Caltha Wellness

Caltha Wellness 🌼 🌿 At Caltha Wellness, we specialize in supporting women, children, and adolescents through holistic wellness programs.

Let’s bloom and thrive together! 🌿💛

Join our telegram: https://t.me/calthawellness

30/08/2026

Thank you all for attending the Neurographic Art Facilitation Training in collaboration with The Art of Healing!

🥰အချိန်ပေးပြီး တက်ရောက်ကြသူများအားလုံးနှင့်တစ်ကွ စေတနာအပြည့်ဖြင့် သင်ကြားပေးသော Trainer မYuko တို့ကိုလည်း Caltha မှ အထူး...
30/08/2026

🥰အချိန်ပေးပြီး တက်ရောက်ကြသူများအားလုံးနှင့်တစ်ကွ စေတနာအပြည့်ဖြင့် သင်ကြားပေးသော Trainer မYuko တို့ကိုလည်း Caltha မှ အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။ လိုအပ်သည်များရှိပါကလည်း နားလည်ခွင့်လွှတ်ပေးကြဖို့ တောင်းပန်အပ်ပါသည်ရှင့်။ 🙏🙏🙏

🎨 Fabric Painting In-Person 2-Days Workshop🎨 🤗 Screen time တွေများပြီး social media စွဲလန်းနေမှုကို လျော့ချဖို့အတွက် အထူ...
28/08/2026

🎨 Fabric Painting In-Person 2-Days Workshop🎨

🤗 Screen time တွေများပြီး social media စွဲလန်းနေမှုကို လျော့ချဖို့အတွက် အထူးသင့်လျော်တဲ့ Art workshop လေးပါရှင့်...
🌼ဒီ ၂ ရက်တာ Fabric Painting In-Person Workshop မှာ ပန်းချီဆွဲတာကို စိတ်ဝင်စားပေမယ့် “အခြေခံလုံးဝမရှိဘူး” ဆိုပြီး စိတ်ပူစရာမလိုဘဲ အနုပညာအခြေခံမရှိသူ‌‌တွေပါ အစကနေ လက်တွေ့သင်ယူနိုင်ပါတယ်။ 🌿
🌼ဒီသင်တန်းပြီးတဲ့အခါ ပိတ်စပေါ်မှာပဲ Painting လုပ်တတ်သွားမှာမဟုတ်ဘဲ Canvas ပေါ်မှာပါ ကိုယ်တိုင်ပန်းချီဖန်တီးနိုင်အောင် သင်ယူသွားရမှာပါ။

✨ သင်တန်းမှာ ဘာတွေသင်ယူရမလဲ?
• Fabric Painting အတွက် လိုအပ်တဲ့ အခြေခံပစ္စည်းများနဲ့ အသုံးပြုပုံ
• အခြေခံ Drawing & Composition
• Color Mixing နဲ့ Color Application
• Fabric ပေါ်မှာ Paint လုပ်တဲ့ နည်းစနစ်များ
• Texture နဲ့ Brush Techniques
• Canvas ပေါ်မှာ Painting လုပ်နည်း
• ကိုယ်ပိုင် Design တခုကို အစကနေ အဆုံးထိ ဖန်တီးခြင်း
• Fabric နဲ့ Canvas နှစ်မျိုးစလုံးမှာ Painting ကို လက်တွေ့လုပ်ဆောင်ခြင်း တို့ကို
🥰Mori Burma ရဲ့ Founder Ma Thiri Win Maung ( Professional Textile Artist) မှ စနစ်တကျသင်ကြားပြသပေးသွားမှာဖြစ်ပါတယ်ရှင့်။

🌟ဒီသင်တန်းက “ပန်းချီဆွဲတတ်ဖို့” တခုတည်းမဟုတ်ဘဲ ကိုယ့်ရဲ့အတွေး၊ ခံစားချက်နဲ့ Creativity ကို ပိတ်စနဲ့ Canvas ပေါ်မှာ ကိုယ်တိုင်ဖန်တီးဖော်ပြနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
💢၂ ရက်အတွင်း Theory ထက် လက်တွေ့လုပ်ဆောင်မှုကို အဓိကထားပြီး သင်ကြားပေးမှာဖြစ်ပြီး လိုအပ်သောသင်ထောက်ကူ ပစည်းများအားလုံးကိုလည်းပံ့ပိုးပေးထားပါတယ်။ သင်တန်းပြီးတဲ့အချိန်မှာ ကိုယ်တိုင်ဖန်တီးထားတဲ့ artwork တွေကို အပိုင်ရရှိသွားမှာဖြစ်ပါတယ်။🥰🥰

Trainer profile 👇
https://www.facebook.com/share/p/19QDYGyP2T/

🗓️Date – 2 days

12 September Saturday
13 September Sunday

⏰ Time – 1pm - 4pm
📍 Location – Caltha Wellness Centre(Hlaing)
💰 Training Fee – 160,000 mmk ( Early Birds discount 145,000 mmk for 7 seats )
👥 Limited Seats – 15 Participants

📩 📩 တက်ရောက်လိုသူများအနေဖြင့် Caltha ရဲ့ page Messenger နှင့် Viber no. ဖြစ်တဲ့ 09-940940191 ဆီသို့ ဆက်သွယ် စုံစမ်းစာရင်းပေးနိုင်ပါတယ်ရှင်။

📍 In-Person
🎨 2-Day Fabric Painting Workshop
✨ Beginner Friendly
🎨

🤗 Hello Neurographic Art Therapy TOT training အတွက် ဦးဆောင်သင်ကြားပေးမယ့် Trainer ချောချောလေးနဲ့ မိတ်ဆက်ပေးပါရစေရှင့်🥰🌼A...
20/08/2026

🤗 Hello Neurographic Art Therapy TOT training အတွက် ဦးဆောင်သင်ကြားပေးမယ့် Trainer ချောချောလေးနဲ့ မိတ်ဆက်ပေးပါရစေရှင့်🥰

🌼Art of Healing ၏ founder တစ်ဦးဖြစ်တဲ့ Ma Yuko ဟာ Counseling ပညာရပ်ကို Advanced Level အထိ လေ့လာသင်ယူထားပြီး Child Psychology, Parenting Education နှင့် Art Therapy တို့ကိုလည်း ဆက်လက်လေ့လာကာ Professional Development ကို အစဉ်တစိုက် ပြုလုပ်နေသူတစ်ဦးဖြစ်ပါသည်။ Certified Art Therapy Practitioner တစ်ဦးဖြစ်သည့်အပြင် Textile Artist နှင့် Art Therapy Trainer တစ်ဦးလည်း ဖြစ်ပါသည်။

🎨Neurographic Art Therapy ကို ဖန်တီးခဲ့သူ Pavel Piskarev ၏ ကျောင်းတွင်လည်း Neurographic Art Therapist အဖြစ် ဆက်လက်လေ့လာသင်ယူလျက်ရှိပြီး Art Therapy ကို ၂၀၂၁ ခုနှစ်မှစတင်၍ Professional Career အဖြစ် လုပ်ကိုင်လာခဲ့ပါသည်။ လက်ရှိတွင် Counselling Hours ၂၀၀ ကျော် အတွေ့အကြုံရှိပြီး Under Supervision အောက်မှ ဆက်လက်၍ Professional Practice ပြုလုပ်နေပါသည်။ အခြားသော Mental Health Organizations များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို ကိုယ်ပိုင် Mental Health Services များကိုလည်း ပေးလျက်ရှိပါသည်။
🌼ယခုလည်း Caltha နှင့်အတူ လက်တွဲ၍ Neurographic Art Therapy နှင့် Art-based Self-Discovery programs များကို မျှဝေပေးသွားမည့် Professional trainer and practitioner အဖြစ်ပါဝင် ဆောင်ရွက်ပေး သွားမည် ဖြစ်ပါသည်ရှင့်။

Edited: လူပြည့်သွားပြီမို့ စာရင်းပိတ်ပါပြီရှင့်။ 🎨 NEUROGRAPHIC ART FACILITATION TRAINING (3-Hour Trainer-to-Trainer  IN...
14/08/2026

Edited: လူပြည့်သွားပြီမို့ စာရင်းပိတ်ပါပြီရှင့်။

🎨 NEUROGRAPHIC ART FACILITATION TRAINING
(3-Hour Trainer-to-Trainer INPERSON Class)
🌟Neurographic Art ကို ကိုယ်တိုင်လေ့လာပြီး ဖန်တီးတတ်ရုံနဲ့ မရပ်ဘဲ အခြားသူတွေကိုပါ Neurographic Art Activity တွေကို စနစ်တကျ သင်ကြားပြီး Facilitate လုပ်နိုင်တဲ့ Trainer တယောက် ဖြစ်ချင်ပါသလား?

🌼Art of Healing ရဲ့ Founder တစ်ဦးဖြစ်ပြီး Art Therapy Practitioner အဖြစ်လည်း များစွာ အတွေ့အကြုံရှိတဲ့ Ma Yuko မှ Caltha Wellness နှင့်အတူ ပူးပေါင်း‌၍ Neurographic Art Facilitation Trainingကို ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

🌼ဒီသင်တန်းမှာ Neurographic Art ရဲ့ Technique တွေကိုသာ သင်ယူရမှာမဟုတ်ဘဲ “ဘယ်လိုသင်မလဲ၊ ဘယ်လို Facilitate လုပ်မလဲ၊ Participant တွေရဲ့ Emotional Safety ကို ဘယ်လိုထိန်းသိမ်းမလဲ” ဆိုတာတွေအထိ လေ့လာရမှာဖြစ်ပါတယ်။

📚 သင်ကြားမည့်အကြောင်းအရာများ

01 | Foundations of Neurographic Art
• Neurographic Art ဆိုတာဘာလဲ
• Core Principles & Process
• Neurographic Art နှင့် Art Therapy ကွာခြားချက်
• Process over Product

02 | Core Neurographic Art Techniques
• Neurographic Line
• Intersections
• Rounding & Softening
• Connection & Integration
• Color Exploration

03 | Emotional & Reflective Facilitation
• Reflective Prompt Design
• Open-ended Questions
• Observation & Self-reflection
• Interpretation မလုပ်ဘဲ Facilitate လုပ်နည်း
• Active Listening

04 | Trauma-Aware & Ethical Facilitation
• Psychological Safety
• Consent & Participant Choice
• Emotional Boundaries
• Forced Disclosure မပြုလုပ်ခြင်း
• Participant emotionally activated ဖြစ်လာတဲ့အခါ Basic Response
• Scope of Practice & Appropriate Referral

05 | How to Teach Neurographic Art
• Explain → Demonstrate → Practice → Reflect
• Clear Instruction ပေးနည်း
• Group Facilitation & Time Management
• Different Age / Group အလိုက် Activity ပြောင်းလဲသင်ကြားနည်း
• 60–90 minutes Session Design

06 | Trainer Micro-Teaching & Skills Assessment
• 5-Minute Micro-Teaching
• Facilitation Practice
• Peer Feedback
• Trainer Competency Assessment

🌱 ဒီသင်တန်းပြီးဆုံးတဲ့အခါ
သင်တန်းသားများအနေဖြင့်—
✔️ Neurographic Art ရဲ့ Foundation နှင့် Techniques များကို ရှင်းပြနိုင်ခြင်း
✔️ Neurographic Art Activity များကို ကိုယ်တိုင် Demonstrate လုပ်နိုင်ခြင်း
✔️ Reflective Questions များအသုံးပြုပြီး Facilitate လုပ်နိုင်ခြင်း
✔️ Artwork ကို Interpretation / Diagnosis မလုပ်ဘဲ Participant ကို Facilitate လုပ်နိုင်ခြင်း
✔️ Trauma-aware နှင့် ethical facilitation principles များကို အသုံးချနိုင်ခြင်း
✔️ 60–90 minutes Neurographic Art Session တခုကို ကိုယ်တိုင် Design & Facilitate လုပ်နိုင်ခြင်း
✔️ Micro-teaching မှတဆင့် Trainer Skill ကို လက်တွေ့လေ့ကျင့်နိုင်ခြင်း

👤 ဘယ်သူတွေ တက်သင့်လဲ?

• Art / Expressive Arts Facilitators
• Counsellors & Mental Health Practitioners
• Teachers & Educators
• Workshop Facilitators
• Art Educators
• Wellbeing Facilitators

✨ ဒီသင်တန်းက ဘာကြောင့် မတူတာလဲ?

ဒီသင်တန်းမှာ “Neurographic Art ဘယ်လိုဆွဲမလဲ” ဆိုတာတင်မဟုတ်ဘဲ—
“ဘယ်လိုသင်မလဲ?”
“ဘယ်လို Facilitate လုပ်မလဲ?”
“ဘယ်လိုမေးခွန်းတွေ မေးမလဲ?”
“Participant ရဲ့ Emotional Safety ကို ဘယ်လိုထိန်းမလဲ?”
“ကိုယ့်ရဲ့ Professional Boundary ကို ဘယ်လိုထားမလဲ?”ဆိုတာတွေအထိ Trainer Perspective နဲ့ လေ့လာရမှာဖြစ်ပါတယ်။

"You don’t need to interpret the art.
You create the space for people to discover their own meaning."

📅 Date – 30 th August Sunday
⏰ Time – 1pm - 4pm
📍 Location – Caltha Wellness Centre(Hlaing)
💰 Training Fee – 70,000 mmk
👥 Limited Seats – 15 Participants

📩 📩 တက်ရောက်လိုသူများအနေဖြင့် Caltha ရဲ့ page Messenger နှင့် Viber no. ဖြစ်တဲ့ 09-940940191 ဆီသို့ ဆက်သွယ် စုံစမ်းစာရင်းပေးနိုင်ပါတယ်ရှင်။
💢 မှတ်ချက်။ ။ inperson အတန်းဖြစ်ပါတယ်။ (zoom online တန်းမဟုတ်ပါရှင့်။)

Updated announcement: လတ်တလောဖြစ်ပွားလျက်ရှိသော ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် ပါဝင်တက်ရောက်သူများ၏ Health Safety အ...
09/08/2026

Updated announcement: လတ်တလောဖြစ်ပွားလျက်ရှိသော ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် ပါဝင်တက်ရောက်သူများ၏ Health Safety အတွက် workshop ကျင်းပမည့်ရက်ကို လာမည့် September 20 ရက်သို့ ပြောင်းရွှေ့ကြောင်း လေးစားစွာအသိပေးအပ်ပါသည်ရှင့်။ 🙏🙏🙏

🌼(Caltha နှင့် KyaNaw) တို့အတူတကွ ပူးပေါင်းတင်ဆက်သော "The Mirror"🪞
(မိမိကိုယ်ကိုယ် အသစ်တစ်ဖန် ပြန်လည်ရှာဖွေတွေ့ရှိခြင်း)

🌼ဟန်ဆောင်ထားခဲ့ရတဲ့မျက်နှာဖုံးတွေကို ခဏချထားပြီး...ကိုယ့်ရဲ့ ဟိုးအတွင်းစိတ်ရဲ့ မှန်ထဲမှာ ကိုယ့်ရဲ့တကယ့် အစစ်အမှန်ပုံရိပ်ကို ကိုယ်တိုင်ပြန်ကြည့်ခဲ့ဖူးပါသလား?

🌼နေ့စဉ်လူနေမှုဘဝရဲ့ ဖိအားတွေနဲ့ ရုန်းကန်ရတဲ့တာဝန်တွေကြားမှာ "ကိုယ် ဘာကို တကယ်လိုချင်တာလဲ?"
"ကိုယ့်ရဲ့ အစစ်အမှန် ခံစားချက်တွေက ဘာလဲ?"
"ကိုယ် ဘာတွေကိုလုပ်ရင် တကယ်ပျော်မှာလဲ"
"ကိုယ် ကတကယ်ဘယ်သူလဲ" ဆိုတာကို မေ့လျော့နေတဲ့ သူတွေအတွက်....ကိုယ့် ရင်ထဲက နက်နဲတဲ့ ခံစားချက်တွေကို သိရှိပြီးပြန်လည်ချိတ်ဆက်နိုင်ဖို့ လုံခြုံနွေးထွေးပြီးတိတ်ဆိတ်အေးချမ်းတဲ့ နေရာလေးတစ်ခု ပတ်ဝန်းကျင်လေးတစ်ခု လိုအပ်နေပြီဆိုရင်တော့..."The Mirror" ပွဲလေးမှ သင့်အတွက်နွေးထွေးစွာကြိုဆိုလိုက်ပါတယ်။

ဒီပွဲလေးမှာ ဘာတွေလုပ်ကြမလဲ?👇

🎨 Paint & Reflect: "KyaNaw"က ဖန်တီးထားတဲ့ ခိုင်ခံ့လှပရုံတင်မဟုတ်ဘဲ ထိတွေ့ရုံနဲ့ နူးညံ့နွေးထွေးမှုတွေကို ခံစားရရှိစေမယ့် Timeless Designs အင်္ကျီ‌တွေထဲက မိမိ နှစ်သက်ရာကို ကိုယ်တိုင်စိတ်ကြိုက် ရွေးချယ်ပြီး မိမိရဲ့ ခံစားချက်တွေကို အရောင်တွေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ဖန်တီးခြယ်သကြပါမယ်.....ဒီလိုတွေဖန်တီးနိုင်ကြဖို့ ပန်းချီဆွဲတတ်စရာမလိုပါဘူး။
စည်းမျဉ်းစည်းကမ်းတွေ ကန့်သတ်ချက်တွေမလိုဘဲ
ကိုယ့်ရင်တွင်းက ခံစားချက်တွေအတိုင်း အလိုက်သင့် စီးမြောရင်းဆေးအရောင်တွေနဲ့အတူ ဖွင့်ထုတ်လိုက်ဖို့ပါပဲ။ (ပွဲပြီးဆုံးချိန်မှာတော့ မိမိကိုယ်တိုင် ခံစားချက်အပြည့်နဲ့ဖန်တီးထားတဲ့ ထူးခြားတဲ့ အမှတ်တရတွေနဲ့ ဆေးခြယ်ထားသော တန်ဖိုးမဖြတ်နိုင်တဲ့ကိုယ်ရဲ့စစ်မှန်မှုပုံစံလေးကိုထင်ဟပ်စေမယ့် အကျီလေး ကို တစ်သက်တာ ပိုင်ဆိုင်သွားနိုင်မှာ ဖြစ်ပါတယ်။)

💕Safe Space (လုံခြုံနွေးထွေးသော ရပ်ဝန်း)
ဒီပွဲလေးမှာ စိတ်ထဲမှာ မြိုသိပ်ထားခဲ့ရတဲ့ ခံစားချက်တွေကို ဘာဝန်ထုပ်ဝန်ပိုးမှ မထားဘဲ လွတ်လပ်ယုံကြည်စွာ ရင်ဖွင့်ဖော်ထုတ်နိုင်ဖို့ ကိုယ်ရောစိတ်ပါ အေးချမ်းလုံခြုံတဲ့ ရပ်ဝန်းတစ်ခုကို The Mirrorက ဖန်တီးပေးထားပါတယ်။
ရည်ရွယ်ချက်ကောင်းများစွာနဲ့ သေချာဖန်တီးထားတဲ့ လှုပ်ရှားမှု (Activities) လေးတွေမှာ ပေါ့ပါးစွာ ပါဝင်ဖြတ်သန်းရင်း၊ သင့်ကို နွေးထွေးစွာ ကြိုဆိုနေမယ့် ဒီရပ်ဝန်းလေးထဲမှာ သင်ကိုယ်တိုင် စိတ်အေးချမ်းမှုနဲ့ လုံခြုံနွေးထွေးပျော်ရွှင်မှု များကို ပြန်လည် အပြည့်အဝ ခံစားရရှိစေမှာပါ။

🌟Expert Guidance: အတွေ့အကြုံရှိပြီး နွေးထွေးလုံခြုံစေတဲ့ခံစားမှုကိုပေးစွမ်းနိုင်မယ့် Creative Therapeutic Facilitators တွေ နဲ့အတူ အစီအစဥ်ကောင်းများစွာကို ကိုယ်တိုင်ပါဝင်လုပ်ဆောင်ရင်း မိမိကိုယ်ကို ပိုမိုယုံကြည်မှုရှိပြီး တန်ဖိုးထားတတ်လာမယ်...စစ်မှန်တဲ့မိမိပုံရပ်တွေကိုလည်း နူးညံ့အိစက်နေသောပိတ်စပေါ်မှာ ဆေးရောင်စုံကြား ဖန်တီးရေးဆွဲရင်း ကိုယ့်ကိုယ်လည်းမှန်သားပြင်အထက်ကြည်လင်စွာပြန်မြင်ရသလို ပြန်ရှာတွေ့လာပါလိမ့်မယ်။

☕အနားယူချိန်မှာလည်း ကိုယ်စိတ်ကို ကြည်လင်လန်းဆန်းစေမယ့် ကော်ဖီ နဲ့ အရသာရှိရှိသုံးဆောင်နိုင်မယ့် မုန့်များကိုလည်း ကျွေးမွေးဧည့်ခံပေးသွားမှာ ဖြစ်ပါတယ်..... လိုအပ်ပါက ဆက်လက်ဆွေးနွေးနိုင်ရန် ကျွမ်းကျင်ပညာရှင်များနှင့်ချိတ်ဆက်ပေးမည့် ဝန်ဆောင်မှုများလည်း ပါဝင်ပါမယ်။)

🌅ပုံမှန်ဆေးခြယ်သပြီး အကျီကိုပြန်ယူသွားရတယ်ဆိုတာထက် ထူးခြားလေးနက်တဲ့ အဓိပ္ပာယ်တွေ ကိုဖော်ညွှန်းတဲ့ဒီ Workshop လေးမှာ သင်ရဲ့ အဖိုးတန် အချိန်လေးကို ကုန်ဆုံးရင်း အဖိုးမဖြတ် အမှတ်တရများစွာကိုသင်ကိုယ်တိုင် ဖန်တီးနိုင်ပါလိမ့်မယ်။

💢Event Details:
Date: ၂၃ သြဂုတ်လ ၂၀၂၆ (တနင်္ဂနွေနေ့)
Time : နေ့လယ် ၁:၀၀ နာရီ မှ ၄:၀၀ နာရီ
Place : Caltha Wellness Centre (Hlaing)
Fees : 9,9000 MMK
Limited Seats:15 Participants
🍪Refreshments included ☕
❗❗ဒီ workshop ကိုလာ Join တဲ့လူတွေအတွက် KyaNaw တို့ဘက်ကနေ အထူးအခွင့်အ‌ရေးအနေနဲ့ KyaNaw တို့ page မှာတောင်မတင်ရသေးတဲ့ ဦးဦးဖျားဖျားထွက်ရှိထားတဲ့ design အသစ်တွေအပြင် ဒီ workshop အပြီးမှာ KyaNaw တို့ဆီက ခင်းကျင်းပြသထားတဲ့ products တွေကို ဘာဝယ်ဝယ် အထူးဈေး 5% off နဲ့ စိတ်တိုင်းကျဝတ်ကြည့်ပြီး ဝယ်ယူနိုင်အုံးမှာဖြစ်ပါတယ်❗❗

🪞"ကိုယ့်ရဲ့ စိတ်အတွင်းက ပုံရိပ်အစစ်အမှန်ကို လေ့လာကြည့်ဖို့အချိန်ခဏလေးပေးလိုက်ကြရအောင်လား...

📩 တက်ရောက်လိုသူများအနေဖြင့် Caltha ရဲ့ page Messenger နှင့် Viber no. ဖြစ်တဲ့ 09-940940191 ဆီသို့ ဆက်သွယ် စုံစမ်းစာရင်းပေးနိုင်ပါတယ်ရှင်။

🪞 မျက်နှာဖုံးတွေကို ခဏချထားပြီး... မှန်ထဲမှာ ကိုယ့်ပုံရိပ်ကို ပြန်ကြည့်ဖူးပါသလား။🌼ကျွန်မတို့အားလုံး နေ့စဉ်ဘဝရဲ့ တာဝန်ဝတ္...
06/08/2026

🪞 မျက်နှာဖုံးတွေကို ခဏချထားပြီး... မှန်ထဲမှာ ကိုယ့်ပုံရိပ်ကို ပြန်ကြည့်ဖူးပါသလား။

🌼ကျွန်မတို့အားလုံး နေ့စဉ်ဘဝရဲ့ တာဝန်ဝတ္တရားတွေကြားမှာ ဘယ်နှစ်ကြိမ်မက မျက်နှာဖုံးအထပ်ထပ် စွပ်ထားခဲ့ကြဖူးပါသလဲ...။ ဒီလိုနဲ့ အချိန်ကာလ ကြာမြင့်လာတဲ့အခါ ဘဝအမောတွေကြား ပင်ပန်းနွမ်းနယ်လာပြီး ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသလို ခံစားလာတတ်ကြပါတယ်။
🌼ဒါပေမဲ့ အဝတ်အစားဆိုတာ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားတဲ့ မျက်နှာဖုံးတစ်ခု မဟုတ်ဘဲ၊ ကိုယ့်ရဲ့ စစ်မှန်တဲ့ တန်ဖိုးကို ထင်ဟပ်ပေးနိုင်တဲ့ အရာတစ်ခုဖြစ်ရပါမယ်။
🌼ခန့်ညှားလှတဲ့ မြန်မာ့ရိုးရာ ဒေသထွက် အထည်လေးတွေရဲ့ ချည်မျှင်တစ်ပင်ချင်းစီတိုင်းမှာ အမျိုးသမီးများစွာရဲ့ ကိုယ်ပိုင်တန်ဖိုး၊ ကြိုးစားအားထုတ်မှုနဲ့ စစ်မှန်တဲ့ အိပ်မက်တွေ ကိန်းဝပ်နေသလိုပါပဲ။ “ကျနော်” က ဖန်တီးလိုက်တဲ့ အဝတ်အထည်တိုင်းဟာ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်လေးစားမှုနဲ့ စိတ်ပိုင်းဆိုင်ရာ စစ်မှန်တဲ့ ကျေနပ်မှုကို ပံ့ပိုးပေးချင်တဲ့ စေတနာတွေနဲ့ ပြည့်နှက်နေပါတယ်။
🌼ဒီလို စေတနာချင်း တူညီစွာဖြင့်... စိတ်ပိုင်းဆိုင်ရာ နွေးထွေးမှုနဲ့ လုံခြုံမှုကို အမြဲတမ်း ပံ့ပိုးပေးနေတဲ့ “Caltha Wellness ” နဲ့ “ကျနော်” တို့ ဆုံစည်းမိကြတဲ့အခါ... ✨

🎨 ပိတ်စတစ်စနဲ့ ဆေးရောင်စုံတွေကြား ကိုယ့်ရဲ့ တကယ့်စစ်မှန်တဲ့ ဖြစ်တည်မှု၊ ခံစားချက်နဲ့ အိပ်မက်တွေကို ပြန်လည်ရှာဖွေတွေ့ရှိဖို့၊ မိမိကိုယ်ကို အပြည့်အဝ နားလည်ပြီး စစ်မှန်တဲ့ တန်ဖိုးကို ပိုမိုမြင်တွေ့နိုင်ဖို့ ဆေးရောင်စုံ စုတ်ချက်များမှတစ်ဆင့် ခံစားချက်တွေကို လွတ်လပ်စွာ ဖော်ထုတ်နိုင်မယ့် အခွင့်အရေးတစ်ခုကို ကျွန်မတို့ အတူတူ ဖန်တီးလိုက်ကြပါတယ်။

💭 The Mirror ဆိုတာ ဘာလဲ။

ကိုယ့်ကိုယ်ကိုယ် ပြန်လည် ချစ်တတ်လာဖို့၊
ကိုယ့်ရဲ့ တကယ့် အတွင်းစိတ် ဆန္ဒတွေကို စစ်မှန်စွာ သိရှိဖို့၊ ကိုယ့်မှာ ရှိပြီးသား အလှတရားနဲ့ စွမ်းအားတွေကို ပြန်လည်တွေ့ရှိဖို့...
ဒီ The Mirror အစီအစဉ်လေးကနေတစ်ဆင့် နေ့စဉ်ဘဝရဲ့ ဖိအားတွေကို ခဏတာ မေ့ဖျောက်ပြီး ကိုယ့်ကိုယ်ကို အသစ်တစ်ဖန် ပြန်လည်ရှာဖွေတွေ့ရှိနိုင်တော့မှာ ဖြစ်ပါတယ်။

💭 သင်ရော... ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေဖို့ အဆင်သင့်ဖြစ်ပြီလား။

မကြာမီမှာ စတင်တော့မယ့် ဒီခရီးစဉ်လေးထဲမှာ ဘယ်လို နွေးထွေးဆန်းသစ်တဲ့ အစီအစဉ်တွေ ပါဝင်လာမလဲဆိုတာ စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ပေးကြပါဦးနော်...✨

The Mirror နဲ့အတူ ခရီးစတင်လိုက်ပါ။

🌼ဝါဆိုလပြည့်နေ့ အခါသမယ နေ့ထူးနေ့မြတ်လေးမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများပြည့်စုံ၍ ဘေးရန်ကင်းကွာကြပါစေကြောင်း ...
29/07/2026

🌼ဝါဆိုလပြည့်နေ့ အခါသမယ နေ့ထူးနေ့မြတ်လေးမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများပြည့်စုံ၍ ဘေးရန်ကင်းကွာကြပါစေကြောင်း Caltha မိသားစုမှ ဆုမွန်‌ကောင်း တောင်းဆုပြုအပ်ပါသည်ရှင့်။🙏🙏🙏

🌼စိတ္တသုခပန်းကလေးများပွင့်လန်းရာ Caltha🌼
#ဝါဆိုလပြည့်

🌼Group Supervision & Counseling CoursesCourse 4: Cognitive-Behavioral TherapyBy Sayar Craton (LCSW, CADC)🌟ဒီသင်တန်းမှာတေ...
18/07/2026

🌼Group Supervision & Counseling Courses
Course 4: Cognitive-Behavioral Therapy
By Sayar Craton (LCSW, CADC)

🌟ဒီသင်တန်းမှာတော့ ဆရာ Craton က Counselors တွေကို group supervision ပေးမယ့်အပြင် CBT လို့ လူသိများကြတဲ့ Cognitive-Behavioral Therapy (အသိဉာဏ်နှင့် အပြုအမူ ကုထုံး) စိတ်ကုထုံး ပြုလုပ်ပုံ၊ ပြုလုပ်နည်း skills and techniques တွေကို သေချာသင်ကြားပေးမှာဖြစ်ပါတယ်။

🌟CBT ဆိုတာ — အတွေး၊ ခံစားချက်၊ အပြုအမူ သုံးခုတို့ဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် သက်ရောက်နေတယ် ဆိုတဲ့ သဘောကို အခြေခံထားတာပါ။ ယေဘုယျ သဘောတရားကတော့ ပြဿနာတစ်ခု၊ ဖြစ်ရပ်တစ်ခုကို ကြည့်မြင်သုံးသပ်တဲ့အခါမှ ဒီဖြစ်ရပ်ကို ကိုယ်က ဘယ်လို အနက်အဓိပ္ပာယ်ဖွင့်သလဲ၊ ဘယ်လိုအတွေးအခေါ်မျိုးနဲ့ ရှုမြင်နားလည်သလဲဆိုတာကို အသိဉာဏ်နဲ့ ပြန်လည် ပိုင်းခြားဆင်ခြင်သုံးသပ်ပြီး ဒီအတွေးအခေါ်၊ ယုံကြည်မှုတွေကို ပြန်လည်စိန်ခေါ်ပြီး တခြားဖြစ်နိုင်တဲ့ရှုထောင့်တွေကနေကြည့်ဖို့ စိတ်နဲ့ဦးနှောက်ကို တဖြည်းဖြည်း လေ့ကျင့်သင်ကြားပေးတာပါ။ ဥပမာ - အစွန်းရောက်နေနိုင်တဲ့ (သို့မဟုတ်) အနှုတ်လက္ခဏာဆောင်နေတဲ့ maladaptive အတွေးပုံစံတွေကို စိန်ခေါ်စိစစ်ပြီး ပိုမှန်ကန်၊ ပိုယုတ္တိကျတဲ့ တခြား adaptive အတွေးပုံစံတွေနဲ့ အစားထိုးပြောင်းလဲနိုင်တဲ့အထိ တစ်ဆင့်ချင်း ကုသတာမျိုးဖြစ်ပါတယ်။

🌟CBT စိတ်ကုထုံးကို ဘယ်လိုအခြေအနေတွေမှာ ယေဘုယျအားဖြင့် အသုံးချနိုင်သလဲဆိုတော့ —
• စိတ်ဓာတ်ကျခြင်း (Depression)
• စိုးရိမ်ပူပန်ခြင်း (Anxiety)
• Panic disorder
• OCD
• Eating Disorders
• အိပ်မပျော်ခြင်း
• စိတ်ဖိစီးမှု စီမံခန့်ခွဲခြင်း
• ထရာမာ/အပြင်းစားစိတ်ဒဏ်ရာများ (PTSD)
• Substance Use (အရက်၊ မူးယစ်ဆေးဝါး စွဲလမ်းမှုပြဿနာများ) စတာတွေအပြင် Advanced CBT လို ကုထုံးနည်းလမ်းများနဲ့ဆိုရင် Psychosis လို ပြင်းထန်တဲ့စိတ်ဝေဒနာများကိုပါ (ဆေးဝါးအကူအညီနဲ့ တွဲလျက်) အတူကုသနိုင်ပါတယ်။ CBT ဟာ စိတ်ကုထုံးပညာရှင်တွေ ကမ္ဘာအနှံ့မှာ အသုံးများတဲ့၊ သုတေသနအထောက်အထားများစွာနဲ့ အထောက်အပံ့ရှိတဲ့ ကုထုံးတစ်ခုဖြစ်ပါတယ်။

📚 Course 4 Dates:
August 30
September 13
September 20
September 27

⌛ Time: 9:30am-11:30am (Myanmar Standard Time)
Platform: Zoom

👥 Paticipants: Minimum 4 to maximum 10 participants (Small Group)
Course Fees : 500,000 MMK ( installment အနေဖြင့် 250,000 MMK per month ပေးသွင်းနိုင်ပါသည်။)
💢မှတ်ချက်။ Course ကို အစမှအဆုံး တက်ရောက်နိုင်သူဖြစ်ရပါမယ်။

💢သင်တန်းတက်ရန်အခြေခံလိုအပ်ချက် (prerequisites) အနေနဲ့ ဆရာ Craton Highways ရဲ့ အရှေ့က courses ၃ခုကို တက်ထားပြီးသူ (သို့မဟုတ်) လိုင်စင်ရ counselor/psychotherapist တစ်ယောက်ယောက်ရဲ့ supervision အောက်မှာ counseling hours, direct client hours အနည်းဆုံး နာရီ(၁၀၀)ရရှိထားပြီးသူ ဖြစ်ရပါမယ် (အထောက်အထားလည်း ပြနိုင်ရပါမယ်)။

📩 တက်ရောက်လိုသူများအနေဖြင့် Caltha ရဲ့ page Messenger နှင့် Viber/Telegram no. ဖြစ်တဲ့ 09-940940191 ဆီသို့ စာရင်းပေးနိုင်ပါတယ်ရှင်။


🌿✨ Group Supervision & Counseling Courses Program Course 3 🌿✨Topic: Psychopathology, Holistic Approaches and Documentati...
15/05/2026

🌿✨ Group Supervision & Counseling Courses Program Course 3 🌿✨

Topic: Psychopathology, Holistic Approaches and Documentation in Counseling

🌼Counseling လုပ်တဲ့အခါမှာ မရှိမဖြစ်လိုအပ်တဲ့ note taking, documentation, secure data storage, data sorting and analysis စတာတွေကို counseling ethics တွေနဲ့အညီ ဒီသင်တန်းမှာ သင်ယူကြရမှာဖြစ်ပါတယ်။ ထို့အပြင် counseling လုပ်တဲ့အခါ အတွေ့ရများတဲ့ စိတ်ဝေဒနာအချို့ရဲ့ symptoms, သဘောသဘာဝနဲ့ complex case တွေကို explore လုပ်ကြရမယ့်အပြင် Treatment နည်းတွေကိုလည်း အခြေခံနားလည်အောင် သင်ကြားပေးမှာဖြစ်သလို ဒီ treatment နည်းတွေထဲကမှ holistic ကျတဲ့ approachတွေကို သင်တန်းသားတွေအနေနဲ့ လေ့ကျင့်သင်ယူကြရမှာပါ။

🌼 သင်တန်းတက်ရန်အတွက် အခြေခံလိုအပ်ချက် (prerequisites) အနေနဲ့ ဆရာ Craton Highways ရဲ့ အရှေ့က courses ၂ခုဖြစ်တဲ့ Course 1 and 2 ခုကို တက်ထားပြီးသူ (သို့မဟုတ်) လိုင်စင်ရ counselor/psychotherapist တစ်ယောက်ယောက်ရဲ့ supervision အောက်မှာ counseling hours, direct client hours အနည်းဆုံး နာရီ(၁၀၀)ရရှိထားပြီးသူ ဖြစ်ရပါမယ်။
📚 Course 3 Dates:
June 14, 2026
June 28 2026
July 19 2026
July 26 2026

⌛ Time: 9:30am-11:30am (Myanmar Standard Time)
Platform: Zoom

👥 Paticipants: Minimum 4 to maximum 10 participants (Small Group)
Course Fees : 500,000 MMK ( installment အနေဖြင့် 250,000 MMK per month ပေးသွင်းနိုင်ပါသည်။)
💢မှတ်ချက်။ Course ကို အစမှအဆုံး တက်ရောက်နိုင်သူဖြစ်ရပါမယ်။

📩 တက်ရောက်လိုသူများအနေဖြင့် Caltha ရဲ့ page Messenger နှင့် Viber/Telegram no. ဖြစ်တဲ့ 09-940940191 ဆီသို့ စာရင်းပေးနိုင်ပါတယ်ရှင်။


Address

Hlaing Township
Yangon
1111

Telephone

+959940940191

Website

Alerts

Be the first to know and let us send you an email when Caltha Wellness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Caltha Wellness:

Shortcuts

Share