Spirulinaစိမ်းပြာရေညှိ-USFDA

Spirulinaစိမ်းပြာရေညှိ-USFDA 100%Spirulina စိမ်းပြာရေညှိ

SUPER FOOD

09/03/2026

🌿💚 နေ့စဉ်ကျန်းမာရေးအတွက် သဘာဝအားဖြည့် – TIENS Spirulina 💚🌿

ခေတ်မီဘဝမှာ စိတ်ဖိစီးမှုများ၊ အလုပ်ပင်ပန်းမှုများကြောင့် ကိုယ်ခံအားကျဆင်းလာတာ သွေးအားနည်းခြင်းတွေဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် သဘာဝအာဟာရဖြည့်စွက်တစ်ခုဖြစ်တဲ့ TIENS Spirulina ကို မိတ်ဆက်ပေးချင်ပါတယ် ✨

🔬 Spirulina ဆိုတာဘာလဲ?
Spirulina က စိမ်းပြာရေညှိအမျိုးအစားတစ်ခုဖြစ်ပြီး Protein၊ Vitamin၊ Mineral များစွာပါဝင်တဲ့ Superfood တစ်မျိုးပါ။

💊 ပါဝင်တဲ့ အာဟာရဓာတ်များ
✔ Protein မြင့်မား (၆၀% ကျော်)
✔ Iron (သံဓာတ်)
✔ Vitamin B1, B2, B3
✔ Magnesium, Potassium
✔ Antioxidant – Phycocyanin

💪 ဆေးအာနိသင်နှင့် အကျိုးကျေးဇူးများ
✅ ကိုယ်ခံအားမြှင့်တင်ပေးနိုင်ခြင်း
✅ သွေးအားနည်းမှု လျော့ကူညီနိုင်ခြင်း
✅ ပင်ပန်းနွမ်းနယ်မှု သက်သာစေနိုင်ခြင်း
✅ သွေးထဲ Cholesterol လျော့ကူညီနိုင်ခြင်း
✅ အသည်းလုပ်ဆောင်မှုကို ကူညီနိုင်ခြင်း
✅ အသားအရေကြည်လင်စေနိုင်ခြင်း
✅ ကိုယ်အလေးချိန်ထိန်းညှိရာတွင် အထောက်အကူဖြစ်နိုင်ခြင်း

🌱 နေ့စဉ်ဘယ်လိုသောက်သင့်လဲ?
➡ တစ်နေ့ 1–3 လုံး (သို့) အကြံပြုချက်အတိုင်း
➡ မနက်စာစားပြီးနောက် သောက်သုံးရန် အကြံပြုပါတယ်။
⚠️ (ကိုယ်ဝန်ဆောင်မိခင်များ၊ နာတာရှည်ရောဂါရှိသူများသည် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သုံးပါရန် အကြံပြုပါသည်။

💚 ကျန်းမာရေးကောင်းမွန်ခြင်းဟာ အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပါ။

09/03/2026
ဒီနေ့မှာတော့ ဗီတာမင် B12 အကြောင်း ဗဟုသုတအနေနဲ့ ပြောပြပေးပါမယ်။ဗီတာမင် B12 တစ်နည်းအားဖြင့် Cobalamin လို့ခေါ်တဲ့ B12 ဟာ က...
09/03/2026

ဒီနေ့မှာတော့ ဗီတာမင် B12 အကြောင်း ဗဟုသုတအနေနဲ့ ပြောပြပေးပါမယ်။

ဗီတာမင် B12 တစ်နည်းအားဖြင့် Cobalamin လို့ခေါ်တဲ့ B12 ဟာ ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့

🩸 သွေးနီဥနဲ့
🧬 အာရုံကြောဆဲလ် (DNA) ထုတ်လုပ်မှုမှာ ပါဝင်ပါတယ်။

🧠 ဦးနှောက်နဲ့အာရုံကြောတွေ ဖွံ့ဖြိုးမှုနဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ ဗီတာမင် B12 က မရှိမဖြစ်ပါပဲ။

ဗီတာမင် B12 က အသား 🥩 ၊ ငါး 🐟 ၊ အသည်း၊ ဥအမျိုးမျိုး🥚၊ နို့နဲ့နို့ထွက်ပစ္စည်း🥛တွေမှာ ပါဝင်ပါတယ်။

❕နေ့စဉ် Vitamin B12 လိုအပ်မှုဟာ

(၁၄) နှစ်နဲ့အထက် အမျိုးသား၊ အမျိုးသမီးတွေအတွက် တစ်နေ့လျှင် ၂.၄ မိုက်ခရိုဂရမ် (2.4mcg)

ကိုယ်ဝန်ဆောင်မိခင်အတွက် တစ်နေ့လျှင် ၂.၆ မိုက်ခရိုဂရမ် (2.6mcg)

နို့တိုက်မိခင်အတွက် တစ်နေ့လျှင် ၂.၈ မိုက်ခရိုဂရမ် ဖြစ်ပါတယ် (2.8mcg)

💡ကျွန်တော်တို့ စားသုံးလိုက်တဲ့ အစာတွေမှာပါဝင်တဲ့ ဗီတာမင် B12 က ပရိုတင်းနဲ့အတူတွဲပြီး အစာအိမ်ထဲရောက်ပါတယ်။ အစာခြေအက်စစ်နဲ့ အင်ဇိုင်းတွေက B12 ကို သီးသန့်ပုံစံရအောင် ခွဲထုတ်ပေးပါတယ်။ ဒီနောက် အစာအိမ်နံရံက intrinsic factor နှင့်ပေါင်းပြီး အစာအိမ်နဲ့အူသိမ်က ဗီတာမင် B12 ကိုစုပ်ယူနိုင်ပါတယ်။....

🤔ဘယ်သူတွေမှာ ဗီတာမင် B12 ချို့တဲ့နိုင်လဲ။

- အသား၊ ငါး မစားဘဲ သတ်သတ်လွတ်စားသုံးသူ
- အစာအိမ်နံရံက Intrinsic factor ထုတ်လုပ်သောဆဲလ်များ ဖျက်ဆီးခံရခြင်း (Pernicious anaemia )
- အစာအိမ်က အစာခြေအက်စစ် လုံလောက်စွာမထုတ်လုပ်နိုင်ခြင်း (သက်ကြီးရွယ်အိုများ၊ အက်စစ်အထွက်နည်းစေသောဆေးဝါး မှီဝဲနေရသူများ)
- ရောဂါတစ်မျိုးမျိုးကြောင့် အစာအိမ် (သို့) အူသိမ် ခွဲစိတ်ဖြတ်တောက် ကုသခံထားရသူများ

ဗီတာမင် B12 ချို့တဲ့ရင် . . .

🩸သွေးနီဥထုတ်လုပ်ခြင်းကို လျော့နည်းစေတဲ့အတွက် သွေးအားနည်းရောဂါ (Megaloblastic anaemia) ဖြစ်စေနိုင်ပါတယ်။

အောက်ဆီဂျင်ကို သယ်ပေးမယ့် သွေးနီဥနည်းတဲ့အခါ.... နုံးချိခြင်း၊ မောပန်းလွယ်ခြင်း၊ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ အစားအသောက်ပျက်၍ ကိုယ်အလေးချိန်ကျခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း လက္ခဏာတွေ ပြနိုင်ပါတယ်။

🧬 အာရုံကြောဆဲလ်တွေ မထုတ်လုပ်နိုင်တဲ့အခါ
- ခြေချောင်း၊ လက်ချောင်းထိပ်များ ထုံကျဥ်ခြင်း
- အမြင်အာရုံပြဿနာများ
- ဟန်ချက်မထိန်းနိုင်ခြင်း
- မှတ်ဉာဏ်ချို့တဲ့ခြင်း စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ဗီတာမင် B12 ကြာရှည်ချို့တဲ့မှုကြောင့် အာရုံကြောလက္ခဏာတွေပါ ခံစားလာရရင် တချို့သောလက္ခဏာတွေကို ပြန်လည်ကောင်းမွန်အောင်ကုသဖို့ ခက်ခဲနိုင်ပါတယ်။....

🧠 ဦးနှောက်နဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာလည်း ထိခိုက်နိုင်ပါတယ်။

- စိတ်ဓာတ်ကျခြင်း
- စဉ်းစားဆင်ခြင်နိုင်စွမ်းကျခြင်း
- စိတ်ထိခိုက်လွယ်ခြင်း စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

အထက်ပါလက္ခဏာတွေခံစားရလို့ သံသယရှိလာရင် ဆရာဝန်နဲ့ စောစီးစွာပြသပြီး ကုသမှုခံယူသင့်ပါတယ်။

💉🔬 သွေးနီဥအရေအတွက်နဲ့ ဗီတာမင် B12 အလုံအလောက် ရှိ/မရှိကို ဓာတ်ခွဲခန်းမှာ သွေးစစ်ဆေးချက်တွေ လုပ်ဆောင်လို့ ရပါတယ်။

🩺 ဗီတာမင် B12 ချို့တဲ့လူနာအတွက် အသင့်တော်ဆုံးကုသမှုကို အဖြေရှာဖို့လိုပါတယ်။

​• နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်း (Vitamin B12 ကြွယ်ဝတဲ့ အစားအစာ စားသုံးခြင်း) အပြင်
• လိုအပ်လျှင် ဗီတာမင် B12 ဖြည့်စွက်ဆေး ပေးခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။

💡ဗီတာမင် B12 အနေနဲ့ သောက်ဆေး၊ ထိုးဆေး အမျိုးမျိုးရှိတာမို့ သင့်တော်တဲ့ ကုသမှုခံယူနိုင်ဖို့ ဆရာဝန်နဲ့ သေချာပြသသင့်ကြောင်း အထူးအကြံပေးလိုပါတယ်....။

Reference 📚📄
https:// my. clevelandclinic. org / health/ diseases/ 22831-vitamin-b12-deficiency

https:// www. hsph. harvard. edu / nutritionsource/ vitamin-b12/

(၃၊ ၁၀၊ ၂၀၂၂)

 #အိမ်တိုင်းမှာ_မရှိမဖြစ်ဆောင်ထားသင့်တဲ့အာဟာရ🥗  🌱ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်းကြီး မှ စိမ်းပြာရေညှိကို "၂၁ရာစုရဲ့လူသားတွေ...
01/06/2025

#အိမ်တိုင်းမှာ_မရှိမဖြစ်ဆောင်ထားသင့်တဲ့အာဟာရ🥗

🌱ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်းကြီး မှ စိမ်းပြာရေညှိကို "၂၁ရာစုရဲ့လူသားတွေအတွက်အကောင်းဆုံးအာဟာရဖြည့်အစားအစာ"လို့ သတ်မှတ်ထားပါတယ်။

🌱Tiens Spirulina ကို စိမ်းပြာရေညှိ အကောင်းဆုံး ကုန်ကြမ်းထွက်ရှိရာ အာဖရိကတိုက် ကင်ညာနိုင်ငံမှ စိမ်းပြာရေညှိကို ကုန်ကြမ်းအဖြစ် သုံးထားပါတယ် ။

- အမိုင်နိုအက်ဆစ် 19 မျိုး
- ဗီတာမင် 11 မျိုး
- အဆီအက်ဆစ် 11 မျိုး ၊
- ကယ်စီယမ် ၊ပိုတက်စီယမ် ၊ ဆိုဒီယမ် ၊ ဖော့စ်ဖရပ် ၊
- သံဓာတ် ၊ ဇင့် ၊ ဖောလစ်အက်ဆစ် ၊ မဂ္ဂနီဆီယမ် ၊
- ရေညှိပြာပရိုတင်း ၊ဘီတာကယ်ရိုတင်း ၊ကလိုရိုဖီးလ် စသည့် အာဟာရဓါတ်ပေါင်းများစွာ ပါဝင်ပါတယ်။

🏅ရုရှားအပြည်ပြည်ဆိုင်ရာအာကာသစခန်းမှ
Tiens Spirulina ကို "နိုင်ငံတကာအာကာသယာဉ်မှူးများ သုံးစွဲရန်အသင့်တော်ဆုံးအစားအစာဆု" ချီးမြှင့်ထားပါတယ်။

🟢 ဘာတွေလုပ်ပေးနိုင်လဲ 🟢

- ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ခုခံအားကောင်းစေပါတယ်
- အဆိပ်အတောက် ဖယ်ရှားပေးနိုင်ပါတယ်။
- အမိုင်နိုအက်စစ် ပါလို့ အသည်းဆဲလ်ပျက်ဆီးမှုကိုကာကွယ်ပေးပါတယ်
- အသားအရေလှပြီး နုပျိုစေပါတယ်။
- အင်ဆူလင်ထုတ်ပေးသော ဘီတာဆဲလ် ပျက်ဆီးမှုကိုတားမြစ်နိုင်ပြီးသွေးတွင်းသကြားဓါတ်ကိုထိန်းပေးနိုင်ပါတယ်။
- နှလုံးသွေးကြောစနစ်ကိုကောင်းမွန်စေပါတယ်။
- သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။
- ကင်ဆာသမားများဓာတ်ကင်နေရတာမှာအထူးသင့်တော်ပါတယ်။
- ကိုလက်စထရောကိုကျဆင်းစေပါတယ်။
- သွေးလွှတ်ကြောမာကျောခြင်းကိုပြုပြင်ပေးပါတယ်။

🟢ဘယ်လိုလူတွေသုံးလို့ရလဲ? 🟢

✅အစာစားချိန်မမှန်သူများ၊
✅အလွယ်စာ၊သားရေစာ၊အပြင်စာ အစားများသူများ၊
✅သွေးအားနည်းသူများ၊
✅ကိုယ်ခံအားနည်းသူများ၊
✅ကွန်ပျူတာ ၊ ဖုန်း အသုံးများသူများ၊
✅ဆီးချို ၊သွေးချို ‌ခံစားနေရသူများ၊
✅အသည်းရောဂါရှိသူများ ၊
✅ အမျိုးသမီးရောဂါခံစားနေရသူများ၊
✅ဖွံဖြိုးကြီးထွားမှုနှေးသောကလေးငယ်များ၊
✅အစားဂျီးများသော ကလေးငယ်များ ၊
✅သက်သတ်လွတ်သမားများ ၊
✅မောပန်းလွယ်သူများ၊
✅ကင်ဆာဓာတ်ကင်နေရသူများ ၊
✅အဝလွန်သူများ၊ဝိတ်ချချင်သူများ၊
✅ဝက်ခြံပျောက်လိုသူများ၊တင်းတိတ်မှဲ့ခြောက်ရှိသူများ၊
✅အဆိပ်အတောက်များသူများ၊
✅ဝမ်းချုပ်သူများ ၊
✅ပင်ပမ်းနွမ်းနယ်လွယ်သူများ၊
✅အိပ်ရေးပျက်သူများ၊ညဘက်အိပ်မရသူများ၊
✅ပေါင်းတင်လိုသူများ ၊ အသားအရေလှပချင်သူများ

မြန်မာ_FDA အပြင် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်တွေ ရရှိထားလို့ အာမခံ100% သဘာဝစစ်စစ် ထုတ်ကုန်ဖြစ်တာမို့ စိတ်ချယုံကြည်စွာ နေ့စဉ်ဖြည့်စွက်စာအဖြစ် သောက်သုံးနိုင်ပါတယ်။

💰ဈေးနှုန်း ... အတောင့် 100ပါ 1ဘူးလျှင် 90000ks


#စိမ်းပြာရေညှိ
#စပီရူလိုင်းနား



Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959794917933

Website

Alerts

Be the first to know and let us send you an email when Spirulinaစိမ်းပြာရေညှိ-USFDA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Spirulinaစိမ်းပြာရေညှိ-USFDA:

Share