Bow-Lact Lactulose Solution

Bow-Lact Lactulose Solution ဝမ်းချုပ်ခြင်းကင်းဝေး Bow-Lact ဝမ်းပျော့ဆေး

ချစ်ရတဲ့ Customer တို့ရေ... 🌊✨ကျွန်မတို့ Neopaed Healthcare Team တစ်ခုလုံး Annual Trip အဖြစ် ငွေဆောင်ကမ်းခြေသို့ သွားရော...
02/05/2026

ချစ်ရတဲ့ Customer တို့ရေ... 🌊✨

ကျွန်မတို့ Neopaed Healthcare Team တစ်ခုလုံး Annual Trip အဖြစ် ငွေဆောင်ကမ်းခြေသို့ သွားရောက်ကြမှာဖြစ်ပါတယ်ရှင်။ 🏖️🚐

ထို့ကြောင့် မေလ (၃) ရက်မှ (၆) ရက်နေ့ထိ Online Orders များနဲ့ Delivery ပို့ဆောင်မှုများ နှောင့်နှေးမှုရှိနိုင်ပါသဖြင့် ကြိုတင်၍ အသိပေးအပ်ပါရစေရှင့်။ 🙏📦

(၇) ရက်နေ့ကစပြီး ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း အမြန်ဆုံး ပြန်လည်ဆောင်ရွက်ပေးသွားမှာဖြစ်လို့ နားလည်ပေးကြပါဦးနော်။ 🥰💖

အပန်းဖြေခရီးကအပြန်မှာ ပိုမိုလန်းဆန်းတက်ကြွတဲ့ စွမ်းဆောင်ရည်တွေနဲ့ ပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။ 🤝🔥

🎊 Congratulations to Our Winners! 🎊Bow Lact ဘူးလေးတွေကို မှန်ကန်အောင် ရှာဖွေနိုင်ခဲ့ပြီး စည်းကမ်းချက်တွေနဲ့အညီ ပါဝင်ကစား...
30/04/2026

🎊 Congratulations to Our Winners! 🎊

Bow Lact ဘူးလေးတွေကို မှန်ကန်အောင် ရှာဖွေနိုင်ခဲ့ပြီး စည်းကမ်းချက်တွေနဲ့အညီ ပါဝင်ကစားခဲ့ကြတဲ့ ကံထူးရှင် (၅) ဦးကတော့...

1 - Shin Aye https://www.facebook.com/profile.php?id=61569721635514

2 - Noe Cho Zin https://www.facebook.com/profile.php?id=61578737347152

3 - Waiwai Aung Zin https://www.facebook.com/waiwai.aung.zin

4 - Nay Chi Phoo https://www.facebook.com/nay.chi.phoo.956195

5 - Wut Yee https://www.facebook.com/wut.yee.422646

🎁 ဆုလက်ဆောင်: ဖုန်းဘေလ် ၅,၀၀၀ ကျပ် စီကို ကံထူးရှင်တစ်ဦးချင်းစီရဲ့ ဖုန်းနံပါတ်ထဲသို့ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

📩 ကံထူးရှင်များအတွက် အသိပေးချက်
ကံထူးရှင်များအနေနဲ့ မိမိတို့ရဲ့ အမည်၊ ဖုန်းနံပါတ် နဲ့ အသုံးပြုတဲ့ Operator (Mytel/MPT/Atom/U9) တို့ကို Page Messenger သို့ (၅) ရက်အတွင်း လာရောက်ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

သတ်မှတ်ရက်ထက် ကျော်လွန်သွားပါက ဆုလက်ဆောင်ကို ခံစားခွင့်ရှိတော့မှာ မဟုတ်ကြောင်း ကြိုတင်အသိပေးပါရစေရှင်။

အစားအသောက်တွေကြောင့် ဝမ်းချုပ်ပြီး ဗိုက်ကယ်၊ နေမကောင်းဖြစ်တာမျိုး မရှိရအောင် Bow Lact က အမြဲအနားမှာ ရှိနေပေးမှာပါ။ 🛡️✨

အခုအစီအစဉ်မှာ ပါဝင်ကစားပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပြီး နောက်နောင်မှာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ Promotion တွေ၊ အစီအစဉ်တွေ ရှိဦးမှာမို့ စောင့်ကြည့်ပေးကြပါဦးနော်။ ✨💖

#ဝမ်းချုပ်ခြင်းများအတွက်BowLact

Solid Habits, Strong Liver🗓️ ဒီနေ့ဟာ World Liver Day 2026 (ကမ္ဘာ့အသည်းရောဂါနေ့) ဖြစ်ပါတယ်။ သင့်ရဲ့ အသည်းက သင့်ခန္ဓာကိုယ်...
19/04/2026

Solid Habits, Strong Liver

🗓️ ဒီနေ့ဟာ World Liver Day 2026 (ကမ္ဘာ့အသည်းရောဂါနေ့) ဖြစ်ပါတယ်။ သင့်ရဲ့ အသည်းက သင့်ခန္ဓာကိုယ်အတွက် အလုပ်တွေ အများကြီး လုပ်ပေးနေတာကို သင်သိပါသလား? 🛡️✨

🧪 အခုပဲ 'Solid Habits, Strong Liver' ဆိုတဲ့အတိုင်း ကျန်းမာတဲ့ အလေ့အကျင့်တွေကို စတင်လိုက်ရအောင်ပါ။ 💪🌟

အသည်းလေး ကျန်းမာလန်းဆန်းစေဖို့ -
💧 ရေများများသောက်ပါ
😴 အိပ်ရေးဝဝအိပ်ပါ
🩺 အသည်းကျန်းမာရေးကို ပုံမှန်စစ်ဆေးပါ

နေ့စဉ်လူနေမှုဘဝမှာ -
🚫 အယ်လ်ကိုဟော (Alcohol) ရှောင်ကြဉ်တာ
🍔 အဆီအဆိမ့် လျှော့စားတာ
🏃‍♂️ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်တာမျိုးတွေကို အလေ့အကျင့်ကောင်းအဖြစ် ပြောင်းလဲလိုက်ကြရအောင်။ ✨✅

သင့်အသည်း သန်စွမ်းနေမှသာ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ လူကြီးမင်းတို့ရေ... ❤️🙌

ဒီနေ့ ကမ္ဘာ့အသည်းရောဂါနေ့မှာ လူသားအားလုံး အသည်းရောဂါကင်းဝေးပြီး ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ 𝐍𝐞𝐨𝐩𝐚𝐞𝐝 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။ 🙏💙✨

💦 𝐁𝐨𝐰 𝐋𝐚𝐜𝐭 နဲ့ ဆင်နွှဲ... အတာသင်္ကြန် ဖုန်းဘေလ်ကံစမ်းမဲ 💦သင်္ကြန်တွင်း Staycation ပဲနေနေ၊ ခရီးပဲသွားသွား... အစားအသောက်တွ...
10/04/2026

💦 𝐁𝐨𝐰 𝐋𝐚𝐜𝐭 နဲ့ ဆင်နွှဲ... အတာသင်္ကြန် ဖုန်းဘေလ်ကံစမ်းမဲ 💦

သင်္ကြန်တွင်း Staycation ပဲနေနေ၊ ခရီးပဲသွားသွား... အစားအသောက်တွေကြောင့် ဝမ်းချုပ်ပြီး ဗိုက်ကယ်နေရင် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်နော်။ ဒီပြဿနာကို UK နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Bow Lact Solution လေးက အထိရောက်ဆုံး ဖြေရှင်းပေးမှာပါ။ 🛡️✨

ဘာကြောင့် Bow Lact ကို ရွေးချယ်သင့်တာလဲ? 🤔

✅ Lactulose ပါဝင်လို့ အူထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ဝမ်းကို သဘာဝအတိုင်း ပျော့ပျောင်းစေပါတယ်။
✅ အရည်ပုံစံမို့လို့ သောက်သုံးရ လွယ်ကူမြန်ဆန်ပါတယ်။
✅ မွှေးပျံ့တဲ့ Vanilla အရသာလေးမို့ သောက်ရတာ အရသာရှိပါတယ်။
✅ ကိုယ်ဝန်ဆောင်မိခင်များ နဲ့ ဘိုးဘိုးဘွားဘွားများ ပါ စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်။

🎁 ကံစမ်းမဲ အစီအစဉ် 🎁
အခုပဲ "Bow Lact နဲ့ ဆင်နွှဲ အတာသင်္ကြန်ပွဲ" မှာ ပါဝင်ကစားရင်း ဖုန်းဘေလ် ၅,၀၀၀ ကျပ် (၅ ဦး) ကို ကံစမ်းလိုက်ရအောင်!

🎮 ကစားနည်း -
အောက်ကပုံထဲမှာ ဝှက်ထားတဲ့ Bow Lact ဘူးလေးတွေကို ရှာဖွေပြီး ဝိုင်းပြပေးရမှာ ဖြစ်ပါတယ်။

📜 စည်းကမ်းချက်များ:
၁။ ဒီ Post ကို Like & Share လုပ်ပြီး Public နဲ့တင်ပေးပါ။
၂။ ပုံထဲက ဝှက်ထားတဲ့ Bow Lact ဘူးလေးတွေကို ရှာပြီး Circle (ဝိုင်း) ပြထားတဲ့ Screenshot ကို Comment မှာ မန့်ပေးပါ။
၃။ အတူတူကစားဖို့ သူငယ်ချင်း (၂) ယောက် ကို commet မှာ mention ခေါ်ပေးရုံပါပဲ။

📅 ကံထူးရှင်များကို ဧပြီလ (၃၀) ရက်နေ့ မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

#ဝမ်းချုပ်ခြင်းများအတွက်BowLact


အတွဲတစ်တွဲမှာ ဝမ်းအမြဲသွားတတ်တဲ့သူတစ်ယောက်တော့ ရှိတယ်မလား? Date လုပ်ရင်း ရုပ်ရှင်ကြည့်မလားဆိုရင်... "ခဏလေး ဗိုက်ရစ်လို့"...
12/03/2026

အတွဲတစ်တွဲမှာ ဝမ်းအမြဲသွားတတ်တဲ့သူတစ်ယောက်တော့ ရှိတယ်မလား?

Date လုပ်ရင်း ရုပ်ရှင်ကြည့်မလားဆိုရင်... "ခဏလေး ဗိုက်ရစ်လို့" 🏃‍♂️💨 မုန့်အတူတူစားပြီး လမ်းလျှောက်မလားဆိုရင်... "အိမ်သာ ဘယ်မှာလဲ" 🚽👀

အဲ့လို လူအမြဲပျောက်ပျောက်သွားတတ်တဲ့ အချစ်တော်လေးတွေအတွက် 𝐁𝐨𝐰-𝐋𝐚𝐜𝐭 ရှိတယ်နော်။
ဗိုက်ထဲမှာ ရစ်နာတာမျိုးမရှိဘဲ ဝမ်းကိုအချိန်မှန်မှန် ပျော့ပျော့ပြောင်းပြောင်း သွားစေမှာဆိုတော့... Date နေတုန်း အိမ်သာရှာရတဲ့ဒုက္ခကနေ အေးဆေးလွတ်မြောက်ပြီပေါ့။ 😎✨

ကိုယ့်အတွဲထဲမှာ အဲ့လို "အိမ်သာဂျိုး" လေးတွေရှိရင် Tag တွဲပြီး သတိပေးလိုက်တော့နော်! 😋👇

🏷𝐁𝐨𝐰-𝐋𝐚𝐜𝐭 𝟏𝟎𝟎𝐦𝐥 - 𝟏𝟑,𝟓𝟎𝟎𝐤𝐬

🛒ရန်ကုန်မြို့တွင်း ပို့ခအခမဲ့ပါရှင်

💸ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေနဲ့ အခြားမြို့နယ်များငွေကြိုရှင်းပေးရပါမယ်

☎️: 09944416655 (Mon to Sat - 9am to 5pm)
📍: Room 202, Building C, University Yeik Mon Housing, Bahan Township, Yangon. #ဝမ်းချုပ်ခြင်းအတွက်BowLact

"တစ်ရက်တစ်ကြိမ်မှ ဝမ်းမသွားဘူးဆို ဘာဖြစ်နိုင်မလဲ ?" 🧐🚽ကျန်းမာတဲ့ လူတစ်ယောက်အတွက် တစ်နေ့တစ်ကြိမ် ပုံမှန်ဝမ်းသွားတာဟာ ခန္ဓ...
20/02/2026

"တစ်ရက်တစ်ကြိမ်မှ ဝမ်းမသွားဘူးဆို ဘာဖြစ်နိုင်မလဲ ?" 🧐🚽

ကျန်းမာတဲ့ လူတစ်ယောက်အတွက် တစ်နေ့တစ်ကြိမ် ပုံမှန်ဝမ်းသွားတာဟာ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို စနစ်တကျ စွန့်ထုတ်ပစ်လိုက်တာပါပဲ။ တကယ်လို့ သင်က တစ်ရက်တစ်ကြိမ်မှ ဝမ်းမသွားဘူးဆိုရင်တော့ ဒါဟာ သင့်အစာအိမ်နဲ့ အူလမ်းကြောင်းက အချက်ပေးခေါင်းလောင်းသံ တီးနေတာ ဖြစ်နိုင်ပါတယ်နော်။ 🚨

ဝမ်းပုံမှန်မသွားတဲ့အခါ ... 💨 ဗိုက်ထဲမှာ လေပွပြီး နေမထိထိုင်မသာ ဖြစ်မယ်။ 🤢 ခံတွင်းပျက်ပြီး စိတ်အလိုမကျ ဖြစ်တတ်မယ်။ 🤕 ရေရှည်မှာ အသားအရေ ညစ်နွမ်းလာပြီး လိပ်ခေါင်းရောဂါအထိ ဖြစ်ပွားစေနိုင်ပါတယ်။

"အစာလည်းဆေး၊ ဆေးလည်းအစာ" ဆိုသလို အသီးအနှံနဲ့ ရေများများသောက်ပေးဖို့ လိုအပ်သလို... ခက်ခဲနေတဲ့ ဝမ်းဗိုက်အတွက် အကူအညီကောင်းတစ်ခုလည်း လိုအပ်ပါတယ်ရှင်။ ✨
ဒီလိုအချိန်မှာ Lactulose Solution ပါဝင်တဲ့ 𝐁𝐨𝐰-𝐋𝐚𝐜𝐭 က သင့်ကို အနီးကပ်ကူညီပေးမှာပါ။ 🧴✨

ဝမ်းဗိုက်လေး ပေါ့ပါးလန်းဆန်းနေမှ တစ်နေ့တာလုံး ယုံကြည်မှုရှိရှိ ဖြတ်သန်းနိုင်မှာပါ။ သင့်ရဲ့ ဝမ်းဗိုက်ကျန်းမာရေးအတွက် 𝐁𝐨𝐰-𝐋𝐚𝐜𝐭 ကို သတိရလိုက်ပါနော်။ 💙

🏷𝐁𝐨𝐰-𝐋𝐚𝐜𝐭 𝟏𝟎𝟎𝐦𝐥 - 𝟏𝟑,𝟓𝟎𝟎𝐤𝐬

🛒ရန်ကုန်မြို့တွင်း ပို့ခအခမဲ့ပါရှင်

💸ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေနဲ့ အခြားမြို့နယ်များငွေကြိုရှင်းပေးရပါမယ်

☎️: 09944416655 (Mon to Sat - 9am to 5pm)
📍: Room 202, Building C, University Yeik Mon Housing, Bahan Township, Yangon. #ဝမ်းချုပ်ခြင်းအတွက်BowLact

"🌅မနက်ခင်းတိုင်း🚽အိမ်သာထဲမှာ🕙အချိန်ကုန်ပြီး အလုပ်နောက်ကျနေပြီလား ?"😣ဝမ်းချုပ်တာ၊ ဗိုက်ကယ်တာနဲ့ ဝမ်းသွားရခက်တဲ့ ပြဿနာတွေက...
21/01/2026

"🌅မနက်ခင်းတိုင်း🚽အိမ်သာထဲမှာ🕙အချိန်ကုန်ပြီး အလုပ်နောက်ကျနေပြီလား ?"

😣ဝမ်းချုပ်တာ၊ ဗိုက်ကယ်တာနဲ့ ဝမ်းသွားရခက်တဲ့ ပြဿနာတွေက သင့်ရဲ့ တစ်နေ့တာကိုထိုင်းမှိုင်းလေးလံစေပါတယ်နော်။

ဒီလိုနေရခက်တဲ့ ဝေဒနာတွေကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး ဖြေရှင်းပေးဖို့ Lactulose Solution ပါဝင်တဲ့ 👉𝐁𝐨𝐰-𝐋𝐚𝐜𝐭 ဝမ်းပျော့ဆေးရည်ရှိပါတယ်။

👉𝐁𝐨𝐰-𝐋𝐚𝐜𝐭 ကလူကြီးလူငယ်မရွေးသောက်လို့ရတဲ့အပြင်☺️Vanilla အရသာလေးဆိုတော့ အိမ်တိုင်းဆောင်ထားသင့်ပါတယ်နော်။

"ဝမ်းမကောင်းလို့ ခံစားနေရသမျှကို 𝐁𝐨𝐰-𝐋𝐚𝐜𝐭 နဲ့အတူ ရှင်းထုတ်လိုက်ပြီး☺️ပေါ့ပါးလန်းဆန်းတဲ့ မနက်ခင်းတွေကို ပိုင်ဆိုင်လိုက်ပါ"

🏷𝐁𝐨𝐰-𝐋𝐚𝐜𝐭 𝟏𝟎𝟎𝐦𝐥 - 𝟏𝟑,𝟓𝟎𝟎𝐤𝐬

🛒ရန်ကုန်မြို့တွင်း ပို့ခအခမဲ့ပါရှင်

💸ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေနဲ့ အခြားမြို့နယ်များငွေကြိုရှင်းပေးရပါမယ်

☎️: 09944416655 (Mon to Sat - 9am to 5pm)
📍: Room 202, Building C, University Yeik Mon Housing, Bahan Township, Yangon.

ဝမ်းချုပ်ပြီဆို အလကားနေရင်းဘာလို့စိတ်တိုတတ်ကြတာလဲ😡?🚽သင့်ခန္ဓာကိုယ်ရဲ့ "ဒုတိယဦးနှောက်"လို့ တင်စားခေါ်ဝေါ်တဲ့အူလမ်းကြောင်း...
22/12/2025

ဝမ်းချုပ်ပြီဆို အလကားနေရင်းဘာလို့စိတ်တိုတတ်ကြတာလဲ😡?

🚽သင့်ခန္ဓာကိုယ်ရဲ့ "ဒုတိယဦးနှောက်"လို့ တင်စားခေါ်ဝေါ်တဲ့အူလမ်းကြောင်းစနစ်ဟာ စိတ်ဖိစီးမှုနဲ့ စိတ်ခံစားမှုကို ထိန်းချုပ်ပေးတဲ့ Serotonin အများစုကိုထုတ်လုပ်ပေးပါတယ်။

🧠ဦးနှောက် (ပထမဦးနှောက်) နဲ့ အူလမ်းကြောင်း (ဒုတိယဦးနှောက်) တို့ဟာ Vagus Nerve လို့ခေါ်တဲ့ အာရုံကြောကြီးကနေတစ်ဆင့် အမြဲတမ်း ဆက်သွယ်နေကြပါတယ်။

ဒါကြောင့်မို့လို့💁‍♀️-

🛑စိတ်ဖိစီးမှုများတဲ့အခါ ဗိုက်နာခြင်း၊ 💩ဝမ်းလျှောခြင်းဖြစ်တတ်သလို။

🛑အူလမ်းကြောင်း ကျန်းမာရေးကောင်းမွန်ရင် စိတ်ခံစားမှု☺️ပိုမိုတည်ငြိမ်လန်းဆန်းနေတာ စတဲ့ ဆက်စပ်မှုတွေ ရှိနေတာပဲဖြစ်ပါတယ်။

👉ဒါကြောင့် ဝမ်းချုပ်ပြီးအလကားနေရင်းစိတ်တိုနေတာမျိုးမဖြစ်ရအောင် Lactulose Solution ပါဝင်တဲ့ 𝐁𝐨𝐰-𝐋𝐚𝐜𝐭 ဝမ်းပျော့ဆေးရည်လေးကိုဆောင်ထားဖို့လိုမယ်နော် …..

🏷𝐁𝐨𝐰-𝐋𝐚𝐜𝐭 𝟏𝟎𝟎𝐦𝐥 - 𝟏𝟑,𝟓𝟎𝟎𝐤𝐬

🛒ရန်ကုန်မြို့တွင်း ပို့ခအခမဲ့ပါရှင်

💸ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေနဲ့ အခြားမြို့နယ်များငွေကြိုရှင်းပေးရပါမယ်

☎️: 09944416655 (Mon to Sat - 9am to 5pm)
📍: Room 202, Building C, University Yeik Mon Housing, Bahan Township, Yangon.

🗓နှစ်စဥ်နှစ်တိုင်းတွင် ဒီဇင်ဘာလကို ဝမ်းချုပ်ခြင်းဆိုင်ရာ အသိပညာပေးလ(Constipation Awareness Month) အဖြစ် 𝐈𝐅𝐅𝐆𝐃 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨...
03/12/2025

🗓နှစ်စဥ်နှစ်တိုင်းတွင် ဒီဇင်ဘာလကို ဝမ်းချုပ်ခြင်းဆိုင်ရာ အသိပညာပေးလ(Constipation Awareness Month) အဖြစ် 𝐈𝐅𝐅𝐆𝐃 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫 𝐆𝐚𝐬𝐭𝐫𝐨𝐢𝐧𝐭𝐞𝐬𝐭𝐢𝐧𝐚𝐥 𝐃𝐢𝐬𝐨𝐫𝐝𝐞𝐫𝐬 မှ သတ်မှတ်ထားပါသည်။

💁‍♀️ရည်ရွယ်ချက်မှာ - အစာခြေစနစ်ကျန်းမာရေးနှင့် ဘဝအရည်အသွေး တိုးတက်လာစေရေးအတွက်လူအများ နေ့စဥ်ကြုံတွေ့နေရသည့် ဝမ်းချုပ်ခြင်း ပြဿနာကိုဖြေရှင်းရန် နှင့် နားလည်မှုလွဲနေသည့်ကျန်းမာရေးအသိများကို ပညာပေးရန် ဖြစ်ပါသည်။

🚽ဝမ်းချုပ်ခြင်း၏ အဓိကအကြောင်းရင်းများသည် နေ့စဉ်လူနေမှုဘဝပုံစံနှင့် ဆက်စပ်နေသော်လည်း, ဝမ်းချုပ်ခြင်းကို ဆောလျင်စွာ မကုသပါက ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။

💁ဝမ်းချုပ်ခြင်း၏ ထင်ရှားသော လက္ခဏာများ (Symptoms)

ဝမ်းသွားသည့် အကြိမ်ရေနည်းခြင်းအပြင်, အောက်ပါလက္ခဏာများ ရှိနေပါက ဝမ်းချုပ်နေခြင်း ဖြစ်နိုင်ပါသည်။

💢ဝမ်းသွားစဉ် အားစိုက်ညှစ်ရခြင်း။
💢ဝမ်းမာ၍၊ သေးငယ်ပြီး အတုံးအခဲများသာ ထွက်ခြင်း။
💢ဝမ်းသွားပြီးသော်လည်း အူရှင်းသွားသလို မခံစားရခြင်း (ဝမ်းမကုန်ခြင်း)။
💢ဗိုက်အောင့်ခြင်း၊ ဗိုက်ထဲ လေပွခြင်းနှင့် မအီမသာ ဖြစ်ခြင်း။

💁ဝမ်းချုပ်ခြင်း၏ ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများ (Complications)

ရေရှည်ဝမ်းချုပ်ခြင်းနှင့် အားစိုက်ညှစ်ရခြင်းတို့ကြောင့် အောက်ပါ ကျန်းမာရေးပြဿနာများ ဖြစ်ပွားလာနိုင်သည်။

💢လိပ်ခေါင်းရောဂါ (Hemorrhoids): ဝမ်းညှစ်ရခြင်းကြောင့် စအိုဝရှိ သွေးပြန်ကြောများ ဖောင်းပွလာခြင်း။
💢စအိုကွဲခြင်း (A**l Fissures): ဝမ်းမာ၍ အားစိုက်ညှစ်ရခြင်းကြောင့် စအိုနံရံတွင် ဒဏ်ရာရခြင်း။
💢အူပိတ်ဆို့ခြင်း (F***l Impaction): အူမကြီးအတွင်း ဝမ်းများမာကျစ်ပြီး လုံးဝပိတ်ဆို့သွားခြင်း (ပြင်းထန်သော အခြေအနေ)။
💢စိတ်ဖိစီးမှု, မအီမသာဖြစ်မှုနှင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခြင်း။

💁ဝမ်းချုပ်ခြင်းမှ ကင်းဝေးစေမည့် ဖြေရှင်းနည်းများ (Solutions)

နေ့စဉ်လူနေမှုဘဝပုံစံကို ပြောင်းလဲခြင်းဖြင့် ဝမ်းချုပ်ခြင်းကို များစွာ သက်သာစေနိုင်သည်။

💢အမျှင်ဓာတ် များများစားသုံးပါ။ (ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပဲအမျိုးမျိုးနှင့် အစေ့အဆံများ)
💢ရေကို ပုံမှန်သောက်ပါ။ (အစာခြေခြင်းကို ကောင်းမွန်စေရန်)
💢ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။ (အူလမ်းကြောင်း လှုပ်ရှားမှုကို ကူညီရန်)
💢ဝမ်းနှုတ်ဆေးများ သုံးစွဲခြင်း (Laxatives):
ရေရှည်တွင် လုံခြုံစိတ်ချရပြီး၊ အူမကြီးအတွင်းမှ ရေဓာတ်ကို ဆွဲယူကာ ဝမ်းပျော့စေသော Lactulose Solution (BOW-LACT) ကဲ့သို့သော ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့် သုံးစွဲနိုင်ပါသည်။

🚽ကမ္ဘာ့လိပ်ခေါင်းရောဂါနေ့ 🚽📆နိုဝင်ဘာလ ၂၀ ရက် ကမ္ဘာ့လိပ်ခေါင်းရောဂါနေ့တွင် ဝမ်းချုပ်ခြင်းနှင့် လိပ်ခေါင်းရောဂါ ကာကွယ်ရေးအ...
19/11/2025

🚽ကမ္ဘာ့လိပ်ခေါင်းရောဂါနေ့ 🚽

📆နိုဝင်ဘာလ ၂၀ ရက် ကမ္ဘာ့လိပ်ခေါင်းရောဂါနေ့တွင် ဝမ်းချုပ်ခြင်းနှင့် လိပ်ခေါင်းရောဂါ ကာကွယ်ရေးအတွက် ဆောင်ရန် ရှောင်ရန်များကို 𝐁𝐨𝐰-𝐋𝐚𝐜𝐭 𝐥𝐚𝐜𝐭𝐮𝐥𝐨𝐬𝐞 𝐬𝐨𝐥𝐮𝐭𝐢𝐨𝐧 မှပြောပြပေးချင်ပါတယ်

🛑လိပ်ခေါင်းရောဂါနဲ့ ဝမ်းချုပ်ခြင်း
ဝမ်းချုပ်ခြင်းကြောင့် ဝမ်းသွားချိန် မကြာခဏ အားစိုက်ညှစ်ရသည့်အခါ စအိုတစ်ဝိုက်ရှိ သွေးကြောများ ဖောင်းပွကာ လိပ်ခေါင်းရောဂါ ဖြစ်ပွားစေပါတယ် ။ဝမ်းချုပ်ခြင်းကို စောစီးစွာ ကုသခြင်းဖြင့် လိပ်ခေါင်းရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

👉လိပ်ခေါင်းရောဂါ ကာကွယ်ရန် လုပ်ဆောင်ရမည့်အချက်များကတော့......

💢ရေကို တစ်နေ့လျှင် အနည်းဆုံး ၂-၃ လီတာ သောက်ပါ။ အမျှင်ဓာတ်ကြွယ်ဝသော ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ပဲအမျိုးမျိုး၊ အစေ့အဆံများ စားသုံးပါ။

💢 တစ်နေ့လျှင် အနည်းဆုံး မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပါ။

💢ဝမ်းသွားလိုစိတ်ဖြစ်ပေါ်ပါက ချက်ချင်းသွားပါ။ ဝမ်းချုပ်ပါက Lactulose Solution ကဲ့သို့သော ဝမ်းပျော့ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးပါ။

👉လိပ်ခေါင်းရောဂါ မဖြစ်ပွားစေဖို့ ရှောင်ရမည့်အချက်များကတော့.........

💢ဝမ်းသွားစဉ် အားစိုက်ညှစ်ခြင်းနှင့် အိမ်သာပေါ်တွင် ၁၀ မိနစ်ထက်ပို၍ အကြာကြီးထိုင်ခြင်း ရှောင်ပါ။

💢ကဖိန်းဓာတ်ပါသော အချိုရည်များ (ကော်ဖီ/လက်ဖက်ရည်) နှင့် အရက်ကို လျှော့ပါ။

💢ဝမ်းချုပ်စေသော အစားအစာများ (အဆီများသော အစားအစာ၊ Fast food များကိုရှောင်ပါ။

🤗ဝမ်းချုပ်ခြင်းကင်း‌ဝေးပြီး လိပ်ခေါင်းရောဂါမဖြစ်ပွားစေဖို့ 𝐁𝐨𝐰-𝐋𝐚𝐜𝐭 မိသားစုမှ World Piles Day အထိမ်းအမှတ်အနေနဲ့ ရေးသားဖော်ပြလိုက်ပါတယ်။




ဝမ်းချုပ်ခြင်းနဲ့ပတ်သတ်ပြီး အယူအဆအမှား ၃ ခု 1️⃣ တစ်ရက်တစ်ကြိမ်ဝမ်းမသွားတိုင်း ဝမ်းချုပ်တာမဟုတ်ပါဘူး ဝမ်းသွားတဲ့အချိန် ဝမ...
27/10/2025

ဝမ်းချုပ်ခြင်းနဲ့ပတ်သတ်ပြီး အယူအဆအမှား ၃ ခု

1️⃣ တစ်ရက်တစ်ကြိမ်ဝမ်းမသွားတိုင်း ဝမ်းချုပ်တာမဟုတ်ပါဘူး ဝမ်းသွားတဲ့အချိန် ဝမ်းသွားရခက်ခဲနေအောင်မာနေမှသာ ဝမ်းချုပ်တာဖြစ်နိုင်ပါတယ် (လူတစ်ဦးနဲ့တစ်ဦး ဇီဝကမ္မဖြစ်စဉ်တွေဟာမတူညီနိုင်တဲ့အတွက် တစ်ချို့တစ်နေ့ နှစ်ကြိမ်ထိ ဝမ်းသွားတတ်ကြတဲ့သူတွေရှိသလို တစ်ချို့က နှစ်ရက်မှ တစ်ကြိမ်ဝမ်းသွားတတ်ကြပါတယ်။)

2️⃣ ဝမ်းချုပ်တိုင်း ဝမ်းနှုတ်ဆေးသောက်သုံးနေတာ (ဝမ်းနှုတ်ဆေးတွေဟာ ယာယီ ဝမ်းချုပ်တာကို ချက်ချင်း ဖြေရှင်းပေးနိုင်ပေမယ့် ရေရှည်အတွက် မကောင်းပါဘူး ကြာလာရင် ဆေးမသောက်ဘဲ လုံးဝ ဝမ်းမသွားနိုင်တော့တဲ့အခြေအနေထိ ဖြစ်စေနိုင်ပါတယ်။)

3️⃣ အမျှင်ဓာတ်ပါတဲ့အသီးအရွက်ပဲစားမယ် ရေများများသောက်စရာမလိုဘူး (အမျှင်ဓာတ် များများစားရင်တောင် ရေဓာတ်လုံလောက်စွာမသောက်ဘူးဆိုရင်ဝမ်းသွားရ ပိုခက်ခဲစေပြီး ဝမ်းချုပ်တာ ပိုဆိုးစေနိုင်ပါတယ်။)

👨‍⚕️ဒါကြောင့် ရေများများသောက် ကိုယ်လက်လှုပ်ရှားများများလုပ်ပြီး အသီးအရွက်နဲ့ အမျှင်ဓာတ်ကိုလည်း ညီညွတ်မျှတစွာစားပေးရင် အကောင်းဆုံးပါပဲ

👉ဝမ်းချုပ်ခြင်းကင်းဝေးပြီး အူလမ်းကြောင်းကိုကျန်းမာစေဖို့ဆိုရင် Lactulose Solution ပါဝင်တဲ့ 𝐁𝐨𝐰-𝐋𝐚𝐜𝐭 ဝမ်းပျော့ဆေးရည်လေးကိုဆောင်ထားဖို့လိုမယ်နော်

🏷𝐁𝐨𝐰-𝐋𝐚𝐜𝐭 𝟏𝟎𝟎𝐦𝐥 - 𝟏𝟑,𝟓𝟎𝟎𝐤𝐬

🛒ရန်ကုန်မြို့တွင်း ပို့ခအခမဲ့ပါရှင်

💸ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေနဲ့ အခြားမြို့နယ်များငွေကြိုရှင်းပေးရပါမယ်

☎️: 09944416655 (Mon to Sat - 9am to 5pm)
📍: Room 202, Building C, University Yeik Mon Housing, Bahan Township, Yangon.

Address

Room 202, Building C, University Yeik Mon Housing, Bahan Township
Yangon
11081

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 15:00

Telephone

+959944416655

Website

Alerts

Be the first to know and let us send you an email when Bow-Lact Lactulose Solution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share