7Star Fashion Online Shop

7Star Fashion Online Shop လွပ်လပ် ပေါ့ပါး လှပ ခန့်ညားစေမို့ 7StarFashionမှာ ရွေးကြစို့

' တစ်ကိုယ်တည်း ဘဝကိုကြိုးစားရုန်းကန်နေရသူများ အတွက် အားပေးစကား (  ၅  ) ခွန်းလူတိုင်းဟာ ကျောထောက်နောက်ခံကောင်း ရှိချင်မှရ...
13/12/2023

' တစ်ကိုယ်တည်း ဘဝကိုကြိုးစားရုန်းကန်နေရသူများ အတွက် အားပေးစကား ( ၅ ) ခွန်း

လူတိုင်းဟာ ကျောထောက်နောက်ခံကောင်း ရှိချင်မှရှိမယ်၊ တိုင်ပင်စရာလူ အားကိုးစရာလူ ရှိချင်မှရှိလိမ့်မယ်။ ဒီစာလေးဟာ ဘဝကို တစ်ကိုယ်တည်းရုန်းကန်နေရတဲ့သူတွေ အားလုံးအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။

(၁) စိတ်မလျှော့လိုက်ပါနဲ့

တစ်ခါတလေ ဘဝမှာ အရှုံးတွေချည်းပဲ ဆက်တိုက်ကြုံရတဲ့အချိန်တွေရှိတတ်ပါတယ်။ ဒါပေမယ့် အဲလိုအချိန်တွေမှာ လုံးဝစိတ်မလျှော့လိုက်ပါနဲ့။ ဒုက္ခတွေဆိုတာ ခဏလေးဆိုမှ ခဏလေးပါပဲ။ ဒီတစ်ခါကျော်လွှားနိုင်လိုက်တာနဲ့ အောင်မြင်မှုတွေလာတော့မှာဖြစ်တာကြောင့် စိတ်လျှော့ဖို့ လုံးဝမစဉ်းစားလိုက်ပါနဲ့။ အောင်မြင်မှုဆိုတာ ဆုံးရှုံးမှုနဲ့ လက်တစ်ကမ်းမှာပဲ ရှိတာကြောင့် လက်တစ်ကမ်းအလိုမှာ ခဲလေသမျှ သဲရေကျဖြစ်သွားမှာစိုးလို့ပါ။

(၂) လဲရင်ပြန်ထပါ

ဘဝဆိုတာ အကြိမ်ကြိမ်လဲပြီး အကြိမ်ကြိမ်ပြန်ထမှ ပိုပြီး အဓိပ်ပါယျရှိသှားတာပါ။ မလဲဖူးတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ အခုမြင်တွေ့နေရတဲ့ အောင်မြင်နေတဲ့၊ ထိပ်ကိုရောက်နေတဲ့သူတွေအားလုံးဟာ လောကဓံရဲ့ အရိုက်အပုတ်၊ အထုအထောင်းတွေကို လှိမ့်နေအောင်ခံရပြီးမှ အဲလိုနေရာကို ရောက်သွားကြတာပါ။ လဲကျတိုင်းသာသူတို့ ပြန်မထခဲ့ဘူးဆိုရင် အဲလိုနေရာရောက်မှာ မဟုတ်ဘူးဆိုတာ သင်သိမှာပါ။

(၃) အရှုံးထဲကအမြတ်ယူပါ

ဘဝမှာ ခက်ခဲကြမ်းတမ်းပြီး ခါးသီးမှုတွေအများကြီးကို ရင်ဆိုင်ကြုံတွေ့ရမှာပါ။ ဒါပေမယ့် အဲလို အချိန်မျိုးမှာ သင်သိထားရမှာက အဆိုးတိုင်းမှာ အကောင်းတစ်ခုခု အမြဲဒွန်တွဲလျက်ရှိတယ်။ အနည်းဆုံးတော့ သင့်ကို အတွေ့အကြုံသစ်တစ်ခုရစေသလို၊ ခံနိုင်ရည်စွမ်းကိုလည်း ပိုမြင့်လာစေပါတယ်။ ဒါကိုက မြတ်နေပြီမဟုတ်လား။ တခြားအမြတ်တွေလည်း အများကြီးရှိပါသေးတယ်။ ယူတတ်အောင်ယူပါ။

(၄) ဝေမျှပါ

သင့်ဘဝဟာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ သင့်ထက် ပိုခက်ခဲတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါကြောင့် သူတစ်ပါးကို ကူညီဖို့၊ ဝေမျှဖို့ အမြဲတမ်းစဉ်းစားပါ။ နည်းတာများတာ အသာထား၊ သူတစ်ပါးကို သင်တတ်နိုင်သလောက်လေး ကူညီကြည့်ပါ။ သူတစ်ပါးအတွက် စဉ်းစားကြည့်ပါ၊ ဒါဆိုရင် သင့်ကို ကြိုးစားချင်စိတ်တွေ ပိုဖြစ်လာစေပြီး၊ သူတစ်ပါးကို စိတ်ကြိုက်ပေးနိုင်ကမ်းနိုင်လာတဲ့အခါ မျှဝေလိုက်လို့ ရလာတဲ့ ပီတိရဲ့အရသာကို သင်ကောင်းကောင်း နားလည်သွားမှာပါ။
စိတ်လှုပ်ရှား၊ဒေါသထွက်တဲ့အချိန်မျိုးမှာ တည်ငြိမ်အောင်လုပ်သင့်တဲ့အရာ

(၅) စာဖတ်ပါ

ဘဝကို တစ်ယောက်တည်း ကြိုးစားရုန်းကန်ပြီး ကိုယ့်ထူးကိုယ်ချွန်ရတဲ့သူတွေကို အကောင်းဆုံး ပဲ့ကိုင်ပေးနိုင်တာကတော့ စာအုပ်စာပေတွေပါပဲ။ ဒါကြောင့် သင့်ကို အသိအလိမ္မာတိုးစေမယ့်စာတွေ၊ ခွန်အားရှိစေမယ့်စာတွေ၊ လမ်းမှန်ကို ညွှန်ပြပေးနိုင်မယ့် စာတွေကို အမြဲတမ်းဖတ်ပါ၊ အချိန်ပေးပြီးဖတ်ပါ။ ဒါဆိုရင် ကျိန်းသေပေါက် သင်အောင်မြင်လာမှာပါ။

သင် ဘာတွေ စွန့်လွှတ်ရင်းနှီးပြီးပြီလဲ          တချို့ လူတွေက ဘဝမှာ အောင်မြင်ခြင်းတွေတစ်ခုပြီး တစ်ခု ရယူကြတယ်တချို့ လူတွေက...
01/12/2021

သင် ဘာတွေ စွန့်လွှတ်ရင်းနှီးပြီးပြီလဲ


တချို့ လူတွေက ဘဝမှာ အောင်မြင်ခြင်းတွေ
တစ်ခုပြီး တစ်ခု ရယူကြတယ်

တချို့ လူတွေက ဘဝမှာ ရှုံးနိမ့်ခြင်းတွေ
တစ်ခုပြီး တစ်ခု ရရှိတတ်ကြတယ်

ဘဝဆိုတာ နိုင်လို့ဖြစ်စေ ရှုံးလို့ဖြစ်စေ
ရှေ့ဆက်ကြရတယ်

အနိုင်ရသူတွေက ပြုံးပျော်ကြတယ်
ရှုံးနိမ့်သူတွေအတွက်တော့ လောကကြီးက
တရားမျှတတဲ့ လက်ဆောင်တစ်ခုပြန်ပေးတယ်
အတွေ့အကြုံနဲ့ ပြန်လည်ကြိုးစားခြင်း

အောင်မြင်မှုကို ပိုင်ဆိုင်ပြီးတဲ့လူတွေကျတော့
အေးချမ်းမှုနဲ့ လွတ်လပ်မှုကိုတောင်းတလာတယ်

အချိန်ဆိုတာ ရွှေထက်ရှားလာတယ်
ပျော်ရွင်မှုဆိုတာ ငွေးကြေးထက်ရှားလာတယ်

ကိုယ့်ဘဝကိုယ် ဒီထက်မြင့်မားဖို့
အောင်မြင်မှုရဲ့ အရသာကိုသိပြီး
ဆုံးရှုံရမှာ ကြောက်ကြလို့ ကြိုးစားရင်း
အမြင့်ဆုံးမှာ အထီးကျန် စွာရပ်တည်နေကြတယ်
သူတို့က အောင်မြင်မှုရဲ့အရသာကို တန်ဖိုးထားကြတယ်

ကျရှုံးသူတွေကျတော့
ကြိုးစားမှုတွေအားကောင်းနေရင်တောင်
လုံ့လ. ဝီရိယ တွေပြည့်စုံနေရင်တောင်မှ
အထောက်အပံ့နဲ့ နည်းစနစ်လွဲမှားမှုတွေကြောင့်
အမှားပြင်ရင်း နာရီတစ်လုံးလို အခါခါအကြိမ်ကြိမ်
လှည့်ပတ်နေရတယ်

အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ
လူတိုင်းသည် အေးချမ်းမှုကို အပြည့်အဝ
ပိုင်ချင်ကြတယ်

တချို့က မိမိဘဝပြည့်စုံတိုးတက်ဖို့
ငွေးကြေးကို ကြိုးစားရှာတယ်
ပြည့်စုံအောင်ဖန်တီးတယ်

တချို့က အသိပညာရှာတယ်
ရောင့်ရဲတင်းတိမ် ခြင်းကိုလက်ကိုင်ထားပြီး
ဘဝမလှပချင်နေပါစေ စိတ်ထားလှပပြီး
အပူအပင်ကင်းရှင်းအောင် ဖန်တီးကြိုးစားတယ်

ဘဝမှာ သင်ဘာကိုတကယ်လိုချင်ပြီး
ဘာကိုရွေးချယ်ထားလဲ?

တချို့က လုပ်ရပ်တွေအားလုံးမှန်တယ်
ရွေးချယ်မှုလမ်းကြောင်းမှားတတ်ကြတယ်

တချို့က လိုအပ်တာကိုသိတယ်
စိတ်ခံစားချက်အောင် မလိုအပ်တာတွေရယူကြတယ်
အများအားဖြင့် ကိုယ့်ကိုယ်ကိုယ် မယုံကြည်ရဲသူတွေပေါ့

ဘဝမှာ ရယူချင်ရင် စွန့်ပစ်ရမယ်
ဘာတွေရယူမလဲ မသေချာ

အရင်စွန့်လွှတ်ရမည်မှာတော့သေချာသည်
မိမိရဲ့ လွတ်လပ်မှု၊ မိမိရဲ့အချိန်
မိမိ ရဲ့ ဘဝ ထဲက အရာတချို့ချို့တွေပေးဆပ်ပြီးမှ
လောကကြီးက ဆုချပေးတတ်တယ်
အောင်မြင်မှုတဲ့

သင် ဘာတွေ စွန့်လွှတ် ရင်းနှီးပြီးပြီလဲ

crdမူရင်းရေးသားသူ 📝📝📝

Happy Diwali Festival to all of Hindu people☺️
03/11/2021

Happy Diwali Festival to all of Hindu people☺️

ဲ့  လျှိုဝှက်ချက်လေးပြောပြမယ် ...🤗၃စက္ကန့် နဲ့ မျက်နှာအသားရေအတွင်း စိမ့်ဝင်သွားပြီးတနေ့တာလုံး Glowစေမယ် 🤩မျက်နှာအဆီပြန်ြ...
28/10/2021

ဲ့ လျှိုဝှက်ချက်လေးပြောပြမယ် ...🤗

၃စက္ကန့် နဲ့ မျက်နှာအသားရေအတွင်း စိမ့်ဝင်သွားပြီး
တနေ့တာလုံး Glowစေမယ် 🤩

မျက်နှာအဆီပြန်ပြီး စိတ်ညစ်နေလား
အမည်းစက် တင်းတိပ်တွေ ​ဖြစ်လို့စိတ်ညစ်နေလား
နေပူနေလောင် အသားမညီဖြစ်နေပြီး
အသားရေခြောက်ကပ်နေရင် HM ရှိတယ်
မိတ်ကပ်လိမ်းရင် ဖုံဖုံ ကြီးဖြစ်နေလို့
စိတ်ညစ်နေရင် HM လေးရှိတယ်⁉️⁉️

လေးကို
အနေနဲ့လိမ်းကြည့်
အသားလေးနဲ့ တစ်သားတည်း
အိအိသိပ်သိပ် လေးရစေမယ် ❤️❤️❤️

Promotionလေးလည်းရှိပါတယ်
30ml ယခင်‌ဈေး_21000ks
ယခုဈေး _18000ks

20ml ယခင်ဈေး_14500ks
ယခုဈေး _12000ks

ရက်အကန့်အသတ်ရှိတာမို့ အမြန်လာရောက်ဝယ်ယူထားမှစိတ်ချရမယ်နော်

09957487581


 #အဆီဖုတွေထပ်မပေါက်တော့အောင် ဒါလေးတွေလည်းလုပ်👇👇👇 Skin care လည်း ခနခနမပြောင်းနဲ့( တည့်နေရင်မပြောင်းနဲ့တော့)ဘာတွေ လုပ်သင့်...
28/09/2021

#အဆီဖုတွေထပ်မပေါက်တော့အောင်

ဒါလေးတွေလည်းလုပ်👇👇👇
Skin care လည်း
ခနခနမပြောင်းနဲ့( တည့်နေရင်မပြောင်းနဲ့တော့)

ဘာတွေ လုပ်သင့်လဲ ?

ဒီအချက်သေးသေးလေးတွေကို လိုက်နာကြည့်ပါ

၁. ရေများများသောက်ပါ.💦💦

၂. ဝမ်းမချုပ်စေပါနဲ့

၃. အဆင်ပြေနေတဲ့ Skincare ကို ခဏခဏ မပြောင်းချင်ပါနဲ့

၎. တစ်ပတ်တစ်ခါ ခေါင်းအုံးစွပ်လေး လဲပေးပါ

၅. ဖုန်း screen ကို အရက်ပြန်လေးနဲ့ တစ်နေ့တစ်ခါ သန့်ရှင်းပေးပါ

၆. မျက်နှာ ကို လက်နဲ့ ခဏခဏ မထိပါနဲ့

၇. မိတ်ကပ် ဖျက်ဖို့ မပျင်းပါနဲ့ ( မိတ်ကပ်ဖျက်ဆေးဖြင့်)

၈. အလွန် ငန်,စပ်,ချို သောအစာတွေ ရှောင်ပါ,ခေါက်ဆွဲခြောက်ရှောင်ပါ

၉. ဆံပင် စည်းထားပါ

၁၀. Skincare မလိမ်းဘဲ မိတ်ကပ် လုံးဝ မလိမ်းပါနဲ့

၁၁. အိပ်ရေးမပျက်စေပါနဲ့

ပြောချင်တာက အဆီဖုတွေ ဝက်ခြံတွေ မပေါက်ဖို့အတွက်ဆိုရင် Skincare ချည်း လုပ်ယူနေလို့မရပါဘူး. လူနေမှုဘဝ ပါပြောင်းလဲပစ်ရပါမယ်. အစားအသောက်,အနေအထိုင်, အဓိက ကျန်းမာရေးလိုက်စားဖို့ သိပ်ကို အရေးကြီးတာပါ.

အခု ရေးပေးတဲ့ အချက်တွေကိုလည်း လိုက်နာ, အစားအသောက်လည်းရှောင်, Skincare လေး သေချာမှန်မှန် လုပ်ပေးမယ်ဆိုရင် အဖုတွေ ကင်းတဲ့ မျက်နှာ ကို မကြာခင် ပိုင်ဆိုင်ရမှာပါ...

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

#အဆီဖုနှင့်ပတ်သက်သမျှ

crd
Photo crd

ကျနော် ရောင်းချပေးတဲ့   အဝတ်ထည်နှင့်  Skincare ပစ္စည်းများနဲ့ အစားစာ များကို Kpay /Wavepay/CB acc or CB pay တို့ဖြင့် ငွေ...
15/09/2021

ကျနော် ရောင်းချပေးတဲ့
အဝတ်ထည်နှင့် Skincare ပစ္စည်းများနဲ့ အစားစာ များကို

Kpay /Wavepay/CB acc or CB pay တို့ဖြင့် ငွေချေ ပြီး ဝယ်ယူနိုင်ပါတယ်....

*တီရှပ်နဲ့ အထည်မျိုးစုံ

*HM_Skincare

*Seegreen Mask

*Hippicecrisp

အပြင်
Food order များကို

Online payment ဖြင့် ပေးချေ၍ မှာယူ သုံးစွဲနိုင်ပါတဲ့ကြောင်းသတင်းကောင်းပါးအပ်ပါတယ်...

09957487581
KoNayLin

Hello!!!! GoodNight Everyone 🌃အရင်ကလို အထည်တမျိုးတည်းမဟူတ်ပဲ  မိတ်ဟောင်းမိတ်သစ် များတွက်   Skincare လေးတေပါ တွဲရောင်းပေး...
14/09/2021

Hello!!!!
GoodNight Everyone 🌃

အရင်ကလို အထည်တမျိုးတည်းမဟူတ်ပဲ
မိတ်ဟောင်းမိတ်သစ် များတွက်
Skincare လေးတေပါ တွဲရောင်းပေးမယ်နော်

မင်မင် ကိုယ်တိုင် တိုက်ရိုက်ဈေးတေမို့ သက်သက်သာ သုံးစွဲစေရမယ်နော်...

ဆားဝက်ခြံ ကပ်ခွာတေ အသုံး များလာရင် ရလာတဲ့ဆိုးကျိုး🤒🤧🤧📌ဆားဝက်ခြံကပ်ခွာတေဖစ်နိုင်ရင်လုံးဝမသုံးပါနဲ့🙅🏻‍♂️🙅🏻📌ရေတိုမှာမ သိသာ...
19/08/2021

ဆားဝက်ခြံ ကပ်ခွာတေ အသုံး များလာရင် ရလာတဲ့ဆိုးကျိုး🤒🤧🤧

📌ဆားဝက်ခြံကပ်ခွာတေဖစ်နိုင်ရင်လုံးဝမသုံးပါနဲ့🙅🏻‍♂️🙅🏻
📌ရေတိုမှာမ သိသာပေမဲ့ ရေရှည် ဆွဲ သုံးလာတဲ့အခါအသားရေကိုတော်တော်လေးပျက်စီးစေပါတရ်👎🏻👎🏻
📌အရေပြားပေါ်မှာလဲအရမ်းကို harsh ဖစ်စေပါတရ်ရှင်
📌ဆားဝက်ခြံ တေတင်မဟုတ်ဘဲချွေးပေါက်ထဲကhairတေပါဖယ်ရှားလိုက်တဲ့တွက် ချွေးပေါက်တေကျယ်လာစေပါတရ်🤧🤧
📌ဆားဝက်ခြံ တေပါးသွားလို့အလုပ်ဖစ်တရ်ထင်ရပေမဲ့resultကြီးကအကြာကြီးမခံပါဘူးနော်🤦🏻🙅🏻🙅🏻‍♂️
📌 ချွေးပေါက်တွေ ကျယ်ပီးကျန်ခဲ့တဲ့မတွက် အဆီတေ dirtတွေပိတ်ပီး
blackheadsတေအလွယ်တကူပြန့ဖစ်လာနိုင်ပါတရ်🤦🏻
📌ဒီလိုနဲ့ ဆားဝက်ခြံ တေပျောက်ဖို့ခဏခဏသုံး ရတော့ ကြာလာရင်အသားရေက sensitive ဖစ်လာမယ်နီလာမယ်ပါးလာမယ် ကြမ်းလာမယ်ချွေးပေါက်တေလဲပိုကျယ် လာနိုင်ပါတရ်နော်😌😌
📌အာ့ကြောင့်မို့ ဆားဝက်ခြံကပ်ခွာတေ ကို လုံးဝအားမပေးပါဘူးနော် မသုံးရင် အကောင်းဆုံး ပါဘဲရှင့် 💁🏻💁🏻‼
📌အသားရေကို အတွင်းထဲ ထိ deepcleaning လုပ်ပေးနိုင်မယ့် gel type တေ Foam type cleaning လိုမျိုးဘဲပုံမှန်သူံးပေးပါ💢

#အကျိုးရှိတယ် ဆိုရင်ပြန်ပီးshareပေးသွားပါ

crd

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွကျဆုံးသွားပြီးလေသောအာဇာနည် ခေါင်းဆောင်းကြီးများနွေဦးတော်လှန်ရေးမှာ ကျဆုံးသွားပြီးသောအာဇာနည်မျ...
19/07/2021

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
ကျဆုံးသွားပြီးလေသော
အာဇာနည် ခေါင်းဆောင်းကြီးများ
နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားပြီးသောအာဇာနည်များအား
ဝပ်တွားဦးညွတ် အလေးပြုပါ၏

မေ့နိုင်

Address

Yangon
11211

Opening Hours

Monday 09:00 - 23:09
Tuesday 09:00 - 23:09
Wednesday 09:00 - 23:09
Thursday 09:00 - 23:09
Friday 09:00 - 23:09
Saturday 09:00 - 23:09
Sunday 10:00 - 22:00

Telephone

+959957487581

Website

Alerts

Be the first to know and let us send you an email when 7Star Fashion Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 7Star Fashion Online Shop:

Share