08/11/2024
နိုင်ငံခြားသားယောဂီတစ်ဦးဖြစ်သည့် Doug McGill မှ ဆရာတော် အရှင် ဦးတေဇနိယ ( ရွှေဥမင် ) ၏တရားစခန်းတွင် နေ့စဉ်ဟောပြောညွှန်ကြားသည့် အလုပ်ပေးတရားများကိုကောက်နှုတ်စီစဉ်ရေးသားထုတ်ဝေထားသည့် Relax & Be Aware စာအုပ်အား
ဒေါက်တာယမင်းနွယ် ( ဓမ္မဝိဘဇ္ဇ ) မှ ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။
မူရင်းစာရေးသူမှ ဗုဒ္ဓဟောကြားညွှန်ပြခဲ့တဲ့အရှိတရားပရမတ်သဘာဝတွေကိုစူးစမ်းလေ့လာရာတွင် ထိုင်နေစဉ်တင်မဟုတ်ဘဲနေ့စဉ်ဘဝရဲ့အချိန်တိုင်းမှာ သတိရှိနေနိုင်ရန်လိုအပ်ကြောင်းရည်ရွယ်ညွှန်ပြလိုစိတ်နဲ့ရေးသားခဲ့ခြင်းဖြစ်ပါသည်။အဓိကဖေါ်ပြထားတဲ့ ၃၁ ရက် ( တစ်လ ) အားထုတ်နည်းသည်လည်းတရားစခန်းတွင်ဆရာတော်နေ့စဉ်ညွှန်ကြားထားသည့်အလုပ်ေပးတရားတွေကို အခြေခံထားတာဖြစ်ပြီးမှန်ကန်တဲ့တရားအားထုတ်မှုရဲ့ရလာဒ်ဟာစိတ်ငြိမ်းချမ်းမှုဆိုတာကိုယ်တိုင်သိရှိနားလည်ပြီးဗုဒ္ဓရဲ့အဆုံးအမကို ကြည်ညိုသဒ္ဒါစိတ်နဲ့ရေးသားဖြန်ချိထားတဲ့စာအုပ်ဖြစ်ပါသည်။
ဓမ္မဒါန လှူဒါန်းလိုပါက -
Book Street
Ph : 09425764230
09443019665
သို့ဆက်သွယ်မှာယူနိုင်ပါသည်။