Happy Healthy Myanmar ပျော်ရွှင်ကျန်းမာ တို့မြန်မာ

  • Home
  • Myanmar
  • Yangon
  • Happy Healthy Myanmar ပျော်ရွှင်ကျန်းမာ တို့မြန်မာ

Happy Healthy Myanmar  ပျော်ရွှင်ကျန်းမာ တို့မြန်မာ Happy Healthy Myanmar is a digital place by PSI/Myanmar to improve the health of Myanmar people.

"အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါက မွေးရာပါလား?" 🤔🩺ဒီမေးခွန်းကို လူတော်တော်များများ မေးလေ့ရှိကြပါတယ်။ အဖြေလေးကို ပုံလ...
09/06/2026

"အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါက မွေးရာပါလား?" 🤔🩺
ဒီမေးခွန်းကို လူတော်တော်များများ မေးလေ့ရှိကြပါတယ်။ အဖြေလေးကို ပုံလေးတွေ တစ်ပုံချင်းထောက်ကြည့်ပြီး သဲသဲတို့အတူတူဖတ်လိုက်ရအောင်...
👉အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာတွေရှိမရှိဆိုတာ အခမဲ့စစ်ဆေးလို့ရတဲ့ ChatBot ရှိနေပြီနော်... Link>>> https://m.me/PSIhappyhealthymyanmar
#အမျိုးအစား_၁_ဆီးချိုသွေးချိုရောဂါ

05/06/2026

မင်္ဂလာပါရှင်... သဲသဲက နှုတ်ဆက်လိုက်ပါတယ်နော်...
ခပ်ချောချော ကိုကြီးမင်းခန့်ဇင်က အမျိုးအစား (၁) ဆီးချိုသွေးချိုရှိတဲ့သူတစ်ယောက်ရဲ့ တစ်နေ့တာ ဘယ်လိုဖြတ်သန်းလဲဆိုတာကို ဒီဗီဒီယိုလေးထဲမှာ ပြောပြပေးထားတာမို့ ကိုကြီးရဲ့ အလေ့အကျင့်ကောင်းတွေကို သဲသဲတို့အားလုံး တူတူကြည့်လိုက်ရအောင်နော်...
အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာတွေရှိမရှိကို ဒီလင့်ခ်လေး (https://m.me/PSIhappyhealthymyanmar) မှာ အခမဲ့စစ်ဆေးနိုင်ပြီဆိုတဲ့ သတင်းကောင်းလေးလည်း မျှဝေပေးချင်ပါတယ်...
#အမျိုးအစား_၁_ဆီးချိုသွေးချိုရောဂါ

02/06/2026

မင်္ဂလာပါရှင်...
အမျိုးအစား (၁) ဆီးချိုသွေးချိုရှိတဲ့သူတစ်ယောက်အတွက် အရေးကြီးတဲ့ အစားအစာရွေးချယ်တာနဲ့ ပတ်သက်ပြီး သဲသဲတို့နဲ့ ဘဝတူဖြစ်တဲ့ ကိုကြီးမင်းခန့်ဇင်က သေချာပြောပြပေးထားတာမို့ သဲသဲတို့အားလုံး တူတူကြည့်လိုက်ရအောင်နော်...
အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာတွေရှိမရှိကို ဒီလင့်ခ်လေး (https://m.me/PSIhappyhealthymyanmar) မှာ အခမဲ့စစ်ဆေးနိုင်ပြီဆိုတဲ့ သတင်းကောင်းလေးလည်း မျှဝေပေးချင်ပါတယ်... #အမျိုးအစား_၁_ဆီးချိုသွေးချိုရောဂါ

သွေးတွင်း သကြားဓာတ်ကျရင် ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ ပတ်သက်တဲ့ ဉာဏ်စမ်းပဟေဠိ ဝင်ရောက်ဖြေဆိုသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို သ...
26/05/2026

သွေးတွင်း သကြားဓာတ်ကျရင် ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ ပတ်သက်တဲ့ ဉာဏ်စမ်းပဟေဠိ ဝင်ရောက်ဖြေဆိုသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို သဲသဲတို့က ကျေးဇူးအထူးတင်ပါတယ်။
အဖြေမှန်တွေကတော့-
အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါရှိတဲ့သူတွေအနေနဲ့-
၁။ သွေးတွင်း သကြားဓာတ်ကျတဲ့ လက္ခဏာတွေ ခံစားရပြီဆိုရင်-
(က) လှုပ်လှုပ်ရှားရှားများများလုပ်ပေးပါ
(ခ) သွေးတွင်း သကြားဓာတ်တိုင်းပါ
အဖြေမှန်။ ။ (ခ) သွေးတွင်း သကြားဓာတ်တိုင်းပါ
သွေးတွင်း သကြားဓာတ်ကျတဲ့ လက္ခဏာတွေ ခံစားရပြီဆိုရင် အရမ်းပြေးလွှားဆော့ကစားတာ/ လှုပ်လှုပ်ရှားရှားလုပ်တာရှောင်ပြီး သွေးတွင်း သကြားဓာတ်ကို တိုင်းတာသင့်ပါတယ်။

၂။ သွေးတွင်း သကြားဓာတ်ကျနေရင် အချိုရည် တစ်ဖန်ခွက်ခန့် သောက်သင့်ပါတယ်။
(က) မှန်
(ခ) မှား
အဖြေမှန်။ ။ (က) မှန်
သွေးတွင်း သကြားဓာတ်ကျနေရင် အချိုရည် တစ်ဖန်ခွက်ခန့် သောက်လိုက်ပါ။ သက်သာလာတယ်ဆိုရင် အစားတစ်ခုခုစားပါ...တကယ်လို့ မသက်သာသေးရင် အချိုရည် ထပ်သောက်သင့်ပါတယ်။

၃။ သွေးတွင်း သကြားဓာတ် အလွန်အမင်းနည်းပြီး သတိလစ်နေရင် ချိုတဲ့အစားအစာ ကျွေးပေးသင့်ပါတယ်။
(က) မှား
(ခ) မှန်
အဖြေမှန်။ ။ (က) မှား
သွေးတွင်း သကြားဓာတ် အလွန်အမင်းနည်းပြီး သတိလစ်နေရင် အစားတွေ ထိုးကျွေးတာမျိုးမလုပ်ဘဲ နီးစပ်ရာ ဆေးရုံကို ချက်ချင်းခေါ်သွားပြီး ဆရာဝန်ညွှန်ကြားသလို ကုသပေးဖို့ လိုပါတယ်။

အဖြေမှန်တဲ့သူတွေထဲက ကျပန်းရွေးချယ်ထားတဲ့ ဖုန်းဘေလ် (၂၀၀၀) ကံထူးရှင်တွေကတော့- May Thu NaingNge LwinKyi Phyu Shin ThantDaw June Aye Ayeအိမ့် ချစ်Soe Min NaungRaziga SNKokokalay KokokalayBa SiBo Ka Lay

🥰ကံထူးရှင်တွေအနေနဲ့ (၃၁.၅.၂၀၂၆) နောက်ဆုံးထားပြီး Chat box မှာဆက်သွယ်ပေးပါဦး...
အဲ့ဒီထက်နောက်ကျမယ်ဆိုရင်တော့ သဲသဲတို့က ဖုန်းဘေလ်ဖြည့်ပေးမှာမဟုတ်ပါဘူးနော်...

#အမျိုးအစား_၁_ဆီးချိုသွေးချိုရောဂါ

19/05/2026

ဘိုဘိုတို့လို အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါ ရှိတဲ့သူတွေက ကိုယ်ခန္ဓာမှာ သကြားဓာတ်ဘယ်လောက်ရှိနေလဲဆိုတာ အမြဲသိနေဖို့ လိုတာကြောင့် ဒီဗီဒီယိုလေးထဲမှာ သွေးချိုတိုင်းစက် စနစ်တကျသုံးနည်းလေး ပြောပြပေးထားလို့ အားလုံး အတူလေ့လာလိုက်ရအောင်...

ဒါနဲ့ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာတွေရှိမရှိဆိုတာ အခမဲ့စစ်ဆေးလို့ရတဲ့ ChatBot ရှိနေပြီနော်... Link>>> https://m.me/PSIhappyhealthymyanmar

#အမျိုးအစား_၁_ဆီးချိုသွေးချိုရောဂါ

မင်္ဂလာပါ... “သဲသဲတို့ရဲ့ ဉာဏ်စမ်းကမ္ဘာလေးကနေ ကြိုဆိုလိုက်ပါတယ်...” အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါရှိတဲ့သူတွေအတွက် ...
12/05/2026

မင်္ဂလာပါ...
“သဲသဲတို့ရဲ့ ဉာဏ်စမ်းကမ္ဘာလေးကနေ ကြိုဆိုလိုက်ပါတယ်...”

အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါရှိတဲ့သူတွေအတွက် အရေးကြီးတဲ့အချက်တွေထဲက တစ်ချက်ဖြစ်တဲ့ သကြားဓာတ်ကျရင် ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ ပတ်သက်တဲ့ ဉာဏ်စမ်းပဟေဠိလေးတွေဖြေဆိုပြီး ဖုန်းဘေလ် ကံထူးနိုင်မယ့် အစီအစဉ်လေးဖြစ်ပါတယ်...

ပဟေဠိလေးတွေဖြေရင်း အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာတွေရှိမရှိကို ဒီလင့်ခ်လေး (https://m.me/PSIhappyhealthymyanmar) မှာ အခမဲ့စစ်ဆေးပြီး chatbot အသုံးပြုထားတဲ့ SS လေးနဲ့အတူ အဖြေမှန်တွေကို ကွန်းမန့်မှာ မန့်ပေးပါဦးနော်...

အဖြေမှန်တဲ့သူတွေထဲက ကံထူးရှင် (၁၀) ယောက်ကို ကျပန်းရွေးချယ်ပြီး ဖုန်းဘေလ် (၂၀၀၀) ကျပ်တိတိ လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်…

ဒီဉာဏ်စမ်းလေးကို မေလ (၂၅) ရက်နေ့ နောက်ဆုံးထား ဖြေပေးပါဦးနော်😍…
အဖြေမှန်နဲ့အတူ ကံထူးရှင်တွေကို (၂၆.၅.၂၀၂၆) ရက်နေ့မှာ ကြေငြာပေးသွားမှာမို့ ရင်ခုန်စွာနဲ့ စောင့်မျှော်ပေးပါဦး…

မေးခွန်းလေးတွေကတော့-

အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါရှိတဲ့သူတွေအနေနဲ့-
၁။ သွေးတွင်း သကြားဓာတ်ကျတဲ့ လက္ခဏာတွေ ခံစားရပြီဆိုရင်-
(က) လှုပ်လှုပ်ရှားရှားများများလုပ်ပေးပါ
(ခ) သွေးတွင်း သကြားဓာတ်တိုင်းပါ

၂။ သွေးတွင်း သကြားဓာတ်ကျနေရင် အချိုရည် တစ်ဖန်ခွက်ခန့် သောက်သင့်ပါတယ်။
(က) မှန်
(ခ) မှား

၃။ သွေးတွင်း သကြားဓာတ် အလွန်အမင်းနည်းပြီး သတိလစ်နေရင် ချိုတဲ့ အစားအစာ ကျွေးပေးသင့်ပါတယ်။
(က) မှား
(ခ) မှန်

#အမျိုးအစား_၁_ဆီးချိုသွေးချိုရောဂါ

အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါရှိတဲ့ သဲသဲတို့အတွက် အင်ဆူလင်ထိုးဆေးကို ကိုယ်ခန္ဓာရဲ့ ဘယ်နေရာတွေမှာ ထိုးသင့်တယ်၊ ဘယ်လ...
05/05/2026

အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါရှိတဲ့ သဲသဲတို့အတွက် အင်ဆူလင်ထိုးဆေးကို ကိုယ်ခန္ဓာရဲ့ ဘယ်နေရာတွေမှာ ထိုးသင့်တယ်၊ ဘယ်လိုနေရာမျိုးတွေဆို ရှောင်ဖို့ လိုအပ်တယ်ဆိုတာ သေချာသိထားဖို့ အရေးကြီးတာမို့ သူငယ်ချင်းတွေလည်း သိသွားအောင် share ဖို့ မမေ့နဲ့နော်...
ဒါနဲ့ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာတွေရှိမရှိဆိုတာ အခမဲ့စစ်ဆေးလို့ရတဲ့ ChatBot ရှိနေပြီနော်... Link>>> https://m.me/PSIhappyhealthymyanmar
#အမျိုးအစား_၁_ဆီးချိုသွေးချိုရောဂါ

သွေးတွင်း သကြားဓာတ် တိုင်းတာနဲ့ ပတ်သက်တဲ့ ဉာဏ်စမ်းပဟေဠိ ဝင်ရောက်ဖြေဆိုသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို သဲသဲတို့က ကျေးဇူး...
28/04/2026

သွေးတွင်း သကြားဓာတ် တိုင်းတာနဲ့ ပတ်သက်တဲ့ ဉာဏ်စမ်းပဟေဠိ ဝင်ရောက်ဖြေဆိုသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို သဲသဲတို့က ကျေးဇူးအထူးတင်ပါတယ်။
အဖြေမှန်တွေကတော့-
အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါရှိတဲ့သူတွေအနေနဲ့-
၁။ မိမိရဲ့ သွေးတွင်း သကြားဓာတ် ဘယ်လောက်ရှိသလဲဆိုတာ တိုင်းတာနေစရာ မလိုဘဲ ညွှန်ကြားထားတဲ့ အင်ဆူလင် ပမာဏကို တသမတ်တည်း ထိုးနေသင့်ပါတယ်။
(က) မှား
(ခ) မှန်
အဖြေမှန်။ ။ (က) မှား
မိမိရဲ့ သွေးတွင်း သကြားဓာတ် ဘယ်လောက်များနေ/ နည်းနေလဲဆိုတာ အမြဲသိသင့်ပါတယ်။

၂။ သွေးတွင်း သကြားဓာတ်ကို အစာစားပြီးချိန်တွင် လုံးဝမတိုင်းတာသင့်ပါ။
(က) မှန်
(ခ) မှား
အဖြေမှန်။ ။ (ခ) မှား
သွေးတွင်း သကြားဓာတ်ကို အိပ်ယာထပြီးပြီးချင်း၊ မနက်စာစားပြီး (၂) နာရီ၊ ညစာမစားခင်နဲ့ မအိပ်ခင်အချိန်တွေမှာ တစ်နေ့ (၄) ကြိမ် စစ်ဖို့ ညွှန်ကြားတတ်ပါတယ်။

၃။ ဆရာဝန်နှင့် ရက်ချိန်းပြန်ပြတဲ့အခါ သွေးချိုတိုင်းစက်နဲ့ မှတ်တမ်းများ ____________ ။
(က) အမြဲယူသွားသင့်ပါတယ်
(ခ) ယူသွားစရာမလိုပါ
အဖြေမှန်။ ။ (က) အမြဲယူသွားသင့်ပါတယ်

အဖြေမှန်တဲ့သူတွေထဲက ကျပန်းရွေးချယ်ထားတဲ့ ဖုန်းဘေလ် (၂၀၀၀) ကံထူးရှင်တွေကတော့-

1. Aye Thandar Phyo
2. Waiwai Aung Zin
3. Yu Mary Maung
4. Soe Thiha Htet
5. April Fall Lay
6. Ella Grace Ivy
7. HtweHtwe Nu
8. Snow Lay Aye Aung
9. Shwe June Aye
10. Amy Khine Khine
တို့ဖြစ်ပါတယ်...

ကံထူးရှင်တွေအနေနဲ့ (၃.၅.၂၀၂၆) နောက်ဆုံးထားပြီး Chat box မှာဆက်သွယ်ပေးပါဦး...
အဲ့ဒီထက်နောက်ကျမယ်ဆိုရင်တော့ သဲသဲတို့က ဖုန်းဘေလ်ဖြည့်ပေးမှာမဟုတ်ပါဘူးနော်...

#အမျိုးအစား_၁_ဆီးချိုသွေးချိုရောဂါ

မင်္ဂလာပါ... “သဲသဲတို့ရဲ့ ဉာဏ်စမ်းကမ္ဘာလေးကနေ ကြိုဆိုလိုက်ပါတယ်...” သွေးတွင်း သကြားဓာတ် တိုင်းတာနဲ့ ပတ်သက်တဲ့ ဉာဏ်စမ်းပဟ...
21/04/2026

မင်္ဂလာပါ...
“သဲသဲတို့ရဲ့ ဉာဏ်စမ်းကမ္ဘာလေးကနေ ကြိုဆိုလိုက်ပါတယ်...”

သွေးတွင်း သကြားဓာတ် တိုင်းတာနဲ့ ပတ်သက်တဲ့ ဉာဏ်စမ်းပဟေဠိလေးတွေဖြေဆိုပြီး ဖုန်းဘေလ် ကံထူးနိုင်မယ့် အစီအစဉ်လေးဖြစ်ပါတယ်...

ပဟေဠိလေးတွေဖြေရင်း အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာတွေရှိမရှိကို ဒီလင့်ခ်လေး (https://m.me/PSIhappyhealthymyanmar) မှာ အခမဲ့စစ်ဆေးပြီး chatbot အသုံးပြုထားတဲ့ SS လေးနဲ့အတူ အဖြေမှန်တွေကို ကွန်းမန့်မှာ မန့်ပေးပါဦးနော်...
အဖြေမှန်တဲ့သူတွေထဲက ကံထူးရှင် (၁၀) ယောက်ကို ကျပန်းရွေးချယ်ပြီး ဖုန်းဘေလ် (၂၀၀၀) ကျပ်တိတိ လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်…
ဒီဉာဏ်စမ်းလေးကို ဧပြီလ (၂၇) ရက်နေ့ နောက်ဆုံးထား ဖြေပေးပါဦးနော်😍…
အဖြေမှန်နဲ့အတူ ကံထူးရှင်တွေကို (၂၈.၄.၂၀၂၆) ရက်နေ့မှာ ကြေငြာပေးသွားမှာမို့ ရင်ခုန်စွာနဲ့ စောင့်မျှော်ပေးပါဦး…

မေးခွန်းလေးတွေကတော့-
အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါရှိတဲ့သူတွေအနေနဲ့-
၁။ မိမိရဲ့ သွေးတွင်း သကြားဓာတ် ဘယ်လောက်ရှိသလဲဆိုတာ တိုင်းတာနေစရာ မလိုဘဲ ညွှန်ကြားထားတဲ့ အင်ဆူလင် ပမာဏကို တသမတ်တည်း ထိုးနေသင့်ပါတယ်။
(က) မှား
(ခ) မှန်

၂။ သွေးတွင်း သကြားဓာတ်ကို အစာစားပြီးချိန်တွင် လုံးဝမတိုင်းတာသင့်ပါ။
(က) မှန်
(ခ) မှား

၃။ ဆရာဝန်နှင့် ရက်ချိန်းပြန်ပြတဲ့အခါ သွေးချိုတိုင်းစက်နဲ့ မှတ်တမ်းများ ____________ ။
(က) အမြဲယူသွားသင့်ပါတယ်
(ခ) ယူသွားစရာမလိုပါ

#အမျိုးအစား_၁_ဆီးချိုသွေးချိုရောဂါ

14/04/2026

သဲသဲတို့လို အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါရှိတဲ့သူတွေအနေနဲ့ သတိထားရမဲ့အချက်တွေ အများကြီးရှိပါတယ်။ အဲ့ဒီထဲကမှ တစ်ချက်ဖြစ်တဲ့ သကြားဓာတ်ကျရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်ကို ဒီဗီဒီယိုလေးမှာ ဘိုဘိုရဲ့ အတွေ့အကြုံလေးနဲ့ ပြောပြပေးထားတာမို့ သူငယ်ချင်းတွေ သိရအောင် ဒီပို့စ်လေးကို share ပေးလိုက်ပါဦးနော်...
ဒါနဲ့ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာတွေရှိမရှိဆိုတာ အခမဲ့စစ်ဆေးလို့ရတဲ့ ChatBot ရှိနေပြီနော်... Link>>> https://m.me/PSIhappyhealthymyanmar
#အမျိုးအစား_၁_ဆီးချိုသွေးချိုရောဂါ

Address

11, Ko Min Ko Chin Avenue Street, Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Happy Healthy Myanmar ပျော်ရွှင်ကျန်းမာ တို့မြန်မာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Happy Healthy Myanmar ပျော်ရွှင်ကျန်းမာ တို့မြန်မာ:

Share