My Lovely Fri

My Lovely  Fri Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from My Lovely Fri, Yangon.

16/11/2022

👹 လူမှုပတ်ဝန်းကျင်ကို အဆိပ်အတောက်ဖြစ်စေသော လူစားများ ☢️
====================================

[ Greedy ]
======
ဒီလို လူမျိုးတွေ ကတော့ ခေါင်းစဉ် အဓိပ္ပာယ် အတိုင်း လောဘများတဲ့ သူတွေဖြစ်တယ်။ လော ဘကြီးတယ်ဆိုတဲ့ နေရာမှာ ပိုက်ဆံ တစ်ခုထဲမဟုတ်ပဲ အရာအားလုံး လောဘကြီးတတ်တဲ့ ပုံစံမျိုးနဲ့ တွေ့ရတတ်ပါတယ်။
ဥပမာ ။ ။ ထမင်း အတူတူ စားရင်တောင် သူမျာ းဟင်းခွက်အခြေအနေ၊ သူများစားဖို့ ကျန်မကျန်မကြည့်ပဲ အများကြီး ထည့်စားတတ်တာမျိုး၊ သူများဝယ်ကျွေးတယ်ဆိုရင် တန်အောင် တနှင့်တပိုး စားလိုက်တာမျိုးကနေ စပြီး အတိုင်းအဆမရှိ သူများဆီက ရနိုင်သမျှကို လောဘကြီး တတ်တာဖြစ်ပါတယ်။ ဒီလိုလူမျိုးနဲ့ သင်ရည်းစား ဖြစ်တယ်ဆိုရင်တော့ အတော်လေး အန္တရာယ်ရှိပါတယ်။

အကြောင်းကတော့ ဒီလို လူတွေဟာ သင့်ဘက်က ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ် သူတို့ဘက်က ကျေနပ်တယ်ဆိုတာ မရှိပါဘူး။ ဒါ့အပြင် သင်ဟာ အကြောင်း အမျိုးမျိုးကြောင့် အရင်ကလို မပေးနိုင်တော့တဲ့အခါမှာ သူတို့ဆီက မထင်မှတ်ထားတဲ့၊ ဆိုးဝါးတဲ့ တုံပြန်မှုတွေ ရရှိလာနိုင်ပါတယ်။ ဒီလိုလူမျိုးတွေမှာ ထူးခြားချက်က သူတို့ရဲ့ ကိုယ်ပိုင်ဘဝမှာလည်း ရောင်ရဲ့ တင်းတိမ်မှု မရှိနိုင်သလို လောဘတကြီးရှာဖွေနေပေမယ့် စုဆောင်းမိဖို့ ခက်ခဲနေတာကို တွေ့ရပါတယ်။

[ Dishonest ]
=========
မြန်မာလို ဒဲ့ပြန်ရင်တော့ မရိုးသားတာ ပေါ့နော်။ တိတိကျကျ ပြောရရင် မျှော်လင့်ချက်၊ ရယူလိုမှု တစ်ခုခုမရှိပဲနဲ့ ဘယ်လိုလူမျိုးကိုမှ ဘယ်လောက်ရင်းနှီးပါစေ မကူညီတဲ့ သူမျိုးပါ။ ဒီနေရာမှာ စီးပွားရေး ဆန်တာနဲ့ လုံးဝ ကွဲတယ်ဆိုတာ သိဖို့ လိုပါတယ်။ စီးပွားရေး ဆန်တယ်ဆိုတာက တိတိကျကျ အကျိုးအမြတ်ကို တွက်ချင့်ပြီးမှ အလုပ်လုပ်တာ ကို ဆိုလိုတာပါ။

Dishonest ဆိုတဲ့ ပုံစံကတော့ ဘယ်အရာပဲ လုပ်လုပ် မရိုးသားတာမျိုး၊ အမှန်အတိုင်းပြောလို့ ရပေမယ့် အကြောင်းအရာ အသေးလေးကစ လိမ်မိနေတာမျိုး၊ ကိုယ်မိသားစု အချင်းချင်း ချစ်သူအပေါ်တောင် အမြတ်ထုတ်တာမျိုး စတဲ့ အရာတွေနဲ့ တွဲနေတတ်ပါတယ်။ ဒီလိုလူမျိုးတွေကို တွေခဲ့ရင်တော့ မိသားစုဝင်အချင်းချင်း၊ ချစ်သူအချင်းချင်း ဖြစ်ရင်တောင် မိမိရဲ့ လျှို့ဝှက်အပ်တဲ့ ကိစ္စမျိုးတွေ မပြောတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

[ Judgemental ]
===========
အပြစ်တင် စောတဲ့ အကျင့်လို အလွယ်ပြောလို့ရပါတယ်။ လူတစ်ယောက်ရဲ့ အကြောင်း၊ အဖြစ်အပျက် တစ်ခုရဲ့ အကြောင်းကို တစ်စွန်းတစ်စ လောက်သိရုံနဲ့ ဒီလူပုဂိုလ်ကို တံဆိပ်ကပ် အပြစ်တင်တတ်တဲ့ သူမျိုး ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ လုပ်ငန်းခွင်မှာ အတော်လေး အန္တရာယ်ရှိတဲ့ သူတွေဖြစ်ပြီး သူတို့ စကားကို နားယောင်က လူတစ်ဦး တစ်ယောက် အပေါ်မှာ အထင်အမြင်လွဲသွားနိုင်ပါတယ်။

[ Manipulative ]
===========
မိမိရဲ့ ရယူလိုမှု တစ်ခုခုအတွက် အခြားတစ်ယောက်ကို အသုံးချတာ၊ Abuse လုပ်တာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလို လူမျိုးတွေဟာ သူတို့ ကိုယ်ကိုယ်သူတို့ ပါးနပ်တယ်လို့ ခံယူလေ့ရှိပြီး စာတွေရေးပြီး ထုတ်ဝေကြတာ မျိုးတောင် ရှိတတ် ကြပါတယ်။
ဒါပေမယ့် ဒီအရာဟာ လူလူချင်း ကျင့်ဝတ်ချိုးဖောက်တဲ့ ပုံစံတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလို Manipulative ပုံစံရှိတဲ့ သူတွေရဲ့ အဓိက လက်နက်ဟာ အပြစ်ရှိတယ်လို့ ထင်မြင်စေတဲ့စိတ် ( Guilty Conscious) ပဲ ဖြစ်ပါတယ်။ သူတစ်ပါးကို အပြစ်ရှိတယ်လို့ ခံစားရစေပြီး
“နင်က ငါ့ကို ဒီလို အပြစ်ကျူးလွန်ထားတဲ့အတွက် နင်ဒါနဲ့ ပြန်ပေးဆပ်ရမယ်” ဆိုတဲ့ ပုံစံမျိုး Abuse လုပ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ သူတို့ ရယူလိုက်တာတွေက တစ်ဖက်လူရဲ့ အရမ်းတန်ဖိုးထားတဲ့ အရာတွေ ဖြစ်နေတတ်ပါတယ်။

တစ်ချို့တွေက စိတ်အားငယ်နေတတ် ကြပါတယ်။ ဒါ့ကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါ လိုက်လျော ညီထွေစွာ ဆက်ဆံဖို့ လိုပါတယ်။ လူတွေရဲ့ အမှားအယွင်းလေးတွေကို ခွင့်လွှတ်ပေးလိုက်ပါ။

သင်ကိုယ်တိုင် အမှားအယွင်းမကင်းသလို အမှားအယွင်းကင်းတဲ့ လူဆိုတာလည်း ရှားပါတယ်။ ပြည့်စုံတဲ့ လူဆိုတာမရှိဘူးဆိုတာကို နားလည်ထားရပါလိမ့်မယ်။

👨‍⚕️ ဘဝမှာ အကောင်းဆုံး နေထိုင်နည်း

၁ ။ ဘယ်သူ့ကိုမှ အလွန်အကျွံ မယုံကြည်မိစေနဲ့ ။
၂ ။ ဘယ်အရာကိုမှ နက်နက်ရှိုင်းရှိုင်း မခံစားလိုက်နဲ့။
၃ ။ လူတကာကို ကိုယ်လိုပဲ တွေးမှာပဲလို့ ဘယ်တော့မှ မထင်နဲ့ ။
၄ ။ ကိုယ့်နာကျင်မှုကို သူတစ်ပါးကို မဖော်ပြမိစေနဲ့ ။
၅ ။ ကိုယ်ပြောခဲ့တဲ့စကား ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေကို ဘယ်တော့မှ မမေ့မိစေနဲ့ ။

ဒီနေ့မှာ အကောင်းဆုံး အခြေအနေ ပိုင်ဆိုင်ထားပေမယ့် နောက်နေ့မှာ ကိုယ့်အတွက် သေချာတဲ့ တည်မြဲခြင်းဆိုတာ ဘာမှ မရှိဘူးဆိုတာ သိထားရင် သင့်စိတ်ထဲက မွန်းကြပ်ပိတ်လှောင်မှုတွေ သက်သာလာပါလိမ့်မယ် ……။

"စိတ်ချမ်းသာ ကိုယ်ကျန်းမာသော ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ"

06/09/2022

တခါတ​ေလ
ခံစားချက်မရှိလို့မဟုတ်ဘူး

ရင်ထဲမွန်းကြပ်လာတဲ့အခါ
ဘာမှမပြောဖြစ်တော့သလို

ဘယ်အရာကိုမှလည်း
ရှင်းပြမနေတော့ဘူး

ကိုယ့်ခံစားချက်တွေကို
ကိုယ်ကိုယ်တိုင် နှစ်သိမ့်ရင်း

တယောက်ထဲပဲနေဖြစ်တော့တယ် ... !

မယ်🍂

24/05/2020
14/11/2019

Address

Yangon

Website

Alerts

Be the first to know and let us send you an email when My Lovely Fri posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share