Dr. Yin

Dr. Yin Contact me today and let me help you start your journey to parenthood.

သားသမီးရတနာ လိုချင်သူများအတွက် — ကျွန်မရဲ့ အတွေ့အကြုံနဲ့အတူ အကောင်းဆုံးလမ်းကြောင်းကို ရွေးချယ်ပေးဖို့ အသင့်ပါပဲရှင် 💖​သာ...
01/06/2026

သားသမီးရတနာ လိုချင်သူများအတွက် — ကျွန်မရဲ့ အတွေ့အကြုံနဲ့အတူ အကောင်းဆုံးလမ်းကြောင်းကို ရွေးချယ်ပေးဖို့ အသင့်ပါပဲရှင် 💖

​သားသမီးရတနာလေးရဖို့ ကြိုးစားနေတဲ့အချိန်မှာ ကိုယ့်အတွက် အသင့်တော်ဆုံးဆေးရုံနဲ့ အကောင်းဆုံးကုသမှုကို ရွေးချယ်နိုင်ဖို့ဆိုတာ အရမ်းကို အရေးကြီးပါတယ်။
​ဆရာဝန်တစ်ယောက်အနေနဲ့ရော၊ ကိုယ်တိုင်လည်း ၄ နှစ်တာ IVF ကြိုးစားခဲ့ရတဲ့ မိခင်တစ်ယောက်အနေနဲ့ပါ ဒီ IVF ခရီးစဉ်မှာ ကြုံတွေ့ရတဲ့ ခံစားချက်တွေကို ကျွန်မ အပြည့်အဝ နားလည်ပါတယ်။ ဒါကြောင့် Medical Knowledge သက်သက်တင်မဟုတ်ဘဲ ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေနဲ့ပါ ပေါင်းစပ်ပြီး IVF ခရီးလမ်းရဲ့ အဆင့်တိုင်းမှာ ဘာတွေဆောင်ရမလဲ၊ ဘာတွေရှောင်ရမလဲဆိုတာကို အသေးစိတ်ကအစ သေချာလမ်းညွှန်ပေးနိုင်ပါတယ်။

​❓ ကျွန်မတို့နဲ့ ချိတ်ဆက်ထားတဲ့ ဆေးရုံတွေက ဘာလို့ ထူးခြားတာလဲ?
IVF လုပ်တဲ့ဆေးရုံတွေ အများကြီးရှိတဲ့အထဲကမှ အောင်မြင်မှုနှုန်း အမြင့်မားဆုံးနဲ့ နည်းပညာအကောင်းဆုံးလို့ ယုံကြည်စိတ်ချရတဲ့ ထိပ်တန်းဆေးရုံတွေဖြစ်တဲ့...
🟢 Jetanin
🟢 Genea
🟢 Samitivej
🟢 CM IVF Clinic တို့နဲ့ အဓိက လက်တွဲထားတာဖြစ်ပါတယ်။

​❓ ကျွန်မတို့ဘက်က ဘယ်လိုမျိုး ကူညီပံ့ပိုးပေးမလဲ?
📍 လူနာတစ်ဦးချင်းစီရဲ့ ကျန်းမာရေးအခြေအနေနဲ့ Case အလိုက် အသေးစိတ် သေချာဆွေးနွေးပေးခြင်း။
📍 မိသားစုတစ်ခုချင်းစီအတွက် အသင့်တော်ဆုံးဖြစ်မယ့် ဆေးရုံကို အကြံပြုလမ်းညွှန်ပေးခြင်း။
📍 ခက်ခဲတဲ့အခြေအနေရှိသူတွေအတွက်ပါ အောင်မြင်မှုရရှိအောင် အဘက်ဘက်ကနေ ပံ့ပိုးပေးပြီး အဆင့်တိုင်းအတွက် သေချာလေး အကြံပေးဆွေးနွေးပေးပါတယ်။
​ဒါကြောင့် သားသမီးရတနာလေးရဖို့ ကြိုးစားတဲ့ခရီးလမ်းမှာ သင်တစ်ယောက်တည်း မဟုတ်ပါဘူးနော်။ အခက်အခဲတွေကြားကနေ အောင်မြင်မှုပန်းတိုင်ဆီကို Dr. Yin Team နဲ့အတူတူ လျှောက်လှမ်းကြရအောင်ပါရှင်။

----------------

Baby လေးတွေကို IVF နည်းပညာနဲ့ ယူဖို့ပဲဖြစ်ဖြစ်၊ အခြားကျန်းမာရေးနဲ့ပတ်သက်ပီး စစ်ဆေးကုသချင်တာပဲဖြစ်ဖြစ် Dr. Yin Team 09777046937
09961333444, 09971333444 ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

🌸
🩷

သမီးနဲ့သားလေး ကိုယ်ဝန်စရှိတယ်ဆိုတာသိတာနဲ့ အမြဲရွတ်ဖြစ်တဲ့ သားကောင်းမိခင်ဂါထာလေးပါ။ကလေးလေးတွေ လိမ္မာရေးခြားရှိတယ်ကြားဖူးလ...
30/05/2026

သမီးနဲ့သားလေး ကိုယ်ဝန်စရှိတယ်ဆိုတာသိတာနဲ့ အမြဲရွတ်ဖြစ်တဲ့ သားကောင်းမိခင်ဂါထာလေးပါ။
ကလေးလေးတွေ လိမ္မာရေးခြားရှိတယ်ကြားဖူးလို့ အမြဲဗိုက်လေးကိုကိုင်ပီး အဓိငှာန်နဲ့ ရွတ်ဖြစ်ခဲ့တာလေး ကလေးလေးတွေယူမဲ့ ဖေဖေမေမေတွေအတွက် sharing လုပ်ပေးလိုက်ပါတယ်ရှင်။

-----------

Baby လေးတွေကို IVF နည်းပညာနဲ့ ယူဖို့ပဲဖြစ်ဖြစ်၊ အခြားကျန်းမာရေးနဲ့ပတ်သက်ပီး စစ်ဆေးကုသချင်တာပဲဖြစ်ဖြစ် Dr. Yin Team 09777046937
09961333444, 09971333444 ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

🌸
🩷

ကျွန်မဆီမှာ လာရောက်ဆွေးနွေးတိုင်ပင်ပြီးနောက် အသင့်တော်ဆုံးနဲ့ အကောင်းဆုံးဖြစ်မယ့် ချင်းမိုင်က IVF ဆေးခန်းမှာ ဖန်ပြွန်သန္...
28/05/2026

ကျွန်မဆီမှာ လာရောက်ဆွေးနွေးတိုင်ပင်ပြီးနောက် အသင့်တော်ဆုံးနဲ့ အကောင်းဆုံးဖြစ်မယ့် ချင်းမိုင်က IVF ဆေးခန်းမှာ ဖန်ပြွန်သန္ဓေသားယူရင်း ပထမဆုံးအကြိမ်မှာတင် ကိုယ်ဝန်ရရှိသွားခဲ့ပါတယ်။
အခုဆိုရင် ချစ်စရာသမီးလေးကို ချင်းမိုင်မြို့က ဘန်ကောက်ဆေးရုံကြီးမှာ ချောချောမောမော မွေးဖွားနိုင်ခဲ့ပြီဆိုတဲ့ သတင်းကောင်းလေးကြားရတဲ့အပြင် အခုလို ပုံလေးတွေပါ ပို့ပေးလာတဲ့အတွက် အထူးပဲ ဝမ်းသာပီတိဖြစ်ရပါတယ်ရှင်။

-------------

Baby လေးတွေကို IVF နည်းပညာနဲ့ ယူဖို့ပဲဖြစ်ဖြစ်၊ အခြားကျန်းမာရေးနဲ့ပတ်သက်ပီး စစ်ဆေးကုသချင်တာပဲဖြစ်ဖြစ် Dr. Yin Team 09777046937
09961333444, 09971333444 ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

🌸
🩷

27/05/2026

Dust Mite Allergy ရှိတဲ့သူတွေရှိကြလားရှင်? 🤧

သဲတုန်းလေးနဲ့ သားငယ်‌ေလးနဲ့ပါ allergy ဖြစ်နေတဲ့ အိမ်တွင်းဖုန်မှုန့်မွှား (House Dust Mite) တွေကို ဘယ်လိုထိထိရောက်ရောက် ရှင်းလင်းမလဲဆိုတာ ဒီ Podcast အသစ်မှာ ပြောပြပေးထားပါတယ်။

Dust Mite Allergy ရှိတဲ့သူတွေကော ဘယ်လိုမျိုးလေးတွေ ကာကွယ်ကုသလဲဆိုတာ comment မှာ sharing လုပ်ပေးပါအံုးနော်။

- Family Talk
🌸

26/05/2026

ဖန်ပြွန်သန္ဓေသား (IVF) မပြုလုပ်ခင် ဘာတွေ ဆောင်ရရှောင်ရ ပြင်ဆင်ထားရမလဲနဲ့၊ ဘယ်လိုတွေနေထိုင်စားသောက်ရမလဲဆိုတာကို အသေးစိတ်ပြောပြထားပေးပါတယ်ရှင်။

----------

Baby လေးတွေကို IVF နည်းပညာနဲ့ ယူဖို့ပဲဖြစ်ဖြစ်၊ အခြားကျန်းမာရေးနဲ့ပတ်သက်ပီး စစ်ဆေးကုသချင်တာပဲဖြစ်ဖြစ် Dr. Yin Team 09777046937
09961333444, 09971333444 ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

🌸
🩷

IVF လုပ်မဲ့သူတွေအတွက် ကုသမှုစမခင်အချိန်ထဲကစပီး ကိုယ်ဝန်ရှိမရှိစစ်ပီးတဲ့အချိန်ထိ ဘာတွေလုပ်ရမလဲ ဘယ်အဆင့်တွေပါမလဲ အချိန်တွေ...
25/05/2026

IVF လုပ်မဲ့သူတွေအတွက် ကုသမှုစမခင်အချိန်ထဲကစပီး ကိုယ်ဝန်ရှိမရှိစစ်ပီးတဲ့အချိန်ထိ ဘာတွေလုပ်ရမလဲ ဘယ်အဆင့်တွေပါမလဲ အချိန်တွေဘယ်လောက်ကြာမလဲ ဘာတွေပြင်ဆင်ယူသွားရမလဲဆိုတဲ့ checklist တွေပါသေချာပြင်ဆင်ပီး ကိုယ်တိုင်အသေးစိတ် plan ချပီး လုပ်ထားတဲ့ treatment plan စာအုပ်လေးရပါပီ။

ကိုယ့်ဆီလာပီးတိုင်ပင်ဆွေးနွေးတဲ့ patient တိုင်းကို အဲစာအုပ်လေးတွေနဲ့ရှင်းပြပီး တခါထဲပေးလိုက်မှာပါ။

စာအုပ်လေးတွေက A6 size လေးတွေဆိုတော့ ပိုက်ဆံအိတ်ထဲ တနိုင်တပိုင်ကောင်းကောင်းထည့်လို့ဆန့်ပီး treatment လုပ်တဲ့တလျောက်လည်း ဘယ်အဆင့်ရောက်ပီဆိုတာ ကြည့်ပီးသိနိုင်မှာပါ။
-----------------------
Baby လေးတွေကို IVF နည်းပညာနဲ့ ယူဖို့ပဲဖြစ်ဖြစ်၊ အခြားကျန်းမာရေးနဲ့ပတ်သက်ပီး စစ်ဆေးကုသချင်တာပဲဖြစ်ဖြစ် Dr. Yin Team 09777046937
09961333444, 09971333444 ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

🌸
🩷

20/05/2026

ဒီနေ့ podcast ကတော့ ကျန်းမာရေးအကြောင်းမဟုတ်တဲ့ family talk လေးပါ။

အိမ်ထောင်သက် ၁၈ နှစ်က ရလာတဲ့ လျှို့ဝှက်ချက်များ

Dr Yin - Family Talk Episode 4

ကျွန်မဆီကို ဒီလထဲမှာ ကလေးလေးတွေ adenoid gland ကြီးနေလို့ ဘန်ကောက်ဘက်မှာ urgent ခွဲစိတ်ချင်လို့ဆိုပီး ရောက်လာကြတဲ့ ကလေးလေ...
20/05/2026

ကျွန်မဆီကို ဒီလထဲမှာ ကလေးလေးတွေ adenoid gland ကြီးနေလို့ ဘန်ကောက်ဘက်မှာ urgent ခွဲစိတ်ချင်လို့ဆိုပီး ရောက်လာကြတဲ့ ကလေးလေးတွေ ၅ယောက်လောက်ရှိပါတယိ။
အဓိကကတော့ ကလေးက နှာခေါင်းတွေကြာရှည်ပိတ်မယ်၊ နားပိုးဝင်မယ်၊ ညအိပ်ရင် လူကြီးတယောက်လိုဟောက်တယ်၊ ခဏခဏ လည်ချောင်းနာ ဖျားတယ်ဆိုပီး ရောက်လာကြတာပါ။
ပုံထဲက သားလေးဆိုလည်း မိဘတွေက urgent ခွဲစိတ်ချင်လို့ဆိုပီးပြောလို့ အမြန်စီစဉ်ပေးခဲ့ပါတယ်။
သားလေးက ခွဲပီးနောက်တနေ့မှာ ပုံမှန်အတိုင်း ပြန်စားသောက်နိုင်ပီး ၂ရက်အကြာမှာ လုံးဝအနာကျက်သွားပီး ပုံမှန်အတိုင်း ဖြစ်သွားလို့ ထင်ထားတာထက် ပိုပီးအရမ်းအဆင်ပြေကြောင်းပြန်ကြားရလို့ ပျော်ရွှင်ကျေနပ်ရပါတယ်ရှင်။
---------------------
Baby လေးတွေကို IVF နည်းပညာနဲ့ ယူဖို့ပဲဖြစ်ဖြစ်၊ အခြားကျန်းမာရေးနဲ့ပတ်သက်ပီး စစ်ဆေးကုသချင်တာပဲဖြစ်ဖြစ် Dr. Yin Team 09777046937
09961333444, 09971333444 ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

(ပုံလေးတွေက မိဘများဆီက ခွင့်ပြုချက်ရယူပီးမှသာ တင်ခြင်းဖြစ်ပါတယ်)

🌸
🩷

"ယောက်ျားဖောင်စီး မိန်းမမီးနေ" အသက်နဲ့ရင်းပီး မွေးလိုက်ရတဲ့ သားငယ်လေး...အခု post လေးက ကိုယ်လိုဖြစ်တဲ့ ကိုယ်နဲ့ case တူတဲ...
18/05/2026

"ယောက်ျားဖောင်စီး မိန်းမမီးနေ"
အသက်နဲ့ရင်းပီး မွေးလိုက်ရတဲ့ သားငယ်လေး...

အခု post လေးက ကိုယ်လိုဖြစ်တဲ့ ကိုယ်နဲ့ case တူတဲ့ မေမေတွေရှိခဲ့ရင်လည်း အားမငယ်ဖို့ မကြောက်ဖို့ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အကြောင်းလေးတွေကို ဗဟုသုတ အနေနဲ့ မျှဝေပေးခြင်းပါရှင်။

ပထမ သမီးလေး ၃၃၄ ကို IVF နည်းနဲ့ ၄နှစ်ကြာ ကြိုးစားခဲ့ရပါတယ်။
သားငယ်လေးကိုတော့ IVF နဲ့မဟုတ်ပဲ သဘာဝအတိုင်းရခဲ့ပေမဲ့ သူ့ကိုလည်း တော်တော်ခက်ခက်ခဲခဲနဲ့ အသက်နဲ့ရင်းပီး မွေးယူခဲ့ရတာပါ။

သားလေးကိုယ်ဝန်ရှိမှန်းစသိတော့ အဲအချိန် ဘန်ကောက်ရောက်နေတာနဲ့ပဲ သဲတုန်းလေးကို ယူပေးခဲ့တဲ့ Samitivej ဆေးရုံက Dr Boonseang နဲ့ပဲ ချက်ချင်းသွားပြခဲ့ပါတယ်။ ကိုယ်ဝန်ရှိမှနိးစသိတာက ကိုယ်ဝန် 4ပတ်မှာပါ။ အဲအချိန်မှာလဲ Spotting လို သွေးလေးတွေ နဲနဲစီဆင်းနေပါတယ်။ ကိုယ်ကတော့ implantation bleeding လို့ပဲ ထင်လိုက်တာပါ။
စသွားပြတဲ့နေ့မှာပဲ ဆရာဝန်က ultrasound ရိုက်နေရင်းနဲ့ မျက်နှာလုံးဝမကောင်းပဲနဲ့ သားငယ်လေးရှိနေတဲ့နေရာက သားအိမ်ရဲ့ ဟိုးအောက်နားမှာရောက်နေတယ်
ပီးရင် သားအိမ်နဲ့ သားဥအိမ်ကိုကြည့်လိုက်တာ့လည်း ကိုယ်ဝန်ရှိတဲ့ လက္ခဏာနဲ့လုံးဝမတူလို့ စောင့်ကြည့်ရမယ်။ ကံကောင်းရင်တော့ သန္ဓေသားက သားအိမ်အပေါ်ကိုပြန်တက်သွားလိမ့်မယ် ဒါပေမဲ့ chance တော့အရမ်းနဲတယ် ဒီလို case မှာ သန္ဓေသားက အသက်မရှင်တာများတယ် ဒါမဲ့ ကိုယ့်ဘက်ကတော့ကြိုးစားကြည့်ရမယ် ‌မသေချာဘူးဆိုပီး ချက်ချင်းပဲ ဆေးတွေပေးပီး အိမ်ပြန်လွှတ်ခဲ့ပါတယ်။ အသိ OG ကိုမေးကြည့်တော့လည်း ဒါမျိုး case က လုံးဝကိုယ်ဝန်မမြဲပဲ နောက်နေ့ သွေးဆင်းရင်းနဲ့တောင် ကလေးလေးက သူ့အလိုလိုသွေးနဲ့ပါသွားပီး ကိုယ်ဝန်ပျက်သွားမယ်ဆိုပီးပဲပြောခဲ့ပါတယ်။ ဒီကြားထဲမှာတော့ မလှုပ်မရှား ငြိမ်ငြိမ်လေးပဲ နေခဲ့ပီး နောက်တခါဆရာဝန်နဲ့ ပြန်တွေ့တဲ့အခါမှာ သားသားလေးက သားအိမ်အပေါ်ကို ပြန်တက်သွားပီး ကျန်းကျန်းမာမာနဲ့ရှိနေလို့ ဆရာဝန်တွေကော ကိုယ်တွေပါ အရမ်းအံ့ဩဝမ်းသာဖြစ်ခဲ့ရပါတယ်။

ဖေဖေ မေမေနဲ့ မမသဲတုန်းဆီကို ကြိုးကြိုးစားစား ရအောင် လာခဲ့တဲ့ သား‌ fighter လေးပါ။
အဲဒါနဲ့ Dr Boonseang ကတော့ ကိုယ်က ကလေးရဖို့ ခက်ခဲတာသိတာကတကြောင်း၊ သမီးလေးကို သူနဲ့ ivf လုပ်ကတည်းက ကိုယ့်ရဲ့ history ကိုသိလို့ သမီးလေးကို ယူတုန်းက သောက်ခဲ့တဲ့အတိုင်း steroid တွေသောက်ခိုင်း၊ ဆေးတွေထိုး၊ ကိုယ့်ရဲ့ တက်နေတဲ့ immune ကို ချဖို့ intralipid တွေသွင်းခိုင်းပီး ကိုယ်ဝန်မြဲအောင်လုပ်ခိုင်းခဲ့ပါတယ်။
သားလေးကို ကိုယ်ဝန် ၁၂ ပတ်မှာ တခြား abnormal တွေရှိမရှိပါ စစ်ခဲ့ပါသေးတယ်။

အဲအချိန်မှာ အချင်းကလည်း ကိုယ်ဝန် တလျှောက်လုံး အောက်ကျနေခဲ့ပါတယ်။ ဒါမဲ့ သားငယ်လေး ကိုယ်ဝန်စရှိထဲက အလုပ်တွေအရမ်းများလို့ အပြင်‌ေတွအရမ်းထွက်ရလို့ အချင်းအောက်ကျနေပေမဲ့လည်း ကိုယ်ဝန်လရင့်ရင် ပြန်တက်သွားမှာပဲဆိုပီး ပေါ့ပေါ့ပဲနေပီး ငြိမ်ငြိမ်လုံးဝမနေခဲ့ပါဘူး (သမီးလေးကိုယ်ဝန်တုန်းကလည်း အဲလိုပဲ အချင်းကအောက်ကျနေပေမဲ့ ကိုယ်ဝန် ၂၉ ပတ်မှာ အပေါ်ပြန်တက်ခဲ့လို့ပါ)။ ဒီကြားထဲ သမီးလေးကလည်း ငယ်သေးတော့ သူကလည်း အမေနားတအားကပ်တာနဲ့ သူ့လည်း တောက်လျှောက်ချီပီး ညတွေဆို အမေနို့ကို နေ့တိုင်းဆက်တိုက်တိုက်ခဲ့တာပါ။ အမေနို့က ဆေးရုံမတက်ခင်ညအထိတိုက်ခဲ့ပီး ဆေးရုံတက်လိုက်မှ ပြတ်သွားတာပါ။

ကိုယ်ဝန်စရှိချိန် အဲအချိန်ထဲက Dr Boonseang ကသတိပေးပါတယ်။ ဖြစ်နိုင်ရင် ဘန်ကောက်မှာပဲမွေးပါ နင့် case က အခန့်မသင့်ရင် ကလေးကစောမွေးနိုင်တယ် emergency လည်း ဖြစ်နိုင်တယ်ဆိုပီး ကိုယ့် ဖုန်းနံပါတ်နဲ့ လိပ်စာကိူ ဆေးရုံရဲ့ emergency department မှာ register ပါလုပ်ခိုင်းထားပါတယ်။ (ကိုယ်တခုခုဖြစ်ရင် ဆေးရုံဖုန်းဆက် နာမည်ပြောလိုက်တာနဲ့တင် အချိန်မကုန်တော့ပဲ ဆေးရုံကားက ကိုယ့်အကြောင်းအကုန်သိပီး ချက်ချင်းလာခေါ်နိုင်အောင် ကြိုစာရင်းပေးခိုင်းထားတာပါ)။ အဲအချိန်ကတော့ သူ့ကို အပိုတွေလုပ်နေတယ်လို့ပဲ ထင်ခဲ့တာပါ။

ဒီလိုနဲ့ ကိုယ်ဝန် ၄လအထိက သူနဲ့ပဲဆက်ပြပီး အဲနောကပိုငိးမှာ ကိုယ့်ကို တကယ်မွေးပေးမဲ့ OG ဆီသူလွှဲပေးခဲ့ပါတယ်။ တောက်လျှောက်လည်း အချင်းက လုံးဝပြန်မတက်လာပါဘူး။ ကိုယ်တွေလည်း ရန်ကုန်ပဲ ပြန်မွေးရမလား ဘန်ကောက်မှာပဲမွေးရမလား ချီတုံချတုံနဲ့ပေါ့။ ကိုယ်ကတော့ စရိတ်သက်သာအောင် ရန်ကုန်ပြန်မွေးမယ် စဉ်းစားပေမဲ့ ယောကျားကတော့ အချင်းပြန်မတက်မချင်း ဘန်ကောက်မှာပဲ နေလိုက်ပါဆိုပီး နေခဲ့ပါတယ်။

ဒီလိုနဲ့ တပတ်ပီးတပတ် ဆရာဝန်နဲ့သာသွားတွေ့ ultrasound တွေရိုက် စစ်ပေမဲ့ အချင်းက ၂၈ပတ်အထိကို လုံးဝပြန်မတက်လာတော့ ဆရာဝန်က ဒီပုံအတိုင်းဆို အချင်းက ပြန်တက်ဖို့မလွယ်တော့ဘူးဆိုပီး သားအိမ်ကို သူအသေးစိတ် အချင်းကို ultrasound ရိုက်ပီးစစ်ခဲ့ပါတယ်။ (ဘန်ကောက်က ကိုယ်ပြခဲ့တဲ့ဆရာဝန်က သွားပြတိုင်း ultrasound ကို အောက်ကပဲ သူကိုယ်တိုင်ရိုက်ပါတယ်)။

ကိုယ်ဝန် အပတ် ၃၀ မှာ အသေးစိတ်ရိုက်စစ်ကြည့်တော့ အချင်းက ပြန်မတက်ရုံတင်မဟုတ်ဘူး။ သားအိမ်ကိုပါ ဖောက်ထွက်ပီး အပြင်က ဆီးအိမ်ကိုပါ တွယ်ရင်တွယ်နေနိုင်တယ်ဆိုပိး တွေ့လို့ သူတယောက်ထဲနဲ့မသေချာလို့ အခြား OG တွေကိုပါ ကိုယ့်ရဲ့ အဖြေကိုပြတော့ ဟုတ်ပါတယ် အချင်းက ဆီးအိမ်ကိုပါ ‌တွယ်နေသလိုပါပဲတဲ့။ အဲတော့ ကလေးက ဒီတိုင်းမွေးလိုက်ရုံနဲ့တင် မပီးတော့ဘူး ဆီးအိမ်ပါထိနေပီဆို အမေအသက်အန္တရာယ်ရှိနေပီဆိုပီး ပြောပါတယ်။ ကလေးအသက်လည်းစိုးရိမ်ရတယ် အမေက ပိုဆိုးတယ်‌ဆိုပီးပြောပါတယ်။ အဲတော့ အခန့်မသင့်ရင် အမေက သားအိမ်လည်း ထုတ်ရမဲ့အပြင် ဆီးအိမ်ပါ ဖြတ်ချုပ်ရမယ်ဆိုပီးပြောလို့ ငိုလိုက်ရတာ အရမ်းပါပဲ။ အချင်းကိုခွာရင်း သွေးထွက်လွန်ရင် အမေက shock ရပီး အသက်ဆုံးနိုင်လို့ စိတ်တွေလည်း အရမ်းပူပီး ငါသေသွားရင် ကလေး ၂ယောက်နဲ့ သူ့အဖေနဲ့ပဲကျန်ခဲ့ရင် ဘယ်လိုလုပ်မလဲဆိုပီး သမီးလေးကိုပါ ကြည့်ပိး ဝမ်းနည်းလို့ ငိုရတာ နေ့တိုင်းပါပဲ။ (ကိုယ့် case က placenta percreta လို့ခေါ်တဲ့ အရမ်းရှားပါးတဲ့ case ပါ)။ ဆီးအိမ်ထိမထိကို mri ရိုက်တော့ မထိလောက်ဘူးဆိုပီးတော့ အဖြေထွက်ပါတယ်။

အဲအချိန် ဘာလုပ်ရမှန်းမသိတော့ 2nd opinion ယူဖို့ တခြားတော်တဲ့ OG တွေနဲ့လည်း ချိတ်ထားပါပီ။ အဲအချိန်မှာပဲ Dr Boonseang ကို သတိရပီး သူ့အကြံယူကြည့်မယ်ဆိုပီး သူနဲ့ စကားပြောကြည့်တော့ သူက mri အဖြေက ၁၀၀% safe မဖြစ်လို့ ဆီးအိမ်ဆရာဝန်နဲ့ ချက်ချင်းပြပီး ဆီးလမ်းကြောင်း scope ကြည့်ပါ။ ပီးရင် သူဖြစ်စေချင်တာကတော့ ကလေးကို သားအိမ်ထဲကနေ မွေးထုတ်ပီးတာနဲ့ အချင်းကို မခွာနဲ့တော့ သားအိမ်ကို ထုတ်ပါ မဟုတ်ရင် အမေအသက်အန္တရာယ် အရမ်းစိုးရိမ်ရတယ်။ အဲအချိန် ဆီးလမ်းကြောင်းဆရာဝန်က ခွဲခန်းထဲမှာ stand by စောင့်နေမယ် ဆီးအိမ်ကိုထိရင် တခါထဲ ဆီးအိမ်ကိုလည်း ပြင်မယ် မထိခဲ့ရင်လည်း ဘာမှလုပ်စရာမလိုဘူးပေါ့။ ကလေးထွက်တာနဲ့ သားအိမ်ကို ထုတ်မယ်။ ကလေးကိုလည်း ၃၈ ပတ်အထိ လုံးဝမစောင့်ပဲ ၃၆ ပတ်တိတိမှာ ၂ပတ်စောပီးမွေးမယ်ပေါ့။ ကိုယ့် case က emergency လုံးဝဖြစ်လို့မရဘူး အားလုံး plan ထားတဲ့ အတိုင်းသွားမှ ကိုယ့်အသက်အန္တရာယ်လွတ်နိုင်မယ် ဒီကြားထဲလည်း လုံးဝမလှုပ်ခိုင်းတော့ပါဘူး။

အဲလိုနဲ့ပဲ သူပြောတဲ့အတိုင်း OG team ကလည်း အကုန်လိုက်လုပ်ကြပါတယ်။ ဆီးလမ်းကြောင်းဆရာဝန်နဲ့ပြ ဆီးအိမ်မှန်ပြောင်းကြည့်တော့ ကြည့်နေရင်း ဆရာဝန်က တခါထဲရှင်းပြပါတယ်။ ဆီးအိမ်နံရံကတော့ ချောမွတ်နေတယ် အပြင်က လာတွယ်တဲ့အရိပ်အယောင်တော့ မတွေ့ရတော့ မထိလောက်ဘူးတော့ထင်တယ်။ ဒါမဲ့ မွေးတဲ့နေ့ကျရင် သေချာအောင် ထိခဲ့ရင် တခါထဲပြင်လို့ရအောင် ခွဲခန်းထဲမှာ သူ stand by စောင့်နေမယ် တခုခုလိုရင် အဆင်သင့်ရှိနေအောင်ဆိုပီးပြောပါတယ်။ မွေးပီးတဲ့နေ့ ကိုယ်က ICU ထဲမှာ တရက်နေဖို့ရယ် အရေးပေါ်သွေးလိုရင် သွင်းဖို့ သွေး ၃ပုလင်းလဲ ဆောင်ထားပေးမယ်လို့ သူတို့ပြောပါတယ်။

အဲလိုနဲ့ မမွေးခင် သားအိမ်ထုတ်မထုတ်ကို ကိုယ်တွေလင်မယား တိုင်ပင်ရတော့တာပေါ့။ ကိုယ်တွေအတွက်က ကလေးလည်း သမီးလေးတယောက် သားလေးတယောက်ရှိနေပီ နောက်ထပ်လည်း ထပ်မယူတော့ဘူး သေချာပီ ဒါကြီးရှိနေလို့လဲ မထူးဘူး အသက်ထက်ဘာမှ ပိုအရေးမကြီးဘူး။ အချင်းကို လိုက်ပီးခွာနေလို့ emergency သွေးထွက်လွန်တာထက်စာရင် သေချာ plan ပီး ထုတ်လိုက်တော့မယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ (ကိုယ်က အိမ်ထောင်သည်မို့ သားအိမ်ခေါင်းကိုတော့ ချန်ထားခဲ့ပေးဖို့ request လုပ်ခဲ့ပါတယ်)။ အဲအချိန်မှာ သားအိမ်ထုတ်လိုက်ရမှာကို လုံးဝမကြောက်ပါဘူး (အသက်ထက်ကို ဘာမှအရေးမကြီးလို့ ထုတ်ကိုထုတ်မယ် အချင်းကို ကြိုးစားပီးမခွာတော့ဘူးလို့ကို ဆုံးဖြတ်ခဲ့ပါတယ်။)
ဆီးအိမ်ထိပီး ပြင်ချုပ်ရမှာ အဲအတွက် တသက်လူံး complication ဝင်မှာပဲကြောက်ပီး ဘုရားပဲ တချိန်လုံး ရှိခိုးဆုတောင်းခဲ့ရပါတယ်။

နောက်တခုစိုးရိမ်တာက သားလေးပါ။ ၂ပတ်စောမွေးလိုက်ရလို့ ကလေးတခုခုဖြစ်မှာ ဦးနှောက်ထိမှာ အရမ်းစိုးရိမ်လို့ ဆရာဝန်တွေနဲ့ သေချာမေးတော့ ငါတို့ဆီမှာ ကလေးအတွက်ဘာမှမစိုးရိမ်နဲ့ facility အပြည့်အစုံနဲ့စောင့်နေပီး ထွက်လာတာနဲ့ အောက်ဆီဂျင်တပ် သွေးထဲကသကြားဓာတ် လိုတာတွေအကုန်စစ်မယ် ဘာမှမပူနဲ့ပြောလို့ ကလေးအတွက်တော့ စိတ်ပူတာ နဲနဲသက်သာသွားပါတယ်။ ကလေးအတွက် အချက် ၃ချက်နဲ့သူတို့စစ်မယ်။ ၁ က ကလေး ပေါင်ပြည့်မပြည့်ပါ။ 2.5kg ကျော်ရင် စိတ်ချရမယ်ပြောလို့ ကလေးထွားအောင် ကြက်ဥတွေ နို့တွေနေ့တိုင်းစားခဲ့ပါတယ်။ နောက်တခုက အောက်ဆီဂျင်ကျမကျ နဲ့ ကလေးရဲ့ သွေးအချိုဓာတ် (glucose level) ကို ကြည့်ပါမယ်တဲ့။ တခုခုဆို သူတို့ချက်ချင်း အဲဟာတွေကို ကုပါမယ်တဲ့။

ကိုယ့်အတွက်ကတော့ မမွေးခင် ဆေးရုံ ၂ရက်ကြိုတက်ပီး သားလေးကို စောမွေးလို့ မွေးလာရင် အဆုတ်ပွင့်အောင် steroid တွေ ၁၂ နာရီခြားပီး ၄လုံးထိုးရပါတယ်။ ဆေးရုံကြိုတက်တဲ့ ၂ရက်အတွင်း ခွဲခန်းမှာ အကုန်ပါမဲ့ ကလေးမွေးမဲ့ OG၊ မေ့ဆေးဆရာဝန်၊ သားအိမ်ထုတ်ပေးမဲ့ဆရာဝန်၊ ဆီးအိမ်ဆရာဝန်၊ က‌ေလးကောက်ပေးမဲ့ ကလေးဆရာဝန် (ခွဲခန်းထဲ ဆရာဝန် ၈ယောက်နဲ့) တယောက်ချင်းစီက ကိုယ့်အခန်းကိုလာပီး သူတို့လုပ်မဲ့ procedure တွေကို ကိုယ့်ကို အသေးစိတ် တခုချင်း ဘာဖြစ်ရင် ဘာလုပ်မယ်ဆိုတာ ရှင်းပြလို့ မွေးခါနီးပေမဲ့ လုံးဝ လုံးဝမကြောက်ခဲ့ပါဘူး။ (ကလေးက ၃၆ပတ်အတိမှာ မွေးခိုင်းလို့ ရက်လည်း ကြိုက်တဲ့ရက်မရွေးခဲ့ပါဘူး။ ပါစေချင်တဲ့ တော်တဲ့ဆရာဝန်တွေ အားလုံးအားမဲ့ရက် သူတို့ plan ထားတဲ့အတိုင်းပဲ မွေးခဲ့တာပါ။ ဒီ case မှာ မေ့ဆေးဆရာဝန်ကဏ္န ကလည်း အရေးကြီးတယ်ပြောပါတယ်။ ဘယ်လောက်ကြာမယ်မှန်းမသိတော့ တော်တဲ့ မေ့ဆေးဆရာဝန်ဖြစ်မှလည်း အဆင်ပြေမယ်ပြောပါတယ်)။

အဲလိုနဲ့ မွေးတဲ့နေ့မှာ အေးအေးဆေးဆေးရှောရှောရှူရှူပဲ အားလုံး သေချာ plan ထားတဲ့အတိုင်းစနစ်တကျဖြစ်ခဲ့ပီး ဘာမှ ချွတ်ချော်မှူ တစုံတရာမရှိခဲ့ပဲ အောင်မြင်မွေးခဲ့ရပါတယ်။ သားလေး ဗိုက်ထဲကထွက်လာတော့ ယောကျားကိုလည်း ခွဲခန်းထဲဝင်ခိုင်းပီး သားလေးနား တောက်လျောက် လိုက်ကြည့်ခွင့်ပေးခဲ့ပါတယ်။

သားလေးဗိုက်ထဲကထွက်ထွက်ချင်း ဆရာဝန်ကို မေးတာ ကလေးငိုလားလို့ပါ။ စောမွေးထားတော့ အဆုတ်မပွင့်ပဲ တခုခုဖြစ်မှာဆိုးလို့ပါ။ ကလေးငိုသံလေးကြားတော့ တခုစိတ်အေးပါပီ အဆုတ်ပွင့်လို့ပါ။ ဒါမဲ့သူတို့ သေချာအောင် ကလေးကို အောက်ဆီဂျင်ပေးပီးကိုထားထားပေးပါတယ်။ နောက်တခု ဘယ်နပေါင်ရှိလဲ မေးကြည့်တော့ ၆ပေါင် ၅အောင်စရှိတော့ သူတို့ပြောထားတဲ့ 2.5kg ကျော်လို့ တခါထပ်စိတ်အေးရပါတယ်။ ဒါမဲ့သားလေးက glucose level တော့နဲနဲ နဲနေတယ်လို့ပြောပါတယ်။ ဒါမဲ့စိတိမပူနဲ့ သူတို့ချက်ချင်း ဖောက်စစ်ပီး သားလေးကို IV line တင်ထားလို့ သားလေး အဆင်ပြေခဲ့ပါတယ်။ အဲလိုလုပ်နေတဲ့ အစအဆုံးကို သားလေးခွဲခန်းထဲက ထွက်လာထဲကနေ ဖေဖေက တောက်လျောက် သားလေးနားမှာ လိုက်ကြည့်လို့ရပါတယ်။ glucose level ကျနေလို့ သားလေးက neonate icu ထဲမှာ မွေးပီးပီးချင်းထားပါတယ်။ (ကလေး icu က အမေ‌‌ေနတဲ့ အခန်းနဲ့ တလွှာထဲပါ။ ကြိုက်တဲ့အချိန် မိဘက ကိုယ့်ကလေးကို သွားကြည့်လို့ရပါတယ်)။
သားလေး အားလုံး အဆင်ပြေတယ်ကြားလို့ ကိုယ်လည်း သက်ပြင်းချနိုင်ပီး ခွဲခန်းထဲမှာတော့ သူတို့က သားအိမ်ဆက်ထုတ်ကြပါတယ်။

သူတို့မှန်းထားတဲ့ ခွဲတာကြာချိန်က ၂နာရီဆိုပေမဲ့ တကယ်တမ်း သေချာအစအဆုံး အစီစဉ်တကျ plan ထားလို့ ကလေးမွေးပီး သားအိမ်ထုတ်တဲ့ major operation က ၁နာရီခွဲပဲကြာခဲ့ပါတယ်။

သူတို့တွေ အရမ်းတော်ပီး နွေးထွေးဆက်ဆံလို့ မွေးနေတဲ့ ခွဲခန်းတလျောက်လည်း အသိကော သတိကော အကုန်ရှိပီး ဆရာဝန်တွေနဲ့စကားပြော ရီရီမောမောနဲ့ တချက်မအိပ်ပျော် မကြောက်ပဲ ခွဲခန်းထဲက အန္တရာယ်ကင်းစွာ ပြန်ထွက်လာနိုင်ခဲ့ပါတယ်။ ‌ကိုယ်လည်း သွေးလည်း တလုံးပဲ သွင်းရပီး ICU ထဲတောင်မနေခဲ့ရပါဘူး။ သားအိမ်တော့ ထုတ်ခဲ့ရပါတယ်။
ဒီနေ့ ကလေးမွေး သားအိမ်ထုတ် မနက်ဖြန် လမ်းလျောက် သားလေးဆီသွား မနာမကျင် အေး‌ေဆပါပဲ။ မေ့ဆေးဆရာဝန်က ခါးရိုးထဲ ထုံဆေးထိုးရင်း catheter ပိုက်သေးသေးလေး တချောင်းထည့်ထားပေးပီး မနာအောင် အဲကနေ ဆေးတွေလာလာသွင်းပေးပါတယ်။ မွေးပီး နောက်တနေ့မှ လာဖြုတ်တာပါ။ (ကလေးမွေးတဲ့ case ကို project တခုလို အချိတ်အဆက်မိမိ သေချာ plan ချပီး ဆရာဝန်တွေအားလုံး တယောက်နဲ့တယောက်တိုင်တိုင်ပင်ပင်နဲ့လုပ်တာ တကယ်ချီးကျူးစရာပါ)။

သားလေးမွေးပီး ၄၅ ရက်အကြာမှာ OG နဲ့ ပြန်ပြတော့ ချုပ်ရိုးဘာညာ အကုန်ကောင်းလို့ လေ့ကျင့်ခန်းတွေလဲ အကုန်ပြန်လုပ်လို့ရနေပါပီ။ သားအိမ်ထုတ်လိုက်ရတယ်ဆိုလို့ OG ကိုမေးကြည့်တာပေါ့ hormone ဆေးသောက်ရမလား ဆိုတော့ နင့်ကို သားအိမ်ပဲထုတ်လိုက်တာ မမျိုးဥအိမ်တွေဘာတွေအကုန်ထားခဲ့ပေးလို့ ရာသီမလာတာပဲရှိမယ် ကျန်တာ သွေးဆုံးသလို ဘာမှမဖြစ်လို့ ဘာမှသောက်စရာမလိုဘူး နင်က သားအိမ်ရှိတဲ့ သူများတွေလိုပဲလို့ ပြောလို့ အရမ်းဝမ်းသာသွားသလို ဆရာဝန်ကိုလည်း ကျေးဇူးတင်မိတယ်။
ကလေးထပ်ယူဖို့စိတ်ရှိသေးရင် ကိုယ့်မမျိုးဥအိမ်က သားဥနဲ့ အမျိုးသား s***m နဲ့ ivf လုပ်ပီး အငှားဝန်ကိုယ်ဝန်ဆောင်ခိုင်းပီး ယူလို့ရပါသေးတယ်တဲ့။

အခုတော့ လစဉ်ရာသီလည်းမလာ၊ သွေးဆုံးသလိုလဲ ဘာမှမခံစားရလို့ လစဉ်ခံရတဲ့ ဒုက္ခက ကင်းဝေးသွားလို့ ပိုတောင်ပျော်နေတာ။ အဆိုးထဲက အကောင်းပေါ့။

အဲတော့ တခြားမေမေတွေ ကိုယ့်လို placenta percreta case တွေရှိခဲ့ရင်လည်း သားအိမ်ထုတ်ခိုင်းခဲ့ရင်လည်း ထုတ်ဖို့ မတွေဝေပါနဲ့စိတ်မညစ်ပါနဲ့‌နော်။ ကိုယ့်အသက်က တန်ဖိုးအရှိဆုံးပါ။ အဲလိုလုပ်ခဲ့မယ်ဆို OG ကိုတော့ မမျိုးဥအိမ်နဲ့ သားအိမ်ခေါင်းချန်ထားလို့ရမရ တိုင်ပင်‌ေဆွး‌ေနွးကြည့်ပါနော်။
မမျိုးဥအိမ်က hormone တွေကို ထုတ်လွှတ်ပေးလို့ သူရှိနေရင် တကယ်ကို ဘယ်လိုမှ မနေ မခံစားရပါဘူး ဘာမှလည်း မထိခိုက်ပါဘူး ကိုယ်တွေ့မို့ပါ။

အခုတော့ ဖေဖေ မေမေ သမီးလေး သားလေးအားလုံး ကျန်းကျန်းမာမာနဲ့ ရှိနေကြပါတယ်လို့ ကိုယ့်အတွေ့အကြုံလေးကို အားလုံးအတွက် ဗဟုသုတ အနေနဲ့ share ပေးလိုက်ပါတယ်ရှင်။

အားလုံးပဲ ကျန်းမာကြပါစေ ❤️

- တပုံချင်းစီအောက်မှာ စာလေးတွေ သေးစိတ်ပါပါတယ်ရှင်။
---------------

Baby လေးတွေကို IVF နည်းပညာနဲ့ ယူဖို့ပဲဖြစ်ဖြစ်၊ အခြားကျန်းမာရေးနဲ့ပတ်သက်ပီး စစ်ဆေးကုသချင်တာပဲဖြစ်ဖြစ် Dr. Yin Team 09777046937
09961333444, 09971333444 ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

🌸
❤️

Address

44, Strand Road
Yangon
11121

Telephone

+959777046937

Website

Alerts

Be the first to know and let us send you an email when Dr. Yin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share