23/01/2026
ဘယ်အချိန်ထိ အတူတူရှိနေရမလဲ သိရရင်တော့ ကလေးတွေကိုလည်း သေသေခြာခြာ အချိန်ပေးပြီး ပြုစုပျိုးထောင်ကြမယ်ထင်ပါတယ် ။
နေ့တိုင်းတွေ့နေရမှာ ၊ မခွဲရတော့မဲ့ ပုံစံအတွေးတွေနဲ့ ကိုယ့်သားသမီးကို ပစ်ထားမိတာမျိုးတွေ မဖြစ်ကြရင် ကောင်းမယ် ။
လူတွေဟာ မိသားစုတွေဟာ မသေမခြင်းအတူတူနေထိုင်သွား ၊ မြင်တွေ့သွားရမယ်ဆိုရင်ဝောာင်မှ ၊
မသေခင် ခွဲခွါ ဝေးသွားကြတာလည်း ရှိတာပဲ ၊
ဒါကြောင့် အတူတူရှိနေချိန်မှာ ဂရုစိုက်ပေး ၊ ချစ်ပေးနိုင်ကြရင်ကောင်းမယ် ။
အမှား လုပ်မိကြတာလည်း ရှိမှာပဲ
ပင်ပန်းတာလည်း ရှိတာပဲ
ရပ်တန့်ပစ်လိုက်ချင်တဲ့ စိတ်လည်း တွေးမိမှာပဲ
ဘယ်အချိန် ကွဲကွာကြမလဲ မသိကြတော့
တန်ဖိုးထားရမှန်း မသိတော့ဘူးလား ?
ဒါပေမဲ့ ......
ဘယ်လောက် အချိန်ထိ အတူတူ ရှိနိုင်မှာမို့လဲ ..... ???