13/05/2026
What up အပိုင်း ၂၀
======================
ဗျူဟာ အိပ်ယာက နိုးလာချိန် အပြင်ဘက်က မိုးရွာသံတွေက တစ်ဖြောင့်ဖြောင့်နဲ့
အေးလုလု လေက အခန်းထဲဝင်လာတဲ့အခါ ဗျူဟာ ကိုယ်လေးတုန်ပြီး စောင်ကို
ဆွဲခြုံလိုက်လေသည်။
အိပ်ယာပေါ်ကဆင်း အဝတ်ဗီဒိုကြီးထဲက အပေါ်ဝတ် တစ်ခုကို ယူဝတ်ပြီး အခန်းနဲ့ ဝရံတာ ခြားထားတဲ့ မှန်တံခါးကို ဖွင့်ကြည့်
လိုက်တဲ့အခါ မိုးရေတွေနဲ့အတူ လေတွေကပါ အခန်းအတွင်းဘက်ကို စင်လာလေသည်။
“မိုးရာသီတောင် ရောက်နေပြီ” မိုးကြောင့် အုံ့ဆိုင်းနေတဲ့ ကောင်းကင်ကြီးကို ကြည့်ပြီး အေးလာတော့ မှန်တံခါးပြန်ပိတ် အိပ်ခန်းထဲကထွက် အောက်ထပ်ကို
ဆင်းလာတဲ့အခါ မီးဖိုချောင်အခန်းက
ချက်ပြုတ်အသံတွေကြားတော့
မီးဖိုချောင် အခန်းကလည်း ဧည့်ခန်းနဲ့ခြားပြီး တံခါးတစ်ချပ်ရှိတယ် ဖွင့်ကြည့်လိုက်တော့ အေပရွယ်ရွှန် ဝတ်ပြီး ချက်ပြုတ်
နေတဲ့ ကွန်မဟာမြတ်က...
“ဗျူဟာ...နိုးပြီလား ကိုယ်အခုဘဲ ချက်ပြုတ်တာ ပြီးတော့မယ် ခနစောင့်နော်”
“ဦးကွန် ဘယ်တုန်းက ဒီရောက်နေတာလည်း” ဗျူဟာက ပါးစပ်လေး အဟောင်းသားနှင့် ဒီအိမ်မှာ သူတစ်ယောက်ထဲထင်ထားတာ ကွန်မဟာမြတ်က
ညဘက်ဆို သူ့အိမ်သူပြန်လေ့ရှိတာမို့။
“ဗျူဟာ နေမကောင်းဖြစ်နေတာနဲ့ ကိုယ်မပြန်ဖြစ်ဘူး ဘယ်လိုနေသေးလည်း လာ်ချောင်းနာတာမျိုး ခေါင်းကိုက်တာမျိုး
ဖြစ်နေသေးလား”
“ဟင့်အင်း, ဗျူဟာက ခေါင်းလေးခါပြီး။
ဦးကွန် ဘာချက်နေတာလည်း”
“ခံတွင်းပေါ့တာလေးတွေပါ ဆန်ပြုတ်အဖြူ ရှိတယ် ငါးကြော်ရှိတယ် ဆိတ်စွပ်ပြုတ် ရယ် ဒိန်ချဉ်က မိုးအေးနေလို့ မသောက်နဲ့တော့ ရေနွေးနွေးနဲ့ပျားရည်ဖော်ထားတာ ရှိတယ် ဗျူဟာ ခံတွင်းစိုသွားအောင် သောက်လိုက်အုံး”
ကွန်မဟာမြတ်က ဗျူဟာကို စားပွဲခုံမှာ ထိုင်ခိုင်းပြီး သူက စွပ်ပြုတ်သွားယူ
လေသည်။
ဗျူဟာက ပျားရည်နဲ့ဖျော်ထားတဲ့ရေနွေးနွေးကို တစ်ငုံဆီသောက်ရင်း။
“ဒီလောက်အများကြီးကို ဗျူဟာ ဘယ်ဟာကို စစားရမှာလည်း”
“ဗျူဟာ ခံတွင်းတွေ့ရာ စားလေ” ဗျူဟာ ဖုန်းကိုင်ထားတာတွေ့တော့ ကွန်မဟာမြတ်က မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး။
“ဦးကွန်၊ သက်ရောင်ကိုတစ်ချက် သွားကြိုပေးပါလား၊ ဗျူဟာ နေမကောင်းဘူးဆိုလို့ သူက ဒီကိုလာမယ်တဲ့”
ဗျူဟာက ထိုင်နေတဲ့ခုံပေါ် ခြေလေးတွေပါတင် ဒူးကို ရင်နဲ့တိုက်ပြီ ဖုန်းခနဖယ်ကာ
လှမ်းပြောတော့...၊
“သူ ဘယ်လိုသိသွားတာလည်း” အပြင်မှာ မိုးတွေရွာပြီး ဒီလောက်အေးနေတာတောင် ကွန်မဟာမြတ်ရဲ့ရင်ထဲ အေးမနေဘူး။
“ဪ သူ့ဆီကနေ ဖုန်းဆက်လာလို့
အခုဘဲ ဗျူဟာပြောလိုက်တာလေ၊ ဗျူဟာ
ဘက်က ဖုန်းနံပါတ်ပျောက်သွားပေမယ့် သူ့ဘက်က ခေါ်လို့ရတာကို ဗျူဟာတောင် မေ့သွားတယ် သူလည်း အခုဘဲ အားလို့တဲ့”
မှောင်ကျသွားတဲ့ ကွန်မဟာမြတ်ရဲ့ မျက်နှာကို ဗျူဟာမနီက မမြင်ဘူး ခြေချောင်လေးတွေ အထဲကုက်ရင်း စာရိုက်နေတဲ့ သူမရဲ့ပုံစံကို ကွန်မဟာမြတ် သဘောကျသလောက် သူ့လက်ထဲက ဖုန်းကို မုန်းမိသည်။
“ဦးကွန် ဗျူဟာ ပြောတာ ကြားရဲ့လားဟင်” ဗျူစာ မော့ကြည့်လာချိန်မှာ ကွန်မဟာမြတ်က မျက်နှာပြင်လိုက်ပြီး အရင်လိုပုံစံနဲ့ဘဲ။
“အင်း ကိုယ် သွားကြိုလာမယ်”
“ဟီး ကျေးဇူးဘဲ ဦးကွန်” ပန်းကန်ထဲက
စွပ်ပြုတ်တောင် ကုန်အောင်မသောက်
တော့ညဲ ဗျူဟာက ချစ်သူနဲ့တွေ့မလို့
အဝတ်စားရွေးရန် အခန်းထဲ ပြန်သွားလေသည်။
====
လမ်းထဲ ဝင်လာတဲ့ကားကို ထီးအနက်ဆောင်းကာ ရပ်ကြည့်နေသူ ကွန်မဟာမြတ် မျက်နှာပေါ်မှာ ဘာခံစားချက်မှ မရှိ
တစ်ဖြေးေဖြးနဲ့အဝေးကကားက လမ်းထဲဝင် တစ်ဆင့် သူ့ကြိုဖွင့်ထားတဲ့ ခြံထဲ ဝင်လာပြီးတော့မှ လိုက်ဝင်လာတဲ့ ကွန်မဟာမြတ်က အမိုးအောက် ရောက်တာနှင့် ထီးကိုပိတ် ထီးချထားရမဲ့နေရာမှာ ထားလိုက်ပြီးနောက် ၊
“ဦးကွန်မဟာမြတ်လည်း ဒီမှာရှိနေတာလား ဘယ်တုန်းက ရောက်နေတာလည်း”
ဘာရယ်မဟုတ် စကားစမေးလိုက်တဲ့
သက်ရောင်၊
“၂ရက်ရှိပြီ” ကွန်မဟာမြတ်ရဲ့စကားကြောင့် သက်ရောင်က မထင်ထားသလို၊
“မ မနေ့က...၊ ဦးကွန်မဟာမြတ်က အိမ်မပြန်ဘူးလား”
“ဒီမှာ ဗျူဟာ တစ်ယောက်ထဲ ငါစိတ်မချဘူး”
ဒီစကားကြားတာနဲ့ ဘယ်သူဘဲဖြစ်ဖြစ်
သူတို့၂ယောက်ထဲလား ဆိုတဲ့အတွေးနဲ့
အတွေးလွန်မိမှာဘဲ သက်ရောင်လည်း ထိုးနည်းဘဲ၊
“ဗျာ ခင်များနဲ့ဗျူဟာနဲ့ နှစ်ကိုယ်တည်း”
ပါးစပ်ကထွက်သွားတဲ့စကားကို ပြန်ရုတ်သိမ်းမရတော့ပေ၊
“အင်းလေ သူ နေမကောင်းဖြစ်နေတာ
ငါဘဲပြုစုပေးမယ့်သူ ရှိတာ”
သက်ရောင်စိတ်ထဲတွင် မနှစ်မြို့စရာ
ဖြစ်သွားတယ်၊
သူတို့စကားပြောရင်း အိမ်ထဲဝင်လာကြတော့ ခြံထဲသံတွေကြားတာနဲ့ ပြင်ဆင်ပြီးသား ဗျူဟာက ထွက်လာပြီး အပြေးလေး၊
“သက်ရောင်...” ဘေးက ဦးကွန်မဟာမြတ်ကိုတွေ့တော့ အားနာနာနဲ့ ပြေးဖက်မဲ့လက်တွေ ပြန်ရိုက်သိမ်းပြီး...။
“သက်ရောင် ဘာစားခဲ့ပြီးပြီလည်း တစ်ခုခု စားချင်တာရှိလား”
သက်ရောင်က မနည်းပြုံးပြီး။
“ငါ စားပြီးပြီ...၊ ကွန်မဟာမြတ်ဘက်ကို
တစ်ချက်ကြည့်ပြီးနောက်။ ဗျူဟာ တစ်နေရာရာမှာ စကားသွားပြောရအောင်”
“ဟင် လာလေ ဗျူဟာရဲ့အခန်းကကျယ်တယ်”
“မဖြစ်ဘူး....” ကွန်မဟာမြတ်က ထပြောပြီး နှစ်ယောက်လုံးက သူ့ကိုကြည့်တော့
ကွန်မဟာမြတ်က ဗျူဟာကို အဝေးတစ်နေရာ လက်ဆွဲခေါ်သွားပြီး...၊
“ဦးကွန် ဘာဖြစ်လို့လည်း”
“ဗျူဟာ ယောကျာ်းတစ်ယောက်နဲ့ တစ်ခန်းထဲအတူနေတာ ကိုယ့်ကိုတန်ဖိုးမထားရာကြတယ် ဧည့်ခန်းမှာ စကားပြောကြလည်း ရတယ်”
“ဦး ဦးကွန်ကလည်း ဗျူဟာရဲ့သက်ရောင်တို့က ချစ်သူတွေဟာကို ပြီးတော့လည်း
ဒီလိုအပြင်မှာ ဦးကွန်ရှိနေတယ်လေ”
ဗျူဟာက ခေါင်းလေးငုံ့ပြီး ပြောလာတော့၊
“ကိုယ်ရဲ့အခန်းမှာ ကိုယ်သွားနေပေးလို့
ရတယ် ဒါပေမယ့် ဗျူဟာ ကိုယ်က မိန်းခလေး သတိထားရမယ် မလုပ်သင့်တာ
မလုက်ရဘူး ကိုယ်က လူကြီးတစ်ယောက်အနေနဲ့ ဗျူဟာကို လမ်းမှားမရောက်အောင် ပြောပြတာ ဗျူဟာ နားလည်တယ် မလား”
“ဟုတ်ကဲ့ ဦးကွန်ပြောတာ ဗျူဟာအတွက်ကောင်းမို့ဆိုတာ ဗျူဟာ သိတာပေါ့ ဒါကြောင့်လည်း ဗျူဟာ ချစ်သူထားတာ မေမေ့ကို ပေးမသိတာတောင် ဦးကွန်ကို မဖုံးကွယ်ဘူးလေ”
“လိမ်မာတယ် ဦးကွန်က ဗျူဟာကောင်းမို့အတွက် လုပ်ပေးနေတာ သွား ခနနေ
ကိုယ် လက်ဖက်ရည်ပွဲ ချပေးပြီးရင် ကိုယ့်အခန်းထဲ သွားမှာ”
“ဟင်...ဒီအိမ်မှာ ဦးကွန်အတွက် အခန်းရှိတာလား”
“မင်း ၂ရက်လောက် ဖျားသွားတာလေ ကိုယ်လည်း အခန်းတစ်ခုရှာပြီး ဖြစ်သလို
ဝင်နေလိုက်တယ် ဗျူဟာ မကြိုက်လို့လား”
“မဟုတ်ပါဘူး ဦးကွန် နေချင်နေလို့ရတာပေါ့”
ကွန်မဟာမြတ်က အခုမှ အပြုံးသန်းပြီး
ဗျူဟာမနီရဲ့ခေါင်းလေးကို ပုတ်ကာ
လက်ဖက်ရည်ပွဲ သွားဖျော်မည်အလုပ်...၊
“ဪ ဗျူဟာ” သက်ရောင်ဆီလှည့်ထွက်သွားတော့မယ့် ဗျူဟာကို ခေါ်လိုက်ရင်း
လှည့်တောင်မကြည့်ဘဲ၊
“ယောကျာ်းလေးတွေက ကိုယ့်တရားဝင်
ယောကျာ်းတောင် ယုံရတာ မဟုတ်ဘူး မင်းနဲ့သက်ရောင်က အခုမှ တွဲခါစဘဲ
ရှိသေးတယ် သူတို့ပြောတာ တစ်ဝက်ဘဲယုံ မချစ်ရင်လည်း ညာတက်သလို
ချစ်ရင်လည်း သဝန်တိုပြီး လျှောက်ပြောတက်တယ် ကိုယ်နဲ့မင်း အတူနေတာကို
သူသဘောကျပုံမရဘူး စောစောကတောင်
ကိုယ့်ကိုမကြည်တဲ့ပုံနဲ့မို့ ရှင်းပြလိုက်အုံး”
“ဟမ်း..၊ဪ၊ဟုတ်ကဲ့ ဗျူဟာ ရှင်းပြလိုက်မယ်” ကွန်မဟာမြတ်ရဲ့စကားအလိုက်တာ ဖြေလိုက်ပေမယ့် ဘာကိုရှင်းပြရမှာလည်း သူတောင်မသိဘူး။
=====
“ဗျူဟာ၊ ဗျူဟာပြန်လာတာနဲ့ သက်ရောင်က ထိုင်ရာကထပြီး ၊ သူနဲ့ဘာတွေ ့ပြာနေတာလည်း အကြာကြီးဘဲ”
သက်ရောင်ရဲ့ အကြည့်နဲ့မေးပုံက... ဦးကွန်မဟာမြတ်ကဘဲ အရင်ဦးဆုံး ပြောထားလို့လား မသိဘူး သက်ရောင်ကိုကြည့်တာ အရင်လို ရှက်သန်းနေတဲ့
ပုံမဖြစ်ဘဲ မျက်ခုံးကြုံ့မိသည်၊
“သူရှောင်ပေးမယ်လို့ဘဲ ဦးကွန်က ပြောတာပါ သက်ရောင် ဘာလို့မျက်နှာမကောင်း ဖြစ်နေတာလည်း”
သက်ရောင်က ကိုယ့်ကိုပြန်ထိမ်းပြီး။
“အလုပ်ထဲ စိတ်တိုင်းမကျတာ ရှိလို့
ထင်ပါရဲ့ အိပ်ချိန်တောင် ပြည့်အောင်
မအိပ်ရဘူး”
“ဘာတွေ စိတ်တိုင်းမကျဖြစ်လို့လည်း...”
ဆိုဖာပေါ်မှာ အမေး အဖြေနဲ့ စကားပြော
နေကြတဲ့ ဗျူဟာတို့ကို ကွယ်ရာတစ်နေရာ
ကနေ ကြည့်နေတဲ့ ကွန်မဟာမြတ်ကို ဘယ်သူမှ သတိမထားမိကြဘူး။
============
“ဒက်ဒီ မာမီ၊ ကြွယ်သုန်က မိဘတွေ ရှိရာကို ပြေးလာပြီး။ “ဆိုင်ဖွင့်ပွဲမှာ မင်းသမီး ငှားမလို့ဆို သူ့ကိုငှားပေးလေ”
ဗျူဟာရဲ့ အချက်လက်တွေ မိဘတွေ ရှေ့ချပြတော့။
“အိုး..သူက ဘယ်သူလည်း” ဒေါ်ခင်မာ
က မျက်မှန်ပင့် ကြည့်ပြီး မေးတော့။
“သူက အခုနာမည်တက်နေတဲ့ မင်းသမီးလေ ဗျူဟာမနီ တဲ့”
“ဗျူဟာမနီ...ကောင်မလေး နာမည်က
မဆိုးပါဘူး သမီးကဘာလို့ သူ့ကိုငှားချင်ရတာလည်း”
“အားရား မာမီကလည်း သူ့ကိုငှားပါဆို ငှားမှာလား မငှားဘူးလား” အမြဲတမ်း
ချွဲတက်တဲ့ ကြွယ်သုန်က အရင်ကလိုဘဲ
မိခင်လက်ကိုဆွဲပြီး ချွဲနေလေသည်။
“သမီးလေးက ငှားပေးပါဆို ငှားလိုက်ပါ
ခင်ရယ် သူ့ကို သမီးလေး ကြိုက်လို့ နေမှာပေါ့”
တီဗီထိုင်ကြည့်နေတဲ့ ဦးထွန်းမြင့် ကပြောလာတော့။
“ခင်လေး မငှားပေးပါဘူးလို့ မပြောပါဘူး၊ ကဲ သမီး စိတ်တိုင်းကျ ဖြစ်စေကမယ်”
“ဟီးဟီး အဲ့ကြောင့် ဒက်ဒီနဲ့မာမီကို
ချစ်တာ” မိဘကြားထဲ ဝင်ထိုင်လိုက်တဲ့
ကြွယ်သုန်က ငယ်ငယ်က အမူရာတွေ မပျောက်သေးလို့ မိဘတွေရဲ့အချစ်တော်လေး။
“mam sir ကြွယ်ရဲ့ သူငယ်ချင်းတွေ
ရောက်လာပြီ” အလုပ်သမား မဖြူက
လာပြောတော့။ သူ့နောက်တွင် ဖူးငုံ့နဲ့
ကြယ်ကလေးက တစ်ခါထဲပါလာတာ။
“ဟ ကြယ်ကလေး နင့်လက်ခဲ ဘာဆွဲလာတာလည်း”
“ဘာကမှလည်း ထုံးစံအတိုင်း မုန့်ဘဲပေါ့
ဦးလေးထွန်း ကြီးကြီးခင်” ဖူးငုံ့က ကြွယ်သုန်ကို ပြန်ဖြေရင်း လူကြီး၂ယောက်ကိုလည်း နှုတ်ဆက်လေသည်။
ကြွယ်သုန်က ကြယ်ကလေးဆီအပြေး
ချိုင့်ကိုယူပြီး။
“ဘာမုန့်တွေလည်း များများယူလာရဲ့လား”
“ကဲ သမီးတို့ သူငယ်ချင်းတွေ စကားပြောကြအုံး မာမီတော့ သမီးငှားချင်တဲ့ မင်းသမီးကို ငှားမို့ စီစဉ်လိုက်အုံးမယ်”
“ဦးလေးလည်း သမီးတို့ ကြီးကြီးခင် ကိုသွားကူပေးလိုက်အုံးမယ်”
“ဟုတ်ကဲ့ ကြီးကြီးခင် ဦးလေးထွန်း ဖြေးဖြေး သွားကြနော်” ကြယ်ကလေးက နှုတ်ဆက်ပြီး တစ်ဖတ်မှာလည်း ကြွယ်သုန် မုန့်တွေအကုန်ယူမှာဆိုးလို့ ချိုင့်ကိုပြန်လှနေတယ်။
“ဟာ နင်တို့၂ယောက်ကလေ အမြဲ တွေ့တာနဲ့မုန့်လုနေကြတယ် ကြွယ် နင်ကလည်း ကြယ်ကလေးကိုနောက်မို့ဘဲသိ
ကိုယ့် ကြည့်တော့ အများကြီး စားတာ မဟုတ်ဘူး”
“ဘာဖြစ်လည်း” ကြွယ်သုန်က လှည့်ပြောပြီး လက်ထဲကိုင်ထားတဲ့ မုန့်ဆီကြော်
ကိုလည်း ကိုက်စားသေးသည်။
“လာပါ၊ထိုင် စောစောက နင့်မာမီ ပြောတဲ့ မင်းသမီးငှားတယ်ဆိုတာ ဘာလည်း ဘယ်မင်းသမီးငှားတာလည်း”
ကြယ်ကလေးလည်း ဝင်ထိုင်ရင်း သူငယ်ချင်းတွေအတွက်ဆိုပြီး မေမေ ပေးလိုက်တဲ့မုန့်ကို သူကပြန်စားနေ။
“အေး ဦးမဟာမြတ် ဘယ်မှာလည်းဆိုတာ
ငါသိပြီ” ကြွယ်သုန်က ကြယ်ကလေးပေါ်
အမှီပြုပြီး။ ရုပ်ရှင်မင်းသမီး ဗျူဟာမနီရဲ့
လက်ထောက် လုပ်နေတာလေ”
“ဟမ်း တကယ်လား တစ်ဆင့်တော့တိုးလာပြီး ဒါဆိုရင် သူ့အိမ်ကလွဲပြီး တစ်ခြား
သူရှိမဲ့နေရာကို သိရပြီပေါ့” ဖူးငုံ့က
ပြောတော့။
“အင်းအင်း၊ ငါ့မာမီတို့ ဆိုင်ဖွင့်ပွဲ အခမ်းအနား လုပ်မှာမလား သူတို့လည်း
ပွဲလှအောင် မင်းသမီးခေါ်မို့ လူရွေးနေတာ
အဲ့ကြောင့် ငါက ဗျူဟာကို ခေါ်ပါလို့ ပြောလိုက်တာလေ အဲ့ဒါမှ ငါ ဦးမဟာ အနားကို
ကပ်လို့ရမှာ”
“ဦးမဟာမှာ သက်ဆိုင်သူ ရှိနေပြီတဲ့”
ရုတ်တရက် မုန့်စားနေတဲ့ ကြယ်ကလေး ကထပြောတော့။
“ဘာ” ဖူးငုံ့ရောကြွယ်သုန်ပါ ကြယ်ကလေးကို ကြည့်တော့။
“စည်းစိမ် ပြောတာ ဦးမဟာမှာ ကြိုက်နေတဲ့သူ ရှိတယ်တဲ့ ကြွယ် နင်လူပြောင်းပါလား” ကြယ်ကလေးက ဘာစိတ်မှ မရှိ
စည်းစိမ်ပြောတဲ့အတိုင်း ပြန်ပြောတာ
ဒါပေမယ့် ကြွယ်သုန်နဲ့ ဖူးငုံ့ကတော့
အဲ့လိုမထင်ဘူး။
“ကြယ်ကလေး နင်က ဘယ်သူ့ဘက်ကလူလည်း ကြွယ်သုန် ဦးမဟာ ဘယ်လောက်ထိ ကြိုက်လည်း နင်သိရဲ့နဲ့ နင့်လူနဲ့နင်
အဆင်ပြေတိုင်း ကြွယ်သုန်ဘက် ထည့်မစဉ်းစားပေးဘူးလား”
“ငါ ငါက အမှန်ကိုပြောပြတာ..” ကြယ်ကလေးလည်း တစ်ခါမှ ဒီလိုမျိုး အတည်ကြီး ရန်ဖြစ်တာ မကြုံဖူးတော့ ကြောင်အံ့
နေခဲ့တယ်။
“ထားလိုက်တော့ နင်မကူညီချင်ရင်
ဘာမှ ဝင်မပြောနဲ့တော့” ကြွယ်သုန်က
ပြောပြီး ဖူးငုံ့နဲ့အတူ ဘယ်လို ဦးကွန်မဟာမြတ် ကိုတွေ့ရမလည်း ဆက် အစီစဉ်ဆွဲနေကြလေသည်၊
သူ့ကို အရေးမလုပ်တော့တဲ့ သူငယ်ချင်း
၂ယောက်ကို ကြည့်ပြီး ကြယ်ကလေးက
အလိုလို ငိုချင်လာတယ်။
===========
“ငါ ပြောတာ မှားလို့လား ဘာလို့
ကြွယ်နဲ့ဖူးငုံ့က ငါ့ကိုစိတ်ဆိုးကြတာလည်း အခုထိ ငါ့ကို မခေါ်ကြဘူး”
ဖုန်းထဲကလူ မတွေ့ရလည်း ကြယ်ကလေးက ခြေဟန်လက်ဟန် နဲ့ပြောပြနေတာ
တစ်ဖက်က ဒွန်းစည်းစိမ် ကလည်း
မငြိုငြင်ဘဲ ဆက်နားထောင်ပေးနေတယ်။
“မင်းသား ဒီဘက်ကို” မိတ်ကပ်ပြင်ပေးနေတဲ့ မိတ်ကပ်ဆရာက မျက်နှာ တစ်ဖက်လှည့်ခိုင်းတော့ ခိုင်းတဲ့အတိုင်းတော့ လုပ်ပါတယ် ဖုန်းကို မချဘူး။
“စည်းစိမ် ငါမှားသွားလား” ကြယ်ကလေး
ဘက်က အသံလေးတိမ်ဝင်သွားတော့။
“မှားတာပေါ့”
“ဟင် နင်လည်း အဲ့လိုဘဲ ထင်တာလား”
ကြယ်ကလေး ဘက်ကငိုတော့မယ့် အသံမို့
စည်းစိမ်က အမြန် ထပ်ပြောလေသည်။
“မှားတာက ကလေး သူတို့ကို အမှန်အတိုင်း သွားမပြောပြသင့်ဘူး”
“ဘာလို့လည်း”
“ကလေးနဲ့သူတနု့ ဘယ်လောက်ဘဲ ခင်ခင် အချစ်ရေးကိစ္စနဲ့ သူတို့ကို သွားအကြံ မပေးနဲ့ သူတို့ယုံကြည်ရာကို ဖြိုခွင်သူက
သူတို့ရန်သူဘဲဖြစ်မှာ”
“ငါ နားမလည်ဘူး”
“တကယ်လို့ ကလေးရှေ့မှာ ကိုယ့်ရဲ့
မကောင်းကြောင်း ပြောရင် ကလေး ပျော်မှာလား”
“မပျော်ပါဘူး”
ချက်ချင်းပြန်ဖြေတဲ့ အဖြေလေးကို သဘောကျလို့ ဒွန်းစည်းစိမ်က ရယ်လိုက်ကာ။
“အတူတူဘဲ သူတို့ကြိုက်နေတဲ့သူ အကြောင်း တစ်ခြားလူဆီက မကောင်းတာကြားရရင် ဘယ်သူမှ မပျော်ဘူး ကလေးနားလည်လား နောက်ဆို အချစ်ရေး နဲ့ပက်သတ်ရင် သူတို့ကို သွားမဖြောင့်ဖျနဲ့”
“ဪ...” ကြယ်ကလေးက ဆူပုတ်ပုတ် အသံလေးနဲ့ ပြန်ဖြေတာမို့။ သူ့ကောင်မလေး စိတ်မကောင်း ဆက်ဖြစ်နေမှာ ဆိုးတာနဲ့။
“ကိုယ့်ရိုက်ကွင်းကို လာမလား ဒီမှာ မုန့်တွေအများကြီး ရှိတယ်”
“ဟင် လာလို့ရလို့လား”
“ရတာပေါ့ ကိုယ့်လက်ထောက်ကို လာကြို
ခိုင်းလိုက်မယ်”
“ငါ ကြည့်ဖူးတဲ့ ဇာက်လမ်းတွေထဲမှာလေ
သရုပ်ဆောင်တွေက ရည်းစားထားလို့
မရဘူးဆို ဟိုလို ဖုံးလျှိုဖွက်လျှို လာရမလား”
အသံထဲမှာတောင် အရမ်းစိတ်လှုပ်ရှား
နေတာ သိသာနေတဲ့ ကောင်မလေးကို
စည်းစိမ်က ပိုတောင် အသဲယားပါဘိ။
“အဲ့လိုကြိုက်ရင် အဲ့လိုလာခဲ့လေ”
“အင်းအင်း” ကြယ်ကလေးက ဖုန်းအမြန်
ချပြီး အပြင်သွားရင် ဝတ်မလို့
အဝတ်စား ရှာလေသည်။
တစ်ဖတ်မှာတော့ ဒွန်းစည်းစိမ်က
ကွန်မဟာမြတ် ဆီဖုန်းခေါ်ပြီး ဘာပြော
လိုက်လည်း မသိ။
“ဒါတွေဘဲ ဗျူဟာအတွက် ယူထားချင်တာ ရှိသေးလား”
မန်နေဂျာနဲ့လက်ထောက်က နေရာမှား
နေလားမသိ ကွန်မဟာမြတ်က ထိုင်နေပြီး
မန်နေဂျာမမက ကွန်မဟာမြတ်အရှေ့
စကားအပိုတောင် မပြောရဲဘူး။
ပြောရဲစရာလား ကုမ္ပဏီရဲ့ရှယ်ယာကို
ပိုင်ရှင်ရဲ့ရှယ်ယာထက် ၅%ပိုဝယ်ထား
တဲ့သူကို မပြောရဲပါဘူး။
စားပွဲပေါ်က ခွဲခြားထဲက စာရင်း၂ခုထဲတွင်
အပေါ်ဆုံး တစ်ခုမှာ ပရိယာယ် ဆိုင်ဖွင့်ပွဲ
ဆိုတာ ကမ်းလမ်းစာကို ပယ်ထားတဲ့
အပုံထဲပြစ်ချကာ။
“ဒီ တံဆိပ်နဲ့ ဘာပွဲမှ လက်မခံနဲ့”
မနေဂျာက သေချာကြည့်တော့ ဆိုင်ဖွင့်ပွဲ တစ်ခုက ဖိတ်ထားတာ ပွဲတက်ခက မနည်းဘူး ဆိုင်က နာမည်ကြီး ဘရမ်း ရေမွှေး
ကြော်ငြာတာ ၊ ဒါတောင် လက်မခံဘူး ဆိုတော့ ဘယ်လိုဟာမျိုးကိုမှ လက်ခံမှာလည်း လို့မန်နေဂျာ စိတ်ထဲတွေးမိသည်။
သူက အထင်သေးတာ မဟုတ်ဘူး ဗျူဟာရဲ့ အနေထားနဲ့ ဒီလိုကြောငြာမျိုးက
လက်ခံလို့ရတယ်။
တစ်ခြား ဖိုင်တစ်ခုကို ကွန်မဟာမြတ်က
လက်ညှိုးနဲ့တစ်တောက်တောက် တောက်ရင်း။
“ဒီဇာက်လမ်း ပြီးတော့ ဒီကြောငြာ လက်ခံလို့ရတယ်”
ဇာက်လမ်းတစ်ခုနဲ့ ကြောငြာကကြတော့
လက်ဝတ်ရတနာ ကြောငြာ။
“ဟုတ်ကဲ့” မနေဂျာမမက ကွန်မဟာမြတ် ငြင်းလိုက်တဲ့ တစ်ခြားဟာတွေ ယူပြီး ထွက်သွားလေသည်။
ရုံးခန်းထဲ ကျန်ခဲ့တဲ့ ကွန်မဟာမြတ်က
သူ့ဖုန်းထဲက ဝင်လာတဲ့ မတ်ဆေ့တွေကို
ဖွင့်ကြည့်လိုက်ပြီးနောက်...
Gpထဲကို မုန့်ဖိုးကျဲချလိုက်သည်။
ဒီGpက ဗျူဗျူရဲ့အပြာနု လေးများ
ဆိုပြီး အမာခံ ပရိတ်သတ်တွေ ဖွင့်ထားတဲ့
သီးသန့်Gp ဗျူဟာရဲ့ပုံတွေမှ အများကြီး
Admin က cosmos ဆိုတဲ့ အကောင့်နာမည်နဲ့သူဖြစ်နေတယ် မုန့်ဖိုးကျဲ
တာလည်း ဒီအကောင့်ကဘဲ၊
“ဝါး ငါတို့အက်ဒမင်က မုန့်ဖိုးထပ်ချပြန်ပြီး🤭”💬
“ဒီကို မုန့်ဖိုးပေးမယ့်အစား ဗျူဗျူရဲ့
ပုံတူအရုပ်လေးတွေကျဲပါလား😗”💬
“မင်မင် ဗျူဗျူရဲ့ရှိုးက ဘာလို့ရပ်သွားတာလည်း သိလား👉👈”💬
“မင်မင် ဗျူဗျူရဲ့ပုံအသစ်တွေ ဘယ်လိုရတာလည်း ပြောပြော🙄”💬
“မုန့်ဖိုးမယူချင်ဘူး ဗျူဗျူရဲ့အနမ်းဘဲ လိုချင်တယ်👉👈😗”💬
Gpထဲတွင် မန်ဘာတွေက အမျိုးမျိုးပြောပြီး Gpကြီးက ပွဲစည်းနေလေသည်။
ဗျူဗျူရဲ့အနမ်းဘဲ လိုချင်တယ် ဆိုတဲ့ စာကို ကြည့်ပြီး ကွန်မဟာမြတ်က ”ငါလည်း လိုချင်တယ်” သူပြောသံကို ဘယ်သူမှ မကြားဘူး။
===================