ဒေါက်တာဇွန် အိန္ဒိယ၊ ဘန်ကောက် ကျန်းမာရေး ဝန်ဆောင်မှု

  • Home
  • Myanmar
  • Yangon
  • ဒေါက်တာဇွန် အိန္ဒိယ၊ ဘန်ကောက် ကျန်းမာရေး ဝန်ဆောင်မှု

ဒေါက်တာဇွန် အိန္ဒိယ၊ ဘန်ကောက် ကျန်းမာရေး ဝန်ဆောင်မှု ဘန်ကောက်/အိန္ဒိယဆေးရုံ ဆေးကုခရီးစဉ်ဝန်ဆောင်မှု

📢 WE ARE HIRING!🏥 "ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု" ၏ Mandalay နှင့် Naypyidaw ရုံးခွဲများတွင် အောက်ပ...
07/09/2026

📢 WE ARE HIRING!

🏥 "ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု" ၏ Mandalay နှင့် Naypyidaw ရုံးခွဲများတွင် အောက်ပါ Position များအတွက် ဝန်ထမ်းများ ခေါ်ယူနေပါသည်...

💼 1. Medical Representative

🔵 Mandalay (MDY) – 1 Post
🔵 Naypyidaw (NPT) – 1 Post

📌 JOB DESCRIPTION & REQUIREMENTS

🔵 ဘွဲ့တစ်ခုခု ရရှိပြီးသူ ဖြစ်ရမည်။
🔵 ကျန်းမာရေးနှင့် သက်ဆိုင်သော Events များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
🔵 Company ၏ Services များနှင့် ပတ်သက်၍ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ပြီး ရှင်းလင်းဆွေးနွေးပေးနိုင်ရမည်။
🔵 KOL ဆရာဝန်များနှင့် ကောင်းမွန်သော Professional Relationship တည်ဆောက်ထိန်းသိမ်းနိုင်ရမည်။
🔵 Communication Skill ကောင်းမွန်ပြီး လူမှုဆက်ဆံရေး ပြေပြစ်ကောင်းမွန်သူ ဖြစ်ရမည်။
🔵 ကျန်းမာရေးလုပ်ငန်း၏ သဘောသဘာဝကို နားလည်သူ ဖြစ်ရမည်။
🔵 Marketing အတွေ့အကြုံရှိသူ၊ ဆေးကုမ္ပဏီအတွေ့အကြုံရှိသူများကို ဦးစားပေးပါမည်။

---

💼 2. Assistant Patient Coordinator

🔵 Naypyidaw (NPT) – 1 Post

📌 JOB DESCRIPTION & REQUIREMENTS

🔵 B.N.Sc or Medical-related Degree ရရှိထားသူ ဖြစ်ရမည်။
🔵 Medical Referral Process များကို ကိုင်တွယ်ဆောင်ရွက်နိုင်ရမည်။
🔵 Patient Coordinator များအား လိုအပ်သည်များကို ပံ့ပိုးကူညီပေးနိုင်ရမည်။
🔵 လူနာများ၏ ကျန်းမာရေးအခြေအနေများနှင့် ပတ်သက်၍ သေချာစွာ ဆွေးနွေးရှင်းပြပေးနိုင်ရမည်။
🔵 လူမှုဆက်ဆံရေး အထူးပြေပြစ်ကောင်းမွန်ပြီး Communication Skill ကောင်းမွန်သူ ဖြစ်ရမည်။

---
📩 HOW TO APPLY

📱 Viber: 09 773 776 296
📧 Email: [email protected]

🔵 လျှောက်ထားလိုသူများအနေဖြင့် CV Form ကို Viber သို့မဟုတ် Email မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။

✨ **Join Our Team & Grow Your Career With Us!** ✨

👨‍👩‍👧‍👦✨ဖေဖေ မေမေတို့ ရဲ့သားသားမီးမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို နားလည်ဖြည့်ဆည်းပေးနိုင်ဖို့ အကျိုးရှိမဲ...
06/09/2026

👨‍👩‍👧‍👦✨ဖေဖေ မေမေတို့ ရဲ့သားသားမီးမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို နားလည်ဖြည့်ဆည်းပေးနိုင်ဖို့ အကျိုးရှိမဲ့ အခမဲ့ Online Webinar တက်ရောက်​လေ့လာနိုင်မည့် အခွင့်အရေး

💁‍♀️ဒေါက်တာဇွန် အိန္ဒိယ၊ ဘန်ကောက် ကျန်းမာရေးဝန်ဆောင်မှု မိသားစုမှ ကလေးမိဘများနှင့် အုပ်ထိန်းသူများအတွက် အလွန်အသုံးဝင်မည့် The Growth Playground Vol.14 Online Webinar လေးကို ပူးပေါင်းအားဖြည့် တင်ဆက်ပေးလိုက်ပါတယ်...🩺

မလွှဲရှောင်နိုင်တဲ့ အပြောင်းအလဲတွေဆိုတာ လူကြီးတွေရဲ့ဘဝမှာသာမက ကလေးငယ်တွေရဲ့ဘဝမှာလည်း မကြာခဏ ကြုံတွေ့ရတတ်ပါတယ်....

👶 မိသားစုတွင်း အခြေအနေပြောင်းလဲသွားတဲ့အခါ…

🌱 အသက်အရွယ်အရ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ကြုံတွေ့ရတဲ့အခါ…

🏫 ကျောင်းစတက်ချိန် (သို့) ကျောင်းပြောင်းရတဲ့အခါ…

🏠 ရင်းနှီးတဲ့ ပတ်ဝန်းကျင်၊ မိသားစု၊ သူငယ်ချင်းတွေဆီကနေ အခြားနေရာတစ်ခုကို ပြောင်းရွှေ့ရတဲ့အခါ…

ဒီလိုအချိန်တွေမှာ ကလေးတွေအနေနဲ့ ဖွင့်ပြောမပြတတ်တဲ့ ဝမ်းနည်းမှု၊ စိုးရိမ်မှု စတဲ့ ခံစားချက်တွေ ပြင်းထန်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါ့ကြောင့် —

💛 ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဘယ်လိုသတိထားပြီး ဖြည့်ဆည်းပေးနိုင်မလဲ?

💛 အပြောင်းအလဲတွေကို ဖြတ်သန်းတဲ့အချိန်မှာ ကလေးတွေအတွက် လုံခြုံပြီး နွေးထွေးတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဘယ်လို ဖန်တီးပေးနိုင်မလဲ? ဆိုတာကို ယခု Online Webinar လေးမှာ “အခမဲ့” နားထောင်နိုင်မှာ ဖြစ်ပါတယ်...

**Speaker 🎙️** Mental Health Trainer - ဆရာမ Mon..
ဆရာမ Mon ဟာ Early Childhood Education Lecturer တစ်ယောက်ဖြစ်ပြီး ကလေးများနဲ့ မိဘများ မဖြစ်မနေ သိရှိထားသင့်တဲ့ Child Psychology & Parenting Education၊ Mental Health & Psychosocial Support Training များကို စဉ်ဆက်မပြတ် မျှဝေပေးနေသူ ဖြစ်ပါတယ်...

ကလေးမိဘ၊ အုပ်ထိန်းသူ၊ Caregivers များ၊ ဆရာ/ဆရာမများ အပါအဝင် စိတ်ဝင်စားသူ မည်သူမဆို ပါဝင်နားထောင်နိုင်ပါတယ်...

📌𝐄𝐯𝐞𝐧𝐭 𝐃𝐞𝐭𝐚𝐢𝐥𝐬

📅 Date : 13th September 2026 (Sunday)

⏰ Time : 7:00 - 8:30 PM (Myanmar Time)

💻 Platform : Zoom

👉 Webinar ကို တက်ရောက်ဖို့ စိတ်ဝင်စားရင် အောက်ပါလင့်ခ်ကနေ အခမဲ့ စာရင်းပေးပြီး ပါဝင်နိုင်ပါတယ်ရှင့်...

🔗 [https://forms.gle/JETC6rHcvsw6SRw66]

💁‍♀️ "မိသားစုတိုင်းရဲ့ ပိုမိုကျန်းမာသော မနက်ဖြန်တိုင်းအတွက်"
ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု 🩺

06/09/2026

✅ အဆုတ်ကင်ဆာ ကို ခွဲစိတ်စရာမလိုတဲ့ နောက်ဆုံးပေါ်ကုထုံးအကြောင်း

ဒီ video မှာဆိုရင် အဆုတ်ကင်ဆာအပြင် ဦးနှောက်အကျိတ်ကင်ဆာ၊ အသည်းကင်ဆာ၊ ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတွေကို ခွဲစိတ်စရာမလိုဘဲ ကုသနိုင်တဲ့ နောက်ဆုံးပေါ်ကုသနည်း အကြောင်းကို ဗဟုသုတအနေနဲ့ ပြောပြပေးထားပါတယ်။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ ။

#ဒေါက်တာရဲ
#အဆုတ်ကင်ဆာ #ကင်ဆာကုထုံး

#ဒေါက်တာဇွန်
#ဘန်ကောက်အိန္ဒိယ

05/09/2026

🩺✨ကျောက်ကပ်တစ်လုံးဆုံးရှုံးပြီးနောက် ကျန်ရှိသောကျောက်ကပ်အကျိတ်ကို စက်ရုပ်သုံးခွဲစိတ်မှုဖြင့် အောင်မြင်စွာဖယ်ရှားခဲ့သည့် ဆေးကုသမှုခရီးစဉ်✈️

🩸🫘ဆီးထဲသွေးပါရာကနေ ဂရုမစိုက်မိလို့ ညာဘက်ကျောက်ကပ်တစ်လုံးကို ရုတ်တရက် အရေးပေါ် ထုတ်လိုက်ရပြီးနောက် ဘယ်ဘက်ကျောက်ကပ်ကိုပါ ကင်ဆာပျံ့နှံ့နေပြီဆိုတာ သိလိုက်ရတဲ့အချိန်... ကျန်ရှိနေသေးတဲ့ နောက်ထပ် ကျောက်ကပ်တစ်ခုအတွက် ဘယ်လိုဆက်လုပ်ရမလဲဆိုပြီး စိတ်ပူပန်နေချိန်မှာပဲ ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု နဲ့ ချိတ်ဆက်မိခဲ့ပြီး ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်...
✈️🏥ဆွေးနွေးတိုင်ပင်မှုအပြီး ဒေါက်တာဇွန်ကျန်းမာရေးဝန်းဆောင်မှုရဲ့ လမ်းညွှန်မှုနဲ့ အိန္ဒိယနိုင်ငံရဲ့ အဆင့်မြင့် Max ဆေးရုံကြီးမှာ စက်ရုပ်သုံးကျောက်ကပ်ခွဲစိတ်မှု (Robotic Surgery) နဲ့ ကျောက်ကပ်မှာရှိတဲ့ ကင်ဆာအကျိတ်ကို အောင်မြင်စွာ ထပ်မံကုသနိုင်ခဲ့တဲ့ လူနာတစ်ဦးရဲ့ ကျန်းမာရေးခရီးစဉ်ကို မျှဝေပေးလိုက်ပါတယ်… 🩺✨

🙏ဒေါက်တာဇွန် ကျန်းမာရေးဝန်ဆောင်မှုနဲ့ ချိတ်ဆက်ပြီး အိန္ဒိယမှာ ဆေးကုသမှုခံယူခဲ့အပြီးမှာ မရီးနှင့် အစ်ကိုအတွက်ပါ ဆေးကုသမှုခရီးစဉ်အတွက် ဘန်ကောက်နှင့် အိန္ဒိယကို ဆေးကုသမှုခံယူဖို့ ထပ်မံညွှန်းပေးခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်ရှင့် ❤️

အိန္ဒိယနှင့်ဘန်ကောက်မှာဆေးသွားကုဖို့အတွက်အခမဲ့တိုင်ပင် ဆွေးနွေးချင်တယ်ဆိုရင်တော့..
Messenger သို့ အခုပဲ မေးမြန်းစုံစမ်းနိုင်သလို အောက်ပါအတိုင်းလည်း ဆက်သွယ်နိုင်ပါတယ်...

💁‍♀️"မိသားစုတိုင်းရဲ့ ပိုမိုကျန်းမာသော မနက်ဖြန်တိုင်းအတွက်"
‌ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု 🩺

📍ရန်ကုန်ရုံး
📞09880100730,09775250945,
09880004038,09880004039
🏨 ၁၂/B၊ ရေးဗားဗျူးဥယျာဉ်အိမ်ရာ၊ကမ်းနားလမ်း၊အလုံမြို့နယ်

📍မန္တလေးရုံး
📞09880004024,09886622883
🏨အမှတ်(၁၄၅)၊မြေညီ၊၃၃ လမ်း၊၇၄-၇၅ ကြား၊ ချမ်းအေးသာဇံမြို့နယ်၊မန္တလေးမြို့

📍မော်လမြိုင်ရုံး
📞09401788651,09401788652
🏨အမှတ်(၂၇၅)၊စစ်ကဲကုန်းရပ်ကွက်၊အောက်လမ်းမကြီး၊မော်လမြိုင်မြို့

📍တောင်ကြီးရုံး
📞09881000224
🏨မ/၂၀၀ စံပါယ်လမ်း၊ကန်အောက်ရပ်၊တောင်ကြီးမြို့

#ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှု #နိုင်ငံခြားဆေးကု #ဘန်ကောက်ဆေးရုံ #ဘန်ကောက်ဆေးကု #အိန္ဒိယဆေးရုံ #ကျောက်ကပ်ကင်ဆာ #ဆီးနှင့်ကျောက်ကပ်

❝ အသည်းကင်ဆာကုသနည်းမှာဘယ်နည်းလမ်းက လူနာအတွက် အကောင်းဆုံးဖြစ်မလဲ ❞ 🛡️အသည်းကင်ဆာရောဂါ ခံစားနေရတဲ့အခါ "ဘယ်လိုကုသရမလဲ?" ဆိုတ...
04/09/2026

❝ အသည်းကင်ဆာကုသနည်းမှာ
ဘယ်နည်းလမ်းက လူနာအတွက် အကောင်းဆုံးဖြစ်မလဲ ❞

🛡️အသည်းကင်ဆာရောဂါ ခံစားနေရတဲ့အခါ "ဘယ်လိုကုသရမလဲ?" ဆိုတဲ့ မေးခွန်းက လူနာနဲ့ မိသားစုဝင်တွေ အရင်ဆုံးစဉ်းစားကြတာပါ...ကုသမှုနည်းပညာတွေ တိုးတက်လာတဲ့ ယနေ့ခေတ်မှာ "အသည်းကင်ဆာကို အောင်မြင်စွာ ကျော်ဖြတ်နိုင်တဲ့ နည်းလမ်းတွေ" အများကြီးရှိနေပါပြီ✨

အသည်းကင်ဆာစသိချိန်ကနေ Stage မြင့်တဲ့အချိန်အထိ ကုသနည်းတွေထဲမှ အသုံးများတဲ့ ကုသမှုနည်းလမ်းတွေကို ဝေမျှပေးလိုက်ပါတယ်..

▶️𝐑𝐚𝐝𝐢𝐨𝐟𝐫𝐞𝐪𝐮𝐞𝐧𝐜𝐲 𝐀𝐛𝐥𝐚𝐭𝐢𝐨𝐧, 𝐌𝐢𝐜𝐫𝐨𝐰𝐚𝐯𝐞 𝐀𝐛𝐥𝐚𝐭𝐢𝐨𝐧 - အကျိတ်သေးတဲ့အချိန် အပူလှိုင်းသုံးပြီး အကျိတ်ကိုချေဖျက်ခြင်းဖြစ်ပါတယ်...
▶️𝐋𝐢𝐯𝐞𝐫 𝐑𝐞𝐬𝐞𝐜𝐭𝐢𝐨𝐧 - အကျိတ်ရှိနေတဲ့ အသည်းအစိတ်အပိုင်းကို ခွဲစိတ်ဖယ်ရှားခြင်းဖြစ်ပါတယ်။
▶️𝐋𝐢𝐯𝐞𝐫 𝐓𝐫𝐚𝐧𝐬𝐩𝐥𝐚𝐧𝐭 - ကင်ဆာအကြိတ်ဟာ သေးတယ်၊ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းပျံ့နှံ့မှုမများသေးဘူးဆိုရင် အသည်းအစားထိုးခြင်းကို လုပ်ဆောင်နိုင်ပါတယ်...
▶️𝐓𝐀𝐂𝐄 - ပေါင်သွေးကြောမှတစ်ဆင့် အသည်း၏ ပင်မသွေးသို့သွား၍ ကင်ဆာအကြိတ်များသို့ ဆေးဖြန်းခြင်းကုသမှုဖြစ်ပါတယ်။
▶️𝐓𝐀𝐑𝐄 - ပေါင်သွေးကြောမှတစ်ဆင့် ရေဒီယိုသတ္တိကြွ ဆေးရည်ကိုထည့်ပြီး အသည်းအကျိတ်ကို တိုက်ရိုက်ဓါတ်ရောင်ခြည်ပေး ချေဖျက်ခြင်းပဲဖြစ်ပါတယ်...
▶️အခြားကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့မှုများနေပြီး ကင်ဆာ Stage မြင့်သော အခြေအနေများမှာတော့
🔻ကင်ဆာဆေးသွင်းကုထုံး
🔻ပစ်မှတ်ထားကုထုံး
🔻ကိုယ်ခံအားကုထုံးနည်းလမ်းများကို အသုံးပြုနိုင်ပါတယ်....

💬 "ဘယ်နည်းလမ်းက လူနာအတွက် အကောင်းဆုံးဖြစ်မလဲ?"
💡အသည်းကင်ဆာကုသနည်းဟာ လူနာတစ်ဦးစီအလိုက် အသက်အရွယ်၊ရောဂါအခံ၊ ကင်ဆာရောဂါ အခြေအနေပေါ်မူတည်ပြီး ကွာခြားနိုင်တာမို့ မိမိနဲ့သင့်တော်မယ့် ကုသမှုနည်းလမ်းအတွက် ဆေးမှတ်တမ်းတွေပို့ပြီး အခမဲ့ လာရောက်ဆွေးနွေးနိုင်ပါတယ်...

💁‍♀️"မိသားစုတိုင်းရဲ့ ပိုမိုကျန်းမာသော မနက်ဖြန်တိုင်းအတွက်"
‌ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု 🩺

📍ရန်ကုန်ရုံး
📞09880100730,09775250945,
09880004038,09880004039
🏨 ၁၂/B၊ ရေးဗားဗျူးဥယျာဉ်အိမ်ရာ၊ကမ်းနားလမ်း၊အလုံမြို့နယ်

📍မန္တလေးရုံး
📞09880004024,09886622883
🏨အမှတ်(၁၄၅)၊မြေညီ၊၃၃ လမ်း၊၇၄-၇၅ ကြား၊ ချမ်းအေးသာဇံမြို့နယ်၊မန္တလေးမြို့

📍မော်လမြိုင်ရုံး
📞09401788651,09401788652
🏨အမှတ်(၂၇၅)၊စစ်ကဲကုန်းရပ်ကွက်၊အောက်လမ်းမကြီး၊မော်လမြိုင်မြို့

📍တောင်ကြီးရုံး
📞09881000224
🏨မ/၂၀၀ စံပါယ်လမ်း၊ကန်အောက်ရပ်၊တောင်ကြီးမြို့

#ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှု #နိုင်ငံခြားဆေးကု #ဘန်ကောက်ဆေးရုံ #ဘန်ကောက်ဆေးကု #အိန္ဒိယဆေးရုံ

👁️ လူနာ ၇၀၀ ကျော်ကို မျက်စိကုသမှုအတွက် “ဒေါက်တာဇွန် ကျန်းမာရေးဝန်ဆောင်မှု”မှအောင်မြင်စွာ ချိတ်ဆက်ဝန်ဆောင်မှုပေးခဲ့ပြီးပါ...
03/09/2026

👁️ လူနာ ၇၀၀ ကျော်ကို မျက်စိကုသမှုအတွက် “ဒေါက်တာဇွန် ကျန်းမာရေးဝန်ဆောင်မှု”မှအောင်မြင်စွာ ချိတ်ဆက်ဝန်ဆောင်မှုပေးခဲ့ပြီးပါပြီ 🤩

ဒေါက်တာဇွန် ကျန်းမာရေးဝန်ဆောင်မှု က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ 🏥 Rutnin မျက်စိဆေးရုံကြီး နှင့် ချိတ်ဆက်ပြီး မျက်စိကျန်းမာရေးြပဿနာများအတွက် လူနာများကို ဆရာဝန်ရက်ချိန်း၊ ဆေးရုံချိတ်ဆက်မှုနှင့် ကုသမှုဆိုင်ရာ ဝန်ဆောင်မှုများ ပေးလျက်ရှိပါတယ်။ 👩‍⚕️👨‍⚕️

Rutnin Eye Hospital မှာဆိုရင် —

🔹 Corneal Transplant – မျက်ကြည်လွှာအစားထိုးကုသခြင်း
🔹 Retinal Detachment – အမြင်လွှာကွာကျခြင်း
🔹 Cataract – အတွင်းတိမ်
🔹 Glaucoma – မျက်စိရေတိမ်
🔹 LASIK – မျက်မှန်ပါဝါဖျောက်ခြင်း
🔹 ကလေးမျက်စိရောဂါများ
🔹 မျက်ခွံ၊ မျက်ရည်ကြောနှင့် မျက်လုံးအိမ်ဆိုင်ရာ ခွဲစိတ်ကုသမှုများ
🔹 အာရုံကြောနှင့် ဦးနှောက်ဆိုင်ရာ မျက်စိ ပြဿနာများ

စတဲ့ မျက်စိကျန်းမာရေးပြဿနာများကို သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် ပြသနိုင်ပါတယ်။

🤔 ဘာကြောင့် Rutnin ကို လူနာတွေ ရွေးချယ်ကြတာလဲ?

👨‍⚕️ သက်ဆိုင်ရာ အထူးကုဆရာဝန်များ
မျက်ကြည်လွှာ၊ Retina၊ Glaucoma၊ Cataract၊ LASIK၊ ကလေးမျက်စိ စတဲ့ ပြဿနာတစ်ခုချင်းစီအလိုက် သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် ပြသနိုင်ခြင်း

🔬 ခေတ်မီမျက်စိစစ်ဆေးရေးနှင့် ခွဲစိတ်ကုသရေးနည်းပညာများ
တိကျတဲ့ စစ်ဆေးမှုနဲ့ ခေတ်မီကုသမှုများအတွက် သင့်တော်တဲ့ စက်ကိရိယာများ အသုံးပြုခြင်း

🏥👁️ဘန်ကောက်ရှိ Rutnin မျက်စိဆေးရုံကြီးတွင် မျက်စိကျန်းမာရေးကုသရန် ပြသနိုင်ဖို့အတွက် အကြာကြီး မစောင့်ရအောင် ဒေါက်တာဇွန် ကျန်းမာရေးဝန်ဆောင်မှုနှင့် ဆက်သွယ်ချိတ်ဆက်ပြီး ကျွမ်းကျင်တဲ့ဆရာဝန်ကြီးများနှင့်ရက်ချိန်းရယူလိုက်ပါ

💁‍♀️"မိသားစုတိုင်းရဲ့ ပိုမိုကျန်းမာသော မနက်ဖြန်တိုင်းအတွက်"
‌ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု 🩺

အခမဲ့တိုင်ပင် ဆွေးနွေးချင်တယ်ဆိုရင်တော့..
Messenger သို့ အခုပဲ မေးမြန်းစုံစမ်းနိုင် သလို အောက်ပါအတိုင်းလည်း ဆက်သွယ်နိုင်ပါတယ်...

📍ရန်ကုန်ရုံး
📞09880100730,09775250945,
09880004038,09880004039
🏨 ၁၂/B၊ ရေးဗားဗျူးဥယျာဉ်အိမ်ရာ၊ကမ်းနားလမ်း၊အလုံမြို့နယ်

📍မန္တလေးရုံး
📞09880004024,09886622883
🏨အမှတ်(၁၄၅)၊မြေညီ၊၃၃ လမ်း၊၇၄-၇၅ ကြား၊ ချမ်းအေးသာဇံမြို့နယ်၊မန္တလေးမြို့

📍မော်လမြိုင်ရုံး
📞09401788651,09401788652
🏨အမှတ်(၂၇၅)၊စစ်ကဲကုန်းရပ်ကွက်၊အောက်လမ်းမကြီး၊မော်လမြိုင်မြို့

📍တောင်ကြီးရုံး
📞09881000224
🏨မ/၂၀၀ စံပါယ်လမ်း၊ကန်အောက်ရပ်၊တောင်ကြီးမြို့

#ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှု #နိုင်ငံခြားဆေးကု #ဘန်ကောက်ဆေးရုံ #ဘန်ကောက်ဆေးကု #မျက်ကြည်လွှာအစားထိုးကုသခြင်း #အမြင်လွှာကွာကျခြင်း #အတွင်းတိမ် #မျက်စိရေတိမ် #ရေတိမ်

03/09/2026

ဒေါက်တာအိအိခင်(စံပြအထူးကုဆေးခန်း)မှ ဘန်ကောက်/အိန္ဒိယမှာသွားရောက်ဆေးကုသဖို့ စိတ်ပူပန်နေတဲ့လူနာများအတွက် ဒေါက်တာဇွန် ကျန်းမာရေးဝန်ဆောင်မှုသို့လာရောက်မေးမြန်းခဲ့ပါတယ်...
➡️စိတ်ပူပန်နေရတဲ့လူနာတွေအတွက်ဝန်ဆောင်မှုပေးနေတဲ့ one-stop service ဆိုတာဘယ်လိုမျိုးလဲ?
➡️ခန့်မှန်းကုန်ကျစရိတ်အပြင် အပိုကုန်ကျစရိတ်တွေရှိနေမလား?
➡️ဘန်ကောက်နဲ့အိန္ဒိယကဆေးရုံတွေနဲ့ဘယ်လိုချိတ်ဆက်ပေးတာလဲ? ဆိုတဲ့ ဆရာမကြီးရဲ့လူနာများအတွက် သိလိုတဲ့မေးခွန်းများကို ဒေါက်တာဇွန်မှ ပြန်လည်ဖြေကြားခဲဲ့ပါတယ်

💁‍♀️"မိသားစုတိုင်းရဲ့ ပိုမိုကျန်းမာသော မနက်ဖြန်တိုင်းအတွက်"
‌ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု 🩺

📍ရန်ကုန်ရုံး
📞09880100730,09775250945,
09880004038,09880004039
🏨 ၁၂/B၊ ရေးဗားဗျူးဥယျာဉ်အိမ်ရာ၊ကမ်းနားလမ်း၊အလုံမြို့နယ်

📍မန္တလေးရုံး
📞09880004024,09886622883
🏨အမှတ်(၁၄၅)၊မြေညီ၊၃၃ လမ်း၊၇၄-၇၅ ကြား၊ ချမ်းအေးသာဇံမြို့နယ်၊မန္တလေးမြို့

📍မော်လမြိုင်ရုံး
📞09401788651,09401788652
🏨အမှတ်(၂၇၅)၊စစ်ကဲကုန်းရပ်ကွက်၊အောက်လမ်းမကြီး၊မော်လမြိုင်မြို့

📍တောင်ကြီးရုံး
📞09881000224
🏨မ/၂၀၀ စံပါယ်လမ်း၊ကန်အောက်ရပ်၊တောင်ကြီးမြို့

#ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှု #နိုင်ငံခြားဆေးကု #ဘန်ကောက်ဆေးရုံ #ဘန်ကောက်ဆေးကု #အိန္ဒိယဆေးရုံ

💫 မိသားစုဝင်တွေရဲ့အပြုံးကို ဒုတိယအကြိမ်ရှင်းရှင်းလင်းလင်း ပြန်မြင်တွေ့လိုက်ရတဲ့အခါ..အန်တီရဲ့ အတွင်းတိမ် ခွဲစိတ်မှုနဲ့ မျ...
01/09/2026

💫 မိသားစုဝင်တွေရဲ့အပြုံးကို ဒုတိယအကြိမ်ရှင်းရှင်းလင်းလင်း ပြန်မြင်တွေ့လိုက်ရတဲ့အခါ..
အန်တီရဲ့ အတွင်းတိမ် ခွဲစိတ်မှုနဲ့ မျက်ကြည်လွှာ အစားထိုးကုသမှုကို တစ်ပြိုင်နက်ပြုလုပ်ခဲ့တဲ့ခရီးစဉ််...

😳 အသက်ရွယ် ရလာတာနဲ့ အမျှ ချစ်ရတဲ့ မိသားစုဝင်တွေရဲ့ မျက်နှာလေးတွေကို သဲသဲကွဲကွဲ မမြင်ရတော့ဘဲ ဝေဝေဝါးဝါး ဖြစ်လာတာဟာ သဘာဝရဲ့ ပြောင်းလဲမှုတစ်ခုပဲမလို့ စိတ်ဓာတ်ကျစရာ၊ ဝမ်းနည်းစရာ မဟုတ်ပါဘူးနော်

🧑‍🦰 အသက် (၅၇) နှစ် အန်တီ အနေနဲ့လည်း ပြင်းထန်တဲ့ အတွင်းတိမ် (Cataract) နဲ့ မျက်ကြည်လွှာထိခိုက်မှု ဝေဒနာတွေကြောင့် နေ့စဉ်ဘဝမှာမှုန်ဝါးပြီး မရှင်းလင်းတဲ့ အမြင်အာရုံနဲ့ အတော်လေး အခက်အခဲကြုံခဲ့ရပါတယ်…..ဒါပေမဲ့ ဒီနေ့မှာတော့အန်တီဟာ တစ်ဖန်ပြန်လည်တောက်ပလာတဲ့ မြင်ကွင်းသစ်တွေကို စိတ်ချမ်းသာစွာနဲ့ ပြန်လည်ပိုင်ဆိုင်သွားနိုင်ခဲ့ပါပြီ….

🎉🏥 ဒေါက်တာဇွန် ကျန်းမာရေး ဝန်ဆောင်မှု မှ တစ်ဆင့် ဘန်ကောက်မြို့ရဲ့ နာမည်ကျော် Rutnin Eye Hospital သို့ ခရီးစဉ်✨

👁️✨ အန်တီရဲ့ အသိမိတ်ဆွေတစ်ယောက်က ထိုင်းနိုင်ငံမှာ လူသိများပြီး မျက်စိရောဂါအထူးကု သီးသန့်ဆေးရုံကြီးဖြစ်တဲ့ Rutnin Hospital မှာသွားရောက်ပြသဖို့ အကြံပြုတာကြောင့် ဒေါက်တာဇွန်‌ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့နဲ့ ချိတ်ဆက်တိုင်ပင်ခဲ့ပါတယ်… နိုင်ငံရပ်ခြားမှာ ဆေးကုသမှုခံယူဖို့ ဆေးရုံချိန်းတာ၊ ဗီဇာ၊ လေယာဉ်လက်မှတ် ကိစ္စတွေကအစ အစစအရာရာ စိတ်ပူပန်မှုမရှိအောင် အန်တီတို့ မိသားစုအတွက် ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့က မိသားစုဝင်တစ်ယောက်လို လိုလေသေးမရှိ အစအဆုံး အဆင်ပြေအောင် အနီးကပ် စီစဉ်ပေးခဲ့ပါတယ်….

👩‍⚕️ ဘယ်ဘက်မျက်လုံးအတွက် အတွင်းတိမ် ခွဲစိတ်ခြင်း (Cataract Surgery) နှင့်အဆင့်မြင့်မျက်ကြည်လွှာအစားထိုးခြင်း (Corneal Transplant) တို့ကို ဩဂုတ်လအတွင်း Rutnin မျက်စိဆေးရုံကြီးမှာပြုလုပ်ခဲ့ပြီး တစ်ပတ်အကြာမှာ ညာဘက်မျက်လုံးအတွက် အတွင်းတိမ်ခွဲစိတ်ခြင်းနှင့် အဆင့်မြင့် မျက်ကြည်လွှာအစားထိုးခြင်းကို ကိုထပ်မံပြုလုပ်ခဲ့ပါတယ်
⏱️တိုတောင်းပြီး ထိရောက်တဲ့ ခွဲစိတ်မှုအပြီးမှာ ဆေးရုံမှာ (၁) ညစီသာ အိပ်စက်နားနေခဲ့ရပါပြီး နောက်နေ့ဆေးရုံဆင်းခဲ့ပါတယ်

အခုဆိုရင် အန်တီရဲ့ ဘယ်ဘက်မျက်လုံးဟာ မှုံဝေဝါးခြင်းမရှိတော့ဘဲ ပြတ်သားကြည်လင်တဲ့ မြင်ကွင်းတွေနဲ့အတူ ရန်ကုန်မြို့ကို ပျော်ရွှင်စွာ ပြန်လည်ရောက်ရှိလို့နေပါပြီ မိသားစုဝင်တွေရဲ့မျက်နှာတွေကိုလဲ ယခင်အတိုင်းပြန်လည်မြင်နိုင်ခဲ့ပါပြီ

👁️✨ ချစ်ရသူတွေရဲ့ ပြုံးရွှင်နေတဲ့ မျက်နှာလေးတွေကို အရင်လိုပဲ ပီပီပြင်ပြင် ပြန်မြင်တွေ့နိုင်ဖို့နဲ့ ဘဝရဲ့ လှပတဲ့ အခိုက်အတန့်တွေကို ထပ်တူ ခံစားနိုင်ဖို့အတွက် အခမဲ့ တိုင်ပင် ဆွေးနွေးရန် Messenger သို့ အခုပဲ မေးမြန်းစုံစမ်းနိုင်သလို အောက်ပါအတိုင်းလည်း ဆက်သွယ်နိုင်ပါတယ်...

📍ရန်ကုန်ရုံး
📞09880100730,09775250945,
09880004038,09880004039
🏨 ၁၂/B၊ ရေးဗားဗျူးဥယျာဉ်အိမ်ရာ၊ကမ်းနားလမ်း၊အလုံမြို့နယ်

📍မန္တလေးရုံး
📞09880004024,09886622883
🏨အမှတ်(၁၄၅)၊မြေညီ၊၃၃ လမ်း၊၇၄-၇၅ ကြား၊ ချမ်းအေးသာဇံမြို့နယ်၊မန္တလေးမြို့

📍မော်လမြိုင်ရုံး
📞09401788651,09401788652
🏨အမှတ်(၂၇၅)၊စစ်ကဲကုန်းရပ်ကွက်၊အောက်လမ်းမကြီး၊မော်လမြိုင်မြို့

📍တောင်ကြီးရုံး
📞09881000224
🏨မ/၂၀၀
စံပါယ်လမ်း၊ကန်အောက်ရပ်၊တောင်ကြီးမြို့

💁‍♀️ "မိသားစုတိုင်းရဲ့ ပိုမိုကျန်းမာသော မနက်ဖြန်တိုင်းအတွက်"
ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု 🩺

#ဘန်ကောက်ဆေးကု #အိန္ဒိယဆေးကု #ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှု #နိုင်ငံခြားဆေးကု #ဘန်ကောက်ဆေးရုံ #အိန္ဒိယဆေးရုံ #အတွင်းတိမ် #မျက်ကြည်လွှာအစားထိုး

30/08/2026

👨‍⚕️အိန္ဒိယနိုင်ငံ၏ အဆင့်မြင့်ဆုံး ကင်ဆာအထူးပြုကုသသည့်ဆေးရုံကြီးဖြစ်သည့် HCG Cancer Hospital (Kolkata) မှ သွေးကင်ဆာ၊ ရိုးတွင်းခြင်ဆီရောဂါ နှင့် သွေးရောဂါအမျိုးမျိုးကို နောက်ဆုံးပေါ် ခေတ်မီဆေးဝါးကုထုံးများဖြင့် အထူးပြုကုသပေးနေသည့် သွေးရောဂါဗေဒပါရဂူကြီး
Dr. Arijit Bishnu ရန်ကုန်သို့ လူကိုယ်တိုင် လာရောက်ပြီး "ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယကျန်းမာရေးဝန်ဆောင်မှု" နှင့် ပူးပေါင်းကာ အခမဲ့ ကျန်းမာရေးဆွေးနွေးပွဲကြီးကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်...

💡 ဘယ်သူတွေ တက်ရောက်သင့်လဲ...

✅ လက်ရှိ သွေးကင်ဆာရောဂါ ကုသမှုအတွက် နိုင်ငံရပ်ခြားမှာ ကုသမှုခံယူဖို့ အကြံဉာဏ်ရယူလိုသူများ

✅ သွေးရောဂါအမျိုးမျိုးအား ခေတ်မီကုထုံးများနှင့် ကုသခြင်းကို ဆွေးနွေးလိုသူများ

✅ ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်းကို ဆွေးနွေးလိုသူများ

✅ ရိုးတွင်းခြင်ဆီအလှူရှင်ရှာရန် အခက်တွေ့နေသူများ

👉 ကြိုတင်စာရင်းပေးသွင်းရန်
☎️ 𝟎𝟗 𝟖𝟖𝟎𝟎𝟎𝟒𝟎𝟑𝟖
☎️𝟎𝟗 𝟕𝟕𝟓𝟐𝟓𝟎𝟗𝟒𝟓

ကျင်းပမည့် အချိန်နှင့်နေရာ
📅 𝐃𝐚𝐭𝐞:𝟏𝟐𝐧𝐝 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟔
📍 𝐏𝐥𝐚𝐜𝐞: 𝐏𝐚𝐧𝐏𝐚𝐜𝐢𝐟𝐢𝐜 𝐇𝐨𝐭𝐞𝐥
⏰ 𝐓𝐢𝐦𝐞: 𝟏𝟏:𝟎𝟎𝐀𝐌 𝐭𝐨 𝟐:𝟎𝟎𝐏𝐌

🚨ဆရာဝန်ကြီးများနှင့်ဆွေးနွေးလိုသူများအနေနဲ့ကလည်း မိမိတို့ရဲ့ဆေးမှတ်တမ်းများနှင့်တကွ ကြိုတင်စာရင်းပေးသွင်းထားဖို့ ဖိတ်ခေါ်အပ်ပါတယ်…

💁‍♀️ "မိသားစုတိုင်းရဲ့ ပိုမိုကျန်းမာသော မနက်ဖြန်တိုင်းအတွက်"
ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု 🩺

#ဘန်ကောက်ဆေးကု #အိန္ဒိယဆေးကု #ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှု #နိုင်ငံခြားဆေးကု #အိန္ဒိယဆေးရုံ #အခမဲ့ကျန်းမာရေးဆွေးနွေးပွဲ #အခမဲ့ #သွေးကင်ဆာရောဂါ #ကင်ဆာရောဂါများ
#စက်ရုပ်သုံးခွဲစိတ်မှု #ရိုးတွင်းခြင်ဆီအစားထိုးကုသမှု #အူမကြီးကင်ဆာ #ကျောက်ကပ်ကင်ဆာ #ကျောရိုးစစ်အကျိတ် #ဆီးအိမ်အကျိတ်

07/08/2026

"မြန်မာလူနာများစွာကို တာဝန်ယူကုသပေးလျက်ရှိတဲ့ အိန္ဒိယနိုင်ငံ Max ဆေးရုံကြီးက ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ ဆေးကုသမှု၊ စက်ရုပ်သုံး ခွဲစိတ်ကုသမှု နှင့် ကျောက်ကပ် အစားထိုး ကုသမှုဆိုင်ရာ ဝါရင့်အထူးကု ဆရာဝန်ကြီး👨‍⚕️ Dr Paresh Jain "

🩸 အခမဲ့ဆွေးနွေးတိုင်ပင်နိုင်သော ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ခေါင်းစဉ်များ -
🔹 စက်ရုပ်သုံး ခွဲစိတ်မှုနည်းပညာကိုအသုံးပြု၍ ဆီးကျိတ်နှင့် ကျောက်ကပ်အကျိတ်ခွဲစိတ်မှုကို စိတ်ဝင်စားသူများ
🔹မှန်ပြောင်းဖြင့်ကျောက်ကပ်ခွဲစိတ်ခြင်း
🔹 နာတာရှည် ကျောက်ကပ်ရောဂါ
🔹 ကျောက်ကပ်အစားထိုးခွဲစိတ်ခြင်း
🔹 ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ကုထုံးနှင့် ကင်ဆာဆေးသွင်းကုသခြင်း
🔹 ကျောက်ကပ် သို့မဟုတ် ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်း
🔹 ဆီးကျိတ်ကြီးခြင်း

ကျင်းပမည့် အချိန်နှင့်နေရာ
📅 𝐃𝐚𝐭𝐞:𝟐𝟐𝐧𝐝 𝐀𝐮𝐠𝐮𝐬𝐭 𝟐𝟎𝟐𝟔
📍 𝐏𝐥𝐚𝐜𝐞: 𝐏𝐚𝐧𝐏𝐚𝐜𝐢𝐟𝐢𝐜 𝐇𝐨𝐭𝐞𝐥
⏰ 𝐓𝐢𝐦𝐞: 𝟏𝟏:𝟎𝟎𝐀𝐌 𝐭𝐨 𝟐:𝟎𝟎𝐏𝐌

👉 ကြိုတင်စာရင်းပေးသွင်းရန်
☎️ 𝟎𝟗 𝟖𝟖𝟎𝟎𝟎𝟒𝟎𝟑𝟖
☎️𝟎𝟗 𝟕𝟕𝟓𝟐𝟓𝟎𝟗𝟒𝟓

🚨ဆရာဝန်ကြီးနှင့်ဆွေးနွေးလိုသူများအနေနဲ့ကလည်း မိမိတို့ရဲ့ဆေးမှတ်တမ်းများနှင့်တကွ ကြိုတင်စာရင်းပေးသွင်းထားဖို့ ဖိတ်ခေါ်အပ်ပါတယ်...

💁‍♀️ "မိသားစုတိုင်းရဲ့ ပိုမိုကျန်းမာသော မနက်ဖြန်တိုင်းအတွက်"
ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု 🩺

#ဘန်ကောက်ဆေးကု #အိန္ဒိယဆေးကု #ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှု #နိုင်ငံခြားဆေးကု #အိန္ဒိယဆေးရုံ #ဦးနှောက်နှင့်အာရုံကြောခွဲစိတ် #ကျောရိုးဆစ်ခွဲစိတ် #ကျောက်ကပ်အစားအထိုးခွဲစိတ် #ဆီးကျိတ် #ဉီးနှောက်ရေဝိုင်း #ကျောက်ကပ်ကင်ဆာ

Address

No. B12, ရေးဗားဗျူး ဉယျာဉ်အိမ်ရာ (River View Garden Housing), ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်။
Yangon
11121

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959773776296

Website

Alerts

Be the first to know and let us send you an email when ဒေါက်တာဇွန် အိန္ဒိယ၊ ဘန်ကောက် ကျန်းမာရေး ဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share