Your Family Doctor

Your Family Doctor Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Your Family Doctor, Medical and health, No(77/2), (6)street, (14/1)Quarter, South Okkalapa, Yangon.

ဒေါ်သက်ထားခိုင်သိစေရန်အမှတ်(၇)-က၊ ပိတောက်လမ်း၊ ပဲခူးလမ်းရပ်ကွက်၊ ထောက်ကြန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင်နေထိုင်သော ...
01/05/2024

ဒေါ်သက်ထားခိုင်သိစေရန်
အမှတ်(၇)-က၊ ပိတောက်လမ်း၊ ပဲခူးလမ်းရပ်ကွက်၊ ထောက်ကြန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင်နေထိုင်သော မှတ်ပုံတင်အမှတ် ၁၂/ရပသ(နိုင်)၀၅၆၇၉၈ ကိုင်ဆောင်သော ကိုထက်အောင်ခိုင် ၏ဇနီးမယား တရားလွှတ်တော်ရှေ့နေ ဦးသိန်း၀င်း၏ သမီးဖြစ်သူ မှတ်ပုံတင်အမှတ် ၁၂/မဂဒ(နိုင်)၁၃၅၁၄၄ ကိုင်ဆောင်ထားသူ ဒေါ်သက်ထားခိုင် ( Facebook acc Thet Htar) မိုးကုတ်ကျောက်ရောင်း၀ယ်သူ ဒေါ်သက်ထားသည် ကျွန်ုပ်အား ရှင်းလင်းစရာရှိသည့်ငွေကြေးများအား ရှင်းပေးပါမည်ဟုအကြိမ်ကြိမ်ရက်ရွှေ့ကာ ယခုအချိန်တွင်ဖုန်းအဆက်အသွယ်ပင်မရရှိတော့သဖြင့် အကျိုးအကြောင်းသိလိုစိတ်တစ်ခုတည်းဖြင့် Post တင်ရခြင်းဖြစ်ပါသည်။ တွေ့ရှိသူမိတ်ဆွေများရှိပါကလဲ ဆက်သွယ်ပေးပါရန် အထူးတောင်းဆိုအပ်ပါသည်။ blacklist တင်ခြင်းမဟုတ်ပါ။

01/06/2023
23/11/2022
Stress and Immune systemလက်ရှိ ကမ္ဘာ့ကပ်ရောဂါအနေနဲ့ ရင်ဆိုင်နေရတဲ့ Covid 19 ရောဂါကို ကာကွယ်ဖို့နည်းလမ်းတွေကို social medi...
25/03/2020

Stress and Immune system

လက်ရှိ ကမ္ဘာ့ကပ်ရောဂါအနေနဲ့ ရင်ဆိုင်နေရတဲ့ Covid 19 ရောဂါကို ကာကွယ်ဖို့နည်းလမ်းတွေကို social media,ရုပ်မြင်သံကြား,ရေဒီယို စတဲ့နေရာတွေကနေ အားလုံးသဘောပေါက်နားလည်ပြီးကြပီး ဖြစ်မှာပါ။

သိနားလည်ထားတဲ့နည်းလမ်းတွေအတိုင်း Hand Gel တွေဝယ်ကြ၊lock down လုပ်ကြ၊စားနပ်ရိက္ခာတွေအလုအယက်ဝယ်ကြနဲ့ မိမိနှင့်မိမိ မိသားစု ပတ်ဝန်းကျင်ကို ကာကွယ်နေကြတာ​တွေ့ရပါတယ်။

ဒီနေရာမှာတခုပြောချင်တာက ကျမတို့ဟာ ဒီကပ်ရောဂါကြီးကိုဘာနဲ့ရင်ဆိုင်နေကြသလဲဆိုတော့ စိတ်ဖိစီးမှူရယ်၊အကြောက်တရားရယ်၊ကြိုတင်ကာကွယ်ခြင်းရယ်နဲ့ပါ။

Covid 19 မြန်မာနိုင်ငံမှာစတွေ့ပီဆိုတာနဲ့မကြောက်တဲ့လူရှိလား။အနဲနဲ့အများတော့စိတ်ဖိစီးကြ၊ကြောက်ကြတာပါပဲ။သူများနိုင်ငံတွေမှာ ကမ္ဘာပျက်မတတ်ဖြစ်နေတဲ့သတင်းတွေကိုဖတ်ဖူးပြီးသားဆိုတော့ကြောက်သင့်ပါတယ်။

ဒါပေမဲ့ သတိနဲ့ယှဉ်ပီးကြောက်ကြပါ။အသိနဲ့ချိန်ဆပီးကြောက်ပါ။
ဘယ်လိုကူးလဲမသိ ဘာမှန်းလဲမသိဘဲရောဂါဖြစ်ပီးသေမှာကြောက်နေတာက မျက်ကန်းကြောက်နည်းပါ။ဥပမာ ပြောရရင် စစ်မြေပြင်ရောက်နေတဲ့စစ်သားတယောက်က ရန်သူ့စခန်းဘယ်နားရှိမှန်းမသိ၊မြေပုံလဲမသိဘဲ ကြောက်နေသလိုပါပဲ။
ကျမပြောချင်တဲ့အဓိက အကြောင်းအရာက ဒီလို မလိုအပ်တဲ့ကြောက်ရွံမှူတွေ၊စိတ်ဖိစီးမှူတွေကြောင့် မိမိတိုခန္ဓာကိုယ်မှာ သဘာဝအတိုင်းရှိနေတဲ့ ရောဂါခုခံစနစ်တွေကျဆင်းပျက်စီးစေတယ်ဆိုတာပါပဲ။

Covid 19 ကူးစက်ခံရတဲ့လူတွေမှာ 85% ကသူ့အလိုလို ပြန်ကောင်းပါတယ်၊ဘာကြောင့်လဲ??
ခန္ဓာကိုယ်ရဲ့ immune system ကတိုက်ထုတ်နိုင်လို့ပါ။
ကာကွယ်ဆေး၊ကုသဆေးမရှိတဲ့ဒီရောဂါအတွက် အဓိကအကျဆုံးအားကိုးရာက မိမိတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ immune system ပါ။

အောက်မှာဖော်ပြထားတဲ့ပုံတွေက စိတ်ဖိစီးမှူနဲ့ကြောက်ရွံ့မှူတွေက immune system ကိုဖျက်ဆီးပစ်နေတယ်ဆိုတာကို ဆေးပညာအရသက်သေပြထားတာပါ။
ကိုယ်ခံအားတက်စေတဲ့အစားအသောက်တွေကိုလဲဖော်ပြပေးထားပါတယ်

ရောဂါကဖြစ်လာပါပီ။ဘယ်လိုရင်ဆိုင်မလဲဆိုတာ အရေးကြီးဆုံးပါ။
ကြောက်သင့်တာကြောက်မယ်၊ကာကွယ်လို့ရတဲ့နည်းအားလုံးနဲ့ကာကွယ်မယ်၊မလိုအပ်ဘဲ စိတ်မဖိစီးဘူး၊ကိုယ်ခံအားကို အမြင့်ဆုံးမြှင့်ထားမယ်၊နောက်ဆုံးအဆင့်
ကိုယ်တိုင်ကူးစက်ခံရရင်တောင် တည်တည်ငြိမ်ငြိမ်နဲ့ဘယ်လိုရင်ဆိုင်မယ်ဆိုတာကို plan ချဖို့အချိန်ရောက်ပါပီ။

အိမ်ထဲထိုင်နေရင်းရောဂါအကြောင်းတွေးမိပီးကြောက်လာပီဆို ဆေးရုံမှာ တာဝန်ကျနေတဲ့ ဆရာဝန်တွေ၊ဆေးရုံတက်နေရတဲ့လူနာတွေ၊ခုခံအားကျဆင်းတဲ့ရောဂါရှိသူတွေ၊အဆုတ်ရောဂါရှိသူတွေ၊ကင်ဆာရောဂါနဲ့အခြားရောဂါအခံအမျိုးမျိုးရှိသူတွေ၊ထောင်ကျနေသူ၊လေဆိပ်၊ကားဝင်းမှာအလုပ်လုပ်နေသူ၊အပြင်ကိုမသွားမဖြစ်နေ့တိုင်းသွားနေရသူတွေကို စဉ်းစားလိုက်ပါ။
သူတို့ခမျာ အသက်အပိုမပါပါဘူး။သူတို့ကိုချစ်တဲ့မိသားစုကိုယ်စီနဲ့ပါ။
ဒါလေးတွေပြောပြနေတာက ကြောက်တဲ့စိတ်ကိုအပြစ်တင်ချင်တာလုံးဝမဟုတ်ပါဘူးနော်။စိတ်ဖိစီးတာ ကြောက်တာရဲ့နောက်ဆက်တွဲ ခန္ဓာကိုယ်ခုခံအားစနစ်ပျက်ယွင်းတတ်လို့ပါ။

ဖြစ်လာတဲ့ကပ်ဆိုးကြီးကို တည်ငြိမ်စွာရင်ဆိုင်နိုင်ကျော်လွှားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်

29/01/2020

7:30-5pm
Mon-Fri ( by one Dr)
Pt round about 20
WiFi free
Nurse aid 3-4

18/11/2019

အသက်ရှည်ချင်ရင် လိင်များများဆက်ဆံပါ ဟု ဆေးသုတေသီ ဌာနက ထုတ်ပြန်

Address

No(77/2), (6)street, (14/1)Quarter, South Okkalapa
Yangon
11181

Website

Alerts

Be the first to know and let us send you an email when Your Family Doctor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share