Health4U Medical Services

Health4U Medical Services Medical Service

✈️ ချင်းမိုင်လည်းလည်မယ်၊ ကျန်းမာရေးလည်း စစ်ဆေးမယ် 🩺🍀 ချင်းမိုင်မြို့ရဲ့ နာမည်ကြီး 𝐉𝐂𝐈 နိုင်ငံတကာအဆင့်မီ 𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢 𝐑𝐚𝐦 𝐇...
20/05/2026

✈️ ချင်းမိုင်လည်းလည်မယ်၊ ကျန်းမာရေးလည်း စစ်ဆေးမယ် 🩺

🍀 ချင်းမိုင်မြို့ရဲ့ နာမည်ကြီး 𝐉𝐂𝐈 နိုင်ငံတကာအဆင့်မီ 𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢 𝐑𝐚𝐦 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မှာ အချိန်အများကြီးပေးစရာမလိုဘဲ နေ့တစ်ဝက် လောက်နဲ့တင် စစ်ဆေးမှုအားလုံး ပြီးစီးနိုင်တာဆိုတော့ ခရီးစဉ်လည်းမပျက်ဘဲ စိတ်အေးချမ်းသာစွာနဲ့ လည်ပတ်နိုင်ပါတယ် ..

✨အခြေခံကျန်းမာရေးစစ်ဆေးမှု 𝐩𝐚𝐜𝐤𝐚𝐠𝐞 တွေကို အသက်သာဆုံးစျေးနှုန်း 𝟑,𝟑𝟎𝟎 𝐓𝐇𝐁 (မြန်မာငွေ ၄ သိန်းဝန်းကျင်) ကစပြီး ကို်ယ်နဲ့သင့်တော်ရာ စိတ်ကြိုက်ရွေးချယ်နိုင်ပါပြီ…

✅အသက် ၃၉ နှစ်အောက် (𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐏𝐚𝐜𝐤𝐚𝐠𝐞)

အလုပ်တွေရှုပ်၊ အစားအသောက်တွေ ပုံမှန်မဖြစ်ဘဲ 𝐬𝐭𝐫𝐞𝐬𝐬 များတဲ့အရွယ်မှာ သွေးတိုး၊ ဆီးချိုနဲ့ အသည်းအဆီဖုံးတာမျိုးတွေ ကြိုတင်မဖြစ်အောင် ဒီ 𝐩𝐚𝐜𝐤𝐚𝐠𝐞 စစ်ဆေးပြီး အခြေခံကစပြီး ကာကွယ်ထားလို့ရပါတယ်..

✅အမျိုးသမီးများ (𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅𝐞𝐦𝐚𝐥𝐞 𝐏𝐥𝐮𝐬)
အမျိုးသမီးတွေမှာ အဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာလိုမျိုး အသံတိတ်လူသတ်သမား ရောဂါတွေကို ကြိုတင်ရှာဖွေပြီး စိတ်အေးရအောင် စစ်ဆေးသင့်ပါတယ်..

✅အသက် ၄၀ မှ ၅၀ အထက် (𝐀𝐝𝐯𝐚𝐧𝐜𝐞 & 𝐏𝐫𝐞𝐦𝐢𝐮𝐦)
အသက် ၄၀ ကျော်လာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေက တဖြည်းဖြည်း ကျဆင်းလာတတ်လို့ နှလုံး၊ ကျောက်ကပ်၊ အဆုတ်နဲ့ ကင်ဆာအလားအလာတွေကို နှစ်စဉ်စစ်ဆေးပြီး အချိန်မီ ပြုပြင်ထိန်းသိမ်းသွားဖို့အတွက် စစ်ဆေးလို့ရပါတယ် ..

✨ဒီလို ဈေးနှုန်းထားအဆင်ပြေပြီး 𝐒𝐞𝐫𝐯𝐢𝐜𝐞 လည်ကောင်းတဲ့ 𝐑𝐀𝐌 𝐂𝐡𝐢𝐚𝐧𝐠𝐦𝐚𝐢 ဆေးရုံမှာ ဆေးစစ်ချင်တာဖြစ်ဖြစ်၊ ဆရာဝန်နဲ့‌ဆွေးနွေးပြီး ကုသမှုပိုင်းဆိုင်ရာပြုလုပ်ပါက

𝐇𝐞𝐚𝐥𝐭𝐡𝟒𝐔 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှာ...

◾️ အကောင်းဆုံးဆေးရုံနဲ့ ဆရာဝန်များ ရွေးချယ်ပေးခြင်း
◾️ဆေးကုသမှုများနဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းပြပေးခြင်း
◾️ဆေးရုံတက်ရမယ့် ကြာချိန်နဲ့ ကုန်ကျစရိတ်ကို တွက်ချက်ပေးခြင်း
◾️လေယာဥ်လက်မှတ် အသွားအပြန် ဝယ်ယူပေးခြင်း
◾️ဟိုတယ်နေလိုသူများအတွက် 𝐛𝐨𝐨𝐤𝐢𝐧𝐠 စီစဉ်ပေးခြင်း
◾️ဘာသာပြန်ဝန်ဆောင်မှုပေးခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်…

𝟎𝟗 𝟗𝟔𝟒𝟒𝟒𝟓𝟑𝟑𝟑, 𝟎𝟗 𝟗𝟔𝟒𝟒𝟒𝟖𝟑𝟑𝟑
အမှတ် ၅, ပထမထပ် , သစ္စာလမ်း ရန်ကင်းမြို့နယ်, ရန်ကုန်မြို့။

#𝐡𝐞𝐚𝐥𝐭𝐡𝟒𝐮𝐦𝐞𝐝𝐢𝐜𝐚𝐥𝐬𝐞𝐫𝐯𝐢𝐜𝐞
#𝐇𝐞𝐚𝐥𝐭𝐡𝟒𝐔
#𝐂𝐡𝐢𝐚𝐧𝐠𝐦𝐚𝐢𝐑𝐀𝐌
#𝐛𝐚𝐧𝐠𝐤𝐨𝐤𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥𝐬

16/05/2026
မေလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ "အမေများနေ့"လေးမှာ မေမေများအားလုံး ကျန်းမာပါစေကြောင်း Health4U မိသားစုမှ ဆုမွန်ကောင်းတောင်းပ...
10/05/2026

မေလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ "အမေများနေ့"လေးမှာ မေမေများအားလုံး ကျန်းမာပါစေကြောင်း Health4U မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

အရိုးကျိုးရင် ပြန်ဆက်ဖို့ခက်တဲ့ အသက်ကြီးပိုင်း အရွယ် မှာ ချော်လဲတာ/ လဲကျတာ အတွက် ..
02/05/2026

အရိုးကျိုးရင် ပြန်ဆက်ဖို့ခက်တဲ့ အသက်ကြီးပိုင်း အရွယ် မှာ ချော်လဲတာ/ လဲကျတာ အတွက် ..

👧🏻 ကလေးလေးတွေက ဝဝကစ်ကစ်လေးမှချစ်စရာကောင်းတာ, ဖွံ့ဖွံ့တုတ်တုတ်လေးမှ ကျန်းမာရေးကောင်းတာ, ငယ်တုန်းဝတာဘာမှမဖြစ်ပါဘူးလို့ အမျ...
30/04/2026

👧🏻 ကလေးလေးတွေက ဝဝကစ်ကစ်လေးမှချစ်စရာကောင်းတာ, ဖွံ့ဖွံ့တုတ်တုတ်လေးမှ ကျန်းမာရေးကောင်းတာ, ငယ်တုန်းဝတာဘာမှမဖြစ်ပါဘူးလို့ အများစုကပြောတတ်ကြပါတယ်။

⚖️ အရွယ်နဲ့အလိုက် ကိုယ်အလေးချိန်ရှိသင့်သလောက်ရှိပြီး ထွားတာက ကျန်းမာရေးအတွက် စိုးရိမ်စရာမဟုတ်ပေမယ့် အဝလွန်နေပြီဆိုရင်တော့ သတိထားစရာအချက်တွေရှိနေပြီနော်

ကိုယ့်ကလေးလေးက အဝလွန်တာလား ပြည့်ပြည့်လေးဖြစ်နေတာလားဆိုတာကို ကိုယ်တွင်းအဆီထုထည်တွေကြောင့် အပြင်ပန်းကြည့်ရုံနဲ့လည်းမသိနိုင်ပါဘူး။

📊 ခန္ဓာကိုယ်ထုထည်ညွှန်းကိန်းလို့ ခေါ်တဲ့ BMI, growth charts တို့နှင့်တိုင်းတာနိုင်ပြီး ရှိသင့်တဲ့ ကိုယ်အလေးချိန်ရှိ မရှိ စစ်ဆေးလို့ရပါတယ်။

👨‍👩‍👧‍👦မိဘမှာ အဝလွန်ရောဂါရှိခြင်း
⚖️ ဟော်မုန်းမညီမျှခြင်း တွေကြောင့် ကလေးလေးတွေက အဝလွန်ဖြစ်ကြပါတယ်။

🍽️ ဒါ့အပြင် အစားအသောက်ကလည်း ကလေးလေးအဝလွန်ခြင်းမှာ အရေးပါတဲ့နေရာကပါဝင်နေပါတယ်။
🍔အပြင်စာ၊ အသင့်စား အစားအစာ၊ ကယ်လ်လိုရီ များပြီး အချိုများလွန်း တဲ့ ready made မုန့်တွေ
🧋အင်အားဖြည့်အချိုရည်တွေ၊ ဂတ်စ် ပါတဲ့အအေးတွေ ကို ကလေးတွေလွန်စွာနှစ်ခြိုက်ကြပါတယ် ..
❗️ကျန်းမာရေးနဲ့အညီ အိမ်မှာချက်ပြုတ် ကျွေးမွေးဖို့ အချိန်မပေးနိုင်တဲ့အခါ ဝယ်ယူဖို့လည်းလွယ်ကူတဲ့ ဒီလိုအစားအစာတွေဟာ အုပ်ထိန်းသူတွေအတွက် ရွေးချယ်စရာတစ်ခုဖြစ်လာပါတယ် ..

ခေတ်မီတဲ့ကစားစရာတွေ ရှိလာတာတဲ့အမျှ ..
🛝 ကလေးတွေဟာ အရင်လို ဆော့ကစားခြင်း၊ အုပ်စုဖွဲ့ activity လုပ်ခြင်း၊ ကစားဖို့နေရာ ကျယ်ကျယ်ဝန်းဝန်းမရှိခြင်း၊ သဘာဝနဲ့ထိတွေ့ခြင်း နည်းလာပြီး တစ်ယောက်တည်းအိမ်မှာ ဖုန်းသုံး၊ tablet သုံးခြင်းဖြင့် အချိန်ကုန်တတ်ကြပါတယ် ..
❗️ဒီလိုအရာတွေကြောင့်လည်း အစားအသောက် သရေစာများကို သတိမထားမိဘဲ အလွန်အကြူးစားမိနိုင်ခြေကလည်းမြင့်ပါတယ် ..

🙍🏻‍♀️ အချို့သောကလေးတွေမှာ လူကြီးများကဲ့သို့ စိတ်ဖိစီးမှုတွေရှိတတ်ကြပါတယ်..
❗️မိသားစုပြဿနာ၊ ကျောင်းကိစ္စ၊ အပေါင်းအသင်းကိစ္စ စတာတွေကြောင့် စိတ်ဖိစီးမှုဖြစ်တဲ့အခါ အစားအသောက်ကို လိုအပ်တာထပ် စားတတ်ပါတယ် …

🚨ကလေးအဝလွန်ခြင်းက လတ်တလောအတွက် ပြသနာမဟုတ်ဘူးထင်ရပေမယ့် ရေရှည်မှာ 🚨
- Type 2 ဆီးချိုဖြစ်နိုင်ခြေမြင့်ခြင်း
- သွေးတွင်းအဆီဓာတ်များခြင်း နှင့် သွေးတိုးခြင်းကြောင့် နှလုံးရောဂါ၊ လေဖြတ်နိုင်ခြေမြင့်ခြင်း
- အိပ်ရင်ဟောက်ပြီး အသက်ရှူရပ်သွားတဲ့ Sleep Apnoea ရောဂါ၊ ပန်းနာရင်ကြပ် asthma ဖြစ်နိုင်ခြေများခြင်း
- ခန္ဓာကိုယ်အလေးချိန်များမှုကြောင့် အရိုးထိခိုက်ခြင်း
စတဲ့ အရာတွေဖြစ်လာနိုင်ပါတယ်။

⬇️ ကိုယ့်ကိုကိုယ် ယုံကြည်ချက်နည်းတာတွေ၊ အပေါင်းအသင်းတွေ စနောက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိတာ၊ စိတ်ထိခိုက်တာ၊ မပြုလုပ်သင့်တဲ့အပြုအမူတွေလုပ်တာတွေလည်းကြုံတွေ့ရတတ်ပါတယ် ..

🤍မိမိရဲ့ ကလေးလေးတွေကို ချစ်လွန်းလို့ စားချင်တာတွေကျွေးချင်တာက အုပ်ထိန်းသူတိုင်းရဲ့ ဆန္ဒပါ .. 🤍

ဒါပေမယ့် ကျန်းမာတဲ့ ကိုယ်အလေးချိန်နဲ့ နေထိုင်မှုပုံစံရရှိဖို့ အုပ်ထိန်းသူတွေအနေနဲ့
❌ကလေးကို ❌
🍩 ချိုလွန်းတဲ့အစားအစာတွေ
🍿အသင့်စား သရေစာတွေ
🍕ကယ်လိုရီများတဲ့အစားအစာတွေ
💻 screen time အစရှိတာတွေကို လျှော့ပေးရပါမယ်..

✅ ကလေးကို ✅
🥙မိသားစုနဲ့တူတူ ကျန်းမာရေးနဲ့ ညီညွတ်တာတွေစားခြင်း
🍎 အသီးအရွက်များကိုစားစေခြင်း ( မကြိုက်သောကလေးလေးတွေအတွက် ချက်ပြုတ်နည်းလမ်းများရှာဖွေလေ့လာခြင်း )
🥣 ကလေးနဲ့ သင့်တင့် လိုက်ဖက်သောပမာဏ ကျွေးခြင်း
🛌 အိပ်ရေးဝအောင်ပေးအိပ်ခြင်း
🎡 ကလေးကို အချိန်ပိုပေးပြီး အတူဆော့ကစားပေးခြင်း
⛹️ သူငယ်ချင်းများနဲ့တူတူ ကိုယ်လက်လှုပ်ရှားဖြစ်အောင် စီစဉ်ပေးခြင်း အစရှိတာတွေ ပြုလုပ်ပေးလို့ရပါတယ် ..

❗️ “ ကလေးလေးက အဝလွန်နေလို့ ဒါမှမဟုတ် အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲ လက္ခဏာခံစားနေရလို့ “ ❗️
စသဖြင့် ကျန်းမာရေးကို သံသယရှိလို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အဆင့်မြင့် ဆေးရုံကြီးတွေမှာ စစ်ဆေးချင်တယ်ဆိုရင်တော့ 𝐇𝐞𝐚𝐥𝐭𝐡𝟒𝐔 သို့ ဆက်သွယ်ကာ ဆွေနွေးတိုင်ပင်လိုက်ပါနော် ….

☎️𝟎𝟗 𝟗𝟔𝟒𝟒𝟒𝟓𝟑𝟑𝟑, 𝟎𝟗 𝟗𝟔𝟒𝟒𝟒𝟖𝟑𝟑𝟑
🏡အမှတ် ၅, ပထမထပ် , သစ္စာလမ်း ရန်ကင်းမြို့နယ်, ရန်ကုန်မြို့။

#𝐡𝐞𝐚𝐥𝐭𝐡𝟒𝐮𝐦𝐞𝐝𝐢𝐜𝐚𝐥𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐡𝐞𝐚𝐥𝐭𝐡𝟒𝐮
#𝐛𝐚𝐧𝐠𝐤𝐨𝐤𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥𝐬

ကလေးဆိုတာ အမြဲဆော့ကစားပြီး ပျော်နေရမယ်လို့ ထင်ရပေမဲ့ သူတို့လေးတွေရဲ့ စိတ်ထဲမှာလည်း လူကြီးတွေလိုပဲ ဝမ်းနည်းတာ၊ အထီးကျန်တာ...
28/04/2026

ကလေးဆိုတာ အမြဲဆော့ကစားပြီး ပျော်နေရမယ်လို့ ထင်ရပေမဲ့ သူတို့လေးတွေရဲ့ စိတ်ထဲမှာလည်း လူကြီးတွေလိုပဲ ဝမ်းနည်းတာ၊ အထီးကျန်တာနဲ့ ဖိအားဒဏ်တွေကို ခံစားနေရတတ်ပါတယ်..

❗️အခုခေတ်မှာ "စိတ်ဓါတ်ကျရောဂါ" ဆိုတာ လူကြီးတွေတင်မက ကလေးငယ်တွေမှာပါ အဖြစ်များလာတဲ့ အသံတိတ်အန္တရာယ်တစ်ခု ပါ.. ❗️

ကလေးတွေက လူကြီးတွေလို "သား စိတ်ညစ်နေတယ်"၊ "သမီး စိတ်ထဲမှာ အထီးကျန်နေတယ်" လို့ တော်ရုံပြောလေ့မရှိပါဘူး..

စာမေးပွဲဖိအား၊ သူငယ်ချင်းတွေကြား အပယ်ခံရတာ ဒါမှမဟုတ် အိမ်တွင်းရေး အဆင်မပြေမှုတွေက ကလေးလေးတွေရဲ့ စိတ်ကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်..

❗️အကယ်၍ သားသားမီးမီးတို့ဆီမှာ ဒီလို အပြောင်းအလဲလေးတွေ တွေ့နေရရင် ဒါဟာ သူတို့ အကူအညီလိုနေတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ် ..

📌ဆေးစစ်ကြည့်ရင် ဘာရောဂါမှ မရှိဘဲ ကလေးက
- ခေါင်းခဏခဏ ကိုက်တယ်လို့ ပြောခြင်း..
- ဗိုက်ခဏခဏ နာခြင်း..
- ကိုယ်ခံအားကျပြီး ဖျားနာလွယ်ခြင်း..
- ကိုယ်အလေးချိန် သိသိသာသာ ကျသွားခြင်း..
- အိပ်မပျော်ခြင်း (သို့မဟုတ်) အလွန်အကျွံ အိပ်ငိုက်နေခြင်း..
- အစားအရမ်းနည်းသွားခြင်း (သို့မဟုတ်) အလွန်အကျွံ စားခြင်း..

📌ကလေးရဲ့ စိတ်အခြေအနေက ပုံမှန်ထက် ပြောင်းလဲနေတတ်ပြီး
- အမြဲတမ်း ဝမ်းနည်းစိတ်ပူနေခြင်း..
- ဘာလုပ်လုပ် စိတ်မပါဘဲ မတက်ကြွခြင်း..
- အသေးအဖွဲကိစ္စလေးနဲ့ စိတ်တိုလွယ်၊ ဒေါသထွက်လွယ်ခြင်း..
- အကြောင်းရင်းမရှိဘဲ ခဏခဏ ငိုခြင်း..
- စာသင်ရမှာကို လုံးဝစိတ်မပါတော့ခြင်း..
- အရင်က ဝါသနာပါတဲ့ ကစားနည်းတွေ၊ ဝါသနာတွေကို စိတ်မဝင်စားတော့ခြင်း..

📌ကလေးက သူ့ကိုယ်သူ ပတ်သက်ပြီး အဆိုးမြင်တဲ့ အတွေးတွေအပြင်
- ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူး၊ တန်ဖိုးမရှိဘူးလို့ ထင်ခြင်း..
- အရာရာကို စိတ်ပျက်အားလျော့နေခြင်း..
- ကိစ္စတိုင်းမှာ မိမိကိုယ်ကိုယ်သာ အပြစ်တင်နေခြင်း..
- တခြားသူတွေအပေါ် ရန်လိုခြင်း၊ အကြမ်းဖက်ခြင်း သို့မဟုတ် အမြဲဆန့်ကျင်ဘက် လုပ်ဆောင်ခြင်း..
- အန္တရာယ်အရှိဆုံးအချက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေမယ့် အပြုအမူတွေ လုပ်ခြင်း..

🍀ကလေးငယ်တွေရဲ့ စိတ်ဓာတ်ကျခြင်းဟာ ကုသလို့ရတဲ့ ရောဂါတစ်ခုသာ ဖြစ်ပါတယ်..

🍀အရေးကြီးဆုံးကတော့ မေမေ ဖေဖေတို့ရဲ့ "နားလည်ပေးမှု" နဲ့ "အချိန်ပေး နားထောင်ပေးမှု" ပဲ ဖြစ်ပါတယ်..

🍀သားသားမီးမီးတို့ရဲ့ ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲလေးတွေကို စောစောစီးစီး သတိပြုမိပြီး ချစ်ခြင်းမေတ္တာတွေနဲ့ ဖေးမပေးမယ်ဆိုရင် သူတို့လေးတွေဟာ ဒီခက်ခဲတဲ့ အချိန်တွေကို အကောင်းဆုံး ကျော်ဖြတ်နိုင်မှာပါ..

📌အကယ်၍ ကလေးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ ခံစားရရင်တော့ နားလည်တတ်ကျွမ်းတဲ့ ကလေးစိတ်ကျန်းမာရေး ပညာရှင်တွေနဲ့ အမြန်ဆုံး ဆွေးနွေးတိုင်ပင်ပေးဖို့ မမေ့ပါနဲ့နော်...



🛌 ည ညဆို ဘေးကလူက “ ခရူး ခရူး “ ဆိုပြီးဟောက်လွန်းလို့ ထထ ထိုင်နေရတဲ့သူတွေရှိကြလား 🛌ဒါဆိုရင်တော့ ဟောက်တတ်တဲ့သူကို  ဒီအကြော...
26/04/2026

🛌 ည ညဆို ဘေးကလူက “ ခရူး ခရူး “ ဆိုပြီးဟောက်လွန်းလို့ ထထ ထိုင်နေရတဲ့သူတွေရှိကြလား 🛌
ဒါဆိုရင်တော့ ဟောက်တတ်တဲ့သူကို ဒီအကြောင်းအရာလေး မျှဝေပေးသင့်နေပြီနော် ‼️

💤အိပ်နေရင် ဟောက်တာဟာ ပုံမှန်လို့ပြောကြပေမဲ့
အလွန်အမင်းကျယ်လောင်စွာဟောက်တတ်ရင်တော့ အောက်ပါလက္ခဏာတွေ ရှိ၊မရှိသတိထားစောင့်ကြည့်သင့်ပါတယ်… 💤

🔆ဘယ်လိုလက္ခဏာတွေကို သတိထားသင့်တာလဲ?

▪️အိပ်ပျော်နေစဉ် အလွန်အမင်းကျယ်လောင်စွာ ဟောက်ခြင်း

▪️အသက်ရှူရခက်ခဲခြင်း

▪️အိပ်ပျော်နေစဉ် ခေတ္တအသက်ရှူရပ်တန့်ကြောင်း သံသယရှိခြင်း

▪️မကြာခဏအိပ်ငိုက်တတ်ခြင်း

▪️ညက အကြာကြီး အိပ်ခဲ့ပေမဲ့ မနက်နိုးရင် မလန်းဆန်းဘဲ တစ်နေကုန် ပြန်ငိုက်ခြင်း

▪️နိုးလာတဲ့မနက်တွေမှာ ခေါင်းကိုက်ပြီး တစ်နေ့လုံး အာရုံစိုက်မရခြင်း

▪️အိပ်နေစဉ် သွားကြိတ်ခြင်း၊ယောင်ယမ်းခြင်း၊ အိပ်မက်ဆိုးမက်ခြင်း၊ ခြေလက်များအကြောဆွဲခြင်း၊ လန့်နိုးခြင်း အစရှိတဲ့ မူမမှန်တဲ့လက္ခဏာတွေကြုံတွေ့နေရပြီဆိုရင်တော့ သတိထားသင့်ပါတယ်…‼️

🚥 ဒီလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ 𝐒𝐥𝐞𝐞𝐩 𝐓𝐞𝐬𝐭 လို့ခေါ်တဲ့ စစ်ဆေးမှုကို ခံယူသင့်ပါတယ်…

𝐒𝐥𝐞𝐞𝐩 𝐓𝐞𝐬𝐭 ဆိုတာကတော့ အိပ်နေစဉ်အတွင်းမှာ ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုတွေကို တိုင်းတာတဲ့စစ်ဆေးမှုတစ်ခုဖြစ်ပြီး အထူးသဖြင့်

✅ဦးနှောက်လှိုင်းများ
✅နှလုံးခုန်နှုန်း
✅အသက်ရှူနှုန်းတို့ကို တိုင်းတာကာ ပုံမှန်ရှိ၊မရှိစစ်ဆေးလေ့ရှိပါတယ်…

🛌 𝐒𝐥𝐞𝐞𝐩 𝐓𝐞𝐬𝐭 စစ်ဆေးခြင်းဖြင့်
𝐎𝐒𝐀 ( အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း ) အပါအဝင်
𝐒𝐥𝐞𝐞𝐩 𝐝𝐢𝐬𝐨𝐫𝐝𝐞𝐫𝐬 ( အိပ်စက်ခြင်းနှင့်ပတ်သတ်သော ရောဂါအကြောင်းအရင်းများ ) ကိုလည်း သိရှိနိုင်မှာ ဖြစ်ပါတယ် …..

😴 အိပ်နေရင်း ဟောက်ကြတဲ့သူအများစုဟာ ကိုယ့် ကိုကိုယ် ဟောက်မှန်းမသိကြပါဘူး…
အတူအိပ်ကြတဲ့သူ၊ အနားမှာရှိသူတွေသာ သတိထားမိကြတာပါ….

ဒါကြောင့် ဟောက်တတ်တဲ့သူတွေကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ အသိပေးလိုက်ပါနော် … 🥰

🏥 𝐒𝐥𝐞𝐞𝐩 𝐓𝐞𝐬𝐭 စစ်ဆေးမှုကို ထိုင်းနိုင်ငံရှိ အဆင့်မြင့် ဆေးရုံကြီးတွေဖြစ်တဲ့ 𝐏𝐡𝐲𝐚𝐭𝐡𝐚𝐢𝟏, 𝐏𝐡𝐲𝐚𝐭𝐡𝐚𝐢𝟐, 𝐋𝐚𝐝𝐩𝐫𝐨𝐚, 𝐓𝐡𝐨𝐧𝐛𝐮𝐫𝐢 𝐁𝐚𝐦𝐫𝐮𝐧𝐠𝐦𝐮𝐚𝐧𝐠 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 တို့မှာ 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ဈေးနှုန်းဖြင့် စစ်ဆေး လို့ရနေပြီဖြစ်တာကြောင့် စစ်ဆေးမှုကိုခံယူလိုတယ်ဆိုရင်တော့ *𝐇𝐞𝐚𝐥𝐭𝐡𝟒𝐔* သို့ ဆက်သွယ်ကာ ဆွေနွေးတိုင်ပင်လိုက်ပါနော် ….

☎️𝟎𝟗 𝟗𝟔𝟒𝟒𝟒𝟓𝟑𝟑𝟑, 𝟎𝟗 𝟗𝟔𝟒𝟒𝟒𝟖𝟑𝟑𝟑
🏡အမှတ် ၅, ပထမထပ် , သစ္စာလမ်း ရန်ကင်းမြို့နယ်, ရန်ကုန်မြို့။

#𝐡𝐞𝐚𝐥𝐭𝐡𝟒𝐮𝐦𝐞𝐝𝐢𝐜𝐚𝐥𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐡𝐞𝐚𝐥𝐭𝐡𝟒𝐮
#𝐒𝐥𝐞𝐞𝐩𝐓𝐞𝐬𝐭
#𝐛𝐚𝐧𝐠𝐤𝐨𝐤𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥𝐬

🌈 ကိုယ်လိုချင်တဲ့ 𝐆𝐞𝐧𝐝𝐞𝐫 𝐢𝐝𝐞𝐧𝐭𝐢𝐭𝐲 ကို ရှာဖွေပြီး ယုံကြည်မှုရှိရှိ ရှင်သန်နေကြတဲ့ 𝐋𝐆𝐁𝐓𝐐+ သူငယ်ချင်းတို့အတွက် .. အများစုက ...
24/04/2026

🌈 ကိုယ်လိုချင်တဲ့ 𝐆𝐞𝐧𝐝𝐞𝐫 𝐢𝐝𝐞𝐧𝐭𝐢𝐭𝐲 ကို ရှာဖွေပြီး ယုံကြည်မှုရှိရှိ ရှင်သန်နေကြတဲ့ 𝐋𝐆𝐁𝐓𝐐+ သူငယ်ချင်းတို့အတွက် ..

အများစုက ဟော်မုန်းကုထုံး (𝐇𝐨𝐫𝐦𝐨𝐧𝐞 𝐓𝐡𝐞𝐫𝐚𝐩𝐲) ခံယူတဲ့အခါ ဆေးသောက်ရုံနဲ့တင် လုံလောက်ပြီလို့ ထင်တတ်ကြပါတယ်..

❗️ဒါပေမဲ့ ဘာလို့ ကျွမ်းကျင်ဆရာဝန်နဲ့ စနစ်တကျ 𝐂𝐡𝐞𝐜𝐤-𝐮𝐩 လုပ်ဖို့ကလည်းအရေးကြီးတာလဲ?

🏳️‍🌈ဟော်မုန်းပမာဏဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီပါဘူး.. ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုက်ညီတဲ့ ပမာဏဟုတ်မဟုတ်ကို သွေးစစ်ကြည့်မှသာ သိနိုင်မှာဖြစ်ပြီး၊ ဒါမှသာ ရေရှည်မှာ ဘေးထွက်ဆိုးကျိုးမရှိဘဲ စိတ်ချလက်ချ ဆက်လက် သုံးစွဲ နိုင်မှာပါ..

🏳️‍🌈ဟော်မုန်းဆေးတွေကြောင့် ခန္ဓာကိုယ်တွင်းက အင်္ဂါအစိတ်အပိုင်းတွေ (ဥပမာ - အသည်း၊ ကျောက်ကပ်၊ အရိုးသိပ်သည်းဆ) အပေါ် သက်ရောက်မှု ရှိ၊ မရှိကိုလည်း စောစောစီးစီး သိရှိပြီး ကြိုတင်ကာကွယ်နိုင်ပါတယ်..

🏳️‍🌈"ငါသောက်နေတဲ့ဆေးက ငါ့ခန္ဓာကိုယ်နဲ့ တကယ်ကော အဆင်ပြေရဲ့လား? ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်မလား?" ဆိုတဲ့ စိုးရိမ်စိတ်တွေ လျော့ပါးသွားပါလိမ့်မယ်..

🏳️‍🌈အတွေ့အကြုံရင့်ကျက်တဲ့ ဆရာဝန်ကြီးတွေရဲ့ အကြံပြုချက်အတိုင်း စနစ်တကျ ရှေ့ဆက်ရတာဖြစ်လို့ ကြောက်စိတ်မရှိတော့ဘဲ ယုံကြည်မှုအပြည့် ရှိနေမှာပါ..

🍀ကိုယ့်ရဲ့ စိတ်တိုင်းကျ ပုံရိပ်လေးကို ပိုင်ဆိုင်ဖို့ ကြိုးစားနေချိန်မှာ "ကျန်းမာရေး" ကိုလည်း ဂရုစိုက်ဖို့ မမေ့ပါနဲ့နော်...

🍀ဒါကြောင့် 𝐇𝐞𝐚𝐥𝐭𝐡𝟒𝐔 ကနေ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းဆေးရုံကြီး (၂) ခု 𝐏𝐡𝐲𝐚𝐭𝐡𝐚𝐢 𝟐 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 နဲ့ 𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ရဲ့ 𝐋𝐆𝐁𝐓𝐐+ သီးသန့် ကျန်းမာရေးစစ်ဆေးမှု 𝐏𝐚𝐜𝐤𝐚𝐠𝐞 တွေကို မိတ်ဆက်ပေးလိုက်ပါတယ်နော် ..

✨ရိုးရိုးကျန်းမာရေးစစ်ဆေးမှုတွေမှာ မပါဝင်တတ်တဲ့ 𝐋𝐆𝐁𝐓𝐐+ သူငယ်ချင်းတို့အတွက် သီးသန့်လိုအပ်တဲ့ အချက်အလက်တွေကို တိတိကျကျ စစ်ဆေးပေးတာမို့ ဒီလို 𝐩𝐚𝐜𝐤𝐚𝐠𝐞 တွေကပိုမိုထိရောက်ပြီး ပြည့်စုံပါတယ်..
𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐜𝐡𝐞𝐜𝐤 𝐮𝐩 လုပ်ချင်တာပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာ ဆရာဝန်ကြီးများနဲ့ ဆွေးနွေးချင်တာဖြစ်ဖြစ် ပြုလုပ်လိုပါက

𝐇𝐞𝐚𝐥𝐭𝐡𝟒𝐔 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
📍ရန်ကုန်ရုံး
အမှတ်(၅)၊ သစ္စာလမ်း၊ ပထမထပ်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ရန်ကုန်ရုံး
𝟎𝟗 𝟗𝟔 𝟒𝟒𝟒 𝟓𝟑𝟑𝟑,
𝟎𝟗 𝟗𝟔 𝟒𝟒𝟒 𝟖𝟑𝟑𝟑

#𝐡𝐞𝐚𝐥𝐭𝐡𝟒𝐮
#𝐡𝐞𝐚𝐥𝐭𝐡𝟒𝐮𝐦𝐞𝐝𝐢𝐜𝐚𝐥𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐦𝐞𝐝𝐢𝐜𝐚𝐥 𝐜𝐡𝐞𝐜𝐤 𝐮𝐩
#𝐋𝐆𝐁𝐓𝐐𝐈𝐀+

☀️အခုလို နေပူရှိန်ပြင်းတဲ့ ရာသီမှာ နေပူထဲကပြန်လာလို့ပဲဖြစ်ဖြစ်၊ အိမ်ထဲမှာပဲနေရင်း အပူဒဏ်ကြောင့် နုံးချည့်နေရင်ပဲဖြစ်ဖြစ်...
23/04/2026

☀️အခုလို နေပူရှိန်ပြင်းတဲ့ ရာသီမှာ နေပူထဲကပြန်လာလို့ပဲဖြစ်ဖြစ်၊ အိမ်ထဲမှာပဲနေရင်း အပူဒဏ်ကြောင့် နုံးချည့်နေရင်ပဲဖြစ်ဖြစ် အမောပြေစေမယ့် သဘာဝအသီးအနှံလေးတွေ အကြောင်းဖတ်ကြည့်လိုက်ရအောင်နော်..

🍉 ဖရဲသီး က ရေဓာတ်အရမ်းများလို့ အမောပြေစေတဲ့အပြင် ရင်ကိုလည်း အေးစေပါတယ်.. အစာစားပြီးချိန်မှာ အချိုတည်းတဲ့အနေနဲ့ ဖရဲသီးလေး စားပေးတာက အချိုဓာတ်ကို ထိန်းညှိပေးသလိုဖြစ်လို့ ဘက်စုံသင့်တော်ပါတယ်..

🍊 လိမ္မော်သီးလို ဗီတာမင်စီပါတဲ့ အသီးလေးတွေက လည်းနွေရာသီအတွက် လန်းဆန်စေပါတယ် ..
အမျှင်ဓာတ်ရအောင် အသီးကို ဒီတိုင်းစားလို့ရသလို သကြားမပါတဲ့ သဘာဝဖျော်ရည်လေးတွေအနေနဲ့လည်း သောက်သုံးလို့ရပါတယ်..

🥥 အုန်းစိမ်းရည်လေး တစ်ခွက်က ခန္ဓာကိုယ်အတွက် ဓာတ်ဆားရည် အထုပ်လိုက် သောက်လိုက်ရသလိုပါပဲ..
သဘာဝအတိုင်း ချိုအေးနေတာမို့ ဘာမှထပ်မထည့်ဘဲ သောက်တာက အကောင်းဆုံးဖြစ်ပြီး အချိုဓာတ်လည်း သင့်တင့်ရုံပဲမို့ စိတ်ချလက်ချ သောက်သုံးလို့ရပါတယ်..

🍈 သခွားမွှေး ကတော့ အခုလိုရာသီမှာ အပေါဆုံးနဲ့ အမွှေးဆုံးပါပဲ..
ရေဓာတ်ကြွယ်ဝရုံတင်မကဘဲ သူ့အလိုလို ချိုအီမွှေးနေတာမို့ သကြား ဒါမှမဟုတ် နို့ဆီတွေ ထပ်ထည့်စရာမလိုဘဲ အေးအေးလေး စားလိုက်လို့အဆင်ပြေပါတယ်..

🥒 သခွားသီး ကခန္ဓာကိုယ်ထဲက အပူအပုပ်တွေကို ဖယ်ရှားပေးတဲ့နေရာမှာ ကောင်းပြီးပြီး အချိုဓာတ်လည်း မပါသလောက်မို့ ထမင်းဝိုင်းမှာ တို့စရာအနေနဲ့ အသုပ် အနေနဲ့ပဲ ဖြစ်ဖြစ် စိတ်ကြိုက်စားလို့ရပါတယ်..

☂️အပူရှိန် တော်တော်ပြင်းနေတာဆိုတော့ ရေများများသောက်ရင်း ဒီလို အေးမြတဲ့ အသီးအနှံလေးတွေ စားရင်း ခန္ဓာကိုယ္ အပူဒဏ်လျော့အောင် ဂရုစိုက်ကြပါဦးနော်..



22/04/2026

Check out Health4U Medical Services’s post.

👓မျက်မှန်တွေ၊ 𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐋𝐞𝐧𝐬𝐞𝐬 တွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ နေ့ရက်တွေကို စွန့်လွှတ်ပြီး စိတ်ချရတဲ့ အမြင်အာရုံကို 𝐓𝐑𝐒𝐂 နဲ့အတူ ရ...
20/04/2026

👓မျက်မှန်တွေ၊ 𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐋𝐞𝐧𝐬𝐞𝐬 တွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ နေ့ရက်တွေကို စွန့်လွှတ်ပြီး စိတ်ချရတဲ့ အမြင်အာရုံကို 𝐓𝐑𝐒𝐂 နဲ့အတူ ရယူဖို့ အချိန်ရောက်ပါပြီ..

🍀ထိုင်းနိုင်ငံရဲ့ ထိပ်တန်း 𝐋𝐀𝐒𝐈𝐊 𝐂𝐞𝐧𝐭𝐞𝐫 ဖြစ်တဲ့ 𝐓𝐑𝐒𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐀𝐒𝐈𝐊 𝐂𝐞𝐧𝐭𝐞𝐫 မှာ ကိုယ့်ရဲ့ မျက်လုံးနဲ့ အကိုက်ညီဆုံးဖြစ်မယ့် 𝐏𝐚𝐜𝐤𝐚𝐠𝐞 မျိုးစုံကို ရွေးချယ်နိုင်ပါတယ်...

🍀မျက်လုံးကျန်းမာရေး စစ်ဆေးမှုနှင့် ကုသမှုများ
- အထူးကုဆရာဝန်ကြီးများနဲ့ စနစ်တကျ မျက်လုံးစစ်ဆေး ဖို့ 𝐁𝐚𝐬𝐢𝐜 & 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐄𝐲𝐞 𝐂𝐡𝐞𝐜𝐤-𝐮𝐩
- မျက်စိခြောက်သွေ့သူများအတွက် 𝐃𝐫𝐲 𝐄𝐲𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 အထူးကုသမှုနှင့် 𝐄𝐲𝐞𝐥𝐢𝐝 𝐒𝐩𝐚 ဝန်ဆောင်မှုများ

🍀အဆင့်မြင့် 𝐋𝐀𝐒𝐈𝐊 နှင့် 𝐋𝐚𝐬𝐞𝐫 ကုသမှုများ
- ၂၅ စက္ကန့်အတွင်း အချိန်တိုကုသ အနာအကျက်မြန်ပြီး နောက်တစ်ရက်မှာတင် ပုံမှန်အလုပ်လုပ်နိုင်တဲ 𝐒𝐦𝐢𝐥𝐞𝐏𝐫𝐨 𝟐.𝟎 (𝐒𝐮𝐩𝐞𝐫 𝐑𝐞𝐋𝐄𝐱) ( နောက်ဆုံးပေါ်နည်းပညာ )
- မျက်ကြည်လွှာထိခိုက်မှု အနည်းဆုံးနဲ့ ဓားသုံးစရာမလိုဘဲ အမြင်အာရုံကို ပြန်လည်ပြုပြင်ပေးတဲ့ 𝐑𝐞𝐋𝐄𝐱 𝐒𝐌𝐈𝐋𝐄
- 𝐋𝐚𝐬𝐞𝐫 နည်းပညာကို အသုံးပြုပြီး တိကျမှုနဲ့ စိတ်ချရမှုကို အပြည့်အဝပေးစွမ်းနိုင်တဲ့ လူကြိုက်များသော ကုသမှု ဖြစ်တဲ့ 𝐅𝐞𝐦𝐭𝐨𝐋𝐀𝐒𝐈𝐊
- မျက်ကြည်လွှာပါးလွန်းသူတွေနဲ့ အမြင်အာရုံ အလွန်အမင်း အားနည်းသူတွေအတွက် 𝐈𝐂𝐋

ဒါ့အပြင်
- အတွင်းတိမ်ရှိသူတွေနဲ့ အသက်ကြီးပိုင်းမှာ အမြင်အာရုံ ပြန်လည်ကြည်လင်ချင်သူတွေအတွက် 𝐂𝐚𝐭𝐚𝐫𝐚𝐜𝐭 𝐈𝐎𝐋
- အသက်အရွယ်ကြောင့်ဖြစ်တဲ့ အနီးမှုန်ခြင်းသာမက
- မျက်ကြည်လွှာ၊ အမြင်လွှာ ဆိုင်ရာ ပြဿနာများနှင့် ရေတိမ်ရောဂါများအတွက် အဆင့်မြင့်စက်ကိရိယာများဖြင့် ကုသပေးနိုင်ပါတယ် ..

👓မျက်လုံးနဲ့ပတ်သက်ပြီး ဘယ်လိုအခက်အခဲမျိုးပဲရှိရှိ 𝐓𝐑𝐒𝐂 မှာ ယုံကြည်စိတ်ချစွာ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်…

💁🏻‍♀️𝐓𝐑𝐒𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐀𝐒𝐈𝐊 𝐂𝐞𝐧𝐭𝐞𝐫 မှာ မျက်လုံးနဲ့ ပတ်သတ်ပြီး ပြသ ဆွေးနွေးလိုပါက

𝐇𝐞𝐚𝐥𝐭𝐡𝟒𝐔 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
📍ရန်ကုန်ရုံး
အမှတ်(၅)၊ သစ္စာလမ်း၊ ပထမထပ်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ရန်ကုန်ရုံး
𝟎𝟗 𝟗𝟔 𝟒𝟒𝟒 𝟓𝟑𝟑𝟑,
𝟎𝟗 𝟗𝟔 𝟒𝟒𝟒 𝟖𝟑𝟑𝟑

#𝐡𝐞𝐚𝐥𝐭𝐡𝟒𝐮
#𝐡𝐞𝐚𝐥𝐭𝐡𝟒𝐮𝐦𝐞𝐝𝐢𝐜𝐚𝐥𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐓𝐑𝐒𝐂
#𝐋𝐀𝐒𝐈𝐊
#𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧𝐬

Address

No. 5, 1st Floor (A), Thitsar Road, Yankin Township
Yangon
11081

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959964449666

Website

Alerts

Be the first to know and let us send you an email when Health4U Medical Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share