SHWE MOE အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး

  • Home
  • Myanmar
  • Yangon
  • SHWE MOE အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး

SHWE MOE အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး စိတ်ချယုံကြည်ရသောကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အမြဲကြိုးစားနေပါသည်။

မင်္ဂလာပါ..Shwe Moe Specialist Clinic သင်္ကြန်ရက်များအတွက် ဆေးခန်းဖွင့်ချိန်လေးပြောင်းလဲထားပါတယ်ရှင်….✅ အရေးပေါ်နှင့်အထွ...
12/04/2026

မင်္ဂလာပါ..
Shwe Moe Specialist Clinic
သင်္ကြန်ရက်များအတွက် ဆေးခန်းဖွင့်ချိန်လေးပြောင်းလဲထားပါတယ်ရှင်….

✅ အရေးပေါ်နှင့်အထွေထွေရောဂါများအတွက်
ဆေးခန်းဖွင့်ချိန်အတိုင်းပြသနိုင်ပါသည်….
(Booking ယူစရာမလိုပါ)

✅အထူးကုဆရာဝန်ကြီးများနှင့်ပြသခြင်း ,
Ultrasound ရိုက်ကူးခြင်းများနှင့်
ဓာတ်ခွဲခန်းစစ်ဆေးချက်များအတွက်….
ကြိုတင်ဖုန်းဆက် Booking ယူပေးပါရှင်….

💐17.4.2026 (နှစ်ဆန်းတစ်ရက်နေ့) မှစ၍ ပုံမှန်အချိန်အတိုင်းပြန်လည်ဖွင့်လှစ်ဆောင်ရွက်ပေးပါမည်…

💛နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း
ရွှေမိုးမိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏💛

16/08/2025
Vaxigrip Tetra 2025 Myanmar Registered    Preorder စာရင်းပေးထားသူများ ဆေးခန်းမှဆက်သွယ်၍ထိုးပေးနေပါပြီ...!Flu vaccine ဆို...
26/05/2025

Vaxigrip Tetra 2025
Myanmar Registered


Preorder စာရင်းပေးထားသူများ ဆေးခန်းမှဆက်သွယ်၍ထိုးပေးနေပါပြီ...!

Flu vaccine ဆို Vaxigrip Tetra (MMreg) ကိုမှ စိတ်ရှည်သည်းခံစောင့်မျှော်၍ နှစ်စဉ်ယုံကြည်စိတ်ချစွာထိုးနှံကြသော တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင်.. 🙏

Instock အနည်းတော့ရှိပါအုံးမယ်ရှင်..!

အဖွဲ့လိုက်,အများစုထိုးနှံလိုသူများအနေဖြင့် Booking ကြိုပေးထားစေချင်ပါတယ်....!

Contact 📱- 09880648786, 09775588612

17/05/2025

Shwe Moe အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေး

နေ့စဉ် ပိတ်ရက်မရှိ ဖွင့်လှစ်ပါသည်..
ဆေးခန်းဖွင့်ချိန် - 8:00 am - 7:00 pm

- အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အထွေထွေရောဂါများအတွက် စနစ်တကျကုသမှုများ...
- အထွေထွေရောဂါကုသမားတော်
- ခွဲစိတ်အထူးကု
- သားဖွားနှင့်မီးယပ်အထူးကု
- ကလေးအထူးကု
- နားနှာခေါင်းလည်ချောင်းဦး‌ခေါင်းနှင့်လည်ပင်း
ခွဲစိတ်ထူးကု
- အရိုးအကြောခွဲစိတ်အထူးကု
- ဆီးနှင့်ကျောက်ကပ်ခွဲစိတ်အထူးကု
- အရေပြားရောဂါအထူးကု
- စိတ်ကျန်းမာရေးအထူးကု
စသော အထူးကုဆရာဝန်ကြီးများနှင့် ပြသတိုင်ပင်ဆွေးနွေးနိုင်ပါသည်..!

Contact ph - 09880648786, 09775588612

25/04/2025

2025 အတွက် ရာသီတုပ်ကွေးကာကွယ်ဆေးများ Booking တင်လို့ရနေပါပြီ.. 📣📣
ဒီနှစ်အတွက် MM Reg ဆေးအဝင်နောက်ကျနေလို့ အားနာရပါတယ်..!
ဈေးနှုန်းလည်း မကြာခင်အကြောင်းကြားပေးပါ့မယ်ရှင်...

12/04/2025

13.4.2025 - 17.4.2025 ကာလအတွင်း
ဆေးခန်းဖွင့်ချိန် နံနက် 9:00 မှ ညနေ 4:00 ထိ ပြောင်းလဲဖွင့်လှစ်ထားပါသည်....!

18.4.2025 မှစ၍ နံနက် 8:00 မှ ည 7:00 ထိ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါမည်ရှင်.…!

နှစ်သစ်မှာ... .......
သောကငြိမ်း‌အေး..
ဘေးကင်းရန်ကွာ ..
စိတ်ချမ်းသာနိုင်ကြပါစေ.. 🙏

16/03/2025

သတိပြုမိစေဖို့ပါ........!! 🚨
- ရွှေမိုးအထူးကုဆေးခန်းသည် မိမိတို့၏လူနာများအတွက် အထွေထွေကျန်းမာရေးစောင့်ရှောက်မှုများနှင့် မိသားစုကျန်းမာရေးစောင့်မှုများရရှိနိုင်စေရန် ကြိုးစားရပ်တည်ခဲ့ခြင်းဖြစ်ပါသည်။
- ‌လတ်တလော ရွှေမိုးအထူးကုဆေးခန်း အနီးတဝိုက်ရှိလုပ်ငန်းများနှင့် ဆိုင်များမှ ရွှေမိုးဆေးခန်းမှဆရာဝန်များ၏အမည်အားအသုံးချကာ ဖုန်းဖြင့်အော်ဒါများမှာယူခြင်း, ငွေလိမ်ခြင်းများ ဖြစ်ပွားခဲ့ကြောင်းကြားသိရပါသည်။
- အထက်ပါဖြစ်စဉ်များသည် ရွှေမိုးအထူးကုဆေးခန်းမှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသောဆရာဝန်များနှင့် လုံးဝသက်ဆိုင်မှုမရှိပါကြောင်းနှင့် ဆေးခန်းနှင့်ဆရာဝန်များ၏ဂုဏ်သိက္ခာကျဆင်းစေသော အမည်အလွဲသုံးစားပြုလုပ်မှုများအား စုံစမ်း၍ဥပဒေနှင့်အညီဖြေရှင်းသွားမည်ဖြစ်ပါကြောင်း အသိပေးပါရစေရှင့်..!
- ရွှေမိုးဆေးခန်းနာမည်ကိုအလေးထားမှုကြောင့် နစ်နာသွားသူများအတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်ရှင်..! ကူညီနားလည်ပေးကြတဲ့အတွက်လည်း ရွှေမိုးအထူးကုဆေးခန်းမိသားစုမှ ကျေးဇူးတင်ပါတယ်ရှင်..! 🙏

21/02/2025

အမှန်တကယ် တတ်မြောက်လိုသူများအတွက် သူနာပြုအကူသင်ရိုးသာမက လုပ်ငန်းပိုင်းဆိုင်ရာကျင့်ဝတ်များ လူမှုဆက်ဆံရေးပညာရပ်များကိုပါ ထည့်သွင်းသင်ကြားပေးလျက်ရှိပါသည်။

တန်းခွဲသစ်အတွက် သင်တန်းသားများလက်ခံပေးနေပါပြီရှင်..!

**အစောဆုံးကျောင်းအပ်နှံသူများအတွက် Early Birds Discount ရရှိမှာဖြစ်ပါတယ်...! 😊

Contact - Viber - 09788803818
📱 09955019137, Page Messenger.!
ကျန်စစ်သားလမ်း , (၁)ရပ်ကွက် , မရမ်းကုန်းမြို့နယ်, ရန်ကုန်မြို့.။

နှစ်သစ်မှာ ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းတို့နှင့်ပြည့်စုံပါစေကြောင်း ‌Shwe MOE အထူးကုဆေးခန်း မိသားစုမှ ဆုမွန်ကောင...
31/12/2024

နှစ်သစ်မှာ ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းတို့နှင့်ပြည့်စုံပါစေကြောင်း ‌Shwe MOE အထူးကုဆေးခန်း မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်..!
Happy New Year 2025..! 🎉🎉🎉

▪️နား နှာခေါင်း လည်ချောင်း ဦးခေါင်းနှင့်လည်ပင်း ရောဂါများအတွက် အထူးကုဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပြသနိုင်ခြင်း▪️နှာခေါင်း...
24/11/2024

▪️နား နှာခေါင်း လည်ချောင်း ဦးခေါင်းနှင့်လည်ပင်း ရောဂါများအတွက် အထူးကုဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပြသနိုင်ခြင်း
▪️နှာခေါင်း နှင့် လည်ချောင်း ရောဂါများအတွက် မှန်ပြောင်းကြည့်ရှု၍ ရောဂါရှာဖွေကုသခြင်း (Endoscopy)
▪️နားအကြားအာရုံလျော့နည်းသူများအတွက် နားစမ်းကိရိယာဖြင့် အကြားအာရုံစမ်းသပ်ခြင်း (Audiometry)
စသည့် နားနှာခေါင်းလည်ချောင်းနှင့်ပတ်သက်သော ရောဂါများအတွက် နေ့စဉ်ပြသနိုင်ပါသည်..!

ရွှေမိုးအထူးကုဆေးခန်းမှ ဖွင့်လှစ်သော သူနာပြုအကူသင်တန်း နှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်း ကို ဆရာဝန်များနှင့်ဝါရင့်သူနာပြု...
20/09/2024

ရွှေမိုးအထူးကုဆေးခန်းမှ ဖွင့်လှစ်သော သူနာပြုအကူသင်တန်း နှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်း ကို ဆရာဝန်များနှင့်ဝါရင့်သူနာပြုဆရာမကြီးများကိုယ်တိုင်ဦးစီး၍ သင်ကြားပို့ချပေးနေပါပြီရှင်..!
စုံစမ်းမေးမြန်းလိုသည်များကို Page Messenger မှ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်..!

မိသားစုတစ်ခုမှာကျန်းမာရေးစောင့်ရှောက်မှုဆိုတာ လိုအပ်ပါတယ်..
ရုတ်တရက်ကျန်းမာရေးပြသာနာတစ်စုံတစ်ခုပေါ်လာခဲ့တဲ့အခါ ကျန်းမာရေးစင်တာများ, ဆေးခန်းများနှင့်အနီးအနားမှာရှိမနေခဲ့တာမျိုး , သွားရေးလာရေးခက်ခဲတဲ့နေရာမျိုး စတဲ့အခြေအနေတွေမှာ မိသားစုဝင် သို့မဟုတ် ကိုယ့်အနီးတဝိုက်နေရာမှာ ကျန်းမာရေးအသိရှိ၍အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သူ တစ်ဦးတစ်ယောက်ရှိနေခြင်းဟာ လူ့အသက်ကိုကယ်တင်နိုင်ဖို့အခွင့်အရေးများစွာရှိပါတယ်..!
ဒါကြောင့်လူတိုင်းကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် စေတနာမိုးသူနာပြုအကူသင်တန်းမှစနစ်တကျနည်းလမ်းများချမှတ်ကာ ကျန်းမာရေးအသိပညာများကိုတတ်မြောက်နားလည်အောင်သင်ကြာပေးခြင်းဖြင့် အရည်အချင်းပြည့်စုံသော သူနာပြုအကူများအားမွေးထုတ်ပေးရန် ရည်ရွယ်ပါတယ်ရှင်.. ! ☺️🙏

26/08/2024

Address

Kyan Sit Thar Street , (1) Quarter, Mayangone Township
Yangon

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Website

Alerts

Be the first to know and let us send you an email when SHWE MOE အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share