်ရမည်။

​ဆေးခန်းလုပ်ငန်း အတွေ့အကြုံရှိသူများကို ဦးစားပေး စဉ်းစားပေးမည်။

​📩 လျှောက်ထားရန်

စိတ်ပါဝင်စားသူများသည် ကိုယ်ရေးအကျဉ်း (CV Form) နှင့်တကွ အောက်ပါလိပ်စာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။

​📞 ဆက်သွယ်ရန်ဖုန်း 09766003306

🏠 လိပ်စာ: အမှတ် ၈၆၊ဒေါ်သိန်းတင်လမ်းမကြီး၊မင်္ဂလာတောင်ညွန့်မြို့နယ်။

ကျော် အထူးကုဆေးခန်း တွင် တာဝန်ထမ်းဆောင်ရန် စေ့စပ်သေချာပြီး တက်ကြွဖျတ်လတ်သော Pharmacist Aide (ဆေးဝါးကျွမ်းကျင်လက်ထောက်) ရ...
30/03/2026

ကျော် အထူးကုဆေးခန်း တွင် တာဝန်ထမ်းဆောင်ရန် စေ့စပ်သေချာပြီး တက်ကြွဖျတ်လတ်သော Pharmacist Aide (ဆေးဝါးကျွမ်းကျင်လက်ထောက်) ရာထူးအတွက် အောက်ပါအတိုင်း ခေါ်ယူလိုပါသည်။ 💊✨

​✅ လုပ်ငန်းတာဝန်များ (Job Description) -

​ဆေးဝါးထုတ်ပေးခြင်း: ဆရာဝန်ညွှန်ကြားချက် (Prescription) အတိုင်း ဆေးဝါးများကို မှန်ကန်စွာ ရွေးချယ်ထုတ်ပေးခြင်းနှင့် ဆေးအညွှန်း (Label) များ စနစ်တကျ ကပ်ပေးခြင်း။

​စာရင်းဇယားထိန်းသိမ်းခြင်း: ဆေးဝါးများ ပြတ်လပ်မှုမရှိစေရန် လက်ကျန်စာရင်း စစ်ဆေးခြင်းနှင့် ဆေးအသစ်များ ရောက်ရှိပါက စနစ်တကျ နေရာချထားခြင်း။

​သက်တမ်းစစ်ဆေးခြင်း: ဆေးဝါးများ၏ သက်တမ်း (Expiry Date) ကို ပုံမှန်စစ်ဆေးပြီး စနစ်တကျ မှတ်တမ်းတင် ဂရုပြုခြင်း။

​လူနာဝန်ဆောင်မှု: လူနာများအား
ဆေးသောက်ရမည့် အချိန်နှင့် ပမာဏကို နားလည်လွယ်အောင် ရှင်းပြလမ်းညွှန်ပေးခြင်း။

​သန့်ရှင်းသပ်ရပ်မှု: ဆေးသိုလှောင်ခန်းနှင့် ဆေးကောင်တာကို အမြဲတမ်း သန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းခြင်း။

​✅ လိုအပ်သော အရည်အချင်းများ -
​ဆေးဝါးကျွမ်းကျင်လက်ထောက် သင်တန်းဆင်းလက်မှတ် ရှိသူ ။

သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိသူ။

​ဆေးအမည်များကို ဖတ်ရှုနားလည်နိုင်ပြီး အလုပ်တွင် အမှားအယွင်းမရှိအောင် စေ့စပ်သေချာသူ။
​
​လူနာများနှင့် ဆက်ဆံရာတွင် စိတ်ရှည်သည်းခံပြီး ဖော်ရွေပျူငှာစွာ ဝန်ဆောင်မှုပေးနိုင်သူ။

​📩 လျှောက်ထားရန် -
စိတ်ပါဝင်စားသူများသည် ကိုယ်ရေးအကျဉ်း (CV Form) နှင့်တကွ အောက်ပါအတိုင်း ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

​📞 ဖုန်း: 09448422687

🏠 လိပ်စာ: အမှတ် ၃၀၊လမ်းကျယ်လမ်း၊မအူကုန်းရပ်ကွက်၊တာမွေမြို့နယ်။

​ကျွန်ုပ်တို့နှင့်အတူ စနစ်တကျ လက်တွဲလုပ်ကိုင်လိုသူများအား ဖိတ်ခေါ်အပ်ပါသည်။ 😊🌟

ကျော်အထူးကုဆေးခန်း (မင်္ဂလာတောင်ညွန့်) တွင်  စီမံခန့်ခွဲမှုစွမ်းရည်ရှိသော Clinic Supervisor (၁) ဦး အမြန်အလိုရှိသည်။​-Job...
18/03/2026

ကျော်အထူးကုဆေးခန်း (မင်္ဂလာတောင်ညွန့်) တွင် စီမံခန့်ခွဲမှုစွမ်းရည်ရှိသော Clinic Supervisor (၁) ဦး အမြန်အလိုရှိသည်။
​
-Job Description (အလုပ်တာဝန်အကျဉ်း)

​Clinic Supervisor သည် ဆေးခန်း၏ နေ့စဉ်လုပ်ငန်းဆောင်တာများ ချောမွေ့စေရန်၊ ဝန်ထမ်းများကို ကြီးကြပ်ရန်နှင့် လူနာများအား အရည်အသွေးရှိသော ဝန်ဆောင်မှုပေးနိုင်ရန် အဓိကတာဝန်ယူရမည်ဖြစ်သည်။

​-Key Responsibilities (အဓိကတာဝန်ဝတ္တရားများ)

​ဆေးခန်း၏ နေ့စဉ် Operation များအားလုံးကို စနစ်တကျရှိစေရန် စီမံခန့်ခွဲခြင်း။

​ဝန်ထမ်းများ၏ အလုပ်ချိန်ဇယားနှင့် တာဝန်များကို ကြီးကြပ်ကွပ်ကဲခြင်း။

​လူနာများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းနှင့် အဆင်မပြေမှုများရှိပါက ချက်ချင်းဖြေရှင်းပေးခြင်း။

​
​Standard Operating Procedures (SOPs) များအတိုင်း ဝန်ထမ်းများ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း။

​ဆေးခန်း၏ ဘဏ္ဍာရေးနှင့် နေ့စဉ်ဝင်ငွေ/ထွက်ငွေ စာရင်းများကို တိကျစွာ မှတ်တမ်းတင်ခြင်း။

​ဆရာဝန်ကြီးများနှင့် ဝန်ထမ်းများကြား ပေါင်းစပ်ညှိနှိုင်းပေးခြင်း။

​-Job Requirements (လိုအပ်သော အရည်အချင်းများ)

​ဘွဲ့တစ်ခုခု ရရှိထားသူဖြစ်ရမည်။

​ အတွေ့အကြုံ အနည်းဆုံး (၁) နှစ် ရှိရမည်။

​လူမှုဆက်ဆံရေး ပြေပြစ်ပြီး ပြဿနာများကို ဖြေရှင်းနိုင်သူဖြစ်ရမည်။

​Computer (Word, Excel) အခြေခံ အသုံးပြုနိုင်ရမည်။

​အဖွဲ့အစည်းကို ဦးဆောင်နိုင်စွမ်း (Leadership Skill) ရှိရမည်။

​အလုပ်ချိန် တိကျသူနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိသူ ဖြစ်ရမည်။

​လျှောက်ထားရန်
​စိတ်ပါဝင်စားသူများသည် မိမိတို့၏ CV Form နှင့် အထောက်အထားစာရွက်စာတမ်းများကို လူကိုယ်တိုင်ဆေးခန်းသို့လာရောက်၍ဖြစ်စေ ၊Viber ကနေဖြစ်စေပေးပို့လျှောက်ထားနိုင်ပါသည်။

Viber - 09448422687

Address - အမှတ်(၁၁)၊၁၂၁လမ်း၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်မြို့။

🧨 ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးလေး ဖြစ်ပါစေခင်ဗျာ! 🧨​ဒီကနေ့မှာ ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးနေ့လေးမှာ ကျွန်တော်တို့ Kyaw Sp...
17/02/2026

🧨 ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးလေး ဖြစ်ပါစေခင်ဗျာ! 🧨

​ဒီကနေ့မှာ ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးနေ့လေးမှာ ကျွန်တော်တို့ Kyaw Specialist Clinic and Diagnostic Center ရဲ့ လူနာများနဲ့ မိဘပြည်သူများအားလုံး ဘေးဘယဝေးကွာပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ ဆုတောင်းပေးပါတယ်။

​နှစ်သစ်မှာ စီးပွားတိုးတက်ရုံသာမက အဖိုးတန်လှတဲ့ "ကျန်းမာခြင်း" လာဘ်ကြီးကိုလည်း ထာဝရပိုင်ဆိုင်နိုင်ကြပါစေ။ 🍊🍊

​

ဆေးရုံ၊ဆေးခန်းသွားဖို့ လူနာကို ပြင်ဆင်ရတာနဲ့တင် လူနာက ပိုပင်ပန်းနေပြီလား?" 🏥 ➡️ 🏠ကျွန်တော်တို့ အမြဲတွေးလေ့ရှိတာက နေမကောင...
22/01/2026

ဆေးရုံ၊ဆေးခန်းသွားဖို့ လူနာကို ပြင်ဆင်ရတာနဲ့တင် လူနာက ပိုပင်ပန်းနေပြီလား?" 🏥 ➡️ 🏠

ကျွန်တော်တို့ အမြဲတွေးလေ့ရှိတာက နေမကောင်းရင် ဆေးရုံ၊ ဆေးခန်းကိုပဲ သွားရမယ်ဆိုတာပါ ....

ဒါပေမယ့်....

အခုခေတ်မှာတော့ ဆေးရုံ၊ ဆေးခန်းကို ကိုယ့်အိမ်ဆီ ခေါ်လိုက်တာက ပိုပြီး ထိရောက်တဲ့ ကုသမှုဖြစ်လာပါပြီ....

ကျွန်တော်တို့ Kyaw Specialist Clinic and Diagnostic Center ရဲ့ Mobile Team ဆိုတာ သာမန်ဆရာဝန် လာကြည့်တာထက် ပိုပါတယ်။

အိမ်ထဲကို Mini-Hospital တစ်ခုလုံး ရွှေ့လာပေးတာပါ ....

✨ ဒါဆို ဘာတွေက ထူးခြားသွားမလဲ?

📌 ဆေးရုံနံ့၊ ဆေးခန်းနံ့တွေကြားမှာ မဟုတ်ဘဲ မိသားစုတွေဝန်းရံထားတဲ့ အိမ်ထဲမှာတင် ကုသမှုခံယူရလို့ လူနာရဲ့ စိတ်ဓာတ်က ပိုတက်ကြွလာစေပါတယ်။

📌 ဒါ့အပြင်အိမ်မှာဆိုတော့ သွေးစစ်လို့ရပါ့မလား၊ ဓာတ်မှန်ရိုက်လို့ ရပါ့မလားဆိုပြီး စိုးရိမ်နေပါလိမ့်မယ်။ ဒီ့အတွက်တော့ မပူပါနဲ့။

📌 X-ray (ဓာတ်မှန်)၊ Ultrasound၊ နှလုံး ECG နဲ့ သွေး၊ ဆီး စစ်ဆေးခြင်း (Laboratory tests) အကုန်လုံးကို အိမ်အရောက် စက်ပစ္စည်းကိရိယာအစုံအလင်နဲ့ လာပေးမှာပါ။

📌 ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အထွေထွေရောဂါကု ဆရာဝန်တင်မကဘဲ အထွေထွေရောဂါအထူးကု သမားတော်ကြီးကိုယ်တိုင် အိမ်အရောက် လာရောက်ဆွေးနွေးပေးတာမို့ ဆေးရုံကြီးတွေမှာ တန်းစီစောင့်ရတဲ့ ဒုက္ခကနေ ကင်းဝေးသွားမှာပါ။

📌 ဒါတွေတင်မကပဲ နှာခေါင်းပိုက်ထည့်တာ၊ ဆီးပိုက်လဲတာကအစ၊ အနာဆေးထည့်တာနဲ့ ကလေး၊ လူကြီးကာကွယ်ဆေးအမျိုးမျိုးထိုးနှံတာထိအဆုံး အိမ်မှာတင် အကုန်ပြီးစီးစေမယ့် One Stop Service ကို ရရှိနိုင်မှာပါ။

ဒါကြောင့်မို့ အလုပ်တွေကများ၊ လူနာကလည်း နေမကောင်း၊ ဆေးခန်းသွားဖို့က လမ်းမှာတင် အချိန်ကုန်မှာကို တွေးပူနေရပါလား?

ကျွန်တော်တို့ KYAW- Specialist Clinic and Diagnostic Center ရဲ့ Mobile Team က လူကြီးမင်းတို့ အိမ်တံခါးဝအထိ ရောက်လာဖို့ အသင့်ပါပဲ ..... 🚐💨

ကျန်းမာရေးအခြေအနေအမျိုးမျိုးအတွက် အိမ်အရောက်ဝန်ဆောင်မှု ရယူလိုပါက ...

Kyaw Specialist Clinic and Diagnostic Center

🏥 အမှတ် ၁၁၊ ၁၂၁ လမ်း၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်မြို့။

🏥 အမှတ် ၃၀၊ မအူကုန်းလမ်းကျယ်၊ယုဇနပလာဇာအနီး၊တာမွေမြို့နယ်၊ရန်ကုန်မြို့။

🏥 အမှတ် ၄၃၀၊ သစ္စာလမ်း (ဂိတ်ဟောင်းမှတ်တိုင်)၊ ဥက္ကလာပဘုရားအနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

📞 09 783 411 188, 09 796 441 047 တို့ကို ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ် ...





22/01/2026


ဆေးရုံဆေးခန်းနဲ့ အလှမ်းဝေးလို့ 😔 .....ဒါမှမဟုတ် ဆေးရုံ၊ဆေးခန်းသွားပြဖို့ အခက်အခဲတွေ ကြုံနေရပြီလား 😓နေမကောင်းတဲ့ လူကြီးမိ...
19/01/2026

ဆေးရုံဆေးခန်းနဲ့ အလှမ်းဝေးလို့ 😔 .....

ဒါမှမဟုတ် ဆေးရုံ၊ဆေးခန်းသွားပြဖို့ အခက်အခဲတွေ ကြုံနေရပြီလား 😓

နေမကောင်းတဲ့ လူကြီးမိဘတွေကို ကားပေါ်တင် ...
လမ်းပိတ်တာတွေကြား ကားဖြတ်မောင်းပြီး ဆေးရုံ၊ဆေးခန်းမှာ တန်းစီစောင့်ရတာတွေကြောင့် စိတ်ညစ်နေရပြီလား 😔

‌ဒါဆိုရင်တော့ လူနာလည်း မပင်ပန်း၊ လူနာရှင်လည်း စိတ်မပူရတော့အောင် ကျွန်တော်တို့ KYAW- Specialist Clinic and Diagnostic Center ရဲ့ Mobile Team က ဆရာဝန်၊ ဆရာမများကိုယ်တိုင် အဆင့်မြင့်စက်ကိရိယာတွေနဲ့အတူ အိမ်တံခါးဝအထိ လိုက်လံပြုစုပေးဖို့ အသင့်ရှိနေပါပြီ ....

ဆေးရုံ၊ ဆေးခန်းသွားဖို့ ခက်ခဲနေတဲ့ ဘိုးဘိုးဘွားဘွားတွေနဲ့ ကလေးတွေအတွက် အိမ်မှာတင် သက်တောင့်သက်သာ စစ်ဆေးကုသနိုင်ပါပြီ ...

ကျွန်ုပ်တို့ရဲ့ Mobile Team ကနေ ရရှိနိုင်မယ့် ဝန်ဆောင်မှုများကတော့ ...

🩺 Medical Care (ဆေးကုသမှု) အနေနဲ့...
📌 အထွေထွေရောဂါကုဆရာဝန်ကို အိမ်ပင့်ပြီး ဆေးကုသမှု ခံယူနိုင်ခြင်း။
📌 အထွေထွေရောဂါအထူးကုသမားတော်နဲ့ အိမ်မှာတင် အေးအေးဆေးဆေး တိုင်ပင်ဆွေးနွေး ကုသနိုင်ခြင်း။

💉 Nursing Care (လူနာပြုစုစောင့်ရှောက်မှု) အနေနဲ့ ....
💉 ကလေး/လူကြီး ကာကွယ်ဆေးအမျိုးမျိုးကို အိမ်တိုင်ရာရောက် စနစ်တကျ ထိုးနှံပေးခြင်း။
📌 အနာဆေးထည့်ခြင်း၊ နှာခေါင်းပိုက်ထည့်ခြင်း၊ ဆီးပိုက်လဲခြင်း။

🩻 Diagnostic Service (ရောဂါရှာဖွေရေးစစ်ဆေးခြင်း) အနေနဲ့ အိမ်အရောက် ဝန်ဆောင်မှုပေးမယ့်
📌 ဓာတ်မှန်ရိုက်ခြင်း (Digital X ray)
📌 Ultrasound ရိုက်ခြင်း
📌 နှလုံး ECG ဆွဲခြင်း
📌 သွေးစစ်ဆေးခြင်း၊ ဆီးစစ်ဆေးခြင်း (laboratory tests)
အစရှိတဲ့ ဝန်ဆောင်မှုများစွာကို ဆေးရုံ၊ဆေးခန်း သွားစရာမလိုပဲ အိမ်မှာတင် စစ်ဆေးကုသမှုရရှိမှာဖြစ်ပါတယ် ...

ဒါကြောင့် ဆေးရုံ၊ဆေးခန်းသွားဖို့ အခက်အခဲကို ကျွန်တော်တို့ Mobile Team နဲ့ ဖြေရှင်းလိုက်ပါ ...

လူနာကို အိမ်မှာပဲ ထားပါ၊ ဆေးခန်းကို အိမ်အရောက် သယ်ဆောင်လာပေးဖို့ ကျွန်တော်တို့ Mobile Team က အသင့်ရှိနေပါပြီ .... 🤝

ကျန်းမာရေးစစ်ဆေးမှုတွေအတွက် အိမ်အရောက်ဝန်ဆောင်မှု ရယူလိုပါက -

Kyaw Specialist Clinic and Diagnostic Center

🏥 အမှတ် ၁၁၊ ၁၂၁လမ်း၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်မြို့။

🏥 အမှတ် ၃၀၊ မအူကုန်းလမ်းကျယ်၊ယုဇနပလာဇာအနီး၊တာမွေမြို့နယ်၊ရန်ကုန်မြို့။

🏥 အမှတ် ၄၃၀၊ သစ္စာလမ်း (ဂိတ်ဟောင်းမှတ်တိုင်)၊ ဥက္ကလာပဘုရားအနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

📞 09 783 411 188, 09 796 441 047 တို့ကို ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ် ...





ကျော် အထူးကုဆေးခန်း (၁ ၊ ၂ ) တွင်တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများအလိုရှိသည်။🔔 Nurse Aide (ကျား/မ) ၅ ဦး🔔 Pharmacist A...
02/12/2025

ကျော် အထူးကုဆေးခန်း (၁ ၊ ၂ ) တွင်တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများအလိုရှိသည်။

🔔 Nurse Aide (ကျား/မ) ၅ ဦး

🔔 Pharmacist Aide (ကျား/မ) ၅ ဦး

- အသက် ၁၈ မှ ၃၅ နှစ်အတွင်း
- Nurse Aid/Pharmacist Aide သင်တန်းကျောင်းတစ်ခုခုမှ certificate ရရှိပြီးသူ
- စည်းကမ်းလိုက်နာ၍ အကျင့်စာရိတ္တကောင်းမွန်သူ
- စနစ်တကျလုပ်ကိုင်တတ်ပြီးလူနာများအပေါ်ဆက်ဆံရေးကောင်းမွန်သူ၊ စကားပြောပြေပြစ်သူ
- သန့်ရှင်းသပ်ရပ်စွာဝတ်စားဆင်ယင်တတ်သူ
- အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။

ရန်ကုန်မြို့တွင်းအခြားမြို့နယ်တွင် နေထိုင်သူများနှင့် နယ်မှလာသူများအတွက် အဆောင်စီစဉ်ပေးမည်။
လစာ experience အလိုက် ညှိနှိုင်းပေးမည်။ အစမ်းခန့်ကာလ (၃) လ။
အထက်ပါအချက်အလက်များနှင့် ကိုက်ညီသူများ၊ စိတ်ပါဝင်စားသူများ ကျော်အထူးကုဆေးခန်း (၁ ၊ ၂ ) သို့ လူကိုယ်တိုင်ဖြစ်စေ၊ 09448422687 သို့ viber မှဖြစ်စေ CV ပေးပို့လျှောက်ထားနိုင်ပါသည်။

01/12/2025

K-ကန်တော်လေးအထူးကုဆေးခန်းနှင့် ကျော်(ကန်တော်လေး)အထွေထွေရောဂါကုဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများအလိုရှိသည်။

🔔 Nurse Aide (ကျား/မ) ၁၀ ဦး

🔔 Pharmacist Aide (ကျား/မ) ၁၀ ဦး

- အသက် ၁၈ မှ ၃၅ နှစ်အတွင်း
- Nurse Aid/Pharmacist Aide သင်တန်းကျောင်းတစ်ခုခုမှ certificate ရရှိပြီးသူ
- စည်းကမ်းလိုက်နာ၍ အကျင့်စာရိတ္တကောင်းမွန်သူ
- စနစ်တကျလုပ်ကိုင်တတ်ပြီးလူနာများအပေါ်ဆက်ဆံရေးကောင်းမွန်သူ၊ စကားပြောပြေပြစ်သူ
- သန့်ရှင်းသပ်ရပ်စွာဝတ်စားဆင်ယင်တတ်သူ
- အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။

🔔 Receptionist (ကျား/မ) ၁၀ ဦး

- အသက် ၁၈ မှ ၃၅ နှစ် အတွင်း
- ကွန်ပျူတာအခြေခံအသုံးပြုတတ်သူ
- စည်းကမ်းလိုက်နာ၍ အကျင့်စာရိတ္တကောင်းမွန်သူ
- စနစ်တကျလုပ်ကိုင်တတ်ပြီးလူနာများအပေါ်ဆက်ဆံရေးကောင်းမွန်သူ၊ စကားပြောပြေပြစ်သူ
- သန့်ရှင်းသပ်ရပ်စွာဝတ်စားဆင်ယင်တတ်သူ
- အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။

🔔 Cashier (ကျား/မ) ၁၀ ဦး

- အသက် ၁၈ မှ ၃၅ နှစ်အတွင်း
- စနစ်တကျလုပ်ကိုင်တတ်ပြီးလူနာများအပေါ်ဆက်ဆံရေးကောင်းမွန်သူ၊ စကားပြောပြေပြစ်သူ
- စည်းကမ်းလိုက်နာ၍ အကျင့်စာရိတ္တကောင်းမွန်သူ
- သန့်ရှင်းသပ်ရပ်စွာဝတ်စားဆင်ယင်တတ်သူ
- အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
- ကွန်ပျူတာအခြေခံအသုံးပြုတတ်သူ ဦးစားပေးမည်။

🔔 လုံခြုံရေးဝန်ထမ်း (ကျား) ၁၀ ဦး

🔔 သန့်ရှင်းရေးဝန်ထမ်း (မ) ၅ ဦး

- အသက် ၁၈ မှ ၅၀ အတွင်း
- သန့်ရှင်းသပ်ရပ်စွာဝတ်စားဆင်ယင်တတ်သူ
- စည်းကမ်းလိုက်နာ၍ အကျင့်စာရိတ္တကောင်းမွန်သူ
- ကိုယ်ခန္ဓာကြံ့ခိုင်၍ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းနေထိုင်သူ ဦးစားပေးမည်။
ရန်ကုန်မြို့တွင်းအခြားမြို့နယ်တွင် နေထိုင်သူများနှင့် နယ်မှလာသူများအတွက် အဆောင်စီစဉ်ပေးမည်။
လစာ experience အလိုက် ညှိနှိုင်းပေးမည်။ အစမ်းခန့်ကာလ (၃) လ။
အထက်ပါအချက်အလက်များနှင့် ကိုက်ညီသူများ၊ စိတ်ပါဝင်စားသူများ K-ကန်တော်လေးအထူးကုဆေးခန်းသို့ လူကိုယ်တိုင်ဖြစ်စေ၊ 09766003306 သို့ viber မှဖြစ်စေ CV ပေးပို့လျှောက်ထားနိုင်ပါသည်။

Address

No. 11, 121 Street, Mingala Taungnyunt
Yangon
11222

Telephone

9595127449

Website

Alerts

Be the first to know and let us send you an email when KYAW - Specialist Clinic & Diagnostic Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KYAW - Specialist Clinic & Diagnostic Center:

Share