သခင့်ဇိုး

သခင့်ဇိုး Writer

 #သူကျတော့  #သူ့ကိုကျ  #သူနဲ့ကျ  #ဘယ်လောက်ကျလည်း (ကျ လား ကြ လား) ဘာနဲ့ကျ(ကြ)ရမှာလည်း မရှင်းလို့ ခွဲခြားတက်ကြလားရှင့်
27/05/2026

#သူကျတော့ #သူ့ကိုကျ #သူနဲ့ကျ

#ဘယ်လောက်ကျလည်း

(ကျ လား ကြ လား) ဘာနဲ့ကျ(ကြ)ရမှာလည်း မရှင်းလို့ ခွဲခြားတက်ကြလားရှင့်

၁၉၆၂              အပိုင်း ၂၂=====================အရမ်းလှတဲ့ အမျိုးသမီး တစ်ယောက်ကို ငါတွေ့ဖူးတယ်၊ မြက်ရိုင်းတွေကြားကကြိုး...
19/05/2026

၁၉၆၂
အပိုင်း ၂၂
=====================

အရမ်းလှတဲ့ အမျိုးသမီး တစ်ယောက်ကို ငါတွေ့ဖူးတယ်၊ မြက်ရိုင်းတွေကြားက
ကြိုးစားပြီး လှနေတဲ့ ပန်းရိုင်းတစ်ပွင့် လိုဘဲ မိုး လေ ဘာကိုမှ ဂရုမစိုက်ဘဲ ရှင်သန်နေတာ သူ့ရဲ့ နာမည်က စိမ်းန္ဒာတဲ့။

ဒေါက် ဒေါက်၊ “ဗိုလ်မှူးလေး ဗိုလ်ကြီး ဒီဘက်ကို လာနေပြီ”

အပြင်က လူအသံ ကြားရတော့။

ဖအေက သူ့ဆီလာတယ်ဆိုတဲ့ အသံ ကြား
တာနဲ့ မြတ်တရာ က ဆောင်းနန်းသျှင် ကို
ဆွဲခေါ်ပြီး ဘေးအခန်းထဲ တွန်းပို့လိုက်လေသည်...။

ဒီနေရာက မြတ်တရာရဲ့ပိုင်နက် ဖြစ်ပြီး
အခန်းက သူ့အတွက် သီးသန့်မို့ ဘေးအခန်းကျဉ်းလေး တစ်ခုက မြတ်တရာ
အဖို့ တစ်ယောက်အိပ်သာအကျယ်ဘဲ
ရှိတယ်။ “ရှူး...”

ငြင်းချင်တဲ့ နန်းသျှင်ကို အသံပိတ်နေမို့
လုပ်ပြရင်း အခန်းတံခါးကို ပိတ်လိုက်လေသည်...ဒီဘက်က ပိတ်လို့အပြီး ရှေ့တံခါးကလည်း ပွင့်လာပြီး မြတ်တရာရဲ့ အဖေ
ကဝင်လာခဲ့တယ်...။

“အဖေ” ပါးချိတ်လေးနဲ့ ဖအေဘက် လှည့်ရယ်ပြီး နှုတ်ဆက်တော့...

အခန်းထဲ ဝေ့ကြည့်လိုက်တဲ့ ဖခင်က
မျက်နှာအတည်နှင့်၊ သားအဖချင်း
တွေ့လို့ ပြုံးပြယ်ချင်းမရှိ။

“လူရော”

“လူ...ဘယ်သူလည်း”

“စော်ဘွားကတော် မင်းဖမ်းလာခဲ့တယ်ဆို”

မြတ်တရာက ရယ်လိုက်ပြီးနောက် စားပွဲပေါ်တွင် ရှိနေတဲ့ အရက်ပုလင်းကို ယူပြီး အရက်ငှဲ့ကာ တစ်မော့...

“ဖမ်းတော့ ဘာဖြစ်လည်း မဖမ်းတော့ရော ဘာဖြစ်လည်း”

“ငါ ဘယ်နှစ်ကြိမ် ပြောရမလည်း သူနဲ့ထိပ်တိုက်မတွေ့မို့...ထားလိုက်တော့ လူရော စော်ဘွား သူ့ကတော် ပြန်ပြေးဆွဲခံရတယ်ဆိုတဲ့ နာမည်နဲ့ ငါ့အိမ်ထဲ လက်နက်
ကိုင်ပြီး အတင်းဝင်လာတာ မင်းသိလား”

“သူ့ကို သက်ချင်နေတာနဲ့ အတော်ဘဲ မလား ကျူးကျော်မှု့နဲ့ သက်လိုက်ပေါ့”

ဖြောင်း...! လက်သံကဖျောင့်ချက် မြတ်တရာ ပါးတစ်ဖက် ရဲသွားလေသည်၊

သွေးစို့သွားတဲ့ ခံတွင်းကို လျှာနဲ့သပ်ပြီး
မြတ်တရာ က အရိုက်ခံရလို့ စိတ်မဆိုးဘဲ
ရယ်လိုက်ပြန်သည်။

“ရိုက်လို့ ပြီးပြီလား ပြီးရင် ပြန်တော့မယ်”

တံခါးရှေ့ရောက်လို့ တံခါးတောင် မဖွင့်
ရသေး အရှေ့တံခါးက အပြင်ကနေ တွန်းဖွင့်ခံလိုက်သည်...

ဝင်လာသူက အစောင့်တွေခြံရံပြီး လက်နက်ကိုင်ထားတဲ့ စော်ဘွား စော်ခမ်းတိုက် ဖြစ်နေတယ်။

သုံးယောက်က အကြည့်စုံရုံရှိသေး
ဘာမှ မေးမနေဘဲ။ “ရှာ” စော်ဘွားရဲ့
အမိန့်ရတာနဲ့ အံမင်းက ဦးဆောင်ပြီး
အခန်းထဲ ဟိုလံဒီရှာ ရှိသေးတယ်...

စောခမ်းတိုက် စိတ်ချင်းဆက်နေလား မသိ ဘေးအခန်းကျဉ်းဆီကို ခြေလှမ်းတည့်တည့် ရောက်သွားလေသည်...

သူက တစ်ဖြေးဖြေး တံခါးကို သူ့ဘက်ဆွဲဖွင့်လိုက်တော့ တံခါးလေးနောက်မှာ
ရပ်နေတဲ့ ဆောင်းနန်းသျှင်က........

“ကိုကို” ဒီခေါ်သံနဲ့အတူ ဆောင်းနန်းသျှင် မျက်မကွယ်ခင်က ခေါ်သံနဲ့အကြည့်က
တစ်ထပ်ထဲ စောခမ်းတိုက် တန့်ရပ်သွား
ပြီးနောက် ဆောင်းနန်းသျှင်လဲ သူ့ဘက်
ယိုင်လဲကျလာလေသည်!!!

=============

ဆောင်းနန်းသျှင် သတိလည်လာတော့
သူ့အခန်းထဲ ပြန်ရောက်နေပြီ...။ ဟိုကြည့် ဒီကြည့် ကြည့်နေတုန်း၊

“သခင်မ သတိရပြီ အစေခံကြီး သခင်မ နိုးလာပြီ!" ငြိမ်းက ဝမ်းသာပြီး အပြင်လည်း
လှမ်းပြော ဆောင်းနန်းသျှင် ကုတင်
အနားလည်း သွားပြီးတော့။

“သခင်မ ဘယ်လိုနေလည်းဟင် ဘယ်နား
မသက်သာ ဖြစ်နေသေးလည်း”

ဆောင်းနန်းသျှင်က ထမို့အပြင် လက်တွေ
က အားမရှိတာနဲ့...

“ငြိမ်း ငါဘာဖြစ်တာလည်း ဘာလို့ အားမရှိသလို ဖြစ်နေတာလည်း” ငြိမ်းက ကူ ထူးပေးပြီး ခေါင်းအုံးက ကျောမှာခံပေးပြီး။

“မနေ့က စော်ဘွား သခင်မကို ခေါ်လာ
ကတည်းက သတိမေ့နေတာ အခုထိဘဲ
ဆေးဆရာကတော့ သခင်မက အခန်းကျဉ်းထဲမှာ လေမလောက်လို့ အသက်ရှူရကျပ်ပြီး သတိလစ်သွားတာလို့ ပြောတာဘဲ”

သတိလစ်သွားတာ ဘယ်တုန်းက ငါက
အဲ့လောက်ပျော့ညံလို့လည်း...။ သူတွေး
လို့မပြီးသေး အစေခံကြီး သတင်းသွား
ပို့တာ ကြားရတဲ့ စော်ဘွားက အခန်းထဲ
ဝင်လာတော့...။

အရင်ဆုံး အိပ်ခန်းဝမှာရပ်ပြီး ဆောင်းနန်းသျှင်ကို သေချာအကဲဖြတ်နေလေသည်။

“ဘာ ဘာဖြစ်လို့လည်း ဘာလို့ အဲ့လိုကြီး
ကြည့်နေတာလည်း” ဆောင်းနန်းသျှင်က မနေတတ်ဘဲ ပြောတော့မှ။ တစ်ခုခုကို
သေချာသွားတဲ့ ပုံနှင့် အနားတိုးလာခါ၊

“ဘယ်လိုနေသေးလည်း ဘယ်နား နာနေသေးလည်း” မနေ့ကလို သူမမျက်လုံးထဲ
အရူးအမူး ဖြစ်မနေရင် ပြီးရော အမှန်
ပြောရရင် အခု နန်းသျှင်က အလုပ်ရှုပ်ပေမယ့် အရင်ကပုံစံထက် သာတယ် အရင်ကလို ချစ်ပါတယ် လို့တစ်ဖွဖွပြောပြီး အမှား
တွေမလုပ်ရင် ပြီးရော။

“အားတွေမရှိတာဘဲ ရှိတယ်...တစ်​ြခား ဘာမှမဖြစ်ဘူး...၊ သူမ ပြောလို့တောင်
မပြီးသေး စောခမ်းတိုက်ရဲ့လက်က
နှာဖူးပေါ် အပူတိုင်းသလို ရောက်သွားလို့
ဆောင်းနန်းသျှင်က အသားတွေကျင်တက်
သွားလေသည်...။

“အင်း ကိုယ်မပူဘူး အားမရှိသလိုဖြစ်တာက လန့်သွားလို့နေမှာ အနားယူလိုက်အုံး
တစ်ခုခုဆို ငါ့ကိုပြော၊ မင်း သခင်မကိ​ု
သေချာဂရုစိုက်ထား အနားက
မခွာနဲ့”

“ဟုတ်ကဲ့” ငြိမ်းက ပြန်ဖြေပြီးနောက်။
စောခမ်းတိုက်က ဝိကြာ့ ဘက်ကိုလှည့်ပြီး၊

“ဝိကြာ့ မင်းရော သခင်မရဲ့ အသက်အန္ဓာရယ်ကို သေချာစောင့်လျေှာက်”

“ဟုတ်ကဲ့ သခင်စော်ဘွား”

စောခမ်းတိုက် ပြန်သွားတော့မှ ဆောင်နန်းသျှင်က စောင်လေး မျက်နှာတစ်ဝက်
ဖုံးပြီး....ခုန်နေတဲ့ နှလုံးသားက သူ့ဟာ
မှန်းမသိ ဆောင်နန်းသျှင်အစစ်ရဲ့နှလုံးသားမှန်း မဝေကွဲတော့ဘူးလေ။

==========

ဟိုနေ့ကစပြီးတော့ စောခမ်းတိုက် တစ်ခါ
လာကြည့်သွားပြီးနောက် အိပ်ခန်းမှာ
လာမအိပ်တာ ကြာပြီလေ၊ နေ့မမြင်
ညလည်းပျောက်နေတာ ၊

ဖြောင်းဖြောင်းဖြောင်း... အပြင်က
ဗျောက်အိုးဖောက်သံတွေကြောင့် စိတ်ကလိကလိ ဖြစ်နေတဲ့ ဆောင်းနန်းသျှင်က
မနေနိုင်တော့ဘူး။

“ငြိမ်း အပြင်မှာ ဗျောက်အိုးသွားဖောက်ရအောင်”

ကိုယ့်သခင်အက အရင်လို မဟုတ်တော့တာ အကြောင်းသိနေပြီ ဖြစ်တဲ့ ငြိမ်းက
အရင်က မကစားဖူးတဲ့ သတင်းကျွတ် ကို
အခုကစားမယ်ပြောလည်း မအံဩတော့ဘူး ။

ငြိမ်းက အိမ်စောင့်နတ်ကြီးလို တောင့်တောင့်ကြီး ရပ်နေတဲ့ ဝိကြာ့ကို
ကြည့်တော့။

“ငါ စော်ဘွားကို သွားမေးလိုက်မယ်”

သိပ်မကြာဘူး ဝိကြာ့က ပြန်လာပြီး
ဆော့လို့ရကြောင်းပြောတော့ နန်းသျှင်က
ခါးလည်းမနာတော့ဘူး ခေါင်းလဲမနောက်
တော့ဘူး အိပ်ရာပေါ်ကထပြီး။

“သွားမယ်”

စော်ဘွား အိမ်တော်နဲ့ မနီးမဝေး လမ်းကြား တစ်ခုမှာ တစ်ခြားလူတွေနဲ့
နေရာယူ ဝေမို့ စားစရာတွေချပြီး
ကလေးတွေနဲ့အတူ ဗျောက်အိုးတွေ
ဖောက်နေတဲ့ ဆောင်းနန်းရှင်...

မီးရောင်တွေအောက် လူတွေအများကြီးနဲ့ မုန့်ဝေတဲ့သူ ပစ္စည်းဝေတဲ့သူ ပိုက်ဆံကျဲတဲ့သူ သီတင်းကျွတ် သီချင်းတွေနဲ့အတူတူ
သောကတွေအားလုံးကို လူတွေက မေ့ထားကြလေသည်....

မလှမ်းမကမ်းမှာ ရပ်ထားတဲ့ ကားထဲ
ဆောင်းနန်းသျှင်တို့ကို ကြည့်နေတဲ့ မျက်ဝန်း၂စုံ ရှိလေသည်...

“ရဲရာဇာက သူလုပ်ခဲ့တာတွေ အကုန် ဆောင်းနန်းသျှင် ခိုင်းသမျှ တစ်ခုမကျန်
သူ့ကို ပြောပြပြီးပြီ သူသိတော့ရော ဆောင်းနန်းသျှင်ကို ဘာအပြစ်မှ မပေးဘူး
ကြည့်ပါလား ဘာ သောကမှ မရှိဘဲ ပျော်နေနိုင်တယ်...”

မြတ်တရာက စိမ်းန္ဒာအနားကပ်ပြီး
တစ်ခွန်းချင်းဆီ သေချာပြောပြနေလေသည်။

“စောခမ်းတိုက် ဦးငွေသာ အားလုံးက
မင်းကို စိတ်ရင်းနဲ့ဆက်ဆံကျတယ် ထင်လို့လား သူတို့အတွက် အမြတ်မရှိရင်
စိမ်းန္ဒာ ဆိုသူကိုမေ့ထားကျတယ်”

“မြတ်တရာ ရှင်ဒီလိုပြောလို့ ကျွန်မက
နားယောင်မယ် ထင်နေလား”

“မထင်ပါဘူး မင်းနှလုံးသားထဲမှာ စောခမ်းတိုက် တစ်ယောက်အတွက်ဘဲ နေရာရှိတာ
ငါသိတယ် ဒါပေမယ့် မင်းကြည့်စမ်း”

သူ့ရဲ့လက်ညှိုးက ပြတင်းပေါက် တစ်ခုဆီ
ထိုးပြပြီး...

“မင်းချစ်ရတဲ့ ယောကျာ်းက သူ့တရားဝင်
မိန်းမကို တိတ်တိတ်လေး ကြည့်နေတာ”

ပြတင်းပေါက်အနား အံမင်းနဲ့အတူ
လမ်းထဲမှာ ဆော့နေတဲ့ နန်းသျှင်ကို ကြည့်နေသူ စောခမ်းတိုက်ကို မြင်တော့ စိမ်းန္ဒာ
ရင်ဘက်ထဲ ဆစ်ခနဲ နာကျင်သွားရသည်၊

မျက်ရည်ဝဲလ်လာတဲ့ စိမ်းန္ဒာကို ကြည့်ပြီး
မြတ်တရာက ပါးချိတ်ခွက်လေးနဲ့
မျက်နှာပေါ် အပြုံးသန်းပြီး မျက်ဝန်း
တွေထဲ ရှုက်ထွေးတဲ့အကြည့်တွေနဲ့...

“ဟားဟားဟား၊ ငြိမ်း ဒါကိုယူ” ငြိမ်းကိုပါ
မီးရှူးမီးပန်း တွေပေး သူလည်း လက်နှစ်ဖက်ထဲ ကိုင်ပြီးယမ်းကာ တစ်ဗျောက်ဗျောက် ဖောက်နေတဲ့ ဆောင်းနန်းသျှင်ရဲ့
မျက်နှာအပေါ် အပျော်တွေက မပျက်

နန်းသျှင်ကြည့်နေတဲ့လူတွေထဲ စောဘုံဘုံနဲ့ အတူဆော့နေတဲ့ မင်းကွန်းသျှန်လည်း ပါတယ် ၊

သူက စောဘုံဘုံနဲ့ လက်ထပ်တော့မှာမို့ မင်္ဂလာကိစ္စ စောဘုံဘုံနဲ့ တိုင်ပင်ပြီး အပြန်မှာ နန်းသျှင်လည်း
လာဆော့နေတယ်ဆိုလို့ လာခဲ့တာ၊

ဟိုတစ်ခါ စောခမ်းတိုက်နဲ့စကားများပြီး
ကတည်းက ဆောင်းနန်းသျှင် က ကိုယ့် သူငယ်ချင်းရဲ့မိန်းမ ကိုယ်လက်ထပ်မဲ့
သူရဲ့ ယောင်းမ မို့ မရှိသင့်တဲ့ သူ့စိတ်တွေ
သိမ်းထားလိုက်တာ ၊

ဆောင်းနန်းသျှင်က ဘယ်အချိန်ကြညိ့ကြည့် ကျက်သရေ ရှိတယ်၊

သူ့ရဲ့စိတ်တွေ ဆောင်းနန်းသျှင် ဆီဘဲရောက်နေတာ စောဘုံဘုံက ပျော်စရာရှိလို့
သူ့ဘက်စကားလှည့်ပြောတာတောင်
သူမသိလိုက်ဘူး၊

စောဘုံဘုံက မင်းကွန်းသျှန်နဲ့ ဆောင်းနန်းသျှင်ကို ကြည့်ပြီး အပြုံးတွေ တစ်ဖြည်းဖြည်း ပျောက်သွားတယ်။

တစ်ဖက်မှာလည်း မြတ်တရာက စိမ်းန္ဒာ
မျက်နှာလေးကို သူ့ဘက်လှည့်ပြီး။

“မငိုနဲ့ သူတို့အကြာကြီး မပျော်နိုင်ပါဘူး”

“ကျွန်မ မငိုဘူး” ဘုမ်း ဝုန်း!!

စိမ်းန္ဒာ ပြောအပြီး ပေါက်ကွဲသံနဲ့ အလေး
တစ်ခု ပြုတ်ကျသံကြားတော့!

“အား” လူတွေက တစ်ရုန်းရုန်းနဲ့ လန့်ဖြန့်ပြီး ဟိုပြေးဒီတိုက် လူကြားထဲ ဆောင်းနန်းသျှင်က ဟိုလူဝင်တိုက် ဒီလူ
တွန်းထုတ် ခံရတာကို မင်းကွန်းသျှန်က
အရင်ဦးဆုံး ဆောင်းနန်းသျှင်အနား ရောက်သွားပြီး သူ့တစ်ကိုယ်လုံးနဲ့ကာ
ပေးထားချိန်...

အားကိုးရှာတဲ့ စောဘုံဘုံက မယုံနိုင်။
ဒါ သူ ယူမယ့်ယောကျာ်း ဒါပေမယ့်
အနေနီးတဲ့ သူ့ကို မကာကွယ်ပေးဘဲ
အဝေးကလူဆီ အရောက်သွားပြီး ကာကွယ်ပေးနေတယ်...

“ဟားဟားဟား ဘယ်လိုလည်း သူတို့
ကြည့်ရတာ စိတ်သာသွားလား” မြတ်တရာက ရယ်မောကာ မေးတော့

ပေါက်ကွဲသံကြောင့် လန့်သွားတဲ့ စိမ်းန္ဒာက အခုမှ အသိဝင်လာကာ၊

“ရှင် ဘာလုပ်လိုက်တာလည်း”

“ဘာလည်း မကြိုက်လို့လား”

“ရူးနေလား ဟိုနေ့ကလည်း ဆောင်းနန်းသျှင်ကို ပြန်ပေးဆွဲလို့ သတိပေးခံရပြီးပြီ”

“ငါ့ကို စိတ်ပူပေးနေတာလား”

ဘယ်အရာမှ အရေးမထားတဲ့ မြတ်တရာ
ကို သူမ ဆက်မပြောချင်တော့ပေ။
ကားထဲက ထွက်မို့ပြင်တော့ ကားတံခါး
ဖွင့်မဲ့ သူမ ရဲ့ပေါ် လက်အုပ်တားလိုက်ပြီး၊

“ကြည့် ဒီအခြေနေလေးကို သူလွယ်လွယ်နဲ့ထိမ်းနိုင်တယ်”

မြတ်တရာရဲ့အကြည့်ကို သံယောင်လိုက်တော့ လူအုပ်တွေကို ထိမ်းပြီး အစီတစ်ကျ
အမိန့်ပေးနေတဲ့ စောခမ်းတိုက် က ဆောင်းနန်းသျှင် ဆီကို အကြည့်ခနခန
ရောက်သွားတာ စိမ်းန္ဒာ သတိထားမိလေသည်။

ပြောတော့ သူချစ်တာ စိမ်း တစ်ယောက်ထဲကိုပါဆို အနေဝေးနေရင် တကယ်ဘဲ
အမေ့ခံရနိုင်တာလား...

နှလုံးသားချင်း နီးစပ်လို့လား မသိဘူး
ဆောင်းနန်းသျှင် ဆီလှမ်းနေတဲ့ စောခမ်းတိုက်ရဲ့ ခြေလှမ်းတွေက ရပ်သွားပြီး ၊နောက်ပြန်လှည့်ကာ စိမ်းန္ဒာရှိရာကို
ကြည့်လေသည်၊ သူ့နှလုံးသားက
အဲ့မှာ သူရင်းနှီးတဲ့သူ ရှိနေတယ်ဆိုတာ
ကို ပြောပြနေတယ် ...

ကားတစ်စီးဘဲ ရပ်ထားတာတွေ့တော့
ထိုးကားဆီ ခြေလှမ်း အလှမ်း!

“နန်းသျှင် ဆောင်းနန်းသျှင်”!

“သခင်မ”! မင်းကွန်းသျှန်နဲ့ငြိမ်း တို့ရဲ့
အော်သံကြောင့် ပြန်လှည့်ကြည့်တော့...

တစ်ဖက်မှာ ဆောင်းနန်းသျှင်က မျက်နှာ
ဖြူဖျော့ပြီး မေ့လဲကျနေတာ မင်းကွန်းသျှန် ရင်ခွင်ထဲမှာ..

“ဆောင်းနန်းသျှင်...သူဘာဖြစ်တာလည်း”
မင်းကွန်းသျှန် ရင်ခွင်ထဲက လူကို သူ့ဆီ
ဆွဲပြီး မေးတော့ ငြိမ်းကလည်း ငိုသံနဲ့!

“မ မသိဘူး သခင်မ ဘာဖြစ်သွားမှန်း မသိဘူး ရုတ်တရက် မေ့လဲကျသွားတာ”

“အိမ်ကိုပြန်မယ် အံမင်း ဆေးဆရာသွားပင့်ခဲ့”

“ဟုတ်ကဲ့ သခင်”

အုပ်စုလိုက် စောခမ်းတိုက်နဲ့ဆောင်းနန်းသျှင်ကို တို့ကိုခြံရံပြီး ပြန်သွားကြတာ
မြင်တော့ စောခမ်းတိုက်များ သူ့ဆီလာ
မလားလို့ ​ေမျှာ်လင့်ထားတဲ့ စိမ်းန္ဒာက
စောစောက မကျတဲ့မျက်ရည်တွေ ကျလာပါတော့တယ်။

စိမ်းန္ဒာရဲ့ စောခမ်းတိုက်အပေါ် မျှော်လင့်ချက် ပျက်စေချင်ပေမယ့် သူမ
မျက်ရည်ကျတော့လည်း မြတ်တရာက
မကြည့်ရက်နိုင် ကားကို မောင်းထွက်သွားလေသည် မျက်နှာပေါ်လည်း အပြုံးမရှိ

ဒီအချိန်မှာ သူ တကယ် စောခမ်းတိုက်ကို မနာလို ဖြစ်မိတယ်။

===========

“ဆောင်းနန်းသျှင်” သတိ ခနလေးဘဲ
လည်လာတဲ့ ဆောင်းနန်းသျှင်က အရင်တစ်ခါလိုဘဲ ခေါင်းတွေကြိမ်းပြီး အားမရှိဘူး၊ သူ့ဘေးနား စောခမ်းတိုက်ကို တွေ့တော့ အားကိုးတကြီး ၊

“ငါ ငါတစ်ကိုယ်လုံးနာတယ် ခေါင်းတွေကြိမ်း နေတာဘဲ”

သူ့လက်ပေါ် သူမ လက်ကလေး အားအကုန်ယူ တင်ပြီး အားကိုးတကြီး
ပြောလာတော့ သနားသက်ညှာ စိတ်ပ
ဝင်လာလေသည်၊

“ခနလေးဘဲ အောင့်ခံထား ဆေးဆရာ
မကြာခင် ရောက်လာတော့မယ်”

ဆောင်းနန်းသျှင်က ခေါင်းရမ်းပြီး သူ ဘာကြောင့် ဒီလိုဖြစ်နေတာလည်း ဆိုတာ
ပြောမို့ကို ပါးစပ်က ပြောမထွက်ဘူး
သူ့မှာ မျက်ရည်တွေ အလိမ့်လိမ့်နဲ့
စောခမ်းတိုက်ကိုဘဲ ကြည့်နေနိုင်တယ်၊

သနားသက်ဝင် မိတဲ့ စောခမ်းတိုက်က
သူမ မျက်ရည်တွေ သုတ်ပေးပြီး၊

“ဝိကြာ့ ဆေးဆရာ မလာသေးဘူးလား”
အပြင်ကို လောတဲ့စိတ်နဲ့လှမ်းအော်မိတယ်၊

ဆေးဆရာကို သွားပင့်တဲ့လူက အံမင်း
သူတို့ ဘယ်အချိန် ရောက်မှာလည်း
ဝိကြာ့လည်း မသိတာမို့ ခေါင်းငုံ့ပြီး
အအော်ခံရတယ်၊

“မငိုနဲ့ ဆေးဆရာ ရောက်တော့မယ်”
သူ့ရဲ့စကားသံတွေကြား ဆောင်းနန်းသျှင်
က တစ်ဖြည်းဖြည်း အိပ်ပျော်သွားတယ်၊
အိပ်လိုက်မှသာ သူ့နာကျင်မှုတွေ ခနတာ
မခံစားရတော့မှာ။

ဒီတစ်ညမှာ ဆေးဆရာ ဘယ်အချိန် ရောက်လာတာလည်း ဆိုတာတောင်
ဆောင်းနန်းသျှင် မသိလိုက်ဘူး။

ဒီတစ်ညမှာ အိပ်မပျော်တဲ့လူတွေ များတယ် စောခမ်းတိုက်က ဆောင်းနန်းသျှင်
အနားမှာ စိမ်းန္ဒာက အထီးကျန်တဲ့
အခန်းငယ်လေးအထဲမှာ မြတ်တရာက
ကားထဲမှာ ဆေးလိပ်မီးတို ဖွာနေ ၊ စောဘုံဘုံက တစ်ခုခုကို ဆုံးဖြတ်ချက် ချနေပုံဘဲ၊
မင်းကွန်းသျှန်လည်း မရှိသင့်တဲ့ ခံစားချက်
တွေကိုသိမ်းပြီးနေပြီ....

သီတင်းကျွတ်အငွေ့သက်နဲ့ နှစ်သစ်ကူး
တော့မယ် ဒီညဟာ ပျော်စရာ ကောင်းသလို ဗျောက်အိုးဖောက်သံ မပျက်တဲ့
ဒီညဟာလည်း တစ်ချို့လူတွေအတွက်
ပြောင်းလဲမှုလေး တစ်ခု ဖြစ်ပေါ်လာ
ခဲ့တယ်။

ကောင်းသည်လား ဆိုးသည်လား
မည်သူမျှ မသိပေ။

======end

What up အပိုင်း ၂၀ ======================ဗျူဟာ အိပ်ယာက နိုးလာချိန် အပြင်ဘက်က မိုးရွာသံတွေက တစ်ဖြောင့်ဖြောင့်နဲ့အေးလုလု လ...
13/05/2026

What up အပိုင်း ၂၀
======================

ဗျူဟာ အိပ်ယာက နိုးလာချိန် အပြင်ဘက်က မိုးရွာသံတွေက တစ်ဖြောင့်ဖြောင့်နဲ့
အေးလုလု လေက အခန်းထဲဝင်လာတဲ့အခါ ဗျူဟာ ကိုယ်လေးတုန်ပြီး စောင်ကို
ဆွဲခြုံလိုက်လေသည်။

အိပ်ယာပေါ်ကဆင်း အဝတ်ဗီဒိုကြီးထဲက အပေါ်ဝတ် တစ်ခုကို ယူဝတ်ပြီး အခန်းနဲ့ ဝရံတာ ခြားထားတဲ့ မှန်တံခါးကို ဖွင့်ကြည့်
လိုက်တဲ့အခါ မိုးရေတွေနဲ့အတူ လေတွေကပါ အခန်းအတွင်းဘက်ကို စင်လာလေသည်။

“မိုးရာသီတောင် ရောက်နေပြီ” မိုးကြောင့် အုံ့ဆိုင်းနေတဲ့ ကောင်းကင်ကြီးကို ကြည့်ပြီး အေးလာတော့ မှန်တံခါးပြန်ပိတ် အိပ်ခန်းထဲကထွက် အောက်ထပ်ကို
ဆင်းလာတဲ့အခါ မီးဖိုချောင်အခန်းက
ချက်ပြုတ်အသံတွေကြားတော့

မီးဖိုချောင် အခန်းကလည်း ဧည့်ခန်းနဲ့ခြားပြီး တံခါးတစ်ချပ်ရှိတယ် ဖွင့်ကြည့်လိုက်တော့ အေပရွယ်ရွှန် ဝတ်ပြီး ချက်ပြုတ်
နေတဲ့ ကွန်မဟာမြတ်က...

“ဗျူဟာ...နိုးပြီလား ကိုယ်အခုဘဲ ချက်ပြုတ်တာ ပြီးတော့မယ် ခနစောင့်နော်”

“ဦးကွန် ဘယ်တုန်းက ဒီရောက်နေတာလည်း” ဗျူဟာက ပါးစပ်လေး အဟောင်းသားနှင့် ဒီအိမ်မှာ သူတစ်ယောက်ထဲထင်ထားတာ ကွန်မဟာမြတ်က
ညဘက်ဆို သူ့အိမ်သူပြန်လေ့ရှိတာမို့။

“ဗျူဟာ နေမကောင်းဖြစ်နေတာနဲ့ ကိုယ်မပြန်ဖြစ်ဘူး ဘယ်လိုနေသေးလည်း လာ်ချောင်းနာတာမျိုး ခေါင်းကိုက်တာမျိုး
ဖြစ်နေသေးလား”

“ဟင့်အင်း, ဗျူဟာက ခေါင်းလေးခါပြီး။
ဦးကွန် ဘာချက်နေတာလည်း”

“ခံတွင်းပေါ့တာလေးတွေပါ ဆန်ပြုတ်အဖြူ ရှိတယ် ငါးကြော်ရှိတယ် ဆိတ်စွပ်ပြုတ် ရယ် ဒိန်ချဉ်က မိုးအေးနေလို့ မသောက်နဲ့တော့ ရေနွေးနွေးနဲ့ပျားရည်ဖော်ထားတာ ရှိတယ် ဗျူဟာ ခံတွင်းစိုသွားအောင် သောက်လိုက်အုံး”

ကွန်မဟာမြတ်က ဗျူဟာကို စားပွဲခုံမှာ ထိုင်ခိုင်းပြီး သူက စွပ်ပြုတ်သွားယူ
လေသည်။

ဗျူဟာက ပျားရည်နဲ့ဖျော်ထားတဲ့ရေနွေးနွေးကို တစ်ငုံဆီသောက်ရင်း။

“ဒီလောက်အများကြီးကို ဗျူဟာ ဘယ်ဟာကို စစားရမှာလည်း”

“ဗျူဟာ ခံတွင်းတွေ့ရာ စားလေ” ဗျူဟာ ဖုန်းကိုင်ထားတာတွေ့တော့ ကွန်မဟာမြတ်က မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး။

“ဦးကွန်၊ သက်ရောင်ကိုတစ်ချက် သွားကြိုပေးပါလား၊ ဗျူဟာ နေမကောင်းဘူးဆိုလို့ သူက ဒီကိုလာမယ်တဲ့”

ဗျူဟာက ထိုင်နေတဲ့ခုံပေါ် ခြေလေးတွေပါတင် ဒူးကို ရင်နဲ့တိုက်ပြီ ဖုန်းခနဖယ်ကာ
လှမ်းပြောတော့...၊

“သူ ဘယ်လိုသိသွားတာလည်း” အပြင်မှာ မိုးတွေရွာပြီး ဒီလောက်အေးနေတာတောင် ကွန်မဟာမြတ်ရဲ့ရင်ထဲ အေးမနေဘူး။

“ဪ သူ့ဆီကနေ ဖုန်းဆက်လာလို့
အခုဘဲ ဗျူဟာပြောလိုက်တာလေ၊ ဗျူဟာ
ဘက်က ဖုန်းနံပါတ်ပျောက်သွားပေမယ့် သူ့ဘက်က ခေါ်လို့ရတာကို ဗျူဟာတောင် မေ့သွားတယ် သူလည်း အခုဘဲ အားလို့တဲ့”

မှောင်ကျသွားတဲ့ ကွန်မဟာမြတ်ရဲ့ မျက်နှာကို ဗျူဟာမနီက မမြင်ဘူး ခြေချောင်လေးတွေ အထဲကုက်ရင်း စာရိုက်နေတဲ့ သူမရဲ့ပုံစံကို ကွန်မဟာမြတ် သဘောကျသလောက် သူ့လက်ထဲက ဖုန်းကို မုန်းမိသည်။

“ဦးကွန် ဗျူဟာ ပြောတာ ကြားရဲ့လားဟင်” ဗျူစာ မော့ကြည့်လာချိန်မှာ ကွန်မဟာမြတ်က မျက်နှာပြင်လိုက်ပြီး အရင်လိုပုံစံနဲ့ဘဲ။

“အင်း ကိုယ် သွားကြိုလာမယ်”

“ဟီး ကျေးဇူးဘဲ ဦးကွန်” ပန်းကန်ထဲက
စွပ်ပြုတ်တောင် ကုန်အောင်မသောက်
တော့ညဲ ဗျူဟာက ချစ်သူနဲ့တွေ့မလို့
အဝတ်စားရွေးရန် အခန်းထဲ ပြန်သွားလေသည်။

====

လမ်းထဲ ဝင်လာတဲ့ကားကို ထီးအနက်ဆောင်းကာ ရပ်ကြည့်နေသူ ကွန်မဟာမြတ် မျက်နှာပေါ်မှာ ဘာခံစားချက်မှ မရှိ

တစ်ဖြေး​ေဖြးနဲ့အဝေးကကားက လမ်းထဲဝင် တစ်ဆင့် သူ့ကြိုဖွင့်ထားတဲ့ ခြံထဲ ဝင်လာပြီးတော့မှ လိုက်ဝင်လာတဲ့ ကွန်မဟာမြတ်က အမိုးအောက် ရောက်တာနှင့် ထီးကိုပိတ် ထီးချထားရမဲ့နေရာမှာ ထားလိုက်ပြီးနောက် ၊

“ဦးကွန်မဟာမြတ်လည်း ဒီမှာရှိနေတာလား ဘယ်တုန်းက ရောက်နေတာလည်း”
ဘာရယ်မဟုတ် စကားစမေးလိုက်တဲ့
သက်ရောင်၊

“၂ရက်ရှိပြီ” ကွန်မဟာမြတ်ရဲ့စကားကြောင့် သက်ရောင်က မထင်ထားသလို၊

“မ မနေ့က...၊ ဦးကွန်မဟာမြတ်က အိမ်မပြန်ဘူးလား”

“ဒီမှာ ဗျူဟာ တစ်ယောက်ထဲ ငါစိတ်မချဘူး”

ဒီစကားကြားတာနဲ့ ဘယ်သူဘဲဖြစ်ဖြစ်
သူတို့၂ယောက်ထဲလား ဆိုတဲ့အတွေးနဲ့
အတွေးလွန်မိမှာဘဲ သက်ရောင်လည်း ထိုးနည်းဘဲ၊

“ဗျာ ခင်များနဲ့ဗျူဟာနဲ့ နှစ်ကိုယ်တည်း”
ပါးစပ်ကထွက်သွားတဲ့စကားကို ပြန်ရုတ်သိမ်းမရတော့ပေ၊

“အင်းလေ သူ နေမကောင်းဖြစ်နေတာ
ငါဘဲပြုစုပေးမယ့်သူ ရှိတာ”

သက်ရောင်စိတ်ထဲတွင် မနှစ်မြို့စရာ
ဖြစ်သွားတယ်၊

သူတို့စကားပြောရင်း အိမ်ထဲဝင်လာကြတော့ ခြံထဲသံတွေကြားတာနဲ့ ပြင်ဆင်ပြီးသား ဗျူဟာက ထွက်လာပြီး အပြေးလေး၊

“သက်ရောင်...” ဘေးက ဦးကွန်မဟာမြတ်ကိုတွေ့တော့ အားနာနာနဲ့ ပြေးဖက်မဲ့လက်တွေ ပြန်ရိုက်သိမ်းပြီး...။
“သက်ရောင် ဘာစားခဲ့ပြီးပြီလည်း တစ်ခုခု စားချင်တာရှိလား”

သက်ရောင်က မနည်းပြုံးပြီး။
“ငါ စားပြီးပြီ...၊ ကွန်မဟာမြတ်ဘက်ကို
တစ်ချက်ကြည့်ပြီးနောက်။ ဗျူဟာ တစ်နေရာရာမှာ စကားသွားပြောရအောင်”

“ဟင် လာလေ ဗျူဟာရဲ့အခန်းကကျယ်တယ်”

“မဖြစ်ဘူး....” ကွန်မဟာမြတ်က ထပြောပြီး နှစ်ယောက်လုံးက သူ့ကိုကြည့်တော့
ကွန်မဟာမြတ်က ဗျူဟာကို အဝေးတစ်နေရာ လက်ဆွဲခေါ်သွားပြီး...၊

“ဦးကွန် ဘာဖြစ်လို့လည်း”

“ဗျူဟာ ယောကျာ်းတစ်ယောက်နဲ့ တစ်ခန်းထဲအတူနေတာ ကိုယ့်ကိုတန်ဖိုးမထားရာကြတယ် ဧည့်ခန်းမှာ စကားပြောကြလည်း ရတယ်”

“ဦး ဦးကွန်ကလည်း ဗျူဟာရဲ့သက်ရောင်တို့က ချစ်သူတွေဟာကို ပြီးတော့လည်း
ဒီလိုအပြင်မှာ ဦးကွန်ရှိနေတယ်လေ”

ဗျူဟာက ခေါင်းလေးငုံ့ပြီး ပြောလာတော့၊

“ကိုယ်ရဲ့အခန်းမှာ ကိုယ်သွားနေပေးလို့
ရတယ် ဒါပေမယ်​့ ဗျူဟာ ကိုယ်က မိန်းခလေး သတိထားရမယ် မလုပ်သင့်တာ
မလုက်ရဘူး ကိုယ်က လူကြီးတစ်ယောက်အနေနဲ့ ဗျူဟာကို လမ်းမှားမရောက်အောင် ပြောပြတာ ဗျူဟာ နားလည်တယ် မလား”

“ဟုတ်ကဲ့ ဦးကွန်ပြောတာ ဗျူဟာအတွက်ကောင်းမို့ဆိုတာ ဗျူဟာ သိတာပေါ့ ဒါကြောင့်လည်း ဗျူဟာ ချစ်သူထားတာ မေမေ့ကို ပေးမသိတာတောင် ဦးကွန်ကို မဖုံးကွယ်ဘူးလေ”

“လိမ်မာတယ် ဦးကွန်က ဗျူဟာကောင်းမို့အတွက် လုပ်ပေးနေတာ သွား ခနနေ
ကိုယ် လက်ဖက်ရည်ပွဲ ချပေးပြီးရင် ကိုယ့်အခန်းထဲ သွားမှာ”

“ဟင်...ဒီအိမ်မှာ ဦးကွန်အတွက် အခန်းရှိတာလား”

“မင်း ၂ရက်လောက် ဖျားသွားတာလေ ကိုယ်လည်း အခန်းတစ်ခုရှာပြီး ဖြစ်သလို
ဝင်နေလိုက်တယ် ဗျူဟာ မကြိုက်လို့လား”

“မဟုတ်ပါဘူး ဦးကွန် နေချင်နေလို့ရတာပေါ့”

ကွန်မဟာမြတ်က အခုမှ အပြုံးသန်းပြီး
ဗျူဟာမနီရဲ့ခေါင်းလေးကို ပုတ်ကာ
လက်ဖက်ရည်ပွဲ သွားဖျော်မည်အလုပ်...၊

“ဪ ဗျူဟာ” သက်ရောင်ဆီလှည့်ထွက်သွားတော့မယ့် ဗျူဟာကို ခေါ်လိုက်ရင်း
လှည့်တောင်မကြည့်ဘဲ၊

“ယောကျာ်းလေးတွေက ကိုယ့်တရားဝင်
ယောကျာ်းတောင် ယုံရတာ မဟုတ်ဘူး မင်းနဲ့သက်ရောင်က အခုမှ တွဲခါစဘဲ
ရှိသေးတယ် သူတို့ပြောတာ တစ်ဝက်ဘဲယုံ မချစ်ရင်လည်း ညာတက်သလို
ချစ်ရင်လည်း သဝန်တိုပြီး လျှောက်ပြောတက်တယ် ကိုယ်နဲ့မင်း အတူနေတာကို
သူသဘောကျပုံမရဘူး စောစောကတောင်
ကိုယ့်ကိုမကြည်တဲ့ပုံနဲ့မို့ ရှင်းပြလိုက်အုံး”

“ဟမ်း..၊ဪ၊ဟုတ်ကဲ့ ဗျူဟာ ရှင်းပြလိုက်မယ်” ကွန်မဟာမြတ်ရဲ့စကားအလိုက်တာ ဖြေလိုက်ပေမယ့် ဘာကိုရှင်းပြရမှာလည်း သူတောင်မသိဘူး။

=====

“ဗျူဟာ၊ ဗျူဟာပြန်လာတာနဲ့ သက်ရောင်က ထိုင်ရာကထပြီး ၊ သူနဲ့ဘာတွေ ့ပြာနေတာလည်း အကြာကြီးဘဲ”

သက်ရောင်ရဲ့ အကြည့်နဲ့မေးပုံက... ဦးကွန်မဟာမြတ်ကဘဲ အရင်ဦးဆုံး ပြောထားလို့လား မသိဘူး သက်ရောင်ကိုကြည့်တာ အရင်လို ရှက်သန်းနေတဲ့
ပုံမဖြစ်ဘဲ မျက်ခုံးကြုံ့မိသည်၊

“သူရှောင်ပေးမယ်လို့ဘဲ ဦးကွန်က ပြောတာပါ သက်ရောင် ဘာလို့မျက်နှာမကောင်း ဖြစ်နေတာလည်း”

သက်ရောင်က ကိုယ့်ကိုပြန်ထိမ်းပြီး။

“အလုပ်ထဲ စိတ်တိုင်းမကျတာ ရှိလို့
ထင်ပါရဲ့ အိပ်ချိန်တောင် ပြည့်အောင်
မအိပ်ရဘူး”

“ဘာတွေ စိတ်တိုင်းမကျဖြစ်လို့လည်း...”
ဆိုဖာပေါ်မှာ အမေး အဖြေနဲ့ စကားပြော
နေကြတဲ့ ဗျူဟာတို့ကို ကွယ်ရာတစ်နေရာ
ကနေ ကြည့်နေတဲ့ ကွန်မဟာမြတ်ကို ဘယ်သူမှ သတိမထားမိကြဘူး။

============

“ဒက်ဒီ မာမီ၊ ကြွယ်သုန်က မိဘတွေ ရှိရာကို ပြေးလာပြီး။ “ဆိုင်ဖွင့်ပွဲမှာ မင်းသမီး ငှားမလို့ဆို သူ့ကိုငှားပေးလေ”

ဗျူဟာရဲ့ အချက်လက်တွေ မိဘတွေ ရှေ့ချပြတော့။

“အိုး..သူက ဘယ်သူလည်း” ဒေါ်ခင်မာ
က မျက်မှန်ပင့် ကြည့်ပြီး မေးတော့။

“သူက အခုနာမည်တက်နေတဲ့ မင်းသမီးလေ ဗျူဟာမနီ တဲ့”

“ဗျူဟာမနီ...ကောင်မလေး နာမည်က
မဆိုးပါဘူး သမီးကဘာလို့ သူ့ကိုငှားချင်ရတာလည်း”

“အားရား မာမီကလည်း သူ့ကိုငှားပါဆို ငှားမှာလား မငှားဘူးလား” အမြဲတမ်း
ချွဲတက်တဲ့ ကြွယ်သုန်က အရင်ကလိုဘဲ
မိခင်လက်ကိုဆွဲပြီး ချွဲနေလေသည်။

“သမီးလေးက ငှားပေးပါဆို ငှားလိုက်ပါ
ခင်ရယ် သူ့ကို သမီးလေး ကြိုက်လို့ နေမှာပေါ့”

တီဗီထိုင်ကြည့်နေတဲ့ ဦးထွန်းမြင့် ကပြောလာတော့။

“ခင်လေး မငှားပေးပါဘူးလို့ မပြောပါဘူး၊ ကဲ သမီး စိတ်တိုင်းကျ ဖြစ်စေကမယ်”

“ဟီးဟီး အဲ့ကြောင့် ဒက်ဒီနဲ့မာမီကို
ချစ်တာ” မိဘကြားထဲ ဝင်ထိုင်လိုက်တဲ့
ကြွယ်သုန်က ငယ်ငယ်က အမူရာတွေ မပျောက်သေးလို့ မိဘတွေရဲ့အချစ်တော်လေး။

“mam sir ကြွယ်ရဲ့ သူငယ်ချင်းတွေ
ရောက်လာပြီ” အလုပ်သမား မဖြူက
လာပြောတော့။ သူ့နောက်တွင် ဖူးငုံ့နဲ့
ကြယ်ကလေးက တစ်ခါထဲပါလာတာ။

“ဟ ကြယ်ကလေး နင့်လက်ခဲ ဘာဆွဲလာတာလည်း”

“ဘာကမှလည်း ထုံးစံအတိုင်း မုန့်ဘဲပေါ့
ဦးလေးထွန်း ကြီးကြီးခင်” ဖူးငုံ့က ကြွယ်သုန်ကို ပြန်ဖြေရင်း လူကြီး၂ယောက်ကိုလည်း နှုတ်ဆက်လေသည်။

ကြွယ်သုန်က ကြယ်ကလေးဆီအပြေး
ချိုင့်ကိုယူပြီး။

“ဘာမုန့်တွေလည်း များများယူလာရဲ့လား”

“ကဲ သမီးတို့ သူငယ်ချင်းတွေ စကားပြောကြအုံး မာမီတော့ သမီးငှားချင်တဲ့ မင်းသမီးကို ငှားမို့ စီစဉ်လိုက်အုံးမယ်”

“ဦးလေးလည်း သမီးတို့ ကြီးကြီးခင် ကိုသွားကူပေးလိုက်အုံးမယ်”

“ဟုတ်ကဲ့ ကြီးကြီးခင် ဦးလေးထွန်း ဖြေးဖြေး သွားကြနော်” ကြယ်ကလေးက နှုတ်ဆက်ပြီး တစ်ဖတ်မှာလည်း ကြွယ်သုန် မုန့်တွေအကုန်ယူမှာဆိုးလို့ ချိုင့်ကိုပြန်လှနေတယ်။

“ဟာ နင်တို့၂ယောက်ကလေ အမြဲ တွေ့တာနဲ့မုန့်လုနေကြတယ် ကြွယ် နင်ကလည်း ကြယ်ကလေးကိုနောက်မို့ဘဲသိ
ကိုယ့် ကြည့်တော့ အများကြီး စားတာ မဟုတ်ဘူး”

“ဘာဖြစ်လည်း” ကြွယ်သုန်က လှည့်ပြောပြီး လက်ထဲကိုင်ထားတဲ့ မုန့်ဆီကြော်
ကိုလည်း ကိုက်စားသေးသည်။

“လာပါ၊ထိုင် စောစောက နင့်မာမီ ပြောတဲ့ မင်းသမီးငှားတယ်ဆိုတာ ဘာလည်း ဘယ်မင်းသမီးငှားတာလည်း”

ကြယ်ကလေးလည်း ဝင်ထိုင်ရင်း သူငယ်ချင်းတွေအတွက်ဆိုပြီး မေမေ ပေးလိုက်တဲ့မုန့်ကို သူကပြန်စားနေ။

“အေး ဦးမဟာမြတ် ဘယ်မှာလည်းဆိုတာ
ငါသိပြီ” ကြွယ်သုန်က ကြယ်ကလေးပေါ်
အမှီပြုပြီး။ ရုပ်ရှင်မင်းသမီး ဗျူဟာမနီရဲ့
လက်ထောက် လုပ်နေတာလေ”

“ဟမ်း တကယ်လား တစ်ဆင့်တော့တိုးလာပြီး ဒါဆိုရင် သူ့အိမ်ကလွဲပြီး တစ်ခြား
သူရှိမဲ့နေရာကို သိရပြီပေါ့” ဖူးငုံ့က
ပြောတော့။

“အင်းအင်း၊ ငါ့မာမီတို့ ဆိုင်ဖွင့်ပွဲ အခမ်းအနား လုပ်မှာမလား သူတို့လည်း
ပွဲလှအောင် မင်းသမီးခေါ်မို့ လူရွေးနေတာ
အဲ့ကြောင့် ငါက ဗျူဟာကို ခေါ်ပါလို့ ပြောလိုက်တာလေ အဲ့ဒါမှ ငါ ဦးမဟာ အနားကို
ကပ်လို့ရမှာ”

“ဦးမဟာမှာ သက်ဆိုင်သူ ရှိနေပြီတဲ့”
ရုတ်တရက် မုန့်စားနေတဲ့ ကြယ်ကလေး ကထပြောတော့။

“ဘာ” ဖူးငုံ့ရောကြွယ်သုန်ပါ ကြယ်ကလေးကို ကြည့်တော့။

“စည်းစိမ် ပြောတာ ဦးမဟာမှာ ကြိုက်နေတဲ့သူ ရှိတယ်တဲ့ ကြွယ် နင်လူပြောင်းပါလား” ကြယ်ကလေးက ဘာစိတ်မှ မရှိ
စည်းစိမ်ပြောတဲ့အတိုင်း ပြန်ပြောတာ
ဒါပေမယ့် ကြွယ်သုန်နဲ့ ဖူးငုံ့ကတော့
အဲ့လိုမထင်ဘူး။

“ကြယ်ကလေး နင်က ဘယ်သူ့ဘက်ကလူလည်း ကြွယ်သုန် ဦးမဟာ ဘယ်လောက်ထိ ကြိုက်လည်း နင်သိရဲ့နဲ့ နင့်လူနဲ့နင်
အဆင်ပြေတိုင်း ကြွယ်သုန်ဘက် ထည့်မစဉ်းစားပေးဘူးလား”

“ငါ ငါက အမှန်ကိုပြောပြတာ..” ကြယ်ကလေးလည်း တစ်ခါမှ ဒီလိုမျိုး အတည်ကြီး ရန်ဖြစ်တာ မကြုံဖူးတော့ ကြောင်အံ့
နေခဲ့တယ်။

“ထားလိုက်တော့ နင်မကူညီချင်ရင်
ဘာမှ ဝင်မပြောနဲ့တော့” ကြွယ်သုန်က
ပြောပြီး ဖူးငုံ့နဲ့အတူ ဘယ်လို ဦးကွန်မဟာမြတ် ကိုတွေ့ရမလည်း ဆက် အစီစဉ်ဆွဲနေကြလေသည်၊

သူ့ကို အရေးမလုပ်တော့တဲ့ သူငယ်ချင်း
၂ယောက်ကို ကြည့်ပြီး ကြယ်ကလေးက
အလိုလို ငိုချင်လာတယ်။

===========

“ငါ ပြောတာ မှားလို့လား ဘာလို့
ကြွယ်နဲ့ဖူးငုံ့က ငါ့ကိုစိတ်ဆိုးကြတာလည်း အခုထိ ငါ့ကို မခေါ်ကြဘူး”

ဖုန်းထဲကလူ မတွေ့ရလည်း ကြယ်ကလေးက ခြေဟန်လက်ဟန် နဲ့ပြောပြနေတာ
တစ်ဖက်က ဒွန်းစည်းစိမ် ကလည်း
မငြိုငြင်ဘဲ ဆက်နားထောင်ပေးနေတယ်။

“မင်းသား ဒီဘက်ကို” မိတ်ကပ်ပြင်ပေးနေတဲ့ မိတ်ကပ်ဆရာက မျက်နှာ တစ်ဖက်လှည့်ခိုင်းတော့ ခိုင်းတဲ့အတိုင်းတော့ လုပ်ပါတယ် ဖုန်းကို မချဘူး။

“စည်းစိမ် ငါမှားသွားလား” ကြယ်ကလေး
ဘက်က အသံလေးတိမ်ဝင်သွားတော့။

“မှားတာပေါ့”

“ဟင် နင်လည်း အဲ့လိုဘဲ ထင်တာလား”

ကြယ်ကလေး ဘက်ကငိုတော့မယ့် အသံမို့
စည်းစိမ်က အမြန် ထပ်ပြောလေသည်။

“မှားတာက ကလေး သူတို့ကို အမှန်အတိုင်း သွားမပြောပြသင့်ဘူး”

“ဘာလို့လည်း”

“ကလေးနဲ့သူတနု့ ဘယ်လောက်ဘဲ ခင်ခင် အချစ်ရေးကိစ္စနဲ့ သူတို့ကို သွားအကြံ မပေးနဲ့ သူတို့ယုံကြည်ရာကို ဖြိုခွင်သူက
သူတို့ရန်သူဘဲဖြစ်မှာ”

“ငါ နားမလည်ဘူး”

“တကယ်လို့ ကလေးရှေ့မှာ ကိုယ့်ရဲ့
မကောင်းကြောင်း ပြောရင် ကလေး ပျော်မှာလား”

“မပျော်ပါဘူး”

ချက်ချင်းပြန်ဖြေတဲ့ အဖြေလေးကို သဘောကျလို့ ဒွန်းစည်းစိမ်က ရယ်လိုက်ကာ။

“အတူတူဘဲ သူတို့ကြိုက်နေတဲ့သူ အကြောင်း တစ်ခြားလူဆီက မကောင်းတာကြားရရင် ဘယ်သူမှ မပျော်ဘူး ကလေးနားလည်လား နောက်ဆို အချစ်ရေး နဲ့ပက်သတ်ရင် သူတို့ကို သွားမဖြောင့်ဖျနဲ့”

“ဪ...” ကြယ်ကလေးက ဆူပုတ်ပုတ် အသံလေးနဲ့ ပြန်ဖြေတာမို့။ သူ့ကောင်မလေး စိတ်မကောင်း ဆက်ဖြစ်နေမှာ ဆိုးတာနဲ့။

“ကိုယ့်ရိုက်ကွင်းကို လာမလား ဒီမှာ မုန့်တွေအများကြီး ရှိတယ်”

“ဟင် လာလို့ရလို့လား”

“ရတာပေါ့ ကိုယ့်လက်ထောက်ကို လာကြို
ခိုင်းလိုက်မယ်”

“ငါ ကြည့်ဖူးတဲ့ ဇာက်လမ်းတွေထဲမှာလေ
သရုပ်ဆောင်တွေက ရည်းစားထားလို့
မရဘူးဆို ဟိုလို ဖုံးလျှိုဖွက်လျှို လာရမလား”

အသံထဲမှာတောင် အရမ်းစိတ်လှုပ်ရှား
နေတာ သိသာနေတဲ့ ကောင်မလေးကို
စည်းစိမ်က ပိုတောင် အသဲယားပါဘိ။

“အဲ့လိုကြိုက်ရင် အဲ့လိုလာခဲ့လေ”

“အင်းအင်း” ကြယ်ကလေးက ဖုန်းအမြန်
ချပြီး အပြင်သွားရင် ဝတ်မလို့
အဝတ်စား ရှာလေသည်။

တစ်ဖတ်မှာတော့ ဒွန်းစည်းစိမ်က
ကွန်မဟာမြတ် ဆီဖုန်းခေါ်ပြီး ဘာပြော
လိုက်လည်း မသိ။

“ဒါတွေဘဲ ဗျူဟာအတွက် ယူထားချင်တာ ရှိသေးလား”

မန်နေဂျာနဲ့လက်ထောက်က နေရာမှား
နေလားမသိ ကွန်မဟာမြတ်က ထိုင်နေပြီး
မန်နေဂျာမမက ကွန်မဟာမြတ်အရှေ့
စကားအပိုတောင် မပြောရဲဘူး။

ပြောရဲစရာလား ကုမ္ပဏီရဲ့ရှယ်ယာကို
ပိုင်ရှင်ရဲ့ရှယ်ယာထက် ၅%ပိုဝယ်ထား
တဲ့သူကို မပြောရဲပါဘူး။

စားပွဲပေါ်က ခွဲခြားထဲက စာရင်း၂ခုထဲတွင်
အပေါ်ဆုံး တစ်ခုမှာ ပရိယာယ် ဆိုင်ဖွင့်ပွဲ
ဆိုတာ ကမ်းလမ်းစာကို ပယ်ထားတဲ့
အပုံထဲပြစ်ချကာ။

“ဒီ တံဆိပ်နဲ့ ဘာပွဲမှ လက်မခံနဲ့”

မနေဂျာက သေချာကြည့်တော့ ဆိုင်ဖွင့်ပွဲ တစ်ခုက ဖိတ်ထားတာ ပွဲတက်ခက မနည်းဘူး ဆိုင်က နာမည်ကြီး ဘရမ်း ရေမွှေး
ကြော်ငြာတာ ၊ ဒါတောင် လက်မခံဘူး ဆိုတော့ ဘယ်လိုဟာမျိုးကိုမှ လက်ခံမှာလည်း လို့မန်နေဂျာ စိတ်ထဲတွေးမိသည်။

သူက အထင်သေးတာ မဟုတ်ဘူး ဗျူဟာရဲ့ အနေထားနဲ့ ဒီလိုကြောငြာမျိုးက
လက်ခံလို့ရတယ်။

တစ်ခြား ဖိုင်တစ်ခုကို ကွန်မဟာမြတ်က
လက်ညှိုးနဲ့တစ်တောက်တောက် တောက်ရင်း။

“ဒီဇာက်လမ်း ပြီးတော့ ဒီကြောငြာ လက်ခံလို့ရတယ်”

ဇာက်လမ်းတစ်ခုနဲ့ ကြောငြာကကြတော့
လက်ဝတ်ရတနာ ကြောငြာ။

“ဟုတ်ကဲ့” မနေဂျာမမက ကွန်မဟာမြတ် ငြင်းလိုက်တဲ့ တစ်ခြားဟာတွေ ယူပြီး ထွက်သွားလေသည်။

ရုံးခန်းထဲ ကျန်ခဲ့တဲ့ ကွန်မဟာမြတ်က
သူ့ဖုန်းထဲက ဝင်လာတဲ့ မတ်ဆေ့တွေကို
ဖွင့်ကြည့်လိုက်ပြီးနောက်...

Gpထဲကို မုန့်ဖိုးကျဲချလိုက်သည်။
ဒီGpက ဗျူဗျူရဲ့အပြာနု လေးများ
ဆိုပြီး အမာခံ ပရိတ်သတ်တွေ ဖွင့်ထားတဲ့
သီးသန့်Gp ဗျူဟာရဲ့ပုံတွေမှ အများကြီး
Admin က cosmos ဆိုတဲ့ အကောင့်နာမည်နဲ့သူဖြစ်နေတယ် မုန့်ဖိုးကျဲ
တာလည်း ဒီအကောင့်ကဘဲ၊

“ဝါး ငါတို့အက်ဒမင်က မုန့်ဖိုးထပ်ချပြန်ပြီး🤭”💬

“ဒီကို မုန့်ဖိုးပေးမယ့်အစား ဗျူဗျူရဲ့
ပုံတူအရုပ်လေးတွေကျဲပါလား😗”💬

“မင်မင် ဗျူဗျူရဲ့ရှိုးက ဘာလို့ရပ်သွားတာလည်း သိလား👉👈”💬

“မင်မင် ဗျူဗျူရဲ့ပုံအသစ်တွေ ဘယ်လိုရတာလည်း ပြောပြော🙄”💬

“မုန့်ဖိုးမယူချင်ဘူး ဗျူဗျူရဲ့အနမ်းဘဲ လိုချင်တယ်👉👈😗”💬

Gpထဲတွင် မန်ဘာတွေက အမျိုးမျိုးပြောပြီး Gpကြီးက ပွဲစည်းနေလေသည်။

ဗျူဗျူရဲ့အနမ်းဘဲ လိုချင်တယ် ဆိုတဲ့ စာကို ကြည့်ပြီး ကွန်မဟာမြတ်က ”ငါလည်း လိုချင်တယ်” သူပြောသံကို ဘယ်သူမှ မကြားဘူး။

===================

What up               အပိုင်း ၁၉====================ကော်ဖီဆိုင် တစ်ခုတွင်“မှန်းမှန်းကြည့် ငါဘယ်သူလည်း” ထက်မြက်ရဲ့အနောက်တ...
04/05/2026

What up
အပိုင်း ၁၉
====================
ကော်ဖီဆိုင် တစ်ခုတွင်

“မှန်းမှန်းကြည့် ငါဘယ်သူလည်း” ထက်မြက်ရဲ့အနောက်တိုင် သူ့ရဲ့မျက်လုံးတွေကို ဖုံးပြီး ကလေးဆန်တဲ့ အမေးကြောင့်...
ထက်မြက်က အလိုလိုက်သည့်အပြုံးနှင့်၊

“ဝါး...ကဗ္ဘာပေါ်က အလှဆုံး ငါလေးပေါ့”
ထက်မြတ် ဖြေစရာမလို သူမက ပြန်ဖြေပြီး ထက်မြက်အရှေ့ ဝါးခနဲ ပေါ်လာလေသည်။

“သဲသဲ...”ဘာ အပြစ်မှ မဆိုဘဲ အပြုံးသာ
ရှိနေတဲ့ထက်မြက်။

“အဟွင်း ကိုယ်တော်ချောက သဲမှ တွေ့မို့မချိန်းရင် အဆက်သွယ်ကို မလုပ်ဘူးနော်”
သဲသဲက ထက်မြက်ရှေ့ ဝင်ထိုင်ပြီး စားပွဲထိုးလည်း လက်ပြလှမ်းခေါ် ထက်မြက်
ကိုလည်း အပြစ်ပြောဟန်မူနေလေသည်။

“ငါတို့ မနေ့ကမှ တွေ့ပြီးတာ မဟုတ်ဘူးလား”

“မသိဘူး ငါကမေ့တတ်တယ်” အပြုံးလေး
တွေနဲ့မျက်စောင်းပြစ်ပြီး ကျီစားလေသည်၊

“ဟုတ်ပါပြီ ညက ဖုန်းမကိုင်မိတဲ့ ငါ့အမှား
စိတ်မဆိုးနဲ့တော့လေ ဒီနေ့ ဘယ်သွားချင်လည်း အဖော်လိုက်ပေးမယ်”

“တကယ်နော် နောက်မှ ဟိုကိစ္စ ဒီကိစ္စတွေ ပေါ်လာလို့ ပြစ်ထားရင် တွေ့မယ်”

“တကယ်ပါ ငါဘယ်တုန်းက ပြစ်ထားဖူးလို့လည်း”

“ဟွန်း ပြီးရော” အချစ်ခံရလို့ ပိုပြီးရောင့် တက် ပုံလေးနဲ့ သဲသဲက မျက်စောင်းလေး
ပြစ်တိုင်း အလှပိုသည်

သဲသဲနဲ့ထက်မြက်တို့ ခင်လာတာ ၄နှစ်ရှိပြီး သဲသဲက တစ်ခြားမိန်းခလေးတွေလို
မဟုတ်ဘဲ တစ်မူးထူးတာကြောင့် သဲသဲ အပေါ်ဆို ထက်မြက်က အလျှော့ပေးရတဲ့ဘက် များလေသည်။

သဲသဲရဲ့ ကုမ္ပဏီကို အတူသွားပြီး။

“ဘယ်လိုလည်း ဒါ ငါ့ရဲ့ရုံးခန်းလေ”
သူမရဲ့ ရုံးခန်းက သူမလိုဘဲ သပ်ရပ်ပြီး
နို့နှစ်အရောင်ကို သုံးထားတာ အဝင်ဝ အပြင်ဘက်မှာ Strelitzia အပင်စိမ်းကိုထားပြီး အတွင်းဘက်မှာတော့ indoor green plant အပင်တွေကို အလှထား လေထူးကသန့်ပြီး

မျက်နှာ မရှိတဲ့ မော်ဒယ်အရုပ်တွေလည်း ရှိတယ်။

“မင်းက စိတ်ဝင်စားစရာ ကောင်းတဲ့နေရာဆိုလို့ ဘယ်များလည်းထင်တာ မင်းရဲ့ ကုမ္ပဏီဘဲ”

“အွင်းလေ ထက်မြက်က ဘယ်သွားချင်လို့လည်း” ထက်မြက်ကို ကျီစားသလို မေးတော့။ သူမရဲ့ အင်းလေ ဆိုတဲ့အသံထွက်လေးက တစ်မျိုးလေး၊

“မသိဘူးလေ” စောစောက သဲသဲ ပြောခဲ့တဲ့အတိုင်း ထက်မြက်က ပြန်ကျီစားပြီး
ပြောတာ သဲသဲကသိသိချင်း မျက်စောင်း
လေးပြစ်ကာ။

“ဟွန့် သူများပြောသလို လိုက်တုနေတယ်...ဪ အဓိကက နင်ဓာက်ပုံရိုက်
သင်ခန်း ပြီးသွားမလား ငါ့ရဲ့ ဖန်တီးမှု
တွေကို ရိုက်ခိုင်းမို့ နင့်ကို အဓိကခေါ်လာတာ”

အစကတော့ ထက်မြက် ဒီသင်ခန်း တက်ရတာ ဗျူဟာမနီကြောင့် ဗျူဟာမနီက ရုပ်ရှင်လောကထဲမယ် ဆိုကတည်းက သူမအတွက်သီးသန့် ဓာက်ပုံရိုက်ဆရာ ဖြစ်ချင်ခဲ့တာ။

“ဒီလကုန်မှာ ငါ့ရဲ့ရှိုးပွဲရှိတယ် ငါဖန်တီးထားတဲ့ ဒီဇိုင်းတွေကို ပထမဆုံး လူရှေ့ချပြရမယ့်နေ့ ဘယ်လိုလည်း ဓာက်ပုံဆရာကြီး
ငါ့ကို ကူမယ်မလား” ပြောရင်း သဲသဲက
ထက်မြက် ပုခုံးပေါ် လက်တင်ရုံတင်မက
မေးပါတင်ပြီး ပူးပူးကပ်ကပ် သူ့ရဲ့ဒီဇိုင်း
တွေကို အတူကြည့်နေလေသည်။

“အရမ်းလှတယ်” ထက်မြက်က ပူးကပ်နေတာ သတိမထားမိ သူ့အတွေးထဲမှာ
ဒီလှပတဲ့အဝတ်စားတွေကို ဘယ်လိုပုံစံနဲ့
ပိုလှအောင် ရိုက်ရမလည်း ဆိုတာဘဲ ရှိတယ်။

သဲသဲက သူပြုပြင်လိုက်တဲ့ လူတစ်ယောက်ကို ကြည့်ပြီး ကျေနပ်နေတယ်လေ။

တစ်ဖက်မှာ...။

“သက်ရောင် တီဗီဂိမ်းရှိုးက မင်းနာမည်
ထုတ်လိုက်တယ်”

တီဗီဂိမ်းရှိုးကို သွားရင်ယူသွားမယ့်
အဝတ်စားတွေ ရွေးနေတဲ့ သက်ရောင်က
မယုံဘဲ။

“မဖြစ်နိုင်တာ ကျွန်နော့် နာမည်ကိုထုတ်တောင်ပြောပြီးပြီ”

“မယုံရင်ကြည့် မင်းနေရာမှာ ဒွန်းစည်းစိမ် ကိုအစားထိုးလိုက်တယ်”

မန်နေဂျာပြောတာကို မယုံတဲ့ သက်ရောင်က သေချာကြည့်တော့ အမှန်ဘဲ သူ့နာမည်း မှားထည့်မိတာလို့ တောင်းပန်ပြီး
ဒွန်းစည်းစိမ် နာမည်တိုးလာတယ်..!!!

“ဒါက ဘာသဘောလည်း ကိုထူး ကျွန်နော့်ကို သူတို့ကဘဲအရင်ဖိတ်တာ ရှိုး လွင့်ခါနီးမှ လူစားထိုးတာ ဒါ စော်ကားလိုက်သလိုဘဲ”

“ငါ တစ်ဖတ်ကို ဆက်သွယ်ပြီးပြီ အစကတော့ ဘာကြောင့် လူစားထိုးတာလည်း သူတို့မပြောဘူး ငါအတင်းမေးမှ အရိပ်ဘဲ
ပြတယ် ဒွန်းစည်းစိမ်က နောက်ခံတင်းတယ်တဲ့”

နောက်ခံချင်း ယှဉ်ရင်တော့ သက်ရောင်
အသံပိတ်သွားတယ် သူ့မှာ ဘာနောက်ခံမှ မရှိဘူး ဒီနေရာအထိကို သူ့ဘာသာ ကြိုးစားပြီး ရလာခဲ့တာ။

“ငါ အစထဲက ပြောပါတယ် ဒီလောကထဲ
ဝင်ရင် သိက္ခာကိုပြစ်ရပါတယ်လို့ ငါစီစဉ်
ပေးတဲ့လူတွေနဲ့ မတွေ့ဘဲ အတင်းငြင်းပြီး
အခုတော့ကြည့် နောက်ခံတောင့်တဲ့လူက
ဘာအခက်ခဲမှ မရှိဘဲ မင်းနေရာကို အစားထိုးသွားတာ”

“ကိုထူး” သက်ရောင်က မျက်မှောင်းကျုံ့ပြီး တားတော့မှ သူ့အကြောင်းကို သိနေတဲ့ မန်နေဂျာလည်း ဘာမှ ထပ်မပြောတော့ဘူး။

“ငါ မပြောတော့ဘူး မင်းကြိုက်သလိုသာလုပ်" မန်နေဂျာက စိတ်ဆိုးပြီး ထွက်သွား
တော့ သက်ရောင်တစ်ယောက် တွေဝေပြီး ကျန်ခဲ့တယ်။

============

“ဟီးဟီး” ဆိုဖာမှာလှဲပြီး Tablet ကိုကြည့်ပြီး ရယ်မောနေသူ ကြယ်ကလေး ကို မိခင်က ပုခုံးပုတ်ပြီး။

“ကြယ် ဘာတွေကြည့်ပြီး ရယ်နေတာလည်း”

မေ့မေ အသံကြားတော့ ကြယ်ကလေးက Tablet ကို ဖွက်ပြီးတော့၊

“မေမေ...မေမေ ဒီနေ့ဆိုင်ကို မသွားဘူးလား”

သမီးရဲ့မူမမှန်တာကို မိခင်က မသိ သူ့သမီးလေးအနားကပ်ထိုင်လိုက်ပြီး။
“မေမေ ခေါင်းမူးနေလို့ ဒီနေ့ မသွားတော့ဘူး သမီးရော သူငယ်ချင်း တွေဆီ မသွားဘူးလား”

“ဟင် မေမေ ခေါင်းမူးနေတယ် သက်သာလား မေမေ ဆေးရော သောက်ပြီးပြီလား”

မေမေ တစ်ခုခု ဖြစ်တယ်ဆိုတာနဲ့ ကျန်တဲ့ စကားတွေ မကြားတော့ဘဲ မေမေ့ကိုသာ
စိတ်ပူနေတာကြောင့်။

မိခင်က စိတ်ထဲနွေးနွေးကလေး ခံစားရပြီး
သူ့သမီးကိုလည်း ပိုတောင် အချစ်ပိုလာလေသည်။

“ဘာမှမဖြစ်ဘူး အခုတောင် သက်သာလို့
မေမေ အခန်းထဲက ထွက်လာတာပေါ့”

မိခင်ရင်ခွင်ထဲ ဝင်လာတဲ့ ကြယ်ကလေးကို
မေမေက ခေါင်းပုတ်ပေးပြီး။

“သမီး သူငယ်ချင်းတွေဆီ မသွားဘူးလား သမီး”

“ဒီနေ့မသွားတော့ဘူး ဖူးငုံရော ကြွယ်က မအားကြဘူးလေ”

“ဒါဆိုလည်း သမီးစောစောက ကြည့်နေတာသာ ဆက်ကြည့်နေလေ မေမေ သမီးအတွက် ကစွန်းဥသာကူ ချက်ပေးမယ်
သမီးဘဲ အဲ့တာ စားချင်နေတာ ကြာပြီဆို”

“ဟီး ဟုတ်ကဲ့ မေမေ သမီးကူပေးရအုံးမလား”

“နေပါ သမီးရဲ့မမမွန် ရှိပါတယ်”

“ဟုတ်ကဲ့ အဲ့ဆိုပြီးရော”

“အမွန်ရေ သမီးစားချင်တဲ့သာကူလုပ်မလို့
ကစွန်းဥ လှီထားပေးပါအုံး” ဒေါ်သက်မေ
ကခေါ်တော့ မီးဖိုချောင်ထဲက အမွန်ဆိုသူ
အမျိုးသမီးတစ်ယောက်က ထွက်လာပြီး။

“ဟုတ်ကဲ့ အဒေါ် မုန့်ကြာစိရောထည့်အုံးမလား အမွန် တစ်ခါထဲ ပြင်ထားလိုက်မယ်”

ကြယ်ကလေး...“အား သမီး မုန့်ကြာစိ အကြိုက်ဆုံးဘဲမမမွန်ရေ ကျေးဇူးဘဲနော်”

“ရပါတယ် ကြယ်လေးရဲ့” အမွန်နဲ့ဒေါ်သက်မေတို့က မီးဖိုချောင် ဝင်သွားကြမှ
ကြယ်ကလေးက tablet ကိုထုက်ပြီး
ကြည့်နေလက်စ ဂိမ်းရှိုးကို ပြန်ကြည့်လေသည်။

စောစောက မေမေနဲ့စကားပြောနေတာ အများကြီး လွတ်သွားတာဘဲ VDလိုပြန်တင်မှ လွတ်သွားတာတွေ ပြန်ကြည့်ရမယ်၊

စိတ်ထဲပြောရင်း တိုက်ရိုက်LIVE လွင့်နေတာ ကြည့်ကာ ဒွန်းစည်းစိမ်ဆီကနေ တစ်ဖြစ်တဲ့ ဗျူဟာမနီကိုပါ သတိထားမိလေသည်...

“ဟားဟား သူတို့၂ယောက်က တစ်ကယ်ရီရတယ်” ဂိမ်းကစားနေတာကိုကြည့်ရင်း
ကင်မရာက တစ်ဖက်အရွှေ့ ဗျူဟာမနီရဲ့
အနောက်မှာ မနီးမဝေး ရှိနေတဲ့ လူတစ်ယောက်ကို ကြယ်ကလေး မြင်လိုက်လေသည်...??

“အင် သူ့ကို တွေ့ဖူးသလိုဘဲ” ကြယ်ကလေးက ဆိုဖာပေါ် မှောက်လိုက်ပြီး
အဲ့လူထပ်ပေါ်လာရင် Ss ရိုက်ပြီး သေချာ
ကြည့်မို့ အသင့်ဘဲ...

မကြာပါဘူး တစ်ခြားအတွဲကင်မရာမှာ ရိုက်မိတော့ ချက်ခြင်း စခရင်ရော့ ရိုက်လိုက်လေသည်...

ပြီးနော် ပုံကို သေချာဖြဲကြည့်မှ ဒီလူက
ကြွယ်သုန်ရဲ့လူကြီးနဲ့တူလေသည်။

Maskလည်းတပ်ထား သည်ကြောင့်
သိပ်မချာလို့ ကြွယ်သုန်ဆီ နင့်လူကြီး လားဟု ပုံနဲ့အတူ မတ်ဆေ့ ပို့လိုက်လေသည်။

မကြာဘူး ကြွယ်သုန်ဆီက ဖုန်းဝင်လာတယ်။

“ဟယ်လို ကြွယ် နင့်လူကြီးလား”

“အင်း အင်း နင်ဘယ်က တွေ့တာလည်း
သူ့မျက်နှာဝါးနေပေမယ့် သူ့ကိုယ်လုံးပုံစံ
ကို ငါအသေမှတ်ထားတာ သူဘဲ”

“ငါ ကြည့်နေတဲ့ LIVE ထဲမှာလေ မထင်မှတ်ဘဲ ပါလာတာ”

“နင် ဘာLIVE ကိုကြည့်နေတာလည်း ငါ့ဆီပို့လိုက်”

“နာမည်ကြီးနေတဲ့ တီဗီဂိမ်းရှိုးတစ်ခု သူက LIVE လွင့်တာ ငါနင့်ဆီပို့လိုက်မယ် သွားကြည့်လေ”

“အင်း ဒါဘဲ မြန်မြန်ပို့နော်”

ကြယ်ကလေးက ဖုန်းချပြီး LIVE ကိုကြွယ်သုန်ဆီပို့အပြီး ဒွန်းစည်းစိမ်ရဲ့ကစားပုံကို
ထပ်ကြည့်နေလေသည်၊

“အဟားဟား ဟား” ဂိမ်းထဲမှာ ဂိမ်းက သူ့ကို ရီစေတာလား ဒွန်းစည်းစမ်းရဲ့ ခြေမကိုင်မိ လက်မကိုင်ပုံနဲ့ အနောက်က သူ့တွဲဖတ်
ကို ကာကွယ်ပေးနေပုံက ရီစေတာလား
မသိ

ကြယ်ကလေး ရီနေပုံကို မေမေက ကြည့်ပြီး ခေါင်းခါရမ်းကာ၊

“အခုထိ ကလေးစိတ်မကုန်သေးဘူး ဘာကာကွန်းကား ကြည့်နေပြန်ပြီလည်း မသိဘူး”

ကင်မရာအကွယ်တွင် နားချိန်လေး တစ်ခန ဗျူဟာက ရေပြေးသောက်ပြီး။ မျက်နှာပေ့် ချွေးတွေမသုတ်အားဘူး

“ရေကို နားနားပြီးသောက် တီးမယ်”

“မရဘူး ရေအရမ်းဆာတယ်” ဗျူဟာမနီက ပြောရင်းအသက်ရှုလည်းကြမ်းနေလေသည်။

“နာရီဝက်နားချိန်ရှိတာ အလျှန်စလို မလုပ်နဲ့” ကွန်မဟာမြတ်က ချွေးလည်းသုတ်ပေး ဗျူဟာကိုလည်းအမှာစကားမဆုံး။

“မမဝေတို့အတွဲက တော်တော် တော်တာဘဲ ဗျူဟာတို့ ရေထဲပြုတ်ကျတော့မလို့ တော်သေးတယ်”

“ဒါက ကစားပွဲသေးသေးလေး အနိုင်ယူလိုစိတ်ပြင်းစရာမလိုဘူး ကုန်းပေါ်မှာ အားတင်းနေတာထက် ရေထဲကျသွားတာမှ
တော်အုံးမယ် ကိုယ့်ကိုကိုယ်က ပထမ
အနိုင်အရှုံးဆိုတာ ဒုတိယ”

“ဗျူဟာ တစ်ယောက်ထဲမှ မဟုတ်တာ
မင်းသားစည်းစိမ်လည်း ရှိနေတာ”

“ဒါဆို သူ့အရင်ကန်ချပြီး မင်းပါဆင်းသွား အဲ့ဒါဆို ၂ယောက်လုံးရှုံးတာ အားနားစရာ မလိုတော့ဘူး”

“ဟင်...”

ဗျူဟာ အံဩသွားပုံကို ကွန်မဟာမြတ်က
ပြုံးကြည့်ပြီး။ “ရေကိုနည်းနည်းချင်းဆီသောက်”

“ဪ ဟုတ်ကဲ့...ဒါနဲ့ ဗျူဟာဖုန်းရော ဖုန်းဝင်လာသေးလား” ဖုန်းကိုခနသိမ်းထားတဲ့ ကွန်မဟာမြတ်က ထုတ်မပေးဘဲ ။

“မဝင်ဘူးထင်တယ် ကြည့်မလား” မေးပေမယ့် ဖုန်းကို သွားမယူ ရေဗူးကိုင်ထားတဲ့
လက်က တစ်ခုခုကိုရေတွက်နေဟန်၊

"အင်း ယူ..” ပြောလို့မပြီးသေး၊

”ဗျူဟာ လုစုမယ်” အဝေးက လူခေါ်သံကြောင့် ဗျူဟာက အမြန်ပြေးသွားလေသည်...။ စေ့ထားတဲ့ ကွန်မဟာမြတ်နှုတ်ခမ်းက ပြုံးလိုက်ပြီး ၊ တင်း~
ဝင်လာတဲ့ မတ်ဆေ့သံကြားလို့ ဖုန်းကိုထုတ်ကြည့်လိုက်ချိန် ရောင် ဆိုတဲ့အမည်ပေးထားတဲ့ ဖုန်းနံပါတ်ဖြစ်နေတယ်၊

“ဒီနေ့ ဘာမတ်ဆေ့မှ မလာဘူး” ရေရွတ်ရင်း ဖုန်းနံပါတ်ပါ ဖျတ်ချလိုက်သည်။

အဝေးမှာ ဆော့နေကြတဲ့ လူအုပ်ထဲတွင်
ဗျူဟာကို ရှာစရာမလို ကြည့်တာနဲ့ တန်းမြင်နေရတာမို့။

========
တစ်ပတ်ကြာသော အခါ။ ဒီနေ့က
ဗျူဟာတို့ ရှိုး ပထမအပိုင်းရိုက်အပြီး
နားတဲ့နေ့ တစ်ပတ်ရိုက်ပြီးတာနဲ့ ၃ရက်
အနားပေးတယ်။

ဗျူဟာက ဖုန်းကိုလက်ထဲရောက်တာနဲ့
အရင်ဆုံး သက်ရောင် စာပို့ မပို့ ဖုန်းခေါ် မခေါ် ကြည့်တော့ သက်ရောင် ဖုန်းနံပါတ်တောင် ရှာမတွေ့တော့ဘူး။

“ဟင် ဘယ်ရောက်သွားတာလည်း” သူမ တီးတိုးပြောပြီး ရှာနေပုံကို ကွန်မဟာမြတ်က မျက်တောင်မခက်။

“ဗျူဟာ ဘာရှာနေတာလည်း” ဗျူဟာနဲ့ထိတွေ့ရင် လက်အိပ်ကို ဖြုတ်ထားပြီး ကားမောင်းမှသာ လက်အိပ် ဝတ်တဲ့ ကွန်မဟာမြတ်က လက်အိပ်တွေဖြုတ်ရင်း မေးတော့

“သက်ရောင်ရဲ့ဖုန်းနံပါတ်လေ ဘယ်ရောက်သွားလည်း မသိဘူး”

“မတွေ့တော့ရင် သတိမထားမိဘဲ ဖျတ်လိုက်လို့ နေမှာပေါ့”

“ဘယ်လိုလုပ်မလည်း ဗျူဟာ သူ့ဖုန်းနံပါတ်ကို အလွတ်မရဘူး” မျက်နှာငယ်
လေးနဲ့မေးလာတော့ ဗျူဟာခေါင်းလေးကို ပုတ်ပေးပြီး ၊

“နောက်မှ ကိုယ်မေးပေးမယ် အနားယူလိုက်တော့”

လက်အိပ်ပြန်ဝတ်ပြီး ကားမောင်းခန်း ဝင်ကာ ဗျူဟာ အေးဆေးနားလို့ရအောင်
အဆင်သင်​့ လုပ်ထားပေးပြီးသား....

အိမ်ရောက်တာနဲ့ ကွန်မဟာမြတ်က
ဗျူဟာလုပ်ရမှာတွေကို အစီစဉ်ချပြီး။

“ဗျူဟာ ရေအရင်ချိုးလိုက်အုံး”

ဗျူဟာအိပ်ခန်းထဲကို ဗျူဟာကို တွန်းပို့လိုက်လေသည်။

“ဟွန့် ဒီလိုမှန်းသိရင် သူ့မန်နေဂျာ သူ့လက်ထောက်ရဲ့ ဖုန်းနံပါတ်တွေပါယူထားလိုက်ပါတယ် အခုတော့ လွမ်းတာတောင် ပြေးတွေ့လို့လည်းမရ ဖုန်းဆက်လို့လည်း မရနဲ့” ဗျူဟာက တစ်တွက်တွက် ရေမိုးချိုးလေသည်။

အပြင်ဘက်က ကွန်မဟာမြတ်ကတော့ ဗျူဟာနဲ့သက်ရောင်ကို တွေ့မို့ အချိန်ပေးမည်မဟုတ် သူ့နှုတ်က ပြုံးလိုက်ပေမယ့်
စိတ်ထဲတွင် ဘာတွေးနေလည်း ဘယ်သူမှ မသိချေ။

======

“ဒါနဲ့လေ ဒွန်း ဦးကွန်မဟာမြတ်က ဘယ်မှာအလုပ်လုပ်နေတာလည်းဟင်”

နှစ်ကိုယ်ကြား ဖုန်းပြောနေရင်း ကွန်မဟာမြတ် အကြောင်းပါလာတော့ ဒွန်းစည်းစိမ်က ထူးထူးဆန်းဆန်း ဟုတွေးကာ။

“ဘာလို့ သူ့ကိုမေးတာလည်း ကလေးရဲ့”

“ဟာ ကလေးလို့ မခေါ်ပါနဲ့ဆို ဘာကလေးလည်း”

“ဟားဟား ကလေးလို့ မခေါ်စေချင်ရင် ဘယ်လိုခေါ်ပေးရမလည်းပြော”

“မသိဘူး ကလေးလို့ မခေါ်နဲ့” အိပ်ခန်းထဲ ကြယ်ကလေးက ဖုန်းပြောရင်း လက်ကလည်း အငြိမ်မနေ ဟိုဆော့ ဒီဆော့နဲ့။

“ကိုကိုမေးတာ အရင်ဖြေလေ ဘာလို့ လေးလေးကိုမေးတာလည်း ကလေးက”

“ကြယ် သိချင်တာ မဟုတ်ပါဘူး ကြယ်သူငယ်ချင်းက သိချင်တာ မှတ်မိသေးလား ဟိုတစ်ခါက တိုက်မိမလို့ ဖြစ်မိတဲ့နေ့ကလေ သူ့နာမည်က ကြွယ်သုန်တဲ့”

“မင်းကလွဲပြီး ဘယ်သူမှ မမှတ်မိဘူး”

“ဟာ စကားအကောင်းပြောနေတာကို”

“ဟားဟား ဟုတ်ပါပြီဗျာ စိတ်မဆိုးနဲ့
ကိုယ့်ဆီကိုလည်း နှုတ်ခမ်းကြီးထော်ပြီး
ရောက်လာအုံးမယ်”

”တောက်စ် ဒွန်းစည်းစိမ် နင်နော်”

“ဟောဗျာ စိတ်မဆိုးနဲ့တော့ ကိုယ် မစတော့ဘူး”

“ဟွန့် ထပ်စရင် ဖုန်းချလိုက်မှာ လူကိုလည်း လာတွေ့မို့ မစဉ်းစားနဲ့”

“မလုပ်ပါနဲ့ လူကိုမတွေ့ရဘဲ ဖုန်းဘဲပြောနေရတာ ဖုန်းပါမပြောရတော့ဘူးဆို ကိုယ် လွမ်းလို့ ခိုးပြေးမိမှာ”

“ဟာ အဲ့ဒီ ခိုးပြေးမှာဘဲ ပါးစပ်ဖျားကမချဘူး ဘာလို့ လူကိုအထင်သေးနေတာလား”

“မဟုတ်ပါဘူးဗျာ မတွေ့ရတာမှာဆိုးလို့
ခိုးပြေးတဲ့နည်းကမှ ပိုမြန်တာလေ ကလေးရဲ့”

“မသိဘူး မပြောနဲ့ အဲ့စကားကို မေမေက
မိန်းခလေးကို တင့်တင့်တည်တည် မတင်းတောင်းဘဲ ခိုးပြေးတာက မကောင်းတဲ့သူတွေဘဲ လုပ်တာတဲ့”

“အဲ့ဒါဆို ကလေးမေမေကို ကြိုသတိပေးထား ကိုယ်က လာတောင်းရင် ချက်ချင်း လက်ထဲထည့်ပါလို့ သဘောမတူဘူး ဘာညာဆို ကိုယ်က ခိုးပြေးမှာဘဲ”

“ဟာ မပြောပါနဲ့ဆို” ကြယ်ကလေးဘက်က အသံတုန်လာလို့ ငိုသွားမှာဆိုးတာနဲ့
ဒွန်းစည်းစိမ်က စကားကို ချက်ချင်း ကြားဖျတ်လိုက်လေသည်။

“ကလေးပြောတဲ့ ကိစ္စကလေ လေးလေးမှာ ဆိုင်သူ ရှိပြီးသား ကလေးရဲ့ သူငယ်ချင်းကို ပြောပြလိုက်”

“ဟင် ဆိုင် ဆိုင်သူ ...အိမ်ထောင်ရှိတာလား”

“ကလေးကလည်း ဆိုင်သူဆိုမှ အိမ်ထောင်ဖြစ်မလား အဲ့ဒါက ပိုင်သူတောင်ရှိသွားပြီ
လေးလေးမှာ သူကြိုက်နေတဲ့သူ ရှိတယ်”

“တကယ်လား...” ဦးကွန်မဟာမြတ်လို
လူမျိုးက ဘယ်လိုလူမျိုးကို ကြိုက်မှာလည်း ဆိုတာ ကြယ်ကလေး တွေးတောင် ကြည့်မရဘူး။

======

“ဗျူဟာ ဆေးသောက်ပြီးမှ ထပ်အိပ်လိုက်ပါလား”

အပူယှတ်သွားတဲ့ ဗျူဟာမနီက မနေ့က အိမ်ပြန်ရောက် ဒီနေ့အဖျားတက်နေပြီ။

“ဖျားနာနေရကြား ကွန်မဟာမြတ်ပေးတဲ့ဆေးကို သောက်ပြီး ဗျူဟာက ပြန်အိပ်ပျော်သွားလေသည်။

ဗျူဟာ အိပ်မောကျတော့မှ ကုတင်ဘေး လာထိုင်တဲ့ ကွန်မဟာမြတ်က ပူနွေးနွေး
ဖြစ်နေတဲ့ ဗျူဟာလက်ကလေးကို စောင်ထဲကထုတ်ပြီး သူ့လက်ထဲဆုပ်ထား
လိုက်လေသည်။

“ဗျူဟာ”

ပြုံးလိုက်တဲ့ သူ့နှုတ်ခမ်းက ဘာကို သဘောကျနေလည်းမသိ အချိန်အကြာကြီး လက်ကိုဆုပ်ကိုင်ထားပြီး ထိုင်နေဖြစ်တယ်။

=============eng

Address

Singapore

Website

Alerts

Be the first to know and let us send you an email when သခင့်ဇိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share