23/09/2022
ကွန်ထရိုးလ် ကို ကီတို သမားတွေ ဘာကြောင့် အသုံးပြုကြတာလဲ ?
Ketogenic Diet လို့ခေါ်တဲ့ ကီတိုနည်း ကို အသုံးပြုပြီး ကိုယ်အလေးချိန်လျော့ချကြတဲ့ သူတွေအနေနဲ့
အဓိက ရှောင်ရမယ့် အရာတွေထဲမှာ Carbohydrate (ကစီဓာတ်) နဲ့ ရိုးရိုး သကြားဖြူ တွေ ပါဝင်ပါတယ်။
ဒါကြောင့် သကြားအစားထိုး အဖြစ် သဘာဝအတိုင်းထုတ်လုပ်ထားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စတီးဗီးယား သကြားကဲ့သို့သော သဘာဝသကြားမျိုးတွေကိုသာ ရွေးချယ်အသုံးပြုကြရပါတယ်။
Control ( ကွန်ထရိုးလ် ) သဘာဝကျန်းမာရေးသကြားသည် သဘာဝစတီးဗီးယား ဖြင့် ပြုလုပ် ထားတဲ့အပြင် အယ်ရီသရီတော လို့ခေါ်တဲ့ သဘာဝအချိုဓာတ်ကို ပေါင်းစပ်ထုတ်လုပ်ထားတာကြောင့် ပိုမိုကောင်းမွန်တဲ့ အရသာကိုပေးစွမ်းနိုင်တဲ့ သဘာဝကျန်းမာရေးသကြားစစ်စစ် ဖြစ်ပါတယ်။
ဒါ့အပြင် Carbohydrate လို့ခေါ်တဲ့ ကစီဓာတ် လုံးဝ မပါဝင်တာကြောင့် ကီတိုသမားတွေအတွက် စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်။
Myanmar FDA , US FDA , SGS အသိအမှတ်ပြုလက်မှတ်များအပြင် Halal လက်မှတ်များပါ ရရှိထားတဲ့ စားသောက်ကုန်ဖြစ်တာကြောင့် လူမျိုးဘာသာမရွေး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။
စျေးနှုန်းအနေနဲ့ တစ်ခါသောက် (၁) ဂရမ်ပါ အထုပ်သေး (၁၅) ထုပ်ပါဝင်သော တစ်ထုပ်ကို ( ၁၇၀၀ ) ကျပ်ဖြင့် ရောင်းချပေးထားပါတယ်။
*** စက်တင်ဘာလထဲမှာတော့ တစ်ထုပ်ဝယ်ရင် တစ်ထုပ်လက်ဆောင်ပေးတဲ့ Buy One Get One Free Promotion လည်းရှိပါတယ် ***
ကဲ.....အခုပဲ မှာယူလိုက်ပါတော့နော် ။