My Doctor

Call Directions Website Contact the business

My Doctor Bridging Myanmar to Healthier Society myDoctor is Myanmar’s pioneer digital healthcare service established since 2016.
(1672)

Our Vision is “Bridging Myanmar to Healthier Society”

In early days, myDoctor started with supporting people with the right medical information on their fingertips and empowering people with proper medical knowledge and healthcare contents. As a leader in healthcare content, we also help healthcare brands connect to their customers. We started to gain momentum in digitalization with Booking Apps platform in 2018 to make booking healthcare appointments as simple as booking a cab that save time and cost in accessing. In 2020, myDoctor start introducing tele-consultation service in Myanmar with the purpose of connecting healthcare providers and patients, to deliver high quality care, convenient and affordable healthcare. We connect patients seeking care for minor medical issues or behavioral health concerns with healthcare providers, who conduct video-based privately and securely online, over the phone or mobile app. By using our service, healthcare provider and patients can easily access and manage medical information that will save time, cost and energy.

ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)“မေတ္တာခြုံ လုံခြုံ၊ မေတ္တာလွှမ်း အေးချမ်း” ဆိုသကဲ့သို့ ထူးမြတ်သည့်ဝါခေါင်လပြည့် မေတ္တာအ...
28/08/2026

ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)

“မေတ္တာခြုံ လုံခြုံ၊ မေတ္တာလွှမ်း အေးချမ်း” ဆိုသကဲ့သို့ ထူးမြတ်သည့်ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော မေတ္တသုတ်တရားတော်ကို ရွတ်ဖတ်ပွားများ ပူဇော်ကြခြင်းဖြင့် ဘေးဘယာများကင်းဝေးပြီး သက်ရှည်ကျန်းမာ လိုအင်ဆန္ဒများပြည့်ဝလို့ စီးပွားဥစ္စာများ ဒီရေအလားတိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


မီးနေသည်တွေ မိုးရေကိုင် ရင် ဘာဖြစ်တတ်သလဲ?မိုးရေကလည်း ရိုးရိုးရေပါပဲ။ နေထိုင်ရာဒေသကို လိုက်ပြီး ဖုန်တွေ၊ အမှိုက်သရိုက်တွေ...
17/08/2026

မီးနေသည်တွေ မိုးရေကိုင် ရင် ဘာဖြစ်တတ်သလဲ?

မိုးရေကလည်း ရိုးရိုးရေပါပဲ။ နေထိုင်ရာဒေသကို လိုက်ပြီး ဖုန်တွေ၊ အမှိုက်သရိုက်တွေ ပါနိုင်ပေမယ့် သေချာသန့်စင်ပြီး ချိုးရေ၊ သုံးရေအနေနဲ့ သုံးနိုင်ပါတယ်။ ရေရှားတဲ့ ဒေသတွေမှာဆို ရေသန့်စက်နဲ့ သန့်ပြီး သောက်ရေအဖြစ်တောင် သုံးလို့ရပါတယ်။
ဒါကြောင့် မိုးရေက သာမန်လူတွေကိုရော ကိုယ်ဝန်ဆောင်၊ မီးနေသည်တွေကိုပါ ထိတွေ့မိရုံနဲ့ အဆိပ်မသင့်စေပါဘူး။

တကယ်တမ်းကတော့ မီးနေသည်တွေ မိုးရေအပါအဝင် ရေပဲကိုင်ကိုင် ဆပ်ပြာပဲကိုင်ကိုင် ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ ကိုင်လို့ ရပါတယ်။

ဒါပေမဲ့ ရေအကြာကြီးချိုးတာ၊ မိုးရေထဲမှာ အကြာကြီးနေတာမျိုးတော့ မလုပ်ရပါဘူး။ ဒါဆိုရင်တော့ ခုခံအားနည်းနေတဲ့ မီးနေသည်တွေ နေမကောင်းဖြစ်နိုင်ခြေ များပါတယ်။ နောက်ပြီး အေးလွန်းတဲ့ မိုးရေကို ကြာကြာကိုင်ရင် အဆစ်တွေ နာတာ သဘာဝပါ။ မိုးရေမှ မဟုတ်ပါဘူး။ အေးတဲ့ ဘယ်အရာပဲဖြစ်ဖြစ် ကြာကြာကိုင်ရင် အဆစ်တွေ နာတာပါပဲ။မီးနေသည်မှ မဟုတ်ပါဘူး။ သာမန်လူကိုင်ရင်လည်း နာမှာပါ။ ဒါပေမဲ့ ဒါက ခဏပဲ နာတာ ဖြစ်ပြီး အေးတာ သက်သာရင်ပျောက်သွားမှာဖြစ်တဲ့အတွက် စိုးရိမ်စရာ မလိုပါ။

ဒါကြောင့် မီးနေသည်တွေက မိုးရေရော၊ ရိုးရိုးရေရော၊ ဆပ်ပြာရော ကိုင်လို့ ရပါတယ်။ အန္တရာယ်မဖြစ်ပါဘူး။

မီးနေသည်တွေ မီးတွင်းမှာ တစ်ကိုယ်ရည်သန့်ရှင်းရေးက အရေးကြီးပါတယ်။ ကလေးမွေးပြီးစအချိန်မှာ ကိုယ်ခံအား ကျနေတဲ့အတွက် ပြင်ပကနေ ရောဂါပိုးတွေ ဝင်မလာအောင် သန့်ရှင်းအောင် နေဖို့ လိုပါတယ်။

ကလေးမွေးထားတဲ့ မေမေတွေက
ကလေးကို မကိုင်ခင် လက်ဆေးရမယ်။
ရေချိုးရမယ်။ မွေးပြီး ၁-၂ရက်နေရင် ခေါင်းလျှော်လို့တောင် ရနေပြီ။
ကလေးကို နို့မတိုက်ခင်နဲ့ နို့တိုက်ပြီးချိန်မှာ ရင်သားတစ်ဝိုက်ကို သန့်ရှင်းရေးလုပ်ရမယ်။
ရိုးရိုးမွေးလို့ မွေးလမ်းကြောင်းချဲ့ထားရင် ချဲ့ထားတဲ့ ချုပ်ရိုး၊ ဗိုက်ခွဲထားရင် ခွဲထားတဲ့ ချုပ်ရိုး ဒါတွေကို သန့်ရှင်းဖို့အတွက် ပုံမှန်ဆေးကြောနေရမယ်။
ဘာချုပ်ရိုးမှ မရှိဘူးဆိုရင်တောင် မီးနေသွေးတွေ ဆင်းနေတဲ့အတွက် မိန်းမကိုယ်တစ်ဝိုက်ကို သန့်ရှင်းရေး လုပ်ဖို့ လိုပါတယ်။

ဒါတွေလုပ်ဖို့ဆိုရင် ရေမကိုင်ဘဲ၊ ဆပ်ပြာမကိုင်ဘဲ လုပ်လို့ မရတဲ့အတွက် မီးနေသည်တွေ ရေကိုင်ပါ။ ဆပ်ပြာကိုင်ပါ။ ရေနဲ့ ဆပ်ပြာကို သုံးပြီး သေချာသန့်ရှင်းရေး လုပ်ပါ။

ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို My Doctor Page ကို Like & Follow လုပ်ပေးထားဖို မမေ့လိုက်နဲ့ဦးနော်။ 🥰🌠

ခြေသလုံးကြွက်သား ဘာလို့ နာကျင်နေတာလဲ?လူ့ခန္ဓာကိုယ်မှာ ကြွက်သားတွေကလည်း အရေးပါတဲ့ အစိတ်အပိုင်းတွေပါပဲ။ ကြွက်သားဆိုတာ ခန္ဓ...
15/08/2026

ခြေသလုံးကြွက်သား ဘာလို့ နာကျင်နေတာလဲ?

လူ့ခန္ဓာကိုယ်မှာ ကြွက်သားတွေကလည်း အရေးပါတဲ့ အစိတ်အပိုင်းတွေပါပဲ။ ကြွက်သားဆိုတာ ခန္ဓာကိုယ်ကြီး လှုပ်ရှားသွားလာမှုတွေမှာ အထောက်အကူပြုတဲ့အရာတွေဖြစ်ပါတယ်။
ဒီကြွက်သားထုတွေထဲမှာမှ ခြေသလုံးကြွက်သားဟာလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်မျိုးပါပဲ။ ဒူးအောက်ဘက် ခြေထောက်နောက်ကျောဘက်မှာ တည်ရှိနေတဲ့ကြွက်သားအစုအဖွဲ့ကိုခြေသလုံးကြွက်သားလို့ခေါ်ပါတယ်။

ခြေသလုံးကြွက်သားနာကျင်ရာမှာ ဖြစ်နိုင်ခြေအများဆုံးကိစ္စဖြစ်ပြီး လူတိုင်းနီးပါး ကြုံရတတ်တဲ့ ပြဿနာတစ်ခုပါ။ ခြေထောက်ကို အနေအထားတစ်မျိုးတည်းနဲ့ အကြားကြီးနေနေမိတာမျိုး၊ ရေလုံလောက်အောင် မသောက်မိတာမျိုးတွေကြောင့် ကြွက်တက်နိုင်ပါတယ်။

ကြွက်သားတွေကို အားစိုက်ပြီး အသုံးချလွန်းရင် ပင်ပန်းနွမ်းနယ်မှုဖြစ်ပြီး နာကျင်လာတတ်ပါတယ်။ ဒါကလည်း အဖြစ်များတဲ့ ကိစ္စတစ်ခုပါ။ အရမ်းဆိုးရွားရင် ကြွက်သားစုတ်ပြဲတာမျိုးဖြစ်နိုင်ပါတယ်။
Baker’s Cyst ဆိုတာ ဒူးထဲမှာ အရည်အိတ်တည်တာပါ။ Baker’s Cyst ကြောင့်လည်း ခြေသုံးကြွက်သားတွေကို နာကျင်စေမှာဖြစ်ပါတယ်။

ခြေထောက်ဆိုတာက ကြွက်သားတွေ၊ သွေးကြောတွေ၊ အာရုံကြောတွေနဲ့ စုဖွဲ့ဖန်တီးထားတာပါ။ အလွန်အမင်း မရပ်မနား ပြေးတာလိုမျိုး ပြင်းထန်လွန်းတဲ့ ကိစ္စမျိုးတွေ ပြုလုပ်မိခဲ့ရင် ခြေထောက်အတွင်းမှာ သွေးယိုစီးတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကိုယ့်မှာ Chronic Compartment Syndrome ရှိနေမယ် ဆိုရင် သွေးစီးဆင်းမှုဖောက်လွဲဖောက်ပြန်မှုကြောင့် နာကျင်မှု ဝေဒနာကို ခံစားရနိုင်ပါတယ်။

ခြေထောက်အရိုးမှာ ကူးစက်ရောဂါ တစ်ခုခု စွဲကပ်ရင်လည်း ကြွက်သားနာကျင်နိုင်ပါတယ်။

ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို My Doctor Page ကို Like & Follow လုပ်ပေးထားဖို မမေ့လိုက်နဲ့ဦးနော်။ 🥰🌠

ပျက်စီးသွေးနီဥများကြောင့် ကျောက်ကပ်ထိခိုက်သော ရောဂါပျက်စီးသွေးနီဥများကြောင့် ကျောက်ကပ်ထိခိုက်သောရောဂါ Hemolytic-uremic s...
13/08/2026

ပျက်စီးသွေးနီဥများကြောင့် ကျောက်ကပ်ထိခိုက်သော ရောဂါ

ပျက်စီးသွေးနီဥများကြောင့် ကျောက်ကပ်ထိခိုက်သောရောဂါ Hemolytic-uremic syndrome (HUS) ဆိုသည်မှာ အ စာခြေစနစ်တွင် ရောဂါပိုးကူးစက်ခြင်းကသွေးနီဥများကိုပျက် စီးစေသောအဆိပ်အတောက် ပစ္စည်းများကိုထုတ်လွတ်သောအခါ ဖြစ်ပွားသောရောဂါတစ်မျိုး ဖြစ်ပါတယ်။

HUS သည်လူတိုင်းတွင် ဖြစ်နိုင်သော်လည်း အသက်၄နှစ် အောက် ကလေးများတွင် ပို၍ ဖြစ်နိုင်ပါတယ်။ အန္တရာယ်ဖြစ် စေသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါရခြင်းကိုနည်းအောင်ပြုလုပ်နိုင်ပါတယ်။

Hemolytic-uremic syndrome၏ အဖြစ်များသောရောဂါ လက္ခဏာများမှာအဖျားတက်ခြင်း၊ ပျို့တက်ခြင်း၊ အော့အန် ခြင်း၊ ဝမ်းဗိုက်တွင်နာကျင်ခြင်း နှင့် သွေးပေါင်တက်ခြင်းတို့ ဖြစ်ပါတယ်။ ဆီးသွားနည်းခြင်းဆီးမသွားခြင်း နှင့် အနီရောင် ဆီးများသွားခြင်းလည်းဖြစ်နိုင်ပါတယ်။

အဖြစ်များသောအကြောင်းရင်းမှာ VTEC ( verocyte-oxin-producing Escherichia coli) ဟုခေါ်သောဘတ်တီးရီးယားတစ်မျိုးကြောင့် ဖြစ်ပါတယ်။ သို့သော်လည်း တစ်ခါတရံအခြားအစာအိမ်နှင့် အူလမ်းကြောင်းရောဂါပိုးကူးစက် မှုကြောင့်လည်း ဖြစ်နိုင်တဲ့အပြင် ဓါတုကုထုံး၊ ကိုယ် ခံအားကျစေသော cyclosporine ဆေး၊ Quiineကဲ့သို့ ဆေးများသို့မဟုတ် ဆေးကုသမှုအချို့ ခံယူထားသူများသည် လည်း HUS ဖြစ်နိုင်ပါတယ်။

ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို My Doctor Page ကို Like & Follow လုပ်ပေးထားဖို မမေ့လိုက်နဲ့ဦးနော်။ 🥰🌠

🙏 ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) 🙏ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) သည် မြတ်စွာဘုရားရှင်၏ ပထမဆုံး ဓမ္မစကြာတရားတော်ကို ဟ...
29/07/2026

🙏 ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) 🙏

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) သည် မြတ်စွာဘုရားရှင်၏ ပထမဆုံး ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူခဲ့သည့် နေ့မြတ်ဖြစ်ပြီး တရားရတနာနှင့် သံဃာရတနာတို့ စတင်ပေါ်ထွန်းခဲ့သည့် အလွန်အရေးပါသော နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်ပါသည်။
မင်္ဂလာရှိသော ဤနေ့မြတ်တွင် ကျန်းမာ၊ချမ်းသာလို့ လိုအင်ဆန္ဒတွေပြည့်ဝကြပါစေကြောင်း myDoctor မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်Fibroadenoma ဆိုတာက ရင်သားမှာ ဖြစ်တတ်တဲ့ ကင်ဆာမဟုတ်တဲ့ ရိုးရိုးအကျိတ်ဖြစ်ပါတယ်။ ရင်သားမှာဖြစ်တ...
25/07/2026

ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်

Fibroadenoma ဆိုတာက ရင်သားမှာ ဖြစ်တတ်တဲ့ ကင်ဆာမဟုတ်တဲ့ ရိုးရိုးအကျိတ်ဖြစ်ပါတယ်။ ရင်သားမှာဖြစ်တဲ့ အကျိတ်အားလုံးက fibroadenoma တော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ လူတွေဟာ fibroadenoma ကို ရင်သားကင်ဆာနဲ့ မှားတတ်ကြပါတယ်။

ကင်ဆာအကျိတ်နဲ့ ခွဲခြားနိုင်တဲ့အချက်က fibroadenoma ကအချိန်ကြာလာပေမဲ့ အရွယ်ကြီးလာတာမျိုး ရှားပါတယ်။ သူက ရင်သားတစ်ရှူးထဲမှာပဲ ရှိနေတတ်ပါတယ်။ ရင်သားကို စမ်းသပ်ချိန်မှာ အကျိတ်ကို ခံစားမိနိုင်ပါတယ်။

ရင်သားမှာ ရာဘာလိုမျိုး ခပ်တင်းတင်းအလုံးကို စမ်းမိပြီး ဒီအလုံးကို မိအောင် လက်နဲ့ မနည်းလိုက်ဖမ်းနေရတယ်ဆိုရင် ကင်ဆာမဟုတ်တဲ့ fibroadenoma အကျိတ် ဖြစ်နိုင်ပါတယ်။ တိကျတဲ့ စစ်ဆေးစမ်းသပ်အတည်ပြုချက်တွေတော့ လိုအပ်ပါတယ်။

ရင်သားကို စမ်းကြည့်တဲ့အခါ အလုံးကို စမ်းမိနိုင်ပါတယ်။ အလုံးက ဘယ်ကိုမှ မတွယ်နေတာကြောင့် လွတ်လွတ်လပ်လပ်ကြီးကို စမ်းလို့ရနေပါတယ် Fibroadenoma အကျိတ်က ထိကိုင်တာ၊ ကိုင်တွယ်စမ်းသပ်တဲ့အခါ မနာတတ်ပါဘူး။

ရင်သားအကျိတ်က အရွယ်အစား အမျိုးမျိုးရှိတတ်ပါတယ်။ တချို့မှာ အရွယ်အစားက ကြီးလာတာမျိုးရှိသလို ကျုံ့သွားတာလည်း ရှိနိုင်ပါတယ်။များသောအားဖြင့်တော့ အရွယ်ငယ်ကြပါတယ်။ ၁-၂ စင်တီမီတာလောက်ပဲ ရှိတတ်ပါတယ်။

ခုပြောထားတာမဟုတ်ဘဲ တခြားလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို My Doctor Page ကို Like & Follow လုပ်ပေးထားဖို မမေ့လိုက်နဲ့ဦးနော်။ 🥰🌠

ကလေးတွင်ဖြစ်သော ဆီးချိုရောဂါကလေးဆီးချိုရောဂါဟာ သကြားဓါတ်ကို ဆဲလ်ထဲသို့ သွင်းပြီး စွမ်းအင်ထုတ်နိုင်ရန် လိုအပ်သော ဟော်မုန်...
22/07/2026

ကလေးတွင်ဖြစ်သော ဆီးချိုရောဂါ

ကလေးဆီးချိုရောဂါဟာ သကြားဓါတ်ကို ဆဲလ်ထဲသို့ သွင်းပြီး စွမ်းအင်ထုတ်နိုင်ရန် လိုအပ်သော ဟော်မုန်းဖြစ်တဲ့ အင်ဆူလင်ဟော်မုန်းကို မုန့်ချိုအိတ်မှ မထုတ်နိုင်သော သို့မဟုတ် နည်းနည်းပဲထုတ်နိင်သော အခြေအနေဖြစ်ပါတယ်။

ကလေးတွင် ဖြစ်သောဆီးချိုရောဂါသည် အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကလေးတွင်ဖြစ်သော ဆီးချိုရောဂါတွင် အောက်ပါလက္ခဏာများကို တွေ့နိုင်ပါတယ်။

– ရေသောက်များခြင်း
– မကြာခဏဆီးသွားခြင်း
– ယခင်က မဖြစ်ဖူးဘဲ ကလေးများ အိပ်ရာထဲတွင်သေးပေါက်ချခြင်း
– ဗိုက်အလွန်ဆာတတ်ခြင်း
– ကိုယ်အလေးချိန်ကျခြင်း
– စိတ်တိုတတ်ခြင်း နှင့် အခြား စိတ်အပြောင်းအလဲများ
– အားနည်းမောပန်းခြင်း
– မျက်လုံးဝေဝါးခြင်း
-အမျိုးသမီးများတွင် မိန်းမကိုယ်တွင် မှိုစွဲရောဂါဖြစ်ခြင်း
အထက်တွင် မဖော်ပြထားသော ရောဂါလက္ခဏာများလည်း ရှိနိုင်ပါတယ်။

ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို My Doctor Page ကို Like & Follow လုပ်ပေးထားဖို မမေ့လိုက်နဲ့ဦးနော်။ 🥰🌠

အာဇာနည်နေ့၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်နေ့၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် ကျဆုံးခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးမ...
19/07/2026

အာဇာနည်နေ့

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်နေ့၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် ကျဆုံးခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများကို လွမ်းဆွတ်တမ်းတလျက် (၇၉) ကြိမ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုကြိုဆိုလိုက်ရပါတယ်။


ကြွက်သားအားနည်းတဲ့ လူကြီးတွေအတွက် အသင့်တော်ဆုံး အာဟာရ လူကြီးအရွယ်မှာ ကြွက်သားဆုံးရှုံးမှုအဖြစ်များတာမို့ ပရိုတင်းဓါတ် မှ...
18/07/2026

ကြွက်သားအားနည်းတဲ့ လူကြီးတွေအတွက် အသင့်တော်ဆုံး အာဟာရ

လူကြီးအရွယ်မှာ ကြွက်သားဆုံးရှုံးမှုအဖြစ်များတာမို့ ပရိုတင်းဓါတ် မှန်မှန်စားပေးဖို့ လိုပါတယ်။ ပရိုတင်းဓါတ်က ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုအတွက်သာမက လူရဲ့ ကိုယ်ခံအားစနစ်ကို ကြံ့ခိုင်စေပြီး တစ်နေ့တာအတွက် အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ဒါ့အပြင် ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်တွေကို လျင်မြန်စွာ ဖြစ်စေလို့ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တဲ့အတွက် ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အသားတွေ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်းတွေ လုံလုံလောက်လောက်ကျွေးဖို့ လိုပါတယ်။

အသက်ကြီးလာတဲ့အခါ အရိုးအဆစ်တွေ၊ သွားတွေက လူငယ်တုန်းကလောက် မသန်စွမ်းတော့ တစ်ခုခုဆို ထိခိုက်လွယ်သလို ညောင်းညာလွယ်ပါတယ်။ ဒါကြောင့် အရိုးအဆစ်နဲ့ သွားတွေကို သန်စွမ်းစေပြီး ကယ်လ်စီယမ်ဓါတ်ကြွယ်ဝစွာပါဝင်တဲ့ အစေ့အဆန်၊ ဒိန်ချဉ်၊ နွားနို့၊ အရိုးပါငါး၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ ဟင်းသီးဟင်းရွက်တွေကိုလည်း ကျွေးဖို့လိုပါတယ်။

လူကြီးတွေ မသန်မစွမ်းဖြစ်နေချိန်မှာ သူတို့ရဲ့ ကျန်းမာရေး၊ စားသောက်နေထိုင်မှုပုံစံကို သေချာဂရုစိုက်ဖို့ဆိုတာ လူငယ်တွေမှာ တာဝန်ရှိပါတယ်။ နောင်မှ ရတဲ့နောင်တတွေ မဖြစ်ရလေအောင် အသက်ရှင်နေတုန်းမှာ ကိုယ်ချစ်တဲ့ လူကြီးမိဘတွေကို အတတ်နိုင်ဆုံး ပြုစုစောင့်ရှောက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို My Doctor Page ကို Like & Follow လုပ်ပေးထားဖို မမေ့လိုက်နဲ့ဦးနော်။ 🥰🌠

ကိုယ်အလေးချိန် မြင့်တက်စေနိုင်သောအသီးအနှံများအသီးအနှံများကို လေ့လာကြည့်လျှင် အများစုမှာ ကျန်းမာရေး အတွက် အကျိုးပြုပါတယ်။...
15/07/2026

ကိုယ်အလေးချိန် မြင့်တက်စေနိုင်သောအသီးအနှံများ

အသီးအနှံများကို လေ့လာကြည့်လျှင် အများစုမှာ ကျန်းမာရေး အတွက် အကျိုးပြုပါတယ်။ အရသာ ရှိရုံမျှမက ဗီတာမင် နှင့် အခြားသောအာဟာရဓာတ်များကိုလည်း ပေးစွမ်းနိုင်ပါတယ်။ အသီးအနှံများကို စုံလင်စွာ စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းများကိုလည်း ပိုမို စေသလို တချို့သီးနှံများမှာ လွန်ကဲစွာ စားသုံးပါက ကိုယ်အလေးချိန် တိုးစေနိုင်သော အာနိသင်လည်း ရှိပါတယ်။

ငှက်ပျောသီးတွင် အမျှင်ဓာတ် ၊ ပိုတက်စီယမ် နှင့် ဗီတာမင် စီတို့ ပါဝင်သည့် အပြင် ကယ်လိုရီ (၁၈၀) အထိ ရှိတဲ့အတွက် ငှက်ပျောသီးကို များပြားစွာ စားသုံးလျှင် ကိုယ်အလေးချိန် တိုးလာနိုင်ပါတယ်။

ချယ်ရီသီးတွင် ပါဝင်သော ပိုတက်စီယမ်ဓာတ်သည် ခန္ဓာကိုယ်တွင်းမှ ပိုလျှံသော ဆိုဒီယမ်ဓာတ်ကို စွန့်ထုတ်စေခြင်းဖြင့် သွေးပေါင်ချိန်ကို လျော့ကျစေနိုင်သော်လည်း ချယ်ရီသီးတွင် သကြားဓာတ် များပြားစွာ ပါဝင်ခြင်းက ကိုယ်တွင်းသကြားဓာတ်ကို တိုးမြင့်စေနိုင်ပါတယ်။

ထောပတ်သီးက ကျန်းမာစေသော အဆီဓာတ် ပါသည့် အသီးအနှံ ဖြစ်ပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုသော မိုနိုအဆီဓာတ်များ ပါဝင်သော်လည်း ကယ်လိုရီဓာတ်လည်း ပါဝင်သည့် အသီးဖြစ်တာကြောင့် ကိုယ်အလေးချိန် တိုးလာနိုင်ပါတယ်။

သရက်သီးတွင်လည်း အမျှင်ဓာတ် နှင့် ဗီတာမင်စီတို့ များစွာ ပါဝင်သော အသီး ဖြစ်တဲ့အပြင် သကြားဓာတ်လည်း များစွာ ပါဝင်သည်ကို သတိပြုသင့်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာကြောင့် အသီး အလုံးလိုက် စားခြင်းထက် အချိုတည်းရုံ အနည်းငယ်သာ စားသုံးခြင်းကပိုသင့်တော်ပါတယ်။

ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို My Doctor Page ကို Like & Follow လုပ်ပေးထားဖို မမေ့လိုက်နဲ့ဦးနော်။ 🥰🌠

Address

K/18, Nwe Thar Gi Street , Bayint Naung Warehouses, Mayangone
Yangon
11061

Opening Hours

Monday 08:00 - 23:45
Tuesday 08:00 - 23:45
Wednesday 08:00 - 23:45
Thursday 08:00 - 23:45
Friday 08:00 - 23:45
Saturday 08:00 - 23:45
Sunday 08:00 - 23:00

Telephone

+959977835686

Alerts

Be the first to know and let us send you an email when My Doctor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to My Doctor:

Shortcuts

Share