Min Mahar Swe Medical Center

Min Mahar Swe Medical Center Diagnostics and specialists clinic

07/08/2026

ကျွန်တော်တို့တွေက မိုးရွာတိုင်း...

အဲ့ဒီမိုးကို အကြောင်းပြပြီး
တစ်စုံတစ်ယောက်ကို ပိုလွမ်းတတ်ကြပါတယ်... 🤍

ဒါပေမယ့်...
"မိုးမိတာလေးပဲ..." ဆိုပြီး ပေါ့ဆလိုက်တဲ့အချိန်မှာ...
🤧 နှာချေ
😷 ချောင်းဆိုး
🤒 ဖျားနာ
ဒီ Combo Set ကတော့ ဖိတ်မခေါ်လည်း တံခါးလာခေါက်တတ်ပါတယ်။

ဒီမိုးရာသီမှာ အလွမ်းထက် ကျန်းမာရေးကို ပိုဂရုစိုက်လိုက်ရအောင်။
မဟုတ်ရင်...
အလွမ်းဒဏ်နဲ့အတူ အဖျားဒဏ်ပါ ခံစားနေရနိုင်ပါတယ်။

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡, 𝐎𝐮𝐫 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲.

📍 Location
No. 202-B, (5) Quarter, Parami Road, South Okkalapa Township, Yangon. (Near Pingya Bus Stop)

📞 Hotline
09 9 888 94 111
09 9 888 94 222
09 9 888 94 333

⏰ OPENING HOURS
8:00 AM - 5:00 PM
(Open Daily)

"အမြဲမောနေတာ... အလုပ်ပင်ပန်းလို့ပဲလား?"တစ်နေ့လုံး အားမရှိသလို ခံစားရတာ၊ခေါင်းမူးတာလှေကားနည်းနည်းတက်ရုံနဲ့ မောနေတာမျိုး ဖ...
06/08/2026

"အမြဲမောနေတာ... အလုပ်ပင်ပန်းလို့ပဲလား?"

တစ်နေ့လုံး အားမရှိသလို ခံစားရတာ၊ခေါင်းမူးတာ
လှေကားနည်းနည်းတက်ရုံနဲ့ မောနေတာမျိုး ဖြစ်နေပြီလား?

"အလုပ်များလို့ပဲ" လို့ ထင်နေပေမယ့် တစ်ခါတလေတော့ သွေးအားနည်းခြင်း (Anemia) ရဲ့ လက္ခဏာ ဖြစ်နေနိုင်ပါတယ်နော် 🤔

အထူးသဖြင့်...
👉 အမြဲမောပန်းလွယ်နေခြင်း
👉 ခေါင်းမူးခြင်း၊ မူးဝေခြင်း
👉 မျက်နှာ၊ နှုတ်ခမ်း ဖြူဖျော့လာခြင်း
👉 အသက်ရှူမဝသလို ခံစားရခြင်း
နှလုံးခုန်မြန်ခြင်း..စတဲ့ လက္ခဏာတွေ မကြာခဏ ဖြစ်နေတယ်ဆိုရင် ပေါ့ပေါ့ဆဆ မထားသင့်ပါဘူး။

ဒါပေမယ့် ဒီလက္ခဏာတွေရှိတိုင်း သွေးအားနည်းတာလို့ မဆိုလိုပါဘူး။အခြားကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်တာကြောင့် ခန့်မှန်းမနေဘဲ စစ်ဆေးတာက ပိုအရေးကြီးပါတယ်။

✅ သွေးအားနည်းခြင်းရှိ၊ မရှိကို သိချင်ရင် CBC Test လုပ်ပြီး ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။

ကျန်းမာရေးက ခန့်မှန်းရမယ့်အရာ မဟုတ်ပါဘူး။ စစ်ဆေးပြီးမှ စိတ်ချပါ။

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡, 𝐎𝐮𝐫 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲.

📍 Location
No. 202-B, (5) Quarter, Parami Road, South Okkalapa Township, Yangon. (Near Pingya Bus Stop)

📞 Hotline
09 9 888 94 111
09 9 888 94 222
09 9 888 94 333

⏰ OPENING HOURS
8:00 AM - 5:00 PM
(Open Daily)

🐍 အခုလို ရေကြီးနေတဲ့ကာလမှာ... မြွေအန္တရာယ်ကို မပေါ့ဆပါနဲ့! 🌧 မိုးများပြီး ရေကြီးရေလျှံနေတဲ့အချိန်မှာ မြွေတွေဟာ သူတို့ရဲ့...
05/08/2026

🐍 အခုလို ရေကြီးနေတဲ့ကာလမှာ... မြွေအန္တရာယ်ကို မပေါ့ဆပါနဲ့! 🌧

မိုးများပြီး ရေကြီးရေလျှံနေတဲ့အချိန်မှာ
မြွေတွေဟာ သူတို့ရဲ့ သဘာဝနေထိုင်ရာနေရာတွေကနေ ထွက်လာပြီး
လူနေအိမ်၊ ခြံဝင်း၊ ရေမြုပ်နေတဲ့နေရာတွေ၊ အမှိုက်ပုံနဲ့ ချုံပုတ်တွေမှာ တွေ့ရနိုင်ပါတယ်။

ဒါကြောင့် အခုလိုရာသီမှာ မြွေအန္တရာယ်ကို ကြိုတင်ကာကွယ်ထားဖို့နဲ့ မြွေကိုက်ခံရပါက မှန်ကန်စွာ တုံ့ပြန်တတ်ဖို့ အလွန်အရေးကြီးပါတယ်။

မြွေကိုက်ခံရရင် ဘာလုပ်သင့်လဲ?
✅ စိတ်တည်ငြိမ်အောင်ထားပါ။
✅ ကိုက်ခံရတဲ့ လက် (သို့) ခြေကို အတတ်နိုင်ဆုံး မလှုပ်ရှားအောင်ထားပါ။
✅ လက်ဝတ်ရတနာ၊ နာရီ၊ ဖိနပ်စတဲ့ တင်းကျပ်နိုင်တဲ့ပစ္စည်းတွေကို ဖြုတ်ထားပါ။
✅ လူနာကို အနီးဆုံး ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပြီး ဆေးကုသမှုခံယူပါ။

🐍 မြွေကိုက်ခံရပြီး မြွေကို တွေ့နိုင်သေးရင်...
✅ မြွေကို လိုက်ဖမ်းဖို့ မကြိုးစားပါနဲ့။ နောက်ထပ်အန္တရာယ် ဖြစ်နိုင်ပါတယ်။
✅ လုံခြုံတဲ့အကွာအဝေးကနေ ဓာတ်ပုံ (သို့) ဗီဒီယို ရိုက်ထားနိုင်ရင် ရိုက်ထားပါ။
မြွေရဲ့ အရောင်၊ အရွယ်အစား၊ ကိုယ်ပေါ်က အမှတ်အသားတွေကို မှတ်မိထားခြင်းက ဆရာဝန်တွေ ကုသရာမှာ အထောက်အကူဖြစ်နိုင်ပါတယ်။

✅ အကယ်၍ မြွေသေပြီး လုံခြုံစွာ ယူဆောင်လာနိုင်တဲ့ အခြေအနေဖြစ်မှသာ ဆေးရုံသို့ ယူဆောင်လာနိုင်ပါတယ်။

❗️ အရေးကြီးဆုံးက မြွေကို ဖမ်းဖို့ ကြိုးစားရင်း အချိန်မဖြုန်းဘဲ လူနာကို အနီးဆုံးဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပြီး ကုသမှုခံယူစေဖို့ ဖြစ်ပါတယ်။

ဘာမလုပ်သင့်လဲ?
✖️ ဒဏ်ရာကို ဓားနဲ့မဖြတ်ပါနဲ့။
✖️ အဆိပ်စုပ်ထုတ်ဖို့ မကြိုးစားပါနဲ့။
✖️ Tourniquet (ကြိုးတင်းတင်းစည်းခြင်း) ကို မိမိဘာသာ မလုပ်ပါနဲ့။
✖️ တိုင်းရင်းဆေး၊ အိမ်တွင်းကုထုံးတွေကို ယုံကြည်ပြီး ဆေးရုံသွားတာကို မနှောင့်နှေးပါနဲ့။

💚 မြွေကိုက်ခံရတဲ့အခါ အသက်အန္တရာယ်ကို လျှော့ချနိုင်ဖို့ အရေးကြီးဆုံးက အချိန်မီ ဆေးရုံကို ရောက်ရှိပြီး မှန်ကန်တဲ့ကုသမှု ခံယူခြင်းပဲ ဖြစ်ပါတယ်။

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡, 𝐎𝐮𝐫 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲.

📍 Location
No. 202-B, (5) Quarter, Parami Road, South Okkalapa Township, Yangon. (Near Pingya Bus Stop)

📞 Hotline
09 9 888 94 111
09 9 888 94 222
09 9 888 94 333

⏰ OPENING HOURS
8:00 AM - 5:00 PM
(Open Daily)

04/08/2026

🐶 "ဟတ်ရုံလေးပဲ" ဆိုပြီး မပေါ့ဆလိုက်ပါနဲ့!

ခွေးမကိုက်ဘဲ ဟတ်ရုံလေးပဲ ဖြစ်ခဲ့ရင်တောင် ခွေးရူးပြန်ရောဂါ ကူးစက်နိုင်တဲ့ အန္တရာယ် ရှိနိုင်ပါတယ်။

✅ ဒဏ်ရာကို ဆပ်ပြာနဲ့ စီးနေတဲ့ရေအောက်မှာ အနည်းဆုံး (၁၅) မိနစ် သေချာဆေးကြောပါ။

✅ ပြီးရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး လိုအပ်တဲ့ ကာကွယ်ဆေးကို အချိန်မီ ခံယူပါ။

အသက်ကို ကာကွယ်ဖို့ "မပေါ့ဆတာ" က အရေးကြီးဆုံးပါ။ 💙

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡, 𝐎𝐮𝐫 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲.

📍 Location
No. 202-B, (5) Quarter, Parami Road, South Okkalapa Township, Yangon. (Near Pingya Bus Stop)

📞 Hotline
09 9 888 94 111
09 9 888 94 222
09 9 888 94 333

⏰ OPENING HOURS
8:00 AM - 5:00 PM
(Open Daily)

ဆေးစစ်ချက်ကို အမြန်လိုနေပေမယ့် ဘယ်မှာစစ်ရမလဲ တွေဝေနေတုန်းလား?သင်္ဘောတက်ဖို့ ..နိုင်ငံခြားထွက်ဖို့…ဒါမှမဟုတ် ကျန်းမာရေးအတ...
03/08/2026

ဆေးစစ်ချက်ကို အမြန်လိုနေပေမယ့်
ဘယ်မှာစစ်ရမလဲ တွေဝေနေတုန်းလား?

သင်္ဘောတက်ဖို့ ..
နိုင်ငံခြားထွက်ဖို့…ဒါမှမဟုတ်
ကျန်းမာရေးအတွက်…
တိကျပြီး မြန်ဆန်တဲ့ ဆေးစစ်ချက်တွေ လိုအပ်နေပြီဆိုရင်
Min Mahar Swe Medical Centerမှာ လာရောက်စစ်ဆေးဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင့်။

✨ ဘာလို့ Min Mahar Swe မှာ ဆေးစစ်သင့်တာလဲ?

✅ အချိန်တိုအတွင်း ရရှိခြင်း:
စောင့်ဆိုင်းချိန် မကြာဘဲ တိကျတဲ့ စစ်ဆေးချက် ရလဒ်များကို အမြန်ဆုံး ထုတ်ပေးပါတယ်။

✅ တိကျစိတ်ချရသော စက်ပစ္စည်းများ:
အဆင့်မီ ဓာတ်ခွဲခန်းစက်ပစ္စည်းများဖြင့် စနစ်တကျ စစ်ဆေးပေးခြင်း။

✅ ကျွမ်းကျင်သူများ၏ စိစစ်မှု:
ဝါရင့် ဓာတ်ခွဲကျွမ်းကျင်သူများနှင့် အထူးကု ဆရာဝန်ကြီးများ၏ စနစ်ကျသော စိစစ်ပေးမှု။

✅ သန့်ရှင်း သက်သောင့်သက်သာရှိခြင်း:
တန်းစီစောင့်ဆိုင်းရမှု မရှိဘဲ လူကြီးမင်းတို့အတွက် သက်သောင့်သက်သာရှိစေမည့် ဝန်ဆောင်မှု။

ဆက်ပြီး တွေဝေမနေပါနဲ့တော့...
သင့်ရဲ့ အရေးကြီးတဲ့ ဆေးစစ်ချက်တွေအတွက်
Min Mahar Swe ကို အခုပဲ လှမ်းလာခဲ့ပါ။

👉 Hotline Phone No တွေကို ဆက်သွယ်ပြီး ကြိုတင် Booking ယူလို့လည်းရပါတယ်ရှင့် 🥰

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡, 𝐎𝐮𝐫 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲.

📍 Location
No. 202-B, (5) Quarter, Parami Road, South Okkalapa Township, Yangon. (Near Pingya Bus Stop)

📞 Hotline
09 9 888 94 111
09 9 888 94 222
09 9 888 94 333

⏰ OPENING HOURS
8:00 AM - 5:00 PM
(Open Daily)

လူတွေပြောတဲ့ "သဲဝဲစားတယ်" ဆိုတာ ဘာလဲ?"သဲဝဲစားတယ်" ဆိုတာ လူသုံးအခေါ်အဝေါ်ဖြစ်ပြီး အများအားဖြင့် 👉 ခြေချောင်းကြားမှာ မှိုပ...
02/08/2026

လူတွေပြောတဲ့ "သဲဝဲစားတယ်" ဆိုတာ ဘာလဲ?

"သဲဝဲစားတယ်" ဆိုတာ လူသုံးအခေါ်အဝေါ်ဖြစ်ပြီး အများအားဖြင့်
👉 ခြေချောင်းကြားမှာ မှိုပိုးကူးစက်ခြင်း ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

ဆေးပညာအရတော့
👉 Athlete's Foot (Tinea Pedis) လို့ ခေါ်ပြီး
✅ ခြေထောက်စိုစွတ်နေခြင်း၊
✅ မသန့်ရှင်းတဲ့ရေနဲ့ ထိတွေ့ခြင်း၊
✅ စိုနေတဲ့ ဖိနပ်နဲ့ ခြေအိတ်ကို အချိန်ကြာကြာ ဝတ်ဆင်ခြင်းတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။

အခုလို ရေကြီးတဲ့အချိန်၊ ခြေထောက်စိုစွတ်နေတဲ့အချိန်မှာ အဖြစ်များပါတယ်။

တွေ့ရတတ်တဲ့ လက္ခဏာများ
• ခြေချောင်းကြား ယားယံခြင်း
• အရေပြားကွာခြင်း၊ ဖြူဖွေးလာခြင်း
• အရေပြားကွဲအက်ခြင်း
• နီရဲခြင်း သို့မဟုတ် ပူလောင်သလို ခံစားရခြင်း

ဘယ်လိုကာကွယ်မလဲ?
• ရေထိပြီးတိုင်း ခြေထောက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောပါ။
• ခြေချောင်းကြားအထိ ခြောက်သွေ့အောင် သုတ်ထားပါ။
• စိုနေတဲ့ ဖိနပ်နဲ့ ခြေအိတ်ကို အချိန်ကြာကြာ မဝတ်ပါနဲ့။
• ဖြစ်နိုင်ရင် လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်ကို ရွေးချယ်ဝတ်ဆင်ပါ။

⚠️ ယားယံခြင်း၊ အရေပြားကွာခြင်း၊ ကွဲအက်ခြင်းတွေ မသက်သာဘဲ ဆက်လက်ဖြစ်နေတယ်ဆိုရင် ကိုယ့်ဘာသာ ဆေးလိမ်းတာထက် ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးကုသမှုခံယူဖို့ အရေးကြီးပါတယ်။

𝐘𝐨𝐮𝐫s 𝐇𝐞𝐚𝐥𝐭𝐡, 𝐎𝐮𝐫 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲.

📍 Location
No. 202-B, (5) Quarter, Parami Road, South Okkalapa Township, Yangon. (Near Pingya Bus Stop)

📞 Hotline
09 9 888 94 111
09 9 888 94 222
09 9 888 94 333

⏰ OPENING HOURS
8:00 AM - 5:00 PM
(Open Daily)

အခုလို ရေကြီးနေတဲ့ အချိန်မှာ...ရေထဲလမ်းလျှောက်ပြီးရင် မသန့်ရှင်းတဲ့ရေနဲ့ ထိတွေ့မိတာကြောင့် ✅ မှိုပိုး၊ ဘက်တီးရီးယားပိုးန...
31/07/2026

အခုလို ရေကြီးနေတဲ့ အချိန်မှာ...
ရေထဲလမ်းလျှောက်ပြီးရင်
မသန့်ရှင်းတဲ့ရေနဲ့ ထိတွေ့မိတာကြောင့်
✅ မှိုပိုး၊ ဘက်တီးရီးယားပိုးနဲ့ အရေပြားရောင်ရမ်းမှုတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့်
ရေထဲက ဖြတ်ကာ ပြန်လာပြီးတိုင်း ဒီအချက် (၅) ချက်ကို မမေ့ပါနဲ့။

(၁) ခြေထောက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောပါ။
မသန့်ရှင်းတဲ့ရေမှာ ပါလာနိုင်တဲ့ ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

(၂) ခြေချောင်းကြားအထိ ခြောက်သွေ့အောင် သုတ်ပါ။
စိုစွတ်နေတဲ့ အခြေအနေက မှိုပိုးပေါက်ဖွားဖို့ အလွယ်ကူဆုံးနေရာ ဖြစ်ပါတယ်။

(၃) သန့်ရှင်းပြီး ခြောက်သွေ့တဲ့ ဖိနပ်နဲ့ ခြေအိတ်ကို လဲဝတ်ပါ။
စိုနေတဲ့ ဖိနပ်၊ ခြေအိတ်ကို ကြာကြာမဝတ်သင့်ပါ။

(၄) ခြေထောက်မှာ ဒဏ်ရာ၊ အနာ၊ ယားယံတာ၊ နီရဲတာ ရှိမရှိ စစ်ဆေးပါ။
အနာသေးသေးလေးကနေတစ်ဆင့် ပိုးဝင်နိုင်တာကြောင့် ဂရုစိုက်ဖို့ လိုပါတယ်။

(၅) ယားယံခြင်း၊ အရေပြားကွာခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းတွေ ဖြစ်လာရင် ဆေးကုသမှု ခံယူပါ။
လက္ခဏာတွေကို ပေါ့ဆမထားဘဲ စောစီးစွာ စစ်ဆေးကုသခြင်းက ပိုမိုဆိုးရွားလာတာကို ကာကွယ်ပေးနိုင်ပါတယ်။

မိုးရွာတဲ့နေ့တွေမှာ နွေးနွေးထွေးထွေးနေပါ…
ကျန်းမာရေးကိုလည်း ပိုပြီး ဂရုစိုက်ပါ။
ကျန်းမာလုံခြုံတဲ့ နေ့ရက်လေးတွေကို ချစ်ရသူတွေနဲ့ အတူ ဖြတ်သန်းနိုင်ကြပါစေနော်။ 💜

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡, 𝐎𝐮𝐫 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲.

📍 Location
No. 202-B, (5) Quarter, Parami Road, South Okkalapa Township, Yangon. (Near Pingya Bus Stop)

📞 Hotline
09 9 888 94 111
09 9 888 94 222
09 9 888 94 333

⏰ OPENING HOURS
8:00 AM - 5:00 PM
(Open Daily)

25/07/2026

"လေးဘက်နာ" လို့ကြားလိုက်တာနဲ့...
အကုန်အတူတူပဲလို့ ထင်နေတုန်းလား? 🤔

တကယ်တော့ လေးဘက်နာ ဆိုတဲ့နာမည်အောက်မှာ အမျိုးအစားအမျိုးမျိုးရှိပြီး၊ ဖြစ်ရတဲ့အကြောင်းရင်းနဲ့ ကုသနည်းတွေကလည်း မတူကြပါဘူး။

ကိုယ့်ရဲ့ နာကျင်မှုအမျိုးအစားကို သေချာသိမှ မှန်ကန်တဲ့ကုသမှုကို ရရှိနိုင်မှာပါ။ 💙

❌ ကိုယ့်ဘာသာ ဆေးသောက်ပြီး ခန့်မှန်းကုသတာထက်
✅ မှန်ကန်တဲ့ စစ်ဆေးမှုနဲ့ ရောဂါအမျိုးအစားကို သိရှိတာက ပိုအရေးကြီးပါတယ်။

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡, 𝐎𝐮𝐫 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲.

📍 Location
No. 202-B, (5) Quarter, Parami Road, South Okkalapa Township, Yangon. (Near Pingya Bus Stop)

📞 Hotline
09 9 888 94 111
09 9 888 94 222
09 9 888 94 333

⏰ OPENING HOURS
8:00 AM - 5:00 PM
(Open Daily)

သွေးပေါင်ချိန် တိုင်းလိုက်ရင် ဂဏန်း ၂ ခုတော့ ထွက်လာတာပဲ… ဘာကိုဆိုလိုတာလဲ မသိဘူး ဖြစ်နေပါသလား…❓သွေးပေါင်ချိန်ကို တိုင်းတဲ...
23/07/2026

သွေးပေါင်ချိန် တိုင်းလိုက်ရင် ဂဏန်း ၂ ခုတော့ ထွက်လာတာပဲ…
ဘာကိုဆိုလိုတာလဲ မသိဘူး ဖြစ်နေပါသလား…❓

သွေးပေါင်ချိန်ကို တိုင်းတဲ့အခါ ဂဏန်း ၂ ခု တွေ့ရပါတယ်။
ဥပမာ - 120 / 80 mmHg

🔹 အပေါ်ဂဏန်း (Systolic Pressure)
နှလုံးက သွေးကို ညှစ်ထုတ်တဲ့အချိန်မှာ ရှိတဲ့ ဖိအားကို ဆိုလိုပါတယ်။

🔹 အောက်ဂဏန်း (Diastolic Pressure)
နှလုံးက အနားယူနေတဲ့အချိန်မှာ ရှိတဲ့ ဖိအားကို ဆိုလိုပါတယ်။

သွေးပေါင်ချိန်အမျိုးအစားများ
✅ ပုံမှန် (Normal)
120 / 80 mmHg အောက်

⚠️ သတိထားရမယ့် အခြေအနေ (Elevated)
120–129 / 80 mmHg အောက်

🚨 သွေးတိုးအဆင့် (High Blood Pressure Stage 1)
130–139 / 80–89 mmHg

🚨🚨 သွေးတိုးအဆင့် (Stage 2)
140 / 90 mmHg နှင့်အထက်

❗️ အရေးပေါ်အခြေအနေ
180 / 120 mmHg နှင့်အထက် ဖြစ်ပါက ဆရာဝန်နှင့် အမြန်ဆုံး ပြသသင့်ပါတယ်။

👉 သွေးပေါင်ချိန်မှန်ကန်စွာ တိုင်းရန်
• တိုင်းမီ ၃၀ မိနစ်အတွင်း ကော်ဖီ၊ လက်ဖက်ရည်၊ ဆေးလိပ် မသုံးပါနဲ့။
• ၅ မိနစ်ခန့် အနားယူပြီးမှ တိုင်းပါ။
• ထိုင်နေစဉ် ကျောမှီပြီး ခြေထောက်ကို မချိတ်ထားပါနဲ့။
• လက်မောင်းကို နှလုံးအမြင့်နဲ့ ညီအောင်ထားပါ။

✨ သွေးတိုးရောဂါဟာ အစောပိုင်းမှာ လက္ခဏာမပြတတ်တဲ့အတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ဖို့ အရေးကြီးပါတယ်။

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡, 𝐎𝐮𝐫 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲.

📍 Location
No. 202-B, (5) Quarter, Parami Road, South Okkalapa Township, Yangon. (Near Pingya Bus Stop)

📞 Hotline
09 9 888 94 111
09 9 888 94 222
09 9 888 94 333

⏰ OPENING HOURS
8:00 AM - 5:00 PM
(Open Daily)

ADHD ဆိုတာ ဘာလဲ? တချို့လူတွေက အလုပ်တစ်ခုကို စပြီး မပြီးနိုင်တာ၊ ချိန်းထားတာတွေ မကြာခဏ မေ့တတ်တာ၊ အာရုံပျံ့လွင့်လွယ်တာတွေက...
20/07/2026

ADHD ဆိုတာ ဘာလဲ?

တချို့လူတွေက အလုပ်တစ်ခုကို စပြီး မပြီးနိုင်တာ၊ ချိန်းထားတာတွေ မကြာခဏ မေ့တတ်တာ၊ အာရုံပျံ့လွင့်လွယ်တာတွေကို
“ပျင်းလို့” ဒါမှမဟုတ် “စည်းကမ်းမရှိလို့” လို့ ထင်တတ်ကြပါတယ်။
ဒါပေမယ့် တချို့အခြေအနေတွေမှာတော့ ADHD နဲ့ သက်ဆိုင်နေနိုင်ပါတယ်။

ADHD (Attention Deficit Hyperactivity Disorder) ဆိုတာ
👉 အာရုံစူးစိုက်နိုင်စွမ်း (Attention)
👉 ခန္ဓာကိုယ် ငြိမ်သက်စွာ နေနိုင်စွမ်း (Hyperactivity) နဲ့
👉 စိတ်လိုက်မာန်ပါ မလုပ်မိအောင် ထိန်းချုပ်နိုင်စွမ်း (Impulsivity)
တိုးတက်မှုဆိုင်ရာ ခြားနားချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။

ဆယ်ကျော်သက်နဲ့ ကလေးတွေမှာ အဓိက တွေ့ရလေ့ရှိသလို
သတိမမူမိဘဲ အရွယ်ရောက်ပြီးသူ (Adults) တွေအထိပါ ဆက်လက်ပါရှိနေတတ်ပါတယ်။

ADHD ရဲ့ လက္ခဏာတချို့ကတော့

✅ In-attention : အာရုံစူးစိုက်ရ ခက်ခဲခြင်း။
· အလုပ်တစ်ခု သို့မဟုတ် စာဖတ်ရာတွင် ရေရှည် အာရုံမစိုက်နိုင်ခြင်း
· သော့၊ ဖုန်း၊ ပိုက်ဆံအိတ် စသည့် ပစ္စည်းများနှင့် ချိန်းဆိုမှုတွေကို မကြာခဏ မေ့လျော့ခြင်း
· သူတစ်ပါး စကားပြောနေချိန်တွင် စိတ်လွင့်နေခြင်း
· အလုပ်များကို စနစ်တကျ စီမံခန့်ခွဲရန် ခက်ခဲခြင်း

✅ Hyperactivity : မငြိမ်မသက် ဖြစ်ခြင်း။
· တိုင်ပင်ဆွေးနွေးချိန် သို့မဟုတ် အတန်းထဲတွင် ငြိမ်ငြိမ်မထိုင်နိုင်ဘဲ လှုပ်ရှားနေခြင်း
· ခြေလက်များကို ခါနေခြင်း သို့မဟုတ် အမြဲ လှုပ်ရှားချင်စိတ် ဖြစ်နေခြင်း
· စကားကို မရပ်မနား အလွန်အမင်း ပြောဆိုခြင်း

✅ Impulsivity : စိတ်လိုက်မာန်ပါ ပြုလုပ်ခြင်း။
· သူတစ်ပါး စကားပြောစဥ် ကြားဖြတ်ပြောမိခြင်း
· မိမိအလှည့်ကို စိတ်ရှည်စွာ မစောင့်ဆိုင်းနိုင်ခြင်း
· နောက်ဆက်တွဲ ရလဒ်ကို မစဉ်းစားဘဲ စိတ်ထင်ရာ ချက်ချင်း လုပ်မိခြင်း။

👉 ADHDက ကလေးတွေမှာပဲ ဖြစ်တတ်တာမဟုတ်ပါဘူး။
👉 အရွယ်ရောက်ပြီးသူ (Adults) တွေမှာလည်း ADHD လက္ခဏာများ ရှိနေနိုင်ပြီး စိတ်ဖိစီးမှု၊ အလုပ်အကိုင်နဲ့ ဆက်ဆံရေးတွေမှာ သက်ရောက်မှု ရှိနိုင်ပါတယ်။
👉 ADHD ရှိသူတွေဟာ ပျင်းလို့၊ စည်းကမ်းမရှိလို့ ဒီလိုဖြစ်နေတာ မဟုတ်ပါဘူး။
👉 သူတို့ ဦးနှောက်ရဲ့ အာရုံစိုက်မှုကို ထိန်းချုပ်သည့် Dopamine ဓာတ်မျှခြေ ကွဲပြားနေခြင်းကြောင့် ဖြစ်ပါတယ်။

💡ဒါပေမယ့် အာရုံမစိုက်နိုင်တာ၊ မေ့တတ်တာတွေဟာ အိပ်ရေးမဝခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိုးရိမ်ပူပန်မှု (Anxiety) သို့မဟုတ် စိတ်ကျရောဂါ (Depression) တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေက—
✔️ အချိန်ကြာမြင့်စွာ ဆက်ရှိနေရင်
✔️ အလုပ်၊ ပညာရေးနဲ့ လူမှုဘဝတွေကို ထိခိုက်စေရင်
✔️ နေ့စဉ်ဘဝကို စီမံဖို့ ခက်ခဲလာရင်
ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ဆွေးနွေးစစ်ဆေးသင့်ပါတယ်။

‼️အရေးကြီးတာက
အထက်ပါ လက္ခဏာတချို့ ရှိတာနဲ့ ADHD လို့ တိတိကျကျ မသတ်မှတ်နိုင်ပါဘူး။ မှန်ကန်တဲ့ စစ်ဆေးမှုနဲ့ အကြံပြုချက်တွေ ရယူဖို့ လိုအပ်ပါတယ်။

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡, 𝐎𝐮𝐫 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲.

📍 Location
No. 202-B, (5) Quarter, Parami Road, South Okkalapa Township, Yangon. (Near Pingya Bus Stop)

⏰ OPENING HOURS
8:00 AM - 5:00 PM
(Open Daily)


Address

202B, Parami Road, 5 Wards, South Okkalapa
Yangon
11031

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Alerts

Be the first to know and let us send you an email when Min Mahar Swe Medical Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share