24/05/2026
စားချဥ့်ပျံခြင်း
#စားချဉ့်ပျံခြင်း(GERD)ကိုပိုဆိုးစေတဲ့အကြောင်းများ။
** #စားသောက်မှုအပြုအမူများ**
- အလျင်စလိုစားခြင်း၊
- အစားအစာ ပမာဏ များခြင်း
- ဗိုက်ဝတင်းတဲ့အထိ ဆက်စားခြင်း
- အိပ်ခါနီး စားခြင်း
** #အစားအသောက်ဆိုင်ရာအချက်များ**
- အဆီ/ကြော်ထားသော အစားအစာများ
- ဟင်းခတ်အမွေးအကြိုင်များခြင်း၊
စပ်လွန်းသောအစားအစာများ
- အရက် အလွန်အကျွံ သောက်ခြင်း
- ကော်ဖီ အလွန်အကျွံ သောက်ခြင်း
- Gasပါသော အဖျော်ယမကာများ
-အချဉ်များသောအစားအစာနဲ့အသီးများ၊ခရမ်းချဉ်သီး၊နာနတ်သီး၊
ချော့ကလက်၊ငရုတ်ကောင်း၊
- အရံသင့်အစားအစာ၊တာရှည်ခံအစားအစာ များ။
#နေထိုင်မှုပုံစံ**
- ကိုယ်အလေးချိန် တက်ခြင်း
- တင်းကျပ်သော အဝတ်အစားများ
- ခါးပတ်၊ပုဆ်ုး၊ထမိန်တင်းတင်းဝတ်ခြင်း၊
- ဆေးလိပ်သောက်ခြင်း
- လွန်ကဲသော ၊ပြင်းထန်သောလေ့ကျင့်ခန်း
** #ဆေးဝါးများ**
- အကိုက်အခဲပျောက်ဆေးများ
- သွေးတိုးဆေးများ
- ကျားကာမအားတိုးဆေး
သွေးကြဲဆေး၊
** #စိတ်ပိုင်း သို့မဟုတ် အပြုအမူ ဆိုင်ရာ အချက်များ**
- စိတ်ဖိစီးမှု
- စိုးရိမ်မှု အလွန်အကျွံ ရှိခြင်း
Prof Thein Myint (GI)
Reference:UpToDate 2026May