LiverCare Myanmar

LiverCare Myanmar LiverCare is the Liver Health Supplement with Siliphos which protects your liver and improve liver functions.
(241)

မွေးကတည်းက သားသမီးတွေရဲ့ ကျန်းမာရေးအတွက် စောင့်ရှောက်ပေးလေ့ရှိတဲ့ မေမေတွေက ကိုယ့်သားသမီး ဘယ်အရွယ်ပဲ ရောက်ရောက် သင့်တော်ရ...
10/05/2026

မွေးကတည်းက သားသမီးတွေရဲ့ ကျန်းမာရေးအတွက် စောင့်ရှောက်ပေးလေ့ရှိတဲ့ မေမေတွေက ကိုယ့်သားသမီး ဘယ်အရွယ်ပဲ ရောက်ရောက် သင့်တော်ရာ ဆေးကောင်းဝါးကောင်းတွေ တိုက်ကျွေးရင်း စောင့်ရှောက်ပေးတတ်စမြဲပါပဲ။
အပေါင်းအသင်းတွေနဲ့ ဆုံကြတွေ့ကြလို့ သောက်တတ်စားတတ်တဲ့အခါ၊ လူမှုရေးအရ ယမကာလေး မှီဝဲဖြစ်တဲ့အခါ မေမေကတော့ လစ်ဗာကဲအသည်းအားဆေးလေး သောက်ဖို့ အမြဲ သတိပေးနေတတ်တယ်လေ။
အရွယ်ရောက်လာမှပဲ မေမေ့ရဲ့ မေတ္တာတရား၊ မေမေ တိုက်ကျွေးတဲ့ ဆေးတစ်လက်၊ မေမေ့ရဲ့ စောင့်ရှောက်ပေးမှုအရာရာက ဘဝအတွက် ဘယ်လောက်အထိ တန်ဖိုးရှိသလဲဆိုတာ ပို ပိုသိလာရပါတယ်။ 😊
ကျေးဇူးတင်ပါတယ် မေမေ…💛
Happy Mother’s Day ပါ ချစ်တဲ့ မေမေ…🙏
‘’အသည်းကိုကြင်နာ၊ အသက်ရှည်စွာ လစ်ဗာကဲဖြင့် နေထိုင်ပါ’’

အသည်းလေးကျန်းမာမှ စိတ်ချမ်းသာနိုင်မှာမို့ အသည်းကျန်းမာဖို့ အရက်ကို တတ်နိုင်သမျှ မသောက်ဘဲ နေခြင်း/လျှော့သောက်ခြင်း၊ ရေအလု...
05/05/2026

အသည်းလေးကျန်းမာမှ စိတ်ချမ်းသာနိုင်မှာမို့ အသည်းကျန်းမာဖို့ အရက်ကို တတ်နိုင်သမျှ မသောက်ဘဲ နေခြင်း/လျှော့သောက်ခြင်း၊ ရေအလုံအလောက် သောက်ခြင်း၊ အိပ်ရေးဝ၀ အိပ်စက်အနားယူခြင်း စတဲ့ အချက်(၃) ချက်ကို သေချာလိုက်နာပေးသင့်ပါတယ်နော်...ပြီးတော့ သင့်အသည်းလေးကို လစ်ဗာကဲနဲ့ နေ့စဉ်စောင့်ရှောက်ပေးနိုင်ပါတယ်။

▶ လစ်ဗာကဲက 𝗦𝗶𝗹𝗶𝗽𝗵𝗼𝘀 (ဆီလီဖော့စ်)ပါဝင်တဲ့ တစ်ခုတည်းသော အသည်းအားဆေးဖြစ်တာကြောင့် ဆီလီဖော့စ်က မကောင်းတဲ့ သွေးတွင်းအဆိပ်အတောက်တွေကို လျှော့ချပေးပြီး အသည်းဆဲလ်တွေကို အသစ်ဖွဲ့စည်းပေးပါတယ်။

▶ လစ်ဗာကဲမှာ ဗီတာမင် 𝗘 ပါတဲ့အတွက် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတာကြောင့် အသည်းကို ကျန်းမာစေပါတယ်။ ဗီတာမင်ဘီအုပ်စုပါတဲ့အတွက် အသည်းကို ကျန်းမာစေပါတယ်။ ဇင့်ပါတာကြောင့် အသည်းကို အားဖြည့်ပေးပါတယ်။

▶ အသည်းကြီးသူတွေ၊ အသည်းအဆီဖုံးသူတွေ၊ အသည်းရောင်ရောဂါရှိသူတွေ၊ 𝗕 ပိုး၊ 𝗖 ပိုးရှိသူတွေ၊ အသည်းကိုထိခိုက်စေတဲ့ ဆေးဝါးတွေကို သောက်သုံးနေသူတွေ၊ ကာလရှည် အသည်းကျန်းမာရေး ဂရုစိုက်ဖို့ လိုအပ်သူတွေ၊ အရက်သောက်သုံးသူတွေနဲ့ ကျန်းမာတဲ့ လူနေမူဘဝပုံစံနဲ့ နေထိုင်ဖို့ ခက်ခဲသူတွေအတွက် လစ်ဗာကဲကို မှီဝဲသင့်ပါတယ်။

▶ လစ်ဗာကဲအသည်းအားဆေးကို လိုအပ်ချက်ပေါ် မူတည်ပြီး တစ်နေ့တစ်တောင့်မှ နှစ်တောင့် မှီဝဲနိုင်ပါတယ်။💛
‘’အသည်းကိုကြင်နာ၊ အသက်ရှည်စွာ လစ်ဗာကဲဖြင့် နေထိုင်ပါ’’

17/04/2026

''မင်္ဂလာရှိတဲ့ မြန်မာ့နှစ်သစ်ကူးအခါသမယမှာ
အသည်းကျန်းမာ စိတ်ချမ်းသာစွာဖြင့်
ကောင်းမှုကုသိုလ်များ ပြုလုပ်နိုင်ကြပါစေ''ကြောင်း LiverCare မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်🙏🙏🙏
အသည်းကို ကြင်နာ ၊ အသက်ရှည်စွာ လစ်ဗာကဲဖြင့်နေထိုင်ပါ။

အသည်းကျန်းမာဖို့ လူကြီးလူငယ်မရွေးလိုက်နာသင့်တဲ့ နည်းလမ်းကောင်းတွေကို လစ်ဗာကဲချစ်သူတို့အတွက် မျှဝေပေးလိုက်ပါတယ်...💛💛💛‘’အသ...
07/04/2026

အသည်းကျန်းမာဖို့ လူကြီးလူငယ်မရွေးလိုက်နာသင့်တဲ့ နည်းလမ်းကောင်းတွေကို လစ်ဗာကဲချစ်သူတို့အတွက် မျှဝေပေးလိုက်ပါတယ်...💛💛💛
‘’အသည်းကိုကြင်နာ၊ အသက်ရှည်စွာ လစ်ဗာကဲဖြင့် နေထိုင်ပါ’’

အသည်းရောင်အသားဝါ စီရောဂါဆိုတာ အသည်းရောင် အသားဝါ စီဗိုင်းရပ်ပ်စ်ပိုး ကူးစက်ခံရလို့ ဖြစ်တာပါ။   စီပိုးက များသောအားဖြင့် အခ...
29/03/2026

အသည်းရောင်အသားဝါ စီရောဂါဆိုတာ အသည်းရောင် အသားဝါ စီဗိုင်းရပ်ပ်စ်ပိုး ကူးစက်ခံရလို့ ဖြစ်တာပါ။ စီပိုးက များသောအားဖြင့် အချိန်ကြာတဲ့အထိ လက္ခဏာမပြတတ်တာကြောင့် ကုသမှုမခံယူမိရင် နောက်ဆက်တွဲ အသည်းရောင်တာ၊ အသည်းထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။

အသည်းရောင် အသားဝါ စီပိုး အများဆုံးကူးစက်တတ်တဲ့ နည်းလမ်းများ
◾ စီပိုးရှိတဲ့ အပ်စူးမိတာ/သွေးသွင်းတာ၊
◾စီပိုးရှိတဲ့ ဆေးထိုးအပ်နဲ့ အကြောဆေးသွင်းမိတာ၊
◾ စီပိုးရှိတဲ့မိခင်ကနေ ကလေးကို မွေးဖွားရင်း ကူးတာ၊
◾ စီပိုးရှိတဲ့ အပ်နဲ့ ဆေးမင်ကြောင်ထိုးမိတာ၊
◾စီပိုးရှိသူနဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာ စတဲ့နည်းတွေပါ။

အသည်းရောင် အသားဝါ စီပိုးရှိရင် ပြနိုင်တဲ့ ရောဂါ လက္ခဏာများ
▶ မျက်စိဝါခြင်း၊
▶ အသားဝါခြင်း၊
▶ ဆီးအရောင် အဝါရင့်ခြင်း၊
▶ ကိုယ်လက်မအီမသာဖြစ်ခြင်း၊
▶ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း စတာတွေပါ။ ဒီလိုလက္ခဏာတွေ ပြရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ ပြသသင့်ပါတယ်။

အသည်းရောင် အသားဝါ စီပိုးရှိ၊ မရှိ စစ်ဆေးပါ
စီပိုးရှိသူနဲ့ တစ်အိမ်တည်း အတူနေတယ်ဆိုရင် ကျန်အိမ်သားတွေကလည်း စီပိုးရှိ၊ မရှိ စစ်ဆေးကြည့်သင့်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေ၊ သွေးသွင်းဖူးသူတွေ၊ စီပိုးရှိတဲ့ မိခင်က မွေးလာ တဲ့ ကလေးတွေ၊ မူးယစ်ဆေး သုံးစွဲသူတွေ၊ HIVပိုးရှိ သူတွေနဲ့ ကျောက်ကပ်ဆေးနေရသူတွေက စီပိုးရှိ၊ မရှိ စစ်ဆေးကြည့်သင့်ပါတယ်။

စနစ်တကျ ဆေးကုသမှု ခံယူပါ
မိသားစုဝင်မှာ တစ်ယောက်ယောက်က စီပိုးရှိနေရင် ဆေးကုသမှုခံယူဖို့ တိုက်တွန်းအားပေးသင့်ပါတယ်။ စီပိုးအတွက် ခေတ်မီ ဗိုင်းရပ်စ်ပိုးသတ်ဆေးဝါးတွေ ပေါ်နေပြီ ဖြစ်လို့ အသည်းအထူးကု ဆရာဝန်နဲ့ စနစ်တကျ ကုသမှုခံယူရင် ရာနှုန်းပြည့် ပျောက်ကင်းပါတယ်။
စီပိုးကို မကုဘဲထားရင် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာရောဂါတွေကို ဖြစ်စေနိုင်တဲ့အတွက် တတ်ကျွမ်းနားလည်တဲ့ အသည်းအထူးကုသမားတော်နဲ့ တိုင်ပင်ပြီး စနစ်တကျ ကုသမှု ခံယူသင့်ပါတယ်။
စီပိုးရှိသူတွေအနေနဲ့ ဆေးကုသမှု ခံယူရင်း လစ်ဗာကဲအသည်းအားဆေးကို ပုံမှန် မှီဝဲခြင်းအားဖြင့် အသည်းကျန်းမာ စိတ်ချမ်းသာတဲ့ ဘဝကို တည်ဆောက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
အသည်းကိုကြင်နာ အသက်ရှည်စွာ LiverCare ဖြင့် နေထိုင်ပါ

အသည်းအဆီဖုံးသူအများစုမှာ ဘာလက္ခဏာမှမပြတာလည်း ရှိတတ်သလို ရောဂါအဆင့်မြင့်လာချိန်မှာ အောက်ပါလက္ခဏာလေးတွေ ပြသနိုင်ခြေ ရှိတတ်...
12/03/2026

အသည်းအဆီဖုံးသူအများစုမှာ ဘာလက္ခဏာမှမပြတာလည်း ရှိတတ်သလို ရောဂါအဆင့်မြင့်လာချိန်မှာ အောက်ပါလက္ခဏာလေးတွေ ပြသနိုင်ခြေ ရှိတတ်ပါတယ်။ 😊
(၁) နုံးချည့်ညောင်းညာခြင်း
(၂) ဝမ်းဗိုက်ညာဘက်အပေါ်နား မအီမသာဖြစ်ခြင်း
(၃) အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း
(၄) အစာစားချင်စိတ် လျော့နည်းခြင်း
(၅) ပျို့ချင်အန်ချင်စိတ်ဖြစ်ခြင်းနဲ့ အန်ခြင်း
(၆) အသည်းကြီးခြင်း
(၇) အသားဝါခြင်း
စောစောသိရှိထိန်းချုပ်နိုင်ဖို့ အသည်းကျန်းမာရေးကို ပုံမှန်စစ်ဆေးဖို့ အကြံပြုလိုက်ရပါတယ်။ ✅
စောစောသိရှိပြီး ထိန်းချုပ်နေထိုင်တာက နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။💛
အသည်းကိုကြင်နာ အသက်ရှည်စွာ LiverCare ဖြင့် နေထိုင်ပါ

အသည်းမှာ ပြဿနာရှိရင် ပြတတ်တဲ့ သတိပေးလက္ခဏာများ▶ တာရှည်နုံးချည့်တာ၊ အားနည်းတာ၊ အကြောင်းရင်းမရှိဘဲ ဝိတ်ကျတာက အသည်းဝန်ပိတာ ...
27/02/2026

အသည်းမှာ ပြဿနာရှိရင် ပြတတ်တဲ့ သတိပေးလက္ခဏာများ
▶ တာရှည်နုံးချည့်တာ၊ အားနည်းတာ၊ အကြောင်းရင်းမရှိဘဲ ဝိတ်ကျတာက အသည်းဝန်ပိတာ ဖြစ်နိုင်ပါတယ်။
▶ အစာမကြေ လေပွတာ၊ ဝမ်းဗိုက်ညာဘက်အပေါ်မှာ နာတာ၊ ပျို့ချင်အန်ချင်တာက အသည်းရဲ့ သတိပေးလက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။
▶ မျက်စိနဲ့ အသားဝါတာက အသည်းကိုချက်ချင်းသတိပြုစစ်ဆေးရမယ့် လက္ခဏာပါ။
▶ အသည်းကျန်းမာရေးကို လျစ်လျှူရှုတာက ဆိုးရွားတဲ့နောက်ဆက်တွဲ ပြဿနာဖြစ်နိုင်ပါတယ်။
▶ စောစောစစ်ဆေးကုသတဲ့နည်းနဲ့ အသည်းလုပ်ငန်းဆောင်တာကို ထိန်းသိမ်းကာကွယ်နိုင်ပါတယ်။
အသည်းကျန်းမာရေးကို ကာကွယ်တဲ့အနေနဲ့ လစ်ဗာကဲအသည်းအားဖြည့်ဆေးကို ပုံမှန်မှီဝဲဖို့လည်း မမေ့သင့်ပါဘူး။
လစ်ဗာကဲအသည်းအားဆေးက ဆီလီဖော့စ်ပါဝင်တဲ့ တစ်ခုတည်းသော အသည်း အားဆေးဖြစ်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဗီတာမင်အီး၊ ဗီတာမင်ဘီအုပ်စုနဲ့ ဇင့်တို့ ပါဝင်တာကြောင့် ရောင်ရမ်းမှု လျော့ကျစေခြင်း၊ အသည်းအမာရွတ်များကို သက်သာစေခြင်း၊ အသည်းဆဲလ်အသစ်များ ဖွဲ့စည်းပေးခြင်း၊ သွေးတွင်းမကောင်းတဲ့ အဆိပ်အတောက်များ လျော့ကျစေပြီး အသည်းကျန်းမာစေခြင်း စတဲ့ အာနိသင်တွေကို ရရှိစေပါတယ်။💛
အသည်းကိုကြင်နာ အသက်ရှည်စွာ LiverCare ဖြင့် နေထိုင်ပါ

ကိုယ်ချစ်တဲ့သူအတွက် အရေးကြီးဆုံးဆန္ဒက ကျန်းမာစေချင်တာပဲမဟုတ်လား။ကျန်းမာဖို့ဆိုရင် အသည်းကိုလည်း မဖြစ်မနေ စောင့်ရှောက်ဖို့...
14/02/2026

ကိုယ်ချစ်တဲ့သူအတွက် အရေးကြီးဆုံးဆန္ဒက ကျန်းမာစေချင်တာပဲမဟုတ်လား။
ကျန်းမာဖို့ဆိုရင် အသည်းကိုလည်း မဖြစ်မနေ စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။
အသည်းကျန်းမာဖို့
▶ အရက်ကို တတ်နိုင်သမျှ မသောက်ဘဲနေတာ၊
▶ အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးထိုးနှံတာ၊
▶ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်တာ၊
▶ အိပ်ရေးဝဝ အိပ်စက်အနားယူတာ၊
▶ အကင်တွေ၊ ဆိုးဆေးပါတဲ့ အစားအသောက်တွေ၊ မှိုတက်စာတွေ (အထူးသဖြင့် ငရုတ်သီးခြောက်မှိုတက်)တွေကို ရှောင်တာ၊
▶ ဆီကြော်စာတွေ၊ အဆီအအိမ့်တွေကို ဆင်ခြင်တာ၊
▶ လိုအပ်ရင် စနစ်တကျ ဆေးကုသမှုခံယူတာ စတာတွေကို လိုက်နာဖို့ လိုတဲ့အပြင် လစ်ဗာကဲကိုလည်း မှီဝဲသင့်ပါတယ်။
လစ်ဗာကဲက Siliphos (ဆီလီဖော့စ်) ပါဝင်တဲ့ တစ်ခုတည်းသော အသည်းအားဆေးဖြစ်ပါတယ်။ ဆီလီဖော့စ်က မကောင်းတဲ့သွေးတွင်းအဆိပ်အတောက်တွေကို လျှော့ချပေးပြီး အသည်းဆဲလ်တွေကို အသစ်ဖွဲ့စည်းပေးပါတယ်။
ဗီတာမင် E ပါတဲ့အတွက် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတာကြောင့် အသည်းကို ကျန်းမာစေပါတယ်။ ဗီတာမင်ဘီအုပ်စုပါတဲ့အတွက် အသည်းကို ကျန်းမာစေပါတယ်။ ဇင့်ပါတာကြောင့် အသည်းကို အားဖြည့်ပေးပါတယ်။
အသည်းကြီးသူတွေ၊ အသည်းအဆီဖုံးသူတွေ၊ အသည်းရောင်ရောဂါရှိသူတွေ၊ B ပိုး၊ C ပိုးရှိသူတွေ၊ အသည်းကိုထိခိုက်စေတဲ့ ဆေးဝါးတွေကို သောက်သုံးနေသူတွေ၊ ကာလရှည် အသည်းကျန်းမာရေး ဂရုစိုက်ဖို့ လိုအပ်သူတွေ၊ အရက်သောက်သုံးသူတွေနဲ့ ကျန်းမာသော လူနေမူဘဝပုံစံနဲ့ နေထိုင်ဖို့ ခက်ခဲသူတွေအတွက် လစ်ဗာကဲအသည်းအားဆေးကို လိုအပ်ချက်ပေါ် မူတည်ပြီး တစ်နေ့တစ်တောင့်မှ နှစ်တောင့် မှီဝဲနိုင်ပါတယ်။ 💛
‘’အသည်းကိုကြင်နာ၊ အသက်ရှည်စွာ လစ်ဗာကဲဖြင့် နေထိုင်ပါ’’

အချစ်ရေးမှာ ရွေးချယ်မှုမှားသွားခဲ့ရင်တောင် ...အသည်းအတွက်တော့ အရွေးမမှားစေရဘူးနော်...လစ်ဗာကဲကိုသာ ဆောင်ထားလိုက်ပါ...💛လစ်ဗ...
05/02/2026

အချစ်ရေးမှာ ရွေးချယ်မှုမှားသွားခဲ့ရင်တောင် ...
အသည်းအတွက်တော့ အရွေးမမှားစေရဘူးနော်...လစ်ဗာကဲကိုသာ ဆောင်ထားလိုက်ပါ...💛

လစ်ဗာကဲက Siliphos (ဆီလီဖော့စ်) ပါဝင်တဲ့ တစ်ခုတည်းသော အသည်းအားဆေးဖြစ်ပါတယ်။ ဆီလီဖော့စ်က မကောင်းတဲ့ သွေးတွင်းအဆိပ်အ တောက်တွေကို လျှော့ချပေးပြီး အသည်းဆဲလ်တွေကို အသစ်ဖွဲ့စည်းပေးပါတယ်။
ဗီတာမင် E ပါတဲ့အတွက် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတာကြောင့် အသည်းကို ကျန်းမာစေပါတယ်။
ဗီတာမင်ဘီအုပ်စုပါတဲ့အတွက် အသည်းကို ကျန်းမာစေပါတယ်။
ဇင့်ပါတာကြောင့် အသည်းကို အားဖြည့်ပေးပါတယ်။
အသည်းကြီးသူတွေ၊ အသည်းအဆီဖုံးသူတွေ၊ အသည်းရောင်ရောဂါရှိသူတွေ၊ B ပိုး၊ C ပိုးရှိသူတွေ၊ အသည်းကိုထိခိုက်စေတဲ့ ဆေးဝါးတွေကို သောက်သုံးနေသူတွေ၊ ကာလရှည် အသည်းကျန်းမာရေး ဂရုစိုက်ဖို့ လိုအပ်သူတွေ၊ အရက်သောက်သုံးသူတွေနဲ့ ကျန်းမာသော လူနေမူဘဝပုံစံနဲ့ နေထိုင်ဖို့ ခက်ခဲသူတွေအတွက် လစ်ဗာကဲက ကိုယ်ရံတော်လေးလို စောင့်ရှောက်ပေးနေပါတယ်။
လစ်ဗာကဲအသည်းအားဆေးကို လိုအပ်ချက်ပေါ် မူတည်ပြီး တစ်နေ့တစ်တောင့်မှ နှစ်တောင့် မှီဝဲနိုင်ပါတယ်။😊

‘’အသည်းကိုကြင်နာ၊ အသက်ရှည်စွာ လစ်ဗာကဲဖြင့် နေထိုင်ပါ’’

အသည်းခြောက်ခြင်းဆိုသည်မှာ...-------------------------------ကျန်းမာတဲ့ အသည်းတစ်သျှူးနေရာမှာ အမာရွတ်တစ်သျှူးတွေ အစားထိုးဝင...
30/01/2026

အသည်းခြောက်ခြင်းဆိုသည်မှာ...
-------------------------------
ကျန်းမာတဲ့ အသည်းတစ်သျှူးနေရာမှာ အမာရွတ်တစ်သျှူးတွေ အစားထိုးဝင်ရောက်လာတဲ့အခါ အသည်းခြောက်ခြင်း ဖြစ်လာပါတယ်။ အသည်းခြောက်ရင် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေ ထိခိုက်လာတတ်ပါတယ်။

အသည်းခြောက်ခြင်း ဘာကြောင့် အဖြစ်များရသလဲ
-------------------------------
▶ အရက် ရေရှည်သောက်သုံးခြင်း
▶ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးရှိပြီး ကုသမှု မခံယူခြင်း
▶ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါရှိခြင်း
▶ ကိုယ်ခံအားက မှားယွင်းစွာ တိုက်ပြီး ဖြစ်တဲ့ အသည်းရောဂါ (Autoimmune liver disease)
▶ ဓာတုဆေးဝါးများ၊ မျိုးရိုးလိုက်တဲ့ ရောဂါတချို့ စတာတွေကြောင့် အသည်းခြောက်တာ ဖြစ်တတ်ပါတယ်။

အသည်းခြောက်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြ တတ်သလဲ
-------------------------------
ရောဂါအစောပိုင်းအဆင့်မှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ရောဂါရင့်လာတာနဲ့အမျှ...
◾အသားဝါတာ၊ ဝိတ်ကျတာ၊
◾ နုံးချည့်ညောင်းညာတာ၊ အားနည်းတာ၊
◾ပျို့ချင်အန်ချင်ဖြစ်တာ၊ အစာစားချင်စိတ်မရှိတာ၊
◾ရေဖျင်းစွဲတာ၊ ခြေထောက်ရောင်တာ၊
◾အရေပြားယားတာ… စတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။

အသည်းခြောက်ရောဂါရှိ၊ မရှိ ဘယ်လိုစစ်ဆေးသိရှိနိုင်မလဲ
-------------------------------
▶ သွေးစစ်ဆေးခြင်း
▶ အာထရာဆောင်း၊ CT၊ MRI ရိုက်ခြင်း
▶ FibroScan ရိုက်ခြင်း စတဲ့နည်းတွေနဲ့ စစ်ဆေး သိရှိနိုင်ပါတယ်။

ကုသမှု
-------
ဖြစ်ရတဲ့အကြောင်းရင်းကို ကုသရတာ ဖြစ်ပါတယ်။
✅ အရက်ကို လုံးဝ မသောက်သင့်ပါဘူး။
✅ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးရှိရင် စနစ်တကျ ကုသမှု ခံယူရပါမယ်။
✅ အဝလွန်နေရင် ကိုယ်အလေးချိန် လျှော့ရပါမယ်။
✅ ဆီးချိုရောဂါရှိရင် စနစ်တကျ ထိန်းချုပ်ရပါမယ်။
✅ အသည်းနဲ့ မသင့်တော်တဲ့ ဆေးဝါးတွေကို ရှောင်ရပါမယ်။
ရောဂါအခြေအနေ၊ ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး စနစ်တကျ ထိန်းချုပ်နေထိုင်ရင် အစောပိုင်းအဆင့် အသည်းခြောက်သူတွေက နှစ်များစွာ ထိန်းထားနိုင်ပါတယ်။

အသည်းခြောက်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ
-------------------------------
(၁) အရက်ကို ဖြစ်နိုင်ရင် မသောက်သင့်ပါဘူး။ မသောက်ရမနေနိုင်ရင် ထိန်းချုပ်သောက်သင့်ပါတယ်။
(၂) ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့အညီ ထိန်းသိမ်းသင့်ပါတယ်။
(၃) ဆီးချိုရောဂါနဲ့ သွေးတွင်းအဆီများခြင်းရှိနေရင် စနစ်တကျ ကုသမှု ခံယူရပါမယ်။
(၄) အသည်းရောင်အသားဝါ အေနဲ့ ဘီကာကွယ်ဆေးတွေ ထိုးနှံထားသင့်ပါတယ်။
(၅) ပုံမှန်ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။
(၆) ဆီကြော်စာ၊ ဆိုးဆေးပါတဲ့ အစာနဲ့ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအသောက်တွေကို ဆင်ခြင်သင့်ပါတယ်။
(၇) ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စတာတွေ များများစားပေးသင့်ပါတယ်။
လစ်ဗာကဲအသည်းအားဆေးက ဆီလီဖော့စ်ပါဝင်တဲ့ တစ်ခုတည်းသော အသည်းအားဆေးဖြစ်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဗီတာမင်အီး၊ ဗီတာမင်ဘီအုပ်စုနဲ့ ဇင့်တို့ ပါဝင်တာကြောင့် ရောင်ရမ်းမှု လျော့ကျစေခြင်း၊ အသည်းအမာရွတ်များကို သက်သာစေခြင်း၊ အသည်းဆဲလ်အသစ်များ ဖွဲ့စည်းပေးခြင်း၊ သွေးတွင်းမကောင်းတဲ့ အဆိပ်အတောက်များ လျော့ကျစေပြီး အသည်းကျန်းမာစေခြင်း စတဲ့ အာနိသင်တွေကို ရရှိစေတာကြောင့် လစ်ဗာကဲအသည်းအားဆေးကို နေ့စဉ် လိုအပ်ချက်ပေါ်မူတည်ပြီး တစ်တောင့်မှ နှစ်တောင့် မှီဝဲပေးနိုင်ပါတယ်။
အသည်းကို ကြင်နာ ၊ အသက်ရှည်စွာ လစ်ဗာကဲဖြင့် နေထိုင်ပါ။

ညဘက်မှာ အရက်သောက်တာ များသွားလို့ နောက်တစ်နေ့မှာ ခေါင်းကိုက်တာ၊ ရေငတ်တာ၊ တစ်ကိုယ်လုံး ကိုက်ခဲတာ၊ ဘာမှမစားချင်မသောက်ချင်ဖြ...
15/01/2026

ညဘက်မှာ အရက်သောက်တာ များသွားလို့ နောက်တစ်နေ့မှာ ခေါင်းကိုက်တာ၊ ရေငတ်တာ၊ တစ်ကိုယ်လုံး ကိုက်ခဲတာ၊ ဘာမှမစားချင်မသောက်ချင်ဖြစ်တာ၊ စိတ်မကြည်တာ၊ အိပ်လို့မရတာ၊ နုံးတာ စတဲ့ လက္ခဏာတွေ ခံစားရတာကို အရက်နာကျတယ်လို့ ဆိုပါတယ်။
အသည်းကျန်းမာရေးထိခိုက်လောက်တဲ့အထိ အရက်ကို အလွန်အမင်း မသောက်သင့်သလို အရက်နာကျဝေဒနာသက်သာအောင်လည်း ဂရုစိုက်သင့်ပါတယ်။
◾ ရေအလုံအလောက် သောက်ပေးတာ၊
◾အရည်ရွှမ်းတဲ့ သစ်သီးဝလံတွေ စားပေးတာ၊
◾ အာဟာရပြည့်အောင် အသား၊ ငါး၊ ကြက်ဥပြုတ်လေးတွေ စားပေးတာ၊
◾အိပ်ရေးဝအောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူတာတို့ လုပ်ပေးသင့်ပါတယ်။
အသည်းကျန်းမာရေးကို ကာကွယ်တဲ့အနေနဲ့ လစ်ဗာကဲအသည်းအားဖြည့်ဆေးကို ပုံမှန်မှီဝဲဖို့လည်း မမေ့သင့်ပါဘူး။💯
လစ်ဗာကဲအားဆေးမှာ Siliphosဓာတ်ပေါင်း (Silybin-phosphatidyl choline)ပါဝင်တာကြောင့် အသည်းဆဲလ်တွေကို အသစ်ဖွဲ့စည်းပေးပြီး မကောင်းတဲ့ သွေးတွင်း အဆိပ်အတောက်တွေကို လျှော့ချပေးတဲ့ နည်းနဲ့ အသည်းကို ကျန်းမာစေပါတယ်။

ဒါ့အပြင် လစ်ဗာကဲမှာ ပါဝင်တဲ့ ဗီတာမင်အီး၊ ဗီတာမင်ဘီအုပ်စုနဲ့ ဇင့်ဓာတ်တို့ရဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ အစွမ်းကြောင့် အသည်းကို ပိုပြီး ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်တဲ့အတွက် အမြဲတမ်းဆောင်ထားသင့်တဲ့ ဆေးစွမ်းကောင်းတစ်လက်ပါပဲ။💛
အသည်းကိုကြင်နာ အသက်ရှည်စွာ LiverCare ဖြင့် နေထိုင်ပါ

Address

No. 12/A, KabarAye Pagoda Road, (Near Marina Residence), Mayangone
Yangon
11061

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30

Telephone

01657033

Website

Alerts

Be the first to know and let us send you an email when LiverCare Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share