Venus Skinlux

Venus Skinlux Providing the best At Home Spa care products for you Your Perfect Beauty Partner

We will be participating CCAM 2026 event at Gallery Ohmar 🎗️ Childhood Cancer Awareness Month (CCAM) 2026 🎗️Every child ...
03/09/2026

We will be participating CCAM 2026 event at Gallery Ohmar

🎗️ Childhood Cancer Awareness Month (CCAM) 2026 🎗️

Every child deserves a chance to smile, to dream, and to look forward to tomorrow. 🤍

In celebration of Childhood Cancer Awareness Month (CCAM) 2026, Gallery Ohmar is honored to host a Fundraising Event on September 5–6, 2026, in collaboration with World Child Cancer Myanmar.

This event is not only about raising awareness and support for children living with cancer, but also about reminding them and their families that they are not alone. 🎗️

Every visit, every word of encouragement, and every contribution can bring hope and strength to a child facing one of life’s toughest battles.

Sometimes, a little kindness can make a world of difference.
Together, we can give them a little more hope, a little more strength, and a reason to keep believing in brighter days. 💛

Gallery Ohmar warmly invites you to join us and stand alongside World Child Cancer Myanmar in making CCAM 2026 a meaningful celebration of hope, love, and compassion.

Because every child deserves the opportunity to grow, dream, and reach their full potential. 🤍

🎗️ Protecting Childhood Potential
📅 September 5 & 6, 2026
📍 Gallery Ohmar





စက်တင်ဘာလမှာ ရောက်ရှိလာမယ့် ကံကောင်းခြင်းလေးတွေကို အချင်းချင်း မျှဝေလိုက်ရအောင် ✨💖ပထမဆုံး တွေ့လိုက်ရတဲ့ စကားလုံး (၃) ခုက...
01/09/2026

စက်တင်ဘာလမှာ ရောက်ရှိလာမယ့် ကံကောင်းခြင်းလေးတွေကို အချင်းချင်း မျှဝေလိုက်ရအောင် ✨💖

ပထမဆုံး တွေ့လိုက်ရတဲ့ စကားလုံး (၃) ခုက ဒီလမှာ ဗီးနက်စ်တို့ ဆီ ရောက်လာတော့မယ့် Blessings လေးတွေပဲ ဖြစ်မယ်ဆို ဘာလေးတွေဖြစ်မလဲ 😇

ကိုယ် ပထမဆုံး မြင်လိုက်ရတဲ့ စကားလုံး (၃) ခုက ဘာတွေလဲဆိုတာ Comment မှာ မျှဝေခဲ့ကြပါဦးနော် 😍🫶🏻

ခဏရပ်ပြီး အနားယူပါ... 🛑✨နေ့စဉ်လှုပ်ရှားရုန်းကန်မှုတွေကြားထဲမှာ အချိန်တွေ အလျင်အမြန် ကုန်ဆုံးလို့နေပေမဲ့ ကိုယ့်ရဲ့ Self-c...
31/08/2026

ခဏရပ်ပြီး အနားယူပါ... 🛑✨

နေ့စဉ်လှုပ်ရှားရုန်းကန်မှုတွေကြားထဲမှာ အချိန်တွေ အလျင်အမြန် ကုန်ဆုံးလို့နေပေမဲ့ ကိုယ့်ရဲ့ Self-care routine လေးထဲမှာတော့ အချိန်ကို ဖြေးဖြေးချင်း စီးဆင်းခွင့်ပေးလိုက်ရအောင်နော်။

မနက်ခင်း ခေါင်းလျှော်ချိန်၊ ညနေ ရေချိုးချိန်နဲ့ အသားအရေ ထိန်းသိမ်းချိန်လေးတွေဟာ ကိုယ့်ကိုယ်ကိုယ် သင်းပျံ့တဲ့ သဘာဝအဆီအနှစ်တွေနဲ့ ဂရုစိုက်ပေးနိုင်ပြီး ခေတ္တခဏအသက်ရှူချောင်တဲ့ အဖိုးတန် Pause Moments လေးတွေပါပဲရှင် 🌿🌸

မနက်ခင်းမှာ Venus Skinlux ရဲ့ သဘာဝ Shampoo Bar လေးနဲ့ ခေါင်းလျှော်ရင်း ဦးရေပြားကို သန့်စင်ပေးပြီး ခေါင်းအစ ခြေအဆုံး ပေါ့ပါးသွားစေမယ် 🫧

တစ်နေကုန် ညှိုးနွမ်းခဲ့သမျှ အသားအရေလေးကို Kombucha Serum လေးနဲ့ ရေဓာတ်ပြည့်ဝပြီး ကျန်းမာစွာ Glow သွားစေဖမယ် ✨

တစ်ပတ်တာ ပင်ပန်းလာသမျှကို ရောင်စုံ ရနံ့စုံ Bath Bomb ရေနွေးနွေးလေးထဲမှာတင် အကုန်ပစ်ချပြီး ရေချိုးချိန်လေးကို အပြည့်အဝ အပန်းဖြေလိုက်ဖို့ 🛁✨

အရာရာကို အလျင်လိုနေမယ့်အစား Venus Skinlux နဲ့အတူ ခဏလောက် ရပ်တန့်ပြီး ကိုယ့်အတွက် စွမ်းအင်တွေ ဖြည့်တင်းလိုက်ရအောင် ဗီးနက်စ်လေးတို့ရေ 🥰💗

‎"Creates to Connect: Monsoon Market' မှာ ဒီ Weekend ကို အတူတူဖြတ်သန်းကြရအောင်။‎‎🌧️ မိုးအေးအေးလေးနဲ့ ဒီ Weekend မှာ ‎ဈေး...
29/08/2026

‎"Creates to Connect: Monsoon Market' မှာ ဒီ Weekend ကို အတူတူဖြတ်သန်းကြရအောင်။

‎🌧️ မိုးအေးအေးလေးနဲ့ ဒီ Weekend မှာ
‎ဈေးဝယ်မယ်၊ စားမယ်၊ ဖန်တီးမယ်၊ ဆုံမယ်။

‎🛍️ အမျိုးသမီးများ ဦးဆောင်ဖန်တီးထားတဲ့ Brand ၄၀ ကျော်ရဲ့ Local Made လက်ရာများ


‎👜 SheCreates နှင့် မိတ်ဆွေစစ် Community Alliance Initiatives (CAI) တို့ ပူးပေါင်းဖွင့်လှစ်ခဲ့တဲ့ အခြေခံအိတ်ချုပ်ခြင်းနှင့် Pattern တိုင်းတာရေးဆွဲနည်း သင်တန်း မှာ တက်ရောက်သင်ယူခဲ့ကြတဲ့ အမျိုးသမီးများရဲ့ ဖန်တီးမှုလက်ရာများကိုလည်း ပါဝင်ပြသရောင်းချသွားမှာပါ။


‎🪡 Craft Workshops
‎✍️ Face Painting
‎🖌️Art Corner
‎🍔🍹 Food & Drinks

‎တို့အပြင် European Union Myanmar ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်နေခဲ့သော SheConntes Program Official Closing Ceremony ကိုလည်း သင်တန်းဆင်း လူငယ်များ၊ Creator များနှင့် ပြုလုပ်သွားမှာဖြစ်ပါတယ်။

‎မိုးရွာလည်း စိတ်ပူစရာမလိုပါဘူး။

‎Yangon Thanlwin Hotel ရဲ့ Indoor Ballroom ထဲမှာ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ အေးအေးဆေးဆေး ဈေးဝယ်ရင်း၊ စားသောက်ရင်း၊ အမှတ်တရကောင်းတွေ ဖန်တီးနိုင်ပါတယ်။

‎🗓️ ၂၉ – ၃၀ သြဂုတ် ၂၀၂၆ (စနေ၊ တနင်္ဂနွေ)
‎⏰ မနက် ၁၀ နာရီ – ညနေ ၆ နာရီ
‎📍 Yangon ThanLwin Hotel Ballroom
‎🎟️ Free Admission – ဝင်ကြေးအခမဲ့

‎ဒီ Weekend မှာ ဆုံကြမယ်နော်။

‎---

‎[English Version]

‎Creates to Connect: Monsoon Market


‎Let’s spend this upcoming weekend together at the Monsoon Market! 🌧️✨


‎Enjoy the cool rainy weather with a fun-filled weekend of shopping, eating, crafting, and connecting.

‎What to Expect:
‎🛍️ Local Creations: Unique handcrafted products from over 40 women-led local brands.

‎👜 Community Highlights:

‎A special exhibition and sale featuring handmade bags created by talented women from the Basic Bag Sewing and Pattern Making Course, co-organized by SheCreates and Community Alliance Initiatives.

‎🪡 Craft Workshops
‎✍️ Face Painting
‎🖌️ Art Corner
‎🍔🍹 Food & Drinks

‎Plus, join us for the SheCreates Official Ceremony supported by the European Union in Myanmar, celebrating our course graduates and creators!

‎☔ Rainy Day? No Worries!
‎The event will be held inside the cozy, fully indoor ballroom at Yangon ThanLwin Hotel, so you can comfortably shop, eat, and make wonderful memories with family and friends—rain or shine.

‎Event Details
‎🗓️ Date: August 29–30, 2026 (Saturday & Sunday)

‎⏰ Time: 10:00 AM – 6:00 PM
‎📍 Venue: Yangon ThanLwin Hotel Ballroom

‎🎟️ Admission: Free Entry
‎See you all this weekend! ❤️

အစုံအားကိုးလို့ရတော့ ဘယ်သွားသွား ခေါ်သွားဖြစ်တယ်...🍯✨တစ်ခါဝယ် အစုံသုံးလေးတွေကိုမှကြိုက်တဲ့ ဗီးနက်စ်လေးတို့ရဲ့ အိတ်ထဲမှာ ...
27/08/2026

အစုံအားကိုးလို့ရတော့ ဘယ်သွားသွား ခေါ်သွားဖြစ်တယ်...🍯✨

တစ်ခါဝယ် အစုံသုံးလေးတွေကိုမှကြိုက်တဲ့ ဗီးနက်စ်လေးတို့ရဲ့ အိတ်ထဲမှာ ဘာမှအများကြီး သယ်သွားစရာမလိုဘဲ အားလုံးအတွက် တစ်ဘူးတည်းနဲ့ ပြီးပြည့်စုံစေမယ့် Venus Skinlux ရဲ့ Honey Infused Multi-Use Oil လေး ရှိတယ်လေ 🐝💛

အိတ်ထဲ ဆောင်သွားရုံနဲ့ ဘာလို့ ဒီလောက် အားကိုးရတာလဲဆိုရင်—

ဆံပင်အတွက်လား ?
မိုးရေထိလို့ ဒါမှမဟုတ် လေတိုက်လို့ ဆံပင်တွေ ဖွာလန်ကြဲနေတဲ့အခါ ဆံဖျားလေးတွေကို အနည်းငယ် တို့ဆွတ်ပေးရုံနဲ့ ချက်ချင်း နူးညံ့တောက်ပ သပ်ရပ်သွားစေတယ် 💇‍♀️

အသားအရေအတွက်လား ?
ရာသီဥတုကြောင့် အသားအရေ ခြောက်သွေ့တာ၊ မွဲခြောက်တာတွေကို သဘာဝ ပျားရည်အနှစ်ရဲ့ အစိုဓာတ်နဲ့ ချက်ချင်း Glow သွားအောင် ဖြည့်တင်းပေးတယ် ✨

ဒါ့အပြင် လက်သည်း၊ ခြေသည်းဘေးက အသားပတ်တာနဲ့ ခြောက်ကပ်တာတွေကိုပါ အဆီလေး တို့ပေးရုံနဲ့ အမြဲ စိုပြေနေစေတယ် 💅

ခေါင်းအစ ခြေအဆုံး တစ်ကိုယ်လုံးအတွက် All-in-one သုံးလို့ရတော့ ဘယ်သွားသွား အမြဲအိတ်ထဲ ထည့်သွားဖြစ်တဲ့ အချစ်တော်လေးပေါ့ 🥰

မိုးရာသီမှာလည်း အမြဲ ယုံကြည်မှုအပြည့်နဲ့ လှနေဖို့ Honey Infused Oil လေးကို ဆောင်ထားဖို့ မမေ့နဲ့နော် ဗီးနက်စ်လေးတို့ရေ 💖

🐾✨ Meet Hugo, our official Barketing & Emotional Support Manager!Whether he’s offering a cheerful welcoming bark or givi...
26/08/2026

🐾✨ Meet Hugo, our official Barketing & Emotional Support Manager!
Whether he’s offering a cheerful welcoming bark or giving out free, unprompted cuddles to keep stress levels low for everyone who visits our office, Hugo takes his job very seriously. 🌿🐶
Drop a 🐾 in the comments to send some love to the hardest-working (and cutest) manager in the biz!

Local brand မို့ စိတ်ချရပါ့မလား... 🤔💬ဒီလို မေးခွန်းမျိုး မေးမိတာ ပုံမှန်ပါပဲ။ အထူးသဖြင့် Skin Care နဲ့ ပတ်သပ်ရင်ပေါ့။ ကိ...
22/08/2026

Local brand မို့ စိတ်ချရပါ့မလား... 🤔💬

ဒီလို မေးခွန်းမျိုး မေးမိတာ ပုံမှန်ပါပဲ။ အထူးသဖြင့် Skin Care နဲ့ ပတ်သပ်ရင်ပေါ့။ ကိုယ့်အသားအရေနဲ့ ဆံကေသာအတွက် သုံးစွဲမှာဖြစ်လို့ စိတ်ပူတာ၊ ပိုပြီး သေချာချင်တာပါပဲ 🫶🏻

Venus Skinlux မှာတော့ ကြာရင်ကြာပါစေ... အလွယ်နည်းနဲ့ မလုပ်ဘူးဆိုတဲ့ မူဝါဒအတိုင်း ပါဝင်ပစ္စည်းတွေကို အကောင်းဆုံးတွေပဲ သေချာ ရွေးချယ်ပြီး အကောင်းဆုံး စိတ်အချရဆုံးနည်းလမ်းတွေနဲ့ပဲ ဖော်စပ်ထားပါတယ်ရှင်✨🙏🏻

ဓာတ်ခွဲခန်း Report အစစ်အမှန်တွေနဲ့ စစ်ဆေးပြီးမှ ထုတ်လုပ်တာဖြစ်လို့ Harsh Chemicals တွေ လုံးဝမပါကြောင်း သက်သေပြထားပါတယ် 🧪

✨ Venus Skinlux ရဲ့ Founder ဒေါက်တာမမီး ကိုယ်တိုင် ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ Skin Sensitive ဖြစ်သူတွေပါမကျန် လူတိုင်း စိတ်အေးချမ်းစွာ သုံးစွဲနိုင်အောင် Formula တစ်ခုချင်းစီကို သေချာ စေတနာပါပါ စိစစ်ထားတာပါ 🌿❤️

ပစ္စည်းတိုင်းမှာ ဘာပြဿနာအတွက် သုံးရမယ်၊ ဘာတွေအတွက် မသင့်တော်ဘူးဆိုတာမျိုး Disclaimerနဲ့ အတူ သေချာ ပွင့်လင်းမြင်သာစွာ ရှင်းပြရောင်းချပေးပါတာဖို့ သိချင်တာရှိရင် မေးသာမေးပါနော် 🌟💕

အမြန်ထွက်တဲ့ ရလဒ်ထက် သဘာဝအတိုင်း ဘေးကင်းကျန်းမာတဲ့ ရလဒ်ကိုပဲ အစဉ်အမြဲ ဦးစားပေးထားတာမို့ ဗီးနက်စ်လေးတို့အနေနဲ့ စိတ်အေးချမ်းသာစွာ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်နော် 🥰💗

လာမယ့် သြဂုတ်လ (၂၄) ရက်နေ့ Hotel Mandalay မှာ ပြုလုပ်မယ့် PRET ဆွေးနွေးပွဲမှာ mini Responsible Market လေးရှိနေမှာမို့ လာ...
21/08/2026

လာမယ့် သြဂုတ်လ (၂၄) ရက်နေ့ Hotel Mandalay မှာ ပြုလုပ်မယ့် PRET ဆွေးနွေးပွဲမှာ mini Responsible Market လေးရှိနေမှာမို့ လာရောက်ကြည့်ရှုဝယ်ယူနိုင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။🌱

ဒီတစ်ခေါက် mini Responsible Market လေးမှာတော့ Upcycled product တွေနဲ့ အခြား စိတ်ဝင်စားစရာ sustainable product တွေကို ထုတ်လုပ်ပေးနေတဲ့ တာဝန်သိစျေးဆိုင်လေးတွေ ပါဝင်သွားမှာပါ။
အသေးစိတ်ကိုတော့ အောက်ကပုံလေးတွေနဲ့အတူ ကြည့်ရှုနိုင်ပါတယ်။
ပလတ်စတစ်ကင်းစင်တဲ့ စျေးဝယ်ထွက်ခြင်းအတွက် Readyပဲလား?
အိတ်/ totebagတွေ ဆောင်လာဖို့လည်း မမေ့နဲ့ဦးနော်။ 🫶

ရက်စွဲ 🗓 - ၂ဝ၂၆ ခုနှစ် ၊ ဩဂုတ်လ (၂၄) ရက်

အချိန် ⏳- မနက်(၈းဝဝ)နာရီမှ ညနေ (၄းဝဝ)နာရီအထိ

နေရာ 📍- ဟိုတယ်မန္တလေး၊၇၈ လမ်း၊၃၇ လမ်းနှင့်၃၈လမ်းကြား၊မန္တလေးမြို့

A mini Responsible Market will be featured at the PRET project, taking place on 24 August 2026 at Hotel Mandalay. We warmly invite you to stop by, explore, and support responsible businesses by purchasing their products.
This edition of the Mini Responsible Market will showcase upcycled products and other exciting sustainable products from responsible vendors committed to promoting environmentally friendly lifestyles.
For more details, please check out the information in the images below.
Are you ready for a plastic-free shopping experience?
Don't forget to bring your own bag or tote bag! 🫶

📅 Date: 24 August 2026
⏳ Time: 8:00 AM to 4:00 PM
📍 Venue: Hotel Mandalay, 78th Street, between 37th and 38th Streets, Mandalay

Visit here to register > https://www.facebook.com/share/19JWJnpzd5/?mibextid=wwXIfr

European Union in Myanmar EU SWITCH-Asia Programme

ညင်သာစွာ ဦးရေပြားကို သန့်စင်ပါ☕️✨မိုးရာသီမှာ ဦးရေပြား အဆီပြန်တာ၊ အညစ်အကြေးတွေ ပိတ်ဆို့တာနဲ့ ဆဲလ်သေတွေ တင်ကျန်ခဲ့တာကို ပြ...
16/08/2026

ညင်သာစွာ ဦးရေပြားကို သန့်စင်ပါ☕️✨

မိုးရာသီမှာ ဦးရေပြား အဆီပြန်တာ၊ အညစ်အကြေးတွေ ပိတ်ဆို့တာနဲ့ ဆဲလ်သေတွေ တင်ကျန်ခဲ့တာကို ပြင်းထန်တဲ့ Chemical တွေနဲ့ သန့်စင်စရာ မလိုပါဘူးရှင်။

Venus Skinlux ရဲ့ Rich Roast Coffee Shampoo Bar လေးက သဘာဝ ကော်ဖီစေ့အနှစ်လေးတွေ ပါဝင်လို့—

🫶🏻Gentle Exfoliation: ဦးရေပြားပေါ်က ဆဲလ်သေတွေနဲ့ ချွေးပေါက်ပိတ်နေတဲ့ အညစ်အကြေးတွေကို ညင်သာစွာ ချေးချွတ်သန့်စင်ပေးပါတယ် ☕️

💆‍♀️Scalp Care & Strength: ကဖိန်းဓာတ်ရဲ့ အစွမ်းကြောင့် သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး မွေးညင်းပေါက်တွေကို အမြစ်ကနေ သန်မာစေလို့ ဆံပင်ကျွတ်တာကို သက်သာစေပါတယ် 🌿

✨Deep Moisture: Cocoa Butter ပါဝင်တာမို့ လျှော်ပြီးတိုင်း ဦးရေပြားနဲ့ ဆံသားကို ခြောက်ကပ်မသွားစေဘဲ နူးညံ့စိုပြေနေစေမှာပါ 🤎

ပြင်းထန်တဲ့ scrub တွေနဲ့ ပွတ်တိုက်စရာမလိုဘဲ သဘာဝ ကော်ဖီရဲ့ အစွမ်းနဲ့ ဦးရေပြားကို ညင်သာစွာ သန့်စင်လိုက်ရအောင် ဗီးနက်စ်လေးတို့ရေ 🥰💗

ကြည်တောက်တင်းရင်း အမဲစက်ကင်းဝေးRice Collagen clay      #ဆန်ကာအိုလင်ရွှံစေး
10/08/2026

ကြည်တောက်တင်းရင်း အမဲစက်ကင်းဝေး
Rice Collagen clay #ဆန်ကာအိုလင်ရွှံစေး

Address

တေးနုယဉ်လမ်း
Yangon
11061,11062,11063

Alerts

Be the first to know and let us send you an email when Venus Skinlux posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Venus Skinlux:

Shortcuts

Share