Haresol

Haresol Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Haresol, Medical and health, Room 1206, Crystal Tower, Kamaryut Township, Yangon.

“ဝမ်းပျက်ဝမ်းလျှောတဲ့အခါ ဘယ်အချိန်မှာ ဆေးရုံသွားမလဲ။” အခုလို မိုးရာသီမှာ လူကြီး၊ လူငယ် နဲ့ ကလေးတွေ ဝမ်းပျက်ဝမ်းလျှော အဖြ...
25/08/2026

“ဝမ်းပျက်ဝမ်းလျှောတဲ့အခါ ဘယ်အချိန်မှာ ဆေးရုံသွားမလဲ။”

အခုလို မိုးရာသီမှာ လူကြီး၊ လူငယ် နဲ့ ကလေးတွေ ဝမ်းပျက်ဝမ်းလျှော အဖြစ်များလေ့ရှိပါတယ်။ အထူးသဖြင့် ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ဝမ်းပျက်ဝမ်းလျှောတဲ့အခါ ရေဓာတ်ခမ်းခြောက်တာ အရမ်းမြန်လို့ ပေါ့ဆလို့ မရပါဘူး။

လူကြီးရော ကလေးမှာပါ အောက်မှာပြောထားတဲ့ အန္တရာယ်လက္ခဏာတွေ တွေ့လာပြီဆိုရင်တော့ အိမ်မှာပဲ ဆက်စောင့်ကြည့်မနေသင့်ပဲ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်း သွားပြဖို့ လိုအပ်ပါတယ်။

❗️လူကြီးရော ကလေးပါ ဆေးရုံကို ချက်ချင်း သွားရမယ့် လက္ခဏာများ -

⚠️ဝမ်းထဲ သွေးပါတာ၊ ဝမ်းအမည်း (ကတ္တရာစေးလို) သွားတာ

⚠️ကိုယ်ပူချိန် အလွန်မြင့်ပြီး ပြင်းပြင်းထန်ထန် ဖျားတာ (102’F) သို့မဟုတ် (39’C) အထက်

⚠️ပြင်းထန်စွာ ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာပြတာ (အလွန်အမင်း ရေငတ်တာ၊ ပါးစပ်နဲ့ လျှာတွေ ခြောက်ကပ်နေတာ၊ ဆီးအလွန်နည်းတာ ဒါမှမဟုတ် လုံးဝမသွားတာ၊ အလွန်အမင်း နုန်းခွေပြီး ခေါင်းမူးတာ)

⚠️ရက်ရှည် ဝမ်းလျှောတာ (လူကြီးဆိုရင် ၂ ရက်ကျော်၊ ကလေးငယ်ဆိုရင် ၂၄ နာရီကျော်တဲ့အထိ မသက်သာတာ)

👶 ကလေးငယ်တွေဆိုရင်တော့... ဒါတွေကို ပိုပြီး သတိထားကြည့်ပေးပါ -

ကလေးတွေက လူကြီးတွေထက် ရေဓာတ်ခမ်းခြောက်တဲ့ ဒဏ်ကို ပိုမခံနိုင်ကြပါဘူး။ ဒါကြောင့် အပေါ်က အချက်တွေအပြင် အောက်ပါအခြေအနေမျိုး တွေ့ရင် ပိုပြီး ဂရုစိုက်ပေးဖို့ လိုပါတယ်။

❗️၃ နာရီကျော်တဲ့အထိ ဆီးလုံးဝမသွားတော့တာ (ဒိုင်ပါ ဒါမှမဟုတ် အဝတ်စို ခြောက်သွေ့နေတာ)

❗️ငိုပေမယ့် မျက်ရည် လုံးဝမထွက်တာ

❗️ကလေးရဲ့ ဗိုက်လေးတွေ၊ မျက်တွင်းတွေ ဒါမှမဟုတ် ပါးလေးတွေ သိသိသာသာ ချိုင့်ဝင်သွားတာ

❗️ဗိုက်အရေပြားကို အသာအယာ ဆွဲညှစ်ပြီး လွှတ်လိုက်တဲ့အခါ ချက်ချင်း ပြန်မကျဘဲ တွန့်လိပ်နေတာ

❗️ပုံမှန်မဟုတ်ဘဲ အလွန်အမင်း မှိန်းနေတာ၊ အိပ်ငိုက်နေတာ၊ ဂျီကျပြီး အငိုမတိတ်တာ

အကြံပြုလိုတာကတော့ အထက်မှာ ပြောထားတဲ့ ပြင်းထန်လက္ခဏာမျိုးတွေ မဖြစ်ရအောင် ကလေး၊ လူကြီး မရွေး ဝမ်းပျက်ဝမ်းလျှော ဖြစ်ပြီဆိုတာနဲ့ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်တွေကို အမြန်ဆုံးပြန်ဖြည့်ပေးနိုင်တဲ့ WHO ရဲ့ ဖော်မြူလာအသစ်နဲ့ ထုတ်လုပ်ထားတဲ့ Haresol ဓာတ်ဆားကို အညွှန်းအတိုင်းဖျော်စပ်ပြီး စနစ်တကျ သောက်သုံး/တိုက်ကျွေး ပေးဖို့ မမေ့ပါနဲ့နော်။

#ဓာတ်ဆား

“အလုပ်ကြောင့်၊ ရာသီဥတုကြောင့် မောပန်းနွမ်းနယ်နေသူများအတွက် ခွန်အားပြန်ဖြည့်နည်း ၅ နည်း🔋✨” တစ်နေ့တာအလုပ်တွေကြားမှာ မောပန်...
22/08/2026

“အလုပ်ကြောင့်၊ ရာသီဥတုကြောင့် မောပန်းနွမ်းနယ်နေသူများအတွက် ခွန်အားပြန်ဖြည့်နည်း ၅ နည်း🔋✨”

တစ်နေ့တာအလုပ်တွေကြားမှာ မောပန်းနွမ်းနယ်လာတာ၊ ပူပြင်းတဲ့ရာသီဥတုကြောင့် အားအင်ကုန်ခမ်းသလို ခံစားရတာတွေ ရှိတတ်ပါတယ်။
ဒီလိုအချိန်တွေမှာ ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးဖို့ ဒီနည်းလမ်းလေးတွေနဲ့ စမ်းသပ်ကြည့်နော်။👇

① ရေဓာတ်ပြည့်ဝအောင် သောက်ပါ 💧
တစ်နေ့တာအတွင်း ရေကို ပုံမှန်သောက်ပေးပြီး ချွေးထွက်များတဲ့အချိန်တွေမှာ ရေဓာတ်ဆုံးရှုံးမှု မဖြစ်အောင် ဂရုစိုက်ပါ။

② အာဟာရပြည့်ဝတဲ့ အစားအစာစားပါ 🍎🥗
အလုပ်များလို့ နေ့လည်စာမစားပဲနေလိုက်တာမျိုး မလုပ်ဘဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ ရရှိအောင် မျှတစွာ စားသုံးပါ။

③ ခဏနားပြီး ခန္ဓာကိုယ်ကို အနားပေးပါ 😌
အလုပ်ကို ဆက်တိုက်လုပ်နေမယ့်အစား ၁၅ မိနစ်၊ နာရီဝက်လောက် အနားယူပေးခြင်းက စိတ်ရော ကိုယ်ရော ပြန်လည်လန်းဆန်းဖို့ ကူညီပေးနိုင်ပါတယ်။

④ ပူပြင်းတဲ့ရာသီဥတုမှာ ကိုယ်လက်လှုပ်ရှားမှုကို ဂရုစိုက်ပါ ☀️
မိုးမရွာပဲ နေပူကျဲတဲဖြစ်နေတဲ့အချိန် အပြင်းအထန်လှုပ်ရှားခြင်းကို ရှောင်ကျဉ်ပါ။

⑤ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးမှုရှိနိုင်တဲ့အချိန်မှာ Haresol ကို သတိရပါ ⚡️
ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ချွေးထွက်များခြင်းတို့ကြောင့် ခန္ဓာကိုယ်မှာ ရေနဲ့ ဓာတ်ဆား တွေ ဆုံးရှုံးနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ WHO ရဲ့ စံချိန်စံညွှန်းအတိုင်း ထုတ်လုပ်ထားတဲ့ Haresol ဓာတ်ဆား က ရေနဲ့ ဓာတ်ဆား တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ အကူအညီပေးမှာပါ။

💙ရေနဲ့ ဓာတ်ဆား ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းဖို့ Haresol ကို သတိရလိုက်ပါ။

#ဓာတ်ဆား

မိုးတွင်း တုပ်ကွေးနဲ့ ရာသီတုပ်ကွေးဖြစ်ရင် ဓာတ်ဆားဘာလို့ မဖြစ်မနေ သောက်ပေးရမလဲ…?🤒🌧️”မိုးတွင်းကြီး ကိုယ်အပူချိန်တက်၊ ခေါင်...
21/08/2026

မိုးတွင်း တုပ်ကွေးနဲ့ ရာသီတုပ်ကွေးဖြစ်ရင် ဓာတ်ဆားဘာလို့ မဖြစ်မနေ သောက်ပေးရမလဲ…?🤒🌧️”

မိုးတွင်းကြီး ကိုယ်အပူချိန်တက်၊ ခေါင်းတွေအုံ၊ တစ်ကိုယ်လုံး ကိုက်ခဲပြီး တုပ်ကွေးမိပြီဆိုရင်...

"ဆေးသောက်လိုက်ရင် ရပြီ" လို့ပဲ ထင်ထားကြတာများပါတယ်နော်။ 🤔

တကယ်တော့ တုပ်ကွေးဖြစ်တဲ့အခါ ဆေးသောက်ရုံတင်မကဘဲ "ဓာတ်ဆားရည်" ကိုလည်း ဖြည့်ပေးဖို့ အရမ်းလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ -

၁။💧အပူကြီးပြီး ချွေးထွက်လွန်လို့ ရေနဲ့ဓာတ်ဆား ကုန်ခမ်းတာ

တုပ်ကွေးဖြစ်ရင် ကိုယ်အပူချိန်တက်လာသလို ခန္ဓာကိုယ်က အပူကို လျှော့ချဖို့ ချွေးတွေ ဒလဟော ထွက်ရပါတယ်။ ချွေးနဲ့အတူ ရေတင်မကဘဲ ခန္ဓာကိုယ်အတွက် မရှိမဖြစ် ဓာတ်ဆား (Electrolytes) တွေပါ အမြောက်အမြား ပါသွားတာကြောင့် လူက ပိုပြီး နုံးချည့် လာတာပါ။

၂။🤢အော့အန်တာနဲ့ အစားအသောက် ပျက်တာ

တုပ်ကွေးကြောင့် မအီမသာဖြစ်ပြီး အန်တာ၊ အစားမဝင်တာတွေပါ ဖြစ်လာခဲ့ရင် ခန္ဓာကိုယ်ထဲ ရေဓာတ်ခမ်းခြောက်မှု (Dehydration) ပိုမြန်လာပါတယ်။

၃။⚡️ကိုယ်ခံအားစနစ်အတွက် စွမ်းအင် ပြန်ဖြည့်ပေးဖို့

တုပ်ကွေးဗိုင်းရပ်စ်ကို ခန္ဓာကိုယ်က ပြန်တိုက်ထုတ်နိုင်ဖို့ စွမ်းအင်နဲ့ ရေဓာတ် မျှတနေဖို့ လိုပါတယ်။ ဓာတ်ဆားရည်က ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ အာဟာရကို မျှတအောင် ပြန်ဖြည့်ပေးပြီး လူကို ပြန်လန်းဆန်းစေပါတယ်။

ဒါကြောင့် မိုးတွင်း တုပ်ကွေးမိပြီဆိုရင် WHO ရဲ့ Formula အတိုင်း ထုတ်လုပ်ထားတဲ့ Haresol ဓာတ်ဆားလေးကို သောက်ပြီး ရေနဲ့ဓာတ်ဆား ဆုံးရှုံးမှုကို ကာကွယ်လိုက်ရအောင်။

#ဓာတ်ဆား

ဓာတ်ဆားသောက်တိုင်း ခန္ဓာကိုယ်က တကယ်စုပ်ယူနိုင်ရဲ့လား?⚡️” ဝမ်းပျက်ဝမ်းလျှောလို့ ဒါမှမဟုတ် ချွေးထွက်လွန်လို့ ဓာတ်ဆားရည်သော...
20/08/2026

ဓာတ်ဆားသောက်တိုင်း ခန္ဓာကိုယ်က တကယ်စုပ်ယူနိုင်ရဲ့လား?⚡️”

ဝမ်းပျက်ဝမ်းလျှောလို့ ဒါမှမဟုတ် ချွေးထွက်လွန်လို့ ဓာတ်ဆားရည်သောက်လိုက်ပေမယ့် နုံးချည့်တာ၊ ပင်ပန်းနွမ်းနယ်တာ တွေမလျော့သွားပဲ ဝမ်းသွားတာလည်း ပိုများလာမျိုး ဖြစ်ဖူးကြပါသလား?

🤔ဒါတွေက ဘာကြောင့် ဖြစ်ရတာလဲ??
ဓာတ်ဆားရည်သောက်လိုက်ပေမယ့် ရေနဲ့ ဓာတ်ဆားဆုံးရှုံးတဲ့ လက္ခဏာတွေ မသက်သာသွားဘူး၊ ဝမ်းလည်း ပိုလျှောလာတယ်ဆိုရင် သင့်ခန္ဓာကိုယ်က သင်သောက်လိုက်တဲ့ ဓာတ်ဆားကို မစုပ်ယူနိုင်လို့ပဲ ဖြစ်ပါတယ်။

👉ခန္ဓာကိုယ်က အလွယ်တကူစုပ်ယူနိုင်တဲ့ ဓာတ်ဆားဖြစ်ဖို့ ဘာတွေ လိုအပ်လဲ??
ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို အလွယ်တကူနဲ့ အလျှင်အမြန် စုပ်ယူနိုင်ပြီး အစွမ်းထက်တဲ့ ဓာတ်ဆားဖြစ်ဖို့ဆိုရင်တော့..
✅ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ Low-Osmolarity Formula အတိုင်း ထုတ်လုပ်ထားတဲ့ ဓာတ်ဆားဖြစ်ဖို့လိုပါတယ်။ (ဥပမာ-Haresol)
✅ ဓာတ်ဆားထုပ်မှာ ဖော်ပြထားတဲ့ အညွှန်းအတိုင်း တိတိကျကျ ဖျော်စပ်ရန် လိုအပ်ပါတယ်။
✅ဓာတ်ဆားဖျော်စပ်ရာမှာ ရေသန့် (သို့) သေချာစွာ ကျိုချက်ထားတဲ့ ရေကျက်အေးဖြင့်သာ ဖျော်စပ်ဖို့ လိုအပ်ပြီး ၂၄ နာရီအတွင်း ကုန်အောင် သောက်သုံးရန် လိုအပ်ပါတယ်။

💙Haresol ဓာတ်ဆားမှာဆိုရင် Glucose ,Sodium နဲ့ Potassium တို့ကို WHO ရဲ့ စံချိန်စံညွှန်းအတိုင်း အချိုးကျကျ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ အူလမ်းကြောင်းမှ ရေနဲ့ ဓာတ်ဆားကို အလွယ်တကူ စုပ်ယူနိုင်အောင် အကူအညီပေးပါတယ်။

ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတိုင်းမှာ အလွယ်တကူ ပြန်လည်ဖြည့်ဆည်းပေးဖို့ Haresol ဓာတ်ဆားကို အိမ်တိုင်း ဆောင်ထားကြဖို့ မမေ့နဲ့နော်။🥰
အခုဆို City Care ဆေးဆိုင်များမှာလည်း အလွယ်တကူ ဝယ်လို့ ရနေပြီနော်။😊
#ဓာတ်ဆား

မိုးတွင်းမှာ ဝမ်းလျှောရင် ရေပဲသောက်ရုံနဲ့ မလုံလောက်တဲ့ အကြောင်းရင်း💧🌧️”မိုးတွင်းမှာ ယင်နားစာတွေ၊ မသန့်ရှင်းတဲ့ အစားအစာနဲ...
19/08/2026

မိုးတွင်းမှာ ဝမ်းလျှောရင် ရေပဲသောက်ရုံနဲ့ မလုံလောက်တဲ့ အကြောင်းရင်း💧🌧️”

မိုးတွင်းမှာ ယင်နားစာတွေ၊ မသန့်ရှင်းတဲ့ အစားအစာနဲ့ သောက်ရေတွေကြောင့် ဗိုက်မအီမသာဖြစ်ပြီး ဝမ်းလျှောပြီဆိုရင် လူတော်တော်များများက "ရေများများသောက်လိုက်ရင် ရမှာပါ" လို့ တွေးလေ့ရှိကြတယ်မလား။

ဒါပေမဲ့ တကယ်တော့ ဝမ်းလျှောတဲ့အခါ ရိုးရိုးရေသောက်ရုံနဲ့ မလုံလောက်ပါဘူးနော် ❗️❗️

👉ဝမ်းသွားတဲ့အခါ ခန္ဓာကိုယ်ထဲက ရေတင်မကဘဲ အရေးကြီးတဲ့ 🧂ဓာတ်ဆား (Electrolytes) တွေပါ အတူတူ ထွက်သွားတာပါ။

ဒီအချိန်မှာ ဓာတ်ဆားမပါတဲ့ ရိုးရိုးရေသန့်ပဲ အတင်းသောက်နေရင် ခန္ဓာကိုယ်ထဲက ဆားဓာတ်တွေ ပိုကျသွားပြီး

😞ပိုနုံးချည့်တာ၊

😵‍💫ခေါင်းမူးတာ၊

😮‍💨အားမရှိတော့တာမျိုး ဖြစ်လာနိုင်ပါတယ်။

✅ ဒါဆို ဘာလုပ်ရမလဲ?

ဝမ်းတစ်ကြိမ်သွားတိုင်း ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားတွေကို ကွက်တိ ပြန်ဖြည့်ပေးဖို့ Haresol ဓာတ်ဆား ရှိပါတယ်။

Haresol ဟာ WHO စံချိန်စံညွှန်းအတိုင်း သေချာဖော်စပ်ထားလို့ အူလမ်းကြောင်းကနေ ရေနဲ့ ဓာတ်ဆားကို အမြန်ဆုံး စုပ်ယူနိုင်ပြီး ဝမ်းလျှောလို့ ကုန်ခမ်းသွားတဲ့ ရေနဲ့ ဓာတ်ဆားတွေကို ပြန်လည် ဖြည့်တင်းပေးကာ အားအင်တွေကို ချက်ချင်း ပြန်ဖြည့်ပေးနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှော အဖြစ်များတဲ့ မိုးရာသီမှာ Haresol ဓာတ်ဆားကို ဆောင်ထားကြဖို့ မမေ့နဲ့နော်။

#ဓာတ်ဆား

“ကလေးတွေ မိုးတွင်းမှာ ဝမ်းသွားရင် မိဘတွေ မမှားသင့်တဲ့ ရှေးဦးပြုစုနည်းများ👶🛡️” မိုးရာသီမှာ ယင်နားစာနဲ့ မသန့်ရှင်းတဲ့ရေတွေ...
17/08/2026

“ကလေးတွေ မိုးတွင်းမှာ ဝမ်းသွားရင် မိဘတွေ မမှားသင့်တဲ့ ရှေးဦးပြုစုနည်းများ👶🛡️”

မိုးရာသီမှာ ယင်နားစာနဲ့ မသန့်ရှင်းတဲ့ရေတွေကြောင့် ကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှော အဖြစ်များတတ်ပါတယ်။ ကလေး ဝမ်းသွားတဲ့အခါ စိတ်ပူပြီး မသိဘဲ မှားယွင်းပြုစုမိရင် အသက်အန္တရာယ်အထိ စိုးရိမ်ရတာမို့ မိဘတွေအနေနဲ့ အောက်ပါ ရှေးဦးပြုစုနည်းတွေကို အထူးသတိပြုသင့်ပါတယ်။

❌ မမှားသင့်သည့် အချက်များ

၁။ ဝမ်းပိတ်ဆေး၊ ပဋိဇီဝဆေး (Antibiotics) များကို ဆရာဝန် ညွှန်ကြားချက်မရှိပဲ မတိုက်ပါနှင့်

ကလေး ဝမ်းသွားတာနဲ့ ဆရာဝန် ညွှန်ကြားချက်မရှိဘဲ ဝမ်းပိတ်ဆေး သို့မဟုတ် ပဋိဇီဝဆေးများ တိုက်ကျွေးခြင်းမှ ရှောင်ကြဉ်ပါ။ ဝမ်းပိတ်ဆေးဟာ အူလမ်းကြောင်းထဲမှ ပိုးမွှားများကို အပြင်သို့ ထွက်မသွားဘဲ ပိုဆိုးစေနိုင်သလို ပဋိဇီဝဆေးများကြောင့် ဝမ်းပိုလျှောတာမျိုးလည်း (Antibiotics induced Diarrhea) ဖြစ်စေနိုင်ပါသည်။

၂။ ရိုးရိုးရေသန့် တစ်ခုတည်း သောက်ခိုင်းခြင်းမှ ရှောင်ပါ

ဝမ်းသွားသည့်အခါ ရေတင်မကဘဲ မရှိမဖြစ် ဓာတ်ဆားများပါ ဆုံးရှုံးသွားပါတယ်။ ရိုးရိုးရေသန့် သို့မဟုတ် အချိုရည်များကိုသာ တိုက်နေပါက သွေးတွင်း ဓာတ်ဆားများ ပိုမိုကျဆင်းသွားနိုင်ပြီး အန္တရာယ်ဖြစ်နိုင်ပါတယ်။

၃။ မိခင်နို့နှင့် ပုံမှန်အစားအစာများကို လုံးဝ မရပ်ပါနှင့်

မိခင်နို့သောက်သုံးနေဆဲ ကလေးဆိုပါက မိခင်နို့ကို ပုံမှန်ထက် ပိုမို တိုက်ကျွေးရပါမယ်။ အစားဝင်သည့် ကလေးငယ်များကိုလည်း ပျော့ပျော့နှင့် အာဟာရဖြစ်သည့် စွပ်ပြုတ်၊ ဆန်ပြုတ် စသည်တို့ကို ပုံမှန် ကျွေးပေးရပါမည်။

✅ မဖြစ်မနေ လုပ်ဆောင်ရမည့် ပြုစုနည်း

👉ကလေး ဝမ်းစသွားသည်နှင့် ခန္ဓာကိုယ်အတွင်း ရေနှင့် ဓာတ်ဆားဓာတ် အမြန်ဆုံး ပြန်လည်ဖြည့်တင်းရန် WHO စံညွှန်းမီ ဓာတ်ဆားရည် (ဥပမာ - Haresol ဓာတ်ဆား) ကို မှန်မှန် တိုက်ပေးပါ။

👉ကလေး မှိန်းခြင်း၊ မျက်တွင်းချိုင့်ခြင်း၊ ဆက်တိုက်အန်ခြင်း၊ အဖျားကြီးခြင်း၊ ဝမ်းသွားရာမှာ သွေးစပါခြင်းများ ဖြစ်ပါက အချိန်မီ နီးစပ်ရာ အရေးပေါ်ဌာနသို့ သွားရောက် ပြသရန်လိုအပ်ပါတယ်။

ကလေးငယ်များ ရေဓာတ်ခမ်းခြောက်မှု မရှိစေဖို့ Haresol ဓာတ်ဆားကို အိမ်မှာ အဆင်သင့် ဆောင်ထားဖို့ မမေ့နဲ့နော်။💙

#ဓာတ်ဆား

Haresol ကို City Care မှာရနေပီနော် 📣ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း၊ ချွေးထွက်လွန်ခြင်းနှင့် အားကစားပြုလုပ်ပြီးနောက် ခန္ဓာကိ...
10/08/2026

Haresol ကို City Care မှာရနေပီနော် 📣

ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း၊ ချွေးထွက်လွန်ခြင်းနှင့် အားကစားပြုလုပ်ပြီးနောက် ခန္ဓာကိုယ်အတွင်း ဆုံးရှုံးသွားသော ရေနှင့် ဓာတ်ဆားဓာတ်များကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ Haresol ဓာတ်ဆားထုပ်လေးတွေကို အမြို့မြို့၊ အနယ်နယ်မှာရှိတဲ့ City Care ဆေးဆိုင်များမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ စံချိန်စံညွှန်းအတိုင်း တိကျစွာ ဖော်စပ်ထားသည့် Haresol ဓာတ်ဆား ကို အိမ်တိုင်းရဲ့ ဆေးသေတ္တာများမှာ အသင့်ဆောင်ထားနိုင်ဖို့ အခုပဲ ပြေးဝယ်လိုက်တော့နော်။

#ဓာတ်ဆား

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ ချွေးထွက်လွန်တဲ့အခါ ခန္ဓာကိုယ်ထဲက ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဆားဓာတ်တွေကို ပြန်ဖြည့်ဖို့ Har...
30/07/2026

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ ချွေးထွက်လွန်တဲ့အခါ ခန္ဓာကိုယ်ထဲက ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဆားဓာတ်တွေကို ပြန်ဖြည့်ဖို့ Haresol ဓာတ်ဆားကို သောက်သုံးကြပါတယ်။ ဒါပေမဲ့ ဓာတ်ဆားဖျော်စပ်နည်းနဲ့ ပတ်သက်ပြီး လူအများစု အမှားလုပ်လေ့ရှိတဲ့ အချက်တစ်ခု ရှိပါတယ်။

ကဲ... အောက်ပါအချက် (၃) ချက်ထဲမှာ "ဘယ်အချက်က မှားယွင်းနေလဲ" ဆိုတာ Comment မှာ ဝင်ဖြေခဲ့ပေးပါဦးနော်။ 👇

က။ ဓာတ်ဆားရည်ကို ရေကျက်အေး ဒါမှမဟုတ် သောက်ရေသန့်နဲ့ပဲ ဖျော်ရမယ်။ ရေနွေးပူပူနဲ့ မဖျော်ရဘူး။

ခ။ ဓာတ်ဆားရည် ဖျော်ပြီးသားကို ၂၄ နာရီကျော်ရင် ဆက်မသောက်ဘဲ သွန်ပစ်ရမယ်။

ဂ။ ဓာတ်ဆားရည်ကို အရသာ ပိုရှိသွားအောင် သကြား ဒါမှမဟုတ် ဖျော်ရည်တစ်မျိုးမျိုး ထည့်စပ်ပြီး သောက်လို့ရတယ်။

#ဓာတ်ဆား

“ဝါဆိုလပြည့်” ယနေ့တွင် ကျရောက်သော 🌕ဒုတိယဝါဆိုလပြည့်နေ့ ဓမ္မစင်္ကြာအခါနေ့တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး ဘေးဘ...
29/07/2026

“ဝါဆိုလပြည့်”

ယနေ့တွင် ကျရောက်သော 🌕ဒုတိယဝါဆိုလပြည့်နေ့ ဓမ္မစင်္ကြာအခါနေ့တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး ဘေးဘယာဝေးကွာလို့ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိပါစေကြောင်း “ရေနှင့်ဓာတ်ဆားဓာတ်ကို အမြန်ဆုံးပြန်လည် ဖြည့်တင်းပေးနိုင်တဲ့ Haresol” မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။🙏😊

#ဓာတ်ဆား

“ချွေးဆိုတာ သာမန်ရေထက် အများကြီးပိုပါတယ်။” မိုးမရွာတဲ့ အိုက်စက်စက်နေ့ရက်တွေမှာ အလုပ်လုပ်ရလို့ပဲဖြစ်ဖြစ်၊ Gym မှာ အပြင်းအ...
28/07/2026

“ချွေးဆိုတာ သာမန်ရေထက် အများကြီးပိုပါတယ်။”

မိုးမရွာတဲ့ အိုက်စက်စက်နေ့ရက်တွေမှာ အလုပ်လုပ်ရလို့ပဲဖြစ်ဖြစ်၊ Gym မှာ အပြင်းအထန် ကစားလိုက်လို့ပဲဖြစ်ဖြစ် ချွေးတွေ ရွှဲရွှဲစိုအောင် ထွက်လာတဲ့အခါ ခန္ဓာကိုယ်ထဲက ဘာတွေ ထွက်သွားတယ်လို့ ထင်ပါသလဲ?🤔

အများစုက ချွေးထွက်တာကို 💧"ရေတွေထွက်သွားတာ" လို့ပဲ ရိုးရိုးရှင်းရှင်း ထင်တတ်ကြပါတယ်။ တကယ်တော့ ချွေးထဲမှာ ရေဓာတ်အပြင် ခန္ဓာကိုယ်ရဲ့ ကြွက်သားလှုပ်ရှားမှု၊ အာရုံကြောစနစ်နဲ့ နှလုံးခုန်နှုန်းတွေကို ထိန်းချုပ်ပေးတဲ့ ဆိုဒီယမ် (Sodium)၊ ပိုတက်စီယမ် (Potassium)၊ ကလိုရိုက် (Chloride) စတဲ့ မရှိမဖြစ် 🧂ဓာတ်ဆားဓာတ် (Electrolytes) တွေ အမြောက်အမြား ပါဝင်သွားပါတယ်။

ချွေးထွက်လွန်ပြီးနောက် ရိုးရိုးရေကိုပဲ အများကြီး သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတဲ့ ဓာတ်ဆားဓာတ်တွေ ပိုပြီး ကျသွားတတ်လို့ ရေသောက်ပေမယ့်လည်း အမောမပြေတာ၊ ကြွက်တက်တာ၊ ခေါင်းမူးပြီး နုန်းခွေနေတာမျိုးတွေ ဖြစ်ရတာပါ။😩😓

ဒါကြောင့် ချွေးထွက်များတဲ့ နေ့ရက်တိုင်းမှာ ရေဓာတ်အပြင် ဆုံးရှုံးသွားတဲ့ ဓာတ်ဆားဓာတ်တွေကိုပါ ကွက်တိပြန်ဖြည့်ပေးနိုင်မယ့် WHO ရဲ့ ဖော်မြူလာ အသစ်နဲ့ ထုတ်လုပ်ထားတဲ့ Haresol ဓာတ်ဆား ကို သောက်သုံးပေးဖို့ မမေ့ပါနဲ့။👍👍👍

#ဓာတ်ဆား

Address

Room 1206, Crystal Tower, Kamaryut Township
Yangon

Website

Alerts

Be the first to know and let us send you an email when Haresol posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share