Htet Marn Specialist Clinic & Diagnostic Center

Htet Marn Specialist Clinic & Diagnostic Center စေတနာ အကြင်နာ ထက်သန်စွာ ၀န်ဆောင်ပေးမှာ " ထက်မာန် " ပါ

ထက်မာန်ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်းတွင် ခွေးရူးပြန်ရောဂါကာကွယ်ဆေး(ARV Vaccine)ကို ထိုးနှံနိုင်ပါသည်။ခွေး၊ကြောင် ကိုက...
05/09/2025

ထက်မာန်ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်းတွင် ခွေးရူးပြန်ရောဂါကာကွယ်ဆေး(ARV Vaccine)ကို ထိုးနှံနိုင်ပါသည်။

ခွေး၊ကြောင် ကိုက်ခံရလျှင် သွားဖြင့်ခြစ်ကုတ်ခံရလျှင်
(၁) ကိုက်ခံရသည့်နေရာကို ရေစင်စင်5မိနစ်ခန့်ဆေးပါ။
(၂) ကိုက်ခံရသည့်အချိန်မှ (၂၄)နာရီအတွင်း (သို့မဟုတ်)စောနိုင်သမျှ အမြန်ဆုံး ခွေးရူးပြန်​ရောဂါ ကာကွယ်ဆေးထိုးပါ။
(၃)တိရိစ္ဆာန်အကိုက်ခံရသူများသည် ဒဏ်ရာအရွယ်အစား၊ ကိုက်ခံရသည့်ခန္ဓာကိုယ်အစိတ်အပိုင်း၊ကိုက်သည့်တိရစ္ဆာန်အပေါ်မူတည်၍ကာကွယ်ဆေး (ARV)ထိုးရုံမကပဲ အဆိပ်ဖြေဆေး(Immunoglobulin)ကိုလည်းထိုးရနိုင်ပါသည်။
(၄)မေးခိုင်ရောဂါကာကွယ်ဆေးကိုပါထိုးသင့်ပါသည်။
ကာကွယ်ဆေးထိုးရန်နှင့်Appointmentရယူခြင်းအသေးစိတ်အချက်အလက်များကိုသိရှိနိုင်ရန် အောက်ပါဖုန်းနံပါတ်များကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 🧑‍⚕️

⏰ဆေးခန်းဖွင့်ချိန် - မနက် ( ၈ ) နာရီ မှ ည ( ၅ ) နာရီ
🏥လိပ်စာ - အမှတ် (၁၈၄/၁၈၅) ၊ ရာဇာဓိရာဇ်လမ်း၊ (၄၀)ရပ်ကွက်၊ မြောက်ဒဂုံ။
☎️ဆက်သွယ်ရန် - 09 768 750 019 , 09 768 750 054

#ထက်မာန်ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်း

"ထက်မာန်ဆေးခန်းမှာ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးလို့ရပါပြီ"▪️နှစ်စဉ်တုပ်ကွေးရာသီချိန်မှာဖြစ်တတ်တဲ့ Flu virus ကိုကာကွယ်ဖို့အတ...
29/04/2025

"ထက်မာန်ဆေးခန်းမှာ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးလို့ရပါပြီ"

▪️နှစ်စဉ်တုပ်ကွေးရာသီချိန်မှာဖြစ်တတ်တဲ့ Flu virus ကိုကာကွယ်ဖို့အတွက် တစ်နှစ်တစ်ခါ ရာသီတုပ်ကွေးကာကွယ်ဆေးကိုထိုးသင့်ပါသည်။
▪️ဆေးထိုးထားလျှင် တုပ်‌ကွေးရောဂါဖြစ်နိုင်ခြေကို70%ခန့်ကာကွယ်ပေးနိုင်ပါသည်။
▪️ရာသီတုပ်ကွေးကာကွယ်ဆေးကိုအသက်'6'လမှစ လူကြီးများအထိထိုးနှံနိုင်ပါသည်။
"မဖြစ်မနေထိုးနှံသင့်သူတွေကတော့"
(၁) ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်'6'လအထက်ကလေးငယ်များ
(၂) အသက်'65'နှစ်အထက်လူကြီးများ
(၃) နာတာရှည်ရောဂါအခံရှိသူများ ဖြစ်ပါတယ်။
▪️ကာကွယ်ဆေးထိုးမည်ဆိုပါက ကြိုတင် booking တင်ပေးပါရန်မေတ္တာရပ်ခံအပ်ပါတယ်ရှင့်
▪️မိသားစု၊အသင်းအဖွဲ့များ အိမ်တိုင်ရာရောက်ဝန်ဆောင်မှုများရရှိနိုင်ပါသည်။
Appointment ရယူခြင်းနဲ့ အသေးစိတ် အချက်အလက်များကို သိရှိနိုင်ရန် အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။ 🧑‍⚕️

⏰ဆေးခန်းဖွင့်ချိန် - မနက် ( ၈ ) နာရီ မှ ညနေ ( ၅ ) နာရီ

🏥လိပ်စာ - အမှတ် (၁၈၄/၁၈၅) ၊ ရာဇာဓိရာဇ်လမ်း၊ (၄၀)ရပ်ကွက်၊ မြောက်ဒဂုံ။

☎️ဆက်သွယ်ရန် - 09 768 750 019 , 09 768 750 054

#ထက်မာန်ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်း

🙏မင်္ဂလာပါ…ထက်မာန် ရောဂါ ရှာဖွေရေးနှင့် အထူးကုဆေးခန်းရဲ့page မှ ပြန်လည် ကြိုဆိုလိုက်ပါတယ်ရှင့်။ ထက်မာန်အထူးကုဆေ...
24/04/2025

🙏မင်္ဂလာပါ…ထက်မာန် ရောဂါ ရှာဖွေရေးနှင့် အထူးကုဆေးခန်းရဲ့page မှ ပြန်လည် ကြိုဆိုလိုက်ပါတယ်ရှင့်။

ထက်မာန်အထူးကုဆေးခန်းမှ အောက်ပါဝန်ဆောင်မှုများပေးနေပါပြီ
🔹ဓာတ်ခွဲခန်းစမ်းသပ်စစ်ဆေးခြင်းများ
🔹ECG (နှလုံးစမ်းသပ်စစ်ဆေးခြင်း)
🔹Ultrasound တယ်လီဗွီးရှင်းဓာတ်မှန်ရိုက်ခြင်း
🔹ဒူးနာ၊ခါးနာများအတွက် စက်ဖြင့်ကုသမှုပေးခြင်း
🔹ဓာတ်မှန်စက်ဖြင့် စမ်းသပ်စစ်ဆေးခြင်းများ
🔹ကိုယ်ဝန်ရှိ၊မရှိ စစ်ဆေးပေးခြင်း
🔹ဆီးချို၊သွေးချို စစ်ဆေးပေးခြင်း နှင့်
🔹 Home care အိမ်အရောက်ကျန်းမာရေးဝန်ဆောင်မှုများပါပေးလျှက်ရှိပါသည်။

ဆေးခန်းပြဖို့ Appointment ရယူခြင်းနဲ့ အသေးစိတ် အချက်အလက်များကို သိရှိနိုင်ရန် အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် ။ 🧑‍⚕️

☎️ဆက်သွယ်ရန် - 09 768 750 019 , 09 768 750 054
⏰ဆေးခန်းဖွင့်ချိန် - မနက် ( ၈ ) နာရီ မှ ညနေ ( ၅ ) နာရီ
🏥လိပ်စာ - အမှတ် (၁၈၄/၁၈၅) ၊ ရာဇာဓိရာဇ်လမ်း၊ (၄၀)ရပ်ကွက်၊ မြောက်ဒဂုံ။

#ထက်မာန်ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်း

💦ဆေးခန်းပိတ်ရက်ကြေညာခြင်း💦ထက်မာန်ရောဂါရှာဖွေ‌ရေးနှင့်အထူးကုဆေးခန်းကို 12.4.2025(စနေ)နေ့မှ20.4.2025(တနင်္ဂနွေ)နေ့အထိနှစ်သ...
08/04/2025

💦ဆေးခန်းပိတ်ရက်ကြေညာခြင်း💦
ထက်မာန်ရောဂါရှာဖွေ‌ရေးနှင့်အထူးကုဆေးခန်းကို 12.4.2025(စနေ)နေ့မှ20.4.2025(တနင်္ဂနွေ)နေ့အထိနှစ်သစ်ကူးအတာသင်္ကြန်ပိတ်ရက်များအဖြစ်(9)ရက်တိတိပိတ်မည်ဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်ရှင်။

05/04/2025

28.3.2025ရက်နေ့‌တွင်လှုပ်ခက်ခဲ့သည့်ကြောက်မက်ဖွယ်ငလျင်ကြီးကြောင့် ဒေသအသီးသီးမှအသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိသောမိသားစုများအတွက်ထပ်တူဝမ်းနည်းကြေကွဲရပါသည်။

ဤဘေးဆိုးကြီးကိုကြံ့ခိုင်စွာဖြတ်ကျော်နိုင်ကြပါစေကြောင်းနှင့်ဘေးအန္တရာယ်များကင်းရှင်းပါစေကြောင်း"ထက်မာန်ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်း"မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့်🙏🙏🙏

❝ 🩺 ဘာကြောင့် ကျန်းမာရေး စစ်ဆေးမှု ပုံမှန်လုပ်သင့်တာလဲ❓❞ Medical Check-Up လုပ်တယ်ဆိုတာကတော့ ဒီနေ့ခေတ် လူအများစု ကြားဖူးန...
17/03/2025

❝ 🩺 ဘာကြောင့် ကျန်းမာရေး စစ်ဆေးမှု ပုံမှန်လုပ်သင့်တာလဲ❓❞

Medical Check-Up လုပ်တယ်ဆိုတာကတော့ ဒီနေ့ခေတ် လူအများစု ကြားဖူးနားဝရှိပြီးသား စကားလုံး ဖြစ်ကြမှာပါ။

Medical Check-Up ဆိုတာကတော့ … 🩺

🩻 ကိုယ်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာ ဘာရောဂါတွေ ရှိနေလဲ သိရအောင် ကျန်းမာရေး စစ်ဆေးမှုတွေကို အဆင့်ဆင့် ဆောင်ရွက်ခြင်းဖြစ်ပြီး

⛔ အနာဂတ်မှာ ဖြစ်လာနိုင်ချေရှိတဲ့ ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်အောင်

🧑‍⚕️ ရောဂါ တစ်ခုခု ရှာဖွေတွေ့ရှိခဲ့ရင်လည်း အချိန်မှီ ကုသနိုင်အောင် အသက်အရွယ် အပိုင်းအခြားအလိုက် လိုအပ်တဲ့ စစ်ဆေးမှုတွေကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ✅

❗️ဒီလို ကျန်းမာရေး စစ်ဆေးမှုတွေကို လုံးဝ မပြုလုပ်ဘူးရင်တော့ ကိုယ့်ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးအတွက်ရော ၊ စိတ်ကျန်းမာရေးအတွက်ပါ ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်လာစေနိုင်ပြီး အကျိုးဆက်တွေ အနေနဲ့

🏥 ပြင်းထန်အဆင့်ရောက်မှ ရောဂါရှာဖွေတွေ့ရှိခြင်း
🏥 ပုံမှန် စစ်ဆေးမှု မရှိခြင်းကြောင့် ရောဂါပိုမိုဆိုးရွားလာခြင်း
🏥 နောက်ကျမှ စတင်ကုသတာကြောင့် ကုန်ကျစရိတ် ပိုမိုများပြားလာခြင်း
🏥 စိတ်ဖိစီးမှု များပြားလာပြီး စိတ်ကျရောဂါ ဖြစ်လာနိုင်ခြင်း
🏥 ကူးစက်ရောဂါတွေ ရှိနေတဲ့အခါ မိသားစုဝင်တွေ ၊ ချစ်ခင်ရသူတွေကိုပါ ကူးစက်နိုင်ခြင်း စတာတွေအပြင်
🏥 အရွယ်မတိုင်မီ အသက်သေဆုံးနိုင်ခြင်း စတဲ့ ဆိုးကျိုးတွေ မြောက်များစွာ ဖြစ်လာနိုင်ချေရှိပါတယ်။ 🤷🏻‍♀️

ဒါကြောင့် ဒီလို ဆိုးကျိုးတွေကို အတတ်နိုင်ဆုံးကာကွယ်ရင်း ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းချင်တယ်ဆိုရင်တော့ … 🌻

ထက်မာန်ရဲ့ ကျွမ်းကျင်ဆရာဝန်ကြီးတွေ ၊ သူနာပြုတွေက ကျန်းမာရေး စစ်ဆေးမှုတွေကို စနစ်တကျ ပြုလုပ်ပေးလျက်ရှိနေတာကြောင့် ယုံကြည်စိတ်ချစွာနဲ့ လာရောက် စစ်ဆေးနိုင်ပါတယ်ရှင်။ 🩺

ဆေးခန်းပြဖို့ Appointment ရယူခြင်းနဲ့ အသေးစိတ် အချက်အလက်များကို သိရှိနိုင်ရန် အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 🧑‍⚕️

⏰ဆေးခန်းဖွင့်ချိန် - မနက် ( ၈ ) နာရီ မှ ညနေ ( ၅ ) နာရီ

🏥လိပ်စာ - အမှတ် (၁၈၄/၁၈၅) ၊ ရာဇာဓိရာဇ်လမ်း၊ (၄၀)ရပ်ကွက်၊ မြောက်ဒဂုံ။

☎️ဆက်သွယ်ရန် - 09 768 750 019 , 09 768 750 054

#ထက်မာန်ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်း

နေ့စဉ်ဘဝမှာ အရိုး၊အကြော၊အဆစ် နာကျင်မှုဝေဒနာတွေကြောင့် အခက်အခဲတွေကြုံနေရပါသလား ❓❓ ဒီလိုတွေဖြစ်လာပြီဆိုရင် ကျွန်တော်တို့ ထ...
22/02/2025

နေ့စဉ်ဘဝမှာ အရိုး၊အကြော၊အဆစ် နာကျင်မှုဝေဒနာတွေကြောင့် အခက်အခဲတွေကြုံနေရပါသလား ❓❓

ဒီလိုတွေဖြစ်လာပြီဆိုရင် ကျွန်တော်တို့ ထက်မာန်အထူးကုဆေးခန်းမှာ အရိုး၊အကြော၊အဆစ် နာကျင်မှုဝေဒနာများနှင့်ပြန်လည်သန်စွမ်းရေးကုသမှုများကိုအထူးကုဆရာဝန်ကြီးများ၊အကြောကျွမ်းကျင်ပညာရှင်များ၊ခေတ်မှီစက်ကိရိယာပစ္စည်းများဖြင့်ကုသမှုများကို ဝန်ဆောင်မှုပေးနေပါသည်။

Prof - Dr Than Than Htay
M.B.B.S,Dip Medsc,M.Med.Sc,Dr.Med.Sc
( Rehabilitation Medicine )
Professor & Head (Rtd)
Physical Medicine and Rehabilitation Department
North Okkala General Hospital
(အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးဆေးပညာ)
မြောက်ဥက္ကလာပအ‌ထွေထွေရောဂါကုဆေးရုံကြီး

*🗓️ (Monday)*

"Dehydration (ရေဓာတ်ခမ်းခြောက်ခြင်း)"သောက်သုံးသောရေပမာဏထက် ကိုယ်ခန္ဓာထဲမှရေဓာတ်များ ဆုံးရှုံးသည့်ပမာဏ ပိုများလာသည့်အခါ ခ...
20/02/2025

"Dehydration (ရေဓာတ်ခမ်းခြောက်ခြင်း)"

သောက်သုံးသောရေပမာဏထက် ကိုယ်ခန္ဓာထဲမှရေဓာတ်များ ဆုံးရှုံးသည့်ပမာဏ ပိုများလာသည့်အခါ ခန္ဓာကိုယ်၏ ပုံမှန်လုပ်ငန်းဆောင်တာများမလုပ်ဆောင်နိုင်ဘဲ ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်ပေါ်လာနိုင်ပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်လျှင်
• ရေဆာလောင်ခြင်း
• ပင်ပန်းခြင်း
• ဆီးသွားနည်းခြင်း
• ဝမ်းချုပ်ခြင်း
• ခေါင်းကိုက်ခြင်း၊မူးဝေခြင်းနှင့်
• ပြင်းထန်လျှင် သွေးပေါင်ကျခြင်း၊သတိလစ်ခြင်းများအထိခံစားရနိုင်ပါတယ်။

ဖြစ်ပွားရသည့်အကြောင်း‌ရင်းတွေကတော့
• ရေသောက်သုံးမှုထက် ဆုံးရှုံးသည့်ပမာဏပိုများခြင်း
• အန်ခြင်း၊ဝမ်းပျက်ခြင်း
• အပူကြီးခြင်း
• ချွေးထွက်များခြင်း စသည့်အကြောင်းရာများကြောင့်ဖြစ်ပေါ်လာနိုင်ပါတယ်။

ကုသခြင်းအနေဖြင့်
• ဆုံးရှုံးသွားသောရေပမာဏကိုပြန်လည်ဖြည့်တင်းပေးခြင်း
• ရေ(သို့)ဓာတ်ဆားရေ သောက်သုံးခြင်း
• ပြင်းထန်လျှင် ဆေးရုံ/ဆေးခန်းများမှာ သွေးကြောတွင်း ဆေးသွင်းကုသခြင်းတို့ဖြင့် ကုသနိုင်ပါသည်။

⏰ဆေးခန်းဖွင့်ချိန် - မနက် ( ၈ ) နာရီ မှ ညနေ ( ၅ ) နာရီ
🏥လိပ်စာ - အမှတ် (၁၈၄/၁၈၅) ၊ ရာဇာဓိရာဇ်လမ်း၊ (၄၀)ရပ်ကွက်၊ မြောက်ဒဂုံ။
☎️ဆက်သွယ်ရန် - 09 768 750 019 , 09 768 750 054

#ထက်မာန်ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်း

"ပြည်ထောင်စုနေ့ တို့မမေ့" ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်၊ ဗုဒ္ဓဟူးနေ့သည် ပြည်ထောင်စုနေ့ ဖြစ်ပါသဖြင့် Htet Marn Specia...
12/02/2025

"ပြည်ထောင်စုနေ့ တို့မမေ့"

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်၊ ဗုဒ္ဓဟူးနေ့သည် ပြည်ထောင်စုနေ့ ဖြစ်ပါသဖြင့် Htet Marn Specialist Clinic & Diagnostic Center မှ (၇၈)ကြိမ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

& DiagnosticCenter

🙏မင်္ဂလာပါ…ထက်မာန် ရောဂါ ရှာဖွေရေးနှင့် အထူးကုဆေးခန်းရဲ့page မှ ကြိုဆိုလိုက်ပါတယ်ရှင့်။ 🩺ကျွန်မတို့ ထက်မာန် ရော...
29/01/2025

🙏မင်္ဂလာပါ…ထက်မာန် ရောဂါ ရှာဖွေရေးနှင့် အထူးကုဆေးခန်းရဲ့page မှ ကြိုဆိုလိုက်ပါတယ်ရှင့်။

🩺ကျွန်မတို့ ထက်မာန် ရောဂါ ရှာဖွေရေးနှင့် အထူးကုဆေးခန်း တွင် ကျွမ်းကျင်သောဆရာဝန်ကြီးများနှင့် စေတနာပြည့်ဝသော ဝန်ထမ်းများမှ လူကြီးမင်းတို့ ခံစားနေရသော ရောဂါဝေဒနာများကို အတွက် အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ 🙏

ဒါ့အပြင် ထက်မာန် ရောဂါ ရှာဖွေရေးနှင့် အထူးကုဆေးခန်းမှာ ပြင်ပ ဆေးပေးခန်းလည်းရှိပြီး လူကြီးမင်းတို့ လိုအပ်သော ဆေးမျိုးစုံကို စျေးနှုန်းမှန်ကန်ချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ပါတယ်ရှင်။ 💁🏻‍♀️

ဒါကြောင့် လူကြီးမင်းတို့ ခံစားနေရသော ရောဂါဝေဒနာများ အမြန်ဆုံး သက်သာပျောက်ကင်းရဖို့

✅သင့်တင့်သော စျေးနှုန်း၊

✅အရည်အသွေးမြင့် ဆေးဝါး၊ စက်ကိရိယာများဖြင့်

✅ကျွမ်းကျင်သော ဆရာဝန်ကြီးများ ကိုယ်တိုင် ကုသပေးလျက်ရှိသော

👨‍⚕️🧑🏼‍⚕️ထက်မာန် ရောဂါ ရှာဖွေရေးနှင့် အထူးကုဆေးခန်း မှာ စိတ်အေးချမ်းစွာ ကုသမှု ခံယူလိုက်ပါရှင်။ 📣

⏰ဆေးခန်းဖွင့်ချိန် -

🏥လိပ်စာ - အမှတ် (၁၈၄/၁၈၅) ၊ ရာဇာဓိရာဇ်လမ်း၊ (၄၀)ရပ်ကွက်၊ မြောက်ဒဂုံ။

#ထက်မာန်ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်း

ကျန်းမာရေးအတွက်အမြဲအသင့်ရှိတဲ့ထက်မာန်" သင့်ရဲ့ခံစားနေရသော ရောဂါဝေဒနာများနှင့်ကျန်းမာရေးပြသာနာများအတွက် ကျွမ်းကျင်သောဆရာဝ...
23/01/2025

ကျန်းမာရေးအတွက်အမြဲအသင့်ရှိတဲ့ထက်မာန်"

သင့်ရဲ့ခံစားနေရသော ရောဂါဝေဒနာများနှင့်ကျန်းမာရေးပြသာနာများအတွက် ကျွမ်းကျင်သောဆရာဝန်များ သူနာပြုများမှ ခေတ်မှီစက်ကရိယာများနှင့် နွေးထွေးကြင်နာစွာ စနစ်တကျစစ်ဆေးကုသပေးလျှက်ရှိပါသည်။

ကျန်းမာရေးနှင့်ပတ်သက်လျှင် နံနက်8နာရီမှည8နာရီထိပိတ်ရက်မရှိ ဖွင့်လှစ်ထားသော
ထက်မာန်ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်းသို့ လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင့်

Dr. Hnin Sandi Htun
M.B.B.S(Ygn)
Htet Marn
DAGNOSTIC & SPECIALIST CLINIC

ဆေးခန်းပြဖို့ Appointment ရယူခြင်းနဲ့ အသေးစိတ် အချက်အလက်များကို သိရှိနိုင်ရန် အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 🧑‍⚕️

⏰ဆေးခန်းဖွင့်ချိန် - မနက် ( ၈ ) နာရီ မှ ည ( ၈ ) နာရီ

🏥လိပ်စာ - အမှတ် (၁၈၄/၁၈၅) ၊ ရာဇာဓိရာဇ်လမ်း၊ (၄၀)ရပ်ကွက်၊ မြောက်ဒဂုံ။

☎️ဆက်သွယ်ရန် - 09 768 750 019 , 09 768 750 054

#ထက်မာန်ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်း

နေ့စဉ်ဘဝမှာ အရိုး၊အကြော၊အဆစ် နာကျင်မှုဝေဒနာတွေကြောင့် အခက်အခဲတွေကြုံနေရပါသလား ❓❓ ဒီလိုတွေဖြစ်လာပြီဆိုရင် ကျွန်တော်တို့ ထ...
14/01/2025

နေ့စဉ်ဘဝမှာ အရိုး၊အကြော၊အဆစ် နာကျင်မှုဝေဒနာတွေကြောင့် အခက်အခဲတွေကြုံနေရပါသလား ❓❓

ဒီလိုတွေဖြစ်လာပြီဆိုရင် ကျွန်တော်တို့ ထက်မာန်အထူးကုဆေးခန်းမှာ အရိုး၊အကြော၊အဆစ် နာကျင်မှုဝေဒနာများနှင့်ပြန်လည်သန်စွမ်းရေးကုသမှုများကိုအထူးကုဆရာဝန်ကြီးများ၊အကြောကျွမ်းကျင်ပညာရှင်များ၊ခေတ်မှီစက်ကိရိယာပစ္စည်းများဖြင့်ကုသမှုများကို ဝန်ဆောင်မှုပေးနေပါသည်။

Prof - Dr Than Than Htay
M.B.B.S,Dip Medsc,M.Med.Sc,Dr.Med.Sc
( Rehabilitation Medicine )
Professor & Head (Rtd)
Physical Medicine and Rehabilitation Department
North Okkala General Hospital
(အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးဆေးပညာ)
မြောက်ဥက္ကလာပအ‌ထွေထွေရောဂါကုဆေးရုံကြီး

*🗓️ (Mon to Fri)*

ဆေးခန်းပြဖို့ Appointment ရယူခြင်းနဲ့ အသေးစိတ် အချက်အလက်များကို သိရှိနိုင်ရန် အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 🧑‍⚕️

🏥လိပ်စာ - အမှတ် (၁၈၄/၁၈၅) ၊ ရာဇာဓိရာဇ်လမ်း၊ (၄၀)ရပ်ကွက်၊ မြောက်ဒဂုံ။

☎️ဆက်သွယ်ရန် - 09 768 750 019 , 09 768 750 054

#ထက်မာန်ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်း

Address

Q-(184/185). Yarzadirizet Road/Ward(Ward40). North Dagon Township. Yangon
Yangon

Telephone

+959768750019

Website

Alerts

Be the first to know and let us send you an email when Htet Marn Specialist Clinic & Diagnostic Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share