Dr Min Lifestyle Centre

Dr Min Lifestyle Centre ဆီးချိုသွေးတိုး သွေးအဆီများ ဝိတ်တက် စိတ်ကျန်းမာရေးစ‌တဲ့နာတာရှည် ရောဂါများအတွက် Lifestyle ကုထုံးများ

� ကိုဗစ်ကာကွယ်ကုသရေးအတွက် မိမိအိမ်မှာနေပြီး မိမိရောဂါအတွက် ဆရာဝန်ကြီးများနှင့် တိုက်ရိုက်ဖုန်းခေါ်ကာ ရုပ်မြင်သံကြားဆွေးနွေးနိုင်ပါပြီ။

� ဆီးချို၊ အသည်းအဆီဖုံး၊ သွေးတွင်းအဆီတက် စသည့် နာတာရှည်ရောဂါအမျိုးမျိုးကုသလိုသူများ၊
� စိတ်ဖိစီး စိတ်ကျရောဂါအတွက်ဆွေးနွေးကုသလိုသူများ၊
� ကိုယ်ခန္ဓာလေးလံထိုင်းမှိုင်းလာလို့ ဝိတ်ချဖို့လိုအပ်နေသူများကို Lifestyle Online Clinic မှာ ဖုန်းပြောကုသပေးနေပါပြီ။

� တကြိမ

်လျင် လိုအပ်သလို 20-25 မိနစ် ခန့်ထိကြာ စမ်းသပ်စစ်ဆေးကုသမှုအစီအစဉ်ကို ဖုန်းဆက်ပြီး ရက်ချိန်း ရယူနိုင်ပါသည်။

� Viber Video call (အင်တာနက်မရလျင်ရိုးရိုးဖုန်းပြော) ခေါ်ဆိုပြီး အောက်ပါကုသဆွေးနွေး မှုများ ရရှိပါမည်။

၁။ ရောဂါရာဇဝင်ရယူခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဆေးမှတ်တမ်းဟောင်းများရှိပါက စစ်ဆေးပေးခြင်း
၂။ မိမိနေထိုင်စားသောက်ပုံ အလေ့အကျင့်များကို စမ်းစစ်ခြင်း
၃။ ပြည်သူ့ကျန်းမာရေးအထူးကု (ဆီးချို/ အဝလွန် Lifestyle ဆရာဝန်) ဒေါက်တာမင်းထက်ဇော်ကိုယ်တိုင် လိုအပ်သောဆေးနှင့် ကုသမှုညွှန်ကြားခြင်း
၄။ Healthy Lifestyle (ကျန်းမာစေသောလူနေမှုပုံစံများဖြစ်သည့်အစားအ‌သောက်ကုထုံး)၊ သင့်တော်သော ကိုယ်လက်လေ့ကျင့်ခန်း သင်ကြားလေ့ကျင့်မှု၊ စိတ်ဖိစီးမှု့လျှော့ချရေး၊ စသည့် ဆွေးနွေးကုသပေးမှု (counseling) တစ်ခုခု (သင့်တော်ကိုက်ညီသော မိမိနှစ်သက်ရာ ကျန်းမာရေး အစီအစဉ်ရရန် သုံးလေးကြိမ် ဆွေးနွေးဖို့ လိုအပ်နိုင်ပါသည်)

ဒေါက်တာမင်းထက်ဇော်
MB, BS; PGDip in Diabetes (UK); MPH (NUS, Singapore); DMPR; Hon Obs at OCDEM (Oxford); CCEBDM; Cert in Nutrition (WUR, Netherlands); Certified Diabetes Educator (IDF); Training in PsychoMedicine (NUH)

� Dr Min Lifestyle Online Clinic
ဖုန်း 09797239686
YouTube channel: https://youtube.com/user/mhzaw01

🩸  #ဆီးချိုသွေးချိုဓာတ်ကျဆင်းနေတဲ့အခါ ဘာတွေလုပ်ရမလဲ? 15 - 15 Rule! အတိုင်းလုပ်ရမယ်။ဆီးချိုသမားတွေအနေနဲ့ သွေးချိုဓာတ် 70 ...
09/08/2026

🩸 #ဆီးချိုသွေးချိုဓာတ်ကျဆင်းနေတဲ့အခါ ဘာတွေလုပ်ရမလဲ? 15 - 15 Rule! အတိုင်းလုပ်ရမယ်။

ဆီးချိုသမားတွေအနေနဲ့ သွေးချိုဓာတ် 70 mg/dL (3.9 mmol/L) အောက်ကျသွားခြင်း ကို (သွေးချိုကျခြင်း) လို့ သတ်မှတ်ပါတယ်။

သွေးချိုကျတာကို မကုသဘဲထားရင် သတိလစ်ခြင်း၊ တက်ခြင်းနဲ့ အသက်အန္တရာယ်အထိ ဖြစ်နိုင်ပါတယ်။

⚠️ သွေးချိုကျတဲ့အခါ #တွေ့နိုင်တဲ့လက္ခဏာများ

• လက်တုန်ခြင်း
• ချွေးစေးထွက်ခြင်း
• နှလုံးခုန်မြန်ခြင်း
• အလွန်ဆာလောင်ခြင်း
• မူးဝေခြင်း၊ အားနည်းခြင်း
• စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ခြင်း
• အာရုံစူးစိုက်ရခက်ခြင်း
• စကားပြောမရှင်းခြင်း
• အမြင်အာရုံဝေဝါးခြင်း
• ပြင်းထန်လာပါက သတိလစ်ခြင်း၊ တက်ခြင်း ဖြစ်နိုင်ပါတယ်။

🍬 #သွေးချိုကျနေတယ်ဆိုရင်ဘာလုပ်ရမလဲ?

1️⃣ သွေးချိုတိုင်းနိုင်ရင် ချက်ချင်းတိုင်းပါ။

70 mg/dL (3.9 mmol/L) အောက်ဆိုရင် သွေးချိုကျနေပြီလို့ သတ်မှတ်နိုင်ပါတယ်။

2️⃣ “15–15 Rule” ကို အသုံးပြုနိုင်ပါတယ်။

👉 ချက်ချင်းစုပ်ယူနိုင်တဲ့ သကြားဓာတ် 15 g ခန့် စား/သောက်ပါ။

ဥပမာ—

• Glucose tablet 3–4 လုံး (ထုတ်ကုန်ညွှန်ကြားချက်အတိုင်း)
• သစ်သီးဖျော်ရည် ½ ခွက်ခန့်
• ပုံမှန်အချိုရည် ½ ခွက်ခန့်
• သကြား 3 ဇွန်းခန့်ကို ရေထဲဖျော်သောက်ခြင်း

⚠️ Diet/Zero/အချိုမပါသော အချိုရည်တွေ မသုံးပါနှင့်။

3️⃣ 15 မိနစ်ခန့်ကြာပြီး သွေးချိုပြန်တိုင်းပါ။

သွေးချို 70 mg/dL အောက်မှာရှိနေသေးရင် သကြားဓာတ် 15 g ခန့်ကို ထပ်မံစား/သောက်ပြီး 15 မိနစ်အကြာ ပြန်တိုင်းပါ။

🍚 သွေးချိုပြန်တက်လာရင်?

နောက်တစ်ကြိမ်အစားစားချိန် မနီးသေးဘူးဆိုရင်
အစာအနည်းငယ် (carbohydrate + protein ပါသော snack) သားရေစာ စားထားပါ။

ဥပမာ— ပေါင်မုန့်နှင့် ကြက်ဥ၊ နို့နှင့် ပေါင်မုန့် စသည်တို့ ဖြစ်ပါတယ်။

🚨 သတိလစ်နေသူကို သကြား/အစားအစာ မတိုက်ပါနှင့်!

သွေးချိုအလွန်ကျပြီး—

❌ သတိလစ်နေခြင်း
❌ အစာမျိုချနိုင်ခြင်း မရှိခြင်း
❌ တက်ခြင်း
❌ စိတ်ရှုပ်ထွေးပြီး မိမိကိုယ်တိုင် မစား/မသောက်နိုင်ခြင်း

ဖြစ်နေပါက ပါးစပ်မှ အစားအစာ၊ ရေ၊ သကြားရည် မတိုက်ပါနှင့်။ အစာဝင်လမ်းကြောင်းပိတ်ပြီး အဆုတ်ထဲဝင်နိုင်ပါတယ်။

👉 အရေးပေါ်ဆေးကုသမှု ချက်ချင်းခံယူပါ။
👉 Glucagon ရှိပြီး အသုံးပြုတတ်ပါက ညွှန်ကြားချက်အတိုင်း အသုံးပြုနိုင်ပါတယ်။

🔍 သွေးချိုဘာကြောင့်ကျရတာလဲ?

သွေးချိုကျခြင်းကို ကုသပြီးတာနဲ့ မပြီးသေးပါဘူး။ ဘာကြောင့်ကျသွားတာလဲ ရှာဖွေဖို့ အရေးကြီးပါတယ်။

ဖြစ်နိုင်တဲ့အကြောင်းရင်းတွေက—

• အင်ဆူလင်/ဆီးချိုဆေး ပမာဏများခြင်း
• အစားအစာနောက်ကျခြင်း သို့မဟုတ် မစားဖြစ်ခြင်း
• အစားအစာနည်းနည်းပဲစားခြင်း
• လေ့ကျင့်ခန်းပြင်းထန်စွာလုပ်ခြင်း
• အရက်သောက်ခြင်း
• ကျောက်ကပ် သို့မဟုတ် အသည်းလုပ်ဆောင်ချက် ကျဆင်းခြင်း
• အချို့သော ဆီးချိုဆေးများ အသုံးပြုခြင်း

တို့ကြောင့် ဖြစ်နိုင်ပါတယ်။

အထူးသဖြင့် အင်ဆူလင် သို့မဟုတ် သွေးချိုကျစေနိုင်သော ဆေးများ သောက်/ထိုးနေသူများအနေဖြင့် သွေးချိုကျတာ မကြာခဏဖြစ်နေပါက ဆရာဝန်နှင့် ဆေးပမာဏ ပြန်လည်ဆွေးနွေးသင့်ပါတယ်။

❤️ အရေးကြီးဆုံး မှတ်ထားရန်

“သွေးချိုကျရင် 15 g သကြားဓာတ် → 15 မိနစ်စောင့် → ပြန်တိုင်း”

သွေးချိုကျတတ်သူများအနေဖြင့် ချိုချဉ်/သကြားလုံး သို့မဟုတ် အချိုရည်တစ်မျိုးမျိုးကို အမြဲဆောင်ထားခြင်း က အရေးကြီးပါတယ်။

Dr Min Lifestyle online clinic
Viber 09 7972 39686

09/08/2026

ကျန်းမာရေးအမြင်တွေ ဘာကြောင့်ပြဿနာဖြစ်?

Dimension (ရှု့ထောင့်) မတူလို့ Paradigm (စံ၊ တန်ဖိုးထားမှု) မတူတာ။
ဥပမာ ဘာကြောင့်အဝလွန်ပြီးရောဂါကြီးကြီးမရှိလဲ နားထောင်ကြည့်ပါ

Dr Min Lifestyle online clinic

Viber 09 7972 39686

06/08/2026

အမိန့်ပေးသလိုလာပြောတဲ့
comment ကိုအကြောင်းပြန်ပေးလိုက်ပါတယ်။
နာတာရှည်ကျောက်ကပ်ရောဂါ CKD stage 4 and 5 နောက်ဆုံးအဆင့်တွေအတွက်ရှောင်ရမယ့်အစားအသောက်တွေပြောတဲ့ ပိုစ့်အောက်မှာ လာမန့်တာပါ။
ဆွေးနွေးပေးတဲ့သူတွေ စိတ်ဝင်တစားကြည့်ရှုနားထောင်နေတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်။
ကျန်းမာရေးအသိပညာတွေတိုးပွားပြီး ရောဂါဘယတွေကင်းဝေးကြပါစေ။

လူသိနည်းသေးတဲ့  #မက်လင်ချဉ်  #ကျန်းမာရေးအစွမ်းအံ့မခမ်းပါပဲတဲ့စာဖတ်ပရိသတ်အချို့က မေးထားလို့ ရေးပေးမယ်စိတ်ကူးခဲ့တယ်။ အခုဆရ...
04/08/2026

လူသိနည်းသေးတဲ့
#မက်လင်ချဉ် #ကျန်းမာရေးအစွမ်းအံ့မခမ်းပါပဲတဲ့
စာဖတ်ပရိသတ်အချို့က မေးထားလို့ ရေးပေးမယ်စိတ်ကူးခဲ့တယ်။ အခုဆရာကြီးရဲ့ပို့စ်မှာအလွန်ပြည့်စုံကောင်းမွန်နေလို့ ဒါကိုပဲရှယ်ပေးလိုက်ပါတယ်။
ကျနော်တို့🙏 Physio Professor ဆရာကြီး ဦးလှသန်းရဲ့ပို့စ် 👉 မူရင်းဖတ်ဖို့
https://www.facebook.com/share/p/1JxGpQGChb/

နောက်ပြီးကွန်မန့်မှာက အနှစ်ချုပ်ရေးပေးလိုက်ပါတယ်

03/08/2026

ကြက်သွန်နီ အာဟာရနဲ့ကျန်းမာရေး

03/08/2026

ကြက်သွန်နီရဲ့ ကျန်းမာရေးအာနိသင်
အပြည့်အဝရဖို့ ဘယ်လိုစားရမလဲ?
ဘာတွေကောင်းတာလဲ?
Dr Min Lifestyle online clinic


#ကျန်းမာရေးဗဟုသုတ
Viber 09797239686

02/08/2026

စိုးရိမ်သောကရောဂါတွေနဲ့ နောက်ဆက်တွဲပြဿနာတွေ မဖြစ်အောင်ဘယ်လိုကာကွယ်ကုသရမလဲ။
Lifestyle Counseling

01/08/2026

ရောဂါဖေါ်ထုတ်ဖို့အရေးကြီးပါတယ်။ ဒါကမှားတတ်လို့ အနာတခြားဆေးတခြားဖြစ်တတ်တယ်

 #အကောင်းအဆိုးအထောက်အထားနဲ့ပြောပါ #နဂါးမောက်သီး (  Fruit / Pitaya) က အရသာချိုချဉ်လေးရှိပြီး အာဟာရဓာတ်ကောင်းကောင်းပါဝင်တဲ...
01/08/2026

#အကောင်းအဆိုးအထောက်အထားနဲ့ပြောပါ
#နဂါးမောက်သီး ( Fruit / Pitaya) က အရသာချိုချဉ်လေးရှိပြီး အာဟာရဓာတ်ကောင်းကောင်းပါဝင်တဲ့ အသီးတစ်မျိုးပါ။ သုတေသနတွေမှာလည်း ကျန်းမာရေးအတွက် အကျိုးရှိနိုင်တယ်လို့ တွေ့ရှိထားပေမယ့် "ဆေး" မဟုတ်ဘဲ အာဟာရပြည့်ဝတဲ့ အသီးတစ်မျိုးအဖြစ် စားသုံးသင့်ပါတယ်။

👍 #ကောင်းကျိုးများ

🍎 ၁။ ဗီတာမင် C ပါဝင်လို့ ကိုယ်ခံအားကို ကူညီပေးနိုင်တယ်။

ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးနိုင်တယ်။

အနာကျက်မြန်ဖို့၊ အသားအရေကျန်းမာဖို့ ကူညီပေးတယ်။

🌾 ၂။ အမျှင်ဓာတ် (Fiber) များတယ်။

အစာချေစနစ်ကောင်းစေတယ်။

ဝမ်းချုပ်တာကို လျော့စေနိုင်တယ်။

ဗိုက်ပြည့်လွယ်လို့ ကိုယ်အလေးချိန်ထိန်းရာမှာ အထောက်အကူဖြစ်နိုင်တယ်။

❤️ ၃။ Antioxidant တွေ ပါဝင်တယ်

Betalains (အနီရောင်အသားမှာများ), Flavonoids နဲ့ Polyphenols တွေပါဝင်လို့ ဆဲလ်တွေကို oxidative stress ကနေ ကာကွယ်ပေးနိုင်တယ်။

🩸 ၄။ သွေးတွင်းသကြားဓာတ်ကို သွယ်ဝိုက်ကူညီနိုင်တယ်။

Fiber ကြောင့် သကြားစုပ်ယူမှုကို နှေးစေနိုင်ပေမယ့် ဆီးချိုရောဂါကို ကုသပေးတဲ့ အသီးတော့ မဟုတ်ပါဘူး။

ဆီးချိုရှိသူတွေက ပမာဏကို ထိန်းပြီး စားသင့်ပါတယ်။

❤️ ၅။ နှလုံးကျန်းမာရေးကိုအထောက်အကူ ဖြစ်နိုင်တယ်

Fiber နဲ့ မျိုးစေ့ထဲက ကျန်းမာရေးကောင်းတဲ့ အဆီအနည်းငယ်တွေကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်နိုင်ပါတယ်။

#သတိထားရမယ့်အချက်များ (အဆိုး)

⚠️ ၁။ အလွန်အကျွံစားရင်

ဗိုက်အောင့်တာ၊ ဝမ်းလျှောတာ ဖြစ်နိုင်ပါတယ်။

⚠️ ၂။ ဓာတ်မတည့်မှု (Allergy)

ဖြစ်တာ ရှားပေမယ့် ယားယံတာ၊ အဖုထတာ၊ အသက်ရှူခက်တာ ဖြစ်ရင် ချက်ချင်း ဆေးကုသမှုခံယူသင့်ပါတယ်။

⚠️ ၃။ ဆီး၊ ဝမ်း အနီရောင်ဖြစ်နိုင်တယ်

အနီရောင်အသားရှိတဲ့ နဂါးမောက်သီးကို များများစားပြီးနောက် ယာယီအနေနဲ့ ဆီး ဒါမှမဟုတ် ဝမ်း အနီရောင်ပြောင်းတာ ဖြစ်နိုင်ပါတယ်။ သွေးထွက်တာမဟုတ်ဘဲ အရောင်ဓာတ်ကြောင့် ဖြစ်တာဖြစ်ပြီး များသောအားဖြင့် စိုးရိမ်စရာမလိုပါဘူး။

#တစ်နေ့ဘယ်လောက်စားသင့်လဲ

လူကြီးတစ်ယောက်အတွက် အသီးတစ်ခွက်ခန့် (၁၅၀–၂၀၀ ဂရမ်) လောက် စားရင် လုံလောက်ပါတယ်။

အသီးမျိုးစုံကို အလှည့်ကျ စားတာက ပိုကောင်းပါတယ်။

#သုတေသနအထောက်အထား

World Health Organization က အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ကို နေ့စဉ် လုံလောက်စွာ စားသုံးဖို့ အကြံပြုထားပါတယ်။

Harvard T.H. Chan School of Public Health ကလည်း Fiber နဲ့ Antioxidant ပါဝင်တဲ့ အသီးအနှံတွေကို ပုံမှန်စားသုံးခြင်းက ကျန်းမာရေးအတွက် အကျိုးရှိနိုင်ကြောင်း ဖော်ပြထားပါတယ်။

နဂါးမောက်သီးအပေါ် ပြုလုပ်ထားတဲ့ သုတေသနတွေမှာလည်း Fiber၊ Vitamin C နဲ့ Antioxidants တွေကြောင့် အစာချေစနစ်နဲ့ နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်နိုင်ကြောင်း တွေ့ရှိထားသော်လည်း လူတွေမှာ ရေရှည်အကျိုးသက်ရောက်မှုကို ဆက်လက်လေ့လာနေဆဲဖြစ်ပါတယ်။

အကျဉ်းချုပ် နဂါးမောက်သီးက အမျှင်ဓာတ်များ၊ Vitamin C ပါဝင်၊ Antioxidant ကြွယ်ဝ တဲ့ အသီးဖြစ်ပြီး ပုံမှန်ပမာဏနဲ့ စားသုံးရင် ကျန်းမာရေးအတွက် အကျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် မည်သည့်အသီးမဆိုလိုပဲ အလွန်အကျွံမစားဘဲ မျှတစွာစားတာ က အကောင်းဆုံးဖြစ်ပါတယ်။



#ကျန်းမာရေးဗဟုသုတ

Address

#1024, Bayakyawthu 17 Street, Quarter 7, South Okkalarpa
Yangon
MMR11091

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 18:00

Telephone

+959797239686

Alerts

Be the first to know and let us send you an email when Dr Min Lifestyle Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dr Min Lifestyle Centre:

Shortcuts

Share