02/06/2024
မိုးအေးအေးလေးနဲ့ကြက်သားဆန်ပြုတ်ပူပူလေးသောက်ကြရအောင်။
ကြက်သားဆန်ပြုတ်က ကျန်းမာရေးအတွက် ဘယ်လို အကျိုးပြုစေသလဲ။
နေမကောင်းဖြစ်ရင် ကြက်သားဆန်ပြုတ်တိုက်ကြ၊အားမရှိရင် ကြက်သားဆန်ပြုတ်တိုက်ကြ၊ သက်ကြီးရွယ်အိုတွေကို ကြက်သားဆန်ပြုတ်တိုက်ကြနဲ့ ကြက်သားဆန်ပြုတ်ဆိုတာ နေမကောင်းဖြစ်မှ အားရှိမှ သောက်ကြရတဲ့ ဓါတ်စာတစ်မျိုးလို့ လူတွေက ထင်မှတ်ထားကြပါတယ်။
တကယ်တော့ နေမကောင်းမှရယ်မဟုတ်ဘဲ ကြက်သားဆန်ပြုတ်ကိုသာ နေ့စဉ် ဒါမှမဟုတ် မကြာခဏပြုတ်သောက်နိုင်ရင် ထင်မထားနိူင်လောက်တဲ့ #ကျန်းမာရေးကျေးဇူးတွေတော်တော်များများရှိနိုင်ပါတယ်။ အဲ့ဒီကျေးဇူးတွေ တော်တော်များများထဲကမှ ကြက်သားဆန်ပြုတ် သောက်တဲ့အခါ ရရှိနိုင်တဲ့ ကျန်းမာရေးနဲ့ သင့်တော်တဲ့ အကောင်းဆုံးအချက် ၃ချက်ကို ပြောပြပေးပါမယ်။
၁။ အစာကြေလွယ်စေတယ်
နေမကောင်းမှ သောက်ရုံမဟုတ်ဘဲ နေ့တိုင်း သောက်သုံးလို့ရတဲ့ အကောင်းဆုံးအချက်က အစာကြေလွယ်လွန်းပြီး လိုအပ်တဲ့အာဟာရအစုံပါဝင်နေတာပါ။ အမျှင်ဓါတ်နဲ့ပရိုတင်းဓါတ်ပိုကြွယ်ဝလို့ တော်တန်ရုံဆာလောင်မှုကိုလည်း လျှော့ချပေးပါတယ်။
၂။ ကိုလက်စထရော ကျဆင်းစေတယ်
ကြက်သားဆန်ပြုတ်သောက်တဲ့အခါ ဆန်ကြောင့် သွေးတွင်းဖိအားမြင့်တက်တာကို လျှော့ကျစေပြီး ကိုလက်စထရောကျဆင်းတာကြောင့် သွေးဖိအားမြင့်တက်တတ်တဲ့သူတွေ ကြက်သားဆန်ပြုတ်သောက်ပေးသင့်ပါတယ်လို့ ဆိုပါတယ်။
၃။ ခွန်အားဖြစ်စေတယ်
#ကြက်သားဆန်ပြုတ်က ဗီတာမင်နဲ့ သက်စောင့်ဓါတ်ကြွယ်ဝတဲ့အပြင် #ကယ်လ်ဆီယမ်ဓါတ်ကြောင့်အရိုးတွေကိုသန်မာစေပြီး ခွန်အားကိုအမြန်ဆုံးပြည့်စေပါတယ်တဲ့။
ဒီအချက်တွေအကုန်လုံးက လူတစ်ယောက်ကျန်းကျန်းမာမာရှိဖို့ အရေးအကြီးဆုံးအချက်တွေမို့ လူမျိုးမရွေး ဘာသာမရွေး စားသုံးနိုင်တဲ့ #ဟိန်း ကြက်သားဆန်ပြုတ်သောက်ရင်း အားဖြည့်လိုက်ကြရအောင်။
🥣အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ ကယ်လစီယံနဲ့ ဗီတာမင်တွေ ပေါကြွယ်ဝစွာ ပါဝင်တဲ့ ဟိန်းကြက်သားဆန်ပြုတ်ကို ရေနွေးဆူဆူမှာ ⏰အချိန် ၅ မိနစ်ခန့် ⏰ ကျိုချက်ယုံနဲ့ အသင့်သောက်သုံးနိုင်ပါတယ်။ ဒါ့အပြင် ဟိန်းကြက်သားဆန်ပြုတ်က အချိုမှုန့်လုံးဝမပါဝင်လို့ ကလေး၊လူကြီးမရွေးစားလို့ရတယ်လေ။
🥣ဟိန်းဆန်ပြုတ်လေးကို ဖောက်
🥬အရွက်လေး ကိုက်
🥖အီကြာကွေးလေးပါညှပ်
🧂ငရုတ်ကောင်းလေးပါ ဖြူးစားလိုက်ရရင်ဖြင့် ရှယ်တကာ့ရှယ် စူပါရှယ်ထိမိနေတဲ့ ဟိန်းဆန်ပြုတ် နဲ့ မိုးအေးအေးမှာ မနက်ခင်းတွေကို နွေးထွေးမှုအားအင်အပြည့်နဲ့ ဖြတ်သန်းနိုင်ပြီပေါ့။
" ဟိန်းကြက်သားဆန်ပြုတ်"
🛒One Stop Mart ၊ စိန်ဂေဟာ၊ Orange Super Market၊ ကျောက်မြောင်းစတိုး နဲ့ အခြား အမြို့မြို့အနယ်နယ်ရှိဈေးဆိုင်များမှာလည်း ဟိန်းကြက်သားဆန်ပြုတ်ကို ဝယ်ယူရရှိနိုင်ပါပြီ။
လက်ကားဝယ်ယူချင်သူတွေကတော့
အမှတ် (၃၇)၊ မင်္ဂလာလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
ဖုန်း- ၀၉ ၄၂၀၀၀ ၄၄၃၇ , ၀၉၇၆၅၆၄၀၄၆၁ ကိုဆက်သွယ်နိုင်ပါတယ်။
#ဆန်ပြုတ်