𝗖𝗟𝗟 𝗛𝗘𝗔𝗟𝗧𝗛

  • Home
  • Myanmar
  • Yangon
  • 𝗖𝗟𝗟 𝗛𝗘𝗔𝗟𝗧𝗛

𝗖𝗟𝗟 𝗛𝗘𝗔𝗟𝗧𝗛 FOR LIFE, WE THRIVE . ©

ဒီနေ့ မေလ ၂၅ ရက်နေ့ဟာ “𝐖𝐨𝐫𝐥𝐝 𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐃𝐚𝐲 ကမ္ဘာ့သိုင်းရွိုက်နေ့ “ ဖြစ်ပါတယ်။ကျွန်ုပ်တို့ရဲ့ လည်ပင်းအောက်ခြေနားမှာရှိတဲ့ လ...
25/05/2026

ဒီနေ့ မေလ ၂၅ ရက်နေ့ဟာ “𝐖𝐨𝐫𝐥𝐝 𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐃𝐚𝐲 ကမ္ဘာ့သိုင်းရွိုက်နေ့ “ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ လည်ပင်းအောက်ခြေနားမှာရှိတဲ့ လိပ်ပြာပုံသဏ္ဌာန် သိုင်းရွိုက်ဂလင်း (Thyroid) ဟာ သေးပေမယ့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်၊ စွမ်းအင်၊ စိတ်ခံစားချက်နဲ့ ကိုယ်ကျန်းမာရေးအတွက် အဓိက ထိန်းချုပ်မောင်းနှင်သူ ဖြစ်ပါတယ်။ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေနဲ့ သိုင်းရွိုက်ကျန်းမာရေးဟာ ဘယ်လောက်အထိ တိုက်ရိုက်ပတ်သက်နေလဲဆိုတာကို သတိပြုဆင်ခြင်နိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်။ 💚
⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

⚠️ သိုင်းရွိုက်ကျန်းမာရေးက ဘာကြောင့် အရေးကြီးတာလဲ?

သိုင်းရွိုက်က အောက်ပါအချက်များကို ထိန်းညှိပေးပါတယ် __ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ် ၊ ခန္ဓာကိုယ်အပူချိန်၊ နှလုံးခုန်နှုန်း၊ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှု၊ စွမ်းအင်နှင့် သိမြင်နားလည်နိုင်စွမ်း

သိုင်းရွိုက်ဟော်မုန်းတွေ မမျှတတဲ့အခါ မောပန်းလွယ်ခြင်း၊ ကိုယ်အလေးချိန် အတက်အကျမြန်ခြင်း၊ အအေးမခံနိုင်ခြင်း၊ အာရုံစိုက်မရဘဲ ဝေဝေဝါးဝါးဖြစ်ခြင်း (Brain fog) နဲ့ စိတ်ခံစားချက် အတက်အကျဖြစ်ခြင်း စတဲ့လက္ခဏာရပ်တွေ ဖြစ်ပွားလာနိုင်ပါတယ်။
အာဟာရဓာတ်ဟာ ရောဂါအားလုံးကို ပျောက်ကင်းစေနိုင်တဲ့ ဆေးတစ်ခွက် မဟုတ်ပေမဲ့ ကျန်းမာရေးကို အဓိက ပံ့ပိုးကူညီပေးတဲ့နေရာမှာတော့ ပါဝင်နေပါတယ်။

⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

✨ သိုင်းရွိုက်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ

သိုင်းရွိုက်ဟော်မုန်းတွေကို ပေါင်းစပ်ထုတ်လုပ်ဖို့နဲ့ အလုပ်လုပ်နိုင်တဲ့ပုံစံအဖြစ် ပြောင်းလဲဖို့အတွက် Micronutrients လို့ခေါ်တဲ့ အဏုအဟာရတွေမျိုးစုံ လိုအပ်ပါတယ် -

၁။ အိုင်အိုဒင်း (𝐈𝐨𝐝𝐢𝐧𝐞) __ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ဖို့အတွက် အိုင်အိုဒင်းက မရှိမဖြစ် လိုအပ်ပါတယ်။
● ရရှိနိုင်မည့်အရင်းအမြစ်များ - အိုင်အိုဒင်းဆား၊ ပင်လယ်ရေညှိ၊ ငါး၊ ပင်လယ်စာ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ကြက်ဥ။ (မှတ်ချက်: အိုင်အိုဒင်းဓာတ် နည်းလွန်းခြင်း ဒါမှမဟုတ် များလွန်းခြင်းက သိုင်းရွိုက်လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဖြည့်စွက်ဆေးများ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။)

၂။ ဆီလီနီယမ် (𝐒𝐞𝐥𝐞𝐧𝐢𝐮𝐦) __ သိုင်းရွိုက်ဟော်မုန်း (T4 မှ Active ဖြစ်သော T3 ပုံစံသို့) ပြောင်းလဲရန် လိုအပ်ပါတယ်။
● ရရှိနိုင်မည့်အရင်းအမြစ်များ - တူနာငါး၊ ဆာဒင်းငါး၊ ကြက်ဥ၊ နေကြာစေ့၊ ဘရာဇီးလ်အခွံမာသီး (Brazil nuts)။

၃။ ဇင့် (𝐙𝐢𝐧𝐜) __ ဟော်မုန်းထုတ်လုပ်မှုနှင့် ကိုယ်ခံအားစနစ် ကျန်းမာရေးကို ပံ့ပိုးပေးပါတယ်။
● ရရှိနိုင်မည့်အရင်းအမြစ်များ - ကမာကောင်၊ အမဲသား၊ ပဲအမျိုးမျိုး၊ ဖရုံစေ့၊ ကုလားပဲ၊ အုတ်ဂျုံ (Oats)။

၄။ သံဓာတ် (𝐈𝐫𝐨𝐧) __ သိုင်းရွိုက်ရဲ့ ဇီဝကမ္မဖြစ်စဉ်ဟာ လုံလောက်တဲ့ သံဓာတ်ရှိမှုအပေါ် မူတည်ပါတယ်။
● ရရှိနိုင်မည့်အရင်းအမြစ်များ - အနီရောင်အသားများ၊ ပဲနီလေး၊ ပဲပိစပ်၊ ဟင်းနုနွယ်၊ ကိုက်လန်၊ မုန်ညင်းဖြူ၊ ကန်စွန်းရွက်။
အကြံပြုချက်: အပင်မှရတဲ့ သံဓာတ်ကို ခန္ဓာကိုယ်ကနေ စုပ်ယူမှု အားကောင်းစေရန် ဗီတာမင်စီ ကြွယ်ဝသော အစားအစာများနှင့် တွဲဖက်စားသုံးပါ။

၅။ ဗီတာမင်ဒီ (𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃) __ သိုင်းရွိုက်ဝေဒနာရှင်များ၊ အထူးသဖြင့် ကိုယ်ခံအားစနစ် ကမောက်ကမဖြစ်ပွားသည့် ရောဂါ (Autoimmune conditions) ရှိသူများတွင် ဗီတာမင်ဒီ နည်းပါးခြင်းကို အများဆုံး တွေ့ရတတ်ပါတယ်။
● ရရှိနိုင်မည့်အရင်းအမြစ်များ - နေရောင်ခြည်၊ ဗီတာမင်ဒီဓာတ် ဖြည့်စွက်ထားသော နို့၊ ဆယ်လ်မွန်ငါး၊ ကြက်ဥအနှစ်။

၆။ တိုင်ရိုဆင်း (𝐓𝐲𝐫𝐨𝐬𝐢𝐧𝐞) __ သိုင်းရွိုက်ဟော်မုန်းများ ထုတ်လုပ်ရန် အိုင်အိုဒင်းနှင့် တိုက်ရိုက်ပူးပေါင်းရသည့် အမိုင်နိုအက်ဆစ် (Amino acid) တစ်မျိုး ဖြစ်ပါတယ်။
● ရရှိနိုင်မည့်အရင်းအမြစ်များ - ဖရုံစေ့၊ ကြက်ဆင်သား၊ ဒိန်ခဲ၊ ပဲပုပ်/ပဲပိစပ်တို့နှင့်လုပ်ထားသော အစားအသောက်များ။

၇။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (𝐀𝐧𝐭𝐢𝐨𝐱𝐢𝐝𝐚𝐧𝐭𝐬) __ ကိုယ်ခံအားစနစ် ကမောက်ကမဖြစ်မှုကြောင့် ဖြစ်ပွားတတ်သော သိုင်းရွိုက်ရောဂါများနှင့် ရောင်ရမ်းမှုများကို လျှော့ချပေးပါတယ်။
● ရရှိနိုင်မည့်အရင်းအမြစ်များ - ဘယ်ရီသီးများ၊ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ အရောင်အသွေးစုံလင်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ။

💡𝐆𝐨𝐢𝐭𝐫𝐨𝐠𝐞𝐧𝐬 ဓာတ်နှင့် ပတ်သက်၍ သတိပြုရန်

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်နဲ့ ပန်းဂေါ်ဖီတို့လို ခရုဆီဖာရပ်စ် (Cruciferous) မျိုးရင်းဝင် ဟင်းသီးဟင်းရွက်တွေမှာ အိုင်အိုဒင်းစုပ်ယူမှုကို အနှောင့်အယှက်ပေးနိုင်တဲ့ သဘာဝဒြပ်ပေါင်းတွေ ပါဝင်နေတတ်တာမှန်ပေမဲ့ ဒါဟာ ပမာဏအများကြီး စားသုံးမှသာ သက်ရောက်မှု ရှိစေတာပါ။ ၎င်းတို့ကို ပုံမှန်စားသုံးနေကျ ပမာဏလောက်နဲ့တော့ သိုင်းရွိုက်ရောဂါကို မဖြစ်ပွားစေနိုင်သလို အပူပေးချက်ပြုတ်လိုက်တဲ့အခါမှာလည်း အဆိုပါနှောင့်ယှက်မှုကို လျော့နည်းသွားစေပါတယ်။

⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

📝 နေ့စဉ် သိုင်းရွိုက်ကျန်းမာရေးကို ပံ့ပိုးပေးနိုင်မည့် အာဟာရဆိုင်ရာ အကြံပြုချက်များ

● အိမ်တွင် အိုင်အိုဒင်းဆားကို သုံးစွဲပါ။
● ဟော်မုန်းသယ်ယူပို့ဆောင်မှုကို ပံ့ပိုးရန် အစားအစာတိုင်းတွင် အဆီနည်းသောအသားဓာတ် (Lean protein) ကို ထည့်သွင်းစားသုံးပါ။
● အပတ်စဉ် ဆီလီနီယမ် (Selenium) ကြွယ်ဝသော အစားအစာများကို ရွေးချယ်စားသုံးပါ။
● အမျှင်ဓာတ် ကြွယ်ဝသော အစားအစာများဖြင့် သွေးတွင်းသကြားဓာတ်ကို မျှတအောင် ထိန်းညှိပါ။
● ရေဓာတ်ပြည့်ဝအောင် နေထိုင်ပြီး ပြုပြင်ဖန်တီးမှု အနည်းဆုံးဖြစ်သော သဘာဝအစားအစာများကို ဦးစားပေး စားသုံးပါ။
● အိုင်အိုဒင်းဓာတ် ရုတ်တရက် အလွန်အမင်း မြင့်တက်မသွားစေရန် ပင်လယ်ရေညှိကို ပမာဏအများကြီး တစ်ခါတည်း စားမယ့်အစား အပတ်စဉ် ပမာဏအနည်းငယ်စီသာ စားပါ။
● ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်နှင့် ကိုက်လန်ကဲ့သို့ အစားအစာများတွင် အိုင်အိုဒင်းစုပ်ယူမှုကို နှောင့်ယှက်နိုင်သော ဂွိုက်ထရိုဂျင် (Goitrogens) များ ပါဝင်တဲ့အတွက် ချက်ပြုတ်ပြီးမှ စားသုံးပါ။
● သံဓာတ်စုပ်ယူမှုကို သိသိသာသာ ကောင်းမွန်လာစေရန် အပင်မှရရှိသော သံဓာတ် (ဥပမာ - ဟင်းနုနွယ်) ကို ဗီတာမင်စီဓာတ်ပါသော စစ်ထရပ်စ် (Citrus) အချဉ်သီးများ၊ ငရုတ်ပွသီးများနှင့် တွဲဖက်စားသုံးပါ။
● ပြုပြင်ထားသော အစားအစာတွေမှာပါဝင်တဲ့ သကြားနဲ့ ကျန်းမာရေးနှင့်မညီညွတ်တဲ့ အဆီများဟာ ဟော်မုန်းဆက်သွယ်မှု လမ်းကြောင်းတွေကို အနှောင့်အယှက်ဖြစ်စေသော ရောင်ရမ်းမှုတွေကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် ကန့်သတ်စားသုံးပါ။

သိုင်းရွိုက်က အချိန်ပြည့်အလုပ်လုပ်ပေးနေတာမို့ သူ့ကို ကျန်းမာအောင် ပံ့ပိုးပေးနိုင်မယ့် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းကတော့ အာဟာရရှိတာတွေ ရွေးချယ်စားသုံးပေးဖို့ပါပဲ။ ဒါကြောင့် မိမိရဲ့ နေ့စဉ်စားသောက်မှုပုံစံကို ဂရုစိုက်ရင်း သိုင်းရွိုက်ကျန်းမာရေးကို အတူတူ စောင့်ရှောက်ကြပါစို့။

🥖 ကျန်းမာရေးနဲ့ အညီညွတ်ဆုံး ပေါင်မုန့်ကို ဘယ်လိုရွေးချယ်မလဲ❓ မနက်စာအနေနဲ့ရော အဆာပြေအဖြစ်ပါစားလေ့ရှိကြတဲ့ပေါင်မုန့်တွေမှာ...
23/05/2026

🥖 ကျန်းမာရေးနဲ့ အညီညွတ်ဆုံး ပေါင်မုန့်ကို ဘယ်လိုရွေးချယ်မလဲ❓

မနက်စာအနေနဲ့ရော အဆာပြေအဖြစ်ပါစားလေ့ရှိကြတဲ့ပေါင်မုန့်တွေမှာ အဖြူ၊ အညို၊ ဂျုံကြမ်း (𝑊ℎ𝑜𝑙𝑒 𝑊ℎ𝑒𝑎𝑡)၊ အုတ်ဂျုံ (𝑂𝑎𝑡) နဲ့ ကောက်နှံစေ့အစုံ (𝑀𝑢𝑙𝑡𝑖𝑔𝑟𝑎𝑖𝑛) စသဖြင့် ရွေးချယ်စရာအမျိုးအစားတွေ များတာကြောင့် ဘယ်ဟာက ကျန်းမာရေးနဲ့ အညီညွတ်ဆုံးလဲဆိုတာ ဝေခွဲရခက်တတ်ပါတယ်။ ပေါင်မုန့်အားလုံးက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကစီဓာတ်(𝐶𝑎𝑟𝑏𝑜ℎ𝑦𝑑𝑟𝑎𝑡𝑒) ကို ပေးစွမ်းနိုင်တာ မှန်ပေမယ့်၊ ကောက်နှံစေ့များကို ကြိတ်ခွဲပြုပြင်ထုတ်လုပ်ပုံနဲ့ ပါဝင်ပစ္စည်းတွေအပေါ် မူတည်ပြီး အာဟာရတန်ဖိုး သိသိသာသာ ကွာခြားသွားပါတယ်။

🍞 ပေါင်မုန့်အမျိုးအစားအလိုက် ရရှိနိုင်တဲ့ အာဟာရတန်ဖိုးတွေကို သိထားရင် မိမိကျန်းမာရေးနဲ့ အကိုက်ညီဆုံး ပေါင်မုန့်ကို ရွေးချယ်စားသုံးနိုင်မှာ ဖြစ်ပါတယ်။

1️⃣ ဂျုံကြမ်းပေါင်မုန့် (𝐖𝐡𝐨𝐥𝐞 𝐖𝐡𝐞𝐚𝐭 𝐁𝐫𝐞𝐚𝐝) __ အာဟာရအပြည့်ဝဆုံးရွေးချယ်မှု

ဂျုံကြမ်းပေါင်မုန့်ကို ဂျုံစေ့တစ်စေ့လုံးမှာပါတဲ့ ဖွဲနု၊ အညှောက်နဲ့ အနှစ်တို့ကို မဖယ်ထုတ်ဘဲ ဂျုံစေ့အကြမ်းအတိုင်းကနေ လုပ်ထားတဲ့ ဂျုံမှုန့် ကိုသာ အသုံးပြုထားလို့ ကျန်းမာရေးနှင့် အညီညွတ်ဆုံးလို့ သတ်မှတ်ကြပါတယ်။

◼ အမျှင်ဓာတ် (𝐹𝑖𝑏𝑒𝑟) - ပေါင်မုန့်အဖြူထက် အမျှင်ဓာတ် ပိုမိုပါဝင်လို့ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဗိုက်ပြည့်ရုံတင်မက သွေးတွင်းသကြားဓာတ်ကိုပါ ထိန်းညှိပေးပါတယ်။
◼ ဗီတာမင်နှင့် သတ္တုဓာတ်များ - ဂျုံအညှောက်နဲ့ ဖွဲနုမှာပါတဲ့ မဂ္ဂနီစီယမ်၊ သံဓာတ်၊ ဇင့် နဲ့ ဗီတာမင်ဘီ အုပ်စုတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။
◼ 𝐺𝑙𝑦𝑐𝑒𝑚𝑖𝑐 𝐼𝑛𝑑𝑒𝑥 - အစာချေဖျက်မှုအညွှန်းကိန်းနဲတာကြောင့် ပေါင်မုန့်ဖြူတွေနဲ့ နှိုင်းယှဉ်ပါက သွေးတွင်းသကြားဓာတ်ကို ရုတ်တရက် အဆမတန် တက်မသွားစေဘဲ ဖြည်းဖြည်းမှန်မှန်ပဲ တက်စေပါတယ်။

2️⃣ အုတ်ဂျုံပေါင်မုန့် (𝐎𝐚𝐭 𝐁𝐫𝐞𝐚𝐝) - နှလုံးကျန်းမာရေးအတွက်ရွေးချယ်မှု

အုတ်ဂျုံပေါင်မုန့်ကို ပုံမှန်အားဖြင့် ဂျုံကြမ်းမှုန့်နဲ့ အုတ်ဂျုံ (𝑂𝑎𝑡𝑠) ကို ရောစပ်ပြုလုပ်ထားတာဖြစ်လို့ အာဟာရဆိုင်ရာအကျိုးကျေးဇူးများစွာရရှိစေပါတယ်။

◼ နှလုံးကျန်းမာရေး - အုတ်ဂျုံမှာပါတဲ့ 𝐵𝑒𝑡𝑎-𝑔𝑙𝑢𝑐𝑎𝑛 ခေါ် ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်က ကိုလက်စထရောအဆင့်ကို လျှော့ချပေးပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။
◼ တည်ငြိမ်သောစွမ်းအင် - အမျှင်ဓာတ်များတဲ့အတွက် အစာခြေနှုန်းကို နှေးစေပြီး တစ်နေ့တာလုံး စွမ်းအင်ချက်ချင်း ကျဆင်းသွားတာမျိုး မဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။

3️⃣ ကောက်နှံစေ့စုံပေါင်မုန့် (𝐌𝐮𝐥𝐭𝐢𝐠𝐫𝐚𝐢𝐧 𝐁𝐫𝐞𝐚𝐝)
ကောက်နှံစေ့စုံဆိုတာ မုယောစပါး၊ လူး၊ ဆပ်၊ နှမ်းကြတ်စေ့ စတဲ့ ကောက်နှံစေ့တစ်မျိုးထက်ပိုပြီးပါတာကို ဆိုလိုပေမဲ့ multigrain ပေါင်မုန့်တိုင်းကိုတော့ ကျန်းမာရေးအတွက် အာဟာရတန်ဖိုး မြင့်မားမယ်လို့ မပြောနိုင်ပါ။

◼ အာဟာရတန်ဖိုးများ - အညွှန်းမှာ "𝟏𝟎𝟎% 𝐰𝐡𝐨𝐥𝐞 𝐠𝐫𝐚𝐢𝐧" လို့ ပါဝင်မှသာ အကောင်းဆုံးဖြစ်ပါတယ်။ ပြုပြင်ချောမွတ်ထားတဲ့ ကောက်နှံစေ့ (𝑅𝑒𝑓𝑖𝑛𝑒𝑑 𝑔𝑟𝑎𝑖𝑛𝑠) အမှုန့်တွေကို သုံးထားရင်တော့ အာဟာရတန်ဖိုး အလွန်နည်းပါးသွားမှာပါ။
◼ အမျှင်ဓာတ်နှင့် ပရိုတင်း - အရည်အသွေးမြင့် ကောက်နှံစေ့စုံပေါင်မုန့်တွေမှာတော့ နှမ်းကြတ်စေ့၊ ချီယာစေ့၊ ဖရုံစေ့၊ နေကြာစေ့လိုမျိုးပါဝင်လို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီနဲ့ ပရိုတင်း၊ အမျှင်ဓာတ်တွေရရှိစေပါတယ်။

4️⃣ ပေါင်မုန့်အညို (𝐁𝐫𝐨𝐰𝐧 𝐁𝐫𝐞𝐚𝐝)
လူအများစုက ပေါင်မုန့်အညိုကို ဂျုံကြမ်းပေါင်မုန့်နဲ့ မှားတတ်ကြပါတယ်။ ပေါင်မုန့်အညိုဟာ အဖြူရောင်ဂျုံမှုန့်ထဲကို ဂျုံကြမ်းအနည်းငယ်ရောတာ ဒါမှမဟုတ် သကာရည် (𝑀𝑜𝑙𝑎𝑠𝑠𝑒𝑠) နဲ့ ကာရမေလ် (𝑐𝑎𝑟𝑎𝑚𝑒𝑙 𝑐𝑜𝑙𝑜𝑟𝑖𝑛𝑔) တွေသုံးပြီး အရောင်ဆိုးထားတာမျိုး ဖြစ်တတ်ပါတယ်။

◼ အာဟာရ တန်ဖိုးများ - ပေါင်မုန့်ညိုဟာ ပေါင်မုန့်အဖြူထက် အမျှင်ဓာတ်အနည်းငယ်ပိုပါနိုင်ပေမဲ့ ကောက်နှံစေ့တစ်ခုလုံး အကြမ်းအတိုင်းကထွက်တဲ့ ဂျုံကြမ်းပေါင်မုန့် (100% 𝑤ℎ𝑜𝑙𝑒 𝑤ℎ𝑒𝑎𝑡) နဲ့ ကောက်နှံစေ့ အကြမ်းပေါင်မုန့် (𝑤ℎ𝑜𝑙𝑒-𝑔𝑟𝑎𝑖𝑛) တွေလောက် အာဟာရမပြည့်ဝပါဘူး။

5️⃣ ပေါင်မုန့်အဖြူ(𝐖𝐡𝐢𝐭𝐞 𝐁𝐫𝐞𝐚𝐝)
ပေါင်မုန့်အဖြူကို ဖွေးဆွတ်နေအောင်ပြုလုပ်ထားတဲ့ (ဖွဲနုနဲ့ အညှောက်တွေကို ဖယ်ရှားပြီး ပြုပြင်ချောမွတ်ထားတဲ့) ဂျုံမှုန့်အဖြူကို သုံးထားတာကြောင့် အမျှင်ဓာတ်နဲ့ ဗီတာမင်တွေ ဆုံးရှုံးနေတတ်ပါတယ်။

◼ အာဟာရတန်ဖိုးများ - ဗီတာမင်ဘီအုပ်စုနဲ့ သံဓာတ် ပြန်ဖြည့်ထားလေ့ရှိပေမယ့် အမျှင်ဓာတ်၊ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ် ပါဝင်မှုအလွန်နည်းပါးပါတယ်။
◼ စွမ်းအင်ထိန်းသိမ်းထားနိုင်မှု - အမျှင်ဓာတ်နည်းလို့ အစာကြေနှုန်း မြန်လွန်းတာကြောင့် သွေးတွင်းသကြားဓာတ်ကို ရုတ်တရက် မြင့်တက်စေပြီး ခဏအတွင်းမှာပဲ ဗိုက်ပြန်ဆာစေပါတယ်။

✅ ကျန်းမာရေးနှင့် အညီညွတ်ဆုံးပေါင်မုန့်ကို ဘယ်လိုရွေးမလဲ❓

ယေဘုယျအားဖြင့် ဂျုံကြမ်းပေါင်မုန့် (𝑊ℎ𝑜𝑙𝑒 𝑊ℎ𝑒𝑎𝑡 𝐵𝑟𝑒𝑎𝑑) နဲ့ အုတ်ဂျုံပေါင်မုန့် (𝑂𝑎𝑡 𝐵𝑟𝑒𝑎𝑑) တွေဟာ အမျှင်ဓာတ် (တစ်ချပ်လျှင် ၂ ဂရမ်အထက်) ပိုမိုပါဝင်ပြီး အာဟာရပိုမိုပြည့်ဝလို့ အကောင်းဆုံး ရွေးချယ်မှုတွေ ဖြစ်ပါတယ်။ အကောင်းဆုံး အာဟာရတန်ဖိုးကို ရရှိစေဖို့ ဝယ်ယူတဲ့အခါ အောက်ပါအချက် ၃ ချက်ကို စစ်ဆေးသင့်ပါတယ်။

📌 "𝐖𝐡𝐨𝐥𝐞" စာသားကို ရှာပါ - ပါဝင်ပစ္စည်းစာရင်းမှာ ပထမဆုံးအနေနဲ့ 100% whole wheat ဒါမှမဟုတ် 100% whole grain ဖြစ်ရပါမယ်။

📌 အမျှင်ဓာတ် (𝐅𝐢𝐛𝐞𝐫 𝐂𝐨𝐮𝐧𝐭) - ပေါင်မုန့်တစ်ချပ်မှာ အမျှင်ဓာတ်အနည်းဆုံး ၂ ဂရမ် မှ ၅ ဂရမ် ကြား ပါဝင်တာကို ရွေးချယ်ပါ။

📌 သကြားပါဝင်မှုကို သတိပြုပါ - တစ်ချို့ပေါင်မုန့်တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပုံရပေမယ့် သကြား (Sugar) ဒါမှမဟုတ် High-fructose corn syrup တွေ ထည့်သွင်းထားတတ်လို့ သတိထားသင့်ပါတယ်။


#ပေါင်မုန့်

𝐒𝐭𝐨𝐦𝐚 𝐅𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 ဆိုတာ ဘာလဲ?အူလမ်းကြောင်း (သို့) ဆီးလမ်းကြောင်း အပေါက်ဖောက်ပြီး လမ်းကြောင်းလွှဲခြင်း (𝐒𝐭𝐨𝐦𝐚 𝐅𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧) က ...
22/05/2026

𝐒𝐭𝐨𝐦𝐚 𝐅𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 ဆိုတာ ဘာလဲ?

အူလမ်းကြောင်း (သို့) ဆီးလမ်းကြောင်း အပေါက်ဖောက်ပြီး လမ်းကြောင်းလွှဲခြင်း (𝐒𝐭𝐨𝐦𝐚 𝐅𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧) က ခန္ဓာကိုယ်အတွင်းမှ စွန့်ပစ်ပစ္စည်းတွေ ထွက်လာနိုင်ဖို့အတွက် ခန္ဓာကိုယ်မှာ အပေါက်သစ်တစ်ခု ဖန်တီးပေးရတဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။ ဝမ်း (သို့) ဆီးက ဝမ်းဗိုက်ပေါ်ရှိ အပေါက် (Stoma) မှတစ်ဆင့် ခန္ဓာကိုယ်ပြင်ပမှာ တပ်ဆင်ထားတဲ့ အိတ် (𝑂𝑠𝑡𝑜𝑚𝑦 𝑏𝑎𝑔) ထဲကို စီးဝင်သွားမှာဖြစ်ပါတယ်။ ဒီလိုအပေါက်ဖောက်ထားခြင်းက အခြေအနေပေါ် မူတည်ပြီး ယာယီ (သို့) အမြဲတမ်း ဖြစ်နိုင်ပါတယ်။

📌 လူကြီးများတွင် ဖြစ်ပွားတတ်သော အခြေအနေများ __ အူလမ်းကြောင်း ရောင်ရမ်းသော ရောဂါများ (𝐼𝑛𝑓𝑙𝑎𝑚𝑚𝑎𝑡𝑜𝑟𝑦 𝐵𝑜𝑤𝑒𝑙 𝐷𝑖𝑠𝑒𝑎𝑠𝑒 – 𝐼𝐵𝐷)၊ ထိခိုက်ဒဏ်ရာရခြင်း (𝑇𝑟𝑎𝑢𝑚𝑎)၊ အူပေါက်ခြင်း (𝑃𝑒𝑟𝑓𝑜𝑟𝑎𝑡𝑒𝑑 𝐵𝑜𝑤𝑒𝑙)၊ အူမကြီး အိတ်ငယ်များ ရောင်ရမ်း၍ ပေါက်ထွက်ခြင်း (𝐷𝑖𝑣𝑒𝑟𝑡𝑖𝑐𝑢𝑙𝑖𝑡𝑖𝑠)၊ ဆီးအိမ်ကင်ဆာ (𝐵𝑙𝑎𝑑𝑑𝑒𝑟 𝐶𝑎𝑛𝑐𝑒𝑟)၊ ဝမ်းမထိန်းနိုင်ခြင်း (𝐹𝑎𝑒𝑐𝑎𝑙 𝐼𝑛𝑐𝑜𝑛𝑡𝑖𝑛𝑒𝑛𝑐𝑒)၊ အမျိုးသမီးရောဂါဆိုင်ရာ ကင်ဆာများ (𝐺𝑦𝑛𝑒𝑐𝑜𝑙𝑜𝑔𝑖𝑐 𝐶𝑎𝑛𝑐𝑒𝑟𝑠)၊ 𝑅𝑎𝑑𝑖𝑎𝑡𝑖𝑜𝑛 𝐸𝑛𝑡𝑒𝑟𝑖𝑡𝑖𝑠

📌 ကလေးငယ်များတွင် ဖြစ်ပွားတတ်သော အခြေအနေများ __ မွေးရာပါ စအိုပေါက်မပါခြင်း (𝐼𝑚𝑝𝑒𝑟𝑓𝑜𝑟𝑎𝑡𝑒 𝐴𝑛𝑢𝑠)၊ 𝐻𝑖𝑟𝑠𝑐ℎ𝑠𝑝𝑟𝑢𝑛𝑔’𝑠 𝐷𝑖𝑠𝑒𝑎𝑠𝑒၊ 𝑁𝑒𝑐𝑟𝑜𝑡𝑖𝑧𝑖𝑛𝑔 𝐸𝑛𝑡𝑒𝑟𝑜𝑐𝑜𝑙𝑖𝑡𝑖𝑠 (𝑁𝐸𝐶)၊ မွေးရာပါ ဆီးလမ်းကြောင်း ချို့ယွင်းချက်များ (𝐶𝑜𝑛𝑔𝑒𝑛𝑖𝑡𝑎𝑙 𝑈𝑟𝑖𝑛𝑎𝑟𝑦 𝐷𝑒𝑓𝑒𝑐𝑡𝑠)၊ မွေးရာပါ ဝမ်းဗိုက်မှအူကျွံထွက်ခြင်း (𝐺𝑎𝑠𝑡𝑟𝑜𝑠𝑐ℎ𝑖𝑠𝑖𝑠 𝑜𝑟 𝑂𝑚𝑝ℎ𝑎𝑙𝑜𝑐𝑒𝑙𝑒)

“အူလမ်းကြောင်း သို့မဟုတ် ဆီးလမ်းကြောင်း အပေါက်ဖောက်၍ လမ်းကြောင်းလွှဲခြင်း” ရဲ့ နောက်ဆက်တွဲပြဿနာများ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း အကြောင်း အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ အခုပဲဝင်ရောက်ဖတ်ရှုလိုက်ပါ။ ✨


𝐒𝐤𝐢𝐧 𝐂𝐚𝐧𝐜𝐞𝐫 _ အရေပြားကင်ဆာက ခန္ဓာကိုယ်အရေပြားရှိ ဆဲလ်တွေ  ပုံမှန်မဟုတ်ဘဲ ကြီးထွားလာတာကြောင့် ဖြစ်ပေါ် လာတဲ့ ကင်ဆာတစ်မျို...
21/05/2026

𝐒𝐤𝐢𝐧 𝐂𝐚𝐧𝐜𝐞𝐫 _ အရေပြားကင်ဆာက ခန္ဓာကိုယ်အရေပြားရှိ ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ကြီးထွားလာတာကြောင့် ဖြစ်ပေါ် လာတဲ့ ကင်ဆာတစ်မျိုးဖြစ်ပြီး ☀️ နေရောင်ခြည်နှင့် ထိတွေ့မှုများတဲ့ နေရာတွေမှာ အဖြစ်များပါတယ်။ အရေပြားကင်ဆာက မည်သည့်အသားအရေရှိသူမဆို၊ ခန္ဓာကိုယ်ရဲ့ မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်ပါတယ်။
⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

⚠️ ဒီအခြေအနေရှိသူတွေက အရေပြားကင်ဆာ ဖြစ်နိုင်ခြေ ပိုမိုမြင့်မားပါတယ် 👇

◼ နေပူထဲတွင် အချိန်ကြာရှည်စွာ အလုပ်လုပ်ခြင်း၊ အားကစားလုပ်ခြင်း
◼ အသားအရေဖြူဖွေးပြီး နေလောင်လွယ်ခြင်း၊ မှဲ့ခြောက်များ အလွယ်တကူ ထွက်တတ်ခြင်း
◼ နေရောင်ခြည် ပြင်းထန်သော ဒေသများတွင် နေထိုင်ခြင်း
◼ အလှအပအတွက် နေပူစာလှုံခြင်း (𝑡𝑎𝑛𝑛𝑖𝑛𝑔) သို့မဟုတ် နေလောင်ခံအိပ်ရာများ (𝑡𝑎𝑛𝑛𝑖𝑛𝑔 𝑏𝑒𝑑𝑠) အသုံးပြုခြင်း
◼ မျက်လုံးအရောင်နုသောသူများ
◼ မှဲ့များစွာရှိသောသူများ သို့မဟုတ် ပုံစံမမှန်သောမှဲ့များရှိသူများ
◼ မိသားစုတွင် မှဲ့ကင်ဆာ ရာဇဝင်ရှိသူများ
◼ ကိုယ်ခံအားစနစ် အားနည်းသောသူများ
◼ အရေပြားရောဂါများအတွက် ခရမ်းလွန်ရောင်ခြည်ကုထုံး (𝑈𝑉 𝑝ℎ𝑜𝑡𝑜𝑡ℎ𝑒𝑟𝑎𝑝𝑦) ခံယူဖူးသူများ
⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

🛡️ အရေပြားကင်ဆာအများစုကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ခရမ်းလွန်ရောင်ခြည် (𝑈𝑉 𝑅𝑎𝑑𝑖𝑎𝑡𝑖𝑜𝑛) ထိတွေ့မှုကို လျှော့ချရန်ဖြစ်သည်။

◼ နေရောင်ခြည် အလွန်ပြင်းထန်သောအချိန်များတွင် နေပူထဲမထွက်ဘဲ အရိပ်ထဲတွင်နေပါ
◼ အလှအပအတွက် နေပူစာလှုံခြင်းနှင့် နေလောင်ခံအိပ်ရာများ အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ
◼ နေပူထဲသို့ ထွက်ပါက ဦးထုပ်၊ နေကာမျက်မှန်နှင့် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များ ဝတ်ဆင်ပါ
◼ အနည်းဆုံး SPF 30 နှင့်အထက်ရှိသော နေလောင်ကာခရင်မ် (Sunscreen) ကို ပုံမှန်လိမ်းပေးပါ
◼ နေရောင်နှင့် ဓာတ်ပြုနိုင်သော ဆေးဝါးများ (Sun sensitizing medications) ကို သတိထားသုံးစွဲပါ

📌 အရေပြားကင်ဆာကို စောစီးစွာသိရှိပါက ထိရောက်စွာ ကုသနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုး‌တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် အရေပြားမှာ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် ပြသဖို့ အရေးကြီးပါတယ်။

“အရေပြားကင်ဆာ” အကြောင်း အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ အခုပဲဝင်ရောက်ဖတ်ရှုလိုက်ပါ။ ✨


#အရေပြားကင်ဆာ

🚨 𝐄𝐛𝐨𝐥𝐚 (အီဘိုလာ) ရောဂါအကြောင်း သိကောင်းစရာ 🚨🌍 ကွန်ဂိုနှင့် ယူဂန်ဒါနိုင်ငံတို့မှာ 𝐵𝑢𝑛𝑑𝑖𝑏𝑢𝑔𝑦𝑜 ဗိုင်းရပ်စ်မျိုးစိတ် ကြောင့...
19/05/2026

🚨 𝐄𝐛𝐨𝐥𝐚 (အီဘိုလာ) ရောဂါအကြောင်း သိကောင်းစရာ 🚨

🌍 ကွန်ဂိုနှင့် ယူဂန်ဒါနိုင်ငံတို့မှာ 𝐵𝑢𝑛𝑑𝑖𝑏𝑢𝑔𝑦𝑜 ဗိုင်းရပ်စ်မျိုးစိတ် ကြောင့် ဖြစ်ပွားနေသော အီဘိုလာ (𝐄𝐛𝐨𝐥𝐚) ရောဂါ ကူးစက်မှုတွေ သိသိသာသာ မြင့်တက်လာတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ တစ်ကမ္ဘာလုံး သတိပြုရမည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ⚠️

ဒါကြောင့် 𝐄𝐛𝐨𝐥𝐚 (အီဘိုလာ) ရောဂါအကြောင်း သိကောင်းစရာများကို မျှဝေပေးလိုက်ပါတယ်။

🦠 အီဘိုလာရောဂါဆိုတာ အီဘိုလာရောဂါပိုး ကူးစက်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ ရှားပါးသော်လည်း အသက်အန္တရာယ်ရှိသော ရောဂါဖြစ်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ပိုးဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြင်းထန်တဲ့ ရောင်ရမ်းခြင်းနှင့် တစ်ရှူးများ ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်ပေါ်စေပါတယ်။ ခန္ဓာကိုယ်တွင်း သွေးခဲစနစ်ကို ထိခိုက်ပျက်စီး၍ သွေးကြောများမှ သွေးများစိမ့်ထွက်လာပြီး ခန္ဓာကိုယ်တွင်း သွေးထွက်ခြင်း ဖြစ်ပေါ်စေတဲ့ အဖျား‌ရောဂါတစ်မျိုးဖြစ်ပါတယ်။ အီဘိုလာရောဂါဖြစ်ပွါးပါက ‌ရောဂါပြင်းထန်ပြီး သေဆုံးနှုန်းမြင့်မားတာကြောင့် ဆေးကုသမှုချက်ချင်းခံယူရန် အရေးကြီးပါတယ်။

⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

📌 ရောဂါကူးစက်ပုံ

အီဘိုလာဗိုင်းရပ်စ် ရောဂါပိုးရှိသော တိရိစ္ဆာန်များ (သို့မဟုတ်) လူများရဲ့ ခန္ဓာကိုယ်မှ ထွက်တဲ့ အရည်များနှင့် ထိတွေ့ခြင်းမှ ကူးစက်ခံရတတ်ပါတယ်။ ထိုအရည်များမှာ _ ဆီး၊ မစင်၊ တံတွေး၊ နို့ရည်၊ ချွေး၊ မိန်းမကိုယ်မှ အရည်များ၊ သုက်ရည်များ၊ ရေမွှာရည် စသည်တို့ပါဝင်ပါတယ်။ ဗိုင်းရပ်စ်ပိုးရှိနေတဲ့ မျက်နှာပြင်များ၊ အရာဝတ္ထုများ (သို့မဟုတ်) ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် ထိတွေ့ခြင်းမှလည်း အီဘိုလာရောဂါပိုး ကူးစက်နိုင်ပါတယ်။ အာဖရိကရှိ သစ်သီးစားလင်းနို့ကြီးများက အီဘိုလာဗိုင်းရပ်စ်ပျံ့နှံ့မှုမှာ ပါဝင်နိုင်ဖွယ်ရှိပြီး ပိုးပွါးများရာ လက်ခံကောင် (ℎ𝑜𝑠𝑡) ဖြစ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။

အီဘိုလာရောဂါ သံသယလူနာများကို ပြုစုစောင့်ရှောက်နေစဉ် လုံလောက်တဲ့ ကူးစက်မှုကာကွယ်ရေး နည်းလမ်းများ အသုံးမပြုမိသော မိသားစုဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများဟာ ကူးစက်မှုခံရရန် အန္တရာယ်အများဆုံးဖြစ်ပါတယ်။ သို့ရာတွင် အီဘိုလာရောဂါဟာ လေ၊ ရေ၊ အစားအစာတို့မှတစ်ဆင့် မကူးစက်နိုင်ပါ။

⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

🚨 ရောဂါလက္ခဏာများ

ရောဂါပိုးဝင်ပြီးနောက် (၂)ရက် မှ (၂၁)ရက်အတွင်း ရောဂါလက္ခဏာများ ပေါ်ပေါက်လေ့ရှိပါတယ်။ အစောပိုင်းမှာ တုပ်ကွေးကဲ့သို့ သာမန်ဖျားနာ ကိုယ်လက်ကိုက်ခဲသော လက္ခဏာများကို ဖြစ်ပေါပြီး နောက်ပိုင်းမှာတော့ ပြင်းထန်သောလက္ခဏာများ ဖြစ်ပေါ်လာနိုင်ပါတယ်။ အတွေ့ရများသော ရောဂါလက္ခဏာများမှာ_

◼ အဖျားကြီးခြင်း၊ ချမ်းတုန်ခြင်း
◼ ပြင်းထန်သော ခေါင်းကိုက်ခြင်း
◼ အဆစ်များနှင့် ကြွက်သားများ နာကျင်ခြင်း
◼ လည်ပင်းနာခြင်း
◼ ပင်ပန်းနွမ်းနယ်ခြင်း
◼ ဗိုက်အောင့်ခြင်း
◼ အစားအသောက်ပျက်ခြင်းတို့ ဖြစ်ကြပါတယ်။

🩸 ရောဂါပိုမိုဆိုးရွားလာတဲ့အခါ ခန္ဓာကိုယ်မှာ သွေးထွက်ခြင်းကို ဖြစ်ပေါ်စေနိုင်သကဲ့သို့ ခန္ဓာကိုယ်ပြင်ပဖြစ်သော နား၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့တွင် သွေးထွက်ခြင်းများလည်း ဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့အပြင် အချို့သူတွေမှာ ချောင်းဆိုးသွေးပါခြင်း၊ သွေးအန်ခြင်း၊ ဝမ်းထဲတွင် သွေးပါခြင်း၊ အရေပြားပေါ်တွင် အနီကွက်ထွက်ခြင်း၊ သွေးခြေဥခြင်းတို့လည်း ဖြစ်ပေါ်နိုင်ပါတယ်။ နောက်ပိုင်းတွင် ဦးနှောက်ရောင်ခြင်း၊ ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးခြင်း၊ တက်ခြင်း၊ ရှော့ခ်ရခြင်းတို့ ဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။

⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

🛡️ ကာကွယ်ခြင်း

မိမိကိုယ်မိမိ ကာကွယ်ရန်နှင့် အီဘိုလာရောဂါပြန့်ပွားမှုကို ကာကွယ်ရန် နည်းလမ်းများစွာရှိပါတယ်။

◼ အီဘိုလာရောဂါ ကူးစက်ပြန့်ပွားနေသော ဒေသများသို့ သွားလာခြင်းအား ရှောင်ကြဉ်ပါ
◼ ရောဂါပိုးရှိနေသူများ၏ သွေးနှင့် ခန္ဓာကိုယ်အရည်များ (ဆီး၊ မစင်၊ တံတွေး၊ ချွေး၊ အော့အန်ဖတ်၊ မိခင်နို့၊ ရေမြွှာရည်၊ သုက်ရည်နှင့် မိန်းမအင်္ဂါအရည်များ) နှင့် ထိတွေ့ထားသည့်ပစ္စည်းများနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ
◼ အီဘိုလာရောဂါကြောင့် ကွယ်လွန်သူ၏ အလောင်းပြင်ဆင်ခြင်း သို့မဟုတ် သင်္ဂြိုဟ်ခြင်းများ ပြုလုပ်ရာတွင် ခန္ဓာကိုယ်မှ ထွက်သောအရည်များနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ
◼ သစ်သီးစားလင်းနို့ကြီးများ၊ သစ်တောကြိုးဝိုင်းများမှ မျောက်များနှင့် ချင်ပန်ဇီများ (သို့မဟုတ်) အခြားသော အမည်မသိတိရစ္ဆာန်များမှ ရယူထားသော သွေး၊ အရည် (သို့မဟုတ်) အသားစိမ်းများနှင့် ထိတွေ့ခြင်း၊ စားသုံးခြင်းကို ရှောင်ကြဉ်ပါ

📍 အီဘိုလာရောဂါအဖြစ်များတဲ့ နေရာဒေသများတွင် ရောဂါပိုးကူစက်နိုင်ခြေများသော ကျန်းမာရေးဝန်ထမ်းများနှင့် ဓာတ်ခွဲခန်းဝန်ထမ်းများ သို့မဟုတ် အီဘိုလာကပ်ရောဂါ ဖြစ်နေသော နေရာဒေသသို့သွားမည့်သူများအတွက် လိုအပ်လျှင် အီဘိုလာကာကွယ်ဆေးထိုးနှံ၍ ကာကွယ်နိုင်ပါတယ်။

“Ebola (အီဘိုလာရောဂါ)” ရဲ့ နောက်ဆက်တွဲပြဿနာများ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း အကြောင်း အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ အခုပဲဝင်ရောက်ဖတ်ရှုလိုက်ပါ။ ✨


#အီဘိုလာရောဂါ

19/05/2026

🌍 𝐇𝐚𝐩𝐩𝐲 𝐖𝐨𝐫𝐥𝐝 𝐅𝐚𝐦𝐢𝐥𝐲 𝐃𝐨𝐜𝐭𝐨𝐫 𝐃𝐚𝐲 :19 𝑀𝑎𝑦 2026 👨‍⚕️💙
𝐶𝑜𝑚𝑝𝑎𝑠𝑠𝑖𝑜𝑛𝑎𝑡𝑒 𝐶𝑎𝑟𝑒 𝑖𝑛 𝑎 𝐷𝑖𝑔𝑖𝑡𝑎𝑙 𝑊𝑜𝑟𝑙𝑑

On this 𝐖𝐨𝐫𝐥𝐝 𝐅𝐚𝐦𝐢𝐥𝐲 𝐃𝐨𝐜𝐭𝐨𝐫 𝐃𝐚𝐲 𝟐𝟎𝟐𝟔, and in alignment with this year’s theme, 𝐶𝑜𝑚𝑝𝑎𝑠𝑠𝑖𝑜𝑛𝑎𝑡𝑒 𝐶𝑎𝑟𝑒 𝑖𝑛 𝑎 𝐷𝑖𝑔𝑖𝑡𝑎𝑙 𝑊𝑜𝑟𝑙𝑑, we honor the dedication, empathy, and commitment of Family Doctors who continue to serve as trusted healthcare partners for individuals and families around the world. 👨‍⚕️🏥✨

Thank you to all Family Doctors for your continuous care, kindness, and invaluable contribution to healthier communities. 💐💙


17/05/2026

"မိမိအိမ်မှာတင် သွေးပေါင်ချိန်ကို မှန်ကန်စွာ ဘယ်လိုတိုင်းတာမလဲ?" 🩺🏠

ယနေ့ မေလ (၁၇) ရက်နေ့မှာ ကျရောက်တဲ့ World Hypertension Day (ကမ္ဘာ့သွေးတိုးရောဂါနေ့) မှာ မိမိရဲ့ သွေးပေါင်ချိန်ကို အိမ်မှာတင် စနစ်တကျ တိုင်းတာနိုင်ဖို့ ရိုးရှင်းတဲ့ လမ်းညွှန်ချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

သွေးတိုးရောဂါကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့နဲ့ နှလုံးကျန်းမာရေးကို စောင့်ရှောက်ဖို့အတွက် သွေးပေါင်ချိန်ကို မှန်မှန်ကန်ကန် တိုင်းတာတတ်ဖို့က အလွန်အရေးကြီးပါတယ်။

အသေးအဖွဲလို့ ထင်ရပေမယ့် မှန်ကန်တဲ့ အလေ့အကျင့်လေးတွေက သင့်ကျန်းမာရေးအတွက် ကြီးမားတဲ့ အပြောင်းအလဲကို ဖန်တီးပေးနိုင်ပါတယ်။ သွေးပေါင်ချိန် ဘယ်လိုမှန်ကန်စွာတိုင်းရမလဲဆိုတာ ဗီဒီယိုလေးကို ကြည့်ပြီး အတူတူ လေ့လာလိုက်ကြရအောင်။ ❤️


#သွေးတိုးရောဂါ #သွေးတိုး

မေလဟာ "Food Allergy Awareness Month" ဖြစ်ပါတယ်။ အစားအသောက်ဓာတ်မတည့်မှု (Food Allergy) ဆိုတာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်...
14/05/2026

မေလဟာ "Food Allergy Awareness Month" ဖြစ်ပါတယ်။ အစားအသောက်ဓာတ်မတည့်မှု (Food Allergy) ဆိုတာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က အစားအသောက်ထဲမှာပါတဲ့ ပရိုတင်းဓာတ်အချို့ကို ရန်သူလို့ မှားယွင်းသတ်မှတ်ပြီး တုံ့ပြန်ရာကနေ ဖြစ်ပေါ်လာတာပါ။
ကိုယ်ခံအားစနစ်က အန္တရာယ်မရှိတဲ့အရာကို အန္တရာယ်ရှိတယ်ဆိုပြီး မှားယွင်းသတ်မှတ်လိုက်တာကြောင့် ထိုအရာများနဲ့ ထိတွေ့ချိန်မှာ တုံ့ပြန်တိုက်ထုတ်ခြင်းဖြစ်ပါတယ်။

🥜 ဓာတ်မတည့်မှုကို ဖြစ်စေတဲ့ အဖြစ်များသော အစားအစာအချို့မှာ-

● မြေပဲ (Peanuts)
● အခွံမာသီးများ (Tree nuts)
● ပြောင်းဂျုံ (Wheat)
● ပဲပိစပ် (Soy)
● ငါး (Fish)
● ပင်လယ်စာများ (Shellfish)
● ကြက်ဥ (Eggs)
● နို့ (Milk)

🤒 အစားအစာဓာတ်မတည့်ခြင်း (Food Allergy) ရဲ့ ရောဂါလက္ခဏာတွေကတော့ -

● ပါးစပ်ထုံခြင်း
● နှုတ်ခမ်း၊ လျှာ၊ မျက်နှာ (သို့မဟုတ်) လည်ချောင်း ရောင်ရမ်းခြင်း
● ယားယံသောအဖုအပိမ့်များ ထွက်ခြင်း
● နှာခေါင်းပိတ်ခြင်း၊ နှာချေခြင်း (သို့မဟုတ်) မျက်လုံးယားပြီး မျက်ရည်ကျခြင်း
● ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း (သို့မဟုတ်) ဝမ်းလျှောခြင်း

🚨 ဓာတ်မတည့်တုံ့ပြန်မှုများက လက္ခဏာအပျော့စားမှ ပြင်းထန်သည်အထိ အမျိုးမျိုးရှိနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ အသက်အန္တရာယ်ရှိသော၊ ပြင်းထန်ဓာတ်မတည့်ခြင်း (Anaphylaxis) ထိ ဖြစ်စေနိုင်ပါတယ်။

🔍 ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရန် လူနာအား ဆရာဝန်မှ ဓာတ်မတည့်သည့် လက္ခဏာများအကြောင်း အသေးစိတ်မေးမြန်းခြင်း၊ ခန္ဓာကိုယ်အား စမ်းသပ်စစ်ဆေးခြင်း၊ ဓာတ်မတည့်ခြင်းကို ပိုဆိုးစေသောအချက်များ (Triggers)၊ စားသုံးသော အစားအစာများတို့ကို အသေးစိတ်မှတ်ထားရန် ညွှန်ကြားခြင်းတို့ကို ပြုလုပ်မှာ ဖြစ်ပါတယ်။
အစားအစာ ဓာတ်မတည့်ခြင်း စစ်ဆေးမှုများ (Food challenge tests) လည်း ပြုလုပ်နိုင်ပါတယ်။ IgE ပဋိပစ္စည်းများကြောင့် ဖြစ်သော IgE-mediated food allergy ဓာတ်မတည့်ရောဂါအတွက် စစ်ဆေးခြင်းဖြစ်ပါတယ်။

🩺 ကုသခြင်း

👉 ရှေးဦးကုသခြင်း

ပြင်းထန်သော ဓာတ်မတည့်ခြင်း (Anaphylaxis) ဟာ အရေးပေါ်အခြေအနေဖြစ်တာကြောင့် ဆေးရုံအရေးပေါ် ဌာနတွင် အမြန်ဆုံး ထိ‌ရောက်သောကုသမှု ခံယူရန် အရေးကြီးဆုံးဖြစ်ပါတယ်။

အခြားဓာတ်မတည့်ခြင်းများအတွက် ကုသမှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

👉 ဓာတ်မတည့်ခြင်းကို ဖြစ်စေသောအရာများ ရှောင်ရှားခြင်း

ဓာတ်မတည့်မှုကို ကာကွယ်ရန်နှင့် ရောဂါလက္ခဏာများကို ထိန်းချုပ်ရန် အရေးကြီးဆုံးအဆင့် ဖြစ်ပါတယ်။ မိသားစုဆရာဝန်က ဓာတ်မတည့်ခြင်းဖြစ်စေသော အရာများကို သိရှိနိုင်ရန်နှင့် ရှောင်ရှားနိုင်ရန် ညွှန်ကြားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ပြင်းထန်ဓာတ်မတည့်မှုရှိလျှင် ပိုမိုသတိထား၍ ရှောင်ရန်လိုအပ်ပါတယ်။

👉 ဆေးဝါးများဖြင့် လက္ခဏာများကို သက်သာစေခြင်း

ဓာတ်မတည့်စေသောအရာများကို အမြဲရှောင်ရှားရန် ခက်ခဲနိုင်ပါတယ်။ ထိုအခါမှာ ဆရာဝန်က ကိုယ်ခံအားစနစ်၏ တုံ့ပြန်မှုကို လျှော့ချပေးနိုင်ရန် သို့မဟုတ် ရောဂါလက္ခဏာများသက်သာစေရန် နေ့စဉ်သောက်သုံးရမည့် ဆေးဝါးများ သို့မဟုတ် ပုံမှန်ကုသမှုများ ခံယူရန် ညွှန်ကြားမှာ ဖြစ်ပါတယ်။

🛡️ ကာကွယ်ခြင်း 🛡️

✅ မိမိစားမဲ့ အစားအစာတံဆိပ်များကို စစ်ဆေးပါ
✅အိမ်တွင် မိမိနှင့် ဓာတ်မတည့်သော အစားအစာများကို မထားမိအောင် ဂရုစိုက်ပါ
✅ မိမိ၏ အစားအစာ ဓာတ်မတည့်ခြင်းကို သိသော စားသောက်ဆိုင်များတွင်သာ စားပါ
✅ တစ်နေ့တာသွားလာလှုပ်ရှားမှုနှင့် အစားအသောက်များကို ဒိုင်ယာရီ မှတ်တမ်းတင်ပါ၊ လက္ခဏာများ ဖြစ်ပေါ်သည့်အချိန်နှင့် သက်သာစေသည့်အရာများကိုလည်း မှတ်သားပါ။


💙  𝐇𝐚𝐩𝐩𝐲 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐍𝐮𝐫𝐬𝐞𝐬 𝐃𝐚𝐲 𝟐𝟎𝟐𝟔! 🌍 𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 extends our sincere appreciation for your dedication, compassion, e...
12/05/2026

💙 𝐇𝐚𝐩𝐩𝐲 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐍𝐮𝐫𝐬𝐞𝐬 𝐃𝐚𝐲 𝟐𝟎𝟐𝟔! 🌍

𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 extends our sincere appreciation for your dedication, compassion, empathy, ethical practice, and resilience that strengthen our healthcare system. Your care brings comfort, supports healing, and is at the heart of better patient outcomes. ✨

🌍 𝐖𝐨𝐫𝐥𝐝 𝐋𝐮𝐩𝐮𝐬 𝐃𝐚𝐲 : 10 𝘔𝘢𝘺 2026𝘔𝘢𝘬𝘦 𝘓𝘶𝘱𝘶𝘴 𝘝𝘪𝘴𝘪𝘣𝘭𝘦.SLE ရောဂါဆိုတာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က တစ်ရှူးများနှင့် ကိုယ်တွင...
10/05/2026

🌍 𝐖𝐨𝐫𝐥𝐝 𝐋𝐮𝐩𝐮𝐬 𝐃𝐚𝐲 : 10 𝘔𝘢𝘺 2026

𝘔𝘢𝘬𝘦 𝘓𝘶𝘱𝘶𝘴 𝘝𝘪𝘴𝘪𝘣𝘭𝘦.

SLE ရောဂါဆိုတာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က တစ်ရှူးများနှင့် ကိုယ်တွင်းအင်္ဂါများကို မှားယွင်းစွာ တိုက်ခိုက်တဲ့အခါ ရောင်ရမ်းခြင်းများဖြစ်ပေါ်လာတဲ့ ကိုယ်ခံအားဆိုင်ရာ‌ရောဂါဖြစ်ပါတယ်။ ထိုကဲ့သို့‌ရောင်ရမ်းခြင်းဟာ အဆစ်များ၊ အရေပြား၊ ကျောက်ကပ်၊ သွေးဆဲလ်များ၊ ဦးနှောက်၊ နှလုံး၊ အဆုတ်အစရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးမှာ ဖြစ်ပေါ်နိုင်ပါတယ်။ အရေပြားလက္ခဏာတွေ သိသာထင်ရှားတာကြောင့် SLE ရောဂါကို “အရေပြားလေးဘက်နာ” လို့လည်းခေါ်ပါတယ်။

⚠️ ရောဂါလက္ခဏာများ

SLE ရောဂါဟာ ထိခိုက်တဲ့နေရာပေါ် မူတည်ပြီး ခန္ဓာကိုယ်အနှံ့အပြားမှာ အောက်ပါအတိုင်း ရောဂါလက္ခဏာအမျိုးမျိုး ရှိနိုင်ပါတယ်။

● မျက်နှာတွင် နှာခေါင်းနှင့်ပါးတစ်ဝိုက်၌ လိပ်ပြာပုံသဏ္ဌာန် အနီကွက်ပေါ်ခြင်း (Malar rash)
● အ‌ရေပြားတွင် အနီရောင် အဝိုင်းကွက်များ ထွက်ခြင်း (Discoid rash)
● နေရောင်နှင့် ထိ‌တွေ့ပြီးနောက် အ‌ရေပြားတွင် အကွက်ပေါ်ခြင်း (Photosensitivity)
● ပါးစပ်တွင် အနာဖြစ်ခြင်း (Oral ulcer)
● အဆစ်များ ပျက်စီးမှုမရှိဘဲ ရောင်ရမ်းနာကျင်ခြင်း (Non-erosive arthritis)
● နှလုံး သို့မဟုတ် အဆုတ်အမြှေးပါးရောင်ခြင်း (Pericarditis or pleuritis) ကြောင့် အသက်ရှူလျှင် ရင်ဘတ်အောင့်ခြင်း၊ မောခြင်း
● ကျောက်ကပ်ရောင်ခြင်း (SLE nephritis) ကြောင့် ဆီးထဲတွင် အသားဓာတ် ပါဝင်မှုများပြီး ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း
● ဦးနှောက်၊ အာရုံကြောရောင်ရမ်းခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ လေဖြတ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းနှင့် တက်ခြင်း၊ သတိလစ်ခြင်း
● သွေးနီဥနည်းသောကြောင့် သွေးအားနည်းခြင်း၊ သွေးဖြူဥ နည်းသောကြောင့် ‌ရောဂါပိုး အဝင်လွယ်ခြင်း၊ သွေးဥမွှားနည်းသောကြောင့် သွေးယိုစိမ့်လွယ်ခြင်း
● ဖျားခြင်း၊ နုံးနယ်ခြင်း
● ဆံပင်ကျွတ်ခြင်း
● လည်ပင်း၊ ချိုင်းနှင့် ပေါင်ခြံတွင် ဂလင်းများရောင်ခြင်း
● ကိုယ်အလေးချိန်ကျခြင်း အစရှိသည့် လက္ခဏာများ ဖြစ်ပေါ်လာနိုင်ပါတယ်။

SLE ရောဂါဟာ နာတာရှည် ကိုယ်ခံအားဆိုင်ရာရောဂါဖြစ်ပြီး၊ သာမန်ရောဂါလက္ခဏာများမှ နေ့စဥ်လုပ်ငန်းဆောင်တာများ ထိခိုက်သည်အထိ ဆိုးရွားသောလက္ခဏာများလည်း ဖြစ်ပေါ်နိုင်ပါတယ်။ ထိုရောဂါလက္ခဏာတွေဟာ ဆိုးရွားလာချိန် (flares up/ relapses) ရှိပြီး သက်သာသောအချိန် (remission) လည်းရှိပါတယ်။ ခန္ဓာကိုယ်ရဲ့ အ‌ရေးကြီးသော အစိတ်အပိုင်းများဖြစ်တဲ့ နှလုံး၊ အဆုတ်၊ ဦးနှောက် သို့မဟုတ် ကျောက်ကပ်ကို ထိခိုက်လျှင် အသက်အန္တရာယ်ရှိနိုင်သည်အထိ ဆိုးရွားနိုင်ပါတယ်။

🚨 SLE ရောဂါရဲ့ နောက်ဆက်တွဲပြဿနာများကို ပုံမှာ ဖော်ပြပေးထားပါတယ်။

🩺 ကုသခြင်း

SLE ရောဂါကို လုံးဝပျောက်ကင်းအောင် ကုသ၍မရသော်လည်း အများစုမှာ ထိရောက်တဲ့ကုသမှုကို ခံယူလျှင် ပုံမှန်လူတစ်ယောက်ကဲ့သို့ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ကုသမှုရဲ့ အဓိကရည်ရွယ်ချက်မှာ ကိုယ်တွင်းအင်္ဂါများ ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်နှင့် ရောဂါကြောင့် နေ့စဥ်လူနေမှုဘဝအပေါ် သက်ရောက်မှုကို လျှော့ချရန်ဖြစ်ပါတယ်။

“SLE ရောဂါ” ဘာကြောင့်ဖြစ်ရလဲ၊ ဘယ်လိုကုသမှုတွေရှိလဲ၊ SLE ရောဂါဖြစ်ပြီးသူတွေမှာ ရောဂါထကြွမှုကို လျော့နည်းစေဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်နိုင်မလဲ ဆိုတာတွေကို အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ အခုပဲဝင်ရောက်ဖတ်ရှုလိုက်ပါ။ ✨

ဖတ်ရှရန် _ https://www.cllhealth.com/health-library/diseases-and-conditions/200205-systemic-lupus-erythematosus-sle-%E1%80%9B%E1%80%82/


10/05/2026

𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐭𝐡𝐞𝐫'𝐬 𝐃𝐚𝐲

"မေမေ" ဆိုတဲ့ စကားလုံးလေးတစ်လုံးထဲမှာတင် နွေးထွေးမှုတွေ အပြည့်အဝပါဝင်နေပါတယ်။မိသားစုအပေါ် ထားရှိတဲ့ ခိုင်မာတဲ့စိတ်ခွန်အားနဲ့ အတိုင်းအဆမရှိတဲ့ မေတ္တာတရားတွေအတွက် မိခင်များအားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ဂုဏ်ပြုလိုက်ရပါတယ်။ ❤️

ကမ္ဘာပေါ်မှာရှိတဲ့ မိခင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပြီး ပျော်ရွှင်ကြည်နူးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ 🌸

International Mother's Day အမှတ်တရအနေနဲ့ 𝐒𝐞𝐚 𝐋𝐢𝐨𝐧 𝐂𝐋𝐋 𝐆𝐫𝐨𝐮𝐩 မှ မေမေများရဲ့ ရင်တွင်းစကားသံလေးတွေကို အားလုံးနဲ့အတူစီးမျှောခံစားနိုင်အောင် မျှဝေပေးလိုက်ပါတယ်။



'sDay

Address

No. 16, Shin Saw Pu Street Ahlone
Yangon
11121

Alerts

Be the first to know and let us send you an email when 𝗖𝗟𝗟 𝗛𝗘𝗔𝗟𝗧𝗛 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share