Eat to be fit by Dr.Zaw

Eat to be fit by Dr.Zaw လူတိုင်း Healthy Eating Behaviors and Lifestyle ရရှိဖို့အတွက် အခြေခံ လိုအပ်သည့်ဗဟုသုတများ ဖတ်ရှုလေ့လာနိုင်ရန်

ဗီတာမင် D အကြောင်း🌞နေရောင်ခြည်လုံလောက်စွာရရှိခြင်းဟာခန္ဓာကိုယ်မှ ဗီတာမင် D အလုံအလောက်ထုတ်လုပ်ရန် အကောင်းဆုံးနည်းလမ်းတခုဖ...
06/04/2022

ဗီတာမင် D အကြောင်း
🌞နေရောင်ခြည်လုံလောက်စွာရရှိခြင်းဟာခန္ဓာကိုယ်မှ ဗီတာမင် D အလုံအလောက်ထုတ်လုပ်ရန် အကောင်းဆုံးနည်းလမ်းတခုဖြစ်ပါတယ်။ ဒါ့အပြင် အစားအစာများမှလည်း ဗီတာမင် D ကိုရရှိနိင်ပါတယ်။
🌞 မနက်စောစော ၁၀ မိနစ်ခန့် နေရောင်ခြည်နဲ့ ထိတွေ့အောင်လုပ်ပေးမယ် ဥပမာ(လမ်းလျှောက်ခြင်း)၊ ဗီတာမင် D ပါဝင်တဲ့ အစားအစာတွေ စားပေးမယ်ဆိုရင် ဗီတာမင် D က ရနေပါပြီ။
🌞 ဗီတာမင် D ဟာ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် ဖြစ်တာကြောင့် ခန္ဓာကိုယ် ကအဆီနဲ့ တူတူရောပြီး စုပ်ယူပါတယ်။ ဒါကြောင့် အူကနေအဆီမစုပ်အောင်တားတဲ့ ပိန်ဆေး သောက်နေတဲ့ သူတွေမှာတော့ ခန္ဓာကိုယ်က အပြည့်အဝ မစုပ်ယူ နိင်တာကို သတိထားဖို့လိုအပ်ပါတယ်။


🔹ဒီနေ့မှာတော့ အဆီမှာပျော်ဝင်နိင်တဲ့ ဗီတာမင်တွေထဲက ဗီတာမင် A အကြောင်းလေး ဗဟုသုတရအောင်ရှင်းပြပေးချင်ပါတယ်။ ဖုန်းထဲမှာလဲ အလ...
30/03/2022

🔹ဒီနေ့မှာတော့ အဆီမှာပျော်ဝင်နိင်တဲ့ ဗီတာမင်တွေထဲက ဗီတာမင် A အကြောင်းလေး ဗဟုသုတရအောင်ရှင်းပြပေးချင်ပါတယ်။ ဖုန်းထဲမှာလဲ အလွယ်တကူသိမ်းထားလို့ရအောင် ပုံလေးတွေ နဲ့ ဖော်ပြပေးလိုက်ပါတယ်။
🔹ဗီတာမင် A ရဲ့ တစ်နေ့တာလိုအပ်တဲ့ ပမာဏကို တော့ဖော်ပြမပေးထားပါဘူး။ ဘာလို့လဲ ဆိုတော့ တစ်ဦးနဲ့ တစ်ဦး အသက်အရွယ်၊ ကျား/မ ကွာခြားချက်၊ ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ တစ်နေ့တာလိုအပ်ချက်တွေဟာ မတူညီကျလို့ပါ။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့အသီးအရွက်၊ အသား၊ ငါး မျှတစွာ စားသုံးမယ်ဆိုရင် ဗီတာမင်နဲ့ သတ္တုဓာတ်များကတော့ လုံလုံလောက်လောက်ရရှိမှာဖြစ်ပါတယ်။
🔹တကယ်လို့ ဗီတာမင် ဖြည့်စွက်အားဆေးတွေ သောက်တော့မယ်ဆိုရင် သက်ဆိုင်ရာ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။


အရက်ကို မစွဲအောင်သောက်တတ်ဖို့ အကန့်အသတ်နဲ့ ထိန်းသောက်နိင်အောင် ဘယ်နည်းလမ်းတွေအသုံးပြုမလဲ❓🥃အရက် ဟာ ကောင်းကျိုးထက် ဆိုးကျိ...
25/03/2022

အရက်ကို မစွဲအောင်သောက်တတ်ဖို့ အကန့်အသတ်နဲ့ ထိန်းသောက်နိင်အောင် ဘယ်နည်းလမ်းတွေအသုံးပြုမလဲ❓

🥃အရက် ဟာ ကောင်းကျိုးထက် ဆိုးကျိုးသာ ပိုများတယ်ဆိုတာ အာလုံးသိပြီးသားပါ။ကမ္ဘာတဝန်းလုံးမှာလည်း အရက်သောက်ခြင်းကို တားမြစ်ဆန့်ကျင်နေကြပါတယ်။
🥃အရက် အနည်းငယ်မျှ သောက်သုံးခြင်းဟာ သွေးတွင်းကောင်းတဲ့ ကိုလက်စထရော HDL ကိုမြင့်တက်စေတာကြောင့်သွေးကြောကျဉ်းခြင်းကို ကာကွယ်နိင်ပြီး နှလုံးရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်း များကိုလျော့နည်းစေနိင်တဲ့အပြင် အသက်ကြီးသူများတွင် ဖြစ်ပွါးလေ့ရှိသော သတိမေ့တတ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ဆိုင်တဲ့ Dementia ရောဂါမဖြစ်အောင်ကာကွယ်ပေးနိင်တာကိုတွေ့ရပါတယ်။
🥃အရက်ဟာ စွဲစေတတ်တဲ့ သဘောရှိတာကြောင့် အရက်သောက်ရာမှာ မစွဲအောင် အကန့်အသတ်နဲ့ ထိန်းနိင်ဖို့က အရေးကြီးပါတယ်။
🥃အရက်အနည်းငယ်မျှ သောက်သုံးခြင်းလို့ဆိုရာမှာ
👉🏻အမျိုးသား အတွက်ဆိုရင် တစ်ပါတ်ကို အများဆုံး ၁၄ ခွက် နဲ့ တစ်ရက် ကို ၂ ခွက်ထက်မပိုစေဘဲ
👉🏻အမျိုးသမီး ဆိုရင် တစ်ပါတ်ကို အများဆုံး ၇ ခွက်၊ တစ်ရက် ကို ၁ ခွက်ထက်မပိုစေရန်အကြံပြုထားပါတယ်။
🥃အရက် ကို အကန့်အသတ်နဲ့ ထိန်းသောက်ဖို့ဘယ်နည်းလမ်းတွေအသုံးပြုမလဲ❓
👉🏻 အပါတ်စဉ် plan ဆွဲထားပါ။ဥပမာ- ၁ပါတ်ကို ၁ ရက် သင့်တင့်မျှတတဲ့ ပမာဏသောက်ပါ။
👉🏻 Alcohol ပြင်းအားများတဲ့ whiskey, Vodka နေရာမှာ ပျော့တဲ့ Wine တို့ beer တို့နဲ့ အစားထိုးသောက်သုံးပါ။
👉🏻 လူမှုပေါင်းသင်းဆက်ဆံရေး အရအပြင်မှာတွေ့ဆုံတိုင်း အရက်သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။
👉🏻 အရက်သောက်သုံးရာတွင်အသုံးပြုရမဲ့ ပိုက်ဆံ ပမာဏကို သတ်မှတ်ထားပါ။
👉🏻 စိတ်ဖိစီးမှုရှိတိုင်း၊ စိတ်ညစ်တိုင်း စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ အရက်သောက်သုံးခြင်းမှရှောင်ကြဉ်ပြီး တစ်ခြား လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်၊ စာဖတ်တာပဲဖြစ်ဖြစ်နဲ့ အစားထိုးပါ။
🍺အရက်မသောက်ခြင်းဟာ ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင် အကောင်းဆုံးဖြစ်ပါတယ်။အရက်သောက်သုံးနေတဲ့သူများဟာလည်း အရက်ကို လျှော့သောက်ခြင်းဟာ ကျန်းမာရေးကို မြှင့်တင်ရန် အမှန်တကယ်ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ပါတယ်။


What are micronutrients❓🔹ကျနော်တို့နေ့စဉ်စားသုံးနေတဲ့အစားအစာတွေမှာ Macronutrients နှင့် Micronutrients များပါရှိပြီး ခန္...
19/03/2022

What are micronutrients❓
🔹ကျနော်တို့နေ့စဉ်စားသုံးနေတဲ့အစားအစာတွေမှာ Macronutrients နှင့် Micronutrients များပါရှိပြီး ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်သောအာဟာရများဖြစ်ကြပါတယ်။
🔹ခန္ဓာကိုယ် ကို စွမ်းအင်ထောက်ပံ့ပေးသော ကာဗိုဟိုက်ဒြိတ်၊ ပရိုတင်းနဲ့ အဆီ ဓာတ်များဟာ မရှိမဖြစ်လိုအပ်ချက်ပမာဏများပြားတာကြောင့် Macronutrients ဟုခေါ်ဆိုကြပြီး Micronutrient ဟူသော ဝေါဟာရကတော့ ကယ်လိုရီမပါဝင်သော အာဟာရအမျိုးအစားငယ်ဖြစ်ပြီး ဗီတာမင် (Vitamins) နှင့် သတ္တုဓာတ်များ(Minerals)ကို အထူးရည်ညွှန်းပါတယ်။Macronutrients များကဲ့သို့အရေးကြီးသော်လည်း ပမာဏအနည်းငယ်သာလိုအပ်သောကြောင့် Micronutrients ဟုခေါ်ကြခြင်းဖြစ်ပါတယ်။
🔹ဗီတာမင်နှင့် သတ္တုဓာတ်များသည် ခန္ဓာကိုယ်အတွင်းရှိ ဇီဝဖြစ်စဉ်များအတွက်မရှိမဖြစ်လိုအပ်သလို ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှု၊ ရောဂါကာကွယ်မှုနဲ့ ကျန်းမာသန်စွမ်းမှုအတွက် လည်းလိုအပ်ပါတယ်။
🔹ဗီတာမင်များဟာ အပင်နှင့် တိရစ္ဆာန်များမှ ထုတ်လုပ်သော အော်ဂဲနစ်ဒြပ်စင်ဖြစ်ပြီး ခန္ဓာကိုယ်ဆဲလ်များရဲ့ဇီဝရုပ်ဖြစ်ပျက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ပါတယ်။ အဆီတွင် ပျော်ဝင်နိုင်သော ဗီတာမင်နဲ့ ရေတွင် ပျော်ဝင်နိင်သော် ဗီတာမင်ဆိုပြီး အမျိုးအစား ၂ မျိုးရှိပါတယ်။
1️⃣ဗီတာမင် A၊ D၊ E နဲ့ K တို့ ဟာ အဆီတွင်ပျော်ဝင်နိင်သောဗီတာမင်များဖြစ်ကြပြီးပုံမှန်အားဖြင့် စားလိုက်သောအစားအစာတွင်အဆီနဲ့အတူ ပိုမိုလွယ်ကူစွာ ခန္ဓာကိုယ်ကစုပ်ယူနိုင်ပါတယ်။ လိုအပ်ချိန်တွင်ထုတ်ယူသုံးစွဲနိင်ရန် အသည်းနဲ့ အဆီတစ်ရှူးများတွင် အချိန်ကြာမြင့်စွာသိမ်းဆည်းထားနိင်ပါတယ်။
2️⃣ ရေတွင်ပျော်ဝင်နိုင်သော ဗီတာမင် B နဲ့ ဗီတာမင် C တို့ဟာ ရေမှာပျော်ဝင်တာကြောင့် ခန္ဓာကိုယ်က လိုသလောက်သာ စုပ်ယူပြီး ဆီးအဖြစ်နဲ့ ပြင်ပကိုပြန်လည်စွန့်ထုတ်ပါတယ်။ ဒါကြောင့် ရေတွင်ပျော်ဝင်နိုင်သော ဗီတာမင်များကို ပုံမှန်သောက်သုံးရန် အရေးကြီးပါတယ်။
🔹သတ္တုဓာတ်များ(Minerals)ဟာ မြေဆီလွှာနဲ့ ရေတွင် တွေ့ရှိရသော ဓာတုဒြပ်စင်များဖြစ်ပြီး သက်ရှိသတ္တဝါများမှ ထုတ်လုပ်နိင်ခြင်းမရှိပါ။ သတ္တုဓာတ်များကိုလည်း Macro-minerals နဲ့ Micro-minerals ဆိုပြီး ၂ မျိုးခွဲထားပါတယ်။ 1️⃣Macro- minerals
Calcium, Phosphorus, Magnesium, Sodium, Chloride, Potassium, Sulphur
2️⃣Micro-minerals
Iron, Zinc, Copper, Manganese, Selenium, Chromium, Iodine, Molybdenum, Cobalt
🔹Micronutrients တစ်ခုစီဟာ ခန္ဓာကိုယ်အတွက် အရေးကြီးပြီး မတူညီသောအခန်းကဏ္ဍမှပါဝင်နေသောကြောင့်မရှိမဖြစ်လိုအပ်ပါတယ် ။ဗီတာမင်နှင့် သတ္တုဓာတ်များ ချို့တဲ့ခြင်း ဟာ နာတာရှည် ရောဂါများ ဖြစ်ပွါးခြင်းနဲ့ ဆက်စပ်နေတာကြောင့် ဗီတာမင်နှင့် သတ္တုဓာတ်များ လုံလောက်စွာ ရရှိစေရန် အစာအာဟာရကို သင့်တင့်မျှတစွာ စားသုံးခြင်းဟာ ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ပြီး ရောဂါများမဖြစ်ပွါးအောင် ကာကွယ်ရာမှာ အရေးကြီးပါတယ်။


အနီရောင်ရှိတဲ့အသားတွေစားသုံးခြင်းဟာ ကျန်းမာရေးအတွက် သင့်တော်ပါသလား❓ 🥩အနီရောင်ရှိတဲ့ အသား(အမဲသား၊ဝက်သား၊သိုးသား)စတဲ့အသားတ...
15/03/2022

အနီရောင်ရှိတဲ့အသားတွေစားသုံးခြင်းဟာ ကျန်းမာရေးအတွက် သင့်တော်ပါသလား❓

🥩အနီရောင်ရှိတဲ့ အသား(အမဲသား၊ဝက်သား၊သိုးသား)စတဲ့အသားတွေဟာ စားသုံးနိုင်တဲ့ အာဟာရအရှိဆုံး အစားအစာများထဲမှ တစ်ခုဖြစ်ပြီး ဗီတာမင်၊ သတ္တုဓာတ်၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ အခြားသော အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးကို ကောင်းစွာ အကျိုးသက်ရောက်စေပါတယ်။
🥩ခေတ်အဆက်ဆက်တစ်လျှောက်လုံးလူသားတွေဟာအနီရောင်အသားများကိုစားသုံးခဲ့ကြသော်လည်း အန္တရာယ်ဖြစ်စေနိုင်သည်ဟု လူအများက ယုံကြည်နေကြပါတယ်။ဘာကြောင့် အန္တရာယ်ဖြစ်စေနိင်တယ်လို့ယုံကြည်ကြရလည်းဆိုတော့ ယနေ့ခေတ်မှာ အလွန်အကျွံပြုပြင်ပြောင်းလဲထားတဲ့ တချို့အနီရောင်အသားတွေမှာ ကျန်းမာရေးကိုထိခိုက်ပြီး ရောဂါဖြစ်စေမဲ့ တာရှည်ခံဆေးတွေ၊ ဓာတုပစ္စည်းတွေပါဝင်လာတာကြောင့်မို့လို့ဖြစ်ပါတယ်။
🥩 အနီရောင်ရှိတဲ့အသားစားသုံးခြင်းဟာ နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိင်ခြေ ကိုများစေပါသလား❓
✅တချို့အနီရောင်အသားတွေမှာ ပြည့်ဝဆီပါဝင်မှု များပြားတာကြောင့်သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကိုတက်စေပါတယ်။ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော တက်ခြင်းဟာ နှလုံးရောဂါ၊ သွေးကြောကျဉ်းရောဂါနဲ့ သွေးတိုးရောဂါတွေကိုဖြစ်နိင်ခြေများစေပါတယ်။
✅ကင်ဆာဖြစ်စေနိင်တဲ့ ဓာတုပစ္စည်း တွေနဲ့ Heme Iron လို့ ခေါ်တဲ့ Iron တစ်မျိုး ဆဲလ်တွေကိုပျက်စီးစေနိင်တဲ့အတွက် အထူးသဖြင့် အူမကြီး ကင်ဆာဖြစ်နိင်ခြေများစေပါတယ်။
🥩ဝက်သားဟာ အနီရောင်ရှိတဲ့အသားဟုတ်ပါသလား❓
✅ဝက်သားမှာ ကြက်သား၊ ငါးတွေထက် အနီရောင်ပိုဖြစ်စေမဲ့ Myoglobin လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုး ပိုမိုပါဝင်တာကြောင့် ဝက်သားဟာ အနီရောင်အသားဖြစ်ပါတယ်။
🥩အနီရောင်အသားဘယ်လောက်စားသင့်လဲ❓
✅ ၁ ရက် ကိုလက်နှစ်လုံးစာ အတုံး ၂ တုံးနဲ့ တပါတ်ကို အများဆုံး ၂ ရက်သာစားသုံးသင့်တယ်လို့ World Cancer Research Fund က အကြံပြုထားပါတယ်။
🥩ပြုပြင်ထားတဲ့ အသင့်စားအသားတွေ ဥပမာ-ဝက်ဥချောင်း၊ အသားပြား၊ အသားချောင်း၊ အသားလုံး တွေစားသုံးခြင်းမှလုံးဝရှောင်ကြဉ်ရမှာဖြစ်ပြီး အခြား အသား၊ ငါး၊ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများကို မျှတစွာ စားသုံးမယ်ဆိုရင် ခန္ဓာကိုယ်ကျန်းမာပြီး ရောဂါများဖြစ်ခြင်းမှ လျော့ချနိင်မှာဖြစ်ပါတယ်။


ဘာကြောင့် ရေဓာတ် အလုံအလောက်ဖြည့်တင်းဖို့လိုတာလဲ❓💧ကျနော်တို့ အသက်ရှင်ကျန်းမာဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေမှာ ရေဓာတ်ကလည်း တစ...
11/03/2022

ဘာကြောင့် ရေဓာတ် အလုံအလောက်ဖြည့်တင်းဖို့လိုတာလဲ❓

💧ကျနော်တို့ အသက်ရှင်ကျန်းမာဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေမှာ ရေဓာတ်ကလည်း တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းများနဲ့ စနစ်တိုင်း ကောင်းမွန်စွာလုပ်ဆောင်နိုင်ရန် ရေဓာတ် လိုအပ်ပါတယ်။
💧ခန္ဓာကိုယ်မှာ ရေဟာ ၆၀-၇၀% ခန့်ပါဝင်ပါတယ်။ရေအသက် တစ်မနက်ဆိုသလို ရေဓာတ်ခမ်းခြောက်ပါက ကျန်းမာရေးကိုထိခိုက်နိင်ပါတယ်။ဒါကြောင့် ရေဓာတ်ဟာ နေ့စဉ်လိုအပ်တဲ့ မရှိမဖြစ်အာဟာတစ်ခုဖြစ်ပါတယ်။
💧တစ်နေ့ကို ရေဘယ်လောက်သောက်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး မတူညီတဲ့အမြင်တွေ အများကြီးရှိပါတယ်။ ကျန်းမာရေး ကျွမ်းကျင်သူများက ၈ အောင်စ ဖန်ခွက် ၈ ခွက် သို့မဟုတ် ၂ လီတာ သောက်ရန် အကြံပြုလေ့ရှိပါတယ်။ ဒါ့အပြင် နေ့စဉ်စားသုံးတဲ့ အစားအစာ၊ အသီးအရွက်များမှလည်း ရေဓာတ်ကို ၂၀ % ခန့် ရရှိနိင်ပါတယ်။
💧ခန္ဓာကိုယ်မှာ ရေလိုရင် ဦးနှောက်က ရေဆာတဲ့ ဆန္ဒ ဖြစ်ပေါ်စေလို့ ရေသောက်ခြင်းဖြင့် ရေဓာတ်ဖြည့်ပေးရမှာဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ ကျောက်ကပ်တစ်စုံကောင်းနေသမျှ ခန္ဓာကိုယ်ထဲမှာ ရေပိုသွားတယ်ဆိုတာ အရမ်းရှားပါတယ်။
💧ရေများများသောက်ရင် ခန္ဓာကိုယ်မှာ ရှိတဲ့ အန္တရာယ်ဖြစ်စေမဲ့ ပစ္စည်းတွေကို ဆီးနဲ့အတူစွန့်ပစ်တာကြောင့် ရေများများသောက်ခြင်းဟာ အသက်ရှည် ကျန်းမာခြင်းရဲ့လာဘ်ကြီးတစ်ပါးလို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်။
💧ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကိုတော့ အောက်က ပုံလေးမှာ တစ်ချက်ခြင်းဖတ်ကြည့်ပေးပါအုံး။


✅သိထားသင့်တဲ့ Glycemic Index အကြောင်း🔸Glycemic Index ဆိုတာ အစားအစာတစ်ခုစားလိုက်ရင် သွေးထဲမှာ ဂလူးကို့စ် (Glucose) ဘယ်လော...
07/03/2022

✅သိထားသင့်တဲ့ Glycemic Index အကြောင်း

🔸Glycemic Index ဆိုတာ အစားအစာတစ်ခုစားလိုက်ရင် သွေးထဲမှာ ဂလူးကို့စ် (Glucose) ဘယ်လောက်တက်သွားလဲဆိုတာပြတဲ့ အတိုင်းအတာတစ်ခုဖြစ်ပါတယ်။
🔸ကာဗိုဟိုက်ဒြိတ်ပါတဲ့အစားအစာတွေကိုတိုင်း တာဖြစ်ပြီး အသားနဲ့ အဆီကတော့ သွေးတွင်း ဂလူးကို့စ် (Glucose) ကို ပြောပါ့လောက်အောင်မတက်တာမို့လို့ ထည့်မတွက်ပါဘူး။
🔸Glycemic Index နည်းတဲ့ အညိုရောင် ဆန် (Brown Rice) လိုမျိုး Whole Grain ဟာ အစာခြေဖျက်နှုန်း ရောသွေးတွင်းဂလူးကို့စ် (Glucose) တက်တာရောနှေးစေပြီး အချိုရည်နဲ့ ပေါင်မုန့်လို Glycemic Index များတဲ့အစားအစာကျတော့ အစာခြေဖျက်နှုန်းလည်းမြန် သွေးတွင်းဂလူးကို့စ်တက်တာလည်းမြန်မြန်ဖြစ်စေပါတယ်။
🔸သွေးတွင်း ဂလူးကို့စ် တက်လာတာနဲ့ အမျှ ခန္ဓာကိုယ်ကနေ ထိန်းညှိပေးဖို့ အင်ဆူလင်(Insulin) လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကိုထုတ်ပေးရပါတယ်။ သွေးတွင်းဂလူးကို့စ်မြန်မြန်တက်လေ အင်ဆူလင် များများထုတ်ပေးရလေဖြစ်ပါတယ်။
🔸Glycemic Index များတဲ့ အစားအစာတွေဟာ သွေးတွင်း ဂလူးကို့စ်မြန်မြန်တက်သလိုပြန်ကျတာလဲမြန်တဲ့အတွက် ဗိုက်အဆာမြန်ပြီးစားသောက်မှုလွန်ကဲခြေရှိပါတယ်။
❗️Glycemic Index နည်းတဲ့ အစားအစာတွေဟာကျန်းမာရေးနဲ့ ပိုညီညွတ်ပါသလား❓
✅Glycemic Index များတဲ့ အစားအစာတွေဟာ ကျန်းမာရေးနဲ့ မညီညွတ်သလို Glycemic Index နည်းတဲ့ အစာ အားလုံးဟာလဲကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ပြောလို့မရနိင်ပါဘူး။ ဥပမာ- ဖရဲသီးဟာ ချောကလက် ကိတ်ထပ် Glycemic Index ပိုနည်းပါတယ်။
✅ဒါ့အပြင် အသားဓာတ်နဲ့ အဆီဓာတ်ပါတဲ့ အစားအစာတွေဟာ ခန္ဓာကိုယ်ကနေ ကာဗိုဟိုက်ဒြိတ်စုပ်ယူတာနှေးတာမို့လို့ Glycemic Index နည်းပါတယ်။ ဥပမာ- အာလူးကြော် ဟာ ဆီမပါဘဲချက်ထားတဲ့ အာလူးထက် Glycemic Index နည်းတာတွေ့ရပါတယ်
✅Glycemic Index နည်းတဲ့ အစားအစာတွေပဲစားခြင်းဟာ ကျန်းမာရေးကို အထောက်အကူမပြုနိင်ပါဘူး။
❗️Glycemic Index နည်းတဲ့အစားအစာတွေဟာခန္ဓာကိုယ်အလေးချိန်ကျဖို့ကူညီပေးနိင်ပါသလား❓
✅Glycemic Index နည်းတဲ့ အစားအစာတွေဟာ သွေးတွင်းဂလူးကို့စ် တက်တာနှေးတဲ့အပြင် ပြန်ကျရင်လဲ နှေးတဲ့အတွက်ကြောင့် အချိန်ကြာကြာအဆာခံနိင်အောင်ကူညီပေးနိင်ပါတယ်။
✅အစာစားချင်စိတ်ကို ထိန်းချုပ်ရန် ကူညီပေးနိုင်ပေးနိင်တာကြောင့် ကိုယ်အလေးချိန်လျှော့ချရန် ကြိုးစားနေပါက အသုံးဝင်နိုင်ပါတယ်။
✅ အပေါ်မှာ ပြောခဲ့သလို ပဲ Glycemic Index နည်းတဲ့ အစားအစာအားလုံးဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ပြောလို့မရနိင်ကြောင့် Glycemic Index တစ်ခုတည်းနဲ့ ဆုံးဖြတ်ခြင်းဟာ ယုံကြည်စိတ်ချရသော နည်းလမ်းမဟုတ်ပါ။
❗️ဆီးချိုရောဂါရှိသူများ Glycemic Index အကြောင်း သိထားသင့်ပါသလား❓
✅Glycemic Index နည်းတဲ့ အစားအစာတွေဟာ သွေးတွင်း ဂလူးကို့စ် ကိုထိန်းပေးနိင်တာကြောင့် ဆီးချိုရောဂါရှိသူများအနေဖြင့် သိထားရန်လိုအပ်ပါတယ်။
✅သို့မှသာ ဘယ်အစားအစာတွေက သွေးတွင်းဂလူးကို့စ်တက်စေလည်းဆိုတာသိပြီး အစားအစာတွေကိုမှန်ကန်စွာရွေးချယ်စားသောက်နိင်မှာဖြစ်ပါတယ်။

Photos credit-Internet

နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေမှာ Trans fat ပါနေတယ်ဆိုသင်သိပါသလား‼️Trans fat ဆိုတာမြန်မာလိုဖွင့်ဆိုရင်တော့ အသွင်ပြောင်းဆီ...
04/03/2022

နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေမှာ Trans fat ပါနေတယ်ဆိုသင်သိပါသလား‼️
Trans fat ဆိုတာမြန်မာလိုဖွင့်ဆိုရင်တော့ အသွင်ပြောင်းဆီ လို့ အဓိပ္ပါယ်ရပါတယ်။

📝အာဟာရ အုပ်စု (၃) ခုတွင်တခုအပါအဝင်ဖြစ်သော အဆီ ဟာ လူသားတို့၏ခန္ဓာကိုယ်တွင် အရေးကြီးသော အခန်းကဏ္ဍများတွင်ပါဝင်ဆောင်ရွက်နေသော်လည်း တန်ဆေးလွန်ဘေး ကဲ့သို့ စနစ်တကျမစားသုံးဘဲ များများစားသုံးမိလျှင် အဝလွန်ခြင်းနှင့် နောက်ဆက်တွဲရောဂါများဖြစ်ပေါ်နိင်ပါတယ်။
❇️စားသုံးနေတဲ့အဆီတွေကို ပြည့်ဝဆီ(saturated fat)၊မပြည့်ဝဆီ(unsaturated fat)၊ trans fat ( အသွင်ပြောင်းဆီ) ဆိုပြီးခွဲထားပါတယ်။
❇️ပြည့်ဝဆီ (saturated fat)မှာပါဝင်သော fatty acid ဟာ hydrogen molecules များနှင့်အချင်းချင်းသိပ်သည်းစွာနီးကပ်နေကျသဖြင့် အခန်းအပူချိန်မှာပင် အစိုင်အခဲအဖြစ်တည်ရှိနေနိင်ပါတယ်။ ဥပမာအားဖြင့် တိရစ္ဆာန်အဆီ၊ ထောပတ်(Butter),နို့(Milk)။
❇️မပြည့်ဝဆီ(unsaturated fat) ကတော့ ၄င်းတွေပါဝင်သော molecules များအချင်းချင်း သိပ်သည်းစွာကပ်ထားခြင်းမရှိသောကြောင့်အများစုဟာ အခန်းအပူချိန်မှာ အရည် အဖြစ်တည်ရှိပါတယ်။
❇️omega 3 fatty acid ဟာ ကျွန်ုပ်တို့၏ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပြီး ခန္ဓာကိုယ်မှ မထုတ်ပေးနိင်တဲ့အတွက် ငါးများ၊အစေ့အစံများ၊ဟင်းသီးဟင်းရွက်ဆီများပါဝင်သောအစားအစာများမှတစ်ဆင့် စားသုံးရန် လိုအပ်ပါတယ်။
❇️သဘာဝအတိုင်းတွေ့ရသော သံလွင်ဆီ၊ အခွံမာအသီး နှင့် ထောပါတ်သီး တို့တွင်လည်းမပြည့်ဝဆီများပါဝင်ပါတယ်။
❇️လူတို့ဖန်တီးပြုလုပ်ထားသော အသင့်စားအစားအစာများ၊ စားအုံးဆီကဲ့သို့အဆီများ၊ ထပ်ခါ ထပ်ခါပြန်ကြော်ထားအဆီ နှင့် ထိုအဆီနဲ့ ပြန်ကြော်ထားသောအဆီများဟာ trans fat ဟု အဓိပ္ပါယ်ရသော အသွင်ပြောင်းဆီများဖြစ်ကြပါတယ်။
❇️အသွင်ပြောင်းဆီ (trans fat)ဟာ ခန္ဓာကိုယ်ထဲရှိ ကောင်းတဲ့ ကိုလက်စထရော HDL ကို ကျစေတဲ့အပြင် မကောင်းတဲ့ ကိုလက်စထရော LDL ကိုပါတက်လာစေသောကြောင့်နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ သွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ အပြင် လေဖြတ်လေငန်းရောဂါအထိဖြစ်စေနိင်ပါတယ်။
❇️ပြည့်ဝဆီ (saturated fat)ကတော့ မကောင်းတဲ့ ကိုလက်စထရော LDLကိုသာတက်စေပြီး ကောင်းတဲ့ ကိုလက်စထရော HDL ကိုတော့ကျစေခြင်းမရှိတာကြောင့် သင့်တင့်မျှတအောင်စားသုံးနိင်ပါတယ်။
❇️Trans fat ကိုဘယ်လိုရှောင်ရှားကြမလဲ❔
🔹ဆီကြော်မုန့်များအလွန်အကျွန်စားသုံးခြင်းမှရှောင်ရှားပါ။
🔹အသင့်စားအစားအစာများစားသုံးခြင်းအားလျော့ချပါ။
🔹Super market များတွေ ရှိသောအသင့်စားအစားအစာများ၏ အာဟာရတန်ဖိုးပြဇယား ( Nutrition label) ကိုဖတ်ကြည့်ပါ။ trans fat ပါဝင်မှု ပမာဏများနေလျှင်မစားသင့်ပါ။ trans fat ပါဝင်မှု ပမာဏ 0 gram ဟုရေးထားရင်တောင် တတ်နိင်သလောက် စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

❇️နောက်ဆုံးအနေနဲ့ကျန်းမာတဲ့စားသုံးမှုအလေ့အကျင့်ရအောင်-
🔹 မပြည့်ဝဆီ (unsaturated fat)ကို စိတ်ချယုံကြည်စွာစားသုံးပါ။
🔹ပြည့်ဝဆီ (saturated fat)စားသုံးမှုကို ကန့်သတ်ပါ။
🔹အသွင်ပြောင်းဆီ (trans fat)ကိုတော့ လုံးဝ စားသုံးခြင်းမှ ရှောင်ရှားပါ။


Fiber လို့ ခေါ်တဲ့ အမျှင်ဓာတ်အကြောင်း 📌အမျှင်ဓာတ်ဟာ ကာဗိုဟိုက်ဒြိတ်တစ်မျိုးဖြစ်ပြီး အစားအသောက်တစ်ခုရဲ့အရေးကြီးသော အစိတ်အ...
28/02/2022

Fiber လို့ ခေါ်တဲ့ အမျှင်ဓာတ်အကြောင်း

📌အမျှင်ဓာတ်ဟာ ကာဗိုဟိုက်ဒြိတ်တစ်မျိုးဖြစ်ပြီး အစားအသောက်တစ်ခုရဲ့အရေးကြီးသော အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ အမျှင်ဓာတ်ကို soluble fiber(ရေမှာပျော်ဝင်နိင်သောအမျှင်ဓာတ်) နဲ့ insoluble fiber(ရေမှာမပျော်ဝင်နိင်သောအမျှင်ဓာတ်) ဆိုပြီး ၂ မျိုးခွဲခြားနိင်ပါတယ်။
📌 အမျှင်ဓာတ်များသော အစားအစာများစားသုံးခြင်းဟာ ဝမ်းမှန်၊ ဝမ်းပျော့စေပြီး အူလမ်းကြောင်းကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ခြင်းစသော အကျိုးကျေးဇူးများရရှိနိင်ပါတယ်။
📌 အစေ့အဆန်များ၊ သစ်သိီးများနဲ့ အသီးအရွက်များဟာ အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများဖြစ်ပါတယ်။
📌အမျှင်ဓာတ်ပါဝင်တဲ့အစားအစာတွေရဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေကိုတော့ အောက်ကပုံမှာ ဆက်လက်ကြည့်ရှုနိင်ပါတယ်။


အဆီစားပေးပါ❗️----------------🔹အဆီလို့ပြောလိုက်တာနဲ့ လူတော်တော်များများက ဆီကြော်မုန့်နဲ့ ဗိုက်ခေါက်ကအဆီကိုပဲပြေးမြင်မိကြမ...
23/02/2022

အဆီစားပေးပါ❗️
----------------

🔹အဆီလို့ပြောလိုက်တာနဲ့ လူတော်တော်များများက ဆီကြော်မုန့်နဲ့ ဗိုက်ခေါက်ကအဆီကိုပဲပြေးမြင်မိကြမှာပါ။တကယ်တော့အဆီဓာတ်ဟာ ဦးနှောက်နဲ့အာရုံကြော အဖွဲ့အစည်းများကိုကူညီပံ့ပိုးစောင့်ရှောက်ပေးဖို့လိုအပ်ပါတယ်။
🔹The American Heart Association(AHA) က လူတစ်ဦးအတွက် တစ်ရက်တာလိုအပ်တဲ့ စွမ်းအင်ပမာဏရဲ့ ၂၀% မှ ၃၅% ကိုအဆီဓာတ်မှရယူသုံးစွဲဖို့အကြံပြုထားပါတယ်။
🔹အဆီဓာတ်ရဲ့အကျိုးကျေးဇူးတွေကတော့
1️⃣ အသက်ရှင်သန်ရန်နဲ့ သွားလာလှုပ်ရှားရန်စွမ်းအင်ကိုပေးခြင်း
2️⃣ စွမ်းအင်ကိုသိုလှောင်နိင်ခြင်း
3️⃣ ခန္ဓာကိုယ် ဆဲလ်(Cells) များတည်ဆောက်ရာတွင်လိုအပ်ခြင်း
4️⃣ အဆီတွင်ပျော်ဝင်နိင်သော ဗီတာမင် အေ၊ဒီ၊အီး၊ကေ များရရှိနိင်ရန်လိုအပ်ခြင်း
5️⃣ ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားမှု အတွက်အဓိကလိုအပ်သော ပရိုတင်း(Protein)ရဲ့လုပ်ငန်းကို ကူညီပေးနိင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိနိင်ပါတယ်။
🔹တိရစ္ဆာန် အဆီ၊ စားအုန်းဆီ၊ ထောပတ်(butter) ကဲ့သို့ ပြည့်ဝဆီ (Saturated Fat) များစာသုံးခြင်းကို လျှော့ချပြီး မပြည့်ဝဆီ(Unsaturated Fat) ပါဝင်တဲ့ မြေပဲဆီ၊ သံလွင်ဆီ၊နေကြာဆီ၊ထောပါတ်သီး စတဲ့ ကျန်းမာရေးနဲ့ညီညွတ်သော အဆီများကို အစားထိုးသုံးစွဲခြင်းဟာကျန်းမာရေးအတွက်ပိုမိုအထောက်အကူပြုပေးနိင်မှာဖြစ်ပါတယ်။


Covid ကာလမှာ ကိုယ်ခံအားပြည့်ဝအောင်ဘာတွေစားသုံးသင့်လဲ❓🔹အာဟာရဟာ လူတစ်ဦးရဲ့ ကိုယ်ခံအားစနစ်ကို ပံ့ပိုးပေးရာမှာ အမြဲပါဝင်နေပါ...
19/02/2022

Covid ကာလမှာ ကိုယ်ခံအားပြည့်ဝအောင်ဘာတွေစားသုံးသင့်လဲ❓

🔹အာဟာရဟာ လူတစ်ဦးရဲ့ ကိုယ်ခံအားစနစ်ကို ပံ့ပိုးပေးရာမှာ အမြဲပါဝင်နေပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုဟာ Covid ရောဂါဖြစ်ပွါးခြင်းနဲ့ ရောဂါ လက္ခဏာတွေကို တိုက်ရိုက် လျော့ချပေးနိုင်တဲ့ ခိုင်လုံတဲ့ အထောက်အထား မရှိသေးသောလည်း ကျန်းမာစွာစားသောက်ခြင်းနဲ့ မျှတသော ကိုယ်ခံအားစနစ်၊ အားကောင်းသော ကိုယ်ခံအားစနစ်ရှိခြင်းတို့ကရောဂါကို တိုက်ဖျက်ရာတွင် အထောက်အကူဖြစ်စေသော ခိုင်မာတဲ့ ဆက်စပ်မှုတော့ရှိပါတယ်။
🔹ကိုယ်ခံအားစနစ်အားကောင်းအောင်ဘာတွေစားမလဲ❓
1️⃣ဗီတာမင် စီ ကြွယ်ဝသောအစားအစာများ
ဗီတာမင် စီ ဟာ ခုခံအားစနစ်ကို ပျက်စီးစေသော အန္တရာယ်ရှိတဲ့ မော်လီကျူးများကို တိုက်ခိုက်သည့် antioxidant ဖြစ်ပြီးကိုယ်ခံအားစနစ် ကို မြှင့်တင်ပေးနိုင်သော ဓာတ်တမျိုးဖြစ်ပါတယ်။
ဥပမာ အချဉ်ဓာတ်ပါသောအသီးများ🍋🍏၊ ကီဝီ🥝၊ broccoli 🥦 ၊ strawberries 🍓 စတဲ့ အစားအစာများ
2️⃣ဗီတာမင် အီး ကြွယ်ဝသောအစားအစာများ
ဗီတာမင် အီး ဟာ ဗီတာမင် စီ ကဲ့သို့ ခုခံအားစနစ်ကို ပျက်စီးစေသော အန္တရာယ်ရှိတဲ့ မော်လီကျူးများကို တိုက်ခိုက်သည့် antioxidant တစ်မျိုးဖြစ်ပါတယ်။
ဥပမာ မြေပဲ🥜၊ ထောပါတ်သီး 🥑 နဲ့ ဟင်းနုနွယ် အစရှိတဲ့ အစားအစာများ
3️⃣ဇင့်ဓာတ်ကြွယ်ဝသောအစားအစာများ
ဇင့်ဟာ ကိုယ်ခံအားစနစ်ရဲ့ ဆဲလ်အမျိုးမျိုးတည်ဆောက်ရာမှာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ဇင့်ဓာတ်ချို့တဲ့သူတွေဟာ ရောဂါများ ကူးစက်နိုင်ခြေ ပိုများတယ်လို့ သုတေသနပြုချက်တွေအရ သိရပါတယ်။
ဥပမာ အသားငါး🍗🦪🥩၊ ပဲအမျိုးမျိုး နဲ့ ဟင်းသီးဟင်းရွက်များ🥗
4️⃣ဗီတာမင် အေ ကြွယ်ဝသောအစားအစာများ
ဗီတာမင် အေဟာ ခုခံအားစနစ်ကို အထောက်အကူပြုသောဓာတ်ဖြစ်ပြီး antioxidant တစ်မျိုးလဲဖြစ်ပါတယ်။
ဥပမာ ကန်စွန်းဥ🍠၊ မုန်လာဥနီ🥕၊ သင်္ဘောသီး
4️⃣အသားဓာတ်ကြွယ်ဝသောအစားအစာများ
ကိုယ်ခံအားစနစ်ရဲ့ဆဲလ်များ အလုပ်လုပ်ဆောင်ရန် ပရိုတင်းကို မှီခိုအားကိုးရသလို ကိုယ်ခံအားစနစ်နဲ့ ခန္ဓာကိုယ်အား ကျန်းမာသန်စွမ်းအပြီး အလုပ်လုပ်နိုင်စေရန်အတွက် အသားဓာတ်ပမာဏကို လိုလောက်အောင် ထိန်းသိမ်းရန် အရေးကြီးပါတယ်။
ဥပမာ အသားငါး🥩🍖၊ ကြက်ဥ🥚 နဲ့ ပဲအမျိုးမျိုး
🔹အပေါ်မှာဖော်ပြထားတဲ့ ကိုယ်ခံအားစနစ်မြှင့်တင်ပေးနိင်သောအစားအစာများအပြင် အဓိကအာဟာရ ၃ မျိုးကို ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာစားသုံးမယ်၊ junk foods များ၊ အသင့်စား အစားအစာများစားခြင်းမှ လည်းရှောင်ကြဉ်မယ် ဆိုရင် ရောဂါများ တိုက်ထုတ်ရာမှာ အထောက်အကူပြုမှာဖြစ်ပါတယ်။
🔹နောက်ဆုံးအရေးကြီးဆုံးကတော့ ဘယ်သွားသွား mask 😷 တပ်ပါ၊ လူစုလူဝေးနေရာများသွားခြင်းမှ ရှောင်ပါ၊ လက် ဆေးပါ၊ တစ်ဦးနဲ့ တစ်ဦး ခပ်ခွါခွါနေပါ၊ အိပ်ရေးဝအောင်အိပ်ပါ၊ ရေများများသောက်ပါ၊ ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပါ၊ ဝိတ်ချနေသူများလဲ ကျန်းမာစွာဝိတ်ချပါ။


Protein(အသားဓာတ်)ကခန္ဓာကိုယ်အတွက်ဘာတွေဆောင်ရွက်ပေးလဲ❓✅အသားဓာတ်လို့ခပ်လွယ်လွယ်ခေါ်ကြတဲ့ Protein ဟာ အသားငါး၊ ဥအမျိုးမျိုး၊...
16/02/2022

Protein(အသားဓာတ်)ကခန္ဓာကိုယ်အတွက်ဘာတွေဆောင်ရွက်ပေးလဲ❓

✅အသားဓာတ်လို့ခပ်လွယ်လွယ်ခေါ်ကြတဲ့ Protein ဟာ အသားငါး၊ ဥအမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်းများ(Animal Based Protein)မှသာ ရရှိနိင်တာမဟုတ်ဘဲ အသီးအနှံများနဲ့ ပဲအမျိုးမျိုး(Plant Based Protein)ကလည်းရရှိနိင်ပါတယ်။
✅Protein(အသားဓာတ်)ကို Amino Acid အမျိုးပေါင်း ၂၀ နဲ့ ဖွဲ့စည်းထားကာ Essential Amino Acid နဲ့ Non Essential Amino Acid ဆိုပြီး Amino Acid ကို ၂ မျိုးခွဲထားပါတယ်။
✅Essential Amino Acid ဆိုတာကတော့ ခန္ဓာကိုယ်အတွင်းမှ ကိုယ်တိုင်ထုတ်လုပ်နိင်စွမ်းမရှိတာကြောင့် ပြင်ပ အစားအစာများမှသာရရှိနိင်မှာဖြစ်ပါတယ်။
✅ဒုတိယအမျိုးအစား Non Essential Amino Acid ကတော့ ခန္ဓာကိုယ်အတွင်းမှာတည်ဆောက်နိင်စွမ်းရှိကြပါတယ်။
✅Protein (အသားဓာတ်) ဟာ ခန္ဓာကိုယ်အတွက်အရေးကြီးသော လုပ်ငန်း များကို ပြုလုပ်ပေးလျက်ရှိပါတယ်။ ဘာတွေဆောင်ရွက်ပေးလဲဆိုတာ အောက်က ပုံမှာ ကြည့်ရှုပေးပါ။


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Eat to be fit by Dr.Zaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Eat to be fit by Dr.Zaw:

Share