အသည်းရောဂါကုကြမယ်

အသည်းရောဂါကုကြမယ် “ကူ၍လည်းကုသည်၊ ကုနိုင်အောင်လည်းကူကြမည်”

📌 အတူတူပဲလို့အများစုထင်နေကြတဲ့ အသည်းအားဆေး Silymarin နဲ့ Silybin ဘာကွာလဲ?---အသည်းရောဂါအခံ ရှိသူတွေ (အထူးသဖြင့် အသည်းအဆီဖ...
11/06/2026

📌 အတူတူပဲလို့အများစုထင်နေကြတဲ့ အသည်းအားဆေး Silymarin နဲ့ Silybin ဘာကွာလဲ?
---
အသည်းရောဂါအခံ ရှိသူတွေ (အထူးသဖြင့် အသည်းအဆီဖုံးတာ၊ အသည်းခြောက်တာ၊ အသည်းရောင်အသားဝါ (ဘီ)ပိုး၊ (စီ)ပိုးတို့ ကြောင့် အသည်းရောင်တာရှိလို့) ဆရာဝန် ညွှန်ကြားတဲ့ အသည်းအားဆေးတစ်မျိုးရှိပါတယ်။ မြန်မာလို "ဆူးလုံးပန်း (အနှစ်)” လို့ဘာသာပြန်ကြတာများပါတယ်။

သောက်ဖူးသူတိုင်း ဒီစကားလုံးလေးတွေကို ဆေးဘူးခွံပေါ်မှာ မြင်ဖူးကြပါလိမ့်မယ်။ "တချို့ဆေးဘူးမှာ Silymarin လို့ ရေးထားပြီး၊ တချို့ဆေးဘူးမှာ Silybin လို့ ဘာလို့ ရေးထားတာလဲ? ဘယ်ဟာက ပိုကောင်းတာလဲ?"
ဒီနေ့ "အသည်းရောဂါကုကြမယ်” က လူနာတွေ နားလည်ရလွယ်ဆုံး ဖြစ်အောင် ဒီလျှို့ဝှက်ချက်နဲ့ ဆေးသောက်တဲ့အခါ သတိထားရမယ့်အချက်တွေကို ရှင်းပြပေးသွားပါမယ်။
🍊 ဥပမာလေးတစ်ခုနဲ့ စပြီး စဉ်းစားကြည့်ရအောင်
ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် "ဗီတာမင် စီ" လိုချင်လို့ လိမ္မော်သီး စားကြတယ် မဟုတ်လား။
Silymarin (စီလီမာရင်) ဆိုတာ "လိမ္မော်သီး အခွံကော၊ အနှစ်ကော၊ အရည်ကော" အားလုံး စုပေါင်းထားတဲ့ "ဆူးပန်းလုံးအပင် (Milk Thistle)" ရဲ့ အဆီအနှစ် အစုအဝေးကြီး ဖြစ်ပါတယ်။
Silybin (စီလီဘင်) ဆိုတာကတော့... အဲဒီ လိမ္မော်သီးထဲကမှ အာနိသင်အရှိဆုံး ဖြစ်တဲ့ "ဗီတာမင် စီ (အနှစ်ချုပ်အစစ်)" ကိုပဲ သီးသန့် အဆင့်မြင့်ထုတ်ယူထားတာ ဖြစ်ပါတယ်။
"ဆိုလိုတာက Silymarin ထဲမှာ အသည်းကို ကာကွယ်ပေးတဲ့ အဓိက လက်နက်စစ်စစ်က Silybin ဖြစ်ပါတယ်"
❓ ဒါဆို Silybin ရေးထားတဲ့ ဆေးကိုပဲ ဝယ်သောက်ရင် ပိုမကောင်းဘူးလား?
"အနှစ်ချုပ်အစစ်" ဖြစ်တဲ့အတွက် Silybin က ပိုထိရောက်တာ မှန်ပါတယ်။ ဒါပေမဲ့ သူ့မှာ အားနည်းချက်တစ်ခု ရှိပါတယ်။ သာမန် Silybin အနှစ်အစစ်ဟာ ကျွန်တော်တို့ရဲ့ အူလမ်းကြောင်းကနေ စုပ်ယူရ တအားခက်ခဲပါတယ်။ သောက်လိုက်တဲ့ ဆေးအများစုဟာ အသည်းထဲကို မရောက်ဘဲ ဝမ်းထဲကို အလဟဿ ပါသွားတတ်ပါတယ်။
ဒါကြောင့် ဆေးဝါးပညာရှင်တွေက စုပ်ယူမှုအားကောင်းအောင် နည်းပညာအသစ်တစ်ခုနဲ့ မွမ်းမံပြီး "Silybin-Phospholipids" (Phytosome နည်းပညာ) ဆိုတာကို တီထွင်လိုက်ကြပါတယ်။
ဒီနည်းပညာကြောင့် သာမန်အသည်းဆေးတွေထက် ဘာတွေ ထူးခြားသွားလဲဆိုရင် -
စုပ်ယူမှု ၃ ဆထက်မက ပိုမြန်သွားတယ်: သောက်လိုက်တာနဲ့ အူကနေ အသည်းထဲကို တိုက်ရိုက် စိမ့်ဝင်သွားပါတယ်။
ဆေးလုံး အများကြီး သောက်စရာမလိုတော့ဘူး: သာမန်ဆေးဆိုရင် ခန္ဓာကိုယ်က ကောင်းကောင်း မစုပ်ယူနိုင်လို့ ဆေးလုံးအကြီးကြီးတွေ တစ်နေ့ ၃ ကြိမ်အထိ သောက်ရတတ်ပေမယ့်၊ ဒီနည်းပညာသုံးထားတဲ့ ဆေးကတော့ တစ်နေ့ ၁ လုံး သောက်ရုံနဲ့တင် ထိရောက်မှု အပြည့်အဝ ရစေပါတယ်။
အသည်းဆဲလ်အသစ်တွေကို ပြန်လည်မွေးဖွားပေးတယ် (Regeneration): သာမန်အားဆေးတွေက အသည်းအတွက် လိုအပ်တဲ့ အာဟာရပဲ ပေးနိုင်တာပါ။ ဒါပေမဲ့ Silymarin နဲ့ Silybin တို့ကျတော့ ပျက်စီးသွားတဲ့ အသည်းဆဲလ်ဟောင်းတွေနေရာမှာ "အသည်းဆဲလ်အသစ်တွေ အမြန်ဆုံး ပြန်လည်ဖွံ့ဖြိုး မွေးဖွားလာအောင်" အသည်းရဲ့ ဆဲလ်စက်ရုံတွေကို တွန်းအားပေး နှိုးဆွပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် သာမန်အားဆေးတွေထက် အသည်းကို တကယ်ပြုပြင်ပေးနိုင်တာ ဖြစ်ပါတယ်။
⚠️ ဆေးသောက်တဲ့အခါ သတိထားရမယ့် "မီလီဂရမ် (mg) အတိုးအလျှော့"
သာမန် Silymarin ဆိုရင် အသည်းအတွက် ထိရောက်ဖို့ တစ်နေ့ကို 280 mg ကနေ 420 mg ဝန်းကျင်အထိ (ခန္ဓာကိုယ် အခြေအနေပေါ်မူတည်ပြီး) ဆရာဝန်တွေက တိတိကျကျ တွက်ချက်ညွှန်ကြားရပါတယ်။
သတိပြုရန်အချက်: "ဆေးပမာဏ (mg) တအားများသွားရင်" သို့မဟုတ် မိမိသဘောနဲ့မိမိ ဆေးတွေ တိုးသောက်မိရင် ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝမ်းပျော့တာ၊ ဗိုက်ရစ်ပြီး ဝမ်းလျှောတာမျိုး ဖြစ်တတ်ပါတယ်။
ဒါကြောင့် အသည်းဆေး သောက်နေရင်း ဝမ်းခဏခဏ လျှောလာရင် ဆေးပမာဏ များနေတာမျိုး ဖြစ်နိုင်လို့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြန်လည်တိုင်ပင်ပြီး ဆေးပမာဏ ချိန်ညှိရပါမယ်။ (စုပ်ယူမှုအားကောင်းတဲ့ Silybin-Phospholipids ပုံစံဆိုရင်တော့ မီလီဂရမ်နည်းနည်းနဲ့ ထိရောက်လို့ ဒီလို ဝမ်းလျှောတဲ့ ပြဿနာ သက်သာစေပါတယ်)။
💡 “အသည်းရောဂါကုကြမယ်” ရဲ့ အကြံပြုချက် (Take-home Message)
ဈေးကွက်ထဲမှာ Silymarin ပါတဲ့ အသည်းဆေးတွေ တံဆိပ်အမျိုးမျိုး၊ ဖော်မြူလာအမျိုးမျိုး ရှိတဲ့အတွက် -
မိမိသောက်နေတဲ့ ဆေးဟာ သာမန်အပင်အဆီအနှစ်လား၊ စုပ်ယူမှုအားကောင်းအောင် ပြုပြင်ထားတဲ့ နည်းပညာမြင့်ဆေးလား ဆိုတာ စစ်ဆေးဖို့ လိုပါတယ်။
ဆေးဘူးပေါ်မှာ မီလီဂရမ် (mg) ချင်း တူနေရင်တောင် ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်း (Bioavailability) ချင်း မတူတဲ့အတွက် ဆေးအာနိသင် ကွာခြားသွားနိုင်ပါတယ်။
ဒါကြောင့် အသည်းရောဂါအခံ ရှိသူတွေအနေနဲ့ ဘယ်အသည်းဆေးက မိမိအသည်းအခြေအနေနဲ့ အကိုက်ညီဆုံးဖြစ်မလဲ ဆိုတာကို အပြင်မှာ အလွယ်တကူ ဝယ်သောက်တာထက် မိမိရဲ့ ပြသနေကျ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ညွှန်ကြားချက်အတိုင်း သောက်သုံးဖို့ အကြံပြုပါရစေခင်ဗျာ။
#အသည်းကျန်းမာရေးပညာပေး #အသည်းဆေး #ကျန်းမာရေးဗဟုသုတ #ကူကုကုကူ

အသည်းကျန်းမာရေးအတွက် Silymarin ရဲ့ အဓိက အကျိုးကျေးဇူး (၃) ချက်အသည်းဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်း...
10/06/2026

အသည်းကျန်းမာရေးအတွက် Silymarin ရဲ့ အဓိက အကျိုးကျေးဇူး (၃) ချက်

အသည်းဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာများစွာကို တာဝန်ယူပေးထားပါတယ်။ အသည်းကို ဂရုစိုက်ဖို့အတွက် ထိရောက်တဲ့ အထောက်အကူပြု ပစ္စည်းတစ်ခုဖြစ်တဲ့ Silymarin ဟာ ဘယ်လိုအကျိုးပြုလဲဆိုတာကို အချက် (၃) ချက်နဲ့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ဓာတ်တိုးဆန့်ကျင်စွမ်းအား (Antioxidant Defense)
အသည်းဆဲလ်တွေကို ဖျက်ဆီးတတ်တဲ့ Free Radicals တွေကို ချေဖျက်ပေးပါတယ်။ Oxidative Stress ကို လျှော့ချပေးခြင်းဖြင့် အသည်းဆဲလ်များကို ပျက်စီးမှုမှ ကာကွယ်ပေးပါတယ်။

၂။ ရောင်ရမ်းမှုနှင့် အမျှင်ဓာတ်ဖြစ်ပေါ်မှုကို တားဆီးပေးခြင်း (Anti-Inflammatory & Anti-Fibrotic)
အသည်းရောင်ရမ်းမှုကို လျော့နည်းစေပါတယ်။ ဒါ့အပြင် အသည်းတစ်ရှူးများ မာကျောလာစေတဲ့ Fibrosis ဖြစ်စဉ်ကိုလည်း တားဆီးပေးတာကြောင့် အသည်းကျန်းမာရေးကို ရေရှည်ထိန်းသိမ်းပေးပါတယ်။

၃။ အသည်းဆဲလ်များ ပြန်လည်ပြုပြင်ပေးခြင်း (Hepatocyte Regeneration)
ပျက်စီးသွားတဲ့ အသည်းဆဲလ်တွေကို ပြန်လည်ပြုပြင် (Repair) လုပ်ပေးပြီး၊ အသည်းတစ်ရှူးအသစ်များ ကြီးထွားလာစေရန် အားပေးခြင်းဖြင့် အသည်းလုပ်ဆောင်ချက် (Liver Function) ကို ပိုမိုကောင်းမွန်စေပါတယ်။

#အသည်းကျန်းမာရေးပညာပေး #အသည်းဆေး #ကျန်းမာရေးဗဟုသုတ #ကူကုကုကူ

24/05/2026

(ဘီ)ပိုးရှိကြောင်းသိသိခြင်း မိမိကုသမှုအတွက်
မစဉ်းစားခင် အတူနေမိသားစုဝင်တွေကို စစ်ပြီးကာကွယ်ဆေးထိုးဖို့ ဦးစားပေးလုပ်ဆောင်ပါ

13/05/2026

ရေသောက်ပါ
မနက်စာမမေ့ပါနဲ့
အချိုလျော့ပါ

12/05/2026

“ရန်ကုန်”လို မြို့ပြမျိုးမှာ (ဘီ)ပိုး
တွေ့ရှိမှုနှုန်းက
(စီ)ပိုး ထက်များပါတယ်။
သင်ကဘယ်မြို့ကလဲ? အဲ့ဒီမှာရော…?

“ဒီနေ့ဘာချက်လဲ? 😃 ဖြေပေးသွားကြပါအုံး- —-နေ့လည် ထမင်းစားချိန်လည်းရောက်ပြီမို့ အသည်းကျန်းမာရေးနှင့် အစားအသောက်တွေအကြောင်း ...
11/05/2026

“ဒီနေ့ဘာချက်လဲ? 😃 ဖြေပေးသွားကြပါအုံး-
—-

နေ့လည် ထမင်းစားချိန်လည်းရောက်ပြီမို့ အသည်းကျန်းမာရေးနှင့် အစားအသောက်တွေအကြောင်း ပြန်မျှဝေလိုက်ပါတယ် 📖👓

မှတ်ချက်။ ။ ဆောင်းပါးမို့ စာရှည်ပါမယ်…

ငယ်ဘဝဆိုတာနဲ့ စာအုပ်အငှါးဆိုင်လေးတစ်ခုဖြစ်ဖြစ်ပြေးမြင်မိတဲ့အထိ စာဖတ်အားကောင်းတဲ့မျိုးဆက်တစ်ခု ဖြတ်သန်းခဲ့ကြပြီး ယခုလက်ရှိ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်း ရောက်နေပြီဖြစ်သော စာဖတ်ဝါသနာပါသူများအတွက် ကလောင်ထက်ထက် သွက်သွက် နဲ့ အချက်အလက်စွဲမက်ဖွယ်ရေးသားထားတဲ့

“ဒီနေ့ဘာချက်လဲ?

အူမကိုဉာဏ်ဖြင့်တောင့်စေ
------------------------

နေ့စဉ် လူမှုဘဝထဲမှ အရေးတကာ့အရေးများထဲတွင် စား၊ ဝတ်၊ နေရေးသည်အရေးအကြီးဆုံးသာဖြစ်သည်။ "အူမတောင့်မှ သီလစောင့်နိုင်" ဟူသောမြန်မာစကားပုံပင်ရှိသေးသည်မဟုတ်ပါလော။

သူ့အလွှာ၊ သူ့အထွာနှင့်သူ မလွယ်ကူဟု ဆိုနိုင်သည့် ယခုလိုကာလမျိုးတွင် ပုံမှန်သုံးစွဲမှုပမာဏအောက် အနည်းနှင့်အများလျှော့ချကြရပြီး မည်သည့်ကိစ္စ၊ မည်သူ့အတွက် သုံးမည်ကို ဦးစားပေးအစဉ်အရရွေးချယ်နေကြရသည်။ သမာအာဇီဝလုပ်ကိုင်ခြင်းမှ ရရှိလာသော ငွေပမာဏတိုင်းသည် နည်းသည်များသည်မဆို မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း တစ်ပါးသူကပေးကမ်းသည့်အခါ တွင် လက်ခံရရှိသူဘက်မှလည်းကောင်း အကျိုးရှိရာရှိကြောင်း တန်ဖိုးထားသုံးစွဲအပ်လေသည်။

ဤကမ္ဘာလောကတွင် ဆင်းရဲမွဲတေမှုနှင့် ဉာဏ်ပညာချို့တဲ့ခြင်းတို့စုံလိုက်တိုင်း "ဒုက္ခသည်အစစ်"တစ်ဦးကိုဖွားမြင်သည်။ မိမိအူတစ်ခွေကိုပင် အနိုင်နိုင်တောင့်ထားရသော ဒုက္ခသည် ကျား-မ နှစ်ဦးသား နှုတ်ခမ်းပဲ့ချင်းမီးမှုတ်ကြလေသောအခါ ဒုက္ခသည်လူသားလေးတစ်ဦးကိုထပ်မံဖွားမြင်စေပြန်သည်။

တစ်လမ်းဝင်တစ်လမ်းထွက် တစ်နေကုန် ခြေလျှင်လျှောက်၍ ဈေးရောင်းရသော အထမ်းသည်လေး၏ ညနေအိမ်အပြန်တွင်‌ အရင်းငွေနှင့်နေ့လည်စာတစ်နပ်ဖိုးနှုတ်ပြီး ၂,၅၀၀ - ၃,၀၀၀ လောက်သာကျန်သည့်အခါ ဆန်တစ်ပြည်ဝယ်ပြီးကျန်ငွေနှင့် အဘယ်မည်သော အာဟာရဓာတ်ဆာများမှီဝဲရပါအံ့။ အဆုံးတွင် "အူမတောင့်ရေး...တို့အရေး" မိုးလင်းမိုးချုပ်ကြွေးကြော်ကာ ဦးစားပေးရွေးချယ်နေကြရသည့်နောက် နေ့စဉ်မိမိခန္ဓာကိုယ်အတွင်းသို့ တစ်ရက်မှသည် တစ်သက်စားနေမည့် ထမင်းနပ်များ၏ အကျိူးသက်ရောက်မှုများကိုမူ မတွေးတတ်, မတွေးနိုင်၊ မတွေးကြည့်၊ မတွေးကြတော့။

"ဒီနေ့ဘာချက်လည်း မမေးကြေး"

--

"Life is all about making choices"

ရွေးချယ်မှုများကို မသေမချင်းလုပ်ကြရသည်ကပင် ဘဝတည်း။ မိမိမြတ်နိုးတန်ဖိုးထား ချင်ခင်ရသူများနှင့်သေတပန်သက်တစ်ဆုံး နေထိုင်သွားလိုသူတစ်ယောက်အတွက် အသက်တိုစေမည့် အရာများမလုပ်ဖို့ ရွေးချယ်ခွင့်ရှိသလို၊ မြင်သူတိုင်းအားကျလောက်သည့် ခန္ဓာကိုယ်အချိုးအစားမျိုးကိုလိုချင်သူအတွက် ထိုက်သင့်သော ကိုယ်ကာယလေ့ကျင့်ခန်းများကို ကာလတစ်ခုကြာ ပုံမှန်လုပ်ဆောင်ခြင်းကိုရွေးချယ်နိုင်ပါ​၏။

မိမိတို့ရွေးချယ်လေ့လာကြသော သက်ဆိုင်ရာဆေးပညာ များအလိုက် ဗေဒင်ဆရာထက် သေချာအောင် ဟောနိုင်သည်မှာ ဆရာဝန်များဖြစ်သည်။ မကြာခဏဆိုသလို အရွေးမှားလေသော လူနာများအား"ဟော...ငါမပြောဘူးလား" ဆိုပြီး ကရုဏာဒေါသောဖြစ်ရသည်။ အသည်းရောဂါတော်တော်များများက တရုတ်ကားဆန်ဆန် "လွန်ခဲ့သော နှစ် ဘယ် နှစ်ဆယ်လောက်က" ဟူသည့် နောက်ကြောင်းပြန် ငယ်ဘဝဇာတ်ကွက်များပါလာတတ်သေး​၏။ ရွေးချယ်စရာ အသည်းရောဂါဥပမာများအနေဖြင့် - နှစ်ရှည်(ဘီ)ပိုးထိန်းဆေးတွေ မသောက်ချင်ဘူးဆို (ဘီ)ပိုးမဖြစ်ခင်ကာကွယ်ဆေးထိုးထားလိုက်။

သားသမီး၊မြေးမြစ်နဲ့ မိသားစုအနှစ်သာရ ပျော်ရွင်ကြည်နူးရမယ့်အချိန် ဗြုန်းဆို အစာမကြေသလိုခံစားရလို့ လျက်စားလေးစားနေမိရာကနေ ဆေးခန်းပြမှ အသည်းကင်ဆာမှန်းသိ ၊သိပြီး(၁) လအကြာ ဒီမိသားစုလေးကို အပြီးတိုင်ချန်ရစ်ခဲ့လိုက်ရတာမျိုးမဖြစ်ချင်ရင် လက္ခဏာ ပြပြမပြပြ ရှိမရှိလေးတော့ စစ်ဖူးတယ်ရှိအောင်စစ်ထားလိုက်။

(စီ)ပိုးရှိတာသိလိုက်ရင် (၁၂)ပတ်နဲ့ပျောက်နေပြီ ကုလိုက်။ (တတ်နိုင်တဲ့သူက အချိန်နည်းနည်းထပ်ဆွဲပြီး) အသည်းခြောက်တဲ့အဆင့်မှကုသမှုစတင်မယ်ဆိုရင် (၂၄) ပတ်သောက်ရမှာမို့ ဆေး ၂ ဆ၊ ကုန်ကျစရိတ် ၂ ဆ။ (ကိစ္စမရှိဘူးလေ တတ်နိုင်တဲ့သူဆိုတော့)

"အသည်းအစားထိုးဖို့ သိန်း လေးငါးရာ မတတ်နိုင်ဘူး" ဆို အစားထိုးရလောက်တဲ့ထိဖြစ်အောင်မနေနဲ့ ။

"အရက်ကိုမသောက်ရမနေနိုင်အောင်ကြိုက်တယ်" ဆို စမတ်ကျကျသောက်ပြီး သက်တမ်းစေ့လေး ဆက်ကြိုက်သွားချင်လား၊ ဒါမှမဟုတ် နောက် (၂)နှစ်ကြာ အရက်မပြောနဲ့ ရေကိုပါနှာခေါင်းပိုက်နဲ့ သောက်သွားချင်လား??

ရွေးချယ်ပါ...

အူမတောင့်ရုံမှအပ ရွေးစရာမရှိသည့် အခြေအနေမျိုးထိမရောက်ခင် "ကျန်းမာရေးအသားပေး စားသောက်ခြင်း" ဟူသည့်အချက်တစ်ခုကစ၍ ရွေးချယ်ကြပါစို့လား မိတ်ဆွေ။

ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်မှုပုံစံများကို ရွေးချယ်စားသောက်ရန် အဘယ်ကြာင့်အရေးကြီးသနည်း။ မြင်သာအောင် ဥပမာတစ်ခုအနေနှင့်ငွေစုခြင်းနှင့် နှိုင်းယှဥ်ပြလိုပါသည်။ တစ်ရက်လျှင် ငွေ ၁,၀၀၀(တစ်ထောင်) ကျပ်ကို မပျက်မကွက် စုဆောင်းကြမည်ဆိုပါစို့။ အောက်ပါအတိုင်းတွေ့ရပါမည်။

၁ ပတ် = ၇,၀၀၀
၁ လ (ရက် ၃၀) = ၃၀,၀၀၀
၁ နှစ် (၃၆၅ ရက်) = ၃၆၅,၀၀၀
၁၀ နှစ် = ၃,၆၅၀,၀၀၀

သင်​၏ လက်ရှိအချိန်မှစ၍ အထက်ပါအတိုင်းငွေစုသွားမည်ဆိုပါက နောက်အနှစ် (၂၀) တွင် ၇၃ သိန်း စုဆောင်းမိပြီးသားဖြစ်ပေလိမ့်မည်။

​သို့ဆိုလျှင် မွေးကတည်းက ယနေ့အထိတစ်နေ့ (၃) ကြိမ် ခန္ဓာကိုယ်ထဲဘာတွေ သွပ်သွင်းခဲ့ကြပြီး ဘာတွေစုစောင်းမိပြီး ဖြစ်ကြောင်း အနည်းဆုံးမှန်ရှေ့မတ်တပ်ရပ်ကြည့်ပါမိတ်ဆွေ။ ကျွန်ုပ်တို့ အမှုအမှတ်မဲ့စားခဲ့လိုက်ပုံများ ပြီးခဲ့သည့် စနေနေ့ ညစာဘာနဲ့စားခဲ့သလဲ ဆိုတာပြန်စဉ်းစားရင်ရေးတေးတေးဖြစ်နေကြပြီ။ အစားကိုဆေးလိုမစားလျှင် ဆေးကိုအစားလိုစားရမည်ကို အနည်းငယ် သတိပြုရန်လိုပြီဟုသာဆိုချင်ပါသည်။

တစ်ခါတစ်ရံ ပွဲလမ်းသဘင်တွင် လူမှန်းသူမှန်းမသိ မူးရူးအောင်သောက်တတ်သည့်သူများ (Social Drinking) တွင် ခန္ဓာကိုယ်ကျန်းမာရေးထက် အခြားလူမှုဘဝ ထိခိုက်မှု (Social Impact) များပြီးရေရှည်ခန္ဓာကိုယ်ကျန်းမာရေးဆိုင်ရာ ယိုယွင်းပျက်စီးမှု (Physical Health Hazards ) များကို နေ့စဉ်ပုံမှန် ဖြင့်နှစ်ကာလတစ်ခုကြာသောက်ကြသူများတွင်တွေ့ရလေ့ရှိပါသည်။ (ချွင်းချက် ။ ။ တစ်ခါဆို ဆိုသလောက် အလွန်အကျွံပမာဏတစ်ခုသောက်မိလျှင်လည်း ပြင်းထန်သောပန်ကရိယရောင်ရမ်းခြင်း (Acute Pancreatitis) ဖြင့် မုန့်ဟင်းခါးချက်ရနိုင်ကြောင်း သတိချပ်)

အများစုက " ရောဂါဝင်၊ ရောဂါရ၊ ရောဂါဖြစ်" စသဖြင့် ကာယကံရှင်ရောဂါသည်ကို အပြစ်မဲ့၊ ခံရသူ(Victim) နေရာထား သုံးနှုန်းခြင်းဖြင့် ကရုဏာသက်ကြပါသည်။ ကရုဏာတရားရှေ့ထားလုပ်ဆောင်ခြင်းက ကောင်းမွန်သောအရာဖြစ်သော်လည်း အကြောင်းတရားအစစ်အမှန်ကို မျက်ကွယ်ပြုချန်လှပ်ကြသည့်အခါ သင်ခန်းစာယူ ဆင်ခြင်ဖွယ် (Awareness) ပျောက်သွားပြီး အလားတူအကြောင်းတရားများကို အခြားသူများ ကျူးလွန်မိစေနိုင်သဖြင့် စားလို့ဖြစ်လျှင်စားသူအပြစ်၊ သွားလို့ဖြစ်လျှင်သွားသူအပြစ်၊ အပြစ်ဖြစ်မည်ကိုသိလျက်မတားလျှင် မတားသူအပြစ် ဟုလည်း ရှုထောင့်တစ်မျိုးမှမြင်မှတ်၊ သတိကပ်စေလိုပါသည်။

အမှန်တွင် ကျွန်ုပ်တို့ကသာ ရောဂါအများစုကို မိမွေးဖမွေး ခန္ဓာကိုယ် တိုက်ခန်းအသစ်လေးမှာ နေစရာ၊ စားစရာ၊ ရေမီးအစုံ Fully Furnished ဖြင့် မိမိကိုသတ်မည့်လူသတ်သမားကို ကိုယ့်စရိတ်ကိုယ်စိုက်ပြီး "လာပါ၊ နေပါ၊ တစ်နေ့ကျ ငါ့ကိုသတ်ပါ" လုပ်ကြသည့်သဘောဖြစ်သည်။ အိမ်တစ်အိမ်၊ မိသားစုတစ်စု အနာရောဂါကင်းဝေးရေးအတွက် မီးဖိုချောင်၏ အခန်းကဏ္ဍသည် အရေးအကြီးဆုံးဖြစ်ပြီး တာဝန်ယူဆောင်ရွက်လျက်ရှိသော အိမ်ရှင်မ၊ အိမ်ရှင်ထီးကြီး များ​၏ မှန်ကန်သော အာဟာရဆိုင်ရာကျန်းမာရေးဗဟုသုတရှိရှိ ရွေးချယ် ဆောင်ရွက်ခြင်းဖြင့် မိမိတို့ချစ်ခင်တွယ်တာ၊ မြတ်နိုးတန်ဖိုးထားရပါသောမိသားစုဝင်များ၏ ခန္ဓာကိုယ်အတွင်း ရောဂါအိမ်​လေးများဖန်တီးတည်ဆောက်မိပြီး Homicide-Sucide အမှုမျိုးမကျူးလွန်မိကြစေရန် အသိတစ်ခု သတိပြုနိုင်ကြပါစေ။

​ရှင်သန်ခြင်းတိုင်းတွင် မျှော်လင့်ချက်သေးသေးလေးတစ်ခုမှ ကမ္ဘာကျော်အောင်မြင်မှုအိပ်မက်များ အရင်းခံသည်။ ရည်ရွယ်ချက်တစ်ခုနှင့် အသက်ရှင်ဖို့ လုပ်ကြပြီ၊ စားကြပြီဆိုလျှင် "ဘယ်လို၊ ဘယ်ပုံ၊ ဘယ်မျှ၊ ဘယ်ကာလထိ" ဆ်ိုသည်လည်းထည့်စဉ်းစားပြီး ရွေးချယ်ကြရပါမည်။ ကိုယ်တစ်ကိုယ်စာမဟုတ်ဘဲ တစ်မိသားစု၊ တစ်လမ်း၊ တစ်ရပ်ကွက်၊ တစ်သင်းတစ်ဖွဲ့၊ တစ်ကုမ္ပဏီ၊ တစ်တိုင်းတစ်ပြည် စသဖြင့် အများအတွက်ရည်ရွယ်လုပ်ဆောင်နေသူ၊ တာဝန်ထမ်းရွက်ရသူများဖြစ်လျှင် သာ၍ပင် လိုသေး​၏။ တစ်ထောင်ဖိုးတောင့်နိုင်နိုင်၊ တစ်သိန်းဖိုးတောင့်နိုင်နိုင် ၊ အရှည်ကိုတွေးလို့ အူမကို ဉာဏ်ဖြင့်တောင့်နိုင်ကြစေရန် တိုက်တွန်းရင်း "ဒီနေ့...ဘာချက်လဲ" အာဟာရဆောင်းပါးကဏ္ဍ အပိုင်း(၁) အဖြစ် ရေးသားဖော်ပြလိုက်ရပါသည်။

#အသည်းရောဂါကုကြမယ်



10/05/2026

ဆေးခန်းသွားပြတဲ့အခါ ဆရာဝန်က
“ဘာအလုပ်လုပ်လဲ?”
လို့မေးတာခံရဖူးလား?

05/05/2026

ဘီပိုးထိန်းဆေးကို ပုံမှန်သောက်နေလျက်နဲ့ အခွံပမာဏက မကျတဲ့အပြင် တက်လာတာ ကြုံဖူးကြလား?

အသည်းရောဂါကုကြမယ် ရဲ့ အသည်းရောင် အသားဝါ B ပိုး ကုသနေသူများအတွက် သတင်းကောင်းပါမိုးရာသီ promotion အနေနဲ့ နေ့စဉ်သောက်နေရသော...
22/05/2025

အသည်းရောဂါကုကြမယ် ရဲ့ အသည်းရောင် အသားဝါ B ပိုး ကုသနေသူများအတွက် သတင်းကောင်းပါ
မိုးရာသီ promotion အနေနဲ့ နေ့စဉ်သောက်နေရသော ဆေးများထဲက စရိတ်မျှပေးသက်သာနှုန်းထား အနေဖြင့်တစ်လ 45000 ကျပ်သာ ကျသင့်မှာပါရှင့်

အသည်းရောင် အသားဝါ C ပိုး (HCV) သည် နာတာရှည်ရောဂါဖြစ်စေနိုင်ပြီး အသည်းခြောက်ခြင်း၊ အသည်းကင်ဆာနှင့် အသည်းပျက်စီးခြင်းတို့က...
17/05/2025

အသည်းရောင် အသားဝါ C ပိုး (HCV) သည် နာတာရှည်ရောဂါဖြစ်စေနိုင်ပြီး အသည်းခြောက်ခြင်း၊ အသည်းကင်ဆာနှင့် အသည်းပျက်စီးခြင်းတို့ကို ဖြစ်စေနိုင်သည်။သို့သော် ယနေ့ခေတ်တွင် Hepatitis C ကို ၉၅-၉၉%အထိ ပျောက်ကင်းအောင် ကုသနိုင်ပြီဖြစ်သည်
အသည်းရောင် အသားဝါ C ပိုး (Hepatitis C) ကုသရေး ခရီးစဉ်မှာ ဆေးသောက်ရန်ကြာမြင့်ချိန် ၆ လဝန်းကျင်သာ ရှိပါသည် ။ ပျောက်ကင်းဖို့လည်းရာခိုင်နှုန်းများတာမို့ ကူးစက်ခံရသူတွေအတွက် နောက်ဆက်တွဲဆိုးကျိုးတွေ မခံစားရစေဖို့ လက်ရှိ ကိုယ့်အနီးဝန်းကျင်ရှိ ချစ်ခင်သူများကို မကူးစက်စေဖို့ နဲ့ ကိုယ်တိုင် ရောဂါကင်းရှင်းပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ကုသဖို့လိုအပ်ပါသည်။

အရေးကြီးသော အချက်များ
✅ HCV ပိုးရှိသူများသည် အရက်လုံးဝမသောက်သင့်ပါ
✅ ကုသမှုအောင်မြင်ပါက ဆရာဝန် ဖြင့် medical check up 6 လတကြိမ် ပြန်ပြဖို့လိုပါသည်
Cပိုး ပျောက်သွားသော်လည်း အသည်းအခြေအနေစောင့်ကြည့်ရန်နှင့် အသည်းခြောက် အသည်းကင်ဆာ ဖြစ်နိုင်ချေ risk ရှိသေးသောကြောင့် စောစောသိနိုင်ရန် ပြသသင့်ပါသည်
✅ HCV ကာကွယ်ဆေးမရှိသေးပါ(သို့သော် ကုသနိုင်သော ဆေးများရှိပါသည်)။
✅HCV ပိုးရှိမရှိ သံသယရှိပါက တတ်ကျွမ်းနားလည်သော ဆရာဝန်ဖြင့်သာ ပြသပါ
ဆေးမြီးတို ဖြင့်ကုသခြင်းကို ရှောင်ပါ

ကုသရေးကုန်ကျစရိတ်များအတွက်လည်း ပူပင်စရာမလိုပဲ အတိုးမဲ့ အတိုးမဲ့ အရစ်ကျ ကုသနိုင်ပြီး မြန်မာနိုင်ငံမည်သည့်နေရာကမဆို ဆွေးနွေးကုသနိုင်တာမို့ အသေးစိတ်သိရှိလိုသည်များကို chat box သို့ viber phone number တွင် စာရိုက်မေးမြန်းနိုင်ပါတယ်ရှင့်

Address

549
Yangon
11072

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 15:30
Saturday 09:00 - 12:00

Telephone

+959668428421

Website

Alerts

Be the first to know and let us send you an email when အသည်းရောဂါကုကြမယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to အသည်းရောဂါကုကြမယ်:

Share