Dr. Htet Aung Kyaw

Dr. Htet Aung Kyaw Discussion for medical and clinical knowledges!

09/11/2018
😣
01/06/2018

😣

🤕
01/06/2018

🤕

😓😓😓
19/05/2018

😓😓😓

💞💕
25/04/2018

💞💕

😢
11/04/2018

😢

31/03/2018

- " အချိန်တိုင်း ဖြူစင်နေဖို့ လိုသလား..." ဆိုရင်
" ဟင့်အင်း "လို့ဘဲ ဖြေမယ် ..။
အမြဲတမ်း လိမ်မာပြနေရတာဟာ
အမြဲတမ်း ပျင်းဖို့ကောင်းတယ် ..။
လူလိမ္မာလို့ သတ်မှတ်ခံရမယ့် အခွင့်အရေးထဲမှာ
ကိုယ့်လွတ်လပ်မှုကို အဆုံးမစီရင်ပစ်နိုင်ဘူး ...

ဘဝကို တစ်ဖြောင့်တည်းဆွဲရတာ
သိပ်ပျင်းစရာကြီးဘဲ... ။
ခေါက်ရိုးကျိုး ရိုးအီနေတဲ့ ပုံစံခွက်တွေနဲ့ဘဲ တသမတ်ကြီး
လျှောက်မနေချင်ဘူး ... ။
ပြောင်းလဲနေမယ့် ထောင့်ချိုးတွေ၊ အကွေ့အကောက်တွေကို သဘောကျတယ် ... ။
ကိုယ့်ကိုယ်ကိုယ် version ပြောင်းနေရတာကြိုက်တယ် ..။
သူများကြိုက်မယ့် version ကိုတော့
လိုက်ပြီးပြောင်းလဲမပေးနိုင်ဘူး ..။
လိုအပ်ရင် ကိုယ့်ဗားရှင်းကို
သူတို့ သဘောကျလာအောင်ဘဲ လုပ်တယ် ...။

လူတစ်ယောက်ရဲ့ မကောင်းမှု ဆိုတာ
သူ့ကို ကြည့်တဲ့ အမြင်တွေကနေ စတယ်တဲ့ ...။
ဘာဖြစ်ဖြစ် အပြစ်ဆိုမယ့် ပတ်ဝန်းကျင်ဟာ
ကိုယ့်လက်တစ်ကမ်းမှာ
အသင့်စောင့်နေမှာပဲ ...။
လူတွေက သိပ်ဆူတယ် ...
ကိုယ်တော့ နားထောင်မနေပါဘူး ..။

တစ်ယောက်ယောက်က ကိုယ့်ကို ဘောင်မခတ်စေချင်ရင်
ကိုယ့်ကိုယ်ကိုအရင်ဆုံးကန့်သတ်ရတယ် ...။
ကိုယ့်ကန့်သတ်မှုထဲမှာ ကိုယ့်ပျော်ရွှင်မှုကိုရှာတယ် ..။
တချို့ စည်းကမ်းတွေက သိပ်ပျင်းရိဖွယ်ရာပဲ ...။
ဘယ်သူ့ကိုမှ မထိခိုက်တာသေချာရင်
စည်းကမ်းဆိုတာတွေကို
ပျော်ပျော်ရွှင်ရွှင်ဘဲ ချိုးဖျက်လိုက်တယ် ..။
အဆိပ်ရှိတဲ့ မြှားတွေကို
ထိုင်ပစ်ချင်ပစ်နေမယ် ...
မြှားဟာ ဘယ်သက်ရှိရဲ့ သွေးကြောကိုမှ
သွားမထောက်မိရင် တော်ပြီ ...
မြှားရဲ့ လားရာဟာ ကိုယ့်ရဲ့ပျော်ရွှင်မှုပေါ့ ..။

ကောင်းတဲ့အခါကောင်းမယ် ...
ဆိုးတဲ့အခါလည်း ဆိုးမယ် ..။
ရေချိန်ကျော်တဲ့အထိ မော့ချပြီး
မူးရူးကွဲပြဲ ဗြောင်းဆန်တဲ့အခါလည်းရှိမယ်..။
ဘုရားပေါ် ငြိမ်ငြိမ်သက်သက်အေးအေးချမ်းချမ်းနဲ့
ပုတီးထိုင်စိပ်နေတဲ့အခါလည်း ရှိတယ် ..။

အပြောင်အပြက်တွေနဲ့ဘဲ ပေါတောတောဖြစ်နေတဲ့အခါလည်းရှိမယ် ... ။
ဘယ်သူမှ လိုက်မမီတဲ့ လေးနက်ခြင်းမျိုးနဲ့
တည်တံ့နေတဲ့အခါလည်းရှိတယ် ... ။

ကျော့ကျော့မော့မော့နဲ့ သပ်သပ်ရပ်ရပ်နဲ့
ပုံစံတကျ နေတဲ့ရက်တွေလည်းရှိတယ် ...။
အပေါက်အပြဲတွေ ကောက်ဝတ်ပြီး
စုတ်တိစုတ်ချာနဲ့ တစ်မြို့လုံးပတ်နေတဲ့အခါလည်းရှိတယ် ... ။

သိပ်ဖြူစင်လည်း ကိုယ် ...
သိပ်ယုတ်မာလည်း ကိုယ်ဘဲ ..။
ဒါပေမယ့် ကိုယ့်ယုတ်မာမှုဆိုတာက
တစ်စုံတစ်ယောက်ကို မထိခိုက်စေဘဲ
ကိုယ့်ပျော်ရွှင်မှုသက်သက်အတွက်
ချိုးဖျက်လိုက်တဲ့ ပျော်စရာ အကုသိုလ်ဘဲ
ဖြစ်နေရမယ် .. ။
သဘောကျမိတဲ့ ဝါကျလေးတစ်ကြောင်းရှိတယ် ..
" ချောင်းဆိုးစေမယ့် အအေးဘူးကို
ဝယ်လာတဲ့ကိုယ်ဟာ
တစ်ခါတလေအတွက်တော့ မှန်တယ် !" တဲ့ ။

လူတွေ ပေးတဲ့အမှတ်ကို စိတ်မဝင်စားဘူး ..။
ကိုယ့်ဘဝကို ကိုယ်တိုင်ဘဲ
အပေါင်း/ အနုတ် လုပ်တယ် ...။
၉၉ ပေလောက် ဖြောင့်တန်းလာခဲ့ပြီးမှ
နောက်ဆုံး ၁ ပေမှာကိုယ်က မဖြစ်မနေကွေ့ကောက်လိုက်ရတဲ့အခါ ..
ကိုယ့်ကို ပေ ၁၀၀ စာ ကွေ့ကောက်တဲ့သူအဖြစ်
သတ်မှတ်လိုက်ကြမှာပဲ ... ။
ဒါကြောင့် ...သူတို့အတွက် အမြဲလိမ်မာရေးခြားရှိမပေးနိုင်ဘူး ..။
တစ်ဒင်္ဂစာ ကိုယ့်ဆိုးသွမ်းမှုမှာ
သူတို့ မပျော်မရွှင်ဖြစ်နေရင်
လက်ပြ နှုတ်ဆက်လိုက်ရုံ ... ။
စည်းတွေ ဘောင်တွေနဲ့ ပလူပျံနေတဲ့
စကားဝိုင်းမှာ ကိုယ်ဟာ
ပြုံးပြီး နှုတ်ဆိတ်နေလိုက်ရုံ ..။

တကယ်ပါ ...ဘဝမှာ လူတွေ အများကြီး မလိုဘူး ...။
တကယ် ရှိသင့်တဲ့ လူတွေပဲလိုတယ် ...။

လူတိုင်းကို နားမထောင်ဘူး ...
ကိုယ့်အတွက်အရေးကြီးတဲ့ လူတချို့ ရဲ့
အသံကိုဘဲ နားစွင့်တယ် ..။

ဘဝက တကယ့်တိုတိုလေးရယ် ... ။
ဒီအတောအတွင်းမှာ ကောင်းခြင်း/ဆိုးခြင်း
နှစ်မျိုးလုံးရှိတဲ့ လူ့သဘာဝစစ်စစ်နဲ့ဘဲ
နေပျော်အောင် နေချင်တယ် ... ။
ကိုယ့်ဆိုးခြင်းက
တစ်စုံတစ်ယောက်ရဲ့ဘဝကို
ဒုက္ခလောင်းပေးတာ မဟုတ်ရင် တော်ပြီ ...။

လူလိမ်မာလေးလိုအမြဲ နေပြမှ
လောကမှာ ဂုဏ်ထူးထွက်ရရိုးဆိုရင်
အဲဒီစာမေးပွဲကို
ကိုယ် ပျော်ပျော်ရွှင်ရွှင် ကျရှုံးခံလိုက်မယ် ..။

ဘဝမှာ လူတွေရဲ့လက်ခုပ်သံချည်း
အမြဲ မလိုဘူး ...။
ကိုယ်ရယ် ကိုယ့်ပျော်ရွှင်မှုရယ်ပဲ လိုတာပါ ... ။
သေချာတာတစ်ခုတော့ရှိမယ် ...
တစ်ယောက်ယောက်ရဲ့ ထင်မြင်ချက်ဆိုတာအတွက်
ကိုယ့်ပျော်ရွှင်မှုကို
ဘယ်နည်းနဲ့မှ ဈေးနှိမ်ပြီး
ချရောင်းမပစ်နိုင်ဘူး ဆိုတာပါပဲ ..။

✍🏻✍🏻✍🏻

Address

Pyay Road
Yangon

Website

Alerts

Be the first to know and let us send you an email when Dr. Htet Aung Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share