Golden Myanmar

Golden Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden Myanmar, Yangon.

09/08/2026

သွေးတိုးထိန်းနိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန်များ
စားသင့်တာတွေက
▶ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
▶ ကြက်သွန်ဖြူ
▶ ထောပတ်သီး
▶ ငါးအဆီ
▶ အခွံမာအစေ့အဆန်
▶ ငှက်ပျောသီး၊ ပန်းသီး စတဲ့ သစ်သီးများ
▶ ရေ

ရှောင်သင့်တာတွေက
❗ဆားကို အပိုထပ်ထည့်ခြင်း
❗ဆီကြော်စာ၊ အသင့်စား Fast Foodများ
❗တာရှည်ခံအောင် ပြုပြင်ထားတဲ့ အသား (ဥပမာ- ဝက်အူချောင်း)
❗သကြားပါဝင်မှုများတဲ့ အချိုရည်များ
❗အရက်အလွန်အကျွံသောက်ခြင်း

သွေးတိုးကို ထိန်းနိုင်ဖို့ အထိုင်များတဲ့ နေထိုင်မှုပုံစံကို ရှောင်ကြဉ်ပြီး သွက်သွက်လက်လက် လှုပ်ရှားနေ ထိုင်သင့်ပါတယ်။

08/08/2026

အများအားဖြင့် အသက်အရွယ်ရလာတဲ့အခါ ဝိတ်တက်လာလေ့ရှိပါတယ်။ ဒါကို မလွှဲမရှောင်သာ ဖြစ်တယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ အသက်အရွယ်ရလာချိန်မှာ ဝိတ်တက်လာတာက အကြောင်းရင်း (၆) ခုနဲ့ ဆက်စပ်နေတတ်ပါတယ်။

(၁) သင့်ခန္ဓာကိုယ်က လိုတာထက် ပိုစားမိနေလို့ပါ
--------------------------------------------
''ဘာမှပိုမစားဘူး၊ ငယ်ငယ်ကစားသလို စားတာပဲ''လို့ လူအများက ပြောတတ်ကြပါတယ်။ ဒါပေမဲ့ ကြီးလာတဲ့အချိန်မှာ ငယ်ငယ်ကလောက် ခန္ဓာကိုယ်တက်ကြွလှုပ်ရှားသွားလာမှု မရှိတော့ပါဘူး။ အဲဒီအခါ ခန္ဓာကိုယ်ကနေ ပြန်သုံးတဲ့ စွမ်းအင်က နည်းသွားပါတယ်။ ဒါကြောင့် ငယ်ငယ်က စားတဲ့ အစာပမာဏအတိုင်း စားနေပေမယ့် ခန္ဓာကိုယ်က လိုတာထက် ပိုသွားတာကြောင့် ဝိတ်တက်လာရတာ ဖြစ်ပါတယ်။

(၂) ကြွက်သားဆုံးရှုံးမှု များလာလို့ပါ
------------------------------------
အသက်အရွယ်ရလာလေလေ ကြွက်သားထုထည် ဆုံးရှုံးမှုက များလာလေလေပါပဲ။ ဒီအချိန်မှာ အလေးမ,တာလိုမျိုး ကြွက်သားတည်ဆောက်တဲ့ လေ့ကျင့်ခန်းကို လုပ်မနေဘူးဆိုရင် ခန္ဓာကိုယ်ကနေ စွမ်းအင်လောင်ကျွမ်းမှုလည်း နည်းလာကာ အဆီပိုတွေ တက်လာတတ်ပါတယ်။

(၃) နာတာရှည်စိတ်ဖိစီးမှုရှိလို့ပါ
------------------------------
စိတ်ဖိစီးမှုများနေတဲ့အခါ ခန္ဓာကိုယ်က ကော်တီစောဟော်မုန်းကို ပိုထုတ်ပါတယ်။ ဒီဟော်မုန်းက ဝမ်း ဗိုက်နဲ့ ခါးတဝိုက်မှာ အဆီတွေကို ပိုစုဆောင်းမှုဖြစ်စေပါတယ်။

(၄) ရေဓာတ်ခမ်းခြောက်လို့ပါ
---------------------------
ရေသောက်တာက ခန္ဓာကိုယ်ထဲက အဆီကို ကောင်း ကောင်းချေဖျက်တဲ့နေရာမှာ အရေးပါပါတယ်။ ရေ ဓာတ်ခမ်းခြောက်တယ်ဆိုရင် အဆီချေဖျက်မှုဖြစ်စဉ် က ထိရောက်မှုနည်းစေနိုင်ပြီး သကြားပါတဲ့ အချို ရည်တွေ၊ အချိုကဲတဲ့ မုန့်တွေကို စားချင်စိတ်ပိုဖြစ် စေနိုင်ပါတယ်။

(၅) ဟော်မုန်းအပြောင်းအလဲဖြစ်လို့ပါ
-----------------------------------
အသက်အရွယ်ရလာတဲ့အခါ အီစထရိုဂျင်၊ ပရိုဂျက် စတီရုန်း၊ တက်စတိုစတီရုန်းစတဲ့ ဟော်မုန်းတွေက လျော့ကျလာပါတယ်။ ဒါက ကြွက်သားထုထည်အပေါ် သက်ရောက်မှုရှိစေသလို အဆီစုပုံမှုကိုလည်း အားပေးပါတယ်။

(၆) အိပ်ရေးပျက်လို့ပါ
---------------------
တစ်နေ့လုံး ပင်ပန်းထားတဲ့ ခန္ဓာကိုယ်ကို အနားယူဖို့၊ ဘတ္ထရီအားသွင်းသလိုမျိုး အားပြန်ဖြည့်ဖို့ဆိုတာ အသက်အရွယ်ရလာလေလေ ပိုလိုအပ်လာလေလေပါ ပဲ။ ဒီအချိန်မှာ အိပ်ရေးပျက်တာက ခန္ဓာကိုယ်ရဲ့ ပြန် လည်ပြုပြင်တဲ့စနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ကောင်းကောင်းအိပ်မပျော်ဘူးဆိုရင် စိတ်ဖိစီးမှုက ပိုများလာတာကြောင့် ဝိတ်တက်ဖို့ အားပေးနေပါတယ်။
အချုပ်အားဖြင့်ဆိုရင် အသက်အရွယ်ရလာတဲ့အခါ ဝိတ်တက်လာတာကိုထိန်းဖို့ဆိုရင် အစာလျှော့စား တာတစ်ခုတည်းထက် ဘဝနေထိုင်စားသောက်မှုပုံစံတစ်ခုလုံးကို ပြင်ဖို့ လိုနေကြောင်း ပြသနေတာ ဖြစ်ပါတယ်။
▶ ကျန်းမာရေးနဲ့အညီ စားသောက်ပါ။
▶ စိတ်ဖိစီးမှုလျှော့ပါ။
▶ လေ့ကျင့်ခန်း လုပ်ပါ။
▶ အိပ်ရေးဝ၀ အိပ်ပါ။
▶ စိတ်ဖိစီးမှု လျှော့ပါ။
ဒါလေးတွေသာ ပြောင်းလဲပေးမယ်ဆိုရင် ဘယ်အသက်အရွယ်မှာမဆို ကိုယ်အလေးချိန်ကို ထိန်းနိုင်ပြီး ကျန်းမာလှပနေမှာပဲ ဖြစ်ပါတယ်။
◾ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)◾

08/08/2026

အသက်ရှည်စေမယ့် အကျင့်ကောင်းအများကြီးထဲကနေ တချို့အကျင့်ကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
▶ တစ်နေ့တာကို သံပရာသီး/သံပရိုသီးစိတ်ခတ်ထားတဲ့ ရေတစ်ဖန်ခွက်သောက်ရင်း စတင်လိုက်ပါ။
▶ နံနက်ခင်းတိုင်း ပြတင်းပေါက်ဖွင့်ပြီး လေကောင်းလေသန့်တွေ တဝကြီး ရှူရှိုက်ပေးပါ။ ကံကောင်းမှု တွေလည်း ဝင်လာပြီဆိုပြီး ဖိတ်ခေါ်ပေးပါ။
▶ ညစာကို ည ၈ နာရီထက် နောက်မကျဘဲ စားပေးပါ။
▶ ညစာစားပြီး အနည်းဆုံး ၁-၂နာရီလောက် ခြားပြီးမှ အိပ်ရာဝင်ပါ။
▶ ဆီးသွားချင်ရင်/ဝမ်းသွားချင်ရင် အောင့်မထားပါနဲ့။
▶ ကော်ဖီစစ်စစ်သောက်ပါ၊ သကြား၊ နို့ဆီတွေ ထပ်မထည့်ပါနဲ့။
▶ ကြက်ဥပြုတ်၊ အသီးအရွက်၊ ပဲ စတာတွေကို မျှတအောင် စားပေးပါ။

08/08/2026

သင့်ကို နုပျိုငယ်ရွယ်အောင် ပံ့ပိုးကူညီပေးမယ့် စူပါအစားအစာများ
▶ ထောပတ်သီး
ကောင်းတဲ့အဆီနဲ့ အင်တီအောက်ဆီးဒင့်ပါလို့ အသားအရေ နုပျိုစေပါတယ်။
▶ ကန်စွန်းဥ
ဘီတာကယ်ရိုတင်းပါဝင်မှုများလို့ အသားအရေတင်းရင်းပြီး နေဒဏ်ကို ကာကွယ်ပေးပါတယ်။
▶ ဘလူးဘယ်ရီသီး
အင်သိုကန်နင်ဓာတ်ပါဝင်မှုများလို့ နေဒဏ်ကာကွယ် ပြီး အသားအရေကို တောက်ပြောင်စေပါတယ်။
▶ အယ်လ်မွန်သစ်စေ့
ဗီတာမင်အီးပါလို့ အသားအရေကို သစ်လွင်စေပြီး အိုမင်းမှုကို ဟန့်တားပေးပါတယ်။
▶Green Tea
ရောင်ရမ်းမှုကို တွန်းလှန်ပေးတဲ့ ပိုလီဖီနော ပါဝင်မှုများလို့ ကျန်းမာသက်ရှည်စေပါတယ်။
▶ ခရမ်းချဉ်သီး
လိုင်ကိုပင်းဓာတ်ပါဝင်မှုများလို့ အသားအရေကို အရွယ်မတိုင်ခင်အိုမင်းမှုမဖြစ်အောင် ကာကွယ်ပေးပါ တယ်။
▶ ကီဝီသီး
ဗီတာမင်စီပါဝင်မှုများလို့ ကော်လာဂျင်အထွက်တိုးပြီး ကိုယ်ခံအား ကောင်းစေပါတယ်။
▶ ချောကလက်
ဖလေဗနွိုက်ပါဝင်လို့ သွေးလှည့်ပတ်မှုကောင်းပြီး အသားအရေကို ရေဓာတ်ပြည့်ဝစေပါတယ်။

07/08/2026
07/08/2026

အခုနောက်ပိုင်းမှာ H.pylori ပိုး အတွေ့များလာတာဆိုရင် စစ်ဆေးမှုများလာတာလို့ ဖြေရပါမယ်။ ဘာကြောင့်လဲဆိုရင်တော့ ကျွမ်းကျင်သူတွေရဲ့ မှန်းဆချက်အရ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူဦးရေရဲ့ တစ်ဝက်လောက်က H.pylori ပိုး ကူးစက်ခံထားရတယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါကြောင့် တော်တော်များများမှာ ပိုးရှိနေတယ်၊ စစ်ဆေးမှုများတဲ့အတွက် ပိုတွေ့တယ်၊ အများစုမှာတော့ လက္ခဏာပြလေ့မရှိဘူးလို့ ပြောတယ်ပေါ့။

အကယ်၍များ သူက လက္ခဏာပြမယ်ဆိုရင် ဘယ်လိုလက္ခဏာလေးတွေ တွေ့ရမလဲဆိုတော့ ရင်ပြည့်မယ်၊ အစားအသောက် ပျက်တယ်၊ ပျို့တယ်၊ အန်တယ်ပေါ့။ နောက်တစ်ခါ ဗိုက်နာတာတွေ ဒါမျိုးတွေ တွေ့ရတတ်တယ်ပေါ့နော်။ ဘာကြောင့်ဖြစ်တာလဲဆိုရင် အစာအိမ်ထဲမှာရှိတဲ့ အစာအိမ်ပိုးလို့ခေါ်တဲ့H.pyloriပိုးက အစာအိမ်နံရံရဲ့အောက်ထဲမှာ ခိုအောင်းနေပြီးတော့ နာတာရှည်အစာအိမ်ရောင်ရမ်းမှုကို ဖြစ်စေတယ်။ ဒါကြောင့်မို့ အရှေ့မှာ ပြောခဲ့တဲ့ လက္ခဏာတွေ တွေ့တယ်၊ ကြာလာတဲ့အခါမှာ ဘာဆက်ဖြစ်နိုင်သလဲဆိုတော့ Peptic Ulcer လို့ခေါ်တဲ့ အစာအိမ်အနာကို ဆက်ပြီး ဖြစ်စေတယ်။ နောက်ဆက်တွဲ ပိုဆိုးတာကတော့ အစာအိမ်အကြီးကင်ဆာကို ဆက်ပြီး ဖြစ်နိုင်တယ်။ ဒါကြောင့် လူတွေမှာ အစာအိမ်ကင်ဆာကို ဖြစ်စေနိုင်တဲ့ အ ဓိကအကြောင်းရင်းဆိုရင်H.pylori ပိုးကြောင့် ဖြစ်ပါတယ်။ အစာအိမ်ကင်ဆာမျိုးရိုးရှိတဲ့သူတွေအနေနဲ့ ရှာဖွေစစ်ဆေးပြီး ကုသထားဖို့ လိုအပ်ပါတယ်။

H.pylori ပိုးကို ဘယ်လိုကာကွယ်မလဲ
-----------------------------------
ဘယ်ကဝင်ရောက်ကူးစက်သလဲဆိုတော့ အစားအသောက်ကပဲ ဝင်ရောက် ကူးစက်တာ ဖြစ်ပါတယ်။ ဒါကြောင့် H.pylori ပိုး ခန္ဓာကိုယ်ထဲ မဝင်ရောက်ချင်ရင်တော့ လတ်လတ်ဆတ်ဆတ် သန့်သန့်ရှင်းရှင်းဖြစ်တဲ့ အစားအသောက်တွေ စားမှပဲ ရပါမယ်။ ဒါပေမဲ့ အပြင်စာစားမယ်ဆိုရင်တော့ အနည်းနဲ့အများ ဝင်ရောက်နိုင်တဲ့အတွက် ပိုးဝင်တဲ့သူတွေလည်း များနေတာပေါ့နော်။ ဒါဆိုလို့ရှိရင်တော့ ကိုယ့်မှာ H.pylori ပိုးဝင်၊ မဝင် စစ်ဆေးပြီးတော့ ကုသမှု ခံယူဖို့ လိုပါတယ်။ ကုသပြီးရင်လည်း မသန့်တာ စားမိရင် ပြန်ပြီး ဖြစ်နိုင်ပါသေးတယ်။ အထူးသဖြင့်တော့ ရင်ပြည့်ရင်ကယ်ဖြစ်တဲ့သူတွေမှာတော့ ပိုးရှိ၊ မရှိ ရှာဖွေစစ်ဆေးပြီး ကုသမယ်၊ နောက်တစ်ခါ အစာအိမ်ကင်ဆာ ဖြစ်မှာကြောက်တဲ့သူတွေ၊ အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေများတဲ့သူတွေမှာလည်းပဲ အစာအိမ်ပိုးကို စစ်ဆေးပြီး ကုသဖို့အတွက် အကြံပြုချင်ပါတယ်။

ဘယ်လိုလူတွေ စစ်သင့်သလဲ
---------------------------
အစာအိမ်နံရံထိခိုက်နိုင်တဲ့ အခြေအနေရှိသူတွေ၊ ဥပမာအားဖြင့်တော့ ဆေးလိပ်၊ အရက်သောက်တဲ့သူတွေ၊ အကိုက်အခဲပျောက်ဆေးစားတဲ့သူတွေမှာ H.pyloriပိုးအခံရှိတယ်ဆိုရင် အစာအိမ်အနာနဲ့ အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေပိုများတဲ့အတွက် သူတို့မှာ စစ်ဆေးကုသဖို့ လိုအပ်ပါတယ်။
◾ ဒေါက်တာမိုးအောင်ကျော်နိုင်
(အထွေထွေရောဂါအထူးကု သမားတော်ကြီး) ◾

07/08/2026

ဒီနေ့လေးမှာ နေလို့ကောင်းပြီး စိတ်ချမ်းသာနေစေဖို့...
▶ တစ်နေ့တာအတွင်း ရေ ၂-၃ လီတာသောက်ပါ။
▶ တစ်နေ့ ၅-၁၀ မိနစ်ခန့် အသက်ရှူလေ့ကျင့်ခန်း/ တရားထိုင်ခြင်း ပြုလုပ်ပါ။
▶ နေ့စဉ် နာရီဝက်ခန့် အကြောဆန့်ခြင်း/ယောဂ ပြုလုပ်ပါ။
▶ အားနေရင် ဖုန်းပွတ်နေတာလိုမျိုး မလုပ်ဘဲ မလိုအပ်တဲ့ Screen Time ကို လျှော့ချပါ။
▶ ထိုင်တဲ့အခါ/အလုပ်လုပ်တဲ့အခါ ကိုယ်နေဟန်ကို မတ်မတ်နေပါ။
▶ အစာကို အလောတကြီးမစားဘဲ သေချာလေး ကြိတ်ဝါးစားပေးပါ။
▶ ကိုယ့်ပတ်ဝန်းကျင်က လူတွေအပေါ် အကြင်နာတရားပြသပါ။
▶ စိတ်ကို တည်ငြိမ်အေးချမ်းစေတဲ့ သီချင်း/စိတ်ခွန်အားမြင့်တက်စေမယ့် သီချင်း နားထောင်ပါ။

06/08/2026

အနာဂတ်မှာ ကျန်းမာလှပစေဖို့ အခုကတည်းက ဆင်ခြင်ရမယ့်အရာများ
(၁) အိပ်ရေးဝ၀ မအိပ်တာကို ဆင်ခြင်ပါ။
(၂) သကြားများတဲ့အစားအသောက်တွေ၊ ဆီကြော်စာ၊ တာရှည်ခံအောင် ပြုပြင်ထားတာတွေကို တတ်နိုင်သမျှ ဆင်ခြင်ပါ။
(၃) ဆေးလိပ်သောက်တာ၊ အရက်အလွန်အကျွံ သောက်တာကို ဆင်ခြင်ပါ။
(၄) စိတ်ဖိစီးမှု များတာ၊ အတွေးလွန်တာကို ဆင်ခြင်ပါ။
(၅) တစ်နေ့တာအတွင်း အထိုင်များတာ၊ လှုပ်ရှားမှုနည်းတာကို ဆင်ခြင်ပါ။
(၆) နေပူထဲထွက်ရင် Sunscreen မလိမ်းတာကို ဆင်ခြင်ပါ။
(၇) အဆိုးမြင်အတွေးတွေနဲ့ အားငယ်နေတာကို ဆင်ခြင်ပါ။

Address

Yangon

Telephone

01-385126

Website

Alerts

Be the first to know and let us send you an email when Golden Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share