29/05/2024
❤️အားလုံးဘဲမင်္ဂလာနေ့လည်ခင်းလေးပါ။ “ရွှေမီးအိမ်”မိသားစုကနေ လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။❤️
အရာရာအပြောင်းအလဲအလွန်လျင်မြန်တဲ့ခေတ်ကြီးမှာ ကျွန်တော်တို့လဲ ပတ်ဝန်းကျင်မှလာတဲ့စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေခဲ့ရတယ်။
ဒီစိန်ခေါ်မှုများထဲမှာ လူအိုလူကြီးတွေ အရွယ်ရလူကြီးမိဘတွေအပေါ်စောင့်ရှောက်မှု လျော့ပါးပြီး လျစ်လျူရှုမိတတ် လာကြတာဟာမျက်မြင်ပါပဲ။ ခေတ်ကြီးဖွံဖြိုးတိုးတက်လာတာနဲ့အမျှ လူဦးရေဖွဲ့စည်းမှုပုံစံ သိသိသာသာပြောင်းလဲလာခဲ့ပြီး လူအိုအရွယ်လူဦးရေ ဟာပိုပိုပြီးများပြား လာနေတာကို တွေ့မြင်နေကြရပြီ။
🥳ဒါကြောင့် ကျွန်တော်တို့ဟာ “ရွှေမီးအိမ်”ဘိုးဘွား အသုံးအဆောင်ပစ္စည်း ကိုတည်ထောင်ခဲ့ပြီး လူကြီးပိုင်းတွေမှာကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့လိုအပ်ချက်တွေကို ဖော်ထုတ်ဖြေရှင်းဖို့ရည်ရွယ်ခဲ့ပါတယ်။🥳
😊ကျွန်တော်တို့ရဲ့ရည်မှန်းချက်ပန်းတိုင်ဟာ စီးပွားရေးသက်သက်မဟုတ်ဘဲ လူကြီးလူအိုတွေကို နွေးထွေးတဲ့ဂရုစိုက်မှုများနဲ့ ထောက်ပံ့မှုများကိုပေးစွမ်းနိုင်ဖို့ဘဲဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ ရွှေမီးအိမ်ကနေ လူကြီးမိဘတွေရဲ့ လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ပြီး ပိုမိုကောင်းမွန်တဲ့နေထိုင်မှု ရရှိနိုင်ဖို့ လူကြီးနေ့စဉ်သုံးပစ္စည်းများနှင့်အခြားကျန်းမာရေးအထောက်အကူပြုပစ္စည်းများ တင်ပေးရောင်းချသွားမှာဖြစ်ပါတယ်။😊
ဒီအင်တာနက်ခေတ်ကြီးမှာ🛜 လူအိုလူကြီးများအနေနဲ့ ကျန်းမာရေးသတင်းများ ရရှိနိုင်ဖို့ ပိုမိုလွယ်ကူလာနေပြီပဲဖြစ်တယ်။ ဒါကြောင့် ရွှေမီးအိမ်သည် ပစ္စည်းအရောင်းအဝယ်များအပြင် page မှလု လူကြီးမိဘများနှင့်ပတ်သက်တဲ့ကျန်းမာရေး အသိပေးဗဟုသုတများ၊ နေထိုင်မှုအဆင့်အတန်းမြင့်တင်ဖို့နည်းလမ်းများကိုလဲမျှဝေ ပေးသွားမှာပဲဖြစ်တယ်။ဒါကြောင့်လဲ လူကြီးမိဘများ Pageလေးကို Followလုပ်ထားဖို့လဲ တိုက်တွန်းပါတယ်။🥰
❤️💕ကျွန်တော်တို့ဆီကနေ လိုအပ်တဲ့အကူအညီရလိုရင်လဲ Messengerကနေဘဲဖြစ်ဖြစ်၊ ဖုန်းနဲ့ဘဲဖြစ်ဖြစ်📞 ဆက်သွယ်ဖို့ လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။ သင်မည်သည့်နေရာမှာဘဲရှိနေပါစေ၊ အကူအညီလိုလျှင် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့ဟာ ကျွန်တော်တို့ရဲ့တာဝန်သာဖြစ်ပါတယ်။❤️💕
🙏ကျွန်တော်တို့ ရွှေမီးအိမ်မိသားစုဟာ တည်ထောင်စအသင်းလေးဖြစ်တဲ့အတွက် ဝန်ဆောင်မှုပေးရာတွင် တစုံတရာမပြည့်စုံခဲ့သည်ရှိသော် အများပြည်သူကိုကြိုတင်တောင်းပန်အပ်ပါတယ်။ 🙏
ရွှေမီးအိမ်မှလဲ ထပ်တလဲလဲပြုပြင် တိုးတက်ပြောင်းလဲသွားမှာဖြစ်ပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။ သင်တို့ရဲ့ယုံကြည်မှုနဲ့ အားပေးမှုဟာ ကျွန်တော်တို့အတွက် အားဆေးဖြစ်စေပြီး ရွှေမီးအိမ်မောင်နှမများမှ အထူးပင်ကျေးဇူးတင်အပ်ပါတယ်။ သင်တို့နှင့်အတူ ပိုမိုကောင်းမွန်တဲ့ အနာဂတ် အတူတည်ဆောက်နိုင်သွားဖို့လဲ အလွန်မျှော်လင့်ပါတယ်ခင်ဗျာ။💓💓💓