Excellence Physiocare

Excellence Physiocare Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Excellence Physiocare, Medical and health, No335 , Room 3 , Yan Aye Lane 1 , West Yankin , Yankin Township, Yangon.

05/01/2026

"ခါးခွဲစိတ်ဖို့ ဒါမှမဟုတ် Steroids ထိုးဖို့အထိ အကြံပြုခံရပေမယ့် Online Physiotherapy နဲ့ ပြန်လည်ကျန်းမာလာခဲ့တဲ့ အသက် (၆၆) နှစ်အရွယ် Aunty တစ်ဦးရဲ့ Case Study"
Aunty က တင်ပါးခွက်နဲ့ ပေါင်ဘေးတစ်လျှောက် ပြင်းထန်စွာ နာကျင်ကိုက်ခဲမှုကြောင့် ကျွန်တော့်ဆီကို Online Consult လာလုပ်ခဲ့ပါတယ်။ သူ့ရဲ့ အခြေအနေက‌-
* ထိုင်လို့ မရခြင်း။
* လမ်းလျှောက်လို့မရခြင်း။
* X-ray အဖြေအရ Kyphoscoliosis (ကျောရိုးစောင်းခြင်း)၊ L4-L5 Disc ကျဉ်းခြင်း၊ အရိုးပွခြင်းနဲ့ ကျီးပေါင်းရောဂါများ ရှိနေခြင်း။
အရင်က Exercises အချို့ ကိုယ်တိုင်လုပ်ကြည့်ခဲ့ပေမယ့် သက်သာမလာဘဲ ပိုဆိုးလာတာကြောင့် ဆရာဝန်က ခွဲစိတ်ဖို့အထိ အကြံပြုထားတဲ့ အခြေအနေပါ။
ဒါပေမယ့် Auntyက ခွဲစိတ်မှုကို ငြင်းပယ်ပြီး Physiotherapy နဲ့ စနစ်တကျ ကုသဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
🩺 ကျွန်တော် ဘယ်လို ကုသပေးခဲ့သလဲ?
သူ၏ အခြေအနေဟာ Acute & Sensitive Nerves Radiculopathy ဖြစ်တဲ့အတွက် ယေဘုယျ လေ့ကျင့်ခန်းတွေ ချက်ချင်းပေးလို့ မရပါဘူး။ ဒါကြောင့် အဆင့်လိုက် စနစ်တကျ ပြုလုပ်ပေးခဲ့ပါတယ် -
* Video Call ဖြင့် တိုက်ရိုက်ကြည့်ရှုခြင်း
Aunty အနေအထားကို ကြည့်ပြီး Motor Control Exercises နဲ့ Integrated Spinal Stabilization System (ISSS) based exercises များကို သေချာ သင်ကြားပေးခဲ့ပါတယ်။

* DNS based Core stability Exercises များ :
ခါးရိုးတစ်လျှောက် တည်ငြိမ်မှုရှိစေဖို့ Core stability exercises တွေကို အရင်ဆုံး စတင်ခဲ့ပါတယ်။
* Specific Correction:
အာရုံကြောညှပ်နေတဲ့ နေရာအတွက် သူ့ရဲ့ Posture (နေထိုင်မှုပုံစံ) နဲ့ ကြွက်သားအခြေအနေပေါ် မူတည်ပြီး Posture Correction Exercises တွေကို ရွေးချယ်ပေးခဲ့ပါတယ်။
✨ လက်ရှိရလဒ်
အခုဆိုရင် Aunty ဟာ ခွဲစိတ်စရာမလိုဘဲ ပြန်လည်လမ်းလျှောက်နိုင်နေပြီ ဖြစ်ပါတယ်။
ဆိုတာ လေ့ကျင့်ခန်း လုပ်ရုံသက်သက်မဟုတ်ဘဲ စစ်မှန်တဲ့ ပညာရှင်တွေရဲ့ စနစ်ကျတဲ့ ညွှန်ကြားချက်အတိုင်း ကုသမှုခံယူမှသာ ခံစားနေရတဲ့ ဝေဒနာတွေကို သက်သာ၊ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။"
>
လူကြီးမင်းတို့အနေနဲ့လည်း ခါးနာ၊ အာရုံကြောညှပ် ဝေဒနာတွေ ခံစားနေရလို့ ခွဲစိတ်ဖို့ စိုးရိမ်နေတယ်ဆိုရင် Online ကနေတဆင့် ကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေး ကုသနိုင်ပါပြီ။

I Can Make You Smile!
Be Happy and Healthy!


AUNG MYO HTUN,PT
Master of Science in Physical Therapy, Khon Kaen University
Bachelor of Medical Technology in Physiotherapy, University of Medical Technology Mandalay

" ကုသမှုတိုင်းအတွက် ခိုင်မာသော "သုတေသနအထောက်အထား" များဖြင့် လူနာများအပေါ် စေတနာထား၍ ကုသပေးနိုင်စေရန် " ✨🔬ကျွမ်းကျင်မှုဆိ...
30/12/2025

" ကုသမှုတိုင်းအတွက် ခိုင်မာသော "သုတေသနအထောက်အထား" များဖြင့် လူနာများအပေါ် စေတနာထား၍ ကုသပေးနိုင်စေရန် " ✨🔬

ကျွမ်းကျင်မှုဆိုတာ အစဉ်တစိုက် လေ့လာသင်ယူနေခြင်းက လာတာပါ။ Excellence Physiocare ၏ Founder & Chief Physiotherapist ဆရာအောင်မျိုးထွန်း သည် လူနာများအတွက် အထိရောက်ဆုံးနှင့် ဘေးအကင်းဆုံးသော ကုသမှုများ ပေးစွမ်းနိုင်ရန် "သုတေသန" (Research) ပိုင်းတွင်လည်း နိုင်ငံတကာအဆင့်မီ စိုက်ထူးခဲ့သည့် မှတ်တိုင်များစွာ ရှိနေပါသည်။
ဆရာ့၏ Research Journey မှ ဂုဏ်ယူဖွယ်ရာ မှတ်တိုင်အချို့ကို ဝေမျှပေးချင်ပါတယ် -
🎓 နိုင်ငံတကာအဆင့်မီ သုတေသနစာတမ်းများ (Published Papers):

Research Article as First Author

"Prediction of Lung Vital Capacity Value from Thoracoabdominal Expansion in Young Adults. doi.org/10.56808/2586-940X.1168 (Scopus Q2 (P53%), SJR Q3)"

Research Articles as Co Author

Variation of sputum expectoration within day in bronchiectasis: Preliminary observational descriptive study. doi.org/10.12982/JAMS.2025.064 (Scopus Q4 (P17%), SNIP 0.171)

Proceeding Papers as Co Author

Exercise intensity response and safety concerns of spot marching exercise in hypertensive older adults: a case report. Paper presented at International Physical Therapy Research Symposium: IPTRS

Is the Unsupported Arm Elevation Exercise Safe in Older Individuals Who Have Hypertension? A Case Report In the 3rd Annual Health Research International Conference 2024

I Can Make You Smile!
Be Healthy and Happy
AUNG MYO HTUN , PT
Master of Science in Physical Therapy, Khon Kaen University.
Bachelor of Medical Technology in Physiotherapy, University of Medical Technology, Mandalay

27/09/2025

Core stability ကို လွယ်ကူလျင်မြန်စွာ စစ်ဆေးကြည့်လိုက်ရအောင် 💡" အပိုင်း၂ "
Core Stability ဟာ လည်ပင်ရိုး၊ကျောရိုး ၊ခါးရိုး(Spines) နဲ့ အကြောအဆစ် တွေအတွက် အရေးကြီးသော လုပ်ငန်းဖြစ်ပါတယ်။
ကျောနာ၊ ခါးနာ၊ အကြောအဆစ် ဝေဒနာတွေ ခံစားနေရတယ်ဆိုရင်...
❌ ဘယ်လောက်ပဲ လေ့ကျင့်ခန်းလုပ်လုပ်၊
❌ ဘယ်လိုကုသမှုတွေပဲ ခံယူနေပါစေ၊
ဒီဗီဒီယိုထဲကလို ပြဿနာ တွေ့နေသေးရင် ဝေဒနာတွေဟာ ပြန်ဖြစ်လာလိုက်၊ သက်သာသွားလိုက် နဲ့ သံသရာရှည်နေပါလိမ့်မယ် 😩
👉 ဒီဗီဒီယို (အပိုင်း ၂) ကိုကြည့်ပြီး သင့်ရဲ့ Functional Stabilization Test ကို အခုပဲ စစ်ဆေးကြည့်ပါ!
✅ ဒီအခြေခံ Core Stability ကို သေချာပြုပြင်ကုသပြီးမှသာ တခြားသော ကုသမှုတွေဟာ အမှန်တကယ် ထိရောက် မှာ ဖြစ်ပါတယ်။
သင့် Spine ရဲ့ အခြေခံ ရေသောက်မြစ်ကို အရင်စစ်ဆေးကြည့်ပါ။
မပျောက်နိုင်ဘူးထင်ရတဲ့ ဝေဒနာတွေရဲ့ နောက်ကွယ်က အကြောင်းအရင်းကို ရှာဖွေလိုက်ကြရအောင် !
➡️ ဗီဒီယိုကို အခုပဲကြည့်ပြီး သင့်ရဲ့ အသက်ရှုပုံစံကို စစ်ဆေးလိုက်ပါ။
#ခါးနာ #ကျောရိုးကျန်းမာရေး #အကြောအဆစ်

I Can Make You Smile! 😊
Be Happy and Healthy!
Aung Myo Htun ( B.Med. Tech - Physiotherapy, M.Sc student)

25/09/2025

* Spine နှင့် အကြောအဆစ်ဆိုင်ရာ ဝေဒနာတွေအတွက် အရေးကြီးတဲ့ Core Stability ကို ဘယ်လိုစစ်မလဲ* "အပိုင်း ၁"

အရိုး၊ အကြော၊ အဆစ် ဝေဒနာ ခံစားနေရတဲ့သူတွေအတွက် core stability ဆိုတာဟာ အရေးကြီးဆုံး အခြေခံအုတ်မြစ်တစ်ခုပါပဲ။
ဖြစ်နေရင် (ကိုယ့်ရဲ့ core က တည်ငြိမ်မှု မရှိရင်)လှုပ်ရှားမှုတိုင်းဟာ မမှန်ကန်ဘဲ နာကျင်မှုတွေ ပိုဖြစ်စေနိုင်ပါတယ်။ ဒါဆိုရင် ကိုယ့်ရဲ့ core က တည်ငြိမ်မှု ရှိ၊ မရှိကို ဘယ်လို စစ်ဆေးနိုင်မလဲ။
အခြေခံအကျဆုံး နည်းလမ်းတစ်ခုကတော့ မှန်ကန်တဲ့ အသက်ရှုပုံစံ (breathing pattern) ကို စစ်ဆေးကြည့်တာပါပဲ။
#ဘာလို့အသက်ရှုတာကအရေးကြီးတာလဲ
မှန်ကန်တဲ့ အသက်ရှုပုံစံဟာ ကျွန်တော်တို့ရဲ့ ခန္ဓကိုယ်အတွက် ပြည့်စုံလုံလောက်တဲ့ ခါးပတ် တစ်ခုလိုမျိုး လုပ်ဆောင်ပေးပါတယ်။ ဒါဟာ ခါးရိုး၊ ကျောရိုးနဲ့ လည်ပင်းရိုးတစ်လျှောက်ကို တည်ငြိမ်အောင် ထိန်းထားပေးပါတယ်။
Stability): မှန်ကန်တဲ့ အသက်ရှုတာက ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းမှာ ဖိအားတစ်ခု ဖြစ်ပေါ်စေပြီး ( Intra abdominal pressure ) ကျောရိုးနဲ့ ခန္ဓာကိုယ် အလယ်ပိုင်းကို တည်ငြိမ်အောင် လုပ်ပေးပါတယ်။
): မှန်မှန်ကန်ကန် အသက်ရှုတဲ့အခါ ** diaphragm** (ရင်ဝမ်းခြားကြွက်သား)၊ pelvic floor (တင်ပါးဆုံအောက်ပိုင်း ကြွက်သား) နဲ့ abdominal muscles (ဝမ်းဗိုက်ကြွက်သား) တွေဟာ တစ်ပြိုင်တည်း တွဲဖက် လုပ်ဆောင်ကြပါတယ်။ ဒီလို တွဲဖက်လုပ်ဆောင်မှုက ပိုပြီး တည်ငြိမ်တဲ့ core တစ်ခုကို ဖြစ်လာစေပါတယ်။
): အသက်ရှုခြင်းကနေရရှိတဲ့ ဒီတည်ငြိမ်မှုဟာ လှုပ်ရှားမှုအားလုံးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒီအခြေခံကနေမှ ပိုပြီး ရှုပ်ထွေးတဲ့၊ ပိုပြီး ထိရောက်တဲ့ လှုပ်ရှားမှုပုံစံတွေကို တည်ဆောက်နိုင်ပါတယ်။

မှန်ကန်တဲ့ အသက်ရှုပုံစံရဲ့ အကျိုးကျေးဇူးတွေကတော့:
* ကိုယ်ဟန်အနေအထား ကောင်းမွန်လာခြင်း (Improved Posture): အသက်ရှုခြင်းအားဖြင့် core ကို တည်ငြိမ်အောင် လုပ်ပေးတာက မှားယွင်းနေတဲ့ ကိုယ်ဟန်အနေအထားကို ပြုပြင်ပေးပြီး ကြွက်သာနှင့် လည်ပင်းရိုး၊ကျောရိုး၊ခါးရိုးတွေ နှင့်
အာရုံ‌‌ေကြာများ အပေါ် ဖိအားကို လျှော့ချပေးပါတယ်။

* နာကျင်မှု လျော့ပါးလာခြင်း (Reduced Pain): သဘာဝကျတဲ့ လှုပ်ရှားမှုနဲ့ တည်ငြိမ်မှုကို ပြန်လည်ရရှိလာတဲ့အခါ နာတာရှည် တောင့်တင်းမှု၊ နာကျင်မှုတွေကို သက်သာစေပါတယ်။

* တည်ငြိမ်မှု ပိုကောင်းလာခြင်း (Enhanced Stability): Diaphragmatic breathing (ဝမ်းဗိုက်နဲ့ ရင်ဝမ်းခြား ကြွက်သားကို အသုံးပြုပြီး အသက်ရှုခြင်း) ဟာ အကောင်းဆုံး core stability နဲ့ အဆစ်တွေရဲ့ centration (ဗဟိုချက် တည့်မတ်ခြင်း) ကို ရရှိဖို့ မရှိမဖြစ် လိုအပ်ပါတယ်။

* နေ့စဉ် လှုပ်ရှားမှု ပိုမိုကောင်းမွန်လာခြင်း (Better Overall Movement): တည်ငြိမ်ပြီး ပေါင်းစပ် ညှိနှိုင်းမှု ကောင်းတဲ့ core တစ်ခုက နေ့စဉ် လှုပ်ရှားမှုတွေကို ပိုပြီး ထိရောက်၊ ဟန်ချက်ညီပြီး လွယ်ကူစေပါတယ်။

ဒါကြောင့် ဝေဒနာတွေ ခံစားနေရတယ်ဆိုရင် မိမိ၏ အသက်ရှုပုံစံကို video အတိုင်း စစ်ကြည့်သင့်ပါတယ်။ နောက်ထပ် စစ်ကြည့်ရမည့် video များကိုလည်း ထပ်မံ တင်ပြပေးပါ့မယ်ဗျ။
မည့်သည့် Exercises, မည့်သည့် ကုသမှုများပြုလုပ်နေသော်လည်း အခု video အတိုင်းတွေ့ရှိနေသေးပါက ‌ပျောက်ကင်းမည်မဟုတ်ပါ (ပြန်ဖြစ်လာလိုက်သက်သာလာလိုက် သံသရာ ရှည်နေပါလိမ့်မယ်)
သေချာပြုပြင် ကုသပြီးမှသာ တခြားသော ကုသမှုများ ထိရောက်မှာဖြစ်ပါကြောင်း သတင်းပေးပါရစေ။
I Can Make You Smile!
Be Happy and Healthy
Aung Myo Htun ( B.Med. Tech - Physiotherapy, M.Sc student in Cardiopulmonary Physiotherapy)

 #ခါးဆစ်ရိုးထဲက Disc ပြားကျွံတာကို ခွဲစိတ်စရာမလိုဘဲ ပျောက်ကင်းအောင် ကုသနိုင်မလား ?"ခါးဆစ်ရိုး Disc ပြားကျွံတာက ခွဲစိတ်စရ...
21/09/2025

#ခါးဆစ်ရိုးထဲက Disc ပြားကျွံတာကို ခွဲစိတ်စရာမလိုဘဲ ပျောက်ကင်းအောင် ကုသနိုင်မလား ?

"ခါးဆစ်ရိုး Disc ပြားကျွံတာက ခွဲစိတ်စရာမလိုအပ်ဘဲ လုံးဝကို ပျောက်ကင်းနိုင်တယ်" ဆိုတာကို လူအများစုက သံသရ ရှိနေကြစဲပါ ။ ဒါပေမဲ့ မကြာသေးမီက ဆေးပညာဆိုင်ရာ သုတေသနတွေကတော့ ခွဲစိတ်ကုသစရာမလိုဘဲ သက်သာပျောက်ကင်းသွားသည့်အကြောင်းသက်‌သေ ပြသနေပါတယ်။

အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးဟာ ခါးနာတာနဲ့ ခြေထောက်နှစ်ဖက်စလုံး ပြင်းပြင်းထန်ထန်နာကျင်မှုဝေဒနာများ ခံစားနေရပြီး (Visual Analog Scale (VAS- 8) ခွဲစိတ်ကုသမှု ဌာနသို့ လာပြပါသည်။
သူမ ရောက်လာချိန်မှာတော့ ခါးနာကျင်မှုအတွက် ခန္ဓာကိုယ် စစ်ဆေးကြည့်တဲ့အခါ ခါးကို ကွေးတာ၊ ဆန့်တာနဲ့ ဘေးဘက်စောင်းတာမျိုး လုပ်တဲ့အခါတိုင်း တင်ပါးနဲ့ ခြေသလုံးနှစ်ဖက်စလုံးအပြင် ခြေကျင်းဝတ်အထိပါ နာကျင်မှုတွေ ပိုဆိုးလာတာကို တွေ့ရပါတယ်။အဲဒီအချိန်က MRI ရိုက်ကြည့်တဲ့အခါ L5/S1 မှာ အ Disc ပြား အရမ်းကို ကျွံနေတယ်ဆိုတာ တွေ့ရပါတယ်။ (ပုံ Before treatments ကိုကြည့်ပါ)။ ခွဲစိတ်ကုသဖို့ အကြံပြုခဲ့ပေမဲ့ လူနာက ငြင်းဆန်ခဲ့ပါတယ်။

သူမဟာ ခွဲစိတ်မှုအစား ခါးကို ထိန်းထားပေးသော ကြွက်သားများကို သန်မာအောင်လေ့ကျင့်ခန်းများ ( Core stability, posture correction exercises)၊ Heat Therapy များ၊ နာကျင်မှုသက်သာစေဖို့ NSAIDS ဆေးများကိုသာ ကုသမှုခံယူခဲ့ပါသည်။

အဲဒီနောက် လူနာရဲ့ ခါးနာကျင်မှုက တဖြည်းဖြည်း သက်သာလာပြီး ခြေထောက်ကို ပြန့်နှံ့တဲ့ နာကျင်မှုကလည်း လုံးဝပျောက်သွားပါတယ်။ သူမဟာ ခါး ဒါမှမဟုတ် ခြေထောက်နာတာမျိုး ပြန်မဖြစ်တော့ဘဲ ခါးနာကျင်မှုအတွက် VAS မှာ ၁ မှတ်အထိ လျော့ကျသွားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ခါးကို ကွေးတာ၊ ဆန့်တာနဲ့ ဘေးဘက်စောင်းတာမျိုး လုပ်တဲ့အခါ တင်ပါး ဒါမှမဟုတ် ခြေထောက်တွေ နာကျင်တာမျိုး မဖြစ်တော့ပါဘူး။ နောက်ဆက်တွဲ MRI ရိုက်ကြည့်တဲ့အခါမှာလည်း L5/S1 က ထွက်နေတဲ့ Disc ပြားဟာ အလိုအလျောက် အာရုံကြောဖိမိသည့်နေရာကနေ ဖယ်ရှားသွားကိုလည်း တွေ့ရပါတယ် ( ပုံ After treatments ကိုကြည့်ပါ)
မှန်ကန်သော treatments များဖြင့် ကုသပါက ခွဲစိတ်မှုမပါဘဲ ပျောက်ကင်းနိုင်ကြောင်း သတင်းပါးပါရစေ
I can Make You Smile!
Be Happy and Healthy
Aung Myo Htun ( B.Med. Tech -Physiotherapy , M.Sc student in Cardiopulmonary Physiotherapy

24/02/2023

Excellence Physiocare Announcement For Fees
Physical Assessment about Posture, Problems and Consultantaion plus tele-consultation Fees will charges
15000kyats.
Treatments fees will be 35000kyats per one sessions.
Home Visit will be transportation charges plus mention above.
Complain one more area will be 50000 kyats.

Now , Our clinic is set to treat with Advance Techniques.
10/02/2023

Now , Our clinic is set to treat with Advance Techniques.

29/11/2022

November လမှ စတင်ပြီး Excellence Physiocare မှ Treatments fees များကို update ပြုလုပ်ပြီး Traeatments များ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခင်က sessions ပိုင်းများအလိုက် ကောက်ခံသည့်အစား အခုလမှ စတင်ပြီး cases အလိုက်၊ more than one area complain ၊ Body weights ၊ ကုသမှုပေးသည့် အချိန်တွေပေါ် မူတည်ပြီး treatments feesများကို Basic 30000 kyats/( one area complain, 1 hour, normal body weight) မှ 45000( 2 area complain, 1 and 30 minutes, normal body weight) to 50000kyat ( more than 2 area complain, 1 and 30 minutes, heavy body) ထိ ကျသင့်နိုင်ပါသည်။ ကုသမှု မစင်တင်မှီ အသေးစိတ် ဆွေးနွေးလို့ရပါသည်ဗျ။
Home Visit feesများကို အထက်ပါ fees အပြင်
Transportation charges plus time consumption feesပါ ထပ်သွင်းထားပါကြောင်း အသိပေးအပ်ပါသည် ခင်များ။

Thank for your recommendation to our services. Be Healthy and Happy.
23/09/2022

Thank for your recommendation to our services.
Be Healthy and Happy.

Address

No335 , Room 3 , Yan Aye Lane 1 , West Yankin , Yankin Township
Yangon

Telephone

+959977799419

Website

Alerts

Be the first to know and let us send you an email when Excellence Physiocare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Excellence Physiocare:

Share