Harmony Bond

Harmony Bond Welcome to this page. Marriage is a journey—before, during, and even after brokenness.

Here I share thoughtful writings on premarital counseling, marriage life, and remarriage, grounded in biblical truth and sound counseling principles.

What is one quality you believe every spouse should have?
28/05/2026

What is one quality you believe every spouse should have?




Good Relationship;More Understanding,Listen without Interrupting, and Speaking without Attacking.
22/05/2026

Good Relationship;
More Understanding,
Listen without Interrupting, and
Speaking without Attacking.


“Love listens more than it speaks.”
15/05/2026

“Love listens more than it speaks.”

Marriage is more than love—it’s responsibility.Don’t only prepare for a wedding day.Prepare for a lifetime of partnershi...
14/05/2026

Marriage is more than love—it’s responsibility.
Don’t only prepare for a wedding day.
Prepare for a lifetime of partnership.
Learn communication, patience, and commitment.
A strong foundation prevents future pain.



ပြန်လည်ဆန်းစစ်ခြင်းသည် စုံတွဲများ၏ ဆက်ဆံရေးကို ပိုမို ခိုင်မြဲစေသည်။
12/05/2026

ပြန်လည်ဆန်းစစ်ခြင်းသည် စုံတွဲများ၏ ဆက်ဆံရေးကို ပိုမို ခိုင်မြဲစေသည်။



"လက်ထပ်ထိမ်းမြားခြင်းသည် အချစ်နှင့် စတင်သော်လည်း ကတိကဝတ်များမှတစ်ဆင့် ရှင်သန်ကြီးထွားသည်။
11/05/2026

"လက်ထပ်ထိမ်းမြားခြင်းသည် အချစ်နှင့် စတင်သော်လည်း ကတိကဝတ်များမှတစ်ဆင့် ရှင်သန်ကြီးထွားသည်။


Boundaries Are Part of Respect. Therefore,* Not interfering too much in marriage.* Honoring personal space and decisions...
27/04/2026

Boundaries Are Part of Respect. Therefore,

* Not interfering too much in marriage.

* Honoring personal space and decisions.

2. TWO STORIES, ONE FUTURE (နှစ်ယောက်တစ်အိမ်မက်)👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨- နိဒါန်း -✨...
25/02/2026

2. TWO STORIES, ONE FUTURE (နှစ်ယောက်တစ်အိမ်မက်)

👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨

- နိဒါန်း -

✨✨✨✨✨✨✨✨✨✨

မတူညီသောဘဝနှစ်ခုမှသည် အတူတကွတည်ဆောက်ကြမည့် ဘဝတစ်ခုအတွက် နှစ်ဦးစလုံးသည် မိမိတို့၏ဘဝဇတ်လမ်းများ (မွေးဖွားရှင်သန်ကြီးပြင်းလာခဲ့သော မိသားစုများ၏နောက်ခံများ၊ စိတ်ပိုင်းဆိုင်ရာအခန်းကဏ္ဍများ) ကို အပြန်အလှန် သိရှိဖို့ရန် လိုအပ်ပေမည်။ သို့မှသာ အပြန်အလှန်နားလည်ပေးနိုင်မည် ဖြစ်ပြီး အနာဂတ်တွင် “နှစ်ယောက်တစ်အိမ်မက်” မက်နိုင်မည်ဖြစ်သည်။

ထိမ်းမြားခြင်းသည် မိမိ၏အနာဂတ်ကို လူတစ်ဦးနှင့်အတူသွားလာခြင်းသာမက စနစ်တစ်ခုနှင့်အတူ သွားလာခြင်းပင်ဖြစ်သည်။ ထိုစနစ်တွင် မည်သည့်အရာများပါဝင်သနည်း။ မိသားစုရာဇဝင်၊ စိတ်ခံစားမှုပုံစံများ၊ မပြောရသေးသော၊ မိမိမသိသေးသော စည်းမျဉ်းများ၊ မိမိ၏လက်တွဲဖော်သည် ဘဝတလျှောက်တွင် သင်ယူထားခဲ့သော ကြောက်ရွံ့မှုများ၊ ဆက်ဆံရေးအမူအကျင့်ပုံစံများပါဝင်သည်။

ထို့ကြောင့် ထိမ်းမြားခြင်းတွင် လူနှစ်ဦး၏ဘဝဇာတ်လမ်းနှစ်ခုသည် ရိုးရှင်းစွာ ပေါင်းစပ်သွားခြင်းမဟုတ်ပဲ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် သက်ရောက်မှုရှိသည်ကို သိကြရမည်။ ထိုဘဝဇာတ်လမ်းများကို နားမလည်ပါက အနာဂတ်ကို အတူတကွ ပုံဖော်၍ မရပေ။

လက်မထပ်ခင် ဂရုပြုလမ်းညွှန်ခြင်းသည် စုံတွဲများကို ထိမ်းမြားခြင်းမပြုမှီ မည်သည့်အရာများ သိရှိအောင်ကူညီပေးသနည်း။

👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨

***** Murray Bowen ၏ Family System Theory အရ *****

အပြန်အလှန်နားလည်ရမည့် မိသားစုများတွင် တွေ့ရှိရသော ပုံစံများ

၁။ မျိုးဆက်သစ်များကို လက်ဆင့်ကမ်းခြင်း (Multigenerational Transmission)

✨✨✨✨✨✨✨✨✨✨

မိသားစုများသည် စိတ်ခံစားမှုဆိုင်ရာ လုပ်ဆောင်ပုံပုံစံများကို မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းပေးပါသည်။ ဥပမာ -

• ပဋိပက္ခရှောင်ရှားခြင်း
• ဒေါသပေါက်ကွဲခြင်း
• ငွေကြေးဆိုင်ရာ ကိစ္စရပ်များ
• စိတ်ခံစားမှုဆိုင်ရာ ဖြတ်တောက်ခြင်း
• ကျား၊မ အခန်းကဏ္ဍများတွင် တင်းကျပ်ခြင်း

စုံတွဲများတွင် မကြာခဏဖြစ်ပေါ်၊ ပြုမူ၊ တွေးခေါ်ခြင်းများသည် မိသားစုများမှ လက်ဆင့်ကမ်းခြင်းကြောင့် ဆက်စပ်ဖြစ်ပေါ်လာသောအရာများ ဖြစ်ကြသည်။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️

၂။ မိမိကိုယ်မိမိ ခွဲခြားသိမြင်ခြင်း (Differentiation of Self)

✨✨✨✨✨✨✨✨✨✨

ခွဲခြားသိမြင်ခြင်းဆိုသည်မှာ
• မိမိကိုယ် မိမိ ရှင်းရှင်းလင်းလင်း သိရှိနားလည်နိုင်ခြင်း
• စိတ်ခံစားမှုဆိုင်ရာ ဖိအားများအောက်တွင် ယုတ္တိကျကျ စဉ်းစားတွေးခေါ်နိုင်ခြင်း
• ထိန်းချုပ်ခံရခြင်းမရှိဘဲ ချိတ်ဆက်နေနိုင်ခြင်း တို့ကို သိရှိနားလည်ရမည်။
ခွဲခြားသိမြင်မှုနည်းပါးပါက အောက်ပါတို့ကို မကြာခဏ ဖြစ်ပေါ်စေသည်။
• စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှု
• မှီခိုမှု သို့မဟုတ် ရှောင်ရှားခြင်း
• ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲခြင်းတို့ပင် ဖြစ်သည်။
လက်မထပ်မီ ဂရုပြုလမ်းညွှန်ခြင်းသည် ပြဿနာများ ပေါ်ပေါက်လာပြီးနောက် မဟုတ်ဘဲ အိမ် ထောင်မပြုမီ မည်မျှ ခွဲခြားသိမြင်နိုင်သည်ကို အကဲဖြတ်ရန် စုံတွဲများအား ကူညီပေးသည်။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️

၃။ စိတ်ခံစားမှုဆိုင်ရာ ဖြတ်တောက်ခြင်း (Emotional Cutoff)

✨✨✨✨✨✨✨✨✨✨

အချို့သောသူများသည် မိသားစု၏ဖိစီးမှုကို ဖြေရှင်းရန်အတွက် ထိုဖိစီးမှု၍ဝေးရာသို့လည်းကောင်း၊ ထိုဖိစီးမှုကို အဝေးသို့လည်းကောင်းထား၍ ဖြတ်တောက်ခြင်းဖြင်း ဖြေရှင်းကြသည်။

ဥပမာ -

• “မိဘတွေနဲ့ စကားမပြောတော့ဘူး။”
• “မိသားစုပွဲတွေကို ရှောင်တယ်။”
• “ပဋိပက္ခကို လျစ်လျူရှုလိုက်တယ်။”

ဖြတ်တောက်ခြင်းသည် စိုးရိမ်ပူပန်မှုကို ယာယီလျော့ကျစေနိုင်သော်လည်း မဖြေရှင်းရသေးသော စိတ်ခံစားမှုဆိုင်ရာပြဿနာများသည် အိမ်ထောင်ရေးတွင် မကြာခဏ ပြန်လည်ပေါ်ပေါက်လာလေ့ရှိကို သတိပြုရမည်။ မဖြေရှင်းရသေးသော မိသားစုတင်းမာမှုများသည် အိမ်ထောင်ဖက်ထံသို့ မကြာခဏ ကူးစက်လေ့ရှိသည်ကိုလည်း သိမြင်နားလည်ရမည်။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️

၂။ သမ္မာကျမ်းစာက မည်ကဲ့သို့ ဖော်ပြသွန်သင်ထားသနည်း။

က။ နောက်မျိုးဆက်သစ်များတွင် သက်ရောက်မှုများ

✨✨✨✨✨✨✨✨✨✨

သမ္မာကျမ်းစာတွင် မျိုးဆက်တစ်ခုအပေါ် တစ်ခု သက်ရောက်မှုကို ဤကဲ့သို့ ဖော်ပြထားသည်။

📖📖📖📖📖📖📖📖📖📖

အဘတို့သည် ချဉ်သောစပျစ်သီးကိုစား၍ သားတို့သည် သွားကျိန်းလျက်ရှိကြ၏ဟု၊ သင်တို့သည် ဣသရေလပြည်ကိုရည်မှတ်၍ စကားပုံကိုသုံးသောအခါ အဘယ်သို့ဆိုလိုသနည်း။ (ယေဇ ၁၈း၂)

အထက်ဖော်ပြပါ သမ္မာကျမ်းစာတွင် လူတစ်ဦးချင်းစီ၌ရှိသော ကိုယ်ကျင့်တရားများသည် နောက်မျိုးဆက်တွင် မြင်တွေ့ရသည်ဟု ဖော်ပြထားသည်။

✝️✝️✝️✝️✝️✝️✝️✝️✝️✝️

ခ။ မျှော်လင့်ခြင်းအသစ်

✨✨✨✨✨✨✨✨✨✨
သို့သော်လည်း သမ္မာကျမ်းစာက “မျှော်လင့်ခြင်း”ကိုလည်း ပေးထားသည်။

📖📖📖📖📖📖📖📖📖📖

လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါ ဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။” (၂ ကော ၅:၁၇)

✝️✝️✝️✝️✝️✝️✝️✝️✝️✝️

ဂ။ ထွက်ခွာခြင်းနှင့် ကွဲကွာခြင်း သိရှိခြင်း

📖📖📖📖📖📖📖📖📖📖

ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍၊ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။ (က ၂း၂၄)

အထက်ဖော်ပြပါ သမ္မာကျမ်းစာတွင် အရေးကြီးသောအချက်တစ်ခုကို တွေ့မြင်နိုင်ပါသည်။ လူတစ်ဦးသည် အခြားတစ်ဦးနှင့် ထိမ်းမြားခြင်းပြုပါက မိမိ၏ မိသားစုမှ ထွက်ခွာခြင်းရှိရမည်။ ထွက်ခွါခြင်းဟုဆိုရာ၌ ရုပ်ပိုင်းဆိုင်ရာအကွာအဝေးတစ်ခုတည်းမဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတစ်ခုကိုလည်း ပြုလုပ်ရမည်ဖြစ်သည်။ ဤသို့ မိသားစုမှ ထွက်ခွါရာတွင် မိသားစုကို မလေးစားပဲ ထွက်ခွါမှုပြုရန်မဟုတ်ပဲ “မိဘများအပေါ် အလွန်အကျွံမှီခိုခြင်း” အပေါ်တွင် ပြင်ဆင်ဖို့ရန်သာဖြစ်ပြီး မိမိ၏ ဘဝလက်တွဲပေါ်တွင်လည်း သစ္စာစောင့်သိမှုကို ထပ်မံပြင်ဆင်ဖို့ရန် ဖြစ်သည်။ ဤကဲ့သို့ ပြင်ဆင်ထားမှသာာ စုံတွဲများသည် အနာဂတ်တွင် တစ်သားတစ်ကိုယ်တည်းဖြစ်ကာ ပဋိပက္ခများ နည်းမည်ဖြစ်သည်။ ထို့ကြောင့် ထိမ်းမြားခြင်းအတွက် ပြင်ဆငိရာတွင် သစ္စာစောင့်သိမှုကို ပြန်လည်ကာ အစီအစဉ်ပြုလုပ်ရမည် ဖြစ်သည်။

✝️✝️✝️✝️✝️✝️✝️✝️✝️✝️

- နိဂုံး -

✨✨✨✨✨✨✨✨✨✨

လက်မထပ်မီ ဂရုပြုလမ်းညွှန်ခြင်းသည် မိဘများကို အပြစ်တင်ခြင်း၊ မိမိ၏ဖြစ်တည်ခဲ့မှု၌ရှိနေသော အားနည်းချက်များအပေါ်တွင် အပြစ်တင်၊ ထိုးနှက်ရန်မဟုတ်ပဲ လက်မထပ်မီ ဂရုပြုလမ်းညွှန်ခြင်း၌ ဖော်ထုတ်ပေးသော မိသားစုပုံစံများကို နားလည်သဘောပေါက်စေခြင်းသည် မိသားစု၏လွှမ်းမိုးမှုကို အပြန်အလှန်နားလည်စေခြင်း၊ ထိုမှတဆင့် ထိုအားနည်းချက်၊ လွှမ်းမိုးမှုများမှ ထွက်လာ၍ တစ်ဦးအပေါ်တစ်ဦး သစ္စာစောင့်သိခြင်းကို တည်ဆောက်ကာ
ရင့်ကျက်မှုကို ရွေးချယ်နိုင်ရန် ပြင်ဆင်ပေးသည်။

ကိုယ့်ကိုယ်ကိုယ် သိရှိခြင်း၊ နှစ်ဖက်မိသားစုဘဝဇတ်လမ်းများကို သိရှိခြင်းသည် အပြန်အလှန် နားလည်ကာ၊ ဖေးမမှု၊ စာနာမှုများဖြင့် အနာဂတ်နှစ်ယောက်တစ်အိမ်မက်အတွက် အထောက်အကူဖြစ်စေသည်။ ဝိညာဉ်ရေးရာအခန်းကဏ္ဍတွင်လည်း နှိမ့်ချမှုကို ဖြစ်ပေါ်စေသည်။ မကျန်းမာသော ဆက်ဆံရေးပုံစံများကို ချိုးဖျက်ပြီး အားနည်းချက်များ၌ ကောင်းသောအရာများကို ရွေးနှုတ်စေနိုင်သည်။ ခရစ်တော်၌ အသစ်များကို တည်ထောင်ပေးသည်။ နှစ်ဦးနှစ်ဖက် မျှတသော ယဉ်ကျေးမှု့၊ ရိုးရာများ၏ တန်ဖိုးများကိုလည်း မြှင့်တင်ပေးပါသည်။

❤️❤️❤️❤️❤️

မေတ္တာဖြင့်

❤️❤️❤️❤️❤️

အာကာကျော်စိုး
၂၅.၂.၂၀၂၆၊ ညနေ ၆ နာရီ။

✨✨✨✨✨✨✨✨✨✨

အမှတ်စဉ် (၁) ကို ဖတ်ရှူရန်

👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻

https://www.facebook.com/share/p/18893sVmJa/?mibextid=wwXIfr

❤️❤️❤️ "Love: A Verb, Not Just a Word" ❤️❤️❤️ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ယနေ့သည် ချစ်သူများနေ့ဖြစ်ပါသည်။ ယနေ့ ချစ်သူများနေ့တွ...
14/02/2026

❤️❤️❤️ "Love: A Verb, Not Just a Word" ❤️❤️❤️

ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ယနေ့သည် ချစ်သူများနေ့ဖြစ်ပါသည်။ ယနေ့ ချစ်သူများနေ့တွင်မူ ချစ်သူများကြား စကားလုံးများနှင့် နှက်နေမှာ အမှန်ပါ။

❤️ “ငါ မင်းကို ချစ်တယ်။” ❤️

❤️ “မင်းက ငါ့အတွက် အရာအားလုံးပဲ။” ❤️

သို့သော် စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တရက်ထဲတွင် ပြောသောစကားလုံးများဖြင့် သက်သေမပြနိုင်ပေ။ ဖေဖော်ဝါရီ ၁၄ ရက်၊ ချစ်သူများနေ့ပြီးနောက် ပြောခဲ့ကြသောစကားများကို မိမိတို့ ပြုလုပ်သောအရာများနှင့်သာ သက်သေပြုနိုင်မည်ဖြစ်သည်။ မေတ္တာသည် ခံစားချက်မဟုတ်ပေ။ မေတ္တာသည် လုပ်ဆောင်မှုပင်ဖြစ်သည်။ သမ္မာကျမ်းစာက မည်ကဲ့သို့ သွန်သင်ထားသနည်း။ အချက် (၃) ချက်ဖြင့် ခွန်အားယူကြပါစို့။

***************

💕💕💕💕💕💕💕💕💕💕

၁။ မေတ္တာသည် ကြေငြာရန်မဟုတ်၊ ထုတ်ဖော်ပြသဖို့ရန်ဖြစ်သည်။

💕💕💕💕💕💕💕💕💕💕

📖📖📖📖📖 ချစ်သားတို့၊ ငါတို့သည် စကားပြောကာမျှအားဖြင့်သာ မချစ်ဘဲ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန် ချစ်ကြကုန်အံ့။ (၁ ယော ၃း၁၈) 📖📖📖📖📖

❤️❤️❤️❤️❤️

ခံစားချက်ဆိုသည်မှာ မတည်ငြိမ်ပေ၊ အတက်အကျရှိတတ်သည်။ ပြောဆိုလာသောစကားလုံးများသည် အထင်ကြီးစရာကောင်းသော်လည်း အပြုအမူ၊ လုပ်ရပ်များသည်သာလျှင် ယုံကြည်မှုကို တည်ဆောက်ပေးပါသည်။ တစ်စုံတစ်ဦးက သင့်ကို “ချစ်တယ်” ဟုပြောသော်လည်း ထပ်ခါတလဲလဲ နာကျင်စေခြင်း၊ လျစ်လျူရှုခြင်း သို့မဟုတ် အရှက်ရစေပါက ၄င်း၏မေတ္တာသည် စစ်မှန်သောမေတ္တာမဟုတ်ပေ။ ထို့ကြောင့် တည်ကြည်ခ်ုင်ခံသောမေတ္တာသည် စဉ်ဆက်မပြတ်အပြုအမူပေါ်တွင် တည်ဆောက်ထားသည်။

❤️❤️❤️❤️❤️

မည်သူမဆို "ချစ်တယ်" လို့ ပြောနိုင်ပါတယ်။ သို့သော် ထိုကဲ့သို့ပြောသောသူများထဲမှ

• ပဋိပက္ခတွေကြား စိတ်ရှည်သည်းခံနိုင်သောသူကို ရွေးချယ်ပါ။
• အခက်အခဲများနှင့်ရင်ဆိုင်ရသောအခါ အမြဲအတူရှိနေသူကိုရွေးချယ်ပါ။
• အမှားတွေကြားထဲမှာ ခွင့်လွှတ်နိုင်သောသူကို ရွေးချယ်ပါ။
• မောပန်းနေသောအခါ အချိန်ပေးနားထောင်နိုင်သူကို ရွေးချယ်ပါ။

💕💕💕💕💕💕💕💕💕💕

၂။ မေတ္တာသည် ကိုယ့်အကျိုးကိုမရှာတတ်၊ ပေးဆပ်ခြင်းကို ဦးစားပေးသည်။

💕💕💕💕💕💕💕💕💕💕

📖📖📖📖📖 ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ (ယော ၃း၁၆) 📖📖📖📖📖

❤️❤️❤️❤️❤️

စစ်မှန်တဲ့မေတ္တာတွင် အမြဲတမ်း တစ်ခုခုကို ပေးလေ့ရှိသည်။
ဥပမာ - အချိန်၊ ဂရုစိုက်မှု၊ နားလည်မှု၊ နှစ်သိမ့်မှု . . .

ကိုယ့်အကျိုးကိုရှာသော (တစ်ကိုယ်ကောင်းဆန်သောမေတ္တာ) တွင် “ငါဘာရမှာလဲ” ဟု မေးတတ်ပြီး ပေးဆပ်သောမေတ္တာတွင်မူ “ငါဘာပေးရမှာလဲ” ဟု မေးတတ်သည်။

❤️❤️❤️❤️❤️

စုံတွဲအများစုသည် မေတ္တာပျောက်ကွယ်သွားခြင်းကြောင့် ရုန်းကန်နေကြရခြင်းမဟုတ်ပဲ စွန့်လွှတ်အနစ်နာခံမှုများ ပျောက်ကွယ်သွားသောကြောင့် ရုန်းကန်နေကြရခြင်းဖြစ်သည်။ လက်တွဲဖော်နှစ်ဦးစလုံးသည် မိမိတို့ အနိုင်ရဖို့ရန် ရုန်းကန်နေကြသော အခါ မိမိတို့၏ ဆက်ဆံရေးသည် ရှုံးနိမ့်သွားပြီး တစ်ဦးနှင့်တစ်ဦး “ပေးဆပ်ဖို့ရန်” ရွေးချယ်ကြသောအခါ ဆက်ဆံရေးသည် ခိုင်ခိုင်မြဲမြံကြရသည်။

💕💕💕💕💕💕💕💕💕💕

၃။ မေတ္တာသည် အချိုးကျပေါင်းစပ်ခြင်းမဟုတ်၊ ကတိကဝတ်ပြုခြင်းဖြစ်သည်။

💕💕💕💕💕💕💕💕💕💕

📖📖📖📖📖 မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။ မလျောက်ပတ်စွာ မကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက် မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊ မတရားသောအမှု၌ ဝမ်းမြောက်ခြင်း မရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ ၁ ကော ၁၃း၄-၇) 📖📖📖📖📖

❤️❤️❤️❤️❤️

မေတ္တာသည် အချိုးကျပေါင်းစပ်ပြီး ထွက်ပေါ်လာသော ဒြပ်ထုမဟုတ်ပဲ လုပ်ဆောင်မှု၊ ရွေးချယ်မှုပင် ဖြစ်သည်။ ကတိကဝတ်ပြုသော မေတ္တာတွင် ရွေးချယ်မှုများ ပေါ်ထွက်လာသည်။ ခံစားချက်များသည် မေတ္တာတစ်ခုကို အစပြုပြီး ကတိကဝတ်ပြုခြင်းသည် မေတ္တာကို တည်တံ့ခိုင်မြဲစေတယ်။

နိဂုံး

ဒီချစ်သူများနေ့မှာ "ချစ်တယ်" လို့ ပြောခြင်းထက် မိမိမေတ္တာကို ပြသပါ။ မိမိ၌ ရှိသောအရာများကို ပေးပါ။ ကတိကဝတ်များမှ ရလာသော ရွေးချယ်မှုနှင့် ဆက်လက်ပြီး ချစ်ခြင်းမေတ္တာကို ပြသပါ။

စစ်မှန်သောမေတ္တာ — ဘုရားသခင်၏မေတ္တာ - သည် စကားလုံးတစ်လုံးမဟုတ်ဘဲ ပြုလုပ်ဆောင်ရွက်ရမည့် ကြိယာတစ်ခုဖြစ်သည်။

❤️❤️❤️❤️❤️

မေတ္တာဖြင့်

❤️❤️❤️❤️❤️

အာကာကျော်စိုး
၁၄.၂.၂၀၂၆၊ နံနက် (၉) နာရီ။

1. BEFORE I DOအိမ်ထောင်မပြုမီ အကြံပေးခြင်းက သင်ထင်ထားတာထက် ဘာကြောင့် ပိုအရေးကြီးတာလဲ။📢📢📢📢📢📢📢📢📢📢နိဒါန်း - ထိမ်းမြားခြင်းအ...
31/01/2026

1. BEFORE I DO
အိမ်ထောင်မပြုမီ အကြံပေးခြင်းက သင်ထင်ထားတာထက် ဘာကြောင့် ပိုအရေးကြီးတာလဲ။
📢📢📢📢📢📢📢📢📢📢

နိဒါန်း - ထိမ်းမြားခြင်းအတွက် ပြင်ဆင်ခြင်းသည် ရွေးချယ်ရမည့်အရာမဟုတ်ပါ။

✨✨✨✨✨✨✨✨✨✨

စုံတွဲများ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရန် ညှိနှိုင်းဆောင်ရာတွင်် စိတ်လှုပ်ရှားမှု၊ အိပ်မက် များနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပါသည်။ စုံတွဲများသည် မင်္ဂလာရက်စွဲများ၊ အဝတ်အစား များ၊ ဓာတ်ပုံများနှင့် ပွဲများအတွက်ကို အာရုံစိုက်ပြီး မင်္ဂလာဆောင်အတွက် ကောင်းစွာပြင်ဆင် ကြသော်လည်း တစ်သက်တာဆက်ဆံရေးအတွက်မူ ကောင်းမွန်စွာ မပြင်ဆင်ကြပဲ ထိမ်းမြားဆောင်နှင်း ကြသည်။
လက်မထပ်မီ ဂရုပြုလမ်းညွှန်ခြင်းသည် “အားနည်းသော” သို့မဟုတ် “ပြဿနာရှိသော” စုံတွဲ များအတွက် မဟုတ်ပါ။ လက်မထပ်မီ ဂရုပြုလမ်းညွှန်ခြင်းသည် ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ရန် ဉာဏ် ပညာရှိသော စုံတွဲများအတွက်ဖြစ်သည်။ ကျမ်းစာတွင် ပြင်ဆင်မှု၏တန်ဖိုးကို အထပ်ထပ် အတည်ပြု ထားသည်ကို တွေ့ရသည်။

📖📖📖📖📖📖📖📖📖📖

လုံ့လဝိရိယပြုသောသူ၏ အကြံအစည်သည် ကြွယ်ဝခြင်းနှင့်လည်းကောင်း၊ သမ္မာသတိမရှိသောသူ၏ အကြံအစည်သည် ဆင်းရဲခြင်းနှင့်လည်းကောင်း ဆိုင်ပေ၏။ (သုတ္တံကျမ်း ၂၁း၅)

***** သမ္မာကျမ်းစာကို အခြေပြု၍ လက်မထပ်မီ ကြိုတင်ပြင်ဆင်ခြင်း *****

❤️❤️❤️❤️❤️❤️❤️❤️❤️❤️

၁။ ထိမ်းမြားခြင်းသည် ဘုရားသခင်၏ အကြံအစည်ဖြစ်သည်။

✨✨✨✨✨✨✨✨✨✨

ထိမ်းမြားခြင်းသည် လူနှစ်ဦး၏ အကြံအစည်၊ တိုင်ပင်ခြင်း၊ လူနှစ်ဦး သို့ မိသားစုနှစ်စု၏ အလို ဆန္ဒထက် ခရစ်ယာန်အသက်တာတွင်မူ ဘုရားသခင်၏ အလိုတော်၊ အကြံအစည်ဖြစ်ကြောင်းကို ရှေးဦး စွာ သိနားလည်ဖို့ရန်လိုအပ်သည်။

📖📖📖📖📖📖📖📖📖📖

ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍၊ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။ (ကမ္ဘာဦးကျမ်း ၂း၂၄)

✝️✝️✝️✝️✝️✝️✝️✝️✝️✝️

၂။ ဂရုပြုလမ်းညွှန်မှုကို ခံယူခြင်းသည် ဉာဏ်ပညာရှိခြင်းဖြစ်သည်။

✨✨✨✨✨✨✨✨✨✨

အိမ်ထောင်တစ်ခုကို အချစ်တစ်ခုတည်းဖြင့် တည်တံ့ခိုင်မြဲစေရန် မလုံလောက်ပါ။ အိမ်ထာင် တစ်ခုတည်ဆောက်ရာတွင် ဉာဏ်ပညာ၊ ကျွမ်းကျင်မှုနှင့် ရင့်ကျက်မှုတို့ လိုအပ်ပါသည်။ လက်မထပ်မီ ဂရုပြုလမ်းညွှန်ခြင်းသည် စုံတွဲများကို မမြင်နိုင်သောနေရာများမှဖြစ်ပေါ်လာမည့် ပဋိပက္ခ၏များကို မဖြစ်နိုင်မီ ကြိုတင်ဖော်ထုတ်နိုင်စေမည့် စနစ်တကျသောလမ်းညွှန်မှုဖြစ်သည်။

📖📖📖📖📖📖📖📖📖📖

အကြံရှိသောသူသည် သူတစ်ပါးနှင့်တိုင်ပင်လျှင်၊ အကြံထမြောက်တတ်၏။ (သုတ္တံကျမ်း ၂၀:၁၈)

✝️✝️✝️✝️✝️✝️✝️✝️✝️✝️

၃။ မေတ္တာသည် ယူဆရမည့်အရာမဟုတ်၊ သင်ယူရမည့်အရာဖြစ်သည်။

✨✨✨✨✨✨✨✨✨✨

စုံတွဲများက “မေတ္တာ“က အားလုံးကို ကျော်လွှားနိုင်မှာပါ၊ အဆင်ပြေသွားမှာပါ” ဟူ၍ ယူဆကြ သော်လည်း သမ္မာကျမ်းစာတွင် မေတ္တာသည် သင်ယူရမည့်အရာ၊ မေတ္တာသည် စိုက်ပျိုးရမည့်အရာ၊ မေတ္တာသည် ပြုစုရမည့်အရာ၊ မေတ္တာသည် လက်တွေ့ကျင့်သုံးရမည့်အရာဖြစ်သည်ဟု ဖော်ပြထား သည်။
📖📖📖📖📖📖📖📖📖📖
မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။- မလျောက်ပတ်စွာ မကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက် မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ် (၁ ကောရိန္သုဩဝါဒစာ ၁၃း၄-၅)

❤️❤️❤️❤️❤️❤️❤️❤️❤️❤️

***** Murray Bowen ၏ Family System Theory အရ *****

ထမ်းမြားခြင်းတွင် လူတစ်ဦးသည် မိမိ၏ ကိုယ်ပိုင်ဖြစ်တည်မှုကို သီးသန့် ယူဆောင်လာခြင်း မ ဟုတ်ပဲ ထိမ်းမြားခြင်းတွင် သူနှင့်မိသားစု၏ဖြစ်တည်မှုကိုပါ ယူဆောင်လာသည်။
ထို့ကြောင့် လူတစ်ဦးသည် ထိမ်းမြားခြင်းပြုမည်ဆိုပါက

✝️✝️✝️✝️✝️✝️✝️✝️✝️✝️

၁။ မိမိကိုယ်မိမိ ခွဲခြားသိမြင်ခြင်း (Differentiation of Self)

✨✨✨✨✨✨✨✨✨✨

ခွဲခြားသိမြင်ခြင်းဆိုသည်မှာ
• မိမိကိုယ် မိမိ ရှင်းရှင်းလင်းလင်း သိရှိနားလည်နိုင်ခြင်း
• စိတ်ခံစားမှုဆိုင်ရာ ဖိအားများအောက်တွင် ယုတ္တိကျကျ စဉ်းစားတွေးခေါ်နိုင်ခြင်း
• ထိန်းချုပ်ခံရခြင်းမရှိဘဲ ချိတ်ဆက်နေနိုင်ခြင်း တို့ကို သိရှိနားလည်ရမည်။
ခွဲခြားသိမြင်မှုနည်းပါးပါက အောက်ပါတို့ကို မကြာခဏ ဖြစ်ပေါ်စေသည်။
• စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှု
• မှီခိုမှု သို့မဟုတ် ရှောင်ရှားခြင်း
• ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲခြင်းတို့ပင် ဖြစ်သည်။
လက်မထပ်မီ ဂရုပြုလမ်းညွှန်ခြင်းသည် ပြဿနာများ ပေါ်ပေါက်လာပြီးနောက် မဟုတ်ဘဲ အိမ် ထောင်မပြုမီ မည်မျှ ခွဲခြားသိမြင်နိုင်သည်ကို အကဲဖြတ်ရန် စုံတွဲများအား ကူညီပေးသည်။

✝️✝️✝️✝️✝️✝️✝️✝️✝️✝️

၂။ မိသားစု၏ မူလသြဇာလွှမ်းမိုးမှု (Family of Origin Influence)

✨✨✨✨✨✨✨✨✨✨

လူတိုင်းတွင် မိသားစုများထံမှ အောက်ပါတို့နှင့် ဆက်စပ်သော သင်ယူထားသော ပုံစံများ ရှိသည်။
• ပဋိပက္ခ
• ဆက်သွယ်ရေး
• ငွေကြေး
• အာဏာ
• စိတ်ခံစားမှုဆိုင်ရာ ဖော်ပြမှု
လက်မထပ်မီ ဂရုပြုလမ်းညွှန်ခြင်းသည် ဤပုံစံများကို စစ်ဆေးရန်အတွက် စနစ်ကျသော အခွင့် အရေးကို ပေးပါသည်။

✝️✝️✝️✝️✝️✝️✝️✝️✝️✝️

၃။ စိတ်ခံစားမှုဆိုင်ရာ တြိဂံများ (Emotional Triangles)

✨✨✨✨✨✨✨✨✨✨

လူနှစ်ဦးကြားတွင် မဖြေရှင်းရသေးသောတင်းမာမှုသည် တတိယပါတီဖြစ်သော (မိဘများ၊ သူ ငယ်ချင်းများ၊ ဓမ္မအမှုတော်ဆောင်များ၊ ကလေးများ) ကို မကြာခဏ ဆွဲခေါ်လေ့ရှိကြောင်း Bowen က မှတ်ချက်ပြုခဲ့သည်။ လက်မထပ်မီ ဂရုပြုလမ်းညွှန်ခြင်းသည် စုံတွဲများကို ဤကဲ့သို့ အထောက်အကူပြု သည်။
• ကျန်းမာသော နယ်နိမိတ်များ ချမှတ်နိုင်ခြင်း။
• အနာဂတ်တွင် တြိဂံပုံသဏ္ဍာန် မဖြစ်အောင် ကာကွယ်နိုင်ခြင်း။
• အိမ်ထောင်ရေး စည်းလုံးညီညွတ်မှုကို ခိုင်မာစေခြင်း။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️

နိဂုံး - လက်မထပ်မီ ဂရုပြုလမ်းညွှန်ခြင်းသည် ဝိညာဉ်ရေးရာ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေသည်။

✨✨✨✨✨✨✨✨✨✨

လက်မထပ်မီ ဂရုပြုလမ်းညွှန်ခြင်းသည် လူနှစ်ဦး သို့ မိသားစုနှစ်စု၏ ဆက်ဆံရေး အတွက် သာ မက တပည့်ဖြစ်ခြင်းဆိုင်ရာ ရှုထောင့်တစ်ခုကိုလည်း ဖော်ဆောင်ပေးသည်။ လက်မထပ်မီ ဂရုပြု လမ်းညွှန်ခြင်းသည် စုံတွဲများကို ကိုယ့်ကိုယ်ကိုယ် သိရှိနားလည်မှု တိုးပွားလာခြင်း၊ နှိမ့်ချမှုနှင့် နောင်တ ရမှုကို လေ့ကျင့်ခြင်း၊ စိတ်ခံစားမှုနှင့် ဝိညာဉ်ရေးရာ တာဝန်ယူမှုကို သင်ယူခြင်းများတို့ကို ဖိတ်ခေါ်ပေး ရုံမျှသာမက စုံတွဲများကို ကောင်းမွန်စွာ အိမ်ထောင်ပြုရန်၊ သစ္စာရှိစွာ ချစ်တတ်ရန် ပြင်ဆင်ပေးသည်။

📖📖📖📖📖📖📖📖📖📖

သံကို သံဖြင့်ထက်စေသကဲ့သို့၊ လူသည် အဆွေခင်ပွန်း၏မျက်နှာကို ထက်စေတတ်၏။
(သုတ္တံကျမ်း ၂၇း၁၇)

မေတ္တာဖြင့်

❤️❤️❤️❤️❤️

အာကာကျော်စိုး
၂၈.၁.၂၀၂၆၊ ညနေ ၆ နာရီ။

Address

Yangon
11101

Website

Alerts

Be the first to know and let us send you an email when Harmony Bond posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share