Phyathai Phaholyothin Hospitalမြန်မာပြည်ရုံး

  • Home
  • Myanmar
  • Yangon
  • Phyathai Phaholyothin Hospitalမြန်မာပြည်ရုံး

Phyathai Phaholyothin Hospitalမြန်မာပြည်ရုံး We are here to help you and your beloved ones health care.

03/06/2026

အချို (Sugar) စားသုံးမှုက ကိုယ်အလေးချိန် တိုးလာစေရုံတင် မဟုတ်ပါဘူး။ 🍭🚫

ကျွန်တော်တို့ ခန္ဓာကိုယ်က အသုံးမပြုနိုင်တဲ့ သကြားအပိုအလျှံတွေဟာ အသည်းမှာ အဆီ (Triglycerides) အဖြစ် ပြောင်းလဲသွားပြီး သင့်ကျန်းမာရေးကို တိတ်တဆိတ် ခြိမ်းခြောက်နေနိုင်ပါတယ်။

⚠️ အချိုစားသုံးမှု လွန်ကဲခြင်းရဲ့ နောက်ကွယ်မှာ...
✅ အသည်းအဆီဖုံးခြင်း (Fatty Liver)
✅ သွေးကြောကျဉ်းခြင်းနှင့် သွေးတိုးရောဂါ
✅ နှလုံးရောဂါ ဖြစ်နိုင်ခြေ မြင့်မားခြင်း
စတဲ့ နောက်ဆက်တွဲ ပြဿနာတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။

ဒါကြောင့် အချိုကို ကန့်သတ်စားသုံးဖို့ လိုသလို၊ မိမိရဲ့ ကိုယ်တွင်းအင်္ဂါ ကျန်းမာရေး အခြေအနေကိုလည်း ပုံမှန်စစ်ဆေးဖို့ တိုက်တွန်းပါရစေ။

သင့်ရဲ့ အသည်းနဲ့ နှလုံးကျန်းမာရေးအတွက် ပိုမိုစိတ်ချရအောင် Phyathai Phaholyothin ဆေးရုံကြီး မှာ အခုပဲ အသေးစိတ် တိုင်ပင်ဆွေးနွေးလိုက်ပါ။


မိမိရဲ့ ကျန်းမာရေးအတွက် ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်လာတဲ့အခါ အစိုးရိမ်ရဆုံးအချက်က ကုသမှုရဲ့ အရည်အသွေးနဲ့ ကုန်ကျစရိတ်တွေ...
02/06/2026

မိမိရဲ့ ကျန်းမာရေးအတွက် ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်လာတဲ့အခါ အစိုးရိမ်ရဆုံးအချက်က ကုသမှုရဲ့ အရည်အသွေးနဲ့ ကုန်ကျစရိတ်တွေပဲ မဟုတ်လား။ ခြေလှမ်းတိုင်းမှာ စိတ်အေးရစေဖို့အတွက် အခုဆိုရင် ထိုင်းနိုင်ငံရဲ့ ထိပ်တန်းဆေးရုံကြီးတစ်ခုဖြစ်တဲ့ Phyathai Phaholyothin ဆေးရုံကြီး မှာ ခေတ်မီဆန်းသစ်တဲ့ ကုသမှုပိုင်းဆိုင်ရာ အရည်အသွေးတွေကို စိုးရိမ်ပူပန်မှုမရှိဘဲ ခံယူနိုင်ဖို့ Special Promotion အထူးအစီအစဉ်တွေကို စီစဉ်ပေးထားပါတယ် ခင်ဗျာ။ 🩺🌟

နှလုံးသွေးကြောပိတ်ရောဂါ၊ အတွင်းတိမ်၊ ဒူးဆစ်နှင့် တင်ပါးဆုံရိုး အစားထိုးခြင်းများအပြင် အမျိုးသမီးရောဂါဆိုင်ရာနှင့် အခြားခွဲစိတ်မှု အမျိုးမျိုးအတွက် အထူးသက်သာသော ကန့်သတ်ဈေးနှုန်းများဖြင့် ကုသမှု ခံယူနိုင်မှာ ဖြစ်ပါတယ် ။

ဒါတင်မကသေးဘဲ အစာအိမ်နှင့် အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း Gastroscopy & Colonoscopy အတွက်လည်း Buy 1 Get 1 အထူးပရိုမိုးရှင်း (၃၂,၀၀၀ ဘတ်) ပါ ရှိတာမို့ မိသားစုဝင်နှစ်ဦးဖြစ်စေ၊ မိမိတစ်ဦးတည်းအတွက်ဖြစ်စေ အလွန်တန်ဖိုးရှိတဲ့ ကျန်းမာရေးစစ်ဆေးမှုတစ်ခု ဖြစ်မှာပါ။

🎯 အထူးပရိုမိုးရှင်း ခွဲစိတ်ကုသမှု ဝန်ဆောင်မှုများနှင့် ဈေးနှုန်းများ -

• Coronary Angiogram (CAG) - ၄၈,၀၀၀ ဘတ်
• Phacoemulsification Cataract Surgery - ၄၅,၀၀၀ ဘတ်
• Laparoscopic Cystectomy - ၁၅၅,၀၀၀ ဘတ်
• Laparoscopic Myomectomy - ၁၇၉,၀၀၀ ဘတ်
• TLH (Total Laparoscopic Hysterectomy) - ၂၂၅,၀၀၀ ဘတ်
• Total Knee Replacement - ၂၅၀,၀၀၀ ဘတ်
• Total Hip Replacement - ၂၅၀,၀၀၀ ဘတ်
• Laparoscopic Cholecystectomy - ၁၆၀,၀၀၀ ဘတ်
• Hemorrhoidectomy - ၈၉,၀၀၀ ဘတ်

ပရိုမိုးရှင်းကာလ: ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်မှ ဇူလိုင်လ ၃၁ ရက်နေ့အထိသာ။

Phyathai Phaholyothin ဆေးရုံကြီး၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုပါက
🇲🇲 09 950 950 733
09 950 950 388
09 977 776 742
🇹🇭 08 188 608 56
သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်။

ရုံးလိပ်စာ
အမှတ် (၄၁/၂၈) ရွှေတောင်ကုန်းရိပ်သာလမ်း၊ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

Phyathai Phaholyothin ဆေးရုံကြီးက လူကြီးမင်းတို့ရဲ့ ကျန်းမာရေးကို အစဉ်တစိုက် ဂရုစိုက်ပေးနေပြီး အခုအခါမှာတော့ အရည်အသွေးမြ...
28/05/2026

Phyathai Phaholyothin ဆေးရုံကြီးက လူကြီးမင်းတို့ရဲ့ ကျန်းမာရေးကို အစဉ်တစိုက် ဂရုစိုက်ပေးနေပြီး အခုအခါမှာတော့ အရည်အသွေးမြင့် ဆေးစစ်ချက်တွေနဲ့အတူ ဘန်ကောက်မြို့ရဲ့ အလှဆုံး Skyline View ကိုပါ ခံစားနိုင်မယ့် Wellness Privilege Program ကို အထူးအစီအစဉ်အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။

ဒီအစီအစဉ်မှာ အမျိုးသား/အမျိုးသမီးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ရောဂါရှာဖွေစစ်ဆေးချက်အမျိုးပေါင်း (၃၀) ကျော်ကို "တစ်ဦးဝယ်ယူရင် တစ်ဦး အခမဲ့ (Buy 1 Get 1 Free)" အစီအစဥ်နဲ့ နှစ်ဦးအတူတူ စစ်ဆေးနိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပြီးသွားရင် ဘန်ကောက်မြို့ရဲ့ အမြင့်ဆုံး Baiyoke Sky Hotel မှာ (၂) ယောက်စာ အထူးညစာ သုံးဆောင်နိုင်မည့် Complimentary လက်ဆောင်ကိုလည်း ဆေးရုံကြီးက မေတ္တာဖြင့် ပေးအပ်သွားမှာပါ။

ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ရင်း ချစ်ခင်ရသူနဲ့အတူ အဆင့်မြင့်ညစာကို သုံးဆောင်နိုင်မယ့် ဒီအခွင့်အရေးကို ၂၀၂၆၊ ဇူလိုင် (၃၁) ရက်နေ့အထိ ရရှိနိုင်ပါတယ်။

ပြီးပြည့်စုံတဲ့ ဘဝနေထိုင်မှုပုံစံ (Wellness Lifestyle) ရဲ့ အစကတော့ ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကို တိတိကျကျ သိရှိနားလည်ခြင်းကနေ စတင်တာ ဖြစ်ပါတယ်။ အချိန်မီ ကြိုတင်ပြင်ဆင်မှုတွေနဲ့အတူ ပိုမိုကျန်းမာပြီး လှပတဲ့ မနက်ဖြန်တွေကို ယုံကြည်မှုရှိရှိ ဖြတ်သန်းလိုက်ပါ။

Phyathai Phaholyothin ဆေးရုံကြီး၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုပါက
🇲🇲 09 950 950 733
09 950 950 388
09 977 776 742
🇹🇭 08 188 608 56
သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်။

ရုံးလိပ်စာ
အမှတ် (၄၁/၂၈) ရွှေတောင်ကုန်းရိပ်သာလမ်း၊ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

အသက်အရွယ်အလိုက် ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေကို သေသေချာချာ သိရှိနားလည်ထားဖို့က အမျိုးသမီးတိုင်းအတွက် အရေးက...
27/05/2026

အသက်အရွယ်အလိုက် ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေကို သေသေချာချာ သိရှိနားလည်ထားဖို့က အမျိုးသမီးတိုင်းအတွက် အရေးကြီးဆုံးပဲ မဟုတ်လား။

အမျိုးသမီးတွေရဲ့ ကျန်းမာရေးဟာ အသက်အရွယ်အလိုက် ဂရုစိုက်ရမယ့် ဦးစားပေးအချက်တွေ မတူညီကြပါဘူး။

ဒါကြောင့် ဘဝရဲ့ ဘယ်လိုအခန်းကဏ္ဍမှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် အမြဲအကောင်းဆုံး ပံ့ပိုးပေးနိုင်ဖို့အတွက် ပုံမှန် ကျန်းမာရေးစစ်ဆေးမှု လုပ်ဖို့ လိုအပ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အချိန်မီ ကြိုတင်ကာကွယ်ခြင်းကသာ နောက်ဆက်တွဲဖြစ်လာမယ့် ကျန်းမာရေးစိန်ခေါ်မှုတွေကို အကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်မယ့် နည်းလမ်းမို့လို့ပါ။

ကိုယ့်ရဲ့ အသက်အရွယ်နဲ့ လူနေမှုပုံစံပေါ်မူတည်ပြီး ဘယ်လို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်သင့်လဲဆိုတာကို ပိုမိုအသေးစိတ် သိရှိနိုင်ဖို့ အခုပဲ ဆွေးနွေးမေးမြန်းနိုင်ပါတယ်။

Phyathai Phaholyothin ဆေးရုံကြီး၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုပါက
🇲🇲 09 950 950 733
09 950 950 388
09 977 776 742
🇹🇭 08 188 608 56
သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်။

ရုံးလိပ်စာ
အမှတ် (၄၁/၂၈) ရွှေတောင်ကုန်းရိပ်သာလမ်း၊ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။


#ကျန်းမာရေး

ကျန်းမာရေးမှာ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါဟာ လက္ခဏာပြလာတဲ့အထိ စောင့်ကြည့်တာ...
25/05/2026

ကျန်းမာရေးမှာ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါဟာ လက္ခဏာပြလာတဲ့အထိ စောင့်ကြည့်တာထက် မပြခင်ကတည်းက ကြိုတင်သိရှိထားဖို့က အသက်ရှင်သန်နိုင်ခြေကို ပိုမိုမြှင့်တင်ပေးနိုင်ပါတယ်။

Phyathai Phaholyothin ဆေးရုံကြီးရဲ့ SPOT-MAS နည်းပညာဟာ သွေးစစ်ရုံဖြင့် သင့်ခန္ဓာကိုယ်အတွင်းက ကင်ဆာ (၁၀) မျိုးရဲ့ အချက်ပေးလက္ခဏာတွေကို အစောဆုံးအဆင့်မှာတင် တိကျစွာ ရှာဖွေပေးနိုင်မှာဖြစ်ပါတယ်။

ဒီစစ်ဆေးမှုမှာ ရင်သား၊ အသည်း၊ အဆုတ်၊ အူမကြီးနဲ့ အစာအိမ် အစရှိတဲ့ အဖြစ်များတဲ့ ကင်ဆာ (၁၀) မျိုးလုံး ပါဝင်တာကြောင့် တစ်ကြိမ်တည်းနဲ့တင် စိတ်အေးရစေပါတယ်။

ခွဲစိတ်စရာ ဒါမှမဟုတ် အသားစယူစရာ မလိုဘဲ သွေးစစ်ရုံနဲ့တင် အဖြေထုတ်ပေးနိုင်တဲ့ DNA နည်းပညာဖြစ်လို့ လူကြီးမိဘတွေအတွက်လည်း စိတ်ချလက်ချ စစ်ဆေးပေးလို့ရပါတယ်။

အထူးသဖြင့် အသက် ၄၀ ကျော်လာသူတွေ၊ မိသားစုထဲမှာ ကင်ဆာမျိုးရိုးရှိသူတွေနဲ့ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကြောင့် စိတ်ပူနေရသူတွေအတွက် ဒီ SPOT-MAS က အသင့်တော်ဆုံးပါပဲ။

စစ်ဆေးခအတွက် ၃၅,၅၀၀ ဘတ် ကျသင့်မှာဖြစ်ပြီး Promotion သက်တမ်းကတော့ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်။

ကျန်းမာရေးဆိုတာ တစ်ခါတစ်ရံမှာ ဒုတိယအကြိမ်ဆိုတဲ့ အခွင့်အရေးမျိုး ပေးလေ့မရှိပါဘူး။ အထူးသဖြင့် ကင်ဆာလို ရောဂါမျိုးကို အစောဆုံးအဆင့်မှာတင် ကြိုတင်ခြေရာခံနိုင်ခြင်းက မိမိကိုယ်တိုင်အတွက်ရော မိသားစုအတွက်ပါ အစားထိုးမရတဲ့ စိတ်အေးချမ်းသာမှုကို ရရှိစေတာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ဝယ်ယူရရှိနိုင်မယ့် ဒီပရိုမိုးရှင်း သက်တမ်းအတွင်းမှာ အဆင့်မြင့် SPOT-MAS နည်းပညာနဲ့အတူ စိတ်ချရတဲ့ အနာဂတ်တစ်ခုကို ကြိုတင်ပုံဖော်ထားနိုင်မှာပဲ ဖြစ်ပါတယ်။

Phyathai Phaholyothin ဆေးရုံကြီး၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုပါက
🇲🇲 09 950 950 733
09 950 950 388
09 977 776 742
🇹🇭 08 188 608 56
သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်။

ရုံးလိပ်စာ
အမှတ် (၄၁/၂၈) ရွှေတောင်ကုန်းရိပ်သာလမ်း၊ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

22/05/2026

မိသားစုထဲမှာ ကင်ဆာရောဂါအခံ ရှိနေလို့ ကိုယ့်မှာရော ဖြစ်လာနိုင်မလားဆိုပြီး စိုးရိမ်စိတ်တွေနဲ့ ဖြတ်သန်းနေရပြီလား? 😟

တကယ်တော့ ကင်ဆာရောဂါအားလုံးရဲ့ (၅%) ကနေ (၁၀%) လောက်ဟာ မျိုးရိုးဗီဇ (Genetic) ချို့ယွင်းချက်ကြောင့် မိသားစုဝင်တွေဆီ လက်ဆင့်ကမ်းလာတတ်တာပါ။ အထူးသဖြင့် ရင်သား၊ သားအိမ်နဲ့ အူမကြီးကင်ဆာလိုမျိုးတွေဟာ မျိုးရိုးလိုက်တတ်တဲ့ ရောဂါတွေဖြစ်ပါတယ်။

ဒါကို ကြောက်နေဖို့ထက် ကိုယ့်ဘက်က ဘယ်လို ကြိုတင်ပြင်ဆင်ပြီး ကာကွယ်ရမလဲဆိုတာကို သိထားဖို့က ပိုအရေးကြီးပါတယ်။ မျိုးရိုးဗီဇ စစ်ဆေးတာ (Genetic Testing) က သင့်မှာ ကင်ဆာဖြစ်နိုင်ခြေ ရှိ၊ မရှိ တိတိကျကျ သိစေနိုင်ပြီး၊ ရောဂါကို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်နိုင်အောင် ဒါမှမဟုတ် အစောဆုံး ကုသမှုခံယူနိုင်အောင် အများကြီး အထောက်အကူပြုနိုင်ပါတယ်။ ✨

ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံး ကုသမှုတစ်ခုပါ။ အသေးစိတ်ကို သိရှိလိုပါက Messenger ကနေတစ်ဆင့် ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်

🇲🇲 09 950 950 733
09 950 950 388
09 977 776 742
🇹🇭 08 188 608 56

ရုံးလိပ်စာ
အမှတ် (၄၁/၂၈) ရွှေတောင်ကုန်းရိပ်သာလမ်း၊ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။


ပြီးခဲ့တဲ့ မေလ (၁၆) ရက်နဲ့ (၁၇) ရက်နေ့တွေက မန္တလေးမြို့ Ceremony Ballroom ခန်းမမှာ ကျင်းပခဲ့တဲ့ Health & Beauty 2026 ပြပ...
21/05/2026

ပြီးခဲ့တဲ့ မေလ (၁၆) ရက်နဲ့ (၁၇) ရက်နေ့တွေက မန္တလေးမြို့ Ceremony Ballroom ခန်းမမှာ ကျင်းပခဲ့တဲ့ Health & Beauty 2026 ပြပွဲကြီးမှာ ကျွန်မတို့ Phyathai Phaholyothin ဆေးရုံကြီးအနေနဲ့ ပါဝင်ခွင့်ရခဲ့ပါတယ်။

ပွဲရက်အတွင်းမှာ ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူဖို့ စိတ်ဝင်စားကြတဲ့ မန္တလေးက လူကြီးမင်းများစွာ လာရောက်ခဲ့ကြပြီး၊ လိုအပ်တဲ့ ပြည်ပဆေးကုသမှုဆိုင်ရာ ကိစ္စရပ်တွေကို ဆေးမှတ်တမ်းတွေနဲ့တကွ စနစ်တကျ လာရောက်တိုင်ပင် ဆွေးနွေးခဲ့ကြပါတယ်။

ကျွန်မတို့ဆီမှာ ယုံကြည်စိတ်ချစွာ လာရောက်ဆွေးနွေးခဲ့ကြတဲ့ လူနာများနှင့် မိသားစုဝင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ ဒါ့အပြင် အခမ်းအနားမှာ ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ ဆရာဝန်ကြီးများ၊ ဆေးရုံတာဝန်ရှိသူများ အားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောကြားရင်း အမှတ်တရပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်ရှင်။

Phyathai Phaholyothin ဆေးရုံ၏ အထူးကုဆရာဝန်ကြီး Dr. Wasin Tangkitkiatkul နှင့်အတူ သည်းခြေကျောက် ခွဲစိတ်ကုသမှု (Gallbladde...
14/05/2026

Phyathai Phaholyothin ဆေးရုံ၏ အထူးကုဆရာဝန်ကြီး Dr. Wasin Tangkitkiatkul နှင့်အတူ သည်းခြေကျောက် ခွဲစိတ်ကုသမှု (Gallbladder Removal Surgery) ကို အောင်မြင်စွာ ခံယူခဲ့သည့် လူနာ မပန်းအိအိလွင် ၏ ကုသမှုအတွေ့အကြုံကို ဂုဏ်ယူစွာဖြင့် မျှဝေအပ်ပါသည်။

လူနာ၏ ကိုယ်တိုင်ရေးသားပေးပို့သော ကျေးဇူးတင်လွှာတွင် ဆရာဝန်ကြီး၏ ကျွမ်းကျင်မှု၊ သူနာပြုများနှင့် ဝန်ထမ်းများ၏ အလေးထားဂရုစိုက်မှု၊ အထူးသဖြင့် မြန်မာစကားပြန်များ၏ အဆင်ပြေချောမွေ့သော ကူညီပံ့ပိုးမှုများအပေါ် အထူးကျေနပ်အားရမှုရှိကြောင်း ဖော်ပြထားပါသည်။

ကျွန်ုပ်တို့ Phyathai Phaholyothin ဆေးရုံသည် လူနာများအတွက် ဘေးကင်းစိတ်ချရပြီး အရည်အသွေးမြင့်မားသော ကုသမှုဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် အမြဲအလေးထား ဆောင်ရွက်လျက်ရှိပါသည်။

လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခြင်းသည် ကျွန်တော်တို့အတွက် အကြီးမားဆုံးသော ခွန်အားတစ်ရပ်ဖြစ်ပြီး ဆက်လက်ကြိုးစားဆောင်ရွက်ရန် အင်အားတစ်ခုလည်း ဖြစ်ပါတယ်။

ရှေ့လျှောက်လည်း အကောင်းဆုံး ဝန်ဆောင်မှုများနဲ့
သင့်ကျန်းမာရေးခရီးစဉ်ကို အမြဲအတူရှိနေပါမည်။

Phyathai Phaholyothin ဆေးရုံကြီး၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုပါက
🇲🇲 09 950 950 733
09 950 950 388
09 977 776 742
🇹🇭 08 188 608 56
သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်။

ရုံးလိပ်စာ
အမှတ် (၄၁/၂၈) ရွှေတောင်ကုန်းရိပ်သာလမ်း၊ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

အလုပ်အပေါ် အာရုံစိုက်လွန်းလို့ ကိုယ့်ခန္ဓာကိုယ်က ပေးနေတဲ့ အချက်ပေးသံတွေကို လျစ်လျူရှုမိနေပြီလား?တစ်နေ့ကို (၈) နာရီကျော် ...
13/05/2026

အလုပ်အပေါ် အာရုံစိုက်လွန်းလို့ ကိုယ့်ခန္ဓာကိုယ်က ပေးနေတဲ့ အချက်ပေးသံတွေကို လျစ်လျူရှုမိနေပြီလား?

တစ်နေ့ကို (၈) နာရီကျော် ကွန်ပျူတာရှေ့မှာ ထိုင်နေရတဲ့ Workaholic တွေအတွက် Office Syndrome ဆိုတာ အဝေးကြီးမှာ မဟုတ်ပါဘူး။ အစပိုင်းမှာတော့ သာမန် ဇာတ်ကြောတက်တာ၊ ခါးနာတာလောက်ပဲလို့ ထင်ရပေမဲ့ ဒါကို မကုသဘဲ အကျင့်လိုဖြစ်လာတဲ့အခါ ကျောရိုးဆစ်ပြဿနာနဲ့ အာရုံကြောညှပ်တာမျိုးတွေအထိ ဖြစ်လာနိုင်ပါတယ်။

သင့်ခန္ဓာကိုယ်မှာ ဒီလက္ခဏာတွေ ရှိနေပြီလား?
⚠️ ဇာတ်ကြောတက်ရာမှတစ်ဆင့် ခေါင်းကိုက်ခြင်း
⚠️ ပခုံးနှင့် လည်ပင်း တောင့်တင်းနာကျင်ခြင်း
⚠️ ခါးအောက်ပိုင်း အဆက်မပြတ် နာကျင်ခြင်း
⚠️ လက်ချောင်း၊ လက်ကောက်ဝတ်များ ထုံကျင်ခြင်း
ဒီဝေဒနာတွေကနေ သက်သာဖို့ဆိုရင် အလုပ်လုပ်တဲ့ ပတ်ဝန်းကျင် (Setup) ကို ပြင်ဆင်တာအပြင် တစ်နာရီတစ်ခါ အကြောဆန့်ပေးဖို့လည်း လိုအပ်ပါတယ်။

ဒီဝေဒနာတွေကနေ သက်သာဖို့ဆိုရင် အလုပ်လုပ်တဲ့ ပတ်ဝန်းကျင် (Setup) ကို ပြင်ဆင်တာအပြင် တစ်နာရီတစ်ခါ အကြောဆန့်ပေးဖို့လည်း လိုအပ်ပါတယ်။
ဒါကြောင့် အလုပ်တွေ ဘယ်လောက်ပဲ များနေပါစေ... ခန္ဓာကိုယ်ကပေးတဲ့ သတိပေးသံတွေကို အချိန်မီ နားထောင်ဖို့ မမေ့ပါနဲ့။

အကယ်၍ သင်ဟာ ဒီလိုဝေဒနာတွေကို ရက်ရှည်ခံစားနေရပြီဆိုရင်တော့...
အခုပဲ Messenger ကနေတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။

Phyathai Phaholyothin ဆေးရုံကြီး၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုပါက
🇲🇲 09 950 950 733
09 950 950 388
09 977 776 742
🇹🇭 08 188 608 56
သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်။

ရုံးလိပ်စာ
အမှတ် (၄၁/၂၈) ရွှေတောင်ကုန်းရိပ်သာလမ်း၊ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

ကျန်းမာပျော်ရွှင်တဲ့ ဘဝကို စိတ်အေးချမ်းသာစွာနဲ့ ဆက်လက်လျှောက်လှမ်းနိုင်ဖို့ သင့်နှလုံးသားရဲ့ ကျန်းမာရေးက အရေးကြီးဆုံးပါပ...
10/05/2026

ကျန်းမာပျော်ရွှင်တဲ့ ဘဝကို စိတ်အေးချမ်းသာစွာနဲ့ ဆက်လက်လျှောက်လှမ်းနိုင်ဖို့ သင့်နှလုံးသားရဲ့ ကျန်းမာရေးက အရေးကြီးဆုံးပါပဲ။ ✨

နှလုံးကျန်းမာရေးက အပြင်ပန်းကြည့်ရုံနဲ့ မသိနိုင်သလို၊ ချစ်ခင်ရသူတွေနဲ့ အချိန်အကြာကြီး အတူတူရှိနေနိုင်ဖို့ သင့်နှလုံးသားက ပေးပို့တဲ့ အချက်ပြမှုတွေကို ဂရုတစိုက် နားထောင်ပေးဖို့ လိုအပ်ပါတယ်။

Phyathai Phaholyothin ဆေးရုံကြီး၏ ၂၀၂၆ အဆင့်မြင့်နှလုံးစစ်ဆေးမှု အစီအစဉ်များက သင့်နှလုံးသားအတွက် အကောင်းဆုံးသော ကျန်းမာရေးကာကွယ်မှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ နှလုံးခုန်နှုန်း (EKG)၊ နှလုံး Ultrasound (Echo) နဲ့ နှလုံးသွေးကြောထုံးစံ (CT Calcium Score) စတဲ့ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ အသေးစိတ် စစ်ဆေးမှုများကို တစ်နေရာတည်းမှာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

အခြေခံစစ်ဆေးမှု 4,500 THB ကနေ စတင်ပြီး မိမိနဲ့ ကိုက်ညီမယ့် ပက်ကေ့ချ်အမျိုးအစားကို အခုပုံပါအတိုင်း စိတ်ကြိုက်ရွေးချယ် စစ်ဆေးနိုင်ပါပြီ။

Phyathai Phaholyothin ဆေးရုံကြီး၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုပါက
🇲🇲 09 950 950 733
09 950 950 388
09 977 776 742
🇹🇭 08 188 608 56
သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်။

ရုံးလိပ်စာ
အမှတ် (၄၁/၂၈) ရွှေတောင်ကုန်းရိပ်သာလမ်း၊ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။


#နှလုံးကျန်းမာရေး

Address

41/28 Golden Hill Avenue, Golden Valley, Bahan
Yangon
11162

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959977776742

Website

Alerts

Be the first to know and let us send you an email when Phyathai Phaholyothin Hospitalမြန်မာပြည်ရုံး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Phyathai Phaholyothin Hospitalမြန်မာပြည်ရုံး:

Share