20/07/2022
ကိုယ်သောက်နေတဲ့ Vitamin C ပမာဏက နည်းနေမလား? များနေမလား?
🔸🔸🔸🔸🔸🔸🔸🔸🔸🔸
ခန္ဓာကိုယ်က တခြား Vitamins တွေကို ထုတ်ပေးနိုင်ပေမဲ့ မှ Vitamin C ကိုတော့မထုတ်ပေးနိုင်လို့ အသီးအရွက်၊အသီးအနှံများ စားပေးခြင်းဖြင့် တစ်နေ့တာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
Q : Vit C တစ်နေ့ကို ဘယ်လောက်ထိ လိုအပ်လဲ?
A : ၁၉ နှစ်အထက် လူကြီးများအတွက် 75-90 mg ထိ လိုအပ်ပါတယ်။
Vit C ကို ပုံမှန်အားဖြင့် ရောဂါခုခံနိုင်မှုစွမ်းအားမြင့်အောင် သောက်ကြတယ်ဆိုပေမယ့် သူ့မှာ အခြားအကျိုးကျေးဇူးတွေလဲ ရှိပါတယ်။ အဲ့ဒါတွေကတော..
Blood pressure ထိန်းညှိပေးတယ်။
အရေပြား၊အရိုးနုလေးတွေ တင်းရင်းသန်မာစေဖို့ အထောက်အကူပြုတယ်။
အနာကျက်လွယ်စေတယ်။
သံဓါတ်စုပ်ယူမှုကောင်းအောင် ကူညီပေးပါတယ်။
Vit C ကြွယ်ဝတဲ့ အသီးအရွက်၊အသီးအနှံတွေကတော့ လိမ္မော်၊ရှောက်၊သံပုရာ၊စတော်ဘယ်ရီ၊အာလူး၊ခရမ်းချဉ်၊ဂေါ်ဖီထုတ်၊ဟင်းနုနွယ်၊ပန်းပွင့်စိမ်း၊ငရုတ် စတာတွေ ဖြစ်ပါတယ်။
Q: အစားအသောက်တွေမှာ Vitamin C ဓါတ်ရနေတာပဲ..အားဆေးလိုသေးလို့လား?
A: ပုံမှန်တော့ မလိုအပ်ပါဘူး။ ဒါပေမယ့် အသီးအနှံ ဘယ်လောက်စားရင် ဘယ်လောက် ပမာဏရမယ်ဆိုတာ တွက်ချက်ရတာ ခက်ခဲနိုင်ပါတယ်။ လုံလောက်မှုမရှိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် အားဆေးတွေမှာ အလွယ်တွက်ထားတဲ့ ပမာဏကို သောက်ရတာ ပိုအဆင်ပြေပါတယ်။
90 mg လောက်ပဲ လိုအပ်တယ်ဆိုပေမယ့် ရေမှာအလွယ်တကူပျော်ဝင်နိုင်ပြီး ခန္ဓာကိုယ်ထဲကြာရှည်စွာရှိမနေတာမို့ ပမာဏများများသောက်လို့ရပါတယ်။
နေ့စဉ်အစားအသောက်တွေထဲလဲ Vit C ပါဝင်နေတာကြောင့် မိမိသောက်တဲ့ ဆေးပမာဏက ၅၀၀-၁၀၀၀mg ထက်မကျော်သင့်ပါဘူး။
‼️တန်ဆေးလွန်ဘေးမို့ တစ်နေ့ကို 2000 mg အထက် ကြာရှည်သောက်ရင်တော့ ဆီးကျောက်တည်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
With love & care 💞 ,
PharmaBank
#ဗီတာမင်စီ