Aung Nyein Aye Pharmacy- အောင်ငြိမ်းအေးဆေးဆိုင်

  • Home
  • Myanmar
  • Yangon
  • Aung Nyein Aye Pharmacy- အောင်ငြိမ်းအေးဆေးဆိုင်

Aung Nyein Aye Pharmacy- အောင်ငြိမ်းအေးဆေးဆိုင် နှစ်ပေါင်း၃၀ကျော်ရပ်တည်လာသော မြောက်ဥက္ကလာဆေးရုံရှေ့မှ အောင်ငြိမ်းအေး ဆေးဆိုင်ဖြစ်ပါတယ်။

06/09/2026

ကားမူးပျောက်ဆေးအဖြစ် အသုံးများတဲ့ Cinnarizine နဲ့ Promethazine က သောက်လိုက်ရင် ကားမူးတာကို သက်သာစေတာချင်း တူပေမဲ့ အလုပ်လုပ်ပုံ၊ ဘေးထွက်ဆိုးကျိုးနဲ့ ခန္ဓာကိုယ်ထဲမှာ အာနိသင်ပြတဲ့အချိန်တွေ တော်တော်လေး ကွာခြားပါတယ်။ ကျနော့် GP ဆရာ/ဆရာမတွေအတွက် လိုတိုရှင်း ပြန်နွှေးပေးပါမယ်။ ကျနော်အလုပ်လုပ်တဲ့ဆီမှာ seasickness ခဏတိုင်းဖြစ်ကြတာ မြို့ပေါ်နဲ့က နာရီဝက်ပဲ။ Speed boat နဲ့နေ့စဉ်သွားလာနေကြတာ တချို့မူးရင် အရုပ်ကျိုးပျက်ပဲ။ မြန်မာမှာ GP ထိုင်စဉ်က ဒီလောက်မများဘူး Motion sickness ဆိုတာ ကြာကြာနေမှ တခါလောက်လာတာ။ အခုက နေ့စဉ်နေ့တိုင်းပဲ၊ ဒီပို့စ်က ကားမူးတဲ့သူတွေအကျိုးရှိမှာမို့ ရှဲပေးကြပါခင်ဗျာ။ စာတိုတိုလေးပဲရေးမှာပါ။

✅ Mechanism of Action လိုတိုရှင်း

Promethazine က ခန္ဓာကိုယ်ထဲက Histamine နဲ့ Acetylcholine ဓာတ်တွေကို ပိတ်ဆို့ပြီး အလုပ်လုပ်တာပါ။ ဦးနှောက်ထဲက အန်ချင်စိတ်ကို ထိန်းချုပ်တဲ့နေရာ (Vomiting center) ကို တိုက်ရိုက်သွားပိတ်ပေးတဲ့အပြင် ခန္ဓာကိုယ်ရဲ့ ဟန်ချက်ညီမှုကို ထိန်းပေးတဲ့ နားတွင်းပိုင်းဆဲလ်တွေကိုပါ ငြိမ်သက်သွားစေလို့ အော့အန်တာနဲ့ မူးဝေတာကို တားဆီးပေးပါတယ်။

Cinnarizine ကျတော့ Calcium Channel Blocker အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ သူက နားတွင်းပိုင်း (Inner ear) ထဲက ဟန်ချက်ထိန်းစနစ်ကို လှုံ့ဆော်တဲ့ အချက်ပြလှိုင်းတွေကို နှေးကွေးသွားအောင် လုပ်ပေးတာပါ။ သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေလို့ လှုပ်ရှားမှုကြောင့်ဖြစ်တဲ့ မူးဝေတာကို သက်သာစေပါတယ်။

✅ Onset & Duration လိုတိုရှင်း

Promethazine က အာနိသင် တော်တော်မြန်ပါတယ်။ ဆေးသောက်ပြီး မိနစ် ၂၀ ကနေ နာရီဝက်အတွင်း သိသာပြီး အာနိသင်က ၄ နာရီကနေ ၆ နာရီလောက်အထိပဲ ခံတတ်ပါတယ်။ ဒါကြောင့် ခရီးတိုသွားမယ့်သူတွေ ဒါမှမဟုတ် ကားပေါ်ရောက်မှ ချက်ချင်းမူးလာတဲ့အခါမျိုးမှာ ပိုပြီး အဆင်ပြေပါတယ်။

Cinnarizine ကတော့ ခန္ဓာကိုယ်ထဲမှာ အာနိသင်ပြဖို့ အချိန် ၂ နာရီလောက် ယူရတတ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အားသာချက်က အာနိသင် တော်တော်ကြာကြာခံတာပါ။ တခါသောက်ထားရင် ၈ နာရီကနေ ခရီးဝေးဆို ချက်ချင်းပြန်သောက်စရာမလိုဘဲ တနေ့လုံးနီးပါး ခံပါတယ်။ ခရီးမထွက်ခင် ၂ နာရီကြိုသောက်ထားရမယ့် ဆေးမျိုးပါ။

✅ အိပ်ငိုက်မှုအဆင့် လိုတိုရှင်း

Promethazine က အင်မတန် အိပ်ငိုက်စေတဲ့ ဆေး (Highly sedating) ဖြစ်ပါတယ်။ သောက်ပြီးရင် တအားမှိန်းပြီး အိပ်ချင်လာတတ်တာမို့ ခရီးသွားရင်း တလမ်းလုံး အိပ်ပျော်သွားချင်တဲ့သူတွေအတွက် အဆင်ပြေပေမဲ့ ကားမောင်းမယ့်သူ ဒါမှမဟုတ် ခရီးသွားရင်း လမ်းဘေးဝဲယာ ရှုခင်းကြည့်ချင်တဲ့သူတွေအတွက်တော့ အဆင်မပြေပါဘူး။

Cinnarizine ကလည်း အိပ်ငိုက်စေတတ်တာ မှန်ပေမဲ့ Promethazine လောက် မပြင်းပါဘူး (Less sedating)။ နည်းနည်းပဲ မှိန်းပြီး လူက သတိအပြည့်ရှိနေနိုင်လို့ ခရီးသွားရင်း လန်းလန်းဆန်းဆန်း ရှိနေချင်သူတွေအတွက် ပိုသင့်တော်ပါတယ်။

✅ GP လိုတိုရှင်းအနှစ်ချုပ်

၁။ ခရီးဝေးသွားမယ်၊ ကြိုတင်ကာကွယ်ချင်တယ်၊ တလမ်းလုံး အိပ်ငိုက်မနေချင်ဘူးဆိုရင် Cinnarizine က ပိုကောင်းပါတယ်။

၂။ ခရီးတိုပဲသွားမှာ၊ ချက်ချင်းမူးပြီး အန်ချင်စိတ် တားမရအောင် ဖြစ်နေပြီ၊ ဒါမှမဟုတ် တလမ်းလုံး အိပ်ပျော်သွားချင်တယ်ဆိုရင်တော့ Promethazine က ပိုပြီး ထိရောက်မြန်ဆန်ပါလိမ့်မယ်။

🟥 အကျိုးရှိရင် YES လို့မန့်ခဲ့ပေးပါ 🤍
ကိုယ့်မိသားစု မိတ်ဆွေတွေထဲက ကားမူးတတ်တဲ့သူရှိရင်လည်း ဝေမျှပေးပါခင်ဗျာ။

မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၅၊၉၊၂၀၂၆ (စာပြီးချိန်)

18/07/2026
13/07/2026

■ဆေးညွှန်းနောက်ကွယ်က လျှို့ဝှက်ချက်များနှင့် ဆေးဝါးပညာရှင်ဘဝ

Written By - သိမ့်သိမ့်ဝင်း (B.Pharm)

( ၁ )

“B.Pharm” ဆိုတဲ့ ဘွဲ့နောက်ဆက်တွဲ စာလုံးလေးကို အမည်နောက်မှာ ကပ်ခွင့်ရခဲ့တဲ့နေ့က ကျွန်မရင်ထဲမှာ ဂုဏ်ယူဝင့်ကြွားမှုတွေနဲ့ ပြည့်နှက်နေခဲ့တာ ယနေ့တိုင်အမှတ်ရနေဆဲပါ။ ဆေးဝါးဗေဒ ပညာရပ်တွေကို နှစ်ပေါင်းများစွာ စာတွေကျက်မှတ်ခဲ့ရပြီးနောက် ဆေးဘက်ဆိုင်ရာ ကုတ်အကျႌ (White Coat) ကို ဝတ်ဆင်ပြီး ဆေးဆိုင်ကောင်တာနောက်မှာ စတင်ရပ်တည်ခဲ့တဲ့နေ့က ကမ္ဘာကြီးကိုတောင် ကယ်တင်နိုင် တော့မလိုလို။ သို့သော် လက်တွေ့လောကဆိုတာ စာမေးပွဲခန်းထက် အဆပေါင်းများစွာ ပိုမိုကျယ်ပြန့်ပြီး စိန်ခေါ်မှုတွေ များပြားလှမှန်း သိလာရဖို့ သိပ်မကြာလိုက်ပါဘူး။

ဆေးဝါးပညာရှင် (Pharmacist) တစ်ယောက်အနေနဲ့ အလုပ်သင်သက်တမ်းကနေ လက်တွေ့လုပ်ငန်းခွင်ထဲ ရောက်လာတဲ့အခါ ပထမဆုံးရင်ဆိုင်ရတဲ့ စမ်းသပ်ချက်ကတော့ ဘာသာစကားအတတ်ပညာပဲ ဖြစ်ပါတယ်။ ဆေးတက္ကသိုလ်တွေ၊ ဆေးရုံတွေက ထွက်လာတဲ့ ဆေးညွှန်း (Prescription)တွေဟာ ကျွန်မတို့အတွက်တော့ နေ့စဉ်ဖြေရှင်းရတဲ့ ဉာဏ်စမ်းပဟေဠိတွေပေါ့။ ဆရာဝန်ကြီးအချို့ရဲ့ လက်ရေးတွေဟာ မျဉ်းကွေးလေး တစ်ကြောင်း ဖြစ်ချင်ဖြစ်မယ်။ အောက်ကိုဆွဲချလိုက်တဲ့ အမြီးလေးတစ်ခုကိုကြည့်ပြီး ဒါဟာ အကိုက်အခဲ ပျောက်ဆေးလား၊ သွေးတိုးကျဆေးလား ဒါမှမဟုတ် ပဋိဇီဝဆေးလားဆိုတာကို မျက်မှောင်ကြုတ်ပြီး ခန့်မှန်းရပါတယ်။

ကျောင်းမှာသင်ခဲ့ရတုန်းကတော့ ဆေးညွှန်းတစ်ခုမှာ ဆေးအမည်၊ သောက်သုံးရမယ့် အကြိမ်ရေ၊ ဆေးပမာဏ (Dosage) အတိအကျပါရမယ်လို့ အရိုးစွဲအောင် သင်ခဲ့ရတာပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ လူနာတွေယူလာ တဲ့ ဆေးညွှန်းအချို့ဟာ ဖတ်ရခက်ရုံတင်မကဘဲ အမှားအယွင်းတွေပါ ပါလာတတ်ပါတယ်။ ဥပမာ ဆေးညွှန်း ထဲမှာ ရေးထားတဲ့ ဆေးပမာဏက သတ်မှတ်ချက်ထက် လွန်ကဲနေတာမျိုး၊ ဒါမှမဟုတ် လူနာမှာရှိနေတဲ့ တခြားရောဂါအခံနဲ့ မတည့်တဲ့ ဆေးမျိုးပါလာတတ်တာမျိုးပါ။ ဒီလိုအချိန်မျိုးမှာ Pharmacist တစ် ယောက်ရဲ့အခန်းကဏ္ဍက အသက်တစ်မျှ အရေးကြီးလာပါတယ်။

လူနာကတော့ ဆေးအမြန်ရချင်လို့ ကောင်တာမှာ ခြေတုန်လက်တုန်စောင့်နေတတ်ပေမဲ့ ကျွန်မတို့ကတော့ မသေချာတဲ့ ဆေးညွှန်းတစ်ခုအတွက် အမှားမခံနိုင်ပါဘူး။ “ခဏလေး စောင့်ပေးပါနော်” လို့ လူနာကို တောင်းပန်ပြီး ဆေးညွှန်းရှင် ဆရာဝန်ဆီ ဖုန်းဆက်ကာ “ဆရာ ဒီလူနာအတွက် ရေးထားတဲ့ ဆေးပမာဏက ဒီလောက် ဖြစ်နေလို့ပါ၊ ပြန်စစ်ပေးပါဦးရှင်” လို့ လိမ္မာပါးနပ်စွာ ညှိနှိုင်းရပါတယ်။ ဆရာဝန်က အလုပ်ရှုပ်နေလို့ မှားရေးမိတာကိုလက်ခံပြီး ကျေးဇူးတင်စကားဆိုကာ ဆေးညွှန်းပြင်ပေးလိုက်တဲ့အခါမှပဲ ရင်ထဲကအလုံးကြီး ကျသွားရပါတယ်။ ကောင်တာနောက်က အရောင်းစာရေးလေးတွေက ဆေးဘူးကို အလွယ်တကူ ထုတ်ပေးနိုင်ပေမဲ့ အဲဒီဆေးညွှန်းနောက်ကွယ်က အန္တရာယ်တွေကို စစ်ထုတ်ပေးဖို့ကတော့ B.Pharm ဘွဲ့ရ ဆေးဝါးပညာရှင်တွေရဲ့တာဝန်ပဲ ဖြစ်ပါတယ်။

( ၂ )

ဆေးညွှန်းလက်ရေးတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်ပြီးတဲ့နောက် ဒုတိယမြောက် ကြုံရတဲ့စမ်းသပ်ချက်ကတော့ ဆေးဆိုင်ကို ပြေးလာကြတဲ့လူနာတွေရဲ့ အခေါ်အဝေါ်အလွဲတွေနဲ့ ဆန်းပြားတဲ့ တောင်းဆိုမှုတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက ဆေးဝါးဗေဒဗဟုသုတ နည်းပါးကြသေးတာမို့ ဆေး အမည်တွေကို ကိုယ်ကြားဖူးသလို စိတ်ကူးထဲရှိသလို ခေါ်ဝေါ်ပြီး လာဝယ်တတ်ကြတာ နေ့စဉ်အလုပ်တစ်ခုလို ဖြစ်နေပါပြီ။

“သမီး။ မမကြီးကို “ပါရာဇီတာ”တစ်ကတ် လောက်ပေးပါဦး”လို့လာဝယ်ရင်Pharacetamol (ပါရာစီတမော) မှန်း ချက်ချင်းသိနိုင်လို့ တော်သေးတာပေါ့။ တစ်ခါတလေကျရင် “ညည်းတို့ဆိုင်မှာ အသည်းပုံ ဆေးလုံးလေး ရှိလား” တို့၊ “ဟိုတစ်ခါက ဝယ်သွားတဲ့ အဝါရောင်ဆေးတောင့်လေးပေးပါ” တို့ ဆိုပြီး လာမေးတဲ့အခါ ကျွန်မတို့ Pharmacist တွေမှာ စုံထောက်ကြီး ရှာလော့ဟုမ်းသဏ္ဌာန် ဖမ်းရပါတော့တယ်။ ဆေးဝါးလောကမှာ အရောင် တူ၊ ပုံစံတူပေမဲ့ အာနိသင်ကောင်းကင်နဲ့ မြေကြီးလိုကွာခြားတဲ့ဆေးတွေ အများကြီးရှိတာမို့ ရောဂါလက္ခဏာကို သေချာပြန်မေး၊ အရင်ကသောက်ဖူးတဲ့ ဆေးဘူးခွံကိုပြခိုင်းပြီး စိတ်ရှည်လက်ရှည် လိုက်လံစိစစ်ပေးရပါတယ်။

အဆန်းဆုံးကတော့ “အကြောဆေး” နဲ့ “အားဆေး” အပေါ်ထားရှိတဲ့ လူထုရဲ့အယူအဆအမှားတွေပါပဲ။ “သမီး။ အမေက သွေးတိုးရှိတယ်။ ဇက်ကြောတွေတက်နေလို့ အကြောဆေးလေးတစ်လုံးလောက် ထိုးပေးပါလား” ဆိုပြီး ဆိုင်ထဲဝင်လာတတ်ကြပါတယ်။ သူတို့ခေါ်တဲ့ အကြောဆေးဆိုတာက ဗီတာမင် ဘီကွန်ပလက်စ် (Vitamin B Complex ) ဆေးကို ဆိုလိုတာပါ။ ဒါပေမဲ့ သွေးတိုးနေတဲ့အချိန်မှာ မလိုအပ်ဘဲ အကြောဆေး သွင်းတာ၊ ဒါမှမဟုတ် စပ်ဆေးတွေ အလွယ်တကူ ဝယ်သောက်တာဟာ ဘယ်လောက် အန္တရာယ်များကြောင်း၊ သွေးတိုးကျဆေးကိုပဲ စနစ်တကျ သောက်ရမှာဖြစ်ကြောင်း ရှင်းပြတဲ့အခါ အချို့က နားလည်ကြပေမဲ့ အချို့ကတော့ “ဆေးဆိုင်က ဆေးကို ရောင်းမစားချင်ဘူး။ ဆရာကြီး လုပ်နေတယ်”ဆိုပြီး မျက်စောင်းထိုး ဆောင့်အောင့် ထွက်သွားကြတာမျိုးလည်း ကြုံရပါတယ်။

နောက်ပြီး “စပ်ဆေး” ဆိုတဲ့ အရာကလည်း ကျွန်မတို့ Pharmacist တွေအတွက် အဓိက ရန်သူတော်ကြီးပေါ့။ လူနာအများစုက ဆေးတစ်လုံးချင်းစီရဲ့ အာနိသင်ကိုမသိဘဲ တစ်ခါသောက်ရင် သက်သာရောဆိုတဲ့ စိတ်နဲ့ ဆေးမျိုးစုံ ရောစပ်ထားတဲ့ စပ်ဆေးတွေကို အလွယ်တကူ အားကိုးတတ်ကြပါတယ်။ အဲဒီစပ်ဆေးတွေထဲမှာ စတီးရွိုက် (Steroid) ဆေးဝါးတွေ အလွန်အကျွံ ပါဝင်နေတတ်ပြီး ရေရှည်မှာ ကျောက်ကပ်ပျက်စီးတာ၊ အစာအိမ်ပေါက်တာတွေ ဖြစ်နိုင်မှန်း သိပ္ပံနည်းကျသင်ယူခဲ့ရတဲ့ ကျွန်မတို့ကတော့ ရင်တမမ ဖြစ်ရပါတယ်။ လူနာတွေကို စေတနာရှေ့ထားပြီး “စပ်ဆေးတွေ မသောက်ပါနဲ့ အန်တီရယ်။ ဘေးထွက်ဆိုး ကျိုးများပါတယ်” လို့ ပြောလိုက်တိုင်း “ငါကတော့ သောက်နေကျပဲ။ ဘာမှမဖြစ်ပါဘူး” ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ကျွန်မတို့ရဲ့B.Pharm ဘွဲ့ကြီးဟာ ကောင်တာအောက်ကို ခေတ္တလျှောကျ သွားရပြန်ပါတယ်။ ဒီလို အယူ အဆဟောင်းတွေ၊ အလေ့အထအမှားတွေ ကြားထဲကနေ လူနာတွေ ဘေးအန္တရာယ်ကင်းဖို့ စိတ်ရှည်လက်ရှည် ပညာပေးရတာဟာ Pharmacist တစ်ယောက်ရဲ့ နေ့စဉ် ရုန်းကန်ရတဲ့ နိစ္စဓူဝအလုပ်တစ်ခုပဲဖြစ်ပါတယ်။

Read More - - - >>>https://news-eleven.com/article/313335

■ Eleven Website:https://news-eleven.com
■ Eleven Broadcasting YouTube:https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube:https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

Thank you Diamond Star Way Group Co.ltdMerry Christmas & Happy New Year 🎊🎆🎈
25/12/2025

Thank you Diamond Star Way Group Co.ltd
Merry Christmas & Happy New Year 🎊🎆🎈

19/09/2025

International SOS Myanmar has observed a troubling rise in TB cases across Yangon.
Join our webinar "Tuberculosis in Myanmar" at 9:30am to 10:30am (Myanmar Time) on 25 September 2025 to learn how to protect yourself and your community.

Our guest speaker and health expert will share insights on TB trends, transmission, testing, and prevention. Open to healthcare professionals, public health stakeholders, and the public.

The webinar will be conducted in MYANMAR language.

မြန်မာပြည်အတွင်း- အထူးသဖြင့် ရန်ကုန်မြို့တစ်ဝှမ်းတွင်တီဘီရောဂါဖြစ်ပွားမှု မြင့်တက်လာနေပါတယ်။

မိတ်ဆွေတို့ကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်အတွက် ကြိုတင်ကာကွယ်နိုင်ရန် စက်တင်ဘာလ 25 ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၉း၃၀ မှ ၁၀:၃၀ နာရီ တွင် International SOS Myanmar မှ Tuberculosis in Myanmar" အကြောင်းကို မြန်မာဘာသာဖြင့်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ တီဘီရောဂါ ဖြစ်ပွားနှုံး အခြေအနေ၊ တီဘီရောဂါ အကြောင်း၊ ကူးစက်နိုင်ခြေ၊ ရောဂါ ရှာဖွေ စစ်ဆေးခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ နည်းလမ်းများကို မျှဝေဟောပြောသွားမှာ ဖြစ်လို့ လက်မလွတ်ပဲ တက်ရောက်နိုင်အောင် အခုပဲ Register လုပ်လိုက်ပါ။

Register now to support awareness and actions.
03a344d3-d36e-4a79-83d5-e336256f0896@e6eeb1b8-bcbc-4324-a43b-2c2c7f925a13" rel="ugc" target="_blank">https://events.teams.microsoft.com/event/03a344d3-d36e-4a79-83d5-e336256f0896@e6eeb1b8-bcbc-4324-a43b-2c2c7f925a13


ဝန်ထမ်းအလိုရှိသည် 😇🥰🥳🤩🥸ရာထူး – ဆေးအရောင်းဝန်ထမ်း(Pharmacy Assistant)အလုပ်လုပ်ရမည့်နေရာ – အောင်ငြိမ်းအေး ဆေးဆိုင်အမှတ်(ဃ/...
11/09/2025

ဝန်ထမ်းအလိုရှိသည် 😇🥰🥳🤩🥸

ရာထူး – ဆေးအရောင်းဝန်ထမ်း(Pharmacy Assistant)

အလုပ်လုပ်ရမည့်နေရာ – အောင်ငြိမ်းအေး ဆေးဆိုင်
အမှတ်(ဃ/၄၄၄)၊မေဓါဝီလမ်း၊ မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်။
မြောက်ဥက္ကလာပဆေးရုံကြီးရှေ့။
09401621483

တာဝန်များ
• ဆေးဆိုင်တွင် လူနာများ / ဖောက်သည်များကို ကြိုဆိုပြီး လိုအပ်သော ဆေးဝါးပစ္စည်းများ ရှာဖွေထုတ်ပေးခြင်း
• ဆရာဝန်ဆေးစာရွက်အတိုင်း ဆေးထုတ်ပေးရာတွင် အကူအညီပေးခြင်း
• ဆေးဆိုင်အတွင်း သန့်ရှင်းရေး၊ ဆေးပစ္စည်းများ ထားသိုစီမံထိန်းသိမ်းပေးခြင်း
• ဆေးဆိုင်တာဝန်ခံထံမှလိုအပ်သည့် ညွှန်ကြားချက်များလိုက်နာခြင်း

လိုအပ်ချက်များ
• အခြေခံပညာ အလယ်တန်း/အထက်တန်း ပညာရေးအဆင့်
• လူမှုဆက်ဆံရေးကောင်းမွန်ပြီး၊ စကားပြောပြေပြစ်သူ
• တိကျမှန်ကန်ပြီး တာဝန်ယူဆောင်ရွက်နိုင်သူ
• အဖွဲ့လိုက်လုပ်ကိုင်နိုင်ပြီး သင်ယူလိုစိတ်ရှိသူဖြစ်ရမည်
• ဆေးဆိုင်အတွေ့အကြုံရှိပါက ဦးစားပေးမည်(အလုပ်အတွေ့အကြုံမရှိလည်း လျှောက်ထားနိုင်သည်)

အလုပ်ချိန်
• [နေ့စဉ်အလုပ်ချိန် ~မနက် ၈:၀၀ မှ ညနေ ၈:၃၀]
• [ပိတ်ရက် ~တစ်ပါတ် ၁ရက်]

လစာနှင့်အခြားအကျိုးခံစားခွင့်များ
• အခြေခံလစာ ၂၅၀,၀၀၀ မှစ၍ ၅၀၀,၀၀၀ (ထပ်တိုး + bonusရှိသည်)
• နေစရိတ်/စားစရိတ်ငြိမ်း
• အလုပ်လုပ်သက်အပေါ်မူတည်၍ လစာတိုးမြှင့်မှု ရှိသည်

လျှောက်ထားရန်
စိတ်ဝင်စားသူများသည် ကိုယ်ရေးအချက်အလက်အပြည့်အစုံ(CV)၊သန်းခေါင်စာရင်းမိတ္ထူ၊မှတ်ပုံတင်မိတ္ထူ နှင့် လိုင်စင်ဓာတ်ပုံတစ်ပုံဖြင့် အထက်ပါလိပ်စာ (သို့မဟုတ်) ဖုန်း09974755229(Viber) မှတစ်ဆင့် ဆက်သွယ်လျှောက်ထားနိုင်ပါသည်။
#ဆေးဆိုင် #အလုပ်ခေါ်စာ #ဆေးဆိုင်ဝန်ထမ်း

27/04/2025

🚨တန်ဖိုးကြီးတဲ့အသက်တွေ... ကာကွယ်ကြ/
စောင့်ရှောက်ကြပါ။
■■■■■■■■■■■■■■■■■■
💟Dr.Lamp-Lady

📣 ဒီလို အချိန် ရောက်လာပြီဆိုရင်ဖြင့် ->
ဒီလို စိုးရိမ်ပူပန် သတိပေးစကားတွေ ...
ရေးသားရတာ..အစဥ်အလာလို ဖြစ်နေငြား-
--------------------------------------
👉- အထူးအားဖြင့်- ယခုနှစ်မှာ- ယခုရက်သတ္တ
တပတ်အတွင်း ... ->

■💥"နေ" မှ -> ပြင်းထန်တဲ့ဆိုလာမီးတောက်များ
ကမ္ဘာမြေသို့- ထုတ်လွှတ်နိုင်ကြောင်း
နာဆာက ထုတ်ပြန်ထားပါတယ် - *

■"နေ့အပူချိန်များမှာ မနှစ်ကဧပြီလကုန်ပိုင်းထက်
ပိုမိုမြင့်ကာ တရိပ်ရိပ်မြင့်တက်နေရာ ...
အခုဧပြီလ(၂၆)ရက်နေ့မှ စတင်ပြီး..
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ ချင်းတွင်း
မြစ်ဝှမ်းဒေသများမှာ အပူချိန် ၄၂ ဒီဂရီအထိ
မြင့်တက်ဖွယ်ရှိနေတယ်လို့ သိရပါတယ် -။

💢အခုဧပြီ(၂၇)ရက်မှ- (၃၀)ရက်အတွင်း...
လက်ရှိအပူချိန်ထက်- (2-3)°C ပိုပူလာနိုင်
ကြောင်းနဲ့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း
လည်း ကြောက်ခမန်းလိလိ,မြင့်တက်နေ
ကြောင်း သိရှိရပါတယ်-။

📣 အသက်-ဥာဏ်စောင့်တာမို့ -
ဒါလေးများ... သတိထားပေးကြပါလို့ ->

● မွန်းတည့်(၁၂)နာရီမှ ညနေ(၄)နာရီအတွင်း..
အတတ်နိုင်ဆုံး- အပြင်မထွက်ပါနဲ့-။
လိုအပ်လို့-အပြင်ထွက်ရရင်လည်း...
အလွန်အေးတဲ့- Air con:ဖွင့်ထားတဲ့နေရာမှ-
ပူတဲ့​နေရာကို ရုတ်တရက်,ထွက်ခြင်း ရှောင်ပါ-။

● မဖြစ်မနေ- အပြင်ထွက်ရတဲ့အခါတိုင်း..

☆ ရေ ဝဝ,သောက်ပြီး ထွက်ပါ-

☆ ထီး၊ဦးထုပ်ဆောင်းပါ၊ နေကာမျက်မှန်တပ်ပါ-

☆ တတ်နိုင်သမျှ- အရိပ်ရတဲ့နေရာမှ သွားပါ-

☆ အပူကိုအလွန်စုပ်ယူနိုင်တဲ့- အနက်/အနီရောင်
အဝတ်များနဲ့ တင်းကျပ်သော၊ပူသောအဝတ်များ
ဝတ်ခြင်းရှောင်ကြဥ်ပါ-

☆ အရောင်နုဖျော့သော- ချည်ထည်အဝတ်
ပွပွချောင်ချောင်သာ- ဝတ်ဆင်ပါ-

☆ ရေသောက်ဖို့ မမေ့ပါစေနဲ့နော်-

*[ရေသောက်ဖို့မေ့နေတတ်တာမို့- သတိထားပြီး၊
ရေ ခဏခဏ,သောက်ပါနော့်- ]*
ရေခဲရည်/အချိုရည်သောက်မယ့်အစား..
ပုံမှန်ရေသန့်သာ- သောက်ပါ-

☆ (အေးလွန်းခြင်း/ပူလွန်းခြင်းမဟုတ်သော-)
ပုံမှန်ရေသန့်- များများ,သောက်ပေးခြင်းဖြင့်-

* ခန္ဓာကိုယ်အပူချိန် ထိန်းညှိပေးရာမှာ-
အထောက်အကူဖြစ်စေတာကြောင့်-
ရေသောက်ဖို့မမေ့ကြပါနဲ့လို့.. ထပ်ခါထပ်ခါ,
အထူး,သတိပေးပါရစေ🥰

☆ ချွေးထွက်များရင် -> အုန်းစိမ်းရည်၊
ဓါတ်ဆားရည် သောက်ပေးသင့်ပါတယ် -

☆ အရက်သေစာသောက်စားခြင်းရှောင်ကြဥ်ပါ-

☆ မိမိနေထိုင်ရာနေရာမှာ -> အတတ်နိုင်ဆုံး,
အေးမြနေအောင်.. စီစဥ်ပြင်ဆင်ပါ-
ဥပမာ- (မိမိတို့အဆင်ပြေသလို..)
Air con: ,ပန်ကာ၊မီးပျက်တဲ့အခါ-ဆိုလာစံနစ်၊
ဘက်ထရီပန်ကာများ..စသဖြင့်စီစဥ်ထားရှိခြင်း၊
လေဝင်လေထွက်ကောင်းအောင်-
ပြတင်းပေါက်များ..ဖွင့်ထားခြင်း၊
ပတ်ဝန်းကျင်တခွင်တပြင်-ရေဖြန်းထားခြင်း၊
စိမ်းလန်းတဲ့-သစ်ပင်ပန်းပင်၊ပန်းအိုးများ
စိုက်ပျိုးထားရှိခြင်း...

● ဆီးချို၊သွေးတိုး၊နှလုံး၊ကျောက်ကပ်..စတဲ့
ရောဂါအခံရှိသူများ၊ အဝလွန်သူများ..နဲ့
သက်ကြီးရွယ်အိုများ၊ ကလေးငယ်များမှာ -
အပူဒဏ်ကြောင့် ပိုပြီးထိခိုက်နိုင်တာမို့-
အထူးဂရုစိုက်စေချင်ပါတယ် -။

● ကိုယ်ခန္ဓာအပူချိန်- အလွန်မြင့်တက်လာပြီး..
ခေါင်းမူးခေါင်းကိုက်၊ ပျို့ချင်အန်ချင်၊
အကြောတက်၊ မူးမေ့သတိလစ်..ဖြစ်လာတာနဲ့-
အပူရှပ်ခြင်း(Heat Stroke)အန္တရာယ်
အချက်ပေးသံမြည်လာတာမို့...အနီးဆုံးဆေးရုံ/
ဆေးခန်း၊ တတ်ကျွမ်းနားလည်တဲ့-ဆရာဝန်/
ဆရာမများထံ အမြန်ဆုံးပြသပြီး၊
စောင့်ရှောက်ကုသမှုခံယူသင့်ပါတယ်-။
အဲ့လိုလူနာများ...တွေ့ ခဲ့ပါကလည်း ->

*( တန်ဖိုးမဖြတ်နိုင်တဲ့-လူ့အသက်များ...
အလဟဿ,မဆုံးရှူံးရလေအောင်.. )
ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါလို့-
မေတ္တာရပ်ခံ တိုက်တွန်းပါရစေ-။

💖ချစ်ခြင်းမေတ္တာဖြင့်

ဤသတင်းလေးတင်ခွင့်ပြုပါ 🏥✨ကျွန်တော်တို့၏ သွားနှင့်ခံတွင်း ဆေးခန်းကို အကောင်းဆုံးနှင့် ပိုမိုအဆင်ပြေပြီး သန့်ရှင်းသော ဆေးခ...
08/04/2025

ဤသတင်းလေးတင်ခွင့်ပြုပါ 🏥✨

ကျွန်တော်တို့၏ သွားနှင့်ခံတွင်း ဆေးခန်းကို အကောင်းဆုံးနှင့် ပိုမိုအဆင်ပြေပြီး သန့်ရှင်းသော ဆေးခန်းပတ်ဝန်းကျင်အဖြင့် ပံ့ပိုးပေးနိုင်ရန် ပြုပြင်ပြောင်းလဲနေပါတယ်ခင်ဗျ
Renovation လုပ်ငန်းဆောင်ရွက်မှုများအတွင်း
April 2နေ့မှ April 24နေ့ထိ ဆေးခန်းပိတ်ထားမည်ဖြစ်ပြီး တစုံတခုမေးမြန်းရန်ရှိပါက ဆေးခန်း
Hotline : 09751365967 သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။
ကျေးဇူးအထူးတင်ပါသည်။ 🙏

အောင်ငြိမ်းအေး သွားနှင့်ခံတွင်းဆေးခန်း
အမှတ်(ဃ/၄၄၃)၊မေဓါဝီလမ်း၊ မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်။မြောက်ဥက္ကလာပဆေးရုံကြီးရှေ့။

Address

Maydawi Street, North Okkalapa
Yangon
41112

Telephone

+959401621483

Website

Alerts

Be the first to know and let us send you an email when Aung Nyein Aye Pharmacy- အောင်ငြိမ်းအေးဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Nyein Aye Pharmacy- အောင်ငြိမ်းအေးဆေးဆိုင်:

Shortcuts

Share