April Pharmacy

April Pharmacy "Your Health, Our Priority"

📌 April Pharmacy မှာ အရောင်းဝန်ထမ်း (Sales Staff) ရှာဖွေနေပါပြီဆေးဝါးလုပ်ငန်းခွင်ထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ တိုးတက်မှ...
25/05/2026

📌 April Pharmacy မှာ အရောင်းဝန်ထမ်း (Sales Staff) ရှာဖွေနေပါပြီ

ဆေးဝါးလုပ်ငန်းခွင်ထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ တိုးတက်မှုအသစ်တွေကို ရှာဖွေချင်တဲ့ ဝန်ထမ်းအသစ်တွေကို April Pharmacy မိသားစုကနေ နွေးထွေးစွာ ကြိုဆိုပါတယ် 🥰

✨ ကျွန်တော်တို့ပေးမယ့် Benefits အခွင့်အရေးများ-
💰 အခြေခံလစာ: 300,000 MMK ++++ (လုပ်ငန်းအတွေ့အကြုံပေါ်မူတည်၍ ညှိနှိုင်းပေးမည်)

💵 တခြားခံစားခွင့်: ရက်မှန်ကြေး နှင့် သတ်မှတ်ချက်ပြည့်မီပါက Bonus များ ခံစားခွင့်ရှိခြင်း။

🏠 နေစရာ: နယ်ဝေးမှ လာရောက်လုပ်ကိုင်သူများအတွက် အဆောင် စီစဉ်ပေးခြင်း။

📚 အထူးအခွင့်အရေး: ဆေးဝါးနဲ့ ပတ်သက်ပြီး Knowledge မရှိလို့ စိတ်ပူစရာမလိုဘဲ ဆိုင်ရဲ့ Pharmacist ကိုယ်တိုင် ဆေးဝါးကျွမ်းကျင်မှု သင်တန်းကို စနစ်တကျ ပြန်လည်သင်ကြားပေးသွားမည့် အစီအစဉ် ပါဝင်ခြင်း။

💼 လိုအပ်ချက်နှင့် အရည်အချင်းများ-
လူမှုဆက်ဆံရေး ပြေပြစ်ပြီး သင်ယူလိုစိတ်ရှိသူ ဖြစ်ရမည်။
တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ရေရှည်လက်တွဲ လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
(ဆေးဆိုင်လုပ်ငန်း အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါသည်။)

📥 လျှောက်ထားရန် -
မိမိတို့ရဲ့ CV Form ကို April Pharmacy ရဲ့ Chat Box (သို့မဟုတ်) ဖုန်းနံပါတ် [09672196668] သို့ ဆက်သွယ်ပေးပို့ လျှောက်ထားနိုင်ပါသည်။

23/05/2026

💬 သားသားမီးမီးတို့ ထမင်းစားမြိန်ပြီး
ထွားထွားကြိုင်းကြိုင်းနဲ့ ကျန်းမာဖို့
Vita-Kid ကို နေ့စဉ် ဝါးစားခိုင်းလိုက်ပါ

✨ ဆေးအရည်ဆို ထွေးထုတ်တတ်တဲ့ သားသားမီးမီးတို့အတွက် စတော်ဘယ်ရီအရသာ ဝါးစားလို့ရတဲ့ဆေးပြား Zifam Vita-Kid 🍓

📬 ဈေးနှုန်းနှင့် အသေးစိတ်ကို ကွန်မန့် သို့မဟုတ် Chat Box တွင် မေးမြန်းနိုင်ပါတယ်နော်

#ကလေးအားဆေး #ကလေးထမင်းမစားတဲ့ပြဿနာ #မေမေတို့သိစေဖို့

14/05/2026

Your Health, Our Priority

Vitamin D သောက်တော့မယ်ဆိုရင် IU ပမာဏ ဘယ်လောက်ကို ရွေးရမှန်း မသိဖြစ်နေတတ်ကြပါတယ် အလွယ်ကူဆုံး ခွဲခြားနိုင်ဖို့ ဒီလမ်းညွှန်...
03/05/2026

Vitamin D သောက်တော့မယ်ဆိုရင် IU ပမာဏ ဘယ်လောက်ကို ရွေးရမှန်း မသိဖြစ်နေတတ်ကြပါတယ်
အလွယ်ကူဆုံး ခွဲခြားနိုင်ဖို့ ဒီလမ်းညွှန်လေးကို ဖတ်ကြည့်ပေးပါနော် 👇
✅ Vitamin D 1000 IU (နေ့စဉ်ပုံမှန်အတွက်):
နေရောင်ခြည်နဲ့ ထိတွေ့မှုနည်းတဲ့ ရုံးဝန်ထမ်းတွေ၊ အိမ်ထဲမှာပဲ နေရသူတွေအတွက် ကိုယ်ခံအားနဲ့ အရိုးအဆစ် ကျန်းမာရေးကို ပုံမှန် ထိန်းသိမ်းပေးဖို့ အကောင်းဆုံးဖြစ်ပါတယ်

✅ Vitamin D 5000 IU (အားဖြည့်ဖို့ လိုအပ်သူများအတွက်):
Vitamin D သိသိသာသာ ချို့တဲ့နေသူတွေ၊ အရိုးပွရောဂါ ကာကွယ်ချင်သူတွေနဲ့ ဆရာဝန်ညွှန်ကြားချက်အရ High Dose သောက်ဖို့ လိုအပ်သူတွေအတွက် သင့်တော်ပါတယ်

✨ ဘာကြောင့် Vitamin D သောက်သင့်တာလဲ?
➡️ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ဖျားနာမှုကို ကာကွယ်ပေးပါတယ်
➡️ Calcium စုပ်ယူမှုကို ကူညီပေးလို့ အရိုးနဲ့သွားတွေကို သန်မာစေပါတယ်
➡️ စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းမှုကို လျော့ကျစေပါတယ်

ကိုယ့်အတွက် ဘယ် IU ပမာဏက အသင့်တော်ဆုံး ဖြစ်မလဲဆိုတာ စိတ်ဝင်စားလို့ အသေးစိတ် မေးမြန်းချင်တာပဲဖြစ်ဖြစ်၊ မှာယူချင်တာပဲဖြစ်ဖြစ် Comment မှာ ရေးခဲ့လို့ ရပါတယ် ဒါမှမဟုတ် Message (Chat Box) ကနေ ဆက်သွယ်ပေးပါဦးနော် ✨

03/05/2026

နေရောင်ခြည်နဲ့ သိပ်မတွေ့ရတဲ့သူတိုင်းအတွက်
Vitamin D က မရှိမဖြစ်ပါပဲ ☀️🚫
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အားအင်တွေကို ဖြည့်တင်းပေးဖို့ ဒီ Vitamin D3 လေးတွေက ကူညီပေးမှာပါ။ အိမ်မှာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် ဆောင်ထားကြပါ‌နော် ✨🙌

18/04/2026

ဆေးသောက်ဖို့ မေ့မှာ မပူနဲ့တော့! 💊
Organizer မျိုးစုံကို April Pharmacy မှာ
အစုံရနိုင်ပြီနော် ကျန်းမာရေးအတွက် အချိန်မှန်ဖို့
အခုပဲ ဆောင်ထားလိုက်တော့နော် ✨

📢 𝗚𝗺𝗮𝘁𝗲 𝗢𝗿𝗶𝗴𝗶𝗻 အထူး 𝗣𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻 အစီအစဉ်ကြီး! 🎁ဆီးချိုတိုင်းစက် (Glucometer) သို့မဟုတ် Strip (50 ပါ) တစ်ဗူး ဝယ်ယူသူတိုင်းအတ...
07/04/2026

📢 𝗚𝗺𝗮𝘁𝗲 𝗢𝗿𝗶𝗴𝗶𝗻 အထူး 𝗣𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻 အစီအစဉ်ကြီး! 🎁
ဆီးချိုတိုင်းစက် (Glucometer) သို့မဟုတ် Strip (50 ပါ) တစ်ဗူး ဝယ်ယူသူတိုင်းအတွက် Gmate Strip (25 ခုပါ) တစ်ဗူး လုံးဝ (လုံးဝ) လက်ဆောင် (𝗙𝗿𝗲𝗲) ပြန်လည်ပေးအပ်သွားမယ့် အခွင့်အရေးကြီး ရောက်ရှိလို့လာပါပြီ

ဆီးချိုရှိသူများအတွက် နေ့စဉ်ပုံမှန်စစ်ဆေးဖို့ လိုအပ်တဲ့ Strip လေးတွေကို အပိုရရှိမှာဖြစ်လို့ အခုပဲ လက်ဦးအောင် ဝယ်ယူထားလိုက်တော့နော်

✨ Gmate Origin ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?
Gmate Origin ဟာ ဆီးချိုတိုင်းတာရာမှာ တိကျမှုနဲ့ မြန်ဆန်မှုကြောင့် လူကြိုက်အများဆုံး စက်အမျိုးအစားတစ်ခု ဖြစ်ပါတယ်

𝗠𝗮𝗱𝗲 𝗶𝗻 𝗞𝗼𝗿𝗲𝗮: နည်းပညာမြင့်မားတဲ့ South Korea နိုင်ငံထုတ် စစ်စစ်ဖြစ်လို့ အရည်အသွေးအတွက် စိတ်ချရပါတယ်

တိကျသေချာမှု: International Standard အရ တိကျမှုစံနှုန်း မြင့်မားစွာ ထုတ်လုပ်ထားပါတယ်

𝗔𝘂𝘁𝗼-𝗖𝗼𝗱𝗶𝗻𝗴: Strip ထည့်လိုက်တာနဲ့ စက်က အလိုအလျောက် သိရှိတဲ့အတွက် ကိုယ်တိုင် Code ရိုက်ထည့်နေစရာ မလိုဘဲ အမှားအယွင်းမရှိ တိုင်းတာနိုင်ပါတယ်

𝗥𝗲𝘀𝘂𝗹𝘁 မြန်ဆန်ခြင်း: သွေးနမူနာ အနည်းငယ်နဲ့တင် (၅) စက္ကန့်အတွင်း အဖြေကို တိကျစွာ ပြသပေးပါတယ်

မှတ်ဉာဏ်စနစ်: စစ်ဆေးထားတဲ့ အဖြေပေါင်း (၅၀၀) အထိ သိမ်းဆည်းပေးနိုင်လို့ နောက်ကြောင်းပြန် စစ်ဆေးရတာ လွယ်ကူစေပါတယ်

🛡️ ယုံကြည်စိတ်ချရတဲ့ 𝗪𝗮𝗿𝗿𝗮𝗻𝘁𝘆
စက်ပိုင်းဆိုင်ရာအတွက် စိတ်ပူနေစရာမလိုအောင် ကျကွဲတာကလွဲလို့ ကျန်တဲ့ error မှန်သမျှကို အလုံးအသစ်ပြန်လဲပေးတဲ့ 𝗟𝗶𝗳𝗲𝘁𝗶𝗺𝗲 𝗪𝗮𝗿𝗿𝗮𝗻𝘁𝘆 (သက်တမ်းတစ်လျှောက် အာမခံ) ပေးထားတဲ့အတွက် တစ်ခါဝယ်ထားရုံနဲ့ ရေရှည်အတွက် စိတ်အေးရမှာပါ

📦 𝗣𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻 အသေးစိတ်
Gmate Origin Glucometer (စက်) ဝယ်ယူလျှင် 👉 Strip 25's (၁) ဗူး လက်ဆောင်
Gmate Strip (50's - ၂ ဗူးပါ ၁ ဗူး) ဝယ်ယူလျှင် 👉 Strip 25's (၁) ဗူး လက်ဆောင်
(မှတ်ချက် - Promotion ကာလဖြစ်တဲ့ April တစ်လလုံး ပေးသွားမှာ ဖြစ်လို့ အမြန်ဆုံး ဆက်သွယ်ဝယ်ယူလိုက်ပါ)

🛒 မှာယူလိုပါက
📞 ဖုန်းနံပါတ် - 09672196668
📍 ဆိုင်လိပ်စာ - April (JS) ⏩ No.10 Junction Square shop house area, kamaryut Township.

💦 April Pharmacy ရဲ့ ချစ်လှစွာသော လူကြီးမင်းတို့အတွက် သင်္ကြန်အထူးအသိပေးချက် 💦မြန်မာတို့ရဲ့ ရိုးရာအစဉ်အလာ သင်္ကြန်အခါသမယ...
04/04/2026

💦 April Pharmacy ရဲ့ ချစ်လှစွာသော လူကြီးမင်းတို့အတွက် သင်္ကြန်အထူးအသိပေးချက် 💦

မြန်မာတို့ရဲ့ ရိုးရာအစဉ်အလာ သင်္ကြန်အခါသမယမှာ April Pharmacy မိသားစုမှ လူကြီးမင်းတို့ အားလုံး ဘေးကင်းလုံခြုံပြီး ပျော်ရွှင်စရာ အားလပ်ရက်လေး ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ 🙏

April Pharmacy ဆိုင်ခွဲများရဲ့ သင်္ကြန်ကာလ ဖွင့်လှစ်/ပိတ်သိမ်းမည့် အစီအစဉ်လေးကို အောက်ပါအတိုင်း အသိပေးအပ်ပါတယ် -

📍 Junction Square ဆိုင်ခွဲ (JS Branch)
သင်္ကြန်ကာလအတွင်း လုံးဝ(မပိတ်ဘဲ) ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ထားရှိမှာဖြစ်လို့ လူကြီးမင်းတို့ လိုအပ်တဲ့ ဆေးဝါးများကို စိတ်ချလက်ချ လာရောက်ဝယ်ယူနိုင်ပါတယ်

📍 တာမွေဆိုင်ခွဲ (Tamwe Branch)
သင်္ကြန်ရုံးပိတ်ရက်အဖြစ် (၁၂.၄.၂၀၂၆) ရက်နေ့မှ (၁၇.၄.၂၀၂၆) ရက်နေ့အထိ ခေတ္တပိတ်ထားမည်ဖြစ်ပြီး (၁၈.၄.၂၀၂၆) ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားပါမည်

📞 အရေးပေါ် ဆေးဝါးများ စုံစမ်းဝယ်ယူရန် -
တာမွေဆိုင်ခွဲ ပိတ်ထားစဉ်အတွင်း ဆေးဝါးများ လိုအပ်ပါက Junction Square ဆိုင်ခွဲသို့ အောက်ပါဖုန်းနံပါတ်များမှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ် -

📲 09 672196668
📲 09 788307658

မိဘပြည်သူများအနေဖြင့် သင်္ကြန်တွင်း အဆင်မပြေမှုမရှိစေရန်အတွက် လိုအပ်မည့် အိမ်သုံးဆေးဝါးများကိုလည်း ကြိုတင်ဝယ်ယူ ပြင်ဆင်ထားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ကျန်းမာရွှင်လန်းသော သင်္ကြန်ပွဲတော်လေး ဖြစ်ပါစေ။ 🌸✨

31/03/2026

ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစားနေပေမယ့်
ဘယ်ကစရမှန်းမသိ ဖြစ်နေသူတွေအတွက်
လက်ရှိမှာ လူသုံးများနေတဲ့
W.e.i.g.h.t M.a.n.a.g.e.m.e.n.t နည်းလမ်းတွေကို
April Pharmacy မှ Pharmacist တစ်ယောက်အနေနဲ့
မျှဝေပေးလိုက်ပါတယ်။

💡 အကြံပြုချက် - ဝိတ်ချတဲ့အခါ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီတဲ့ ဆေးဝါးကို ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ် အထူးသဖြင့် ဆေးသောက်တာနဲ့ ဆေးထိုးတဲ့ နည်းလမ်းတွေအတွက် ဆရာဝန် (သို့မဟုတ်) ဆေးဝါးကျွမ်းကျင်သူ နဲ့ သေချာတိုင်ပင်ဆွေးနွေးပြီးမှ အသုံးပြုဖို့ တိုက်တွန်းလိုပါတယ်

💬 မိတ်‌ဆွေတို့အတွက် ဘယ်နည်းလမ်းက ပိုစိတ်ဝင်စားဖို့ကောင်းလဲ? သိချင်တာရှိရင် Comment မှာ မေးမြန်းနိုင်သလို ဆေးဆိုင်ကိုလည်း လူကိုယ်တိုင် လာရောက်ဆွေးနွေးလို့ ရပါတယ်

မေမေတို့ သိထားသင့်တဲ့ နို့မှုန့်အကြောင်းကလေးငယ်တွေမှာ ဝမ်းခဏခဏ ပျက်တတ်တာ၊ ဗိုက်ပွတာမျိုး ကြုံဖူးကြမှာပါ အဲ့ဒီအခါ "နို့မှ...
17/03/2026

မေမေတို့ သိထားသင့်တဲ့ နို့မှုန့်အကြောင်း

ကလေးငယ်တွေမှာ ဝမ်းခဏခဏ ပျက်တတ်တာ၊ ဗိုက်ပွတာမျိုး ကြုံဖူးကြမှာပါ အဲ့ဒီအခါ "နို့မှုန့်" ရွေးချယ်မှုက တကယ်ကို အရေးကြီးပါတယ် 🍼

ဒီနေ့ April Pharmacy ကနေ Gaullac (ဂေါလတ်) ရဲ့ ကွာခြားချက်လေးတွေကို မျှဝေပေးချင်ပါတယ်

✅ Gaullac LF (အဝါဘူး): Lactose Free မို့လို့ နို့သကြားဓာတ်နဲ့ မတည့်ဘဲ ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်တဲ့ ကလေးငယ်တွေအတွက် သီးသန့်ပါ

✅ Gaullac 1 (အစိမ်းဘူး): မွေးစကနေ (၆) လအထိ ကလေးငယ်တွေရဲ့ ကြီးထွားမှုအတွက် လိုအပ်တဲ့ အာဟာရတွေ အပြည့်ပါဝင်ပါတယ်

✅ Gaullac 2 (ပန်းရောင်ဘူး): (၆) လကနေ (၁) နှစ်ခွဲအထိ ကလေးငယ်တွေအတွက် ဖြစ်ပါတယ်

✅ Gaullac MOM: ဒါကတော့ မေမေလောင်းတွေနဲ့ နို့တိုက်မိခင်တွေအတွက် လိုအပ်တဲ့ သံဓာတ်နဲ့ ဗီတာမင်တွေ ဖြည့်ဆည်းပေးဖို့ပါ

ကိုယ့်ရင်သွေးလေးအတွက် ဘယ်ဟာက အသင့်တော်ဆုံးလဲဆိုတာ April Pharmacy မှာ လာရောက်ဆွေးနွေး မေးမြန်းဝယ်ယူနိုင်ပါတယ်ရှင် 😊

Address

No. 10 Junction Square Shop House Area, Kamayut Township
Yangon
09672196668

Opening Hours

Monday 08:00 - 19:30
Tuesday 08:00 - 19:30
Wednesday 08:00 - 19:30
Thursday 08:00 - 19:30
Friday 08:00 - 19:30
Saturday 08:00 - 19:30
Sunday 08:00 - 19:30

Telephone

+959448940516

Website

Alerts

Be the first to know and let us send you an email when April Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to April Pharmacy:

Share