Dr. Mya Phone

Dr. Mya Phone personal's blog, knowledge sharing for those who wants to work in abroad, clinical and nursing skills trainer, HR professional

အရင်နေ့က တင်ထားတဲ့ ပို့စ်ဖတ်ပြီး ယမကာလုလင် တစ်ယောက် လာမေးလို့ ဆေးဖြစ်ဝါးဖြစ်လေးပဲ သောက်ရင်ရော ရလား ဆရာ မဆိုလို့ ကိုယ့်မှ...
13/06/2026

အရင်နေ့က တင်ထားတဲ့ ပို့စ်ဖတ်ပြီး ယမကာလုလင် တစ်ယောက် လာမေးလို့ ဆေးဖြစ်ဝါးဖြစ်လေးပဲ သောက်ရင်ရော ရလား ဆရာ မဆိုလို့ ကိုယ့်မှာ စာ ပြန်ဖတ်ရသေးတယ် 😅
Update တွေ မသိလိုက်တာများ ရှိနေလားလို့ 😁

သက်သေအထောက်အထားတွေအရ ကျန်းမာရေးအတွက် အထူးသဖြင့် လေဖြတ်ခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ချေအတွက် အမှန်တကယ် "ဘေးကင်း" တဲ့ အရက်ပမာဏ ဆိုတာ မရှိပါဘူးနော်။
ဒါပေမယ့် တရားဝင်လမ်းညွှန်ချက်တွေကနေ အန္တရာယ်ကို အနည်းဆုံးဖြစ်အောင် လျှော့ချဖို့ ကန့်သတ်ချက်တွေ ပြောပြလိုက်ပါတယ်။ (ဒါတွေက သောက်သင့်တဲ့နေ့စဉ် ပမာဏ မဟုတ်ပါဘူးနော်)

အမျိုးသမီးတွေ အတွက်
တစ်နေ့လျှင် စံသတ်မှတ်အရက် ၁ ခွက် ထက် မပိုရ၊ တစ်ပတ်လျှင် ၇ ခွက်ထက် မပိုရ။
အမျိုးသားတွေအတွက်
တစ်နေ့လျှင် စံသတ်မှတ်အရက် ၂ ခွက် ထက် မပိုရ၊ တစ်ပတ်လျှင် ၁၄ ခွက်ထက် မပိုရ။ (အရင် က ကျွန်မတပည့်တွေကို ဆီးချို အတန်းမှာ သင်ပါတယ်)

စံသတ်မှတ်အရက် ၁ ခွက် ဆိုတာ ဘာလဲ?

· ဘီယာ (အရက် ၅%) ၃၅၅ မီလီလီတာ (ဗူးသေးသေး ၁ ဗူး)
· ဝိုင် (အရက် ၁၂%) ၁၄၈ မီလီလီတာ (ဖန်ခွက်သေး ၁ ခွက်)
· ဝစ်စကီ/ဗော့ဒ်ကာ (အရက် ၄၀%) ၄၄ မီလီလီတာ (ခွက်သေး ၁ ခွက်)

ကျန်းမာရေးအတွက်ဆိုပြီး အရက် စတင်သောက်ဖို့ အကြောင်းမရှိပါ — အရက်ပမာဏနည်းနည်းက "နှလုံးအတွက် ကောင်းတယ်" ဆိုတဲ့ အယူအဆဟောင်းကို အခု ငြင်းခုံနေကြပါပြီ။ မကြာခင်က လေ့လာမှုတွေ (၂၀၂၂ Global Burden of Disease အပါအဝင်) အရ လေဖြတ်နိုင်ချေအတွက် အရက် လုံးဝမသောက်ခြင်းက အန္တရာယ် အနည်းဆုံး ဖြစ်ပါတယ်
အပေါ်ကအတိုင်း တစ်နေ့ ၁ ခွက်သောက်ရင်တောင် သွေးယိုလေဖြတ်နိုင်ချေ တိုးလာပါတယ် — သွေးယိုလေဖြတ်နိုင်ချေက အရက်ပမာဏ အနည်းငယ်သောက်ရင်တောင် တဖြည်းဖြည်း တိုးလာပါတယ်။

တစ်ကြိမ်တည်းအရက်အလွန်အကျွံသောက်တာက (Binge Drinking) အလွန်အန္တရာယ်များပါတယ် — တစ်ပတ်လုံးစုစုပေါင်းပမာဏ နည်းနေရင်တောင် တစ်ပတ်ကို ၂ နာရီအတွင်း ၄-၅ ခွက်သောက်ရုံလောက်နဲ့ လေဖြတ်နိုင်ချေ အဆမတန်မြင့်တက်လာပါတယ်။

ပြီးတော့ လူတစ်ဦးချင်းစီရဲ့ အခြေအနေကလည်း အရေးကြီးပါတယ် — သွေးတိုးရောဂါ၊ နှလုံးခုန်မမှန်ခြင်း (AFib)၊ အသည်းရောဂါ သို့မဟုတ် မျိုးရိုးရှိ လေဖြတ်ဖူးသူတွေအနေနဲ့ ပိုပြီးလျှော့သောက်သင့်ပါတယ် ဒါမှမဟုတ် လုံးဝမသောက်သင့်ပါဘူး။

ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် သောက်သူများကိုလည်း လေးစားပါတယ် 😁
အမှတ်မှားမှာစိုးလို့ စေတနာနဲ့ လာ တည့်ပေးတာပါ 😅

စာ​ကြွင်း : ကျွန်မကတော့ တပည့်တွေ ချက်ကျွေးတာစားပါတယ် ဘယ်သူမှလည်း မကျွေးပါဘူး 😂
မုန့်ကျွေးတာနဲ့ သံယောစဥ်တွယ်တော့တာပဲ 🤪
စတာပါ စတာပါ
ပိတ်ရက်မှာ ပျော်ကြပါ နားကြပါ ဆရာမအတွက် မချက်လာပါနဲ့လို့နော်
ကျေးဇူးတင်ပါတယ် 🤍







စာ ပြန် မဖြေ နိုင်တာတွေ ပို့စ် မတင်နိုင်တာတွေ အတွက် နားလည်ပေးဖို့ မေတ္တာရပ်ခံ ပါတယ်လူနာ လုပ်နေရလို့ပါ 🙂စိတ်ပူကြမှာ စိုးလ...
11/06/2026

စာ ပြန် မဖြေ နိုင်တာတွေ ပို့စ် မတင်နိုင်တာတွေ အတွက် နားလည်ပေးဖို့ မေတ္တာရပ်ခံ ပါတယ်
လူနာ လုပ်နေရလို့ပါ 🙂
စိတ်ပူကြမှာ စိုးလို့ မပြောပဲ ထားမလို့ စဥ်းစားခဲ့ပေမယ့် စာတွေ ဝင်မဖတ် မပြန်တော့ တစ်မျိုးထင်မှာ စိုးလို့ပါ
ကျန်းမာရေးကောင်းတာနဲ့ ပြန်လာခဲ့ပါမယ်နော်

အမှန်တရားက နည်းနည်းတော့ခါးတယ်😬😬😬
10/06/2026

အမှန်တရားက နည်းနည်းတော့ခါးတယ်

😬😬😬







အရက်အလွန်အကျွံသောက်ခြင်းက နှလုံးရပ်ခြင်းနဲ့ လေဖြတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ နှလုံးရပ်ခြင်းဖြစ်ရခြင်းအကြောင်းရင်းတွေကတော...
08/06/2026

အရက်အလွန်အကျွံသောက်ခြင်းက နှလုံးရပ်ခြင်းနဲ့ လေဖြတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

နှလုံးရပ်ခြင်းဖြစ်ရခြင်းအကြောင်းရင်းတွေကတော့ အရက်က နှလုံးရဲ့လျှပ်စစ်စနစ်ကို ဖရိုဖရဲဖြစ်စေပြီး အန္တရာယ်များတဲ့ နှလုံးခုန်နှုန်း (Ventricular Fibrillation) ကို ဖြစ်စေပါတယ်
အရက်အလွန်အကျွံသောက်ခြင်းနဲ့ အန်ခြင်းတို့က ခန္ဓာကိုယ်မှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ကျဆင်းစေပြီး နှလုံးရဲ့လျှပ်စစ်စနစ်ကို ပျက်စီးစေပါတယ်

နှစ်ချီပြီး အရက်အလွန်အကျွံသောက်တာက နှလုံးကြွက်သားကို ပါးလွှာစေပြီး အားနည်းစေတယ်အန္တရာယ်များတဲ့ နှလုံးခုန်နှုန်းတွေ ဖြစ်လွယ်စေပါတယ်။
လေဖြတ်တာကတော့ နှစ်မျိုးဖြစ်နိုင်ပါတယ်

ပထမတစ်မျိုးက သွေးကြောပေါက်ပြီး သွေးယိုလေဖြတ်ခြင်း (Hemorrhagic Stroke) ဖြစ်ပါတယ်
တစ်ကြိမ်တည်း အရက်အလွန်အကျွံသောက်ခြင်းက သွေးပေါင်ချိန်ကို အဆမတန်မြင့်တက်စေပြီး (ဥပမာ ၂၁၀/၁၂၀) ဦးနှောက်ထဲက သွေးကြော ပေါက်စေနိုင်တာကြောင့်ဖြစ်ပါတယ် (ပူဖောင်းကို ဖောင်းလာတဲ့အထိ လေမှုတ်ပြီး မခံနိုင်ပဲ ပေါက်သွားသလိုမျိုးပါ)။

ဒုတိယတစ်မျိုးက သွေးခဲလေဖြတ်ခြင်း (Ischemic Stroke) ဖြစ်ပါတယ်
အရက်အာနိသင် ပြေသွားချိန်မှာ သွေးထဲက သွေးဥမွှားတွေ ပိုစေးကပ်လာပြီး ရေဓာတ်ခန်းခြောက်မှုက သွေးကို ပိုစေးပျစ်စေပြီး သွေးခဲဖြစ်လွယ်စေပါတယ်

အဲဒီသွေးခဲက ဦးနှောက်သွေးကြောကို ပိတ်ဆို့တာ၊ ဒါမှမဟုတ် အရက်ကြောင့်ဖြစ်တဲ့ နှလုံးခုန်မမှန်ခြင်း (Atrial Fibrillation) မှာ နှလုံးအပေါ်ခန်းထဲ သွေးတွေအိုင်ပြီး သွေးခဲဖြစ်ပြီး ဦးနှောက်ကို သွားပိတ်တာတို့ကြောင့်ဖြစ်ပါတယ် (ဥပမာ - ရေပိုက်ထဲမှာ အညစ်အကြေးတွေ ပိတ်ဆို့သွားသလိုမျိုး)။

ကံဆိုးရင် တစ်ခါလေးပဲ အရက်အလွန်အကျွံသောက်မိတာနဲ့တောင် ဖြစ်ဖို့ လုံလောက်ပါတယ်။

ဒါကြောင့် အရက်အလွန်အကျွံသောက်ခြင်းက နှလုံးရပ်ပြီး ရုတ်တရက်သေဆုံးခြင်း သို့မဟုတ် တစ်သက်လုံး မသန်မစွမ်းဖြစ်စေတဲ့ လေဖြတ်ခြင်းကို ဖြစ်စေနိုင်တာမို့အရက်အလွန်အကျွံသောက်ခြင်း (Binge Drinking) ဟာ အန္တရာယ် အများကြီး ရှိပါတယ်







မင်္ဂလာပါရှင်ကျန်းမာရေးဝန်ထမ်း ဖြစ်လာပြီဆိုရင် မလွဲမသွေ အသင်းအဖွဲ့ နဲ့ အလုပ်လုပ်လာရမှာပါဒီတော့ စကားပြောဆို ဆက်ဆံရမယ့် သူ...
06/06/2026

မင်္ဂလာပါရှင်
ကျန်းမာရေးဝန်ထမ်း ဖြစ်လာပြီဆိုရင် မလွဲမသွေ အသင်းအဖွဲ့ နဲ့ အလုပ်လုပ်လာရမှာပါ
ဒီတော့ စကားပြောဆို ဆက်ဆံရမယ့် သူတွေလည်း အများကြီး ရှိလာမှာပါ
ပြောဆိုဆက်ဆံ ရတဲ့အခါ (Communication) ပါးနပ်ရပါတယ်
အချိန်တိုတို အတွင်းမှာ လုံလောက်တဲ့ သတင်းအချက်အလက် ပေးတတ်ရပါတယ် (ဥပမာ - အရေးပေါ်အခြေအနေမှာ သူနာပြု သို့မဟုတ် ဆရာဝန်ကို အကြောင်းကြားတာမျိုး)
တိုတိုနဲ့ လိုရင်းကို ထိထိရောက်ရောက် ပြောပြတတ်ရပါတယ်
ဒါက ပြောဆို တတ်ရုံတင်မဟုတ်ပဲ Reporting and Documentation အပိုင်းအတွက်လည်း အရေးပါ ပါတယ်
ဒီနေ့ပြောပြပေးချင်တာကတော့ တိကျပြီး ထိရောက်တဲ့ သတင်းအချက်အလက် ပေးတတ်ဖို့ အတွက် စနစ်တကျ စီစဥ် ထားတဲ့ format ရှိပါတယ်
အတိုကောက် SBAR လို့ ခေါ်ပါတယ်

SBAR ဆိုတာဘာလဲ။
SBAR ဆိုတာ စနစ်ကျတဲ့ ဆက်သွယ်ပြောဆိုနည်းတစ်ခုပါ (အထူးသဖြင့် သူနာပြုနဲ့ ဆရာဝန်ကြား)။ သတင်းအချက်အလက် လွဲချော်မှုကို ကာကွယ်ပေးပြီးတော့ အမှားအယွင်းတွေကို လျှော့ချပေးပါတယ်

S (Situation)= အခြေအနေ (အခုဖြစ်နေတာက ဘာလဲ?)
B (Background)= နောက်ခံအကြောင်း (သိထားရမယ့် အရေးကြီးအချက်များ)
A (Assessment)= အကဲဖြတ်ချက် (ပြဿနာက ဘာလို့ထင်သလဲ)
R (Recommendation)= အကြံပြုချက် (ဘာလုပ်ပေးစေချင်သလဲ)
ဥပမာ ပေးရရင် -
အခြေအနေ (Situation): "အခန်း ၂၀၄ က Mr. Tan မှာ ဒူးခေါင်းအစားထိုးခွဲစိတ်မှုအပြီး နာကျင်မှုက ၈/၁၀ အဆင့်ရှိပါတယ်။"
နောက်ခံအကြောင်း (Background): "ဒီမနက် ခွဲစိတ်ခဲ့တာ။ နောက်ဆုံး morphine ထိုးတာ ၂ နာရီကျော်သွားပါပြီ။"
အကဲဖြတ်ချက် (Assessment): "လက်ရှိဆေးပမာဏက နာကျင်မှုကို မထိန်းနိုင်ဘူးလို့ ကျွန်မ ထင်ပါတယ်။"
အကြံပြုချက် (Recommendation): "ဆေးပမာဏတိုးမလား၊ ဒါမှမဟုတ် ဆေးအမျိုးအစားပြောင်းလို့ရမလား ထည့်သွင်းစဉ်းစားပေးပါရန် တောင်းဆိုပါတယ်"

SBAR ကို ဘာလို့ သုံးသင့်သလဲ?
· နားလည်မှု လွဲတာတွေကို လျှော့ချပေးတယ်
· အချိန်ကုန်သက်သာတယ်
· ကိုယ်တွေ့ အကဲဖြတ်ချက်/တွေ့ရှိချက်ကို ပြောနိုင်တယ်

ကျွန်မ တပည့် တွေလည်း လုပ်ငန်းခွင်မှာ Professional ဆန်ဆန် SBAR နည်းလမ်း သုံးပြီး ပြောဆို ဆက်ဆံ တတ်စေဖို့ ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်ရှင်







03/06/2026

မင်္ဂလာပါရှင်
ဒီနေ့တော့ PAIN နာကျင်မှုကို ဘယ်လိုတိုင်းတာမလဲ ဆရာမ
ဘာ TOOLS တွေ သုံးလဲ မေးထားတဲ့ မေးခွန်းကို ဖြေ ပေးလိုက်ပါတယ်
ဒီ VIDEO ထဲက SCALE တွေ အပြင် အခြားလည်း ရှိပါတယ်
အဆင်ပြေကြပါစေရှင်







02/06/2026

We're here to support caregivers 🫶

You don't have to walk alone for the caregiving journey 🤎







မင်္ဂလာပါရှင်ကျွန်မကို ဆီးချို ​ရောဂါအကြောင်း မေးထားတဲ့ သူတွေအတွက် ဒီ ပို့စ်မှာ ပြောပြပေးချင်ပါတယ်ပထမဆုံး ဆီးချိုရောဂါ ဘ...
28/05/2026

မင်္ဂလာပါရှင်
ကျွန်မကို ဆီးချို ​ရောဂါအကြောင်း မေးထားတဲ့ သူတွေအတွက် ဒီ ပို့စ်မှာ ပြောပြပေးချင်ပါတယ်

ပထမဆုံး ဆီးချိုရောဂါ ဘယ်လို ဖြစ်လာတာလဲ ဆိုတာ ပြောပြပါမယ်

ဆီးချိုရောဂါဆိုတာ ခန္ဓာကိုယ်က သွေးထဲက သကြားဓာတ်ကို ဆဲလ်တွေဆီ မပို့ဆောင်နိုင်တဲ့အခါ ဖြစ်ပါတယ်။ အဲဒီအခါ သွေးထဲမှာ သကြားဓာတ်တွေ စုပုံလာပြီး ကြာလာရင် ပြဿနာတွေ ဖြစ်လာနိုင်တယ်။
ပုံမှန်အားဖြင့် စားလိုက်တဲ့ အစာက သွေးထဲမှာ သကြားဓာတ် (ဂလူးကို့စ်) အဖြစ် ပြောင်းလဲသွားတယ်။
ပန်ကရိယ က အင်ဆူလင် ဆိုတဲ့ ဟော်မုန်းကို ထုတ်ပေးတယ်။
ဥပမာ ပေးရရင် အင်ဆူလင်က သော့ လိုပါပဲ။ ဆဲလ်တွေရဲ့ တံခါးကိုဖွင့်ပေးပြီး သကြားဓာတ် ဝင်ရောက်ပြီး စွမ်းအင်အဖြစ် ပြောင်းလဲနိုင်အောင် လုပ်ပေးတယ်။
ဆီးချိုရောဂါ ဘာကြောင့်ဖြစ်သလဲဆိုတော့ အဓိက အမျိုးအစား နှစ်မျိုး ရှိတယ်။
အမျိုးအစား ၁ (ခန္ဓာကိုယ်က သော့ မရှိနေဘူး)
· ကိုယ်ခံအားစနစ်က ပန်ကရိယကို မှားယွင်းတိုက်ခိုက်တယ်။
· အင်ဆူလင် အနည်းငယ် (သို့) လုံးဝမထုတ်နိုင်တော့ဘူး။
· သကြားဓာတ်က ဆဲလ်တွေထဲ မဝင်နိုင်တော့ဘဲ သွေးထဲမှာ စုပုံနေတယ်။
· များသောအားဖြင့် ကလေး၊ ဆယ်ကျော်သက် အရွယ်မှာ စတင်ဖြစ်တယ်။ အစားအသောက် နေထိုင်မှုပုံစံကြောင့် မဟုတ်ဘူး။

အမျိုးအစား ၂ (သော့က ကောင်းကောင်းအလုပ်မလုပ်ဘူး)
· ခန္ဓာကိုယ်က အင်ဆူလင်ထုတ်ပေးပေမယ့် ဆဲလ်တွေက အင်ဆူလင်ကို တုံ့ပြန်မှု မရှိတော့ဘူး (အင်ဆူလင်ခံနိုင်ရည်ရှိခြင်းလို့ခေါ်တယ်)။
· ပန်ကရိယက အင်ဆူလင်ပိုထုတ်ဖို့ ကြိုးစားပေမယ့် နောက်ဆုံးမှာ မထုတ်နိုင်တော့ဘူး။
· အဖြစ်များတဲ့အကြောင်းရင်းတွေကတော့ ကိုယ်အလေးချိန်များခြင်း (အထူးသဖြင့် ဗိုက်ပိုင်း)၊ လေ့ကျင့်ခန်းမလုပ်ခြင်း၊ အဆီများတဲ့အစာတွေ များများစားခြင်း၊ မျိုးရိုးလိုက်ခြင်း။
· ဒါက လူကြီးတွေမှာ အဖြစ်အများဆုံး အမျိုးအစားဖြစ်ပေမယ့် ငယ်ရွယ်သူတွေမှာလည်း ပိုဖြစ်လာပါတယ်။

သွေးတွင်းသကြားဓာတ် များနေရင် ဘာဖြစ်နိုင်သလဲ?
ကြာရှည်စွာ သွေးတွင်းသကြားဓာတ် များနေရင် မျက်လုံး၊ ကျောက်ကပ်၊ အာရုံကြောတွေနဲ့ နှလုံးကို ထိခိုက်ပျက်စီးစေနိုင်တယ်။ ဒါကြောင့် ဆီးချိုရောဂါကို ထိန်းချုပ်ဖို့ အရေးကြီးပါတယ်။

နောက်ပို့စ်တွေမှာ ရောဂါအကြောင်းနဲ့ ကုသမှု ကာကွယ်မှုတွေ ထပ်ပြီးရေးပေးပါမယ်







ဆရာမ ဘာလို့ ပို့စ်မတင်ဖြစ်လဲဆို ကျောင်းသား ခဏ ပြန်လုပ်နေလို့ပါ 😬
26/05/2026

ဆရာမ ဘာလို့ ပို့စ်မတင်ဖြစ်လဲဆို ကျောင်းသား ခဏ ပြန်လုပ်နေလို့ပါ 😬







24/05/2026

ဒရာမာကွင်းနဲ့ တွေ့သောအခါ မိမိ 😎

I've found the latest and most effective treatment for hyperventilation...😌







Address

51 Bishan Street 13
Singapore
579799

Website

Alerts

Be the first to know and let us send you an email when Dr. Mya Phone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dr. Mya Phone:

Share