𝐆𝐥𝐨𝐰 𝐛𝐲 𝐇𝐚𝐳𝐨𝐧

  • Home
  • Myanmar
  • Yangon
  • 𝐆𝐥𝐨𝐰 𝐛𝐲 𝐇𝐚𝐳𝐨𝐧

𝐆𝐥𝐨𝐰 𝐛𝐲 𝐇𝐚𝐳𝐨𝐧 The Secret To Timeless Beauty💄

Gloweries လေးတို့ရေ 🤩👀 မင်မင်တို့ ဒီတခေါက်မှာတော့ ကိုယ့်အသားရေလေးတွေပိုပီး ကောင်းမွန်လှပ လာစေဖို့ သဘာဝ နည်းလမ်းလေးတွေထဲ ...
06/04/2026

Gloweries လေးတို့ရေ 🤩👀 မင်မင်တို့ ဒီတခေါက်မှာတော့ ကိုယ့်အသားရေလေးတွေပိုပီး ကောင်းမွန်လှပ လာစေဖို့ သဘာဝ နည်းလမ်းလေးတွေထဲ က တခု ဖြစ်တဲ့ Vitamins တချို့ အကြောင်း ကို ပြောပြပေးသွားပါမယ်နော် 🤗

နိုပျိုကြည်လင်အသားအရေလေးတွေ ပိုင်ဆိုင်ဖို့ ဆိုရင် skin scare products လေးတွေ သုံးတာ အပါအဝင် ကိုယ့်ရဲ့ skin လေး ကိုယ်တိုင် က လည်း အာဟာရပြည့်ဝ နေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အများကြီးထဲ က ဒီနေ့ ၂ မျိုး အကြောင်း မင်မင်တို့ ပြောပြပေးပါမယ် 🤗 ပထမဆုံး အနေနဲ့ ကတော့

1 Vitamin C ပါ 🍊သူလေး ကတော့ နေရောင်ခြည်ကြောင့် အသားရေ ပျက်စီးတာလေးတွေ ကာကွယ် ပေးပီး ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးပါတယ် 😇 ဒါကြောင့် အမည်းစက်တွေ ကို လည်း မှေးမိန်စေပါတယ်။ လိမ္မော်သီးလေးတွေ များများစားပေးခြင်းဖြင့် သဘာဝ အာဟာရဓာတ်ကို ရရှိစေပါတယ်။ Vitamin C ပါဝင်တဲ့ skin care လေးတွေ လည်း သုံးလို့ရပါတယ် 🤗

နောက်တခု က တော့ Vitamin D ပါ ☀️ သူက တော့ အသားအရေ ခုခံအား စနစ်အတွက် အရမ်းကောင်းပါတယ် အရေပြားရောင်တာကို လျော့ကြစေပီး ဆဲလ်တွေ ပိုကျန်းမာလာအောင် ကူညီပေးပါတယ် 🤩 ဒါကြောင့် မနက်စောပိုင်း နေရောင်ခြည်နဲ့ ခဏတာထိတွေ့တာ ငါးကြီးဆီ သောက်သုံးပေးတာ လုပ်ပေးလို့ရပါတယ် 😎

Gloweries လေးတို့ရော ဘယ်လို အသားအရေလေးကို ဂရုစိုက်နေကြလည်း မင်မင်တို့နဲ့ အတူ comment မှာ မျှဝေသွားပေးပါဦးနော် 🤩 မကြာခင် သကြန်အခါသမယ လည်းရောက်တော့မှာမို့ ပျော်ရွှင်စရာ အချိန်လေးတွေလည်း ပိုင်ဆိုင်နိုင်ကြပါစေလို့ မင်မင်တို့ ဆုတောင်ပေးပါတယ် နော် 🤩🤩
Have a nice day 😎

Gloweries လေးတို့ရေ မင်မင်တို့ မတွေ့တာ ကြာပီနော် 😇 ဒီနေ့မှာတော့ Gloweries လေးတို့ အခြေခံသိထားသင့်တဲ့ cleanser လေးတွေအကြေ...
18/03/2026

Gloweries လေးတို့ရေ မင်မင်တို့ မတွေ့တာ ကြာပီနော် 😇 ဒီနေ့မှာတော့ Gloweries လေးတို့ အခြေခံသိထားသင့်တဲ့ cleanser လေးတွေအကြောင်းရှင်းပြပေးသွားပါမယ်နော် 👀

အခြေခံအားဖြင့် Gel Type, Foam Type နဲ့ Cream Type ဆိုပီး ၃ မျိုးရှိပါတယ်။ Gel type လေးတွေ က အဆီပြန် ဝက်ခြံ ထွက်သူတွေ အနေနဲ့ သုံးသင့်ပါတယ် 😇 ချွေးပေါက်ထဲ အညစ်အကြေးကို သေချာလေး သန့်စင်ပေးလို့ပါ။

Foam Type လေး ကတော့ အမြုတ်ထွက်လွယ်ပီး အသားအရေ အရမ်းမခြောက်တဲ့ Combination Skin သမားတွေ Normal skin သမားတွေ ဆို သုံးသင့်ပါတယ် 🤩

Cream Type လေးကတော့ အရင်တပတ်က ပြောပြခဲ့တဲ့ Sensitive skin ပိုင်ရှင်တွေ က သေချာသုံးမယ်ဆို အသားရေ တင်းသွားတာမျိုး မဖြစ်စေပဲ အစိုဓာတ်ကိုလည်း ပိုပီးထိန်းထားနိုင်လို့ပါ ☺️

မင်မင်တို့ Gloweries လေးတွေရော ဘာ Cleanser လေးတွေသုံးကြလဲ comment မှာ မျှဝေ ပေးသွဋးပါဦးနော် 👀 နောက်တပတ်မှ ပြန်လည်ဆုံတွေ့ပါဦးမယ်

Have a Nice Day

10/03/2026

Gloweries လေးတို့ရေ 😇 မင်မင်တို့ ၂ ယောက် ဒီရက်ထဲ အလုပ်ကိစ္စလေးတချို့ ရှိနေလို့ knowledge sharing post လေးတွေ မတင်ဖြစ်တာပါနော် 😇 မကြာခင်မှာ post လေးတွေ ဆက်ပြီး တင်ပေးသွားပါမယ် နော် 😇

Have a nice day 😎

ဂရုစိုက်မှုအမှားမခံသလို၊ နည်းနည်းလေး အလိုမကျတာနဲ့ နီမြန်းပြီး စိတ်ညစ်ရတတ်တဲ့ Sensitive Skin!!Gloweries လေးတို့ က ဒီလိုအသ...
23/02/2026

ဂရုစိုက်မှုအမှားမခံသလို၊ နည်းနည်းလေး အလိုမကျတာနဲ့ နီမြန်းပြီး စိတ်ညစ်ရတတ်တဲ့ Sensitive Skin!!

Gloweries လေးတို့ က ဒီလိုအသားအရေမျိုးကို ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် စိတ်မပူပါနဲ့ နော် 😇 သူလိုအပ်တာက ပြင်းထန်တဲ့ Treatment တွေထက် "နူးညံ့တဲ့ ဂရုစိုက်မှု" ပါပဲ။ ဒီတပတ်မှာတော့ အိမ်မှာတင် အခြေခံ အကျဆုံး နဲ့ အလွယ်ဆုံး Care လုပ်လို့ရမယ့်နည်းလမ်းလေးတွေတင်ပေးလိုက်ပါတယ်နော်

မျက်နှာကို ခဏခဏ မသစ်ပါနဲ့။

Gloweries လေးတို့ အသားအရေ ဟာ နူးညံလွန်းတာကြောင့် အစိုးရိမ်လွန်ကဲပီး မျက်နှာ ခဏခဏ သစ်မယ်ဆိုရင် သဘာဝ အစိုဓာတ် ဆုံးရှုံးပီးသဘာဝအကွယ်အကွာအလွှာလေးဖြစ်တဲ့ skin Barrier ပျက်စီးသွားနိုင်လို့ပါ..

Gentle ဖြစ်တဲ့ Cleanser မျိုးကိုပဲ ရွေးသုံးပေးပါ.. ပြင်းထန်တဲ့ Skin Care တွေထက် နူးညံ့ပီး အသားအရေကောင်းစေတဲ့ Cleanser ကို့ လေ့လာပီး အသုံးပြုခြင်းဟာ Gloweries လေး တို့ အတွက် အကောင်းဆုံး ဖြစ်ပါတယ်နော်။

Gloweries လေးတို့ရဲ့ အတွေ့အကြုံလေးတွေကိုလည်း comment မှာ ပျော်ပျော်ရွှင်ရွှင် မျှဝေပေးသွားလို့ရပါတယ်နော်။

နောက်တပတ် မှာ လာမည့် မင်မင်တို့ content လေးတွေကို ဖတ်ရှုဖို့ Page လေး ကို လည်း like and follow လုပ်ထားလို့ရပါတယ်နော်

Have a nice day 💛

မျက်နှာလေး လှဖို့ပဲ ဂရုစိုက်နေပြီး ဆံကေသာကို မေ့ထားလို့ မရဘူးနော်! 💆‍♀️✨Gloweries တို့ရေ... မင်္ဂလာပါ။ မင်မင်တို့ရဲ့ ပီး...
14/02/2026

မျက်နှာလေး လှဖို့ပဲ ဂရုစိုက်နေပြီး ဆံကေသာကို မေ့ထားလို့ မရဘူးနော်! 💆‍♀️✨

Gloweries တို့ရေ... မင်္ဂလာပါ။ မင်မင်တို့ရဲ့ ပီးခဲ့တဲ့ Skin Type ခွဲခြားနည်း content လေးက တကယ်ကို အသုံးဝင်ပြီး Fan တွေအတွက်လည်း ဗဟုသုတရစေမှာ အသေအချာပါပဲနော်။ 🤗

ကဲ ကိုယ့်ရဲ့ Skin Type ကို စမ်းသပ်ကြည့်ပြီးပြီဆိုရင် အခုတစ်ပတ်မှာတော့ မျက်နှာအသားအရေ လိုပဲ သေချာဂရုစိုက်ဖို့ လိုအပ်တဲ့ Hair & Scalp Care အကြောင်းလေး ပြောပြပေးချင်ပါတယ်။ 💛💆‍♀️

တကယ်တော့ Gloweries လေးတို့ရဲ့ ဆံကေသာလေး ဟာ ကိုယ့်ရဲ မျက်နှာ အသားအရေလေးနဲ့ အနီးစပ်ဆုံးဆင်တူပါတယ်။

ကိုယ့်မျက်နှာက အဆီပြန်တဲ့ (Oily Skin) ဆိုရင် ဦးရေပြားကလည်း အဆီပြန်တတ်ပြီး၊ မျက်နှာက ခြောက်တတ်ရင် (Dry Skin) ဦးရေပြားကလည်း ခြောက်ပြီး ဗောက်ထတတ်ပါတယ်။

ဥပမာ - ခေါင်းလျှော်ပြီး တစ်ရက်အတွင်းမှာပဲ ဆံပင်တွေ ကပ်စေးပြီး ပြားကပ်သွားတတ်သူများ Dry Scalp (ခြောက်သွေ့ ဦးရေပြား)၊ ဦးရေပြား ယားယံပြီး အဖတ်လေးတွေ လန်တာ၊ ဗောက်ထတာမျိုး ကြုံတွေ့ရသူများ။
Combination Scalp (ရောနှောသော ဦးရေပြား): ဦးရေပြားက အဆီပြန်ပေမယ့် ဆံသားအဖျားတွေက ခြောက်ပြီး နှစ်ခွဖြစ်နေသူများ စသဖြင့် အမျိုမျိုးရှိတဲ့ အတွက်
ကိုယ့်ရဲ့ အမျိုးအစားကို သိမှသာ မှန်ကန်တဲ့ Shampoo နဲ့ Treatment ကို ရွေးချယ်နိုင်မှာဖြစ်လို့ Skin တင်မက Hair ကိုပါ အမြဲတမ်း Glow နေအောင် မင်မင်တို့ က ကူညီပေးသွားမှာပါနော်။ 💛

Gloweries လေးတို့ထဲမှာကော ဆံပင်ကျွတ်တာ၊ ဗောက်ထတာ ဒါမှမဟုတ် ဆံသားခြောက်တာ ဘယ်လိုပြဿနာတွေ ကြုံနေရလဲ? Comment မှာ မင်မင်တို့ကို တိုင်ပင်သွားလို့ ရပါတယ်နော်။💛

Gloweries လေးတို့ အမြဲလှပနေစေဖို့ Glow By Hazon မှ အမြဲအဆင်သင့်ရှိနေပါတယ်လို့ 💛 နောက်တပတ် content တွေမှာ skin တခုချင်းဆီ အတွက် အသေးစိတ် ဗဟုသုတလေးတွေအများကြီးတင်ပေးသွားဦးဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးနော် 🤗

Have a nice day

ကိုယ့်အသားအရေက ဘယ်အမျိုးအစားထဲမှာ ပါလဲ? Gloweries လေးတို့ရေ 🤗 ဒီနေ့မှာတော့ မင်မင်တို့ page လေးကနေ အသားအရေ ထိန်းသိမ်းမှုမ...
06/02/2026

ကိုယ့်အသားအရေက ဘယ်အမျိုးအစားထဲမှာ ပါလဲ?

Gloweries လေးတို့ရေ 🤗 ဒီနေ့မှာတော့ မင်မင်တို့ page လေးကနေ အသားအရေ ထိန်းသိမ်းမှုမှာ အခြေခံအကျဆုံးနဲ့ မရှိမဖြစ်လိုအပ်တဲ့ Skin အမျိုးအစားခွဲခြားနည်းလေးကို မင်မင်တို့နဲ့ အတူတူ စမ်းသပ်ကြည့်ရအောင်။

First Step အနေနဲ့...

Gloweries လေး တို့ မျက်နှာကို နဂိုသုံးနေကျ Gentle Cleanser နဲ့ သန့်စင်အောင် သစ်လိုက်ပါ။ ပြီးတဲ့အခါ ဘာမှ တိုနာ တို့ Cream တို့ဘာမှ မလိမ်းသေးပဲ မိနစ် ၃၀ ကနေ ၁ နာရီအထိ ထားထားပါ။

အချိန် ၁နာရီပြည့်လို့ မျက်နှာတစ်ပြင်လုံးမှာ အဆီတွေ ဝင်းပြောင်နေတယ်ဆိုရင် Glowries လေးတို့က Oily Skin ပိုင်ရှင်ပါ။ အကယ်၍မျက်နှာက တင်းကျပ်နေပြီး တချို့နေရာတွေမှာ အဖတ်လေးတွေ လန်သလိုမျိုးဖြစ်နေရင် ယားယံသလို ခံစားရရင် Gloweries လေးတို့က Dry Skin ပါ။

အဆီလည်း အရမ်းမပြန်၊ ခြောက်လည်း မခြောက်ဘဲ အနေတော်ပဲဆိုရင်တော့ ကံအကောင်းဆုံး Normal Skin လေးပေါ့။

မျက်နှာက နီမြန်းလာပီး ပူစပ်ပူလောင် ဖြစ်လာတယ်ဆိုရင်တော့ ပိုပြီး ဂရုစိုက်ရမယ့် Sensitive Skin ပါ။

ဒါနဲ့ မင်မင်တို့ ရဲ့ Glowries လေးတို့ကရော ဘယ်လို skin အမျိုးအစားလေးလည်းဆိုတာ comment မှာဝင်ရောက်ပီးမျှဝေသွားလို့ရပါတယ်နော်။

Gloweries လေး တို့ အကျိုးရှိစေဖို့ နောက်အပတ် Content တွေမှာ စိတ်ဝင်စားစရာအသေးစိတ်လေးတွေကို Sharing လုပ်ပေးသွားမှာမို့ Like and Follow နဲ့ See First လုပ်ထားဖို့ မမေ့နဲ့ဦးနော်! 💛

Have a nice day 🤗



02/02/2026

အားလုံးပဲ မင်္ဂလာပါ မင်မင်တို့ရဲ့ Glow By Hazon Page လေး က နေ နွေးထွေးစွာ ကြိုဆိုပါတယ်။ 😉

လူတိုင်းရဲ့ နေ့စဥ်ဘဝမှာ အရေးကြီးတဲ့ အသားအရေ ထိန်းသိမ်းမှု ထိရောက်ဖို့ဆိုတာ skin care တွေ ကလည်း အရေးပါသလို နည်းစနစ် မှန်ကန်ပီး မိမိရဲ့ကိုယ်ပိုင်အသားအရေ နဲ့ ကိုက်ညီမှုရှိတဲ့ products တွေ Tips တွေ ကို ရွေးချယ်တတ်ဖို့လည်း လိုအပ်ပါတယ်။

မင်မင်တို့ရဲ့ ဒီ Page လေး ကနေ မိမိအသားအရေလေး ကြည်လင်တောက်ပပြီး အမြဲ ယုံကြည်မှုရှိနေစေဖို့ မတူညီတဲ့ Skin Type တွေအတွက် သိထားသင့်တဲ့ Tips လေးတွေအပြင် အခြား ဗဟုသုတ များစွာ ကို မင်မင်တို့ ရဲ့ အလှအပ မြတ်နိုးသူလေး တွေဆီ အမြဲမပြတ် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ 🤩

ဒါကြောင့် အလှအပကို မြတ်နိုးသူတိုင်း မင်မင်တို့ Page လေး ဆီ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော် 🫶 အပတ်စဥ်တင်ပေးသွားမယ့် Content လေးတွေကိုလည်း စောင့်မျှော်ပေးပါဦးနော် 🤗

Glow By Hazon 💗

Address

1133(A) Ouu Yin Street South Dagon Township
Yangon

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 18:00

Website

Alerts

Be the first to know and let us send you an email when 𝐆𝐥𝐨𝐰 𝐛𝐲 𝐇𝐚𝐳𝐨𝐧 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share