Cow Style Myanmar - Since 1909.Japan

Cow Style Myanmar - Since 1909.Japan Japan's No.1 products, Now available in Myanmar.100Years of Beauty

မျက်နှာသစ်ပြီးတိုင်း အသားရေလေးက ပေါင်းတင်ထားသလို တင်းရင်းပြီး ဝင်းပနေဖို့ဆိုရင်တော့ Celeb Facial Foam လေးကို သတိရလိုက်ပါ...
31/01/2026

မျက်နှာသစ်ပြီးတိုင်း အသားရေလေးက ပေါင်းတင်ထားသလို တင်းရင်းပြီး ဝင်းပနေဖို့ဆိုရင်တော့ Celeb Facial Foam လေးကို သတိရလိုက်ပါ


▪︎ နွားနို့ ၊ protein ၊ ကြက်ဥအကာတို့နဲ့ အဓိကပေါင်းစပ်ထားတာကြောင့်ဆားဝက်ခြံ နဲ့ အမဲစက်များကိုလျော့ပါးသက်သာစေပါတယ်။

▪︎ Pack Foam ဖြစ်တာကြောင့်မျက်နှာသစ်ပြီးတိုင်းပေါင်းတင်ထားသလိုတင်းရင်းစိုပြေနေစေပါတယ်။

▪︎ သူ့ရဲ့အနံ့လေးက Sweet Floral ရနံ့လေးတာကြောင့်စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။

▪︎ All skin type အသုံးပြုလို့ရပါတယ်ရှင်...

»»» Instock Item «««
facial foam

Made In JAPAN

Bouncia   လို့ ပြောရင်   Collagen တွေပြည့်၀တဲ့ ဆပ်ပြာအမြှုပ်လေးတွေရယ် ✨️ တစ်နေ့တာလုံး အမောပြေစေမယ့် High-end Luxury ရနံ့...
27/01/2026

Bouncia လို့ ပြောရင်

Collagen တွေပြည့်၀တဲ့ ဆပ်ပြာအမြှုပ်လေးတွေရယ် ✨️

တစ်နေ့တာလုံး အမောပြေစေမယ့် High-end Luxury ရနံ့သင်းသင်းလေးရယ် ✨️

ရေချိုးပြီးတိုင်း နူးညံ့သွားတဲ့ အသားရေလေးတွေရယ် ✨️

ဒီအချက် လေးတွေက
Bouncia ကိုနှစ်ချီပြီးအသုံးပြုလာတဲ့ Customer လေးတွေရဲ့ တူညီတဲ့feedbackလေးတွေပေါ့...

ဒါ့အပြင် Japan local Quality ကောင်းကောင်းသုံးချင်သူလေးတွေအတွက် Japan Import တင်သွင်းဖြန့်ချီထားတာဖြစ်လို့ Quality 100%စိတ်ချလို့ရပါတယ်ရှင့်


ခေါင်းလျှော်ပီးရင် ဆံသားတွေ ခြောက်ပြီးဖွာသွားတယ် အာဟာရ မရှိသလိုပဲခံစားနေရတဲ့ သူတွေအတွက်....ခေါင်းလျှော်ရေညစ်ချပြီးချိန် ...
24/01/2026

ခေါင်းလျှော်ပီးရင် ဆံသားတွေ ခြောက်ပြီးဖွာသွားတယ် အာဟာရ မရှိသလိုပဲခံစားနေရတဲ့ သူတွေအတွက်....

ခေါင်းလျှော်ရေညစ်ချပြီးချိန် 5-10mins လောက်လိမ်းပြီး ရေပြန်ဆေးချပေးရမဲ့ Mutenka Treatment လေး Instock ရှိပါမယ်

သဘာ၀အပင် တွေမှ ရရှိတဲ့ Natural Extract တွေကို သဘာ၀ရှေးရိုးနည်းအတိုင်း ကျိုချက်သောနည်းနဲ့ ထုတ်လုပ်ထားပါတယ်

ဆံသားပျက်စီးခြင်းရဲ့ အဓိကအရင်းမြစ်ဖြစ်တဲ့ ရေဓါတ်ဆုံးရှုံးမှူကို ပြန်လည်ရရှိအောင် PH -7level ကို ထိန်းညှိပေးပါတယ်

ဆံကေသာကို သဘာ၀အတိုင်း အိစက်ညက်ညောစေပြီး ဆံပင်နှစ်ခွ၊ကျိုးကြေ၊ဖွာလန်၊ပျက်စီးနေတဲ့ Damaged Hair ကိုပြန်လည်ပြုပြင်ပေးပါတယ်

လျှော်ပြီးရင်လည်း စီးကပ်ကပ်နဲ့ ချောချောကြီးကျန်မနေဘဲ ရေဆေးချပေးရတာလွယ်ပါတယ်

××× Silicone/ ဆိုးဆေး / အနံ့/ တာရှည်ခံဆေးများ လုံး၀ မပါ၀င်ပါ

Sensitive Scalp ဦးရေပြားတွေပါ သုံးလို့ရပါတယ်

Instock Item
Brand Additive free

Japan လူမျိုးတွေအသက်ရှည်/ ကျန်းမာနေရခြင်းရဲ့ အဓိကအကြောင်းရင်း  ( 5 )ချပ်1️⃣. ဗိုက် ၈၀ ရာခိုင်နှုန်းပဲ ပြည့်အောင်စားခြင်း...
20/01/2026

Japan လူမျိုးတွေအသက်ရှည်/ ကျန်းမာနေရခြင်းရဲ့ အဓိကအကြောင်းရင်း ( 5 )ချပ်

1️⃣. ဗိုက် ၈၀ ရာခိုင်နှုန်းပဲ ပြည့်အောင်စားခြင်း

ဂျပန်လူမျိုးတွေဟာ ဗိုက်အရမ်းတင်းတဲ့အထိ မစားဘဲ ၈၀ ရာခိုင်နှုန်းလောက် ပြည့်ပြီဆိုရင် ရပ်လိုက်လေ့ရှိပါတယ်။ ဒါဟာ အစာအိမ်ကို အလွန်အကျွံ မခိုင်းစေတာကြောင့် အစာခြေစနစ် ပိုကောင်းပြီး အဝလွန်ခြင်းနဲ့ တခြားရောဂါတွေကို ကာကွယ်ပေးတဲအဓိကအကြောင်းရင်းပါ

​2️⃣. သဘာဝတောတောင်တွေထဲမှာ လမ်းလျှောက်ပြီး စိတ်ဖိစီးမှုလျှော့ချခြင်း

ဆေးသောက်စရာမလိုဘဲ စိတ်ဖိစီးမှုတွေကို ကုစားပေးနိုင်တဲ့ သဘာ၀ကုထုံးလို့ပြောလို့ရပါတယ်... သစ်ပင်တွေက ထုတ်တဲ့ Phytoncides ဓာတ်က ကိုယ်ခံအားကို တက်စေပြီး သွေးဖိအားကို ကျစေတာကြောင့် ဂျပန်လူမျိုးတွေဟာ သဘာဝနဲ့ ထိတွေ့မှုကို အလေးထားပါတယ်။

​3️⃣. ရေနွေးစိမ်ခြင်း
​ နေ့တိုင်း ရေနွေးစိမ်တာက သန့်ရှင်းရေးတင်မဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ။ ရေနွေးစိမ်ခြင်းက သွေးလှည့်ပတ်မှု ကောင်းစေတာ၊ ကြွက်သား နာကျင်မှုကို သက်သာစေတာနဲ့ အသားအရေကို ကြည်လင်စေပါတယ်။

​4️⃣. အချဉ်ဖောက်ထားတဲ့ အစားအစာများ
​ ဂျပန်ထမင်းဝိုင်းတိုင်းမှာ မရှိမဖြစ်ပါလေ့ရှိတဲ့ အချဥ် ဖောက်ထားတဲ့အစားစာ လေးတွေက သူတို့ရဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက် အဓိက သော့ချက်ပဲ.. Probiotics တွေများစွာပါဝင်လို့ အစာခြေစနစ်နဲ့ ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးပါတယ်

​5️⃣. အသက်ရှင်ရခြင်းရဲ့ အဓိပ္ပာယ်

​ စိတ်ကျန်းမာရေးကလည်း လူကို အသက်ရှည်စေပါတယ်။ ကိုယ်ဝါသနာပါတာကို လုပ်တာ၊ တစ်ပါးသူကို ကူညီတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုက ဂျပန်လူမျိုးတွေကို အသက်ရှည်စေတဲ့ လျှို့ဝှက်ချက်လည်းဖြစ်ပါတယ်



#健康的な生活
#健康第一
#日本

သံဃာတော်များကို လှူဖွယ်ပစ္စည်းကပ်မလား........? ကိုယ်တိုင်ပဲသုံးမလား....? အခြားသူများကို လက်ဆောင်ပေးမလား......? ••• နှစ်၁...
16/01/2026

သံဃာတော်များကို လှူဖွယ်ပစ္စည်းကပ်မလား........? ကိုယ်တိုင်ပဲသုံးမလား....? အခြားသူများကို လက်ဆောင်ပေးမလား......?

••• နှစ်၁၀၀ ကျော်တိုင်တိုင် လူကြိုက်များတဲ့ Cow brand Blue Soap & Red Soap လေးကို သတိရလိုက်ပါ ~ ( Made In Japan)

▪︎ Chemical လုံးဝမပါရှိဘဲ သဘာ၀ရှေးရိုးနည်းအတိုင်း 7ရက်တိုင်တိုင် အချိန်ယူပြီးထုတ်လုပ်ထားတဲ့ သဘာ၀ဆပ်ပြာခဲ ဖြစ်ပါတယ်

▪︎ Creamနှင့်တူ သောအမြှုပ် အရွယ်စားက မိမိချွေးပေါက်ထက် ၁၀ဆ သေးငယ်တဲ့ Japan Quality ဖြစ်တာကြောင့် ချွေးပေါက်အတွင်းသို့၀င်ရောက်၍ အညစ်ကျေးများကို ပြောင်စင်အောင် ဖယ်ရှားပေးပါတယ်

▪︎ Milk နဲ့ ပြုလုပ်ထားတဲ့အတွက် အသားအရေကို နူးညံ့ချောမွေ့ စိုပြေမှု ပေးစွမ်းနိုင်ပါတယ်

▪︎ အနံ့အရမ်းမပြင်းဘဲ သင်းသင်းဖျော့ဖျော့လေးဖြစ်တာကြောင့် အနံ့ sensitive ဖြစ်တတ်တဲ့သူများလည်းသုံးစွဲနိုင်ပါတယ်

▪︎ Red Soap ( Rose) ရနံ့ & Blue soap (Jasmin) ရနံ့ ရွေးချယ်စရာ ၂မျိုးရှိပါမယ်

~ Instock Item ~
Japan Directly import

ခရီးသွားရတာ ဝါသနာပါပေမယ့် ခရီးသွားတိုင်း စိတ်အညစ်ရဆုံးက "ရေမြေမတည့်လို့ မျက်နှာမှာ အဖုအပိမ့်တွေထွက်တာ" နဲ့ "ရာသီဥတုကြောင...
14/01/2026

ခရီးသွားရတာ ဝါသနာပါပေမယ့် ခရီးသွားတိုင်း စိတ်အညစ်ရဆုံးက "ရေမြေမတည့်လို့ မျက်နှာမှာ အဖုအပိမ့်တွေထွက်တာ" နဲ့ "ရာသီဥတုကြောင့် အသားအရေ Sensitive ဖြစ်တာ" ပါပဲ။

🏔️ကမ်းခြေသွားလို့ နေလောင်တာပဲဖြစ်ဖြစ်၊ တောင်ပေါ်တက်လို့ အသားပတ်တာပဲဖြစ်ဖြစ် မျက်နှာသစ်ဆေး မှားသုံးမိရင် အသားအရေက တအားစပ်ပြီး နီရဲလာတတ်တယ်လေ

​ဒါကြောင့် နောက်ပိုင်း ခရီးသွားတိုင်း ကိုယ့်ရဲ့ Skincare Bag ထဲမှာ မပါမဖြစ် ထည့်သွားတာကတော့ Mutenka Facial Foam လေးပါပဲ..

🇯🇵 ဂျပန်နိုင်ငံကနေ တိုက်ရိုက်လာတာဆိုတော့ Quality ကတော့ ပြောနေစရာမလိုဘူးပေါ့

​ဘာလို့ သူ့ကိုမှ ရွေးတာလဲဆိုတော့... 🤔
တစ်နေကုန် ခရီးသွားလို့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေနဲ့ အဆီတွေကို Gently ဖယ်ရှားပေးရုံတင်မကဘဲ...

✨ Hyaluronic acid, Amino acids နဲ့ Ceramides တွေ ပါဝင်လို့ မျက်နှာသစ်ပြီးသွားရင် အသားက လုံးဝမခြောက်ဘူး...

✨ ရေဓာတ်ကို အပြည့်အဝပြန်ဖြည့်ပေးပြီး Skin Barrier ကိုပါ အားကောင်းစေတယ်...

✨ အရေးအကြီးဆုံးက Alcohol, Fragrance, Paraben နဲ့ Silicone လုံးဝ (လုံးဝ) မပါလို့ Sensitive skin သမားအတွက် ရွေးချယ်စရာတစ်ခု တိုးလာပြီပေါ့

​ဘယ်သူတွေအတွက်လဲ?

💗 ပန်းရောင် (Moisturizing)
အသားခြောက်တဲ့သူတွေနဲ့ ပုံမှန်အသားအရေအတွက်။ (ရေဓာတ် lock လုပ်ပေးလို့ နူးညံ့နေရော)

💙 အပြာရောင် (Refreshing) အဆီပြန်တတ်သူတွေနဲ့ Combination skin ရှိသူတွေအတွက်။

​ဘယ်သွားသွား မျက်နှာလေး ကြည်လင်ပြီး Glow နေဖို့ဆိုရင်တော့ ဒီ Mutenka လေးက အကောင်းဆုံး ခရီးဖော်ပါပဲရှင်။ 🤗

​📍 Instock ရှိပြီမို့ အခုပဲ မှာယူလိုက်တော့နော်!

ဗောက်ထပြီး ယားယံတတ်တဲ့ ဦးရေပြားအတွက် ဆံသားနဲ့ဦးရေပြားကို Safetyအဖြစ်ဆုံး  Mutenka Shampoo လေး ~ Instock ရှိပါတယ်Sensit...
06/01/2026

ဗောက်ထပြီး ယားယံတတ်တဲ့ ဦးရေပြားအတွက်
ဆံသားနဲ့ဦးရေပြားကို Safetyအဖြစ်ဆုံး Mutenka Shampoo လေး ~ Instock ရှိပါတယ်

Sensitive ဦးရေပြားပါမကျန် စိတ်ချစွာသုံးစွဲလို့ရတဲ့ Japan 🇯🇵 Mutenka Shampoo ဟာ ~

Japan မှာ🏆The Best Cosmetic award ဆုကို နှစ်စဉ် နှစ်တိုင်းရရှိနေသည့် Shampoo ဖြစ်ပါတယ်နော် ~

▪︎ Sensitive ဖြစ်တတ်သည့် သူများအတွက် အထူးထုတ်လုပ်ထားပြီး ဆံပင်ကျွတ်ခြင်း၊ပြတ်ခြင်း ဦးရေပြား ယားယံခြင်းများ သက်သာစေသည့်အပြင် ဆံနွယ် အသစ်များလည်း ပြန်လည်ရှင်သန်လာစေပါတယ်

▪︎ Additive free ဖြစ်ပြီး ဓာတုဗေဒ chemical နည်းသထက်နည်းအောင် ဖော်စပ်ထားသည့်အတွက် အမွှေးရနံ ထည့်သွင်းထားခြင်းမရှိသော သဘာဝ Shampoo ဖြစ်ပါတယ်

▪︎ အမျိုးသားရော အမျိုးသမီးပါသုံးစွဲလို့ရပါတယ်

☆☆☆☆☆ပိုပြီး ထိရောက်တဲ့ result ရရှိဖို့အတွက် Treatment ပေါင်းဆေးလေးနဲ့ တွဲသုံးရင် ဆံသား အိစင်းတောက်ပစေပြီး ဆံပင်နှစ်ခွဖြစ်တာတွေ သက်သာစေပါတယ်

Shampoo ဘူး 550ml နဲ့ Refill 400ml အထုပ်လေးတွေ ပစ္စည်း Instock ရှိပါမယ်ရှင့်

~ Instock item ~
directly import

🎄 Merry Christmas! ✨🎁​အလှပဆုံး ခရစ္စမတ်မီးရောင်တွေနဲ့ အတူ ပျော်ရွှင်ကြည်နူးစရာ အချိန်တွေကို ဖန်တီးလိုက်ပါ​ဒီနှစ် ခရစ္စမတ...
25/12/2025

🎄 Merry Christmas! ✨🎁
​အလှပဆုံး ခရစ္စမတ်မီးရောင်တွေနဲ့ အတူ ပျော်ရွှင်ကြည်နူးစရာ အချိန်တွေကို ဖန်တီးလိုက်ပါ

​ဒီနှစ် ခရစ္စမတ်မှာ အေးချမ်းခြင်း၊ ပျော်ရွှင်ခြင်း နဲ့ အချစ်တွေနဲ့ ပြည့်စုံပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်ရှင့်


ခုလိုရာသီမှာ လက်ဆေးပြီးတိုင်း လက်အရေပြားလေးတွေ ခြောက်သွေ့ ကြမ်းတမ်းသွားမှာစိတ်ပူစရာမလိုတဲ့ Hand Wash လေး ~ Instock  Japa...
12/11/2025

ခုလိုရာသီမှာ လက်ဆေးပြီးတိုင်း လက်အရေပြားလေးတွေ ခြောက်သွေ့ ကြမ်းတမ်းသွားမှာစိတ်ပူစရာမလိုတဲ့ Hand Wash လေး ~ Instock

Japan မှာလူကြိုက်များတဲ့ 50%lotionပါ၀င်တဲ့ Ururua Moist Hand Wash(လက်ဆေးဆပ်ပြာလေး) ဟာ
Moisturizing ကြွယ်၀တဲ့ (Hyaluronic acid , jojoba oil, argan, rosehip oil, orange and eucalyptus)..တို့ ပါ၀င်တာကြောင့် လက်ဆေးပြီးတိုင်း အသားရေလေးကို နုနုအိအိအိနဲ့ smooth ဖြစ်သွားစေပါတယ်...collagenလည်းပါတာကြောင့် Skin elasticity တိုးမြှင့်ပေးလို့ လက်အသားရေ တင်းတင်းလေးဖြစ်စေတယ်...cells သစ်တွေကို ပြန်လည် နုပျိုစေတယ်

ပုံမှန်ရာသီမှာတွေဆို Hand creamထပ်သုံးစရာတောင်မလိုဘူး... အရမ်းအေးတဲ့တောင်ပေါ်ဒေသတွေဆို Hand wash လေးနဲ့ လက်ဆေးပြီးတိုင်း Hand cream အနဲငယ်လိမ်းပေးဖို့ လိုအပ်ပါတယ်...အရမ်း အေးတာကြောင့် moisture မလုံ​လောက်မှာစိုးလို့ပါ...

အနံ့လေးကလည်း Perfume နံ့မွှေးလွန်းလို့ လက်ဆေးတိုင်း စိတ်ပျော်နေရောပဲ..🤩🤩

♡ Instock item
Moist Hand Wash
Hand Wash

မြန်မာပြည်ရဲ့ ရေချိုးခန်းတော်တော်များများမှာ နေရာယူလာတဲ့ " Bouncia Body Wash "​​Japan Import ✈️Bounciaရေချိုးဆပ်ပြာ ရဲ့ ...
21/10/2025

မြန်မာပြည်ရဲ့ ရေချိုးခန်းတော်တော်များများမှာ နေရာယူလာတဲ့ " Bouncia Body Wash "


​Japan Import ✈️Bounciaရေချိုးဆပ်ပြာ ရဲ့ အဓိက Feature⬇️

• ​သာမာန်ဆပ်ပြာအမြှုပ်လိုမဟုတ်ဘဲ "Cream Bubble" လို သိပ်သည်းနူးညံ့" ပြီး

• ​လက်နဲ့ထိလိုက်တာနဲ့ အိအိ လေးနဲ့ အသားအရေကို ပွတ်တိုက်စရာမလိုဘဲ အညစ်အကြေးတွေကို လုံးဝ Clean-Up လုပ်ပစ်နိုင်တယ်

• ​ရေချိုးပြီးတိုင်း အသားအရေ တင်းကျပ်ကျပ်မဖြစ်ဘဲ နူးညံ့စိုပြေမှုကို ချက်ချင်း ခံစားရစေတယ်

• ​Hyaluronic Acid ,Collagen, Milk, Shea butter တို့ကို ပေါင်းစပ်ထားလို့ ရေချိုးပြီးရင် Body Lotion လိမ်းဖို့တောင် မေ့သွားနိုင်တဲ့အထိ စိုပြေမှု ကို ပေးစွမ်းနိုင်ပါတယ်

• ​"Gentle to the Skin" ဆိုတဲ့အတိုင်း Sensitive Skin တွေပါ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်

​ ထိရောက်တဲ့ Body Care ပိုင်းကို လိုချင်ရင် "Bouncia Body Wash " စတင် အသုံးပြုလိုက်ပါ ~
(Pump Bottle နဲ့ Refill ကို တွဲဝယ်ဖို့ မမေ့နဲ့နော်! ဒါမှကုန်ရင် ဘူးထဲဖောက်စစ်ပြီးသုံးတော့ budget saveဖြစ်တာပေါ့ )


Address

No. 58 Tha Mar Date Hti Street Kyaut Myaung. Tamwe
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+19259257283

Alerts

Be the first to know and let us send you an email when Cow Style Myanmar - Since 1909.Japan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cow Style Myanmar - Since 1909.Japan:

Share