Myitta Mon Specialist Clinic

Myitta Mon Specialist Clinic Healthcare Services
OPD,Lab,X-ray,Ultrasound,ECG

“မပျော်ရွှင်တတ်သူတွေရဲ့ အလေ့အကျင့် ၁၀ ခု”ပျော်ရွှင်တယ်ဆိုတာ စိတ်ခံစားချက် ဆိုပေမဲ့ ကိုယ့်ရဲ့ အလေ့အကျင့်တွေနဲ့ အဓိက သက်ဆိ...
08/05/2025

“မပျော်ရွှင်တတ်သူတွေရဲ့ အလေ့အကျင့် ၁၀ ခု”

ပျော်ရွှင်တယ်ဆိုတာ စိတ်ခံစားချက် ဆိုပေမဲ့ ကိုယ့်ရဲ့ အလေ့အကျင့်တွေနဲ့ အဓိက သက်ဆိုင်ပါတယ်။ ဒါကြောင့် ပျော်ရွှင်ဖို့ ခက်ခဲသူတွေမှာ တွေ့ရတတ်တဲ့ အလေ့အကျင့် ၁၀ ခုကို မျှဝေလိုတယ်။

📌 ၁။ အခြေအနေကို စောင့်ဆိုင်းနေခြင်း

ဘယ်နေ့ ဘယ်၍ ဘယ်လိုအခြေအနေဖြစ်မှ ပျော်ရမယ် ဆိုတဲ့သူဟာ ပျော်ရွှင်နိုင်ဖို့ မလွယ်ပါဘူး။ သူလိုချင်တဲ့ အနေအထား ရောက်လာရင်တောင် ခဏပဲ ပျော်မယ်။ နောက်တစ်ဆင့် ထပ်လိုချင်လာမှာဖြစ်ပြီး အခုပျော်နေတဲ့ ခံစားချက်ကလည်း ပျောက်သွားမှာ ဖြစ်လို့ပါပဲ။

ဒါကြောင့် ပျော်ရွှင်ဖို့ကို အချိန်မဆိုင်းပါနဲ့။ ရှင်သန်ရသမျှ နေ့ရက်တိုင်းမှာ စိတ်ပျော်စေမယ့် နည်းလမ်းတွေကို အမြဲရှာဖွေ လုပ်ဆောင်နေဖို့ လိုပါတယ်။

📌 ၂။ တစ်ဦးတစ်ယောက်က ပျော်အောင်လုပ်ပေးဖို့ မျှော်လင့်ခြင်း

လူတစ်ယောက်က ချစ်ပေးမှ၊ ကိုယ့်ကို ဂရုစိုက်မှ၊ အများက ချီးကျူးစကားပြောမှ ပျော်ရတယ် ဆိုတာမျိုး မဖြစ်ပါစေနဲ့။ ဒါတွေ မလိုအပ်ဘူး မဟုတ်ဘူး။ လိုအပ်ပါတယ်။

သို့သော် သူတို့ အဲဒီလိုလုပ်ပေးမှ ပျော်ရမယ် ဆိုရင် ဘယ်လောက်တောင် Dependent ဖြစ်နေမလဲ စဉ်းစားကြည့်ပါ။ သူတို့ချစ်ဖို့၊ ဂရုစိုက်ဖို့၊ ချီးကျူးဖို့ကို ကိုယ် ဘယ်လောက်အားထုတ်နေရမလဲ၊ ပင်ပန်းနေရမလဲ တွေးကြည့်ပါ။ စစ်မှန်တဲ့ ပျော်ရွှင်မှု ဟုတ်မနေသေးဘူး ဆိုတာ သဘောပေါက်လာပါလိမ့်မယ်။

📌 ၃။ ရုပ်ဝတ္ထုပစ္စည်းတွေအပေါ် လုံးလုံးလျားလျား မှီတည်ထားခြင်း

ဒါတွေကလည်း လူကို မပျော်စေတာ မဟုတ်ဘူး။ ပျော်စေပါတယ်။ သို့သော် ပြေးစက်ပေါ် ပြေးရသလို ပြေးကားပြေး၏ ဘယ်မှမရောက် ဆိုတဲ့အတိုင်းပဲ။ ပစ္စည်းတွေ ဝယ်လိုက်တယ်။ ပျော်သွားတယ်။ ခဏပဲ ခံတယ်။ ဒီတော့ ထပ်ဝယ်ရတယ်။ ပျော်သွားပြန်တယ်။ ခဏပဲ ခံတယ်။

တကယ်တော့ ပျော်ရွှင်ခြင်းအစစ် ဆိုတာ ထိတွေ့ကိုင်တွယ်လို့ရတဲ့ အရာတွေမှာ ရှိတာ မဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာ၊ ကိုယ့်ရဲ့ စံတန်ဖိုးတွေအတိုင်း ရှင်သန်နေထိုင်မှု၊ ရည်မှန်းချက်ရှိမှု စတဲ့ Intangible တွေမှာ ရှိတာ ဖြစ်ပါတယ်။

📌 ၄။ တွေဝေခြင်းနှင့် အတိတ်ကို ပြန်သတိရခြင်း

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ၊ ဆန္ဒနဲ့ ဘဝ၊ ကိုယ့်ပျော်ရွှင်မှုနဲ့ တပါးသူတွေရဲ့ အထင်အမြင်၊ ဒီလိုဘက်နှစ်ဘက်ကြား တွေဝေနေတတ်တဲ့သူတွေ၊ တစ်ခုခုကို ဆုံးဖြတ်ပြီးရင်လည်း နောင်တ ရနေတတ်တဲ့သူတွေဟာ ပျော်ရွှင်ရလေ့ မရှိပါဘူး။

📌 ၅။ အနာဂတ်ကို တွေးပူလွန်းခြင်း

အနာဂတ်ဆိုတာ ထည့်စဉ်းစားရပါတယ်။ ကြိုပြင်ဆင်ရပါတယ်။ သို့သော် လိုတာထက် တွေးပူလွန်းခြင်းကတော့ ကိုယ့်စိတ်ကို ပင်ပန်းစေတယ်။ အထူးသဖြင့် ခုလို ဘာမှမရေရာ မသေချာတဲ့ အမှောင်ခေတ်ကို ဖြတ်သန်းနေရချိန်မှာပေါ့။

📌 ၆။ အသိအမှတ်မပြုတတ်ခြင်း

ကိုယ့်ရဲ့ ကောင်းကွက်တွေကို အသိအမှတ်မပြုဘူး။ ပတ်ဝန်းကျင်က လူတွေကိုလည်း အသိအမှတ်မပြုဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်လည်း မလေးစားသလို၊ လောကကြီးကိုလည်း မကျေနပ်တော့ဘူး။

ဒါကြောင့် ကျေးဇူးတရားကို အောက်မေ့တတ်ဖို့၊ အသိအမှတ်ပြုတတ်ဖို့ဟာ “နေတတ်ရင် ကျေနပ်စရာ” ဖြစ်ဖို့မှာ သိပ်ကိုမှ အရေးကြီးပါတယ်။

📌 ၇။ ကိုယ့်ကိုယ်ကိုယ် သားကောင်သဖွယ် မြင်ထားခြင်း

လူတိုင်းမှာ ပြဿနာကိုယ်စီ ရှိပါတယ်။ ဒုက္ခတွေ ကြုံရပါတယ်။ အခက်အခဲတွေ ရင်ဆိုင်ရပါတယ်။ ကိုယ်ပဲ ဖြစ်နေတယ်၊ ကိုယ်ပဲ ခံနေရတယ်၊ ကိုယ်ပဲ ကံဆိုးတယ်၊ ဒါတွေနဲ့ ပတ်သက်လို့လည်း ဘာမှ မတုံ့ပြန်နိုင်ဘူး ဆိုပြီး Victim mindset ဝင်နေသူဟာ ပျော်ရွှင်ရဖို့ ခက်ပါတယ်။

📌 ၈။ အဆိုးမြင်စိတ်များခြင်း

White board တစ်ချပ်လုံးကို မမြင်ဘဲ အဲဒီအပေါ်က အမည်းစက်ကလေးတစ်စက်ကိုပဲ မြင်တတ်ခြင်းဟာ ကောင်းတဲ့နေရာ ကောင်းပါတယ်။ ဒါပေမဲ့ အမြဲတမ်း အဲဒီလို မြင်နေခြင်းကတော့ ကိုယ့်ရဲ့ စိတ်ကို ပျော်ရွှင်စေမှာ မဟုတ်ပါဘူး။

📌 ၉။ ပြဿနာကို မဖြေရှင်းဘဲ ညည်းညူနေခြင်း

နိုင်ငံရေးမကောင်းလို့ ဆိုပြီး ညည်းနေရုံနဲ့ နိုင်ငံရေးက ကောင်းမလာဘူး။ ကောင်းမလာရင် ပြဿနာက ပြေလည်သွားတာ မဟုတ်တဲ့အတွက် ကိုယ့်စိတ်တွေက အဆင်ပြေရင်လည်း ခဏပဲ။ ဒါကြောင့် မညည်းနဲ့။ ပြဿနာကို အဖြေရှာ။ ရင်ဆိုင်ဖြေရှင်း။

📌 ၁၀။ ကြိုးစားအားထုတ်မှု မရှိခြင်း

ဘဝက နိမ့်ကျနေရင် အဆိုးမြင်စိတ် များတယ်။ သိမ်ငယ်စိတ် ဝင်တယ်။ အငုံ့စိတ်တွေ ကိန်းအောင်းလာတယ်။ ဟိုလူ့မကျေနပ်၊ ဒီလူ့မကျေနပ် ဖြစ်လာတယ်။ စိတ်အချဉ်ပေါက်လာတယ်။ မနာလိုစိတ်တွေ များလာတယ်။

ဒီလိုပြောလို့ ခေတ်ပျက်ကြီးထဲ စီးပွားချည်းပဲ လှိမ့်ရှာရမယ် မဆိုလိုဘူး။ ကိုယ့်ကိုယ်ကိုယ်တော့ တိုးတက်အောင် လုပ်နေရလိမ့်မယ်။ Productive ဖြစ်နေတယ်၊ ရှေ့ကို ရွေ့နေတယ်၊ အပေါ်ကို တက်နေတယ်၊ တစ်နေ့ တစ်နေ့ အသုံးဝင်နေတယ် ခံစားရရင် စိတ်ကလည်း ကြည်လင်လာတာ၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှု မြင့်မားလာတာ သဘာဝပါပဲ။

ဒါကြောင့် ပျော်ရွှင်ခြင်းနဲ့ ကြိုးစားအားထုတ်ခြင်းက တိုက်ရိုက်အချိုးကျတယ် ဆိုတာကိုလည်း သိစေချင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၃၀.၄.၂၀၂၅

◾◾◾◾◾◾

ကျွန်တော် မိတ်ဆက်ပေးနေကျ Yours TODAY Program က လာမယ့်သောကြာနေ့မှာလည်း ရှိပါတယ်။ ဒီအစီအစဉ်ကို To Day Psychology Classes ကနေ လုပ်ဆောင်တာဖြစ်ပြီး သေချာလေ့ကျင့်ပေးထားတဲ့ Volunteer Listener တွေကနေ နားထောင်ပေးတာပါ။ ဒါကြောင့် ကိုယ့်ရင်ထဲ ပိတ်​လှောင်​နေတာ​တွေ ရှိတယ်ဆို ဒီအစီအစဉ်လေးမှာ Join ကြည့်လို့ ရပါတယ်။ အပတ်စဉ် သောကြာနေ့တိုင်း မြန်မာအချိန် ညနေ ၇ နာရီကနေ ၉ နာရီပါ။ စည်းကမ်းချက်တွေနဲ့၊ စာရင်းပေးသွင်းရမဲ့ လင့်ခ်ကိုတော့ ကွန်မန့်မှာ ချထားပေးပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ။

08/05/2025

မြန်မာနိုင်ငံရှိ စျေးများတွင် တွေ့ရလေ့ရှိသော **စားသုံးရန် မသင့်သည့် အစားအစာများ** နှင့် ၎င်းတို့၏ ကျန်းမာရေးဆိုင်ရာ အန္တရာယ်များကို အောက်တွင် ရှင်းလင်းစွာ ဖော်ပြထားပါသည်။

---

# # # ၁။ **ဆိုးဆေးနှင့် အနံ့အရသာတုများ သုံးထားသော အစားအစာများ**
- **ဥပမာ**
- အရောင်တောက်တောက် သကြားလုံး/ရေခဲမုန့်
- လိမ္မော်ရောင် ဆိုးထားသော ငါးခြောက်
- အနီရောင်ဆိုးဆေး (Rhodamine B) သုံးထားသော ငရုတ်သီးမှုန့်
- **အန္တရာယ်**
- ကင်ဆာ၊ အစာအိမ်အူလမ်းကြောင်းပြဿနာ၊ အသည်းနှင့်ကျောက်ကပ်ထိခိုက်နိုင်ခြင်း။

---

# # # ၂။ **ဖော်မလင်နှင့် ဓာတုပစ္စည်းများ သုံးထားသော အစားအစာများ**
- **ဥပမာ**
- ဖော်မလင်ဖျန်းထားသော ငါး/ပုဇွန် (ကြာရှည်ခံအောင်)
- ကြာရှည်ခံဆေးသုံးထားသော သစ်သီးခြောက်များ
- **အန္တရာယ်**
- အသက်ရှူလမ်းကြောင်းထိခိုက်ခြင်း၊ ကင်ဆာဖြစ်စေနိုင်ခြင်း။

---

# # # ၃။ **မသန့်ရှင်းသော စျေးနှုန်းချိုသော ရေခဲချောင်းများ**
- **ဥပမာ**
- စျေးကွက်ထဲတွင် ဖုံးအုပ်မထားသော ရေခဲချောင်းများ
- မသန့်ရှင်းသော ရေနှင့်လုပ်ထားသော ရေခဲသီး
- **အန္တရာယ်**
- ဝမ်းပျက်ဝမ်းလျှော၊ အူရောင်ငန်းဖျားနှင့် အခြားရောဂါပိုးဝင်နိုင်ခြင်း။

---

# # # ၄။ **အစိမ်းရောင် ဆိုးထားသော လက်ဖက်ခြောက်**
- **ဥပမာ**
- Malachite Green ဆိုးဆေးသုံးထားသော လက်ဖက်စိမ်း
- **အန္တရာယ်**
- ဦးနှောက်နှင့်အာရုံကြောထိခိုက်ခြင်း၊ ကင်ဆာဖြစ်စေနိုင်ခြင်း။

---

# # # ၅။ **ပိုးသတ်ဆေးအကြွင်းအကျန်ပါသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ**
- **ဥပမာ**
- ပိုးသတ်ဆေးများလွန်ကဲစွာသုံးထားသော မုန်လာဥနီ၊ ငရုတ်သီး၊ ပန်းဂေါ်ဖီ
- **အန္တရာယ်**
- အာရုံကြောထိခိုက်ခြင်း၊ ဟော်မုန်းမညီမျှခြင်း။

---

# # # ၆။ **အရည်အသွေးနိမ့် ဆီများ**
- **ဥပမာ**
- ပြန်လည်အသုံးပြုထားသော ဟင်းသီးဟင်းရွက်ဆီ (အာဟာရဓာတ်မရှိ၊ ကင်ဆာဖြစ်စေနိုင်သော အဆိပ်အတောက်များပါဝင်)
- **အန္တရာယ်**
- နှလုံးရောဂါနှင့် သွေးကြောဆိုင်ရာပြဿနာများ။

---

# # # ၇။ **အချိန်ကြာမြင့်စွာ သိုလှောင်ထားသော ပဲပိစပ်နှင့် ပြောင်းဖူးထုတ်ကုန်များ**
- **ဥပမာ**
- မှိုတက်နေသော ပဲပိစပ်/ပြောင်းဖူးမှုန့် (Aflatoxin ထုတ်လုပ်နိုင်)
- **အန္တရာယ်**
- အသည်းကင်ဆာ၊ ကိုယ်ခံအားကျဆင်းခြင်း။

---

# # # ၈။ **အတုအယောင်အစားအစာများ**
- **ဥပမာ**
- ပလတ်စတစ်နှင့်လုပ်ထားသော ကြက်ဥအတု
- ဓာတုပစ္စည်းများဖြင့်လုပ်ထားသော ငါးကြင်းအသားတု
- **အန္တရာယ်**
- အစာခြေစနစ်ပျက်စီးခြင်း၊ အဆိပ်သင့်ခြင်း။

---

# # # **ကာကွယ်ရန် အချက်များ**
၁. **အရောင်တောက်တောက် အစားအစာများကို ရှောင်ပါ။**
၂. **သဘာဝအရောင်နှင့် အနံ့ပါသော အစားအစာများကို ရွေးချယ်ပါ။**
၃. **စျေးဝယ်ရာတွင် FDA (သို့) စားသုံးရန် စိစစ်ခွင့်ပြုထားသော အစားအစာများကို ဦးစားပေးဝယ်ပါ။**
၄. **အစားအစာများကို သေချာစွာ ဆေးကြောချက်ပြုတ်ပါ။**

မြန်မာနိုင်ငံတွင် အထူးသဖြင့် စျေးကွက်နှင့် လမ်းဘေးအရောင်းဆိုင်များတွင် ဤကဲ့သို့သော အစားအစာများကို သတိထားရှောင်ကြဉ်ရန် အရေးကြီးပါသည်။

23/04/2025

“အကြပ်အတည်းကြားက ရှင်သန်ခြင်းဆိုတာ”

🔳 တိုင်းပြည်အခြေအနေ ဘယ်လိုဖြစ်ဖြစ် ကိုယ် Survive ဖြစ်အောင်တော့ ရုန်းရမှာပဲတဲ့။

မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမဲ့ ကိုယ့်အတွက်ပဲ အမြဲကြည့်၊ ကိုယ့်တစ်ကိုယ်စာ ကောင်းစားရေးကိုပဲ အမြဲရှေ့တန်းတင်နေလို့တော့ မသင့်ပါဘူး။

တချို့ကျ သူ့အလုပ်ပဲ သူလုပ်ရုံတင် မဟုတ်တော့ဘူး။ ဒုက္ခရောက်နေနှင့်ပြီးသား သူတွေကိုပါ အမြတ်ထုတ်တဲ့အဆင့် ဖြစ်သွားတယ်။ တောမီးလောင် တောကြောင် လက်ခမောင်းခတ် ဆိုသလိုပေါ့။ မတည်မြဲတဲ့ ပစ္စည်းဥစ္စာတွေအတွက် သံသရာပါမယ့် အကုသိုလ်အလုပ်တွေကို လုပ်နိုင်ရက်ကြတာ။ သူများမျက်ရည်နဲ့မှ ထမင်းစားဝင်နိုင်ကြတာ။

🔳 နောက်ထပ် အစွန်းတစ်ဖက်ကတော့ Positive vibe only ဆိုပြီး ငိုသံတွေကို မျက်ကွယ်ပြု လျစ်လျူရှုလာကြတာပဲ။ ပိုပြီးတောင် အတွေ့ရများလာတယ် ပြောရမယ်။ ဒါကျ ပိုလည်း သိမ်မွေ့တာကိုး။ ကာယကံရှင်ကိုယ်တိုင်တောင် သူ့ကိုယ်သူ ညာနေမိမှန်း သတိထားမိမှာ မဟုတ်ဘူး။

အနိဌာရုံသတင်းတွေဆို မကြားချင်ဘူး။ မမြင်ချင်ဘူး။ မသိချင်ဘူး။ နိုင်ငံရေးတွေ လာမပြောနဲ့၊ အမြန်ငြိမ်းချမ်းချင်ပြီ၊ စစ်ပွဲတွေ ရပ်စေချင်ပြီ၊ ဒါပဲ သူတို့သိတယ်။ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေရဲ့ အကြောင်းရင်းခံဟာ ဘာလဲ သူတို့ မပြောဘူး။ မရေးဘူး။

ဒီလိုနဲ့ ငိုကြွေးသံတွေ၊ ညည်းတွားသံတွေကနေ တဖြည်းဖြည်း ဝေးကွာလာတယ်။ ဒီအကြောင်းတွေ ပြောနေ၊ ရေးနေတဲ့ အကောင့်တွေ၊ ပေ့ချ်တွေဆို Unfollow လုပ်ရင်း လုပ်ရင်း ကိုယ့် Newsfeed မှာ အပျော်အပျက်တွေပဲ ကျန်တော့တယ်။

🔳 “မီးဝေး ချိတ်ပမာ” ဆိုတဲ့ စကားရှိတယ်။ မီးနဲ့ဝေးလေလေ၊ ချိတ်က မာလာလေလေ။ အခုလည်း အဲဒီလိုပဲ။ ဒီသတင်းတွေ၊ ဒီအကြောင်းအရာတွေ၊ ကိုယ့်ပြည်တွင်းထဲက လူတွေရဲ့ ဆင်းရဲဒုက္ခတွေနဲ့ ဝေးကွာပါ များလာတဲ့အခါ နှလုံးသားတွေ မာကြောလာတယ်။ ကိုယ်ချင်းမစာနိုင်တော့ဘူး။ ပျော်ပြနိုင်လာတယ်။ ပျော်ပြရက်လာတယ်။ မဆိုင်သလို နေတတ်လာတယ်။

မတရားလုပ်နေသူတွေအပေါ်မှာလည်း သဘောထားကြီးနိုင်လာတယ်။ လက်ခံနိုင်လာတယ်။ သူတို့ကို အမြစ်ပြတ်စေချင်သူတွေကိုလည်း “အမုန်းပွားတယ်၊ အငြိုးထားတယ်၊ အစွန်းရောက်တယ်” စသဖြင့် မြင်လာကြတော့တယ်။

🔳 နောက်ဆုံးတစ်ချက်က လက်တွေ့ကျကျ အားစိုက်မထုတ်ဘဲ နှုတ်ဖျားကလေးနဲ့ အားပေးတာပဲ။

မေတ္တာပို့ပေးတယ် ဆိုတာ ကောင်းပါတယ်။ တကယ်တမ်းက ကိုယ့်ရဲ့ စိတ်မှာ မေတ္တာ၊ ကရုဏာတရားတွေ အားကောင်းလာတဲ့အခါ လုပ်ရပ်ကောင်းတွေ ပိုလုပ်ချင်လာတာ။ ကူညီချင်လာတာ။ မျှဝေချင်လာတာ။ ဒီအတွက် မေတ္တာပွားများကြတာ ဖြစ်ပါတယ်။

စိတ်ကနေ မေတ္တာပို့တယ်၊ ပို့တယ် ထိုင်အော်နေပြီး လက်တွေ့ကျ ဘာမှ ပါမလာဘူးဆို အဲဒါ မေတ္တာပို့တာ မဟုတ်ဘူး။ မေတ္တာပွားတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ ပျက်ကွက်မှုတွေအတွက် စိတ်အာသာဖြေနေတယ်ပဲ ပြောရမယ်။

🔳 တကယ်တော့ အခက်အခဲကြားမှာ ရှင်သန်ခြင်းဆိုတာ အခုပြောခဲ့တဲ့ အချက်တွေ တစ်ခုမှ မဟုတ်ပါဘူး။

ကိုယ့်ဟာကိုယ် ရှင်သန်အောင် နေမယ်။ အလုပ်လုပ်မယ်။ ငွေရှာမယ်။ ကြိုးစားမယ်။ ကိုယ့်ရဲ့ ရုပ်ရော၊ စိတ်ပါ ကျန်းမာနေအောင် ဂရုစိုက်မယ်။

တစ်ဖက်မှာလည်း ကိုယ်ချင်းစာတရားထားမယ်။ မေတ္တာ၊ ကရုဏာထားမယ်။ အပြန်အလှန် မျှဝေမယ်။ စောင့်ရှောက်မယ်။ ကူညီမယ်။

ငိုကြွေးသံ၊ အော်ဟစ်အကူအညီတောင်းသံတွေ၊ အနိဌာရုံမြင်ကွင်းတွေ အစရှိတဲ့ မီးတွေနဲ့ ဝေးအောင် မနေဘဲ ခပ်နီးနီးပဲ အမြဲနေမယ်။ ကိုယ့်နှလုံးသားတွေ မာကျောမသွားစေဖို့အတွက် ဖြစ်ပါတယ်။

ဒါ ကျွန်တော် နားလည်ထားတဲ့ အကြပ်အတည်းကြားက ရှင်သန်ခြင်းပါပဲ။

🔳 တိုင်းပြည်က မုန်တိုင်းထန်တယ် ဆိုတဲ့အဆင့်ထက် အများကြီးပိုတဲ့ အနေအထားကို ကြုံနေရတာပါ။ လူပေါင်းများစွာဟာလည်း အတိဒုက္ခရောက်နေကြပါတယ်။ ပြောရရင် တကယ့်ဘဝထဲက လောကငရဲခန်းကို ကြုံနေကြရတာပါ။

ဒီလိုအချိန်မှာ သူများဒုက္ခကို ကိုယ့်ဒုက္ခလုပ်ပြီး ခံစားတတ်တဲ့သူတွေ၊ လျော့ကျသက်သာသွားအောင် ကူညီပေးမယ့်သူတွေ ခပ်များများ လိုအပ်နေပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂၀.၄.၂၀၂၅

 # **ကျောက်ကပ်ရောဂါများ အကြောင်း အပြည့်အစုံ**ကျောက်ကပ်ဟာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ပြီး **သွေးထဲကအဆိပ်အတ...
23/04/2025

# **ကျောက်ကပ်ရောဂါများ အကြောင်း အပြည့်အစုံ**

ကျောက်ကပ်ဟာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ပြီး **သွေးထဲကအဆိပ်အတောက်တွေကိုစစ်ထုတ်ခြင်း၊ ရေဓာတ်နှင့် သတ္တုဓာတ်မျှတမှုကိုထိန်းညှိခြင်း၊ သွေးပေါင်ချိန်ထိန်းခြင်း** စတဲ့လုပ်ငန်းတွေကို လုပ်ဆောင်ပေးပါတယ်။ ကျောက်ကပ်ပျက်စီးပါက နာတာရှည်ကျန်းမာရေးဆိုးကျိုးများဖြစ်ပေါ်စေနိုင်ပါတယ်။

---

# # **ကျောက်ကပ်ရောဂါ အမျိုးအစားများ**
# # # **(၁) ကျောက်ကပ်ရောင်ခြင်း (Nephritis)**
- **အကြောင်းရင်း** – ဘက်တီးရီးယား/ဗိုင်းရပ်စ်ပိုးဝင်၍ ရောင်ရမ်းခြင်း၊ ကိုယ်ခံအားစနစ်က ကျောက်ကပ်ကိုပြန်တိုက်ခြင်း (Autoimmune)။
- **လက္ခဏာ** – ဆီးနည်းခြင်း၊ ဆီးသွားစဉ်နာခြင်း၊ ဖောရောင်ခြင်း၊ သွေးတိုးခြင်း။

# # # **(၂) ကျောက်ကပ်တွင်းကျောက်တည်ခြင်း (Kidney Stones)**
- **အကြောင်းရင်း** – ဆီးထဲတွင် ကယ်လ်စီယမ်၊ ယူရစ်အက်စစ်များစုပိတ်ဆို့ခြင်း။
- **လက္ခဏာ** – ခါးနာခြင်း (တစ်ဖက်တည်း)၊ ဆီးသွားရခက်ခြင်း၊ ဆီးထဲသွေးပါခြင်း။

# # # **(၃) နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း (Chronic Kidney Disease - CKD)**
- **အကြောင်းရင်း** – ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတို့ကြောင့် ကျောက်ကပ်တဖြည်းဖြည်းပျက်စီးခြင်း။
- **လက္ခဏာ** – မောပန်းလွယ်ခြင်း၊ အော့အန်ခြင်း၊ ဆီးအရောင်ပြောင်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း။

# # # **(၄) ကျောက်ကပ်ရုတ်တရက်ပျက်စီးခြင်း (Acute Kidney Injury - AKI)**
- **အကြောင်းရင်း** – ရေဓာတ်ဆုံးရှုံးခြင်း၊ ဆေးဝါးဘေးထွက်ဆိုးကျိုး၊ ပြင်းထန်သောရောဂါပိုးဝင်ခြင်း။
- **လက္ခဏာ** – ဆီးထွက်နည်းခြင်း (သို့) လုံးဝမထွက်ခြင်း၊ သွေးတွင်းအဆိပ်အတောက်များခြင်း။

# # # **(၅) ဆီးချိုနှင့်သွေးတိုးကြောင့် ကျောက်ကပ်ထိခိုက်ခြင်း (Diabetic/Hypertensive Nephropathy)**
- **အကြောင်းရင်း** – သွေးတွင်းသကြားဓာတ်နှင့် သွေးဖိအားမြင့်ခြင်းကြောင့် ကျောက်ကပ်သွေးကြောများပျက်စီးခြင်း။
- **လက္ခဏာ** – ဆီးထဲပရိုတင်းပါခြင်း၊ ခြေထောက်ဖောရောင်ခြင်း။

---

# # **ရောဂါရှာဖွေစစ်ဆေးနည်းများ**
1. **ဆီးစစ်ခြင်း (Urine Test)** – ပရိုတင်း၊ သွေး၊ ချို့ယွင်းမှုရှိမရှိ။
2. **သွေးစစ်ခြင်း (Blood Test)** – Creatinine, BUN, eGFR တို့ဖြင့် ကျောက်ကပ်လုပ်ဆောင်မှုကိုတိုင်းတာခြင်း။
3. **အာထရာဆောင်း (Ultrasound)** – ကျောက်ကပ်ပုံမှန်မဟုတ်ခြင်းကိုစစ်ဆေးခြင်း။
4. **ကျောက်ကပ်အသားစယူခြင်း (Biopsy)** – ပြင်းထန်သောအခြေအနေများတွင်။

---

# # **ကုသမှုနည်းလမ်းများ**
# # # **(၁) ဆေးဝါးဖြင့်ကုသခြင်း**
- **သွေးတိုးကျဆေး (ACE Inhibitors, ARBs)** – ကျောက်ကပ်ကိုကာကွယ်ရန်။
- **ဆီးဆေး (Diuretics)** – ကိုယ်တွင်းအရည်များကိုလျှော့ချရန်။
- **အာဟာရဆေး (Erythropoietin)** – သွေးအားနည်းရောဂါအတွက်။

# # # **(၂) ကျောက်ကပ်အစားထိုးကုသခြင်း (Dialysis)**
- **သွေးသန့်စင်ခြင်း (Hemodialysis)** – စက်ဖြင့် အပတ်စဉ် ၂-၃ ကြိမ်လုပ်ရသည်။
- **ဝမ်းဗိုက်သန့်စင်ခြင်း (Peritoneal Dialysis)** – ဝမ်းဗိုက်အတွင်းမှတစ်ဆင့် နေ့စဉ်လုပ်ရသည်။

# # # **(၃) ကျောက်ကပ်အစားထိုးခွဲစိတ်ခြင်း (Kidney Transplant)**
- **အလှူရှင်ထံမှ ကျောက်ကပ်တစ်လုံးကိုအစားထိုးခြင်း** (မိသားစု/အလှူရှင်လိုအပ်သည်)။

---

# # **ကာကွယ်ရန်နည်းလမ်းများ**
✔ **ရေများများသောက်ပါ** (တစ်နေ့ အနည်းဆုံး ၂ လီတာ)။
✔ **ဆားနှင့်အချိုလျှော့စားပါ**။
✔ **ဆေးလိပ်/အရက်ရှောင်ပါ**။
✔ **ဆီးချို၊ သွေးတိုးကိုထိန်းပါ**။
✔ **ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ**။

---

# # **သတိပြုရန်**
- ကျောက်ကပ်ရောဂါသည် **တိတ်တဆိတ်ဖြစ်တတ်ပြီး** နောက်ဆုံးအဆင့်ရောက်မှသိရတတ်သည်။
- **ဆီးထဲအမြုပ်ထခြင်း၊ ဆီးသွားနည်းခြင်း၊ မျက်နှာဖောရောင်ခြင်း** စတဲ့လက္ခဏာတွေ့ရင် ဆရာဝန်နှင့်ချက်ချင်းပြသပါ။

ကျောက်ကပ်ကျန်းမာရေးကို ဂရုစိုက်ခြင်းဖြင့် နာတာရှည်ရောဂါများမှ ကာကွယ်နိုင်ပါသည်။ 💙

**နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Artery Disease - CAD)** ဆိုတာက နှလုံးဆီသွေးစီးဆင်းမှုကို ထောက်ပံ့ပေးတဲ့ **သွေးကြောမ...
23/04/2025

**နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Artery Disease - CAD)** ဆိုတာက နှလုံးဆီသွေးစီးဆင်းမှုကို ထောက်ပံ့ပေးတဲ့ **သွေးကြောများ (Coronary Arteries)** ကျဉ်းမြောင်း/ပိတ်ဆို့သွားခြင်းကြောင့် နှလုံးကြွက်သားကို အောက်ဆီဂျင်နဲ့ အာဟာရမလုံလောက်တဲ့ရောဂါဖြစ်ပါတယ်။ ပြင်းထန်ရင် **နှလုံးရပ်ခြင်း (Heart Attack)** အထိဖြစ်စေနိုင်ပါတယ်။

---

# # **အဓိကအကြောင်းရင်းများ**
1. **အဆီခဲများစုခြင်း (Atherosclerosis)**
- သွေးကြောနံရံမှာ **ကိုလက်စထရော (Cholesterol)**၊ အဆီပြင်း၊ ကယ်လ်စီယမ်စတာတွေစုပြီး **သွေးကြောကျဉ်း**သွားခြင်း။
2. **နာတာရှည်ရောဂါများ**
- ဆီးချို၊ သွေးတိုး၊ သွေးတွင်းအဆီများခြင်း။
3. **နေထိုင်မှုပုံစံ**
- ဆေးလိပ်သောက်ခြင်း၊ အဆီအစိမ့်များစားခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း။
4. **အခြားအကြောင်းရင်းများ**
- မျိုးရိုးလိုက်ခြင်း၊ အသက်ကြီးခြင်း၊ စိတ်ဖိစီးမှုများခြင်း။

---

# # **လက္ခဏာများ**
- **ရင်ဘတ်အောင့်ခြင်း (Angina)** – ရင်ညွန့်ရိုးအောက်ဘက်တွင် ဖိအားသက်သောင့်သက်သာမရှိခြင်း။
- **မောပန်းလွယ်ခြင်း** – အနည်းငယ်လှုပ်ရှားရုံနဲ့ မောခြင်း။
- **နှလုံးခုန်မြန်ခြင်း/မမှန်ခြင်း (Arrhythmia)**
- **ပျို့အန်ခြင်း၊ ချွေးထွက်များခြင်း**
- **လက်မောင်း၊ မေးရိုး၊ နောက်ကျောတို့တွင်နာကျင်ခြင်း**

⚠️ **နှလုံးရပ်တော့မယ့် လက္ခဏာများ**
- ရင်ဘတ်အောင့်ခြင်း (၁၅ မိနစ်ထက်ကြာပြီး ဆေးနဲ့မသက်သာခြင်း)
- အသက်ရှူကြပ်ခြင်း၊ သတိလစ်ခြင်း

---

# # **ရောဂါရှာဖွေစစ်ဆေးနည်းများ**
1. **EKG (Electrocardiogram)** – နှလုံးလျှပ်စစ်လှိုင်းများကိုတိုင်းတာခြင်း။
2. **Stress Test** – လှုပ်ရှားမှုပြုလုပ်ရင်း နှလုံးအလုပ်လုပ်ပုံကိုစစ်ဆေးခြင်း။
3. **Echocardiogram** – အသံလှိုင်းသုံးပြီး နှလုံးပုံရိပ်ဖမ်းခြင်း။
4. **Angiography** – ဆိုးဆေးထိုးပြီး သွေးကြောပိတ်ဆို့မှုကိုဓာတ်မှန်ရိုက်ခြင်း။

---

# # **ကုသမှုနည်းလမ်းများ**
# # # **(၁) ဆေးဝါးဖြင့်ကုသခြင်း**
- **သွေးကျဲဆေး (Aspirin)** – သွေးခဲများကိုကာကွယ်ရန်။
- **Beta-Blockers** – နှလုံးခုန်နှုန်းနှင့် သွေးဖိအားလျှော့ချရန်။
- **Statins** – ကိုလက်စထရောလျှော့ချရန်။

# # # **(၂) ခွဲစိတ်ကုသခြင်း**
- **Angioplasty & Stenting** – ပိတ်နေသောသွေးကြောကိုချဲ့ပြီး မက်ခရုပိုက် (Stent) ထည့်ခြင်း။
- **Bypass Surgery** – ပိတ်နေသောသွေးကြောကိုကျော်ပြီး အခြားသွေးကြောနဲ့ဆက်ခြင်း။

# # # **(၃) နေထိုင်မှုပုံစံပြောင်းလဲခြင်း**
- **ဆေးလိပ်/အရက်ဖြတ်ပါ**
- **အသင့်စား/အဆီများသောအစာရှောင်ပါ**
- **ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ** (တစ်နေ့ ၃၀ မိနစ်)
- **စိတ်ဖိစီးမှုလျှော့ချပါ** (တရားထိုင်၊ ယောဂ)

---

# # **ကာကွယ်နည်းများ**
✅ ဆီးချို၊ သွေးတိုးကိုထိန်းပါ။
✅ ကိုလက်စထရောနည်းအောင် ဟင်းသီးဟင်းရွက်၊ ငါး၊ အုတ်ဂျုံစားပါ။
✅ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူပါ။

**သတိပြုရန်** – နှလုံးသွေးကြောကျဉ်းရောဂါဟာ တဖြည်းဖြည်းချင်းဖြစ်ပေါ်လာတတ်ပြီး **အသက်အန္တရာယ်ရှိနိုင်တာကြောင့်** စောစီးစွာကုသမှုခံယူဖို့ အရေးကြီးပါတယ်။

အသေးစိတ်ထပ်သိလိုပါက ဆရာဝန်နှင့် တိုင်ပင်ပါ။ ❤️

23/04/2025

**သွေးတိုးရောဂါ (Hypertension)** ဆိုတာက သွေးကြောတွင်းမှာ သွေးဖိအားမြင့်တက်နေတဲ့ နာတာရှည်ရောဂါတစ်ခုဖြစ်ပြီး မကုသဘဲထားရင် **နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်** တို့ကို ပြင်းထန်စွာထိခိုက်စေနိုင်ပါတယ်။

# # # **သွေးတိုးရောဂါ အမျိုးအစားများ**
1. **အခြေခံသွေးတိုး (Primary Hypertension)** – အကြောင်းရင်းအတိအကျမရှိဘဲ (အသက်အရွယ်၊ မျိုးရိုး၊ နေထိုင်မှုပုံစံစတာတွေကြောင့်)။
2. **အကြောင်းရင်းရှိသွေးတိုး (Secondary Hypertension)** – ကျောက်ကပ်ရောဂါ၊ ဟော်မုန်းမညီမျှမှု၊ ဆေးဝါးတွေကြောင့်ဖြစ်။

# # # **လက္ခဏာများ**
- ခေါင်းကိုက်ခြင်း (အထူးသဖြင့် နောက်စေ့တွင်)
- မူးဝေခြင်း၊ မောပန်းခြင်း
- နှာခေါင်းသွေးလျှံခြင်း
- အမြင်ဝါးခြင်း
- ရင်ဘတ်အောင့်ခြင်း

⚠️ **သတိထားရန်** – သွေးတိုးကို **"ဆေးတိုးရောဂါ"** လို့လည်းခေါ်ကြပြီး လက္ခဏာမပြဘဲ တိတ်တဆိတ်ဖြစ်နေတတ်ပါတယ်။

# # # **ကုသမှုနှင့် ကာကွယ်နည်း**
1. **ဆေးဝါးကုသ** – ဆရာဝန်ညွှန်ကြားတဲ့ သွေးကျဆေးများ (ဥပမာ – Amlodipine, Losartan)။
2. **နေထိုင်မှုပုံစံပြောင်းခြင်း**
- ဆားလျှော့စားပါ (တစ်နေ့ ၁ လက်ဖက်ရည်ဇွန်းထက်မပိုပါနဲ့)။
- အဆီ၊ အချိုနည်းတဲ့ အစားအစာများ (ဟင်းသီးဟင်းရွက်၊ သစ်သီးများ)။
- ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ (တစ်နေ့ ၃၀ မိနစ်)။
- အရက်နှင့် ဆေးလိပ်ရှောင်ပါ။
- စိတ်ဖိစီးမှုလျှော့ချပါ (တရားထိုင်ခြင်း၊ ယောဂ)။

# # # **အန္တရာယ်အချက်များ**
- လေဖြတ်ခြင်း
- နှလုံးရောဂါ
- ကျောက်ကပ်ပျက်စီးခြင်း
- အမြင်အာရုံဆုံးရှုံးခြင်း

**အရေးကြီးသော အကြံပြုချက်** – သွေးတိုးရှိပါက **ပုံမှန်သွေးဖိအားတိုင်းပါ**၊ ဆရာဝန်နှင့် မပျက်မကွက်ပြသပါ။

သွေးတိုးကို ဂရုစိုက်ပါက ဘဝအရည်အသွေးကောင်းစွာနဲ့ ရှည်ကြာစွာနေနိုင်ပါတယ်။ 💙

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
23/04/2025

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

Address

Bo Aung Kyaw Road, (14)Qtr, Hlaing Tha Yar
Yangon

Website

Alerts

Be the first to know and let us send you an email when Myitta Mon Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share