Fujinami ၀၉၆၉၉၇၉၈၂၉၅

Fujinami ၀၉၆၉၉၇၉၈၂၉၅ USA supplement အစုံအလင် ဝယ်ယူနိုင်ပါတယ်

အရောင် နဲ့ လိုက်ပြီ ပါဝင် ပစ္စည်း ကွဲပြားပါတယ် တမျိုးကို ဟင်းသီးဟင်းရွက် ၉၆မျိုး မှ ၇၅ မျိုးပါဝင်ပါတယ် အဲဒါ ကိုသောက်ယင် ဝမ်းမှန်စေပြီ ကင်ဆာရောဂါအထိ ကာကွယ်ပါတယ်

ဗိုက်ထဲက အောင့်တာ၊ နာကျင်တာဟာ လူတိုင်းကြုံဖူးတဲ့ ဝေဒနာတစ်ခုပါ။ ဒါပေမဲ့ မိမိရဲ့ ဗိုက်နာတာက ဘယ်နေရာကနေ စဖြစ်ပြီး ဘာကြောင့်...
26/05/2026

ဗိုက်ထဲက အောင့်တာ၊ နာကျင်တာဟာ လူတိုင်းကြုံဖူးတဲ့ ဝေဒနာတစ်ခုပါ။ ဒါပေမဲ့ မိမိရဲ့ ဗိုက်နာတာက ဘယ်နေရာကနေ စဖြစ်ပြီး ဘာကြောင့်ဖြစ်နိုင်လဲဆိုတာ သင်သတိပြုမိပါသလား။
ဒီနေ့ပို့စ်မှာတော့ ဝမ်းဗိုက်ကို နေရာ (၉) ပိုင်း စနစ်တကျခွဲခြားပြီး ဘယ်နေရာမှာ ဘယ်လိုကိုယ်တွင်းအင်္ဂါတွေရှိနေလဲ၊ ဘယ်လိုရောဂါလက္ခဏာတွေ ဖြစ်ပွားတတ်သလဲဆိုတာ အသေးစိတ် မျှဝေပေးချင်ပါတယ်။
အပိုင်း (၁) - ညာဘက်အပေါ်ပိုင်း (Right Upper)
ရှိသော အင်္ဂါများ - အသည်း၊ သည်းခြေအိတ်၊ အူမကြီးအကွေးပိုင်း၊ ညာဘက်အဆုတ်အောက်ခြေ။
ဖြစ်နိုင်သော ရောဂါများ - အသည်းရောင်ခြင်း (ဗိုင်းရပ်စ် သို့မဟုတ် အရက်ကြောင့်)၊ အသည်းပြည်တည်ခြင်း၊ သည်းခြေအိတ်နှင့် လမ်းကြောင်း ရောင်ရမ်းခြင်း၊ အူမကြီးရောင်ခြင်း/ပိတ်ခြင်း၊ အသည်းကင်ဆာ။
အပိုင်း (၂) - အလယ်အပေါ်ပိုင်း (Epigastric)
ရှိသော အင်္ဂါများ - အစာအိမ်၊ မုန့်ချိုအိတ်၊ ကန့်လန့်ဖြတ်အူမ၊ အသည်းအမွှာနု။
ဖြစ်နိုင်သော ရောဂါများ - အစာအိမ်ရောင်ခြင်း/အနာဖြစ်ခြင်း (သွေးအန်ခြင်း၊ ဝမ်းအမည်းသွားခြင်း)၊ အစာအိမ်နှင့် အူသိမ်ဦး ပေါက်ခြင်း၊ အစာအိမ်ကင်ဆာ၊ အူသိမ်ပိတ်ခြင်း။
အပိုင်း (၃) - ဘယ်ဘက်အပေါ်ပိုင်း (Left Upper)
ရှိသော အင်္ဂါများ - သရက်ရွက်၊ အူမကြီးအကွေးပိုင်း၊ ဘယ်ဘက်အဆုတ်အောက်ခြေ။
ဖြစ်နိုင်သော ရောဂါများ - သရက်ရွက်ထိခိုက်ဒဏ်ရာရခြင်း၊ အူရောင်ခြင်း/ပိတ်ခြင်း/ကင်ဆာဖြစ်ခြင်း/ပေါက်ထွက်ခြင်း၊ ပြတ်ရှဒဏ်ရာများ။
အပိုင်း (၄) - ညာဘက်အလယ်ပိုင်း (Right Flank)
ရှိသော အင်္ဂါများ - ညာဘက်ကျောက်ကပ်၊ အထက်တက်အူမ။
ဖြစ်နိုင်သော ရောဂါများ - ကျောက်ကပ်ရောင်ခြင်း/ကွဲခြင်း/ကင်ဆာဖြစ်ခြင်း/ရေဝင်ခြင်း၊ အူလမ်းကြောင်းရောင်ရမ်းခြင်း။
အပိုင်း (၅) - အလယ်ချက်နား (Umbilical)
ရှိသော အင်္ဂါများ - အူသိမ်။
ဖြစ်နိုင်သော ရောဂါများ - အူသိမ်ပိတ်ခြင်း/ပေါက်ခြင်း/လိမ်ခြင်း/ခေါက်ခြင်း၊ သန်ထိုးခြင်း/သန်ကောင်ပိတ်ဆို့ခြင်း၊ ပြင်ပပစ္စည်းဝင်ရောက်ပိတ်ဆို့ခြင်း။
အပိုင်း (၆) - ဘယ်ဘက်အလယ်ပိုင်း (Left Flank)
ရှိသော အင်္ဂါများ - ဘယ်ဘက်ကျောက်ကပ်၊ အောက်ဆင်းအူမ။
ဖြစ်နိုင်သော ရောဂါများ - (အပိုင်း ၄ တွင် ဖော်ပြထားသည့် ကျောက်ကပ်နှင့် အူရောဂါများအတိုင်း ဖြစ်ပွားနိုင်ပါသည်။)
အပိုင်း (၇) - ညာဘက်အောက်ပိုင်း (Right Lower)
ရှိသော အင်္ဂါများ - အူအတက်၊ အူမစပိုင်း၊ (အမျိုးသမီးများတွင်) ညာဘက်မျိုးဥအိမ်နှင့် သားဥပြွန်။
ဖြစ်နိုင်သော ရောဂါများ - အူအတက်ရောင်ခြင်း/ပြည်တည်ခြင်း/ပေါက်ခြင်း၊ အူမကင်ဆာ/ပိတ်ခြင်း/ရောင်ခြင်း၊ ပိုးဝင်ခြင်း၊ မျိုးဥအိမ်အကျိတ်ထွက်ခြင်း/ရောင်ရမ်းခြင်း။
အပိုင်း (၈) - အလယ်အောက်ပိုင်း (Suprapubic/Hypogastric)
ရှိသော အင်္ဂါများ - ဆီးအိမ်၊ သားအိမ်၊ မစင်အိမ်။
ဖြစ်နိုင်သော ရောဂါများ - ဆီးလမ်းကြောင်းကျောက်တည်ခြင်း၊ ဆီးအိမ်/ဆီးကျိတ်/သားအိမ် ကင်ဆာ သို့မဟုတ် အကျိတ်ဖြစ်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း/သားအိမ်ပေါက်ခြင်း/ဆီးအိမ်ပေါက်ခြင်း၊ ဆီးအိမ်/သားအိမ်/မစင်အိမ် ရောင်ရမ်းခြင်း၊ ကိုယ်ဝန်ရှိခြင်း။
အပိုင်း (၉) - ဘယ်ဘက်အောက်ပိုင်း (Left Lower)
ရှိသော အင်္ဂါများ - အူမအဆုံးပိုင်း၊ (အမျိုးသမီးများတွင်) မျိုးဥအိမ်၊ ဘယ်ဘက်သားဥပြွန်။
ဖြစ်နိုင်သော ရောဂါများ - အူမကင်ဆာ/ရောင်ရမ်းခြင်း၊ ဂရင်ဂျီနာနာ၊ သားဥအိမ်ကင်ဆာ/ရောင်ရမ်းခြင်း။

မှတ်ချက် - ယခုဖော်ပြထားတဲ့ အချက်အလက်တွေဟာ ကျန်းမာရေးဗဟုသုတအဖြစ် လေ့လာနိုင်ဖို့သာ ဖြစ်ပါတယ်။ မိမိမှာ ဗိုက်နာတဲ့ဝေဒနာ ပြင်းထန်ရင်ဖြစ်ဖြစ်၊ မသက်သာဘဲ ကြာရှည်နေရင်ဖြစ်ဖြစ် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ကြီးများနှင့် အမြန်ဆုံးပြသပြီး စစ်ဆေးကုသမှုခံယူဖို့ အထူးအရေးကြီးပါတယ်နော်။

D-Mannoseဆီးသွားရတာ ပူလောင်၊ နာကျင်နေမယ်၊ ဆီးခုံ အောင့်မယ်၊ တခါတရံ ကိုယ်ပူမယ်၊ ဆီးခဏခဏ သွားချင်နေမယ်၊ သွားချင်လာရင်လဲ အိ...
19/05/2026

D-Mannose
ဆီးသွားရတာ ပူလောင်၊ နာကျင်နေမယ်၊ ဆီးခုံ အောင့်မယ်၊ တခါတရံ ကိုယ်ပူမယ်၊ ဆီးခဏခဏ သွားချင်နေမယ်၊ သွားချင်လာရင်လဲ အိမ်သာ တန်းပြေးမှ မဟုတ်ရင် တစက်တစက် လမ်းမှာထွက်မယ်၊ ဆီးသွားချင်နေပြီး ဆီးကထွက်စရာ မရှိ၊ ဆီးထဲမှာ အနယ်ပါမယ်၊ အနံ့ဆိုးမယ်၊ ဆီးထဲမှာသွေးပါမယ်

အဲဒါဆို ဆီးလမ်းကြောင်း ပိုးဝင်တာ ဖြစ်နိုင်ပါတယ်

များသောအားဖြင့် မစင်ကပိုး ဆီးလမ်းကြောင်းထဲ ဝင်ပြီး ရောဂါရတာပါ

ယောက်ကျားလေးတွေရဲ့ ဆီးလမ်းကြောင်းက စအိုနဲ့ ဝေးလို့ အဖြစ်နည်းပြီး မိန်းကလေးတွေက နီးလို့ အဖြစ် များပါတယ်

ဆီးလမ်းကြောင်း ပိုးဝင်ရင် အရင်က Cranberry သောက်ကြပါတယ်၊ အခု အဲ့ဒါထက် ပိုကောင်းတဲ့ D-Mannose သောက်ကြပါတယ်၊

ဖြစ်နေတဲ့အချိန်မှာ တခါသောက် 500mg ၃ လုံး တနေ့ ၃ ကြိမ် သောက်ကြပြီး မဖြစ်အောင် ကာကွယ်လိုသူတွေက ၁ လုံး ၂ ကြိမ် သောက်ကြပါတယ်။

Crd #မူရင်း

09755434612 Viber မှာ မေးမြန်းပြီ မှာယူနိုင်ပါတယ်

11/05/2026
06/05/2026

ကျနော် Autoimmune ရောဂါတွေဖြစ်တဲ့

၁။ ကျီးပေါင်း
၂။ RA (သွေးလေးဘက်နာ)
၃။ SLE (အရေပြား လေးဘက်နာ)
၄။ Sjogren's syndrome
၅။ Psoriasis (နှင်းခူ)
၆။ Grave Disease (သိုင်းရွိုက်ဟော်မုန်း များခြင်း)
၇။ Guillian Barre Syndrome (ကြွက်သားအင်အား ဆုတ်ယုတ်လာခြင်း)
၈။ Multiple Sclerosis (နာဗ့်ကြောပျက်ပြီး ကြွက်သား အားလျော့ခြင်း)
၉။ Hashimoto's Thyroiditis (သိုင်းရွိုက်ဖျက်ဆီးခံရပြီး ဟော်မုန်း နည်းခြင်း)
၁၀။ Myasthenia Gravis (မျက်စိကြွက်သား အားနည်းပြီး ဖွင့်မရခြင်း)

ဖြစ်ခဲ့လျင်

ဒါတွေ ရှောင်မယ်
အချိုမှုန့်၊ အချိုရည်၊ ရေခဲမုန့်၊ အချိုသီး (သရက်၊ ဖရဲ၊ နာနတ်)၊ ကိတ်မုန့်၊ ကွတ်ကီး၊ မိုင်လို၊ ဟောလစ်၊ အိုဗာတင်း၊နွားနို့၊ သကြား၊ ဂျုံ၊ ကောက်ညှင်း၊ ဆီကြော် အစားအစာ၊ ဖြူအောင် ချွတ်ထားတဲ့ ဆား၊ ခေါက်ဆွဲခြောက်၊ တာရှည်ခံ အစားအစာ၊ ငပိ၊ ငံပြာရည်၊ ပဲမျိုးစုံ၊ အရက်၊ ဘီယာ
အာလူး၊ ပြောင်းဖူး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး (Nightshade Vegetable)၊ Oxalates များတဲ့ ဟင်းသီးဟင်းရွက်

ဒါတွေ စားမယ်
၁။ rock salt (or) sea salt (or) ဆားကြမ်း
၂။ Oxalates နည်းတဲ့ အရွက်စိမ်းကြိတ်ရည်၊ အရိုးပြုတ်ရည်
၃။ Apple cider vinegar ဇွန်းကြီး တဇွန်း ရေ တဖန်ခွက် (500ml) နဲ့ ရောပြီး ထမင်းမစားခင် ၂ ကြိမ်
၄။ နွယ်ချို၊ ရှားစောင်းလက်ပတ် ဂျယ်လီ
၅။ အိမ်လုပ်ချဉ်ဖတ်၊ အိမ်လုပ် ဒိန်ချဉ်
၆။ ​ရောဂါ ပြင်းလျင် ဟင်းသီးဟင်းရွက် ​ရှောင်ပြီး အသားချည်းပဲ စားတဲ့ Diet တလ လုပ်ပါမယ်

ဒါတွေလုပ်မယ်
၁။နေ့စဉ် မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းလုပ် မယ်
၂။ နေပူစာလှုံမယ်၊ မြေဓာတ်ယူမယ်
၃။ အိပ်ရေး ဝအောင် အိပ်မယ် စိတ်ဖိဆီးမှု နည်းနိုင်သမျှ နည်းအောင် နေမယ်
၄။ ကျီးပေါင်းအတွက် လေ့ကျင့်ခန်း လုပ်မယ်
၅။ Intermittent Fasting လုပ်မယ်

ဒါတွေသောက်မယ်
၁။ Vitamin D3 5000iu + K2 100mcg
၂။ Probiotic 30 billion
၃။ Magnesium malate (or) citrate 400 mg
၄။ Digestive enzymes
၅။ L glutamine
၆။ Coq10 200 mg
၇။ Zinc 50 mg
၈။ Selenium 200 mg
၉။ Cod liver oil + ဆနွင်း
၁၀။ N Acetyl L Cysteine 600mg
၁၁။ Collagen
၁၂။ Glycine
၁၃။ Creatine
၁၄။ L Carnitine
၁၅။ Carnisine
၁၆။ Choline
၁၇။ သိုင်းရွိုက်ဟော်မုန်း နည်းတဲ့ လက္ခဏာ ရှိပါက metabolic advantage ၂ လုံးမှ ၆ လုံးအထိ or Thyroid Glandular သောက်မယ်

မဖြစ်ခင် ရသလောက် လိုက်နာထားရင် ဖြစ်ဖို့လမ်း အလွန် နည်းသွားမှာပါ

Crd #မူရင်း

29/04/2026

Antioxidant Network

ခုခံအား တက်အောင် ကင်ဆာ မဖြစ်အောင် ကျောက်ကပ် နှလုံး အဆုတ် အားကောင်းအောင် Antioxidant Network သောက်ပါ ဆိုတဲ့စကား မကြာခန ကြားဖူးမှာပါ၊

ဆိုလိုတာက Antioxidant တွေ အစုံ သောက်ပါလို့ ပြောတာပါ

Antioxidant ထဲမှာ ပါတာတွေက Vitamin A, C, E, Glutathione (NAC), Alpha Lipoic Acid, Coq10, Magnesium, Zinc စတာတွေပေါ့

တမျိုးချင်း သောက်မယ်ဆိုရင် ဆေးလုံးတွေ အများကြီး သောက်နေရမှာဖြစ်လို့ တချို့က တလုံးထဲမှာ 7 မျိုး ပါတဲ့ Antioxidant Network ကို သောက်ကြပါတယ် အဲဒါကို သောက်မယ်ဆိုရင် အဲဒီထဲမှာ မပါတာတွေ ပါသော်လည်း ပမာဏ နည်းနေတာတွေကို လိုအပ်ရင် ဖြည့်သောက်ရပါတယ်

အဲဒီဆေးရဲ့ ဆေး တလုံးမှာ ပါတာတွေက
1. N Acetyl L Cysteine (NAC) 200mg
2. Mixed tocopherals (Vitamin E) 150mg
3. COQ10 100mg
4. Dl Alpha Lipoic Acid (R Lipoic Acid) 100mg
5. Green tea extract 60mg
6. Zinc 5.5mg
7. Selenium 100mcg

တနေ့ တလုံး တကြိမ် ထမင်းစားပြီး သောက်ရပါတယ်၊

တဘူးမှာ အလုံး 60 ပါပါတယ်။

ဖြည့်စွက်စာ တမျိုးချင်းအကြောင်း စာအုပ်

09755434612 (Viber) or Page messenger မေးမြန်းပြီ မှာယူနိုင်ပါတယ်။

23/04/2026

၁။ Super Food လို့ ​ပြော​နေကြတဲ့ ကျန်းမာ​ရေးအတွက် အ​ကောင်းဆုံး အစားအစာက ဟင်းသီးဟင်းရွက် မဟုတ်ဘဲ အသားမှာ ပါတဲ့ Creatine, Choline, Carnitine, Carnosine ဖြစ်ပါတယ်

၂။ ကြွက်သားနဲ့ ဦး​နှောက် အာရုံ​ကြောအတွက် အလွန် အ​ရေးကြီး လိုအပ်တဲ့ အဲဒီဓါတ်​တွေက ဟင်းသီးဟင်းရွက်မှာ မပါပါ။

၄။ အဲဒီ ၄ မျိုးက အသားစားရင် ရတယ်ဆို​ပေမယ့် အစာအိမ် အက်ဆစ်နဲ့ အစာ​ချေ အင်ဇိုင်းတွေ အားနည်း​နေရင် မရပါ၊ အစာအိမ်အက်ဆစ် နည်း​နေသူများ Creatine နည်း​နေ​လေ့ရှိ

၂။ သတ်သတ်လွတ် စားသူများ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရအချို့အတွက် ဖြည့်စွက်စာ စား​ပေးဖို့ လိုအပ်

၅။ ဟင်းသီး ဟင်းရွက်မှာ ပါတဲ့ Oxalates, Lectins, Phytates, Tannins ​တွေက Antinutrients ဖြစ် အာဟာရ စုပ်ယူမှုကို ဟန့်တား

၆။ Plant Protein ​တွေဖြစ်တဲ့
Gluten Protein (ဂျုံ၊ Rye, ဘာလီ၊ etc),
Lectin Protein (ဟင်းသီးဟင်းရွက်နဲ့ ပဲမျိုးစုံ)
Soy Protein (ပဲပိစပ်)
စတာ​​တွေက Autoimmune နဲ့ Leaky Gut (အူနံရံ ယိုစိမ့်ခြင်း) ဖြစ်နိုင်

၇။ Autoimmune ဖြစ်​နေသူ​တွေ ဟင်းသီးဟင်းရွက် ဖြတ်သင့်

၈။ Creatine က ဦး​နှောက် ကလပ်စည်းအတွက် အထူး လိုအပ်၊ အသားမစားသူ​တွေ၊ ကြွက်သား အား​လျော့သူ​တွေ Creatine Supplement ​သောက်သင့်၊
အားကစားသမား​တွေ ကြွက်သားအတွက်၊ လျှင်မြန်ဖို့အတွက်၊ ထိခိုက်ဒါဏ်ရာ အမြန် ပြန်​ကောင်းဖို့အတွက် ​သောက်သုံးကြ

၉။ Creatine အားနည်းရင်
1. ပန်းနာရင်ကြပ် နာတာရှည် ​ချောင်းဆိုး ဖြစ်
2. နှလုံး ညှစ်အား ကျ
3. ကြွက်သားအားယုတ်၊ ​သေးသိမ်
4. ပါကင်ဆန် ဖြစ်နိုင်
5. အသား နာကျင်ကိုက်ခဲ
6. အဆစ် ​ရောင်၊ နာ
7. စိတ်ဓါတ်ကျ

၁၀။ Creatine Monohydrate တ​နေ့ 3 to 5 gram လိုအပ်၊ ဦး​နှောက်၊ အာရုံ​ကြော၊ ကြွက်သား ​ရောဂါရှိသူဆို 5 to 10 gram လိုအပ် (​ကျောက်ကပ် ပျက်​နေသူများ မ​သောက်သုံးသင့်)

၁၁။ သတ်သတ်လွတ် စားသူများကို Creatine ​ကျွေး သု​တေသန လုပ်တာ ဥာဏ်ရည်တက်လာ၊ အမှတ်သညာ ​ကောင်းလာတာ ​တွေ့ရ

၁၂။ ကြွက်သား အားနည်းလာရင်၊ သတိ​မေ့တတ်လာရင် Creatine ​သောက်ကြည့်သင့်

၁၃။ Choline က ကြက်ဥနှစ်၊ အသား၊ ကလီစာမှာ အများဆုံး ပါဝင်၊ အသည်းကလည်း အနည်းငယ် ထုတ်​ပေး၊ မလုံ​လောက်၊ Folate နည်းရင် Choline နည်းတတ်

၁၄။ Choline က ဇီဝဖြစ်စဥ်၊ ကလပ်စည်းစွမ်းအင်၊ ဦး​နှောက်အာရုံ​ကြော အချက်ပြစနစ်အတွက် အ​ရေးပါ၊ သ​န္ဓေသား ကြီးထွား​စေ၊ ကိုယ်ဝန်​ဆောင်နဲ့ နို့တိုက်မိခင်​တွေအတွက် အ​ရေးကြီး (ကြက်ဥ စားသင့်)

၁၅။ Choline က ကြက်ဥနှစ်မှာ 820 mg/100g
ငါးဥ 335mg
အမဲအသည်း 333mg
အမဲသား 57mg
ဟင်းရွက်စိမ်း 0.4mg

၁၆။ တ​နေ့ 500mg လိုအပ်၊ ကြက်ဥအကြီးတလုံး 147mg ပါဝင်

၁၇။ Choline နည်းရင်
ကြွက်သားပျက်စီး၊ အသည်းအဆီဖုံး၊ ဦး​နှောက်အရုံ​ကြော​ရောဂါ၊ နှလုံး​ရောဂါဖြစ်၊

၁၈။ Carnitine ကို အမဲသား၊ ကလီစာကရ၊ အသည်း၊ ​ကျောက်ကပ်၊ ဦး​နှောက်က ထုတ်လုပ်​ပေမယ့် မလုံ​လောက်၊ ကြက်၊ ငါး အနည်းငယ် ပါ၊ အရွက်မှာ အနည်းဆုံး

၁၉။ Carnitine က စွမ်းအင်ထုတ်ဖို့ အ​ရေးကြီး၊ ​သွေးတွင်း အညစ်အ​ကြေး​တွေကို သန့်စင်​ပေး၊ L Carnitine က ကြွက်သား၊ နှလုံး၊ ​ကျောက်ကပ်အတွက်၊ Acetyl L Carnitine က ဦး​နှောက်အတွက်

၂၀။ Carnitine တ​နေ့ 500mg မှ 4000mg ထိ လိုအပ်၊ Carnitine နည်း​နေတတ်သူ​တွေက လမ​စေ့​မွေးသူ၊ ​ကျောက်ကပ်အားနည်းသူ

၂၁။ Carnitine အကျိုး​တွေက
1. Alzhemir, Dementia ​ကောင်း
2. နှလုံးအား​ကောင်း
3. ဆီးချို (Insulin Resistance) သက်သာ
4. သုတ်ပိုး ​ကောင်း
5. အားကစားသမား ကြွက်သား​ကောင်း
6. အဆစ် ​ကောင်း

၂၂။ Carnitine တ​နေ့ 3g ထိ ​သောက်နိုင်၊ များရင် ပျို့၊ အန်၊ ဗိုက်နာ၊ ဝမ်း​လျော၊ တက်တတ်

၂၃။ Carnosine က Antioxidant ဖြစ်၊ အဆိပ်​ဖြေ၊ ​ရောင်ကိုင်းသက်သာ၊ ကြွက်သားအားရှိ၊ နုပျို၊ အယ်ဇိုင်းမား သက်သာ၊ အနာကျက်လွယ်၊ ဦး​နှောက်အတွက် အ​ရေးကြီး၊ သတိ​ကောင်း၊ Aluminium အဆိပ်ဓါတ်ကို ဖယ်ထုတ်နိုင်စွမ်းရှိ၊

၂၄။ Carnosine နည်းရင် အယ်ဇိုင်းမား၊ ပါကင်ဆန်၊ စိတ်ကစဥ့်ကလျားဖြစ်၊ အတက်​ရောဂါဖြစ်

၂၄။ Carnosine တ​နေ့ 250mg - 500mg လိုအပ်

၂၅။ ဆရာမကြီးက Carnosine နဲ့ Creatine မှန်မှန်​သောက်တယ်၊ ကြွက်သား အား​ကောင်းလာတယ်၊ Choline ရ​အောင် တ​နေ့ ကြက်ဥ ၂ လုံးစားတယ်၊ Carnitine ​တော့ မ​သောက်​သေး

(Share ​ပေးခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်)
Crd #မူရင်း

22/04/2026

Complete B Complex

အာရုံကြောအတွက် အသည်းအတွက် စိတ်အတွက် ကင်ဆာအတွက် Vitamin B တွေကို ​သောက်ဖို့ အ​ရေးကြီးပါတယ်၊

Vitamin B က B1 က​နေ B12 အထိ ရှိ​တော့ တခုချင်း သောက်လို့ ဆေးလုံးရေ များနေတာကို လျော့ချချင်ရင်

Vitamin B တွေ စုံအောင် ထည့်ထားတဲ့ Life Extention က ထုတ်တဲ့ Complete B Complex ဆိုတဲ့ ဆေးကို သောက်လို့ ရပါတယ် ထမင်းစားပြီး သောက်ရမှာပါ

Serving size 2 ဆိုတော့ ဆေး၂ လုံးမှာ ပါတာတွေက

1. Vitamin B1 (Thiamine) 100mg
2. Vitamin B2 (Riboflavin) 75mg
3. Vitamin B3 (Niacin) 100mg
4. Vitamin B6 (P5P) 100mg
5. Folate 400mcg
6. Vitamin B12 300mcg
7. Biotin 1000mcg
8. Vitamin B5 (Pantothenic acid) 500mg
9. Calcium 60mg
10. Insotil 100mg
11. PABA (para aminobenzoic acid) 50mg

မနက် ၁ ညနေ ၁ အစာစားပြီး သောက်ကြပါတယ်

ဖြည့်စွက်စာ တမျိုးချင်းအကြောင်း စာအုပ်

09755434612 Viber or page messenger တို့မှာ‌မေး မြန်းပြီမှာယူနိုင်ပါတယ်

ကြော်ပြီးသားဆီတွေပြန်သုံးကြတဲ့အခါ အကြော်အလှော်လေးက ပိုပြီးအရသာရှိနေတယ်။ အရသာလေး ပိုစိမ့်ဝင်လို့ ပိုလေးပင်တယ်လို့ ခံစားရတ...
31/03/2026

ကြော်ပြီးသားဆီတွေပြန်သုံးကြတဲ့အခါ အကြော်အလှော်လေးက ပိုပြီးအရသာရှိနေတယ်။ အရသာလေး ပိုစိမ့်ဝင်လို့ ပိုလေးပင်တယ်လို့ ခံစားရတယ်။ အဓိကအကျဆုံးကတော့ အလေအလွင့်မရှိတဲ့အပြင် အကုန်အကျလည်း သက်သာသေးတော့တာပါပဲ။

⚠️တဖက်ကကောင်းကျိုးရှိပေမယ့် သုံးပြီးသားဆီကို ထပ်ကာတလဲလဲ ပြန်သုံးနေတဲ့အခါမှာ ဓာတုအပြောင်းအလဲတွေဖြစ်ပြီး ကင်ဆာဖြစ်စေတဲ့ free radical တွေကြွယ်ဝလာတာမျိုး၊ နှလုံးနဲ့ အသည်းကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့ Trans Fats အဖြစ်ပြောင်းလဲသွားတာမျိုး၊ သွေးတိုးလာတာမျိုးတွေနဲ့ ငွေယိုပေါက်ကို တိုးစေတော့တာပဲ။

အဲဒီတော့ ဆီတော့ဆီပဲ ကျန်းမာစေတဲ့ ဆီ၊ ပြန်အသုံးပြုလည်း စိတ်ချရလောက်အောင် ဆီဆူအမှတ်မြင့်တဲ့ဆီမျိုး ရှာဖွေနေတာဆိုရင် King Island ရဲ့ Coconut Cooking Oil လေးကတော့...

🥥အရောင်၊ အနံ့၊ အရသာအတွက် ဓာတုပစ္စည်း အတုအပတွေလုံးဝအသုံးမပြုထားဘဲ သဘာဝအုန်းသီးရဲ့ လတ်ဆတ်သင်းပျံ့တဲ့ ရနံ့သင်းသင်းလေးနဲ့အတူ
🥥အုန်းသီးရဲ့ သွားကျန်းမာရေး၊ သွေးလည်ပတ်မှု၊ ကင်ဆာ၊ နှလုံးသွေးကြောကျဉ်းခြင်း၊ အဝလွန်ခြင်း နဲ့ အခြားဦးနှောက် Alzheimer တို့အတွက်အထူးသင့်လျော်တဲ့ ခန္ဓာကိုယ်အကျိုးပြု Fatty Acids တွေနဲ့ Anti-oxidant အာနိသင်

🥥ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်ပြီး ဖျားနာစေတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေရဲ့ အန္တရာယ်ကို ကာကွယ်ပေးမယ့် Thyroid လုပ်ဆောင်မှုအားကောင်းစေတဲ့ အာနိသင်အပြည့်ပါဝင်နေပြီး

🥥သာမန်ချက်ပြုတ်နေကျဆီတွေထက် saturated fat ပါဝင်နှုန်းပိုမြင့်နေတဲ့အတွက် oxidation ဒဏ်ကို ကြံ့ကြံ့ခံနိုင်စေရုံမက

🥥ဆီဆူအမှတ်ပိုမြင့်ခြင်းကလည်းအပူဒဏ်ကို ခံနိုင်ရည်ရှိစေလို့ ဟင်းလျာရဲ့ ရနံ့/ အရောင်/ အရည်အသွေးကိုပြောင်းလဲသွားစေတဲ့ ဆီညှော်နံ့နံလာတာမျိုး မဖြစ်စေတာ အားသာချက် တစ်ခုပါပဲ။

သတိပြုရမှာလေးတွေတော့ရှိတာပေါ့...

✅ဆီအသုံးပြုပြီးတဲ့အခါတိုင်း ဆီကိုအပူထပ်ပေးတဲ့အခါ တူးလာတာ၊ အနံ့ပြောင်းသွားတာ၊ ဟင်းလျာအရသာကို ပြောင်းစေတာမျိုးဖြစ်စေနိုင်တဲ့ ဆီထဲက အကြော်အလှော် အကြွင်းအကျန်လေးတွေကို ဇကာလေးနဲ့ စစ်ပြီးဖယ်ပေးပါ။

✅မနှစ်မျို့စရာ အနံ့ထွက်လာတာမျိုး၊ ဝါကျင့်ကျင့် ဒါမှမဟုတ် အရောင်ရင့်သွားတာမျိုး၊ အဆီရဲ့ အပျစ်အကျဲ ပြောင်းလဲသွားတာမျိုးဆိုတဲ့ Oil Oxidation ကိုရှောင်ရှားဖို့အတွက် အသုံးပြုပြီးတိုင်း နေရောင်ခြည်/ လေနဲ့ မထိတွေ့အောင် သိမ်းဆည်းပေးတာ အကောင်းဆုံးပါ။

✅အထူးသတိထားရမှာကတော့ ဟင်းလျာရဲ့အရသာရောထွေးမသွားစေဖို့နဲ့ အစားအစာ ဘေးသင့်ခြင်းကို အတတ်နိုင်ဆုံး ရှောင်ရှားဖို့အတွက် ဆီကို အကြိမ်ကြိမ်ပြန်သုံးတဲ့အခါမှာ င်းလျာတမျိုးတည်းအတွက် (ဥပမာ ကြက်ကြော်ထားပြီးသားဆီကို နောက်တကြိမ် ကြက်ကြော်ဖို့အတွက်၊ ငါးကြော်ထားတဲ့ဆီကို ငါးကြော်ဖို့အတွက်) သာ အသုံးပြုပေးပါ။

✅အသုံးပြုကာနီးတိုင် ဆီရဲ့ အရောင်အသွေး၊ အနံ့၊ အထိအတွေ့ကိုလည်း သတိထား စစ်ဆေးဖို့ မမေ့ပါနဲ့။

#အုန်းဆီ #ဟင်းချက်ဆီ

09755434612 (Viber) မှာ မှာယူနိုင်ပါတယ်။

Zinc အကြောင်းနည်းနည်း ပြောကြည့်ကြရအောင်။မေးခွန်းတွေလဲတွေ့နေလို့ပါ။ ဘယ်အမျိုးအစားကို ဝယ်သင့်တယ်ဆိုတာပါဘဲ။Zinc ကိုသောက်တဲ့...
31/03/2026

Zinc အကြောင်းနည်းနည်း ပြောကြည့်ကြရအောင်။

မေးခွန်းတွေလဲတွေ့နေလို့ပါ။ ဘယ်အမျိုးအစားကို ဝယ်သင့်တယ်ဆိုတာပါဘဲ။

Zinc ကိုသောက်တဲ့အခါ အူသိမ်ကနေစုတ်ယူနိုင်စွမ်းရှိတဲ့ zinc ကို ရွေးချယ်တာ အကောင်းဆုံးလို့ ထင်ပါတယ်။ သောက်တဲ့အခါ အကျိုးရှိမှလဲ အဓိပ္ပါယ်ရှိပါတယ်။

Zinc ဟာ သတ္တုဓာတ်တစ်မျိုးဖြစ်တယ်။
သူ့ကို chelate လုပ်ထားရင် အူကနေစုတ်ယူအားပိုရှိသွားပါတယ်။

Chelate လုပ်ထားတယ်ဆိုတဲ့ အဓိပ္ပါယ်ကတော့ သယ်ယူပို့ဆောင်ရေးအဖွဲ့ဖြစ်တဲ့ amino acid ပရိုတင်းဓာတ် သိုမဟုတ် citric acid / အခြားacid တစ်မျိုမျိုးနဲ့ တွဲပေးလိုက်တာဖြစ်ပါတယ်။
ဥပမာ Zinc citrate ဆိုရင် zinc ကို citric acid နဲ့ တွဲပေးထားတာဖြစ်ပ့တယ်။
အူမှ စုတ်ယူအား အလွန်ကောင်းပါတယ်။

Zinc monomethionine ဆိုရင် amino acid monomethionine နဲ့တွဲပေးထားတာ ဖြစ်ပြီး နှာစေးချောင်ဆိုး ဖြစ်ရင် ငုံတဲ့ဆေးထဲမှာထည့်ထားပေးလေ့ရှိပါတယ်။

Zinc picolinate ကြတော့ လဲ zinc ကို picolinate amino acid နဲ့တွဲပေးထားပါတယ်။

Zinc glycinate က လဲ zinc ကို Glycine amino acid နဲ့တွဲပေးထားတာ ပါ။

ဆိုလိုချင်တာ bottom line က zinc ဝယ်သောက်ချင်တယ်ဆိုရင်
“Chelated form ကို ဝယ်သောက်ပါ”
ဗူးမှာရေးထားပါတယ်။ သေသေချာချာ ဖတ်ကြည့်စေချင်ပါတယ်။
Zinc citrate ကလဲ အတော်လေးကောင်းပါတယ်
Zinc picolinate က လည်း ကောင်းပါတယ်။

စုတ်ယူအားအများဆုံးကတော့
Zinc picolinate
zinc citrate
zinc monomethionine တို့ ဖြစ်ပါတယ်။

Zinc နည်းနေမယ်ဆိုရင် တွေ့ရလေ့ရှိတဲ့လက္ခဏာများ

အနံ့ကောင်းကောင်းမရ/ အရသာလဲပျက်။
ကိုယ်အလေးချိန်ကျ။
အနာမကျက်။
တက်တက်ကြွကြွမရှိ။
အကြောင်းမရှိဘဲ ဝမ်းလျောနေတတ်။
အစားအသောက်ပျက်။
အရေပြားမှာအနာတွေဖြစ်တတ်ပါတယ်။
ခန္ဓာကိုယ်ခုခံအားကျပါတယ်။
To a better health.

27/03/2026

22.3.26 Zoom ရရှိ​သော ​​ကျောက်ကပ် နှင့် NAC အ​ကြောင်း ဗဟုသုတများ

၁။ NAC က နာတာရှည် အဆုတ် အသည်း ကျောက်ကပ်ရောဂါ အတွက် အရမ်းကောင်း ခန္ဓာကိုယ်ရောင်ကိုင်းခြင်းသက်သာ ကလပ်စည်းတွေ ပျက်စီးမသွားအောင် စောင့်ရှောက်ပေးပြီး အဆိပ်တွေကိုဖြေပေးပါတယ်

၂။ NAC က Glutathione ဆိုတဲ့ အဓိက အင်အားကြီးမားသည့် antioxidant ကို ခန္ဓာကိုယ်ထဲမှာ ထုတ်လုပ်နိုင်အောင် ကုန်ကြမ်းအဖြစ် ကူညီပေးပါတယ်။

၃။ ချောင်းဆိုး သလိပ်ကပ် သလိပ် ထွက်ရခက်နေရင် NAC သောက်ရင် သလိပ်​ပျော်ပြီး သက်သာလာပါမယ်၊ အဆုတ်ပြည်တည် အသက်ရှုရကျပ်နေရင် NAC သောက်ရင် အကျိုးသက်ရောက်မှုရှိပါတယ်

၄။ အသည်းအဆီဖုံးတဲ့သူ NAC သောက်သင့်

၅။ အရက် ဘီယာသောက်ရင် NAC သောက်သင့်

၆။ Paracetamol သောက်ရင် NAC သောက်သင့်

၇။ NAC က အသည်းပျက်စီးခြင်းကို ကာကွယ်ပြီး အသည်းအတွက်လဲ အရမ်းကောင်းတဲ့ဖြည့်စွက်စာ

၈။ ကျောက်ကပ်အတွက်အဆိပ်များ
ပတ်ဝန်းကျင်အဆိပ်
ရယ်ဒီမိတ် အစားအစာ ပြုပြင်ပြီးသားအစားအစာ
ပေါင်းသတ်ဆေး
Oxalates (ကျောက်ကပ်ကျောက်တည်နိုင်)
Lectins
သကြားမျိုးစုံ
Omega6 seed oils

၉။ ကျောက်ကပ်က မလိုအပ်တဲ့ အဆိပ်တွေကို ဆီးထဲကနေ စွန့်ထုတ်တာ
အဆိပ်တွေများလာရင်မထုတ်နိုင်တော့ဘူး
ပတ်ဝန်းကျင်အဆိပ်တွေကတနေ့တခြား များလာ
ပေါင်းသတ်ဆေးကလဲ အရမ်းဆိုး
NAC+Glycine သောက်ရင် ကျောက်ကပ်ပျက်စီးခြင်းမှ ကာကွယ်နိုင်

၁၀။ နာတာရှည် ကျောက်ကပ်ရောဂါဖြစ်တဲ့သူတွေအရမ်းများလာတယ် ရောဂါဆိုးတဲ့အထိ မစောင့်ပဲ NAC ဖြည့်သောက်ထားရင် ရောဂါအခြေအနေဆိုးခြင်းမှ ကာကွယ်နိုင်မယ်

၁၁။ NAC သောက်ရင် ရေများများသောက်သင့်

၁၂။ သောက်သင့်သည့် ဖြည့်စွက်စာများ

Vitamin D3
NAC 600 mg ၁ (သို့) ၂ ကြိမ် သောက်လို့ ရပါတယ်
Magnesium
Glycine

၁၃။ သွေးကြဲဆေး သောက်နေတဲ့သူ NAC ချင့်ချိန်သောက် (NAC ကလည်း သွေးခဲခြင်းကို လျှော့ချပေးတဲ့ အာနိသင်ရှိလို့)

Ko Aung Ko
27.3.26

(Share ​ပေးခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်)

Address

Yangon
11062

Telephone

+959699798295

Website

Alerts

Be the first to know and let us send you an email when Fujinami ၀၉၆၉၉၇၉၈၂၉၅ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Fujinami ၀၉၆၉၉၇၉၈၂၉၅:

Share