04/02/2026
ယနေ့ ၂၀၂၆ ၊ ဖေဖော်ဝါရီ ၄ ရက်နေ့သည်
“World Cancer Day” ကမ္ဘာ့ကင်ဆာရောဂါနေ့
ဖြစ်ပါသည်။
ကင်ဆာရောဂါကို ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်ပါသည်။ကင်ဆာရောဂါကို အချိန်မီသိရှိ၍ ကုသမှုခံယူပါက ပုံမှန်အတိုင်း ကျန်းမာလာနိုင်သည့် အနေအထားမှ အဆုံးထိပျောက်ကင်းသွားသည့်လက္ခဏာများမှာလည်းလက်တွေ့ မြင်တွေ့နေရပြီဖြစ်ပါသည်။
အောက်ဖော်ပြပါနည်းလမ်းများမှတဆင့် ကင်ဆာရောဂါကို အထိရောက်ဆုံးကာကွယ်ရန်အကြုံပြုတင်ပြအပ်ပါသည်။
(၁) ကျန်းမာရေးစစ်ဆေးမှုပုံမှန်ပြုလုပ်ခြင်း
ရင်သား ၊ သားအိမ်ခေါင်း နှင့် အူမကြီးကင်ဆာစသည့်လက္ခဏာများအတွက် ကျန်းမာရေးစစ်ဆေးမှုပုံမှန်ပြုလုပ်ခြင်းသည် ကုသမှုအတွက် အကောင်းဆုံးကာကွယ်ပေးနိုင်ခြင်းပင်ဖြစ်ပါသည်။အထူးသဖြင့် အဆိုပါဆေးစစ်ဆေးမှုပုံမှန်ပြုလုပ်ခြင်းသည်အဆုတ်ကင်ဆာရောဂါ အလားအလာဖြစ်နိုင်ချေရှိသည့်သူများအတွက်ပိုမိုသင့်တော်ကြောင်းကျန်းမာရေးရူထောင့်မှ အကြံပြုဖော်ပြထားပါသည်။
(၂) ကာကွယ်ဆေးထိုးနှံခြင်း
Vaccines (shots)ကာကွယ်ဆေးထိုးခြင်းဖြင့်ကင်ဆာဖြစ်နိုင်ချေအား လျော့ချပေးနိုင်မည်ဖြစ်သည်။ Human papillomavirus Vaccine (HPV)ကာကွယ်ဆေးသည်သားအိမ်ခေါင်းကင်ဆာနှင့် အခြားကင်ဆာအမျိုးအစားများစွာ၏ ဖြစ်နိုင်ချေကို ကာကွယ်ပေးနိုင်သည့်အပြင်အသည်းရောင် အသားဝါဘီ (B) ကာကွယ်ဆေးသည်လည်း အသည်းကင်ဆာဖြစ်နိုင်ချေကို လျော့ကျအောင် အထောက်အပံ့ပေးနိုင်ပါသည်။
(၃) ကျန်းမာသောဘဝနေထိုင်မှုပုံစံကိုရွေးချယ်ခြင်း
နေ့စဉ်စားသောက် နေထိုင်မှုများမှတဆင့်
ကိုယ်အလေးချိန်ထိန်းခြင်း ၊ ဆေးလိပ် နှင့် အရက် အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကျဉ်ခြင်းဖြင့်ကျန်းမာရေးနှင့်ညီညွတ်မျှတအောင်နေထိုင်နိုင်ခြင်းသည် ကင်ဆာရောဂါဖြစ်နိုင်ချေကို လျော့ကျအောင်ပြုလုပ်နိုင်ပါသည်။
June 20,2023,How to Prevent Cancer or Find It Early, https://www.cdc.gov/ မှကိုးကားဖော်ပြထားပါသည်။